《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[19]
Advertisement
[Unicode]
019:အလုပ်များသည့် နေ့တစ်နေ့
လဲ့ယ်ထျဲက ပိုက်ဆံအိတ်ကို ချင်မျန်ထံသို့ ပစ်ပေးလိုက်ပြီး တံခါးဖွင့်ကာ အိမ်ထဲသို့ ရေစည်အိုးတွေကို သယ်သွားလိုက်သည်။
ချင်မျန်က ပြုံးပြီး ပိုက်ဆံအိတ်ကို ကိုင်လျက် အိပ်ခန်းထဲသို့ ဝင်သွားသည်။သူက သစ်သားသေတ္တာထဲမှာ ထည့်ထားလိုက်ပြီး သော့အသစ်ဖြင့် ခတ်လိုက်ကာ သော့ကို မွေ့ယာအောက်မှာထည့်ထားလိုက်ပြီး သူ့အကျီကို မတင်ဖို့ရာ ကြိုးတစ်ချောင်းဖြင့် ချည်လိုက်သည်။
"ချင်းဇီ....ကိုယ် ရေသွားခပ်လိုက်ဦးမယ်"
အနှီနာမည်ကို မခေါ်ဖို့ ဆန့်ကျင်ကန့်ကွက်တဲ့နေရာမှာ အကျိုးမရှိခဲ့သဖြင့် ချင်မျန်သည်လည်း ၎င်းနှင့်ပတ်သက်ပြီး စိတ်မ၀င်စားနေတော့ဘဲ ချက်ချင်းခေါင်းညိတ်ကာ "ကောင်းပြီ"
လဲ့ယ်ထျဲက ပုံးနှစ်ပုံးသယ်သွားပြီးနောက် ချင်မျန်သည်လည်း ဆန်နှင့်ဂျုံအိတ်များထဲမှ ပန်းကန်ခွက်များကို ထုတ်လိုက်၏။ရေစည်အိုးကို ရေနွေးဖြင့် အကြိမ်ကြိမ်သုတ်ရန်အတွက် ရေနွေးကို အပူပေးပြီးနောက် ပန်းကန်ခွက်အသစ်နှင့် လက်ဖက်ရည်အိုးတွေကို ပွက်ပွက်ဆူနေသော ရေနွေးထဲတွင် စိမ်ထားလိုက်သည်။ဗီရိုစင်မရှိသဖြင့် အိပ်ခန်းထဲရှိ စားပွဲနိမ့်ကိုသာ ယူလာကာ ပန်းကန်ခွက်များကို တင်ထားလိုက်သည်။ဆန်နှင့်ဂျုံမှုန့်တွေကို အိပ်ခန်းထဲတွင် ထည့်ထားပြီး ကြွက်မစားစေရန် ညဘက်တွင် ဂရုစိုက်ထားရမည်ပင်။
ချင်မျန်က ဂျုံမှုန့်ဖြင့် ကော်လုပ်လိုက်ပြီး စာရွက်အဖြူတွေယူကာ ပြတင်းပေါက်မှာ ကပ်ဖို့လုပ်လိုက်သည်။လဲ့ယ်ထျဲက ရေဖြည့်ပြီးတာနဲ့ တိတ်တဆိတ်ပြန်ဝင်လာပြီး ကူညီဖို့လုပ်၏။
"ဒါကို ကျွန်တော် တစ်ယောက်တည်း လုပ်လို့ရတယ်။" ချင်မျန်က ကောင်းကင်ကိုမော့ကြည့်လိုက်သည်။ "နောက်ကျနေပြီ။မရီးကျန်း ဟင်းပိုချက်စရာ မလိုအောင် သူမကို အရင်ဆုံး သွားအကြောင်းကြားဖို့ အစ်ကိုကျန်းရဲ့အိမ်ကို သွားလိုက်။"
ထိုအကြောင်းကို စဉ်းစားပြီးနောက် လဲ့ယ်ထျဲကိုကြည့်ကာ အတူတူနေထိုင်မည်ဆိုကတည်းက နားလည်မှု လွဲမှားနိုင်စရာများကို ရှောင်ရှားသင့်ကြောင်း ရှင်းပြလိုက်သည်။
“ကျွန်တော်က မရီးကျန်းနဲ့ သူတို့ရဲ့ ကလေးတွေကို မဖိတ်ချင်တာ မဟုတ်ဘူး။အစ်ကိုကျန်းနဲ့ မရီးတို့ကလည်း ယောက်ျားနှစ်ယောက် အတူတူနေထိုင်ကြတဲ့အကြောင်းကို သူတို့ရဲ့ ကလေးတွေကို အသိပေးဖို့ ဆန္ဒရှိမှာ မဟုတ်ဘူး။ဒါတွေကို ထည့်သွင်းမစဉ်းစားဘဲ ဖိတ်လိုက်မယ်ဆိုရင် အဆင်မပြေတာတွေဖြစ်သွားနိုင်တယ်။ကျွန်တော်တို့မိသားစုနှစ်စုက ပိုပြီးလေးနက်တဲ့ပေါင်းသင်းဆက်ဆံရေးတွေ ရပြီးရင်တော့ ပြန်စဉ်းစားကြည့်တာပေါ့။"
"ကိုယ် နားလည်ပါတယ်။" လဲ့ယ်ထျဲက သူ့ပုခုံးပေါ် လက်တင်လိုက်သည်။
ချင်မျန်က သူ့စိုးရိမ်မှုတွေကို ဖြေလျှော့လိုက်ပြီး ထိုလူအတွက် အလုပ်ဆက်လုပ်ရမည်ကို စီစဉ်ပေးနေသည်။ “ခင်ဗျား ခြင်းတောင်းကိုယူပြီး ဟင်းရွက်ခင်းထဲမှာ ခရမ်းချဉ်သီး၊ကြက်ဟင်းခါးသီးနဲ့ အသီးအရွက်တွေကို ရွေးခူးလာခဲ့။ငရုတ်သီးနဲ့ တခြားအစိမ်းရောင် အသီးအရွက်တွေ အများကြီးကိုလည်း ရွေးလာခဲ့ဦးနော်။အာလူးအချို့ကို ယူလာခဲ့ရင် ပိုကောင်းမယ်။ကြက်သွန်မြိတ်တွေရှိရင်လည်း ခူးခဲ့ဖို့ မမေ့နဲ့။ကြက်ဥတွေကိုတော့ ထားလိုက်တော့၊ ရွာသူရွာသားတွေက အလုပ်ရှုပ်တဲ့ရာသီအတွက် ဥတွေကို သိမ်းထားကြမှာ၊ပိုက်ဆံပေးရင်တောင် ဝယ်လို့မရမှာဘဲ စိုးရိမ်မိတယ်။အိုး....ဝိုင်ဝယ်ဖို့ မေ့သွားတယ်!” စိတ်ပျက်လက်ပျက်ဖြင့် သူ့နဖူးကို ပုတ်လိုက်သည်။
“ရွာထဲမှာ ဝိုင်ဆိုင်ရှိတယ်။စိတ်မပူပါနဲ့။” လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး ထွက်သွားသည်။
ချင်မျန်သည် သူ ဝေးဝေးရောက်သွားတဲ့အထိ စောင့်ကြည့်နေပြီးမှ နယ်မြေထဲကနေ ဝိညာဉ်စမ်းရေတစ်ခွက်ကို အလျင်အမြန် ခပ်ယူပြီး ရေစည်ကန်ထဲသို့ ထည့်ကာ ဆက်လက် ပျားပန်းခတ် အလုပ်ရှုပ်နေတော့၏။
ပြတင်းပေါက်များအားလုံးကို စက္ကူဖြင့်ကပ်ပြီးနောက် အခန်းအတွင်းရှိ ပြတင်းပေါက်နှစ်ခု၏ထိပ်တွင် သံချောင်းနှစ်ချောင်းကို ရိုက်ကာ သံနှစ်ချောင်းကြား ကြိုးတစ်ချောင်းချည်ပြီး ပြုတ်မကျအောင် ချုပ်ရိုးများစွာချုပ်ထားသည့် အထည်နှစ်စကို ချိတ်ဆွဲထားလိုက်သည်။၎င်းသည် လျှောကန့်လန့်ကာ၏ရိုးရိုးရှင်းရှင်း ဗားရှင်းတစ်ခုသာ။သဘောမကျသော်လည်း အလုပ်ဖြစ်၏။
"ချင်းဇီ..ကိုယ်ပြန်လာပြီ။"
ချင်မျန်သည် ဆန်ကို ဆေးကြောနေတာကြောင့် ခြေဖဝါးပေါ်သို့ ကျလုနီးပါးပင် ဖြစ်သွားသည်။
ဒီတော့ ခင်ဗျားပြန်လာကြောင်း တမင်ပြောဖို့ လိုလား? “ဇနီး” ဆိုတာကိုလည်း ထည့်ပြောဖို့ လိုအပ်လား?အသံကျယ်ကျယ် ပြောဖို့လည်း လိုအပ်လို့လား?
