《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[16]
Advertisement
[Unicode]
016:ယောကျ်ားကောင်းတစ်ယောက်က ငွေရေးကြေးရေး စီမံခန့်ခွဲပိုင်ခွင့်ကို အရင်ဦးဆုံး အစပြုပြီး လွှဲပြောင်းပေးထားသင့်တယ်
“ဒါကို ကျွန်တော်တို့ ဘယ်လိုလုပ်ပြီး လက်ခံနိုင်မှာလဲ?ဒီထင်းတွေကို ခုတ်ဖို့က လွယ်တာမဟုတ်ဘူး” ချင်မျန်က အဆောတလျင် ငြင်းလိုက်သည်။ဒီလိုထင်းစည်းခပ်ကြီးကြီးမျိုးကို ခုတ်ထစ်ပြီး နေလှန်းဖို့တင် အနည်းဆုံး ငါးရက်/ခြောက်ရက်လောက် နေလှမ်းဖို့လိုတာကို သိရ၏။ဒီကျန်းတရွှေက တကယ်ကို နွေးထွေးတဲ့ လူတစ်ယောက်ပဲ။
လဲ့ယ်ထျဲက အသံတွေကိုကြားတာကြောင့် ထွက်လာပြီး “အစ်ကိုကျန်း ကျေးဇူးအများကြီးတင်ပါတယ်။ကျွန်တော်တို့မှာ ထင်းတွေရှိပါတယ်။”
“ငါပေးပါတယ်ဆိုကွာ။ဒါကို ယူထားလိုက်။ဒီမှာ သယ်လာပြီးပြီ၊ပြန်မသယ်ချင်တော့ဘူး" ကျန်းတရွှေက ဟက်ဟက်ပက်ပက် ရယ်မောရင်း နဖူးပေါ်က ချွေးတွေကို သုတ်လိုက်သည်။
ချင်မျန်က လက်ခံလိုက်ရတော့သည်။ "ဒါဆိုရင်လည်း ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ဝင်ထိုင်ပါဦး။ကျွန်တော်တို့ မိသားစုနဲ့အိမ်ခွဲလိုက်ပြီဆိုတာကို အစ်ကိုဘယ်လိုလုပ်ပြီး သိတာလဲ?"
ကျန်းတရွှေက ထိုင်မနေတော့ကြောင်း သူ့လက်ကို ဝှေ့ယမ်းပြလိုက်ပြီး "ငါပဲသိရုံတင် မကဘူး။ရွာသားတွေအားလုံးလည်း သိနေပြီ။ အများစုက အဒေါ်ကျိုးဆီက သိတာဖြစ်နိုင်တယ်။”
လဲ့ယ်တာချန် နှင့် တုရှီတို့က လဲ့ယ်ထျဲ၏မိဘများဖြစ်သောကြောင့် လဲ့ယ်ထျဲရှေ့တွင် သူအများကြီးမပြောနိုင်ပေ။
"မင်းတို့တွေလည်း အလုပ်များနေတယ်မလား။ငါလည်း ပြန်တော့မယ် လယ်ကွင်းထဲမှာ အလုပ်ရှိသေးတယ်။”
"ကျေးဇူးတင်ပါတယ် အစ်ကိုကျန်း။ဂရုစိုက်သွားပါဦး"
ဧည့်သည်ကို ခြေလှမ်းအနည်းငယ်ခန့် လိုက်ပို့ပေးပြီးနောက် ချင်မျန်သည် အဝတ်များကို နေလှန်းရန် ပြန်လှည့်လာခဲ့သည်။
"ကုလားထိုင် ပြင်ပြီးပြီလား?ဝယ်စရာတွေ အရမ်းများတယ်။ထမင်းစားဖို့ ပန်းကန်နဲ့တူတောင် မရှိဘူး။ကျွန်တော်တို့မြို့ကို မြန်မြန်သွားကြမယ်လေ"
“အင်း"
လဲ့တီးသည် ချင်မျန်တစ်ယောက် ရေကန်နားကို ပြန်သွားကာ လက်ဆေးပြီးနောက် သစ်ပင်ပေါ်တွင် အဝတ်လှန်းရန်အတွက် ခြေဖျားထောက်နေသည့် ချင်မျန်၏နောက်ကျောပြင်ကို စိုက်ကြည့်ကာ ပြီးနောက် သူ့ရင်ခွင်ထဲမှ သော့တစ်ချောင်းကို ထုတ်ကာ သေတ္တာနှစ်လုံးထဲက ပိုသေးသည့်သေတ္တာကိုဖွင့်ရန် အိမ်ထဲသို့ လှမ်းဝင်လိုက်သည်။၎င်းထဲမှ မီးခိုးရောင် ပိုက်ဆံအိတ်ကို ထုတ်ယူပြီး သော့နှင့်အတူ ချင်မျန်ထံသို့ လွှဲပေးခဲ့သည်။
"ချင်းဇီ...မင်း ယူထားလိုက်ပါ"
ချင်မျန်၏လက်ထဲတွင် ထိုငွေအိတ်မှာ အနည်းငယ်လေးလံနေသည်။ငွေအိတ်ထဲတွင် ငွေတုံးတွေ ပါမည်ဟုထင်ပြီး အမြန်ပြန်တွန်းပေးလိုက်သည်။
“ခင်ဗျား သိမ်းထားတာ ပိုကောင်းမယ်။နောက်တစ်ခုက ကျွန်တော့်ကို ချင်းဇီ(မိန်းမ)လို့ မခေါ်နဲ့။"
လဲ့ယ်ထျဲက ပြန်လည်းမယူသလို သူ့ကိုလည်း ချင်းဇီ(မိန်းမ)ဟု မခေါ်တော့ဘူး ဟူ၍လည်းကတိမပေးပေ။သူသည် တံခါးမှထွက်လာ၍ အသံတိုးတိုးဖြင့် မေးလိုက်သည်။ "သွားကြတော့မလား?"
