《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[14]
Advertisement
[Unicode]
014:လုံးချင်းအိမ်တစ်အိမ် ဌားခြင်း
ချင်မျန်က စိုးရိမ်မိသွား၏။ "ဒီနေ့!ကျွန်တော်တို့ သက်ကယ်အိမ်ဆောက်ဖို့ မှီပါ့မလား?"
လဲ့ယ်ထျဲက “ဆောင်းဦးရိတ်သိမ်းပွဲက နီးလာပြီ၊အရင်ငှားနေကြတာပေါ့”
ချင်မျန်က ခေါင်းညိတ်လိုက်ပြီး "ဆောင်းဦးရိတ်သိမ်းပွဲကို မေ့သွားတယ်"
သူတို့နှစ်ယောက်သာရှိသော်လည်း အနည်းဆုံး အိပ်ခန်းနှစ်ခန်း ဆောက်ရမည်ဖြစ်ပြီး အကုန်ပြီးဖို့ဆိုလျှင် တစ်ရက်နှစ်ရက်အတွင်း မပြီးနိုင်။အိမ်ဆောက်ရန် လိုအပ်သည့် သစ်သားနှင့် မြက်ခင်းများ အားလုံးကို ပြင်ဆင်ရမည်။လူနှစ်ယောက် ကိုင်တွယ်နိုင်သည်ထက် အလုပ်ပိုများ၏။သူတို့ အခြားသူများကို ကူညီရန် ဖိတ်ခေါ်ရမည်။ကျွေးမွေးပြုစုရန်သာမက အခြားလိုအပ်သည့် ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ရပေမည်။အားလုံး အချိန်ယူရမှာပဲ။
ဆောင်းဦးရိတ်သိမ်းပွဲနီးလာလျှင် ထိုအချိန်တွင် လူတိုင်းသည် အလျင်စလို ရိတ်သိမ်းကြပြီး အလျင်စလို ပြန်လည် စိုက်ပျိုးခြင်းဖြင့် အလုပ်ရှုပ်နေကြပြီး သူတို့အား ကူညီရန် လုပ်သားအင်အား မဝေမျှနိုင်တော့ပေ။ဒါကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေကို ယာယီရွှေ့ဆိုင်းထားရ၏။
"ကျွန်တော်တို့ အိမ်ငှားလို့ရပါ့မလား?" ချင်မျန်က စိတ်ပူမိသွားသည်။လဲ့ယ်ထျဲက စကားပြောရတာ မကြိုက်တဲ့အပြင် ရွာကနေလည်း အချိန်အကြာကြီး ထွက်ခွာခဲ့သောကြောင့် ရွာကလူတွေနဲ့ဆက်ဆံရေးမှာ သာမန်မျှသာဖြစ်သည်။
လဲ့ယ်ထျဲက ခေါင်းညိတ်ပြီး သူ့နောက်ကနေ လိုက်ခဲ့ရန် ခေါ်လိုက်သည်။
နေ့ခင်းဘက်ဆိုရင် ရွာက သက်ဝင်လှုပ်ရှားလာသလိုမျိုး အရမ်းတက်ကြွနေ၏။ခြံထဲကကြက်တွေက ဥတွေဥပြီး တစ်အွတ်အွတ်ဖြင့် ပိုင်ရှင်တွေဆီကနေ အစားတောင်းနေကြ၏;ဆူဖြိုးသော ဘဲအုပ်သည်လည်း ကျက်စားရန် ရေကန်သို့ ယိမ်းနွဲ့စွာထွက်ခွာသွားလျက်ဖြင့်;ရံဖန်ရံခါတွင် ဆိုးသွမ်းသည့် ကလေးငယ်များအား ဆူပူကြိမ်းမောင်းနေသည့် လူကြီးများ၏ကျယ်လောင်သော ဆူပူသံများက ထွက်ပေါ်ပြီး ကလေးငယ်များကို အိပ်နေရာကနေ နိုးစေကာ ငိုသံများ ထွက်ပေါ်လျက် ရှိနေသည်။ဟိုးအဝေးက နွားကျောင်းသမားသည်လည်း နွားသိုးတွေကို မြန်မြန်ရွေ့ဖို့ အော်ဟစ်နေကြသည်။သစ်ပင်တွေထိပ်မှာ ငှက်ကလေးတွေကလည်း အချင်းချင်း ဘယ်လိုဆက်ဆံပြောဆိုကြသည်မသိ စိတ်ပါလက်ပါ တေးဆိုနေကြ၏။