လဲ့ယ်ထျဲက ဝိုင်အိုးကို စားပွဲပေါ်တင်လိုက်ပြီး ချင်မျန်ဘေးမှာ တောင်းကို တင်လိုက်သည်။ “ဘေးအိမ်က ကျန်းလောင်ကျို့ကျိုက ကြက်ဥဆယ်လုံးပေးလိုက်တယ်"
ရင်ထဲထိသွားရတဲ့ ချင်မျန်က ပြောလိုက်သည်။ "ကျန်းလောင်ကျို့ကျိုက စိတ်သဘောထား နွေးထွေးတဲ့လူပဲ" သူတစ်ပါး ကျေးပြုခဲ့သည်ကို သူ့စိတ်ထဲတွင် အမှတ်သညာပြုထားပြီး နောင်တစ်ချိန်တွင် ပြန်လည်း ကျေးဇူးပြန်ဆပ်ရမည်။
သူ့လက်ထဲက ရေတွေကို ခါယမ်းလိုက်ပြီး တောင်းကို ကြည့်ပြီးနောက် လဲ့ယ်ထျဲကို ရယ်ချင်နေဟန် အကြည့်တစ်ချက်ပေးလိုက်သည်။
ဒါက အိမ်ထောင်ဦးစီးတစ်ယောက် တကယ်လုပ်နိုင်တဲ့အရာပေါ့။ကြက်ဥတွေအပြင် ခရမ်းရောင် ခရမ်းသီးများစွာ၊ ကြက်ဟင်းခါးသီးများစွာ၊ ကြက်သွန်နီလက်တစ်ဆုပ်စာ၊ငရုတ်ပွစိမ်းအချို့၊အာလူးကြီး ၃ လုံး၊ဂန္ဓမာစိမ်းရွက် လက်တစ်ဆုပ်စာနှင့် ခြင်းတောင်းထဲတွင် ကြက်သွန်မြိတ် လက်တစ်ဆုပ်စာတို့လည်း ပါရှိသည်။အမျိုးမျိုးဖြင့် အများကြီးရှိသော်လည်း ကြက်သွန်မြိတ်လက်တစ်ဆုပ်စာက ပန်းကန်အသေးတစ်လုံးစာအတွက် ကြော်ရန်သာ လုံလောက်သည်။ဂန္ဓမာစိမ်းရွက်တွေက အများကြီးဖြစ်နေပုံပေါက်ပေမယ့် ကြော်ပြီးရင် နှစ်လုတ်သုံးလုတ်စာလောက်သာ စားဖို့လောက်သည်။ညနေခင်းမှာ အရွယ်ရောက်ပြီးသူ တော်တော်များများ အတူတူထမင်းစားကြတာမို့ မလုံလောက်ပေ။ကံကောင်းထောက်မစွာ သူ့နယ်မြေတွင် ကြက်သွန်မြိတ်နှင့် ဂန္ဓမာစိမ်းအပင်များရှိနေသည်။လဲ့ယ်ထျဲ သတိမထားမိချိန်တွင် သူ ရောထည့်လိုက်သည်။
လဲ့ယ်ထျဲက တောင်းကို လှမ်းကြည့်သည်။ "ဘာဖြစ်လို့လဲ?"