ချင်မျန်သည် ပိုက်ဆံအိတ်ကို ကိုင်ထားရင်း အနည်းငယ် ပူလာသလို ခံစားလိုက်ရသည်။သူ့နှလုံးခုန်နှုန်းက ပုံမှန်ထက် ပိုမြန်နေပြီ။သူ ငွေတွေယူသွားပြီး ထွက်ပြေးမှာကို သူက မစိုးရိမ်ဘူးလား?လဲ့ယ်ထျဲက သူ့ကို ယုံတယ်ပေါ့? ဒါမှမဟုတ် လဲ့ယ်ထျဲက သူ ထွက်ပြေးသွားရင်တောင် ပြန်ဖမ်းနိုင်မယ်လို့ ထင်နေတာလား?သူအဲဒါတွေကို မတွေးချင်ဘူး!
လဲ့ယ်ထျဲနှင့် လက်ထပ်ခြင်းအစတွင် လဲ့ယ်မိသားစုသည် လီကျန်းကို သူတို့၏အိမ်ထောင်စုစာရင်းကို ဖြည့်စွက်ကာ ပြန်လည်လျှောက်ထားဖို့အတွက် ရှာခဲ့ပြီး သူ့ကို လဲ့ယ်ထျဲ၏ဇနီးအမည်ဖြင့် လဲ့ယ်မိသားစုတွင် စာရင်းသွင်းခဲ့သည်။အိမ်ထောင်စုစာရင်း မဖျက်သရွေ့တော့ ထွက်ပြေးလို့မရနိုင်ဘူး။အသက် 14 နှစ်သာရှိသေးပြီး တစ်ယောက်တည်း အပြင်ထွက်ဖို့ကလည်း မလုံခြုံပါဘူး။တောင်စိမ်းရွာမှာ ခေတ္တတည်းခိုဖို့အတွက် အကောင်းဆုံးရွေးချယ်မှုပဲ။ဒီအချက်နှင့် စပ်လျဉ်းပြီး လဲ့ယ်ထျဲရဲ့ဇနီး အနေအထားကလည်း မည်သည့်အကျိုးအမြတ်မှ မရရှိဘူးဆိုတော့လည်း မဟုတ်ပေ။ဤအချိန်ကာလအတွင်း သူကလည်း အချိန်တိုင်း အလကား မစားသောက်နိုင်တာမို့ ဝင်ငွေရှာရန်လည်း လိုအပ်သည်။ဒီပိုက်ဆံတွေကို ခဏလောက် ကိုင်ထားရတာ ကောင်းပါတယ်လေ။
ဒီလိုတွေးလိုက်တိုင်း သူ စိတ်သက်သာရာ ရသွားသည်။
"ဘယ်လောက်ရှိလဲ?"
လဲ့ယ်ထျဲက “ငွေတုံး ၂၀ နဲ့ အစွန်းအထွက်အချို့လောက်ရှိတယ်”
“အိမ်ဝယ်ဖို့ ဘယ်လောက်ကုန်မလဲ?အိမ်ဆောက်ရင်ရော ဘယ်လောက်ကုန်ကျမလဲ?”
လဲ့ယ်ထျဲက မေးခွန်းတိုင်းကို ပြန်ဖြေပေးခဲ့သည်– “အခန်းသုံးခန်းပါ အိမ်တစ်လုံးဆိုရင် ငွေတုံး ၁၂ တုံးလောက်ကုန်ပြီး အိမ်ဆောက်ဖို့အတွက်ဆိုရင် ငွေတုံး ၁တုံးကျော် ကုန်မယ်" ဒီနေရာမှာ အိမ်ဆောက်သည့် ကုန်ကျငွေဆိုသည်က သက်ကယ်အိမ်တစ်လုံး ဆောက်သည်ကို ဆိုလိုတာပဲ ဖြစ်သည်။
ချင်မျန်က သူ့စိတ်ထဲကနေ ငွေစာရင်းကို တွက်ချက်ပြီး မငိုဘဲမနေတောပေ;အရမ်း ဆင်းရဲနေတာပဲ!
“အရင်မသွားသေးဘူး။ဘာဝယ်ရမယ်ဆိုတာ ကြည့်ရအောင်။"
ထိုစကားကိုကြားတော့ လဲ့ယ်ထျဲက အိမ်ထဲသို့ ပြန်လိုက်ဝင်သွားခဲ့သည်။
မီးဖိုချောင်မှာ ဘာဝယ်ထည့်ရမယ်ဆိုတာ ထည့်ရေတွက်စရာ မလိုပါဘူး။ဘာလို့လဲဆိုတော့ အရာအားလုံးနီးပါး လိုနေလို့ပါပဲ။ချင်မျန်က သူတို့၏အိပ်ခန်းထဲသို့ တိုက်ရိုက်ဝင်သွားသည်။
ကုတင်ကို အရင်ကြည့်၏။ကုတင်ပေါ်တွင် ဟောင်းနွမ်းနေပြီ ဖြစ်သည့် ချည်ခင်းမွေ့ယာသာ ခင်းထား၏။မွေ့ယာကို နက်ပြာရောင် အကြမ်းထည်စောင်တစ်ထည်နှင့် ဖုံးအုပ်ထား၏။
“စောင် ထပ်ထည့်ရမယ်။တစ်ထည်လောက်။ဒီမွေ့ယာခင်းကလည်း အရမ်းဟောင်းနေပြီး ကြမ်းထော်နေတယ်၊မွေ့ရာကိုပါ အစားထိုးလိုက်ရင်ရော ဘယ်လိုလဲ?”
