《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[17]
Advertisement
[Unicode]
017:ဝယ်ယူမှု (၁)
ပထမဆုံးအကြိမ်အနေနဲ့ ချင်မျန်၏ခြေထောက်မှာ အလွန်နာကျင်စွာခံစားခဲ့ရသည့်အပြင် ခံစားရလည်းခက်လှသည်။မြို့ငယ်လေး၏ မီးခိုးရောင်တံတိုင်းမြို့ရိုးကို မြင်သည့်ထိတိုင်အောင် မြို့သို့သွားနေသော လှည်းတစ်စီးနှင့် ကြုံကြိုက်ရန် သူမျှော်လင့်ထားခဲ့သည်။သို့သော် သူမျှော်လင့်ထားသလို ဖြစ်မလာခဲ့ပေ။မြို့နဲ့နီးလာလေလေ ပို,ပိုပြီးအသက်ဝင်လာလေလေ။
လမ်းသွားလမ်းလာများ,များလာ၍ အချို့က ဟင်းသီးဟင်းရွက်၊သစ်သီးဝလံ၊လက်မှုပစ္စည်း အစရှိသဖြင့် အရောင်းပစ္စည်းများ ပါရှိသည့် ဝါးလုံးများ(သို့)ခြင်းတောင်းများကို ကိုင်ဆွဲကာ လမ်းလျှောက်ရောင်းရင်း,အချို့မှာ ငွေပိုမိုရရန် မျှော်ကိုးကာ မြို့တွင်း၌ လာရောက်ရောင်းချကြသည်။
လူအချို့သည်လည်း လှည်းများ၊နွားလှည်းများ၊မြည်းလှည်းများနှင့် မြင်းလှည်းများဖြင့် အဝင်အထွက်လုပ်နေကြပြီး တစ်ခါတစ်ရံ လူပျိုရံများကလည်း ဒေါသသတကြီးဖြင့် အော်ဟစ်သံများလည်းရှိနေကြသည်။
မြို့ထဲမှာ သိုးသားနှင့် ဝက်သားရောင်းတဲ့ လူတွေလည်းရှိနေ၏။သိုးသည်နှင့် ဝက်သားသည်တို့၏ အော်ဟစ်သံတို့က ပြိုင်ဆိုင်မှုတစ်ခုလိုပင် ဖြစ်နေသည်။
ချင်မျန်က သူ့ဗိုက်ကို ပွတ်လိုက်၏။
လဲ့ယ်ထျဲက သူ့ရဲ့အရိပ်ခြေအားလုံးကို နားလည်သည်မို့ ဘာမှမေးမနေတော့ဘဲ ခေါက်ဆွဲဆိုင်ကို ဦးဆောင်ခေါ်ယူသွားခဲ့သည်။တကယ်တော့ ထမင်းဖြူကို ပိုစားချင်မိပေမယ့် ထမင်းဖြူက ပိုဈေးကြီးမှန်း သိတော့ မတတ်နိုင်တော့ကြောင့် နောက်မှစားဖို့သာ တွေးလိုက်တော့သည်။
ထိုင်ရန် စားပွဲအလွတ်တစ်လုံးကို ရှာလိုက်ပြီး မှာလိုက်၏။ “ဆိုင်ရှင်..အရွက်ခေါက်ဆွဲ နှစ်ပန်းကန် ချပေးပါ”
လဲ့ယ်ထျဲက ဆတ်ခနဲထပြောလိုက်သည်။ "အသားခေါက်ဆွဲ နှစ်ပန်းကန်ပဲ ပေးပါ"
“ကောင်းပါပြီ!” ဆိုင်ရှင်မျက်နှာပေါ်ရှိ အပြုံးက ပို၍ စိတ်အားထက်သန်သွား၏။
ချင်မျန်၏ရင်ဘတ်ထဲတွင် ပြောရခက်သော ခံစားချက်တစ်ခုဖြင့် ပြည့်နှက်နေသည်။လဲ့ယ်ထျဲကို မော့ကြည့်လိုက်တော့ အဲဒီလူက တစ်ခုခုပြောချင်နေတာ တွေ့လိုက်ရသည်။အနှီယောက်ျားက "မင်းက ငါ့မိန်းမ" ဟူ၍ လူရှေ့သူရှေ့မှာ ပြောလိုက်မည်ကို စိုးထိတ်၍ ကူကယ်ရာမဲ့ဖြစ်စွာ ညှိုးငယ်နေတဲ့ လေသံနဲ့ အရင်ဆုံးစပြောလိုက်သည်။ - "ကျွန်တော် သိတယ်!"