“ဘာမှ မဟုတ်ပါဘူး။” ချင်မျန်က ပြုံးပြုံးလေး ပြောဖြေလိုက်၏။
လဲ့ယ်ထျဲက သူ အမှန်အတိုင်း မပြောဘူးလို့ ထင်ခဲ့ပေမယ့်လည်း ထပ်မမေးတော့ပေ။ “ထင်း မလုံလောက်သေးဘူး။ထပ်ခုတ်ဖို့ တောင်ပေါ်ပြန်တက်လိုက်ဦးမယ်"
"သွားလုပ်လေ။ဒီမှာ အကူအညီ မလိုပါဘူး"
ချင်မျန်က ထမင်းကို အရင်ချက်ပြီး ဝက်အသည်းကို သန့်စင်အောင် ဆေးကြောကာ ပါးပါးလှီးပြီး ရေစိမ်ထားလိုက်၏။ဝက်အသည်းမှာ အာဟာရမျိုးစုံရှိတဲ့အပြင် လတ်ဆတ်ပြီးအရသာရှိပေမယ့်လည်း ဝက်အသည်းက ဝက်ခန္ဓာကိုယ်မှာ အကြီးမားဆုံး အဆိပ်သင့်စေတဲ့ အင်္ဂါဖြစ်သည့်အတွက် မစားခင်မှာ အဆိပ်ထုတ်ရမယ်။သန့်ပြီးရင်တော့ အတုံးသေးသေးလေးတွေထပ်လှီးပြီး ကျန်နေတဲ့သွေးတွေကို ဖယ်ရှားဖို့ တစ်နာရီကနေ နှစ်နာရီအထိ ဒုတိယအကြိမ် စိမ်ထားလိုက်တာ အကောင်းဆုံးပါပဲ။ဒါပေမယ့် ဒီနေ့တော့ ထမင်းချက်ဖို့ အလျင်လိုနေ၏။သူက အရင်စိမ်ထားပြီးမှ နောက်မှ ကြော်ရတော့မယ်။ကြော်ဆိုရင်တော့ ခဏလေးပါပဲ။
Advertisement
tenderizer(meat powder)နှင့် starch မရှိသောကြောင့် ချင်မျန်သည် ကြက်ဥကို tenderizer အဖြစ် အသုံးပြုလိုက်သည်။
ကြက်ဥအဖြူကို ပါးပါးလှီးထားသော အသားများနှင့် ရောမွှေပြီး ခဏကြာအောင် ထားလိုက်၏။ဒီနေ့က ဧည့်သည်တွေကို ဧည့်ခံရင်း ပျော်ပွဲရွှင်ပွဲတွေ လုပ်ကြမည်။သူတို့ရဲ့ဘဏ္ဍာရေးအခြေအနေတွေ ပိုကောင်းလာမချင်း ဇိမ်ခံပစ္စည်းမျိုးတွေရှိလာမှာ မဟုတ်ဘူး။သူမြို့ထဲရောက်တုန်းက ကြက်ဥတစ်လုံးက ၁ ဝမ် ပေးရကြောင်း သိလာရသည်။ပြောရရင် စျေးမသက်သာပေ။
ထို့နောက် ချင်မျန်သည် အရိုးများနှင့် အဆီများကို သန့်စင်ကာ ချက်ပြုတ်ရန်အတွက် အလားတူပြင်ဆင်ခဲ့သည်။
လဲ့ယ်ထျဲက ထင်းများဖြင့် ပြန်ရောက်လာသည်။ချင်မျန်က ဟင်းချက်နေတုန်းမို့ လဲ့ယ်ထျဲကို ချက်စားကြ
မယ့် အသီးအရွက်တွေကို ချွေခိုင်းလိုက်သည်။
ချက်ပြုတ်ရန် ဟင်းနှစ်ပွဲကျန်တော့တာမို့ ချင်မျန်က လဲ့ယ်ထျဲအား ဧည့်သည်တွေကို ဖိတ်ခိုင်းလိုက်သည်။
အစ်ကိုကျန်း၊ လဲ့ယ်ရှန်းရီ ၊လဲယ့်ရှန်းလီ ၊ လဲ့ယ်ရှန်းကျစ် နှင့် လဲ့ယ်ချွင်းထောင်တို့က လဲ့ယ်ထျဲ၏နောက်ကနေ လိုက်လာတဲ့အချိန်မှာ ညနေခြောက်နာရီကျော်နေပြီဖြစ်သည်။နေဝင်ချိန်က အနောက်ဘက်ကောင်းယံကို လိမ္မော်ရောင် ဆိုးထား၏။
စွဲဆောင်မှုရှိတဲ့ မွှေးပျံ့တဲ့ရနံ့တွေကို အနံ့ရလိုက်ရာ လူအများအပြားသည် ခြေလှမ်းများကို မြန်မြန်ဆန်ဆန် လျှောက်ချင်နေကြသော်လည်း ရုတ်တရက် အနည်းငယ် မလေးစားစရာအပြုအမူမျိုး ပြုလုပ်လိုက်တာကို သိလိုက်ကြပြီး အရှိန်အဟုန်ကို ပြန်လည်ထိန်းကာ လဲ့ယ်ထျဲ၏နောက်ကနေသာ မနှေးမမြန်အနေအထားဖြင့် လိုက်လာကြ၏။
ထို့ကြောင့် လဲ့ယ်ထျဲတစ်ယောက် ပုံမှန်ထက် ပိုမိုမြန်ဆန်စွာ သွားနေကြောင်းကို သူတို့ သတိမထားမိခဲ့ကြပေ။
“အစ်ကိုကြီး...ကျွန်တော်တို့ တစ်လမ်းလုံး မွှေးရနံ့တွေ ကြိုင်နေတာပဲ။ကြည့်ရတာ ကျွန်တော်တို့ရဲ့ မရီးက အချက်အပြုတ်မှာ တော်သလို လက်မှုပညာမှာလည်း အရမ်းကျွမ်းကျင်ပုံရတယ်။” လဲ့ယ်ရှန်းလီက ပြုံးပြီး ပြောလိုက်သည်။
ကျန်းတရွှေက ခေါင်းညိတ်ပြီး ကျယ်လောင်စွာ ရယ်မောလိုက်ပြီး "ဒီနေ့တော့ အစားအသောက်ကောင်းတွေစားရဖို့ ငါတို့ ကံကောင်းသွားပုံရတယ်"
အိမ်ထဲသို့ရောက်လေ မွှေးရနံ့က ပိုပြင်းလာ၏။အာလူးနဲ့ဝက်ရိုး စွပ်ပြုတ်၊ အဆီနည်းနည်းနဲ့ ချက်ထားတဲ့ ငရုတ်ကောင်းစိမ်းနဲ့ဝက်သား၊ ခရမ်းချဉ်သီးနဲ့ဝက်ဆီနှပ်၊ ရိုးရိုး နှစ်ပြန်ကြော်ထားတဲ့ဝက်သား နဲ့ကြက်ဥနဲ့ကြက်ဟင်းခါးသီးမွှေကြော်၊ဂန္ဓမာစိမ်းကြော်နဲ့ ကြက်သွန်မြိတ်ကြော်တွေကို အခန်းလယ်က စားပွဲပေါ်တွင် အရောင်အသွေးစုံစုံ အရသာမျိုးစုံဖြင့် တင်ထား၏။
လဲ့ယ်ထျဲ၏မျက်လုံးထဲတွင် အံ့သြသွားသော်လည်း မကြာမီပင် ပြန်လည်ငြိမ်သက်သွားလေသည်။