သူက စောင်နှစ်ထည် ထပ်ထည့်ချင်ပေမယ့် ပြဿနာက အခု ပိုက်ဆံသုံးဖို့ နေရာတွေ အများကြီးရှိလို့ပဲ။တစ်ချို့က မရှိမဖြစ် လိုနေတာ ဖြစ်တာမို့ မလိုအပ်ဘဲ မဝယ်ရင်တော့ ပိုကောင်းတာပေါ့။
လဲ့ယ်ထျဲက ခေါင်းညိတ်လိုက်သည်။
ချင်မျန်သည် သစ်သားသေတ္တာနှစ်လုံးဆီသို့ လျှောက်သွားပြီး လဲ့တီးကို တစ်ချက်ကြည့်လိုက်သည်။
တားမည့်ပုံ မရှိတာကြောင့် အဝတ်အစားများ ခေါက်ထည့်ထားသည့် သေတ္တာတစ်လုံးကို ဖွင့်ကြည့်လိုက်သည်။တစ်ထည်ပြီးတစ်ထည် ထုတ်ယူကြည့်ပြီး ရေတွက်လိုက်၏။လဲ့ယ်ထျဲမှာ အဝတ်ငါးစုံသာ ရှိပြီး ပါးလွှာသည့် အထည်သုံးထည်မှာ နွေရာသီအတွက် ဖြစ်ပြီး အနည်းငယ်ပိုထူသည့် နှစ်ထည်မှာ ဆောင်းဦးနှင့် ဆောင်းရာသီအတွက် ဖြစ်သည်။ကျန်တဲ့ အသေးသုံးထည်ကတော့ သူ့အထည်တွေပင်။အဟောင်းတစ်ထည်နဲ့ တခြား အသစ်စက်စက်နှစ်ထည်က သူ အိမ်ထောင်စကျတုန်းက ပြင်ဆင်ပေးထားတာ ဖြစ်လိမ့်မယ်။
Advertisement
ချင်မျန်သည် သေတ္တာကိုပိတ်ပြီး အလွတ်သာကျန်နေသည့် နောက်ထပ် သစ်သားသေတ္တာကို ဖွင့်ကြည့်လိုက်သည်။သူ ခေါင်းမခါဘဲ မနေနိုင်တော့ပေ။အချိန်ကြာလာတာနဲ့အမျှ ဖြည့်ဆည်းကြတာပေါ့။
အခန်းကို လှည့်ပတ်ကြည့်ပြီးနောက် လဲ့ယ်ထျဲကို ပြန်ကြည့်သည်။အခုအတွက် ငွေကို လဲ့ယ်ထျဲဆီမှာ ထား,ထားတာက သူခိုးတွေရန်ကနေ ပိုလုံခြုံမည်ဟု သူထင်မိသည်။
"ဈေးထဲမှာ ခါးပိုက်နှိုက်တွေနဲ့တွေ့မှာစိုးလို့ ဒါကို ခင်ဗျား အရင်သိမ်းထားလိုက်။"
လဲ့ယ်ထျဲက ပြောတဲ့အတိုင်လိုက်နာပြီး ယူထားလိုက်သည်။ထို့နောက် နှစ်ယောက်အတူ ထွက်သွားကြ၏။
ချင်မျန်က တံခါးကို သော့ခတ်ပြီးနောက် ထပ်တွေးလိုက်သည်။
"တံခါးသော့ကိုပါ အစားထိုးရမယ်"
"မင်း ဆုံးဖြတ်ချက်ချတဲ့ အတိုင်းပါပဲ။" လဲ့ယ်ထျဲမှာ ပြောစရာ စကားသုံးခွန်းပဲရှိ၏။
အိတ်ကပ်မပါတာကြောင့် ချင်မျန်က သော့ကိုပါ ပေးထားလိုက်သည်။
"အစ်ကိုကြီး..မရီး!" လဲ့ယ်ရှန်းကျစ်က အမြန်ရောက်လာပြီး ချင်မျန်ကို သူ့လက်ထဲမှာ စာရွက်တစ်ထပ်ကို ကမ်းပေးရင်း ပြောလိုက်သည်။ “ဒီစာရွက်တွေက ပြတင်းပေါက်တွေကို ပြင်ဖို့အတွက်ပါ”
အနှီစာရွက်များသည် သစ်လွင်နေပြီး ဖြူဖွေးနေသေးကြောင်း ချင်မျန် သိ၏။လုံးဝ အသုံးမပြုရသေးလောက်ပေ။ပဉ္စမမြောက်ညီငယ်လေးက အချက်ကျကျ စဉ်းစားတွေးတောပေးတတ်ပြီး ချင်မျန်က သူ့ကို ရိုးသားစွာပြုံးပြလိုက်ကာ “ကျေးဇူးပါပဲ..ပဉ္စမမြောက်ညီငယ်။အခုက ငါတို့ မြို့ကို သွားတော့မယ်ဆိုတော့ မင်းကို ဝင်ဖို့ မဖိတ်တော့ပါဘူး"
“မရီးက ယဉ်ကျေးလွန်းနေပါပြီ။အစ်ကိုတို့လည်း အလုပ်များနေတာပဲ။ကျွန်တော် ပြန်တော့မယ်" လဲ့ယ်ရှန်းကျစ်က ပြုံးပြီး လှည့်ထွက်သွားသည်။
ချင်မျန်သည် စာရွက်ကို လိပ်ကာ ပြတင်းပေါက်အပေါက်ထဲသို့ ထိုးထည့်လိုက်သည်။
ခေါင်းထိပ်သို့ နေရောင် ရောက်လာချိန်၌ လဲ့ယ်ထျဲနှင့်အတူ မြို့သို့ ခရီးဆက်ခဲ့သည်။လဲ့ယ်ထျဲသည် ဝါးလုံးကြီးဖြင့် ယက်ထားသော တောင်းကြီးကို နောက်ကျောတွင် ထမ်းထားပြီး သူ့လက်ထဲတွင် ဗလာကျင်းလျက်။တောင်းထဲမှာတော့ ရေထည့်တဲ့ အိတ်တစ်လုံးသာ ရှိ၏။
“ရွာမှာရှိတဲ့ ကျွန်တော်တို့ရဲ့ လူမှုဆက်ဆံရေးက အရမ်းအားနည်းလွန်းနေတယ်။အစ်ကိုကျန်းက အရမ်းသဘောကောင်းတယ်။ညနေစာလာစားဖို့ ဖိတ်သင့်တယ်။" ချင်မျန်က လမ်းလျှောက်ရင်း လဲ့ယ်ထျဲကို စကားပြောလိုက်သည်။အပြင်လူတွေမရှိလျှင် ထျဲကော လို့မခေါ်ချင်ပေါင်။
"........."