ရွာသူ/သားအချို့သည်လည်း သစ်ပင်အောက်တွင် စကားစမြည်ပြောကာ ရံဖန်ရံခါ ရယ်မောနေကြသည်။ချင်မျန် နှင့် လဲ့ယ်ထျဲ ချဉ်းကပ်လာသောအခါတွင် စကားစဲပြီး ရယ်မောနေတာကို ရပ်လိုက်ကြသည်။ရွာသားတွေက သူတို့ကို ရှုပ်ထွေးနေတဲ့မျက်လုံးတွေနဲ့ ကြည့်ကာ မျက်လုံးချင်းဆုံတော့မယ့်အချိန်မှာပဲ ခေါင်းကို လှည့်လိုက်ကြသည်။တိတ်ဆိတ်မှုတစ်ခုသာ ရှိခဲ့၏။
ချင်မျန်၏စိတ်အခြေနေမှာ အလွန်အားကောင်းနေခဲ့တာကြောင့် ၎င်းကို သတိမထားမိဘဲ ငြိမ်သက်စွာ လျှောက်လာခဲ့သည်။လဲ့ယ်ထျဲကတော့ တောင်ကြီးကဲ့သို့ တိတ်ဆိတ်နေပြီး တည်ငြိမ်သော ခြေလှမ်းများဖြင့်သာ ရှေ့သို့ ချီတက်နေသည်။
ရွာသူရွာသားများသည် သူတို့ မနီးမဝေးနေရာလောက်ရောက်ခါမှ အသံတိုးတိုးဖြင့် ပြောဆိုကြတော့၏။
"ဟင်း...အနာဂတ်မှာ သူတို့ တကယ်အတူတူနေနိုင်မယ်လို့ ထင်လား?"
"ဘယ်လိုမှမဖြစ်ဘူး? ယောက်ျားနှစ်ယောက်က ပေါင်းလို့ရမလား?"
“ထားပါတော့။အဲဒါကို ပြောရရင် လဲ့ယ်မိသားစုရဲ့သားအကြီးဆုံးက အရမ်းသနားဖို့ကောင်းတယ်။ဗေဒင်ဆရာ ဟောတဲ့စကားကြောင့်လေးနဲ့ ဇနီးသည်အဖြစ်ယောက်ျားတစ်ယောက်နဲ့ လက်ထပ်ခဲ့ရတယ်။ဟင်း...ဘယ်လိုအပြစ်ကြောင့်များလဲ!"
"ဘယ်သူက မိထွေးရအောင်လုပ်ထားတာလဲ?လဲ့ယ်တာချန်က သူ့မိသားစုကို ကောင်းကောင်း စီမံမခန့်ခွဲနိုင်ဘူးပဲ!ငါ ကြားတာတော့ တုရှီက လဲ့ယ်ရှန်းရန်ကို လောင်တာ့(အကြီးဆုံးသား)လို့ ခဏခဏခေါ်လေ့ရှိတယ်တဲ့။သူမက လဲ့ယ်ထျဲကို လုံးဝ ဂရုမစိုက်ဘူးပဲ!"
သူတို့သည် ရွာအလယ်ပိုင်းသို့သွားကာ ခြံဝင်းတံခါးဝေရှ့တွင် ရပ်လိုက်ကြသည်။တံခါးသည် ထူထဲပြီး သပ်ရပ်လှပကာ ချောမွေ့သော ရုပ်လုံးများဖြင့် ထွင်းထုထားသည်။ချမ်းသာပြီး သြဇာကြီးမားသော မိသားစုအိမ်နှင့် နှိုင်းယှဉ်၍မရနိုင်သော်လည်း ၎င်းသည် သာမန်ရွာသားများအိမ်ထက် များစွာသာလွန်ကောင်းမွန်နေသည်။ဤမိသားစုကို ရွာရှိ ချမ်းသာသောအိမ်ထောင်စုအဖြစ် သတ်မှတ်နိုင်သည်ကို တွေ့မြင်နိုင်သည်။ခြံထဲ၌ အကိုင်းအခက်တွေကို အပြင်ဘက်သို့ ဆန့်ထွက်နေပြီး ရှည်လျားတဲ့ တည်သီးပင်တစ်ပင်ရှိ၏။တည်သီးများသည် မီးပုံးငယ်များကဲ့သို့ ပြည့်နေပြီး အချို့မှာ အဝါရောင်ပင် ပြောင်းသွားကြပြီ။
လဲ့ယ်ထျဲက တံခါးကို ညင်သာစွာခေါက်လိုက်သည်နှင့် အတွင်းမှ ကြမ်းတမ်းသော အသံတစ်ခုထွက်လာ၏။
“လာပြီ!”