လဲ့ယ်ညီအကိုမောင်နှမများ နှင့် ကျန်းတရွှေတို့သည် စားပွဲပေါ်ရှိ ဟင်းပွဲများကိုကြည့်ရင်း ဆွံအသွားလျက် အံ့သြသွားကြသည်။ တစ်ချိန်တည်းမှာပင် လဲ့ယ်ထျဲမိသားစုရဲ့ဇနီး / အကြီးဆုံးမရီးက ဧည့်သည်ကို
ဧည့်ခံရာတွင် အလွန်ရက်ရောတာပဲ ဟု သက်ပြင်းချရင်း တစ်ချိန်တည်းတွင် ခံစားချက်ပေါင်းများစွာဖြင့် သက်ပြင်းထပ်ချမိကြသည်။
တကယ်တော့ ချင်မျန်က ကြိုတင်စီစဉ်ထားခဲ့ခြင်းသာ။သူက လိုင်းသားတစ်ဝက်ကိုသိမ်းဆည်းထားခဲ့သည်။ဝက်ဆီက အဆီထွက်တာကြောင့် ခရမ်းသီးချက်တွင် ဝက်ဆီ ခုနစ်ဖက် ရှစ်ဖက်သာရှိသော်လည်း အရသာက မဆိုးပေ။ကျန်တဲ့ ဝက်ဆီတွေက အဆီဖြစ်သွား၏။
လဲ့ယ်ညီအကိုမောင်နှမများက တံတွေးကိုမျိုမချဘဲ မနေနိုင်တော့ပေ။တုရှီက လဲ့ယ်ထျဲနှင့်ယှဥ်ကာ နှိုင်းယှဥ်ဆက်ဆံရာတွင်တော့ သူတို့အား ငြိုငြင်ခြင်းမရှိသော်လည်း ယေဘုယျအားဖြင့် သူမက တွန့်တိုတတ်သူပင်။မိသားစုသည် တစ်နှစ်လျှင် အကြိမ်အနည်းငယ်ထက်နည်းသော အသားကိုသာစားရပြီး ချက်ပြုတ်ရာတွင်လည်း ဆီများများထည့်ရန် ဝန်လေးနေသည်။ချင်မျန်၏ယနေ့ချက်ပြုတ်မှုက သူတို့အတွက်မင်္ဂလာဆောင်ပွဲနှင့်နှိုင်းယှဉ်နိုင်ပေသည်။
“ဒုတိယအစ်ကိုနဲ့ ဒုတိယမရီးတို့သာသိရင် နောင်တရတော့မယ်” လဲ့ယ်ချွင်းထောင်က လဲ့ယ်ရှန်းလီ၏ နား,နားကပ်ကာ ရယ်မောလျက် တီးတိုးပြောနေသည်။
သူတို့ထွက်လာတုန်းက လဲ့ယ်ရှန်းရန် နှင့် ကျိုးရှီတို့က လဲ့ယ်ထျဲ နှင့် ချင်မျန်တို့ကို ရယ်မောကာ လှောင်ပြောင်ကြသည်။လဲ့ယ်ရှန်းလီသည် သူတို့သာ ကောင်းကောင်းစားနေသည်ကို ဒုတိယမရီးသိပါက သူ့မျက်နှာအမူအယာ ဘယ်လိုဖြစ်သွားမလဲကို တွေးမိပြီး မရယ်ဘဲ မနေနိုင်တော့ပေ။
ချင်မျန်သည် ခုလေးတင်မှ အိုးထဲမှ ငရုတ်သီးစိမ်းနှင့် မွှေကြော်ထားသော ဝက်သည်းကြော်ကို ကိုင်ဆောင်ကာ ထွက်လာခဲ့သည်။
“ကျေးဇူးပြုပြီး ထိုင်ကြပါ ” ချင်မျန်က ပြုံးပြုံးလေး ပြောလိုက်၏။
"အကြီးဆုံးမရီး" လဲ့ယ်ရှန်းလီ နှင့် အခြားသူများ တညီတညွတ်တည်း နှုတ်ဆက်ပြောဆိုကြသည်။
“လဲ့ယ်ထျဲမိသားစုဇနီး...ငါ့ရဲ့စားသောက်မှုအတွက် စိတ်မရှိပါနဲ့။” ကျန်းတရွှေက ပြောသည်။
"ထိုင်ကြပါ.." ချင်မျန်က ပန်းကန်တွေကို ချလိုက်သည်။ “အပြင်လူ မရှိဘူးလေ။အခမ်းအနားပွဲတွေမှာလို ရပ်နေစရာ မလိုပါဘူး။”
၎င်းတို့ထဲမှ အနည်းငယ်က အသီးသီး ထိုင်နေရာယူလိုက်ရင်း ကျေးဇူးတင်စကားဆိုလိုက်ကြသည်။
လဲ့ယ်ထျဲက လူနည်းစုအတွက် ဝိုင်ပုလင်းကိုဖွင့်ပေးလိုက်သည်။ဝိုင်ခွက်မရှိတော့တာကြောင့် သူက အိုးဖြင့်သာ သောက်ချလိုက်သည်။
လဲ့ယ်ထျဲက ကျန်းတရွှေနှင့် အခြားသူများအတွက် ဝိုင်ထည့်ပေးလိုက်ပြီးနောက် ချင်မျန်အတွက် ထည့်ပေးချင်သော်လည်း ချင်မျန်က တားခဲ့သည်။အသားစားဖို့အတွက် အစာအိမ်ထဲမှာ နေရာချန်ထားချင်သေးတယ်။
"ကျွန်တော် မသောက်တော့ဘူး။အားလုံး စိတ်ကြိုက်သောက်ကြပါ။"
စားပွဲတွင် လဲ့ယ်ချွင်းထောင်သည် တစ်ဦးတည်းသော မိန်းကလေးဖြစ်သော်လည်း စားပွဲပေါ်တွင် အခြေခံအားဖြင့် သူမ၏အစ်ကိုများသာ ရှိနေသောကြောင့် ယောက်ျားနှင့်မိန်းမ ခွဲခြားခြင်းကို အာရုံစိုက်ရန် မလိုအပ်ပေ။လဲ့ယ်ရှန်းလီက သူမ၏ဘယ်ဘက်ခြမ်းတွင် ထိုင်နေပြီး လဲ့ယ်ရှန်းကျစ်က သူမ၏ညာဘက်ခြမ်းတွင် ထိုင်နေသည်။
ချင်မျန်က လဲ့ယ်ချွင်းထောင် အဆင်မပြေမှာကို စိုးရိမ်မိတာကြောင့် "ညီမလေး...ဟင်းအရင်စားမလား ဒါမှမဟုတ် ထမင်း တစ်ခါတည်းစားမှာလား?မင်းအစ်ကိုကြီးရဲ့အိမ်က မင်းအိမ်လိုပါပဲ။အားမနာနဲ့နော်"
လဲ့ယ်ချွင်းထောင်က ကမန်းကတန်းပြောလိုက်သည်- “အကြီးဆုံး မရီး...ညီမလေးကို တစ်သီးတစ်သန့်ကြီး ဂရုစိုက်ပေးစရာမလိုဘူး။အကြီးဆုံးမရီးရဲ့ လက်ရာက အရမ်းကောင်းတာကို ဟင်းအရင်စားမယ် ပြီးမှ ထမင်းကို ကိုယ်တိုင် ထည့်စားလိုက်ပါမယ်"