“မင်းပြောတာ နားထောင်မယ်။” လဲ့ယ်ထျဲက မကန့်ကွက်ပေ။
ချင်မျန်သည် သူ့ရဲ့ ဘာသိဘာသိစရိုက်ကို သုံးခဲ့ပြီး သူ စိတ်ထဲထည့်ထားဖို့လည်း စိတ်မဝင်စားပေ။။နေကိုကြည့်လိုက်တော့ ၁၂ နာရီထိုးခါနီးပြီဟု ခန့်မှန်းရသည်။အရမ်းပူပြီး လမ်းက ဝေးလွန်းတယ်။စကားမပြောဖြစ်တော့ဘဲ ခေါင်းကိုငုံ့ကာ လမ်းပေါ်ကြည့်လိုက်သည်။
လမ်းနှစ်ဘက်ရှိ လယ်ကွင်းများတွင် ရွှေစပါးများ လုံးဝရင့်မှည့်လာကာ ရိုးတံများလည်း ကြီးထွားလာသည်။တောင်ပေါ်ကြောတွင် ဆောင်းရာသီက စပါးရိတ်သိမ်းချိန်အတွက် အသင့်လျော်ဆုံးဖြစ်တာမို့ ဘယ်အချိန် ရိတ်သိမ်းရန် အကောင်းဆုံးဖြစ်မည်ဆိုသည်ကို အတွေ့အကြုံရှိ လယ်သမားများက လေ့လာစောင့်ကြည့်နေကြသည်။
အလုပ်ရှုပ်နေသော အမျိုးသမီးများသည်လည်း ချင်မျန် နှင့် လဲ့ယ်ထျဲတို့ကို မြင်သောအခါ မသဲမကွဲ ရယ်မောလိုက်ကြသည်။
သူ့အမူအရာမပြောင်းလဲသော်လည်း ချင်မျန်က သူ့ကိုယ်သူ တိုးတိုးတိတ်တိတ် ပြောလိုက်၏။
'မင်းတို့တတွေ နောင်အနာဂတ်မှာ ငါ့ဆီကနေ ဘာမှ လာမတောင်းဆိုတာ ပိုကောင်းမယ်'
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
016:ေယာက်္ားေကာင္းတစ္ေယာက္က ေငြေရးေၾကးေရး စီမံခန္႔ခြဲပိုင္ခြင့္ကို အရင္ဦးဆုံး အစျပဳၿပီး လႊဲေျပာင္းေပးထားသင့္တယ္
“ဒါကို ကြၽန္ေတာ္တို႔ ဘယ္လိုလုပ္ၿပီး လက္ခံႏိုင္မွာလဲ?ဒီထင္းေတြကို ခုတ္ဖို႔က လြယ္တာမဟုတ္ဘူး” ခ်င္မ်န္က အေဆာတလ်င္ ျငင္းလိုက္သည္။ဒီလိုထင္းစည္းခပ္ႀကီးႀကီးမ်ိဳးကို ခုတ္ထစ္ၿပီး ေနလွန္းဖို႔တင္ အနည္းဆုံး ငါးရက္/ေျခာက္ရက္ေလာက္ ေနလွမ္းဖို႔လိုတာကို သိရ၏။ဒီက်န္းတေ႐ႊက တကယ္ကို ေႏြးေထြးတဲ့ လူတစ္ေယာက္ပဲ။
လဲ့ယ္ထ်ဲက အသံေတြကိုၾကားတာေၾကာင့္ ထြက္လာၿပီး “အစ္ကိုက်န္း ေက်းဇူးအမ်ားႀကီးတင္ပါတယ္။ကြၽန္ေတာ္တို႔မွာ ထင္းေတြ႐ွိပါတယ္။”
“ငါေပးပါတယ္ဆိုကြာ။ဒါကို ယူထားလိုက္။ဒီမွာ သယ္လာၿပီးၿပီ၊ျပန္မသယ္ခ်င္ေတာ့ဘူး" က်န္းတေ႐ႊက ဟက္ဟက္ပက္ပက္ ရယ္ေမာရင္း နဖူးေပၚက ေခြၽးေတြကို သုတ္လိုက္သည္။
ခ်င္မ်န္က လက္ခံလိုက္ရေတာ့သည္။ "ဒါဆိုရင္လည္း ေက်းဇူးတင္ပါတယ္ အစ္ကိုက်န္း။ဝင္ထိုင္ပါဦး။ကြၽန္ေတာ္တို႔ မိသားစုနဲ႔အိမ္ခြဲလိုက္ၿပီဆိုတာကို အစ္ကိုဘယ္လိုလုပ္ၿပီး သိတာလဲ?"