တံခါးကို ဖွင့်ပေးခဲ့သည်။ဝမ်းဗိုက်လုံးလုံးနှင့် ပြည့်ပြည့်ထွားထွား ခန္ဓာကိုယ်ရှိသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တံခါးကို ဖွင့်လိုက်သည်။ယဉ်ယဉ်ကျေးကျေး ပြန်မပြုံးပြခင်မှာ သူ အံ့သြမိသွားသည်။ “ဒါ လဲ့ယ်မိသားစုရဲ့ အကြီးဆုံးသား မဟုတ်လား?အထဲဝင်ပါဦး။"
"ဦးလေးကျောက်.."
ချင်မျန်က နောက်မှလိုက်ဝင်လာပြီး
"ဦးလေးကျောက်....စိတ်မရှိပါနဲ့"
ကျောက်ဝမ်ကျုံးက သူတို့နှစ်ယောက်ကို အိမ်ထဲဝင်ထိုင်ဖို့ ဖိတ်ခေါ်လိုက်ပြီး သူတို့နှစ်ယောက် ဘာအတွက် လာရှာတာလဲဟု တွေးနေမိသည်။လဲ့ယ်ထျဲ ရွာကို ပြန်လာတဲ့အချိန်က သူတို့ဝင်တိုက်မိလို့ နှုတ်ဆက်မိရုံကလွဲပြီး သူတို့မိသားစုနှစ်စုအနေနဲ့ ပတ်သတ်စရာအကြောင်းအရင်းမရှိချေ။
ကျောက်ဝမ်ကျုံး၏ဇနီးသည် အိမ်ထဲရှိပြတင်းပေါက်နံဘေးတွင် ထိုင်နေရင်း အဝတ်အစားများကို ဖာထေးနေသည်။ပြတင်းပေါက်ဘေးတွင် သူမသည် အပြင်ဘက်ရှိလူများ ပြောနေကြသည်ကို နားထောင်နေကာ သူတို့နှစ်ယောက်လာရခြင်း၏ရည်ရွယ်ချက်ကို သိချင်နေမိသည်။
ခြံဝင်းထဲမှာ ရပ်နေတဲ့ လဲ့ယ်ထျဲက စပြောလိုက်သည်။ "ဦးလေးကျောက် ကျွန်တော် ယဉ်ကျေးမနေတော့ပါဘူး။ရွာအနောက်ဘက်က ဦးလေးကျောက်ရဲ့အိမ်ဟောင်းကို ငှားချင်တာကြောင့် ဦးလေးကျောက်ဆီကို အရဲစွန့်ပြီး လာခဲ့တာပါ"
ချင်မျန်က သူ စကားအပြောအဆိုမတတ်ဖြစ်၍ ကျောက်ဝမ်ကျိုး နားလည်မှုလွဲမည်ကို စိုးရိမ်မိတာကြောင့် သူက ထပ်ဖြည့်ပြောလိုက်သည်။ "ဒါက ဒီလိုပါ ဦးလေးကျောက်။ထျဲကောနဲ့ ကျွန်တော်က မိဘတွေနဲ့အိမ်ခွဲလာခဲ့ပြီးပါပြီ။ပြီးတော့လည်း မကြာခင်မှာ ဆောင်းဦးရာသီ ရိတ်သိမ်းမယ့်အချိန်လည်း ရောက်တော့မယ်။အခု အိမ်ဆောက်ဖို့က အရမ်းနောက်ကျနေပြီဆိုတော့ ဦးလေးကျောက်ရဲ့အိမ်ဟောင်းကို ခဏလောက်ငှားချင်လို့ပါ။ဦးလေးကျောက်က များသောအားဖြင့် စိတ်သဘောထားကောင်းတယ်ဆိုတာကို ကြားသိရတဲ့အတွက် ကျွန်တော်တို့ အဆင်ပြေချောမွေ့စေဖို့အတွက် ဦးလေးကျောက်ဆီကို လာပြီး တောင်းဆိုရဲရတာပါ"
Advertisement
လဲ့ယ်ထျဲက ထပ်ဖြည့်ပြောလိုက်သည်။ “အနည်းဆုံး နှစ်လပါပဲ”
ကျောက်ဝမ်ကျိုး၏ဇနီးရဲ့မျက်လုံးထဲတွင် အတင်းအဖျင်းသွေးများ ဆူပွက်လာသည်။လဲ့ယ်မိသားစုက ကွဲသွားပြီလား?ဒီသတင်းက သတင်းကြီး နဲ့ ပထမဆုံးသိရတဲ့ သတင်းပဲ။သူမ ခဏလောက်ပင် ငြိမ်မနေနိုင်။