Advertisement
ချင်မျန်က သူမ ပုံမှန်အတိုင်းနေ,နေတာကို တွေ့တော့ သူ ခေါင်းညိတ်ပြီး ဘာမှ မပြောတော့ပေ။
ကျန်းတရွှေနှင့် အခြားသူများကလည်း စတင်စားသောက်ကြတော့သည်။သူတို့၏ပါးစပ်ထဲတွင် ချင်မျန်၏လက်ရာ ကောင်းကြောင်း ချီးမွမ်းစကားများဖြင့် ပြည့်နေတော့သည်။အရိုးစွပ်ပြုတ်ထဲက အာလူးတွေက နူးညံ့ပြီး မွှေးကြိုင်လွန်းလို့ လူတွေက သူတို့ရဲ့လျှာကိုပင် မျိုချချင်လာတယ်လို့ ခံစားခဲ့ကြရသည်။
“ကျွန်တော်တော့ မြောက်နေပါပြီ။ဝိုင်ချည်းပဲမသောက်ကြနဲ့ ဟင်းများများစားကြ။"
ချင်မျန်က ပြုံးလျက် ရှက်ရွံ့ဟန်ဆောင်ကာ ပြောလိုက်ပြီး ဟင်းလျာများကို တဖြည်းဖြည်း စားသောက်နေလိုက်သည်။
လဲ့ယ်ထျဲက စကားအနည်းငယ်သာပြောသော်လည်း ကျန်းတရွှေ ၊ လဲ့ယ်ရှန်းလီ နှင့် လဲ့ယ်ရှန်းကျစ်တို့မှာ နှုတ်သွက်နေကြသည်။ဝိုင်လေးလည်း သောက်ထားကြတာကြောင့် စားပွဲပေါ်ရှိ လေထုမှာ အတော်လေး နွေးနွေးထွေးထွေးရှိလှသည်။
ထမင်းစားပြီးနောက် ဧည့်သည်တွေက အရမ်းစိတ်ကျေနပ် ပြုံးပျော်ရွှင်သွားကြသည်။ကြက်သွန်မြိတ်နှင့် ဂန္ဓမာစိမ်းကြော် နည်းနည်းကျန်တာကလွဲ၍ ကျန်ဟင်းလျာများအားလုံး ပြောင်ရှင်းစွာ စားသောက်သွားကြသည်။
ကျန်းတရွှေ ၊ လဲ့ယ်ရှန်းရီ နှင့် လဲ့ယ်ရှန်းလီတို့ အားလုံး မူးနေကြသော်လည်း လမ်းမလျှောက်နိုင်တာတော့ မဟုတ်။လဲ့ယ်ထျဲ နှင့် လဲ့ယ်ရှန်းကျစ်တို့က အနည်းငယ် သောက်ထားရုံလောက်သာ။
ချင်မျန်က လဲ့ယ်ထျဲအား သူတို့ကို ပြန်ပို့ခိုင်းသော်လည်း သူတို့က ငြင်းဆန်ကာ ပြုံးလျက် ထွက်သွားလေသည်။
မှောင်နေပြီဖြစ်သော်လည်း လသာသောကြောင့် သူတို့လမ်းကို မမြင်နိုင်မည်ကို သူစိတ်မပူပေ။
ကျန်းတရွှေက ရွာ၏အခြားတစ်ဖက်တွင်နေထိုင်သောကြောင့် လမ်းတစ်ဝက်တွင် လမ်းကွဲသွားခဲ့သည်။
လဲ့ယ်ချွင်းထောင်က စပြောလိုက်ပြီး “ဒုတိယမရီး မအိပ်သေးဘူးဆိုတာ ညီမလေး ပြောရဲတယ်။ညီမလေးတို့ပြန်လာတာကို ရယ်ဖို့စောင့်နေမှာ။တစ်ညလုံး အိပ်မရအောင် ညီမလေးတို့စားခဲ့တဲ့ အစားကောင်းတွေကို ပြောပြရမယ်!” သို့နောက် သူမ မရယ်ဘဲမနေနိုင်တော့။
လဲ့ယ်ရှန်းကျစ်က ရုတ်တရက် ပြောလိုက်သည်။ "တတိယအစ်ကို၊စတုတ္ထအစ်ကိုနဲ့ညီမလေးတို့က ဒီအကြောင်းကို မပြောတာ ပိုကောင်းမယ်ထင်တယ်"
"ဘာလို့လဲ?" လဲ့ယ်ရှန်းရီ နှင့် ကျန်နှစ်ယောက်လုံးက ပဟေဋိဖြစ်သွားကြသည်။
လဲ့ယ်ရှန်းကျစ်က သက်ပြင်းချရင်း "အစ်ကိုကြီးနဲ့ အကြီးဆုံးမရီးတို့က နောက်ဆုံးမှ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်ကြတာ။သူတို့ဘာသာ အေးအေးချမ်းချမ်း နေကြပါစေ။"
လဲ့ယ်ရှန်းရီ နှင့် ကျန်နှစ်ယောက်လည်း တစ်လောကလုံး ကမောက်ကမဖြစ်သွားလိုသည့် ဒေါသစိတ်တွေရှိနေတဲ့ သူတို့အမေနှင့် ဒုတိယမရီးတို့ကို တွေးမိကာ ခေါင်းညိတ်လိုက်ကြသည်။
“ကောင်းပြီ...ငါတို့ မပြောတော့ဘူး”
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎[Zawgyi]
019:အလုပ္မ်ားသည့္ ေန႔တစ္ေန႔
လဲ့ယ္ထ်ဲက ပိုက္ဆံအိတ္ကို ခ်င္မ်န္ထံသို႔ ပစ္ေပးလိုက္ၿပီး တံခါးဖြင့္ကာ အိမ္ထဲသို႔ ေရစည္အိုးေတြကို သယ္သြားလိုက္သည္။
ခ်င္မ်န္က ျပဳံးၿပီး ပိုက္ဆံအိတ္ကို ကိုင္လ်က္ အိပ္ခန္းထဲသို႔ ဝင္သြားသည္။သူက သစ္သားေသတၱာထဲမွာ ထည့္ထားလိုက္ၿပီး ေသာ့အသစ္ျဖင့္ ခတ္လိုက္ကာ ေသာ့ကို ေမြ႕ယာေအာက္မွာထည့္ထားလိုက္ၿပီး သူ႕အက်ီကို မတင္ဖို႔ရာ ႀကိဳးတစ္ေခ်ာင္းျဖင့္ ခ်ည္လိုက္သည္။
"ခ်င္းဇီ....ကိုယ္ ေရသြားခပ္လိုက္ဦးမယ္"
အႏွီနာမည္ကို မေခၚဖို႔ ဆန္႔က်င္ကန္႔ကြက္တဲ့ေနရာမွာ အက်ိဳးမ႐ွိခဲ့သျဖင့္ ခ်င္မ်န္သည္လည္း ၎ႏွင့္ပတ္သက္ၿပီး စိတ္မ၀င္စားေနေတာ့ဘဲ ခ်က္ခ်င္းေခါင္းညိတ္ကာ "ေကာင္းၿပီ"