လဲ့ယ်ထျဲက အသံနိမ့်နိမ့်ဖြင့် ပြန်မေးလိုက်၏။ “ဘာကိုသိတာလဲ?”
ချင်မျန်သည် သူ့ထံမှ လှည့်ထွက်သွားပြီး ဆိုင်လက်ထောက်လေးက ခေါက်ဆွဲချက်နေသည်ကိုသာ စိုက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "ဘာမှ မဟုတ်ဘူး"
အိုးက ပူလောင်နေ၏။ဆိုင်လက်ထောက်လေးက ခေါက်ဆွဲတွေကို ဆယ်ယူပြီး ပန်းကန်တစ်လုံးထဲမှာ ထည့်လိုက်သည်။လက်တစ်ဖက်ဖြင့် ဇွန်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး လှီးထားတဲ့ အသားတွေ
ထည့်ကာ ကြက်သွန်မြိတ်ကိုပါးပါးလှီးပြီး တိုဟူးတွေကိုပါ ပန်းကန်လုံးထဲသို့ အလျင်အမြန်ထည့်လိုက်သည်။နောက်ဆုံးတော့ ဟင်းချိုရည်တစ်ပန်းကန်စာခပ်ထည့်ပြီး အပေါ်ကနေ လောင်းချလိုက်၏။မွှေးရနံ့က ချက်ချင်းဆိုသလို ပြင်းထန်စွာထွက်ပေါ်လာတော့၏။
“ဧည့်သည်နှစ်ယောက်..ဒီမှာ ခေါက်ဆွဲရပါပြီ။ကျေးဇူးပြု၍ သုံးဆောင်ကြပါ"
ချင်မျန်သည် ပန်းကန်လုံးထဲက လှီးထားသည့် အသားတွေကို ကြည့်ပြီး တိတ်တိတ်လေး ရေတွက်လိုက်၏; ခြောက်ဖတ်။
ဘာမှ မပါတာထက်စာရင် ပိုကောင်းသေးတာပဲ ဟူ၍ သူ့ကိုယ်သူသာ နှစ်သိမ့်ခဲ့သည်။ခေါက်ဆွဲမစားမီ လှီးထားသည့်အသားအားလုံးကိုယူ၍ ပါးစပ်ထဲသို့ထည့်လိုက်သည်။ခေါက်ဆွဲတစ်ပန်းကန်ဆိုတာက ဗိုက်မဝပေ။လဲ့ယ်ထျဲလည်း ဗိုက်မဝသေးဟု သူထင်သည်။ ပိုက်ဆံစုဆောင်းတယ်ဆိုတာက အစာငတ်ခံတာကို မဆိုလိုဘူး။
"နောက်ထပ် နှစ်ပန်းကန်!"
ဒီအပြုအမူက ခုမှ ချမ်းသာခါစ သူဌေးပေါက်စနဟူ၍ လူတွေကို လွယ်လွယ်နဲ့ အထင်လွဲသွားစေခဲ့သည်။
ဆိုင်ရှိ တခြားဖောက်သည်များက သူ့ကို ထူးဆန်းစွာကြည့်ကာ တစ်စုံတစ်ယောက်က တီးတိုးရေရွက်လိုက်သည်။ “ဘာလို့ အဲလောက်ကြီး ထအော်နေရတာလဲ?ခေါက်ဆွဲနှစ်ပန်းကန်ပဲကို။မြစိမ်းနဲ့ကျောက်စိမ်းစွပ်ပြုတ်နှစ်ပန်းကန်လည်း မဟုတ်ဘဲနဲ့.."