က်န္းတေ႐ႊက ထိုင္မေနေတာ့ေၾကာင္း သူ႕လက္ကို ေဝွ႔ယမ္းျပလိုက္ၿပီး "ငါပဲသိ႐ုံတင္ မကဘူး။႐ြာသားေတြအားလုံးလည္း သိေနၿပီ။ အမ်ားစုက အေဒၚက်ိဳးဆီက သိတာျဖစ္ႏိုင္တယ္။”
လဲ့ယ္တာခ်န္ ႏွင့္ တု႐ွီတို႔က လဲ့ယ္ထ်ဲ၏မိဘမ်ားျဖစ္ေသာေၾကာင့္ လဲ့ယ္ထ်ဲေ႐ွ႕တြင္ သူအမ်ားႀကီးမေျပာႏိုင္ေပ။
"မင္းတို႔ေတြလည္း အလုပ္မ်ားေနတယ္မလား။ငါလည္း ျပန္ေတာ့မယ္ လယ္ကြင္းထဲမွာ အလုပ္႐ွိေသးတယ္။”
"ေက်းဇူးတင္ပါတယ္ အစ္ကိုက်န္း။ဂ႐ုစိုက္သြားပါဦး"
ဧည့္သည္ကို ေျခလွမ္းအနည္းငယ္ခန္႔ လိုက္ပို႔ေပးၿပီးေနာက္ ခ်င္မ်န္သည္ အဝတ္မ်ားကို ေနလွန္းရန္ ျပန္လွည့္လာခဲ့သည္။
"ကုလားထိုင္ ျပင္ၿပီးၿပီလား?ဝယ္စရာေတြ အရမ္းမ်ားတယ္။ထမင္းစားဖို႔ ပန္းကန္နဲ႔တူေတာင္ မ႐ွိဘူး။ကြၽန္ေတာ္တို႔ၿမိဳ႕ကို ျမန္ျမန္သြားၾကမယ္ေလ"
“အင္း"
လဲ့တီးသည္ ခ်င္မ်န္တစ္ေယာက္ ေရကန္နားကို ျပန္သြားကာ လက္ေဆးၿပီးေနာက္ သစ္ပင္ေပၚတြင္ အဝတ္လွန္းရန္အတြက္ ေျခဖ်ားေထာက္ေနသည့္ ခ်င္မ်န္၏ေနာက္ေက်ာျပင္ကို စိုက္ၾကည့္ကာ ၿပီးေနာက္ သူ႕ရင္ခြင္ထဲမွ ေသာ့တစ္ေခ်ာင္းကို ထုတ္ကာ ေသတၱာႏွစ္လုံးထဲက ပိုေသးသည့္ေသတၱာကိုဖြင့္ရန္ အိမ္ထဲသို႔ လွမ္းဝင္လိုက္သည္။၎ထဲမွ မီးခိုးေရာင္ ပိုက္ဆံအိတ္ကို ထုတ္ယူၿပီး ေသာ့ႏွင့္အတူ ခ်င္မ်န္ထံသို႔ လႊဲေပးခဲ့သည္။
"ခ်င္းဇီ...မင္း ယူထားလိုက္ပါ"
ခ်င္မ်န္၏လက္ထဲတြင္ ထိုေငြအိတ္မွာ အနည္းငယ္ေလးလံေနသည္။ေငြအိတ္ထဲတြင္ ေငြတုံးေတြ ပါမည္ဟုထင္ၿပီး အျမန္ျပန္တြန္းေပးလိုက္သည္။
“ခင္ဗ်ား သိမ္းထားတာ ပိုေကာင္းမယ္။ေနာက္တစ္ခုက ကြၽန္ေတာ္႕ကို ခ်င္းဇီ(မိန္းမ)လို႔ မေခၚနဲ႔။"
Advertisement
လဲ့ယ္ထ်ဲက ျပန္လည္းမယူသလို သူ႕ကိုလည္း ခ်င္းဇီ(မိန္းမ)ဟု မေခၚေတာ့ဘူး ဟူ၍လည္းကတိမေပးေပ။သူသည္ တံခါးမွထြက္လာ၍ အသံတိုးတိုးျဖင့္ ေမးလိုက္သည္။ "သြားၾကေတာ့မလား?"
ခ်င္မ်န္သည္ ပိုက္ဆံအိတ္ကို ကိုင္ထားရင္း အနည္းငယ္ ပူလာသလို ခံစားလိုက္ရသည္။သူ႕ႏွလုံးခုန္ႏႈန္းက ပုံမွန္ထက္ ပိုျမန္ေနၿပီ။သူ ေငြေတြယူသြားၿပီး ထြက္ေျပးမွာကို သူက မစိုးရိမ္ဘူးလား?လဲ့ယ္ထ်ဲက သူ႕ကို ယုံတယ္ေပါ့? ဒါမွမဟုတ္ လဲ့ယ္ထ်ဲက သူ ထြက္ေျပးသြားရင္ေတာင္ ျပန္ဖမ္းႏိုင္မယ္လို႔ ထင္ေနတာလား?သူအဲဒါေတြကို မေတြးခ်င္ဘူး!
လဲ့ယ္ထ်ဲႏွင့္ လက္ထပ္ျခင္းအစတြင္ လဲ့ယ္မိသားစုသည္ လီက်န္းကို သူတို႔၏အိမ္ေထာင္စုစာရင္းကို ျဖည့္စြက္ကာ ျပန္လည္ေလွ်ာက္ထားဖို႔အတြက္ ႐ွာခဲ့ၿပီး သူ႕ကို လဲ့ယ္ထ်ဲ၏ဇနီးအမည္ျဖင့္ လဲ့ယ္မိသားစုတြင္ စာရင္းသြင္းခဲ့သည္။အိမ္ေထာင္စုစာရင္း မဖ်က္သေ႐ြ႕ေတာ့ ထြက္ေျပးလို႔မရႏိုင္ဘူး။အသက္ 14 ႏွစ္သာ႐ွိေသးၿပီး တစ္ေယာက္တည္း အျပင္ထြက္ဖို႔ကလည္း မလုံျခဳံပါဘူး။ေတာင္စိမ္း႐ြာမွာ ေခတၱတည္းခိုဖို႔အတြက္ အေကာင္းဆုံးေ႐ြးခ်ယ္မႈပဲ။ဒီအခ်က္ႏွင့္ စပ္လ်ဥ္းၿပီး လဲ့ယ္ထ်ဲရဲ႕ဇနီး အေနအထားကလည္း မည္သည့္အက်ိဳးအျမတ္မွ မရ႐ွိဘူးဆိုေတာ့လည္း မဟုတ္ေပ။ဤအခ်ိန္ကာလအတြင္း သူကလည္း အခ်ိန္တိုင္း အလကား မစားေသာက္ႏိုင္တာမို႔ ဝင္ေငြ႐ွာရန္လည္း လိုအပ္သည္။ဒီပိုက္ဆံေတြကို ခဏေလာက္ ကိုင္ထားရတာ ေကာင္းပါတယ္ေလ။
ဒီလိုေတြးလိုက္တိုင္း သူ စိတ္သက္သာရာ ရသြားသည္။
"ဘယ္ေလာက္႐ွိလဲ?"