လဲ့ယ္ထ်ဲက ပုံးႏွစ္ပုံးသယ္သြားၿပီးေနာက္ ခ်င္မ်န္သည္လည္း ဆန္ႏွင့္ဂ်ံဳအိတ္မ်ားထဲမွ ပန္းကန္ခြက္မ်ားကို ထုတ္လိုက္၏။ေရစည္အိုးကို ေရေႏြးျဖင့္ အႀကိမ္ႀကိမ္သုတ္ရန္အတြက္ ေရေႏြးကို အပူေပးၿပီးေနာက္ ပန္းကန္ခြက္အသစ္ႏွင့္ လက္ဖက္ရည္အိုးေတြကို ပြက္ပြက္ဆူေနေသာ ေရေႏြးထဲတြင္ စိမ္ထားလိုက္သည္။ဗီ႐ိုစင္မ႐ွိသျဖင့္ အိပ္ခန္းထဲ႐ွိ စားပြဲနိမ့္ကိုသာ ယူလာကာ ပန္းကန္ခြက္မ်ားကို တင္ထားလိုက္သည္။ဆန္ႏွင့္ဂ်ံဳမႈန္႔ေတြကို အိပ္ခန္းထဲတြင္ ထည့္ထားၿပီး ႂကြက္မစားေစရန္ ညဘက္တြင္ ဂ႐ုစိုက္ထားရမည္ပင္။
ခ်င္မ်န္က ဂ်ံဳမႈန္႔ျဖင့္ ေကာ္လုပ္လိုက္ၿပီး စာ႐ြက္အျဖဴေတြယူကာ ျပတင္းေပါက္မွာ ကပ္ဖို႔လုပ္လိုက္သည္။လဲ့ယ္ထ်ဲက ေရျဖည့္ၿပီးတာနဲ႔ တိတ္တဆိတ္ျပန္ဝင္လာၿပီး ကူညီဖို႔လုပ္၏။
"ဒါကို ကြၽန္ေတာ္ တစ္ေယာက္တည္း လုပ္လို႔ရတယ္။" ခ်င္မ်န္က ေကာင္းကင္ကိုေမာ့ၾကည့္လိုက္သည္။ "ေနာက္က်ေနၿပီ။မရီးက်န္း ဟင္းပိုခ်က္စရာ မလိုေအာင္ သူမကို အရင္ဆုံး သြားအေၾကာင္းၾကားဖို႔ အစ္ကိုက်န္းရဲ႕အိမ္ကို သြားလိုက္။"
ထိုအေၾကာင္းကို စဥ္းစားၿပီးေနာက္ လဲ့ယ္ထ်ဲကိုၾကည့္ကာ အတူတူေနထိုင္မည္ဆိုကတည္းက နားလည္မႈ လြဲမွားႏိုင္စရာမ်ားကို ေ႐ွာင္႐ွားသင့္ေၾကာင္း ႐ွင္းျပလိုက္သည္။
“ကြၽန္ေတာ္က မရီးက်န္းနဲ႔ သူတို႔ရဲ႕ ကေလးေတြကို မဖိတ္ခ်င္တာ မဟုတ္ဘူး။အစ္ကိုက်န္းနဲ႔ မရီးတို႔ကလည္း ေယာက်္ားႏွစ္ေယာက္ အတူတူေနထိုင္ၾကတဲ့အေၾကာင္းကို သူတို႔ရဲ႕ ကေလးေတြကို အသိေပးဖို႔ ဆႏၵ႐ွိမွာ မဟုတ္ဘူး။ဒါေတြကို ထည့္သြင္းမစဥ္းစားဘဲ ဖိတ္လိုက္မယ္ဆိုရင္ အဆင္မေျပတာေတြျဖစ္သြားႏိုင္တယ္။ကြၽန္ေတာ္တို႔မိသားစုႏွစ္စုက ပိုၿပီးေလးနက္တဲ့ေပါင္းသင္းဆက္ဆံေရးေတြ ရၿပီးရင္ေတာ့ ျပန္စဥ္းစားၾကည့္တာေပါ့။"
"ကိုယ္ နားလည္ပါတယ္။" လဲ့ယ္ထ်ဲက သူ႕ပုခုံးေပၚ လက္တင္လိုက္သည္။
ခ်င္မ်န္က သူ႕စိုးရိမ္မႈေတြကို ေျဖေလွ်ာ့လိုက္ၿပီး ထိုလူအတြက္ အလုပ္ဆက္လုပ္ရမည္ကို စီစဥ္ေပးေနသည္။ “ခင္ဗ်ား ျခင္းေတာင္းကိုယူၿပီး ဟင္း႐ြက္ခင္းထဲမွာ ခရမ္းခ်ဥ္သီး၊ၾကက္ဟင္းခါးသီးနဲ႔ အသီးအ႐ြက္ေတြကို ေ႐ြးခူးလာခဲ့။င႐ုတ္သီးနဲ႔ တျခားအစိမ္းေရာင္ အသီးအ႐ြက္ေတြ အမ်ားႀကီးကိုလည္း ေ႐ြးလာခဲ့ဦးေနာ္။အာလူးအခ်ိဳ႕ကို ယူလာခဲ့ရင္ ပိုေကာင္းမယ္။ၾကက္သြန္ၿမိတ္ေတြ႐ွိရင္လည္း ခူးခဲ့ဖို႔ မေမ့နဲ႔။ၾကက္ဥေတြကိုေတာ့ ထားလိုက္ေတာ့၊ ႐ြာသူ႐ြာသားေတြက အလုပ္႐ႈပ္တဲ့ရာသီအတြက္ ဥေတြကို သိမ္းထားၾကမွာ၊ပိုက္ဆံေပးရင္ေတာင္ ဝယ္လို႔မရမွာဘဲ စိုးရိမ္မိတယ္။အိုး....ဝိုင္ဝယ္ဖို႔ ေမ့သြားတယ္!” စိတ္ပ်က္လက္ပ်က္ျဖင့္ သူ႕နဖူးကို ပုတ္လိုက္သည္။
“႐ြာထဲမွာ ဝိုင္ဆိုင္႐ွိတယ္။စိတ္မပူပါနဲ႔။” လဲ့ယ္ထ်ဲက ေခါင္းညိတ္ၿပီး ထြက္သြားသည္။
ခ်င္မ်န္သည္ သူ ေဝးေဝးေရာက္သြားတဲ့အထိ ေစာင့္ၾကည့္ေနၿပီးမွ နယ္ေျမထဲကေန ဝိညာဥ္စမ္းေရတစ္ခြက္ကို အလ်င္အျမန္ ခပ္ယူၿပီး ေရစည္ကန္ထဲသို႔ ထည့္ကာ ဆက္လက္ ပ်ားပန္းခတ္ အလုပ္႐ႈပ္ေနေတာ့၏။
ျပတင္းေပါက္မ်ားအားလုံးကို စကၠဴျဖင့္ကပ္ၿပီးေနာက္ အခန္းအတြင္း႐ွိ ျပတင္းေပါက္ႏွစ္ခု၏ထိပ္တြင္ သံေခ်ာင္းႏွစ္ေခ်ာင္းကို ႐ိုက္ကာ သံႏွစ္ေခ်ာင္းၾကား ႀကိဳးတစ္ေခ်ာင္းခ်ည္ၿပီး ျပဳတ္မက်ေအာင္ ခ်ဳပ္႐ိုးမ်ားစြာခ်ဳပ္ထားသည့္ အထည္ႏွစ္စကို ခ်ိတ္ဆြဲထားလိုက္သည္။၎သည္ ေလွ်ာကန္႔လန္႔ကာ၏႐ိုး႐ိုး႐ွင္း႐ွင္း ဗား႐ွင္းတစ္ခုသာ။သေဘာမက်ေသာ္လည္း အလုပ္ျဖစ္၏။
"ခ်င္းဇီ..ကိုယ္ျပန္လာၿပီ။"
ခ်င္မ်န္သည္ ဆန္ကို ေဆးေၾကာေနတာေၾကာင့္ ေျခဖဝါးေပၚသို႔ က်လုနီးပါးပင္ ျဖစ္သြားသည္။
ဒီေတာ့ ခင္ဗ်ားျပန္လာေၾကာင္း တမင္ေျပာဖို႔ လိုလား? “ဇနီး” ဆိုတာကိုလည္း ထည့္ေျပာဖို႔ လိုအပ္လား?အသံက်ယ္က်ယ္ ေျပာဖို႔လည္း လိုအပ္လို႔လား?