လဲ့ယ်ထျဲ၏ပါးစပ်ထောင့်သည် မမြင်နိုင်လောက်သည့် တစ်နေရာသို့ ကွေးညွှတ်စွာ မြင့်တက်သွား၏။
ခေါက်ဆွဲလေးပွဲကို ၁၂ ဝမ် ကုန်ကျသည်။အရေးကြီးဆုံးအချက်မှာ အချိန်အတော်ကြာပြီးမှသာ ချင်မျန်သည် နောက်ဆုံးတွင် အသားကို ဒုတိယအကြိမ်အဖြစ် မြည်းစမ်းနိုင်လိုက်ခြင်းပင်။လှီးဖြတ်ထားတဲ့ အသားက ကြမ်းပြီး ပါးပေမယ့် ချင်မျန်ကတော့ ကျေနပ်၏။သူက ဂျုံမှုန့်နဲ့လုပ်ထားတဲ့ အစားအစာတွေကို မကြိုက်ပေမယ့် အရည်ကိုတောင် ပြောင်ရှင်းနေအောင် သောက်ခဲ့သေးသည်။
စားသောက်ပြီးနောက် ချင်မျန်သည် ဆိုင်သို့ ချက်ချင်း မသွားသေးပေ။အဲဒီအစား သူက မြို့ကို လှည့်ပတ်ပြီး ဘယ်ညာသို့ ရံဖန်ရံခါ ပတ်ကြည့်နေသည်။လဲ့ယ်ထျဲက စိတ်မရှည်မှု မရှိ မေးမြန်းတာတွေ မရှိဘဲ တိတ်တဆိတ်သာ နောက်ကလိုက်လာခဲ့သည်။
ယင်းကြောင့် ချင်မျန်သည် ထိုယောက်ျား၏စိတ်သဘောထားကောင်းပုံကို တိတ်တဆိတ် သဘောကျသွားမိသည်။လဲ့ယ်ထျဲက သူ့ကို တမင်တကာလှည့်စားနေတာလားလို့ သံသယမ၀င်ဘူးလားမသိ?
အမှန်တော့လည်း သူ လှည့်စားနေတာ မဟုတ်ရပါ။ပိုက်ဆံအနည်းအကျဉ်းသာ ရှိနေတာမို့ ပိုက်ဆံရှာနိုင်မည့် နည်းလမ်းလေးများရှိမလား လိုက်ကြည့်နေခြင်းသာ။ချင်မျန်သည် မြို့ထဲတွင် စီးပွားရေးအခွင့်အလမ်းများ ရှိမရှိ သိချင်နေခဲ့သည်။
လမ်းလျှောက်ပြီးနောက် ချင်မျန် ဘာလုပ်ရမှန်းသိသွားပြီ။ဆီ၊ ဆား နှင့် အခြားလိုအပ်သောပစ္စည်းများကို ဝယ်ရန် ကုန်စုံဆိုင်သို့ သွားခဲ့သည်။အိမ်တွင် ဆီအိုး နှင့် ဆားအိုးလည်း မရှိတာကြောင့် ထိုကုန်စုံဆိုင်ကနေသာ ဝယ်လာခဲ့သည်။ပုလင်းနှစ်ပုလင်းကို 6 ဝမ် ပေးရ၏။ဆားတစ်ကျင်းကို ၂၂ဝမ် ပေးရကာ ဆီနှစ်ကျင်ကို ၂၄ဝမ် ကုန်ကျ၏။
"ငရုတ်ကောင်းမည်းအမှုန့် နဲ့ စီချွမ်းငရုတ်ကောင်း ၂ ကျင်းလောက်ပေးပါ"
ဆိုင်လက်ထောက်လေးက ဝေခွဲမရဖြစ်စွာ ကြည့်လိုက်ရင်း " ငရုတ်ကောင်းမည်းကတော့ ရှိပါတယ်၊ဒါပေမယ့် စီချွမ်းငရုတ်ကောင်းဆိုတာ ဘာလဲ?"
ချင်မျန်က အံ့သြသွားသည်။ဒီကမ္ဘာမှာ စီချွမ်ငရုတ်ကောင်းမရှိတာများလား?"