“ဒါက ဒီလို ဖြစ်သွားတာပေါ့" ကျောက်ဝမ်ကျုံးက အလွန်ရက်ရော၏။ “ခေတ္တတစ်ဖြုတ်နေဖို့က အဆင်ပြေပါတယ်။အချိန်အကြာကြီးထိ အိမ်ကို ဘယ်သူမှ စီမံမခန့်ခွဲထားဘူးဆိုတော့ အိမ်မှာ နေလို့မရမှာကိုပဲ စိုးရိမ်မိတယ်"
သူတို့ ကျောက်မိသားစုကနေ ခွဲထွက်လာတုန်းက သူတို့မိဘတွေက အဲဒီအိမ်ကို ပေးခဲ့ခြင်းသာ။နောက်ပိုင်းတွင် သူ ကံကြမ္မာအလှည့်အပြောင်းလေး တစ်ခု ဖြစ်ခဲ့ပြီး အခြားအိမ်တစ်ခုကို ဆောက်နိုင်ခဲ့သည်။အိမ်ဟောင်းက ဗလာဖြစ်နေခဲ့ပြီး ဂရုမစိုက်ခဲ့ပေ။
လဲ့ယ်ထျဲက ပြောလိုက်သည်။ “လေဒဏ်၊မိုးဒဏ် ခံနိုင်ရင် လုံလောက်ပါပြီ"
ကျောက်ဝမ်ကျုံးက ခေါင်းညိတ်လိုက်ပြီး "မင်းစိတ်မရှိရင် အဆင်ပြေပါတယ်"
"ကျေးဇူးတင်ပါတယ်။" လဲ့ယ်ထျဲက သူ့အကျီအိတ်ထဲမှ ဝမ် ၅၀၀-၆၀၀ နှင့်ညီမျှသော ငွေဒင်္ဂါးတစ်တွဲကို ထုတ်ယူလိုက်သည်။ "ဒါက နှစ်လစာ ငှားတဲ့အတွက်ပါ" ဝမ် ၅၀၀-၆၀၀က တော်တော်များတယ်လို့ ပြောရမယ်။ပျမ်းမျှ မိသားစုတစ်စု နှစ်လကနေ သုံးလလောက် စားဖို့ လုံလောက်၏။
ကျောက်ဝမ်ကျုံးက သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ "ငါတို့အားလုံးက တစ်ရွာတည်းနေတဲ့သူတွေပဲ။ငှားနေစရာ မလိုပါဘူး"
ကျောက်ဝမ်ကျုံး၏ဇနီးသည် သူ့နောက်မှ ထွက်လာပြီး လဲ့ယ်ထျဲ၏လက်ထဲက ငွေဒင်္ဂါးပြားတွေကို ယူကာ လဲ့ယ်ထျဲနှင့် ချင်မျန်အား အားရပါးရ ပြုံးပြလျက် ကျောက်ဝမ်ကျုံးကို ဒေါသတကြီး စိုက်ကြည့်ပြီးနောက် ပြောလိုက်သည်။
"မိသားစုခေါင်းဆောင်...ရှင်လက်မခံရင် သူတို့ စိတ်ထဲမှာ ငြိမ်းငြိမ်းချမ်းချမ်း ဘယ်နေနိုင်ပါ့မလား?ဟမ်?လဲ့ယ်မိသားစုရဲ့ဇနီးကရော...ဘယ်လိုထင်လဲ?ဒီမှာ ဒါက အိမ်ဟောင်းရဲ့သော့ပါ။”
ချင်မျန်က ခေါင်းညိတ်ရင်း ပြုံးပြကာ "ဒေါ်ဒေါ် ပြောတာ မှန်ပါတယ်။ဒါကို လက်ခံရမှာပေါ့။ကျွန်တော်တို့ကို အဲဒီနေရာမှာ နေထိုင်ခွင့်ပေးတဲ့အတွက် ဦးလေးကျောက်တို့နှစ်ယောက်ကို အထူးပဲ ကျေးဇူးတင်ပါတယ်။အိမ်ငှားခကို လက်မခံရင် ကျွန်တော်တို့ အဆင်မပြေဘူး”
ကျောက်ဝမ်ကျုံးက သူ့မိန်းမကို စူးစူးစိုက်စိုက်ကြည့်ရုံမှတပါး ရွေးချယ်စရာလမ်းမရှိတော့ဘဲ “ဒါဆိုရင်လည်း ဒီကိစ္စမှာ ငါတို့လက်ခံလိုက်မယ်။အိမ်ထဲမှာ စားပွဲခုံနဲ့ ထိုင်ခုံဟောင်းတွေ ရှိတာကို မှတ်မိသေးတယ်။ကြိုက်သလို လွတ်လွတ်လပ်လပ် သုံးလို့ရတယ်။"