လဲ့ယ္ထ်ဲက ဝိုင္အိုးကို စားပြဲေပၚတင္လိုက္ၿပီး ခ်င္မ်န္ေဘးမွာ ေတာင္းကို တင္လိုက္သည္။ “ေဘးအိမ္က က်န္းေလာင္က်ိဳ႕က်ိဳက ၾကက္ဥဆယ္လုံးေပးလိုက္တယ္"
ရင္ထဲထိသြားရတဲ့ ခ်င္မ်န္က ေျပာလိုက္သည္။ "က်န္းေလာင္က်ိဳ႕က်ိဳက စိတ္သေဘာထား ေႏြးေထြးတဲ့လူပဲ" သူတစ္ပါး ေက်းျပဳခဲ့သည္ကို သူ႕စိတ္ထဲတြင္ အမွတ္သညာျပဳထားၿပီး ေနာင္တစ္ခ်ိန္တြင္ ျပန္လည္း ေက်းဇူးျပန္ဆပ္ရမည္။
သူ႕လက္ထဲက ေရေတြကို ခါယမ္းလိုက္ၿပီး ေတာင္းကို ၾကည့္ၿပီးေနာက္ လဲ့ယ္ထ်ဲကို ရယ္ခ်င္ေနဟန္ အၾကည့္တစ္ခ်က္ေပးလိုက္သည္။
ဒါက အိမ္ေထာင္ဦးစီးတစ္ေယာက္ တကယ္လုပ္ႏိုင္တဲ့အရာေပါ့။ၾကက္ဥေတြအျပင္ ခရမ္းေရာင္ ခရမ္းသီးမ်ားစြာ၊ ၾကက္ဟင္းခါးသီးမ်ားစြာ၊ ၾကက္သြန္နီလက္တစ္ဆုပ္စာ၊င႐ုတ္ပြစိမ္းအခ်ိဳ႕၊အာလူးႀကီး ၃ လုံး၊ဂႏၶမာစိမ္း႐ြက္ လက္တစ္ဆုပ္စာႏွင့္ ျခင္းေတာင္းထဲတြင္ ၾကက္သြန္ၿမိတ္ လက္တစ္ဆုပ္စာတို႔လည္း ပါ႐ွိသည္။အမ်ိဳးမ်ိဳးျဖင့္ အမ်ားႀကီး႐ွိေသာ္လည္း ၾကက္သြန္ၿမိတ္လက္တစ္ဆုပ္စာက ပန္းကန္အေသးတစ္လုံးစာအတြက္ ေၾကာ္ရန္သာ လုံေလာက္သည္။ဂႏၶမာစိမ္း႐ြက္ေတြက အမ်ားႀကီးျဖစ္ေနပုံေပါက္ေပမယ့္ ေၾကာ္ၿပီးရင္ ႏွစ္လုတ္သုံးလုတ္စာေလာက္သာ စားဖို႔ေလာက္သည္။ညေနခင္းမွာ အ႐ြယ္ေရာက္ၿပီးသူ ေတာ္ေတာ္မ်ားမ်ား အတူတူထမင္းစားၾကတာမို႔ မလုံေလာက္ေပ။ကံေကာင္းေထာက္မစြာ သူ႕နယ္ေျမတြင္ ၾကက္သြန္ၿမိတ္ႏွင့္ ဂႏၶမာစိမ္းအပင္မ်ား႐ွိေနသည္။လဲ့ယ္ထ်ဲ သတိမထားမိခ်ိန္တြင္ သူ ေရာထည့္လိုက္သည္။
လဲ့ယ္ထ်ဲက ေတာင္းကို လွမ္းၾကည့္သည္။ "ဘာျဖစ္လို႔လဲ?"
“ဘာမွ မဟုတ္ပါဘူး။” ခ်င္မ်န္က ျပဳံးျပဳံးေလး ေျပာေျဖလိုက္၏။
လဲ့ယ္ထ်ဲက သူ အမွန္အတိုင္း မေျပာဘူးလို႔ ထင္ခဲ့ေပမယ့္လည္း ထပ္မေမးေတာ့ေပ။ “ထင္း မလုံေလာက္ေသးဘူး။ထပ္ခုတ္ဖို႔ ေတာင္ေပၚျပန္တက္လိုက္ဦးမယ္"
"သြားလုပ္ေလ။ဒီမွာ အကူအညီ မလိုပါဘူး"
ခ်င္မ်န္က ထမင္းကို အရင္ခ်က္ၿပီး ဝက္အသည္းကို သန္႔စင္ေအာင္ ေဆးေၾကာကာ ပါးပါးလွီးၿပီး ေရစိမ္ထားလိုက္၏။ဝက္အသည္းမွာ အာဟာရမ်ိဳးစုံ႐ွိတဲ့အျပင္ လတ္ဆတ္ၿပီးအရသာ႐ွိေပမယ့္လည္း ဝက္အသည္းက ဝက္ခႏၶာကိုယ္မွာ အႀကီးမားဆုံး အဆိပ္သင့္ေစတဲ့ အဂၤါျဖစ္သည့္အတြက္ မစားခင္မွာ အဆိပ္ထုတ္ရမယ္။သန္႔ၿပီးရင္ေတာ့ အတုံးေသးေသးေလးေတြထပ္လွီးၿပီး က်န္ေနတဲ့ေသြးေတြကို ဖယ္႐ွားဖို႔ တစ္နာရီကေန ႏွစ္နာရီအထိ ဒုတိယအႀကိမ္ စိမ္ထားလိုက္တာ အေကာင္းဆုံးပါပဲ။ဒါေပမယ့္ ဒီေန႔ေတာ့ ထမင္းခ်က္ဖို႔ အလ်င္လိုေန၏။သူက အရင္စိမ္ထားၿပီးမွ ေနာက္မွ ေၾကာ္ရေတာ့မယ္။ေၾကာ္ဆိုရင္ေတာ့ ခဏေလးပါပဲ။
tenderizer(meat powder)ႏွင့္ starch မ႐ွိေသာေၾကာင့္ ခ်င္မ်န္သည္ ၾကက္ဥကို tenderizer အျဖစ္ အသုံးျပဳလိုက္သည္။
ၾကက္ဥအျဖဴကို ပါးပါးလွီးထားေသာ အသားမ်ားႏွင့္ ေရာေမႊၿပီး ခဏၾကာေအာင္ ထားလိုက္၏။ဒီေန႔က ဧည့္သည္ေတြကို ဧည့္ခံရင္း ေပ်ာ္ပြဲ႐ႊင္ပြဲေတြ လုပ္ၾကမည္။သူတို႔ရဲ႕ဘ႑ာေရးအေျခအေနေတြ ပိုေကာင္းလာမခ်င္း ဇိမ္ခံပစၥည္းမ်ိဳးေတြ႐ွိလာမွာ မဟုတ္ဘူး။သူၿမိဳ႕ထဲေရာက္တုန္းက ၾကက္ဥတစ္လုံးက ၁ ဝမ္ ေပးရေၾကာင္း သိလာရသည္။ေျပာရရင္ ေစ်းမသက္သာေပ။
ထို႔ေနာက္ ခ်င္မ်န္သည္ အ႐ိုးမ်ားႏွင့္ အဆီမ်ားကို သန္႔စင္ကာ ခ်က္ျပဳတ္ရန္အတြက္ အလားတူျပင္ဆင္ခဲ့သည္။
လဲ့ယ္ထ်ဲက ထင္းမ်ားျဖင့္ ျပန္ေရာက္လာသည္။ခ်င္မ်န္က ဟင္းခ်က္ေနတုန္းမို႔ လဲ့ယ္ထ်ဲကို ခ်က္စားၾက
မယ့္ အသီးအ႐ြက္ေတြကို ေခြၽခိုင္းလိုက္သည္။
ခ်က္ျပဳတ္ရန္ ဟင္းႏွစ္ပြဲက်န္ေတာ့တာမို႔ ခ်င္မ်န္က လဲ့ယ္ထ်ဲအား ဧည့္သည္ေတြကို ဖိတ္ခိုင္းလိုက္သည္။
အစ္ကိုက်န္း၊ လဲ့ယ္႐ွန္းရီ ၊လဲယ့္႐ွန္းလီ ၊ လဲ့ယ္႐ွန္းက်စ္ ႏွင့္ လဲ့ယ္ခြၽင္းေထာင္တို႔က လဲ့ယ္ထ်ဲ၏ေနာက္ကေန လိုက္လာတဲ့အခ်ိန္မွာ ညေနေျခာက္နာရီေက်ာ္ေနၿပီျဖစ္သည္။ေနဝင္ခ်ိန္က အေနာက္ဘက္ေကာင္းယံကို လိေမၼာ္ေရာင္ ဆိုးထား၏။
စြဲေဆာင္မႈ႐ွိတဲ့ ေမႊးပ်ံ႕တဲ့ရနံ႔ေတြကို အနံ႔ရလိုက္ရာ လူအမ်ားအျပားသည္ ေျခလွမ္းမ်ားကို ျမန္ျမန္ဆန္ဆန္ ေလွ်ာက္ခ်င္ေနၾကေသာ္လည္း ႐ုတ္တရက္ အနည္းငယ္ မေလးစားစရာအျပဳအမူမ်ိဳး ျပဳလုပ္လိုက္တာကို သိလိုက္ၾကၿပီး အ႐ွိန္အဟုန္ကို ျပန္လည္ထိန္းကာ လဲ့ယ္ထ်ဲ၏ေနာက္ကေနသာ မေႏွးမျမန္အေနအထားျဖင့္ လိုက္လာၾက၏။
ထို႔ေၾကာင့္ လဲ့ယ္ထ်ဲတစ္ေယာက္ ပုံမွန္ထက္ ပိုမိုျမန္ဆန္စြာ သြားေနေၾကာင္းကို သူတို႔ သတိမထားမိခဲ့ၾကေပ။
Advertisement
- In Serial29 Chapters
Is there a day after tomorrow