"ဒါဆို ငရုတ်ကောင်းမှုန့်နှစ်ကျင်းနဲ့ ပဲငံပြာရည် တစ်ကျင်းပေးပါ" ချင်မျန်က ပြောပြီးတာနဲ့ ကုန်စုံဆိုင်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။ဒီမှာက ပစ္စည်းတွေက တော်တော်ပြည့်စုံတယ် ပြောရမယ်။
Advertisement
ထို့နောက် ပန်းကန်လုံးဆယ်လုံး၊ဟင်းရည်ပန်းကန်လုံးတစ်လုံး၊ပန်ကန်ပြားဆယ်ချပ်နှင့် တူချောင်းဆယ်ချောင်းကို ဝယ်ယူခဲ့သည်။
ဆိုင်ရှင်က ကောင်တာအနောက်မှာ အမြဲလိုလို ရှိနေတတ်ကာ ပစ္စည်းတွေ အများကြီးဝယ်နေတာကို တွေ့လိုက်ရတော့ သူရောက်လာပြီး စိတ်အားထက်သန်စွာ ပြောဆိုလိုက်သည်– “နောက်ထပ် ဘာလိုသေးလဲ?လူငယ်လေး စိတ်ကြိုက်ရွေးချယ်ပါ။အခြေခံပစ္စည်းတွေလောက်တော့ ကျုပ်တို့ဆိုင်မှာ အကုန်ရှိတယ်”
ချင်မျန်သည် ဘေးနားရှိ ဆန်နှင့်ဂျုံမှုန့်အိတ်များကို ကြည့်လိုက်သည်။အထဲမှာ ဘာတွေပါလဲဆိုတာကို ဖောက်သည်တွေကြည့်ဖို့အတွက် အိတ်တွေ အကုန်ဖွင့်ပေးထားသည်။
ချင်မျန်က မေးလိုက်၏။ "ဆန်နဲ့ ဂျုံမှုန့်က ဘယ်လောက်လဲ?"
ဆိုင်အကူတစ်ယောက်ဖြစ်ဖို့ အခြေခံအားဖြင့် သွက်သွက်လက်လက်နဲ့ရှိရုံတင် လုံလောက်၏။ဆိုင်အကူလေးက ချက်ချင်းကို သွက်သွက်လက်လက်ထဖြေပေးကာ “ပြောင်းဖူးမှုန့်အတွက်က တစ်ကျင်းကို ၄ ဝမ်၊ဂျုံမှုန့်တစ်ကျင်းက ၆ ဝမ်၊နှံစားပြောင်းဆန်မှုန့်တစ်ကျင်းက ၁ ဝမ်၊ ကောက်ညှင်းဆန်မှုန့်အတွက်က ၃ ဝမ်၊ ဆန်လုံးညိုတစ်ကျင်းက ၂ ဝမ်၊ဆန်ချောက ၁၀ ဝမ်ပါ ခင်ဗျ"
ချင်မျန်၏မျက်လုံးများက ဆန်ချောပေါ်ကနေ မကျေမနပ်အနေအထားဖြင့် စွန့်ကာ ဂျုံမှုန့်ပေါ်ကို ကျရောက်သွားသည်။သူ စကားပြောတော့မည်ဖြစ်သော်လည်း သူ့တည်ရှိမှုကို လက်တွေ့ကျကျ မေ့သွားလောက်သည်အထိ နှုတ်ဆိတ်နေသည့် လဲ့ယ်ထျဲထံမှ အသံထွက်လာသည်။ "ဆန်ချော ဆယ်ကျင်းပေးပါ"
ချင်မျန် တားလိုက်မှာကို စိုးရိမ်မိတဲ့အတွက် ဆိုင်ရှင်က ဆိုင်လက်ထောက်လေးကို ချက်ချင်းပင် လောတော့၏။
"မြန်မြန်ထုပ်တော့!"
ချင်မျန့်က ငြင်းမနေတော့ဘဲ "ပြောင်းဖူးမှုန့်ငါးကျင်း၊ဂျုံမှုန့်နှစ်ကျင်း၊နှံစားပြောင်းဆန်မှုန့်ငါးဂျင်းပါ ထည့်ပေးပါ"
ဆိုင်ရှင်၏မျက်နှာသည် ရွှင်မြူးသွားကာ “ကောင်းပါပြီ!"