"ကျေးဇူးအများကြီးတင်တယ်။"
ချင်မျန် နှင့် လဲ့ယ်ထျဲတို့ တံခါးဝမှ ထွက်သွားသည်ကို မြင်လိုက်သည်နှင့် ကျောက်ဝမ်ကျုံး၏ဇနီးသည် ကျောက်ဝမ်ကျုံးကို အေးစက်စွာ စိုက်ကြည့်နေလိုက်သည်။
"ရှင်က ဘယ်လောက်များချမ်းသာနေလဲ?ဟမ်!ဝမ် ၅၀၀-၆၀၀ ကို မယူဘူးလို့ လွယ်လွယ်ပြောထွက်တယ်ပေါ့"
"မင်းတို့မိန်းမတွေရော ဘာသိလဲ! သွား! သွား! သွား!" ကျောက်ဝမ်ကျုံးသည် သူမနှင့် အဓိပ္ပါယ်မရှိ
သည့် စကားတွေကို မပြောချင်တော့တာမို့ အိမ်ထဲသို့ ဝင်လာခဲ့သည်။
"ကျွန်မက နားမလည်ပါဘူး!ရှင်ပဲ နားလည်တယ်!ကျွန်မလည်း ရှင်နဲ့ စကားမပြောချင်ဘူး" ကျောက်ဝမ်ကျုံး၏ဇနီးသည် တတွတ်တွတ် ပြောဆိုရင်း သူမ ကြားလိုက်သည့် သတင်းကြီးတစ်ခုကို တွေးလိုက်မိသောအခါတွင် သူမ၏နှုတ်ခမ်းထက်မှ အပြုံးတစ်ခု ထွက်ပေါ်လာသည်။အိမ်ထဲသို့ပြန်ဝင်ကာ အပ်ချုပ်ခြင်းတောင်းကိုယူပြီး စကားစမြည်ပြောရန် ထွက်လာခဲ့သည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
014:လုံးခ်င္းအိမ္တစ္အိမ္ ဌားျခင္း
ခ်င္မ်န္က စိုးရိမ္မိသြား၏။ "ဒီေန႔!ကြၽန္ေတာ္တို႔ သက္ကယ္အိမ္ေဆာက္ဖို႔ မွီပါ့မလား?"
လဲ့ယ္ထ်ဲက “ေဆာင္းဦးရိတ္သိမ္းပြဲက နီးလာၿပီ၊အရင္ငွားေနၾကတာေပါ့”
ခ်င္မ်န္က ေခါင္းညိတ္လိုက္ၿပီး "ေဆာင္းဦးရိတ္သိမ္းပြဲကို ေမ့သြားတယ္"
သူတို႔ႏွစ္ေယာက္သာ႐ွိေသာ္လည္း အနည္းဆုံး အိပ္ခန္းႏွစ္ခန္း ေဆာက္ရမည္ျဖစ္ၿပီး အကုန္ၿပီးဖို႔ဆိုလွ်င္ တစ္ရက္ႏွစ္ရက္အတြင္း မၿပီးႏိုင္။အိမ္ေဆာက္ရန္ လိုအပ္သည့္ သစ္သားႏွင့္ ျမက္ခင္းမ်ား အားလုံးကို ျပင္ဆင္ရမည္။လူႏွစ္ေယာက္ ကိုင္တြယ္ႏိုင္သည္ထက္ အလုပ္ပိုမ်ား၏။သူတို႔ အျခားသူမ်ားကို ကူညီရန္ ဖိတ္ေခၚရမည္။ေကြၽးေမြးျပဳစုရန္သာမက အျခားလိုအပ္သည့္ ပါဝင္ပစၥည္းအားလုံးကို ျပင္ဆင္ရေပမည္။အားလုံး အခ်ိန္ယူရမွာပဲ။
ေဆာင္းဦးရိတ္သိမ္းပြဲနီးလာလွ်င္ ထိုအခ်ိန္တြင္ လူတိုင္းသည္ အလ်င္စလို ရိတ္သိမ္းၾကၿပီး အလ်င္စလို ျပန္လည္ စိုက္ပ်ိဳးျခင္းျဖင့္ အလုပ္႐ႈပ္ေနၾကၿပီး သူတို႔အား ကူညီရန္ လုပ္သားအင္အား မေဝမွ်ႏိုင္ေတာ့ေပ။ဒါေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းေတြကို ယာယီေ႐ႊ႕ဆိုင္းထားရ၏။