Can a man stay sane in a world where civilization crumbles, brothers turn against each other and are stranded in a country far from home?The line of good and evil is almost always just a shade of gray.Richard Morrison is 31 years old jobless pilot down on his luck coming from booze cruise when the world changed.Follow the journey of Richard and his low class jokes as he experiences the ups and downs in an apocalyptic world made possible by the Team Godly gang. *******************************************Constructive criticism is welcome and I will thank you all in advance should anyone wish to do so. Even hate comments are welcome because then I know that you at least wasted few minutes on my stuff. This novel is mainly for memeing and just don't take it too seriously ¯\_(ツ)_/¯
8 174 - In Serial6 Chapters
Captive God
Without any knowledge of his birth origins, Yan Wei is raised by the owner of a pill shop in the smog-skied Silent Rain City, ruled by a family of tyrannical, heartless monsters that will do anything to keep their people obedient, including keeping them weak and impoverished. Life was simple and completely under his control until he discovered one anomaly after another about himself, forcing him to end his quiet life in order to keep both his secrets and his life.
8 132 - In Serial12 Chapters
The Goblin's Leveling System!
"Being a goblin isn't so bad. After all, I have a system for leveling!", Axel Everheart Axel Everheart is a top student at a famous high school with good looks and he is someone who has it all. Due to his ignorance, he slips on a banana peel on the street. He hit his head and well... he died! After his unfortunate death, he reincarnated as the fantasy world's ugliest and weakest mob, a goblin to be precise. Unwilling to accept his fate, he aims to become the strongest goblin and find a way to become a human again. With the help of his system, will he achieve his goal? _______________________________________ Cover By: imagineTishaDInstagram: @imaginetishad_______________________________________ Written by: ShadowKatakeInstagram: @katakekage_______________________________________
8 246 - In Serial17 Chapters
Life's a Lich: Who Said Undeath Was Fun?
The shadow of death looms over us all, but some choose to make it an adventure. June Allen is an avid player of a hit new MMO, too much of an avid fan, in fact. One could say she's addicted to the slow and steady grind of leveling, crafting and slaying monsters. But things are not as rosy as they might seem to this blissfully unaware RPG fan. So when a mysterious force decides to intervene, she's hoping for great things. She doesn't really know what to expect, only that there's about to be a big change. That change is simple, she's going to die. Reincarnated in the game she once loved, she has a choice between eternal servitude and suffering, or a new path. What choices will she make and where will they lead her? June could be consumed by lust for power and freedom, or be destroyed by the influences pushing and pulling her. Will she be able to overcome the forces that control her new life?
8 147 - In Serial9 Chapters
The Forgotten Extra
The Forgotten Extra A boy at the age of 20 named Joseph Fox used to be a kind, sweet-hearted kid but ever since his Sister's death, Mother's suicide, Father's death, and catching his girlfriend cheating on him with his best friend Blake. He became Cynical, Lonely, Depressed, and down on his luck. After getting Fired for the worst reasons. After stealing a very strange yet intriguing book, He gets transported to a new yet mysterious fantasy-like world and being the Forgotten extra
8 183 - In Serial42 Chapters
statehumans headcanons !! [OUTDATED]
[OUTDATED !!] my headcanons for the us states! will include stuff about specific characters, general hc's, relationships, etc! enjoy ~allierankings: (bc i'm a proud bitch)#1- state 6/09/21
8 108