လဲ့ယ္ထ်ဲက “ေငြတုံး ၂၀ နဲ႔ အစြန္းအထြက္အခ်ိဳ႕ေလာက္႐ွိတယ္”
“အိမ္ဝယ္ဖို႔ ဘယ္ေလာက္ကုန္မလဲ?အိမ္ေဆာက္ရင္ေရာ ဘယ္ေလာက္ကုန္က်မလဲ?”
လဲ့ယ္ထ်ဲက ေမးခြန္းတိုင္းကို ျပန္ေျဖေပးခဲ့သည္– “အခန္းသုံးခန္းပါ အိမ္တစ္လုံးဆိုရင္ ေငြတုံး ၁၂ တုံးေလာက္ကုန္ၿပီး အိမ္ေဆာက္ဖို႔အတြက္ဆိုရင္ ေငြတုံး ၁တုံးေက်ာ္ ကုန္မယ္" ဒီေနရာမွာ အိမ္ေဆာက္သည့္ ကုန္က်ေငြဆိုသည္က သက္ကယ္အိမ္တစ္လုံး ေဆာက္သည္ကို ဆိုလိုတာပဲ ျဖစ္သည္။
ခ်င္မ်န္က သူ႕စိတ္ထဲကေန ေငြစာရင္းကို တြက္ခ်က္ၿပီး မငိုဘဲမေနေတာေပ;အရမ္း ဆင္းရဲေနတာပဲ!
“အရင္မသြားေသးဘူး။ဘာဝယ္ရမယ္ဆိုတာ ၾကည့္ရေအာင္။"
ထိုစကားကိုၾကားေတာ့ လဲ့ယ္ထ်ဲက အိမ္ထဲသို႔ ျပန္လိုက္ဝင္သြားခဲ့သည္။
မီးဖိုေခ်ာင္မွာ ဘာဝယ္ထည့္ရမယ္ဆိုတာ ထည့္ေရတြက္စရာ မလိုပါဘူး။ဘာလို႔လဲဆိုေတာ့ အရာအားလုံးနီးပါး လိုေနလို႔ပါပဲ။ခ်င္မ်န္က သူတို႔၏အိပ္ခန္းထဲသို႔ တိုက္႐ိုက္ဝင္သြားသည္။
ကုတင္ကို အရင္ၾကည့္၏။ကုတင္ေပၚတြင္ ေဟာင္းႏြမ္းေနၿပီ ျဖစ္သည့္ ခ်ည္ခင္းေမြ႕ယာသာ ခင္းထား၏။ေမြ႕ယာကို နက္ျပာေရာင္ အၾကမ္းထည္ေစာင္တစ္ထည္ႏွင့္ ဖုံးအုပ္ထား၏။
“ေစာင္ ထပ္ထည့္ရမယ္။တစ္ထည္ေလာက္။ဒီေမြ႕ယာခင္းကလည္း အရမ္းေဟာင္းေနၿပီး ၾကမ္းေထာ္ေနတယ္၊ေမြ႕ရာကိုပါ အစားထိုးလိုက္ရင္ေရာ ဘယ္လိုလဲ?”
သူက ေစာင္ႏွစ္ထည္ ထပ္ထည့္ခ်င္ေပမယ့္ ျပႆနာက အခု ပိုက္ဆံသုံးဖို႔ ေနရာေတြ အမ်ားႀကီး႐ွိလို႔ပဲ။တစ္ခ်ိဳ႕က မ႐ွိမျဖစ္ လိုေနတာ ျဖစ္တာမို႔ မလိုအပ္ဘဲ မဝယ္ရင္ေတာ့ ပိုေကာင္းတာေပါ့။
လဲ့ယ္ထ်ဲက ေခါင္းညိတ္လိုက္သည္။
ခ်င္မ်န္သည္ သစ္သားေသတၱာႏွစ္လုံးဆီသို႔ ေလွ်ာက္သြားၿပီး လဲ့တီးကို တစ္ခ်က္ၾကည့္လိုက္သည္။
တားမည့္ပုံ မ႐ွိတာေၾကာင့္ အဝတ္အစားမ်ား ေခါက္ထည့္ထားသည့္ ေသတၱာတစ္လုံးကို ဖြင့္ၾကည့္လိုက္သည္။တစ္ထည္ၿပီးတစ္ထည္ ထုတ္ယူၾကည့္ၿပီး ေရတြက္လိုက္၏။လဲ့ယ္ထ်ဲမွာ အဝတ္ငါးစုံသာ ႐ွိၿပီး ပါးလႊာသည့္ အထည္သုံးထည္မွာ ေႏြရာသီအတြက္ ျဖစ္ၿပီး အနည္းငယ္ပိုထူသည့္ ႏွစ္ထည္မွာ ေဆာင္းဦးႏွင့္ ေဆာင္းရာသီအတြက္ ျဖစ္သည္။က်န္တဲ့ အေသးသုံးထည္ကေတာ့ သူ႕အထည္ေတြပင္။အေဟာင္းတစ္ထည္နဲ႔ တျခား အသစ္စက္စက္ႏွစ္ထည္က သူ အိမ္ေထာင္စက်တုန္းက ျပင္ဆင္ေပးထားတာ ျဖစ္လိမ့္မယ္။