"ကြၽန္ေတာ္တို႔ အိမ္ငွားလို႔ရပါ့မလား?" ခ်င္မ်န္က စိတ္ပူမိသြားသည္။လဲ့ယ္ထ်ဲက စကားေျပာရတာ မႀကိဳက္တဲ့အျပင္ ႐ြာကေနလည္း အခ်ိန္အၾကာႀကီး ထြက္ခြာခဲ့ေသာေၾကာင့္ ႐ြာကလူေတြနဲ႔ဆက္ဆံေရးမွာ သာမန္မွ်သာျဖစ္သည္။
လဲ့ယ္ထ်ဲက ေခါင္းညိတ္ၿပီး သူ႕ေနာက္ကေန လိုက္ခဲ့ရန္ ေခၚလိုက္သည္။
ေန႔ခင္းဘက္ဆိုရင္ ႐ြာက သက္ဝင္လႈပ္႐ွားလာသလိုမ်ိဳး အရမ္းတက္ႂကြေန၏။ျခံထဲကၾကက္ေတြက ဥေတြဥၿပီး တစ္အြတ္အြတ္ျဖင့္ ပိုင္႐ွင္ေတြဆီကေန အစားေတာင္းေနၾက၏;ဆူၿဖိဳးေသာ ဘဲအုပ္သည္လည္း က်က္စားရန္ ေရကန္သို႔ ယိမ္းႏြဲ႕စြာထြက္ခြာသြားလ်က္ျဖင့္;ရံဖန္ရံခါတြင္ ဆိုးသြမ္းသည့္ ကေလးငယ္မ်ားအား ဆူပူႀကိမ္းေမာင္းေနသည့္ လူႀကီးမ်ား၏က်ယ္ေလာင္ေသာ ဆူပူသံမ်ားက ထြက္ေပၚၿပီး ကေလးငယ္မ်ားကို အိပ္ေနရာကေန ႏိုးေစကာ ငိုသံမ်ား ထြက္ေပၚလ်က္ ႐ွိေနသည္။ဟိုးအေဝးက ႏြားေက်ာင္းသမားသည္လည္း ႏြားသိုးေတြကို ျမန္ျမန္ေ႐ြ႕ဖို႔ ေအာ္ဟစ္ေနၾကသည္။သစ္ပင္ေတြထိပ္မွာ ငွက္ကေလးေတြကလည္း အခ်င္းခ်င္း ဘယ္လိုဆက္ဆံေျပာဆိုၾကသည္မသိ စိတ္ပါလက္ပါ ေတးဆိုေနၾက၏။
႐ြာသူ/သားအခ်ိဳ႕သည္လည္း သစ္ပင္ေအာက္တြင္ စကားစျမည္ေျပာကာ ရံဖန္ရံခါ ရယ္ေမာေနၾကသည္။ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲ ခ်ဥ္းကပ္လာေသာအခါတြင္ စကားစဲၿပီး ရယ္ေမာေနတာကို ရပ္လိုက္ၾကသည္။႐ြာသားေတြက သူတို႔ကို ႐ႈပ္ေထြးေနတဲ့မ်က္လုံးေတြနဲ႔ ၾကည့္ကာ မ်က္လုံးခ်င္းဆုံေတာ့မယ့္အခ်ိန္မွာပဲ ေခါင္းကို လွည့္လိုက္ၾကသည္။တိတ္ဆိတ္မႈတစ္ခုသာ ႐ွိခဲ့၏။
Advertisement
ခ်င္မ်န္၏စိတ္အေျခေနမွာ အလြန္အားေကာင္းေနခဲ့တာေၾကာင့္ ၎ကို သတိမထားမိဘဲ ၿငိမ္သက္စြာ ေလွ်ာက္လာခဲ့သည္။လဲ့ယ္ထ်ဲကေတာ့ ေတာင္ႀကီးကဲ့သို႔ တိတ္ဆိတ္ေနၿပီး တည္ၿငိမ္ေသာ ေျခလွမ္းမ်ားျဖင့္သာ ေ႐ွ႕သို႔ ခ်ီတက္ေနသည္။
႐ြာသူ႐ြာသားမ်ားသည္ သူတို႔ မနီးမေဝးေနရာေလာက္ေရာက္ခါမွ အသံတိုးတိုးျဖင့္ ေျပာဆိုၾကေတာ့၏။
"ဟင္း...အနာဂတ္မွာ သူတို႔ တကယ္အတူတူေနႏိုင္မယ္လို႔ ထင္လား?"
"ဘယ္လိုမွမျဖစ္ဘူး? ေယာက်္ားႏွစ္ေယာက္က ေပါင္းလို႔ရမလား?"
“ထားပါေတာ့။အဲဒါကို ေျပာရရင္ လဲ့ယ္မိသားစုရဲ႕သားအႀကီးဆုံးက အရမ္းသနားဖို႔ေကာင္းတယ္။ေဗဒင္ဆရာ ေဟာတဲ့စကားေၾကာင့္ေလးနဲ႔ ဇနီးသည္အျဖစ္ေယာက်္ားတစ္ေယာက္နဲ႔ လက္ထပ္ခဲ့ရတယ္။ဟင္း...ဘယ္လိုအျပစ္ေၾကာင့္မ်ားလဲ!"