ချင်မျန်သည် လက်ဖက်ရည်အိုး တစ်စုံ၊ပါးစပ်ဆေးရန်အတွက် ကြွေခွက်နှစ်ခွက်၊မီးဖိုချောင်သုံး ဓားတစ်ချောင်း၊မျက်နှာသုတ်ပုဝါသုံးထည်၊ချုပ်အပ်တစ်စုံနှင့် ဆပ်ပြာမှုန့်တစ်ဗူးအပြင် အခြားသော တိုလီမိုလီများကို ဝယ်ယူခဲ့သည်။
T/N: ဒီနေ့များများတင်ပေးမလိုပါဆို..ပြည်ထောင်စုနေ့မှာ အားရပါးရ အိမ်မှာ ကြမ်းတိုက်ပေး အိမ်သာကြွေခင်းတွေပါ တိုက်ချွတ်ဆေးပေးလိုက်ရတယ် မနက်ဖြန်မှ အဝဖတ်ကြပါတော့....😪
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
017:ဝယ္ယူမႈ (၁)
"နောက်ထပ် နှစ်ပန်းကန်!"
Advertisement
ချင်မျန် တားလိုကျမှာကို စိုးရိမ်မိတဲ့အတွက် ဆိုင်ရှင်က ဆိုင်လက်ထောက်လေးကို ချက်ချင်းပင် လောတော့၏။
"မြန်မြန်ထုပ်တော့!"
Advertisement
- In Serial301 Chapters
Los Caracteres Perdidos [Fantasía oscura] - Español / Spanish - (Completo)
[participant in the Royal Road Writathon challenge] Digamos que nuestra relación es demasiado compleja como para explicarla en unas meras palabras, pero si estás interesado en husmear la vida de otras personas, pues estaría encantado de contarte mi vida. Mucho gusto, mi nombre Adam y esta es mi historia. +)Mi nombre es Adam y esta es mi historia. -)Su nombre es Adam y esta es su historia. +)Si su nombre fuera Adam, esta sería su historia. ¿Qué irrelevante, no? Todos son Adam y en todos los casos esta es su historia. El libro entra en un proceso de edición (Corrección gramática mediante proceso TTE= No obstante, dejaré intactas la primera edición del libro para el interesado. Por tanto: E1-01-Nombre de capítulo. Es la opción correcta para el lector que busque menos errores gramaticales.
8 120 - In Serial53 Chapters
Godfather World
In a world ruled by criminals, civilians live a shit life. A cook gets shot to death for saving a man's life and gets an audience with God. “Civilians are humans too!” he complained. As compensation, God shoved him into the body of Zen Taro - the Taro Family’s useless third young master. Given the ability to learn at hyperspeed, Zen has to find a way to survive this crazy deathtrap of an academy. Armed with only his superior gaming, civilian common sense and cooking skills, watch him survive the crazy VR battle royale in true Zen Fashion. Advanced chapters on Patreon!
8 240 - In Serial38 Chapters
Love Written Forever In Ink! (A Justin Timberlake fanfic)
A Justin Timberlake fanfic! When Justin goes to leave for his Europian leg of the tour. He meets an ordinary girl; Aria Traumen with a odd background. After a while her true colours start to appear and she changes his whole life! It changes the way he talks to Jessica, the way he looks at her and let's see if their love will be strong enough or not! Keep reading to find out more!
8 178 - In Serial8 Chapters
After the Mask Falls
One sentence causes Naruto's mask to crack. After his mask cracks, many people start to notice that Naruto has changed. Will Naruto be able to survive without his mask to protect him?
8 117 - In Serial17 Chapters
I Am, Lloyd Garmadon.
This is an AU where Lloyd never wanted to be like Garmadon, but Garmadon wants it to be like father like son.Also, to be clear, unless it's stated by me in an author's note, or the star I use to sign my drawings or painting is on the art, I probably found it on Pinterest and in no way mean to take credit for someone else's art.
8 119 - In Serial16 Chapters
You Are My Heart
This deserves more love than it has been given. Credits to: LeanteaLang------------When Moonbyul lost her memory trying to save Solar, what will Solar do to get her love back? Moonbyul was hospitalize after an injury to the head while trying to save Solar. When she awoke, she had no memories of the past. A woman stood beside her bedside, who could it be? A child stood by the woman calling her appa, who could he be?
8 186