ခ်င္မ်န္သည္ ေသတၱာကိုပိတ္ၿပီး အလြတ္သာက်န္ေနသည့္ ေနာက္ထပ္ သစ္သားေသတၱာကို ဖြင့္ၾကည့္လိုက္သည္။သူ ေခါင္းမခါဘဲ မေနႏိုင္ေတာ့ေပ။အခ်ိန္ၾကာလာတာနဲ႔အမွ် ျဖည့္ဆည္းၾကတာေပါ့။
အခန္းကို လွည့္ပတ္ၾကည့္ၿပီးေနာက္ လဲ့ယ္ထ်ဲကို ျပန္ၾကည့္သည္။အခုအတြက္ ေငြကို လဲ့ယ္ထ်ဲဆီမွာ ထား,ထားတာက သူခိုးေတြရန္ကေန ပိုလုံျခဳံမည္ဟု သူထင္မိသည္။
"ေဈးထဲမွာ ခါးပိုက္ႏိႈက္ေတြနဲ႔ေတြ႕မွာစိုးလို႔ ဒါကို ခင္ဗ်ား အရင္သိမ္းထားလိုက္။"
လဲ့ယ္ထ်ဲက ေျပာတဲ့အတိုင္လိုက္နာၿပီး ယူထားလိုက္သည္။ထို႔ေနာက္ ႏွစ္ေယာက္အတူ ထြက္သြားၾက၏။
ခ်င္မ်န္က တံခါးကို ေသာ့ခတ္ၿပီးေနာက္ ထပ္ေတြးလိုက္သည္။
"တံခါးေသာ့ကိုပါ အစားထိုးရမယ္"
"မင္း ဆုံးျဖတ္ခ်က္ခ်တဲ့ အတိုင္းပါပဲ။" လဲ့ယ္ထ်ဲမွာ ေျပာစရာ စကားသုံးခြန္းပဲ႐ွိ၏။
အိတ္ကပ္မပါတာေၾကာင့္ ခ်င္မ်န္က ေသာ့ကိုပါ ေပးထားလိုက္သည္။
"အစ္ကိုႀကီး..မရီး!" လဲ့ယ္႐ွန္းက်စ္က အျမန္ေရာက္လာၿပီး ခ်င္မ်န္ကို သူ႕လက္ထဲမွာ စာ႐ြက္တစ္ထပ္ကို ကမ္းေပးရင္း ေျပာလိုက္သည္။ “ဒီစာ႐ြက္ေတြက ျပတင္းေပါက္ေတြကို ျပင္ဖို႔အတြက္ပါ”
အႏွီစာ႐ြက္မ်ားသည္ သစ္လြင္ေနၿပီး ျဖဴေဖြးေနေသးေၾကာင္း ခ်င္မ်န္ သိ၏။လုံးဝ အသုံးမျပဳရေသးေလာက္ေပ။ပၪၥမေျမာက္ညီငယ္ေလးက အခ်က္က်က် စဥ္းစားေတြးေတာေပးတတ္ၿပီး ခ်င္မ်န္က သူ႕ကို ႐ိုးသားစြာျပဳံးျပလိုက္ကာ “ေက်းဇူးပါပဲ..ပၪၥမေျမာက္ညီငယ္။အခုက ငါတို႔ ၿမိဳ႕ကို သြားေတာ့မယ္ဆိုေတာ့ မင္းကို ဝင္ဖို႔ မဖိတ္ေတာ့ပါဘူး"
“မရီးက ယဥ္ေက်းလြန္းေနပါၿပီ။အစ္ကိုတို႔လည္း အလုပ္မ်ားေနတာပဲ။ကြၽန္ေတာ္ ျပန္ေတာ့မယ္" လဲ့ယ္႐ွန္းက်စ္က ျပဳံးၿပီး လွည့္ထြက္သြားသည္။
ခ်င္မ်န္သည္ စာ႐ြက္ကို လိပ္ကာ ျပတင္းေပါက္အေပါက္ထဲသို႔ ထိုးထည့္လိုက္သည္။
ေခါင္းထိပ္သို႔ ေနေရာင္ ေရာက္လာခ်ိန္၌ လဲ့ယ္ထ်ဲႏွင့္အတူ ၿမိဳ႕သို႔ ခရီးဆက္ခဲ့သည္။လဲ့ယ္ထ်ဲသည္ ဝါးလုံးႀကီးျဖင့္ ယက္ထားေသာ ေတာင္းႀကီးကို ေနာက္ေက်ာတြင္ ထမ္းထားၿပီး သူ႕လက္ထဲတြင္ ဗလာက်င္းလ်က္။ေတာင္းထဲမွာေတာ့ ေရထည့္တဲ့ အိတ္တစ္လုံးသာ ႐ွိ၏။
“႐ြာမွာ႐ွိတဲ့ ကြၽန္ေတာ္တို႔ရဲ႕ လူမႈဆက္ဆံေရးက အရမ္းအားနည္းလြန္းေနတယ္။အစ္ကိုက်န္းက အရမ္းသေဘာေကာင္းတယ္။ညေနစာလာစားဖို႔ ဖိတ္သင့္တယ္။" ခ်င္မ်န္က လမ္းေလွ်ာက္ရင္း လဲ့ယ္ထ်ဲကို စကားေျပာလိုက္သည္။အျပင္လူေတြမ႐ွိလွ်င္ ထ်ဲေကာ လို႔မေခၚခ်င္ေပါင္။
"........."