"ဘယ္သူက မိေထြးရေအာင္လုပ္ထားတာလဲ?လဲ့ယ္တာခ်န္က သူ႕မိသားစုကို ေကာင္းေကာင္း စီမံမခန္႔ခြဲႏိုင္ဘူးပဲ!ငါ ၾကားတာေတာ့ တု႐ွီက လဲ့ယ္႐ွန္းရန္ကို ေလာင္တာ့(အႀကီးဆုံးသား)လို႔ ခဏခဏေခၚေလ့႐ွိတယ္တဲ့။သူမက လဲ့ယ္ထ်ဲကို လုံးဝ ဂ႐ုမစိုက္ဘူးပဲ!"
သူတို႔သည္ ႐ြာအလယ္ပိုင္းသို႔သြားကာ ျခံဝင္းတံခါးေဝ႐ွ႕တြင္ ရပ္လိုက္ၾကသည္။တံခါးသည္ ထူထဲၿပီး သပ္ရပ္လွပကာ ေခ်ာေမြ႕ေသာ ႐ုပ္လုံးမ်ားျဖင့္ ထြင္းထုထားသည္။ခ်မ္းသာၿပီး ၾသဇာႀကီးမားေသာ မိသားစုအိမ္ႏွင့္ ႏိႈင္းယွဥ္၍မရႏိုင္ေသာ္လည္း ၎သည္ သာမန္႐ြာသားမ်ားအိမ္ထက္ မ်ားစြာသာလြန္ေကာင္းမြန္ေနသည္။ဤမိသားစုကို ႐ြာ႐ွိ ခ်မ္းသာေသာအိမ္ေထာင္စုအျဖစ္ သတ္မွတ္ႏိုင္သည္ကို ေတြ႕ျမင္ႏိုင္သည္။ျခံထဲ၌ အကိုင္းအခက္ေတြကို အျပင္ဘက္သို႔ ဆန္႔ထြက္ေနၿပီး ႐ွည္လ်ားတဲ့ တည္သီးပင္တစ္ပင္႐ွိ၏။တည္သီးမ်ားသည္ မီးပုံးငယ္မ်ားကဲ့သို႔ ျပည့္ေနၿပီး အခ်ိဳ႕မွာ အဝါေရာင္ပင္ ေျပာင္းသြားၾကၿပီ။
လဲ့ယ္ထ်ဲက တံခါးကို ညင္သာစြာေခါက္လိုက္သည္ႏွင့္ အတြင္းမွ ၾကမ္းတမ္းေသာ အသံတစ္ခုထြက္လာ၏။
“လာၿပီ!”
တံခါးကို ဖြင့္ေပးခဲ့သည္။ဝမ္းဗိုက္လုံးလုံးႏွင့္ ျပည့္ျပည့္ထြားထြား ခႏၶာကိုယ္႐ွိေသာ လူလတ္ပိုင္းအ႐ြယ္ အမ်ိဳးသားတစ္ဦးသည္ တံခါးကို ဖြင့္လိုက္သည္။ယဥ္ယဥ္ေက်းေက်း ျပန္မျပဳံးျပခင္မွာ သူ အံ့ၾသမိသြားသည္။ “ဒါ လဲ့ယ္မိသားစုရဲ႕ အႀကီးဆုံးသား မဟုတ္လား?အထဲဝင္ပါဦး။"
"ဦးေလးေက်ာက္.."
ခ်င္မ်န္က ေနာက္မွလိုက္ဝင္လာၿပီး
"ဦးေလးေက်ာက္....စိတ္မ႐ွိပါနဲ႔"
ေက်ာက္ဝမ္က်ံဳးက သူတို႔ႏွစ္ေယာက္ကို အိမ္ထဲဝင္ထိုင္ဖို႔ ဖိတ္ေခၚလိုက္ၿပီး သူတို႔ႏွစ္ေယာက္ ဘာအတြက္ လာ႐ွာတာလဲဟု ေတြးေနမိသည္။လဲ့ယ္ထ်ဲ ႐ြာကို ျပန္လာတဲ့အခ်ိန္က သူတို႔ဝင္တိုက္မိလို႔ ႏႈတ္ဆက္မိ႐ုံကလြဲၿပီး သူတို႔မိသားစုႏွစ္စုအေနနဲ႔ ပတ္သတ္စရာအေၾကာင္းအရင္းမ႐ွိေခ်။
ေက်ာက္ဝမ္က်ံဳး၏ဇနီးသည္ အိမ္ထဲ႐ွိျပတင္းေပါက္နံေဘးတြင္ ထိုင္ေနရင္း အဝတ္အစားမ်ားကို ဖာေထးေနသည္။ျပတင္းေပါက္ေဘးတြင္ သူမသည္ အျပင္ဘက္႐ွိလူမ်ား ေျပာေနၾကသည္ကို နားေထာင္ေနကာ သူတို႔ႏွစ္ေယာက္လာရျခင္း၏ရည္႐ြယ္ခ်က္ကို သိခ်င္ေနမိသည္။
ျခံဝင္းထဲမွာ ရပ္ေနတဲ့ လဲ့ယ္ထ်ဲက စေျပာလိုက္သည္။ "ဦးေလးေက်ာက္ ကြၽန္ေတာ္ ယဥ္ေက်းမေနေတာ့ပါဘူး။႐ြာအေနာက္ဘက္က ဦးေလးေက်ာက္ရဲ႕အိမ္ေဟာင္းကို ငွားခ်င္တာေၾကာင့္ ဦးေလးေက်ာက္ဆီကို အရဲစြန္႔ၿပီး လာခဲ့တာပါ"
ခ်င္မ်န္က သူ စကားအေျပာအဆိုမတတ္ျဖစ္၍ ေက်ာက္ဝမ္က်ိဳး နားလည္မႈလြဲမည္ကို စိုးရိမ္မိတာေၾကာင့္ သူက ထပ္ျဖည့္ေျပာလိုက္သည္။ "ဒါက ဒီလိုပါ ဦးေလးေက်ာက္။ထ်ဲေကာနဲ႔ ကြၽန္ေတာ္က မိဘေတြနဲ႔အိမ္ခြဲလာခဲ့ၿပီးပါၿပီ။ၿပီးေတာ့လည္း မၾကာခင္မွာ ေဆာင္းဦးရာသီ ရိတ္သိမ္းမယ့္အခ်ိန္လည္း ေရာက္ေတာ့မယ္။အခု အိမ္ေဆာက္ဖို႔က အရမ္းေနာက္က်ေနၿပီဆိုေတာ့ ဦးေလးေက်ာက္ရဲ႕အိမ္ေဟာင္းကို ခဏေလာက္ငွားခ်င္လို႔ပါ။ဦးေလးေက်ာက္က မ်ားေသာအားျဖင့္ စိတ္သေဘာထားေကာင္းတယ္ဆိုတာကို ၾကားသိရတဲ့အတြက္ ကြၽန္ေတာ္တို႔ အဆင္ေျပေခ်ာေမြ႕ေစဖို႔အတြက္ ဦးေလးေက်ာက္ဆီကို လာၿပီး ေတာင္းဆိုရဲရတာပါ"
လဲ့ယ္ထ်ဲက ထပ္ျဖည့္ေျပာလိုက္သည္။ “အနည္းဆုံး ႏွစ္လပါပဲ”
ေက်ာက္ဝမ္က်ိဳး၏ဇနီးရဲ႕မ်က္လုံးထဲတြင္ အတင္းအဖ်င္းေသြးမ်ား ဆူပြက္လာသည္။လဲ့ယ္မိသားစုက ကြဲသြားၿပီလား?ဒီသတင္းက သတင္းႀကီး နဲ႔ ပထမဆုံးသိရတဲ့ သတင္းပဲ။သူမ ခဏေလာက္ပင္ ၿငိမ္မေနႏိုင္။
“ဒါက ဒီလို ျဖစ္သြားတာေပါ့" ေက်ာက္ဝမ္က်ံဳးက အလြန္ရက္ေရာ၏။ “ေခတၱတစ္ျဖဳတ္ေနဖို႔က အဆင္ေျပပါတယ္။အခ်ိန္အၾကာႀကီးထိ အိမ္ကို ဘယ္သူမွ စီမံမခန္႔ခြဲထားဘူးဆိုေတာ့ အိမ္မွာ ေနလို႔မရမွာကိုပဲ စိုးရိမ္မိတယ္"
သူတို႔ ေက်ာက္မိသားစုကေန ခြဲထြက္လာတုန္းက သူတို႔မိဘေတြက အဲဒီအိမ္ကို ေပးခဲ့ျခင္းသာ။ေနာက္ပိုင္းတြင္ သူ ကံၾကမၼာအလွည့္အေျပာင္းေလး တစ္ခု ျဖစ္ခဲ့ၿပီး အျခားအိမ္တစ္ခုကို ေဆာက္ႏိုင္ခဲ့သည္။အိမ္ေဟာင္းက ဗလာျဖစ္ေနခဲ့ၿပီး ဂ႐