“မင္းေျပာတာ နားေထာင္မယ္။” လဲ့ယ္ထ်ဲက မကန္႔ကြက္ေပ။
ခ်င္မ်န္သည္ သူ႕ရဲ႕ ဘာသိဘာသိစ႐ိုက္ကို သုံးခဲ့ၿပီး သူ စိတ္ထဲထည့္ထားဖို႔လည္း စိတ္မဝင္စားေပ။။ေနကိုၾကည့္လိုက္ေတာ့ ၁၂ နာရီထိုးခါနီးၿပီဟု ခန္႔မွန္းရသည္။အရမ္းပူၿပီး လမ္းက ေဝးလြန္းတယ္။စကားမေျပာျဖစ္ေတာ့ဘဲ ေခါင္းကိုငုံ႔ကာ လမ္းေပၚၾကည့္လိုက္သည္။
လမ္းႏွစ္ဘက္႐ွိ လယ္ကြင္းမ်ားတြင္ ေ႐ႊစပါးမ်ား လုံးဝရင့္မွည့္လာကာ ႐ိုးတံမ်ားလည္း ႀကီးထြားလာသည္။ေတာင္ေပၚေၾကာတြင္ ေဆာင္းရာသီက စပါးရိတ္သိမ္းခ်ိန္အတြက္ အသင့္ေလ်ာ္ဆုံးျဖစ္တာမို႔ ဘယ္အခ်ိန္ ရိတ္သိမ္းရန္ အေကာင္းဆုံးျဖစ္မည္ဆိုသည္ကို အေတြ႕အၾကဳံ႐ွိ လယ္သမားမ်ားက ေလ့လာေစာင့္ၾကည့္ေနၾကသည္။
အလုပ္႐ႈပ္ေနေသာ အမ်ိဳးသမီးမ်ားသည္လည္း ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲတို႔ကို ျမင္ေသာအခါ မသဲမကြဲ ရယ္ေမာလိုက္ၾကသည္။
သူ႕အမူအရာမေျပာင္းလဲေသာ္လည္း ခ်င္မ်န္က သူ႕ကိုယ္သူ တိုးတိုးတိတ္တိတ္ ေျပာလိုက္၏။
'မင္းတို႔တေတြ ေနာင္အနာဂတ္မွာ ငါ့ဆီကေန ဘာမွ လာမေတာင္းဆိုတာ ပိုေကာင္းမယ္'
Advertisement
- In Serial7 Chapters
They Can't Stop Us All
Have you ever wondered if you made the right choices in life? If you could have done just one thing differently, would it have been enough to avoid this mess? That's what Grant Miles is thinking when an army of alien hunters, otakus and weebs descend on the base known as Area 51. Follow Grant Miles as he is thrown from his universe into a metaphorical wirlwind and a literal fantasy land.
8 85 - In Serial60 Chapters
Dream Theater
Long casted shadows danced in the background, as a man squibbled and jotted words on yellow papers. A mere novelty, remnant and ghost that was left to age away along with the forgotten theater, a man grasped for inspiration to salvage what was left of his soul. Abandoned in the squalid room, Pxan was left hauntedly in the furthest corners of insanity that bubbled in his mind. No one would listen to his plight, denouncing him and claiming his mind was not right. Even though the world left him with nothing, turning their backs to him, he knew the books would never betray him in the same fashion. Faceless pages and books yet to be read ogled puppy eyes, ready to be penned by the madman. “Pxan! Pxan! Over here! To me!” Clamored the unpublished manuscripts. Pxan’s fingers quivered nervously, thoughts of failure flooded his mind. Wanting to surrender to the pressure. “No!” He cried. “I’ve had enough of writing.” Books with eyes all stared at him, begging for the tales to be written. Their pleaful eyes were all that Pxan needed to be moved to writing again. The man sighed and raised his pen again, stroking the first letters of inspiration that bore fruit from his mind. A maddening tale of a policeman, cultists and a violent revenge… -Currently on Hiatus while writing the second volume.The first volume is up. I will take a few days to rewrite a few chapters. Afterwards, updates will proceed as usual.Current rewrite progress 17/59 chapters rewrited. This is my first real novel, any kind of criticism or feedback is appreciated. I am looking for an editor, if someone wants to help me avoid typos please contact me. The cover is a detail of Faust in His Study by Ary Scheffer, c. 1831, watercolor and gouache on paper.
8 171 - In Serial51 Chapters
Known World Series
Raypunk. Adventure, science fiction, fantasy all rolled into one. We begin with the story of Tosh and Bors, a merchant with a secret and a barbarian. There is also the story of Rick Tavish, Space Ranger! Then, a team up in the third part of this series. There are more coming, down the line.
8 97 - In Serial79 Chapters
Letting Go...
The first story is about imperfect love and forgiveness. This is a collection of short pieces, poetry, prose and visual images.
8 216 - In Serial8 Chapters
Apocalypse Summoner
Not my own i just want to share it!... He shall call forth the bone dragon! Summon the lich and the grim reaper! Li Jiayu, the dark summoner, has been reborn and everything returned to the moment before the outbreak of the devastating apocalypse.Spaces tremble violently and dimensional cracks connected to various worlds appear! In an instant, never-seen-before civilizations invade our homeland. Insects the size of humans and walking corpses sweep through Earth in legions. An imminent crisis is approaching humanity and billions of human lives are at risk!In regards to Li Jiayu's uncorrupted soul, his summons shall no longer be limited to creatures which lurk in the darkness. They will also include the entities that bask in the light.Under the lingering shadow of death, he vows to prevent a repeat of past tragedies!Struggling within the exhausting apocalyptic world, he chooses to trudge on the bloody path of slaughter.
8 171 - In Serial5 Chapters
Murder of the Three Dead Men
5 years previous three men are found murdered. Close friend and detective Casper Flux must find there killer. In his journey he finds out that all three friends have survived with the secret that were burdened with, but will Casper be quick enough to save them from there impending doom?
8 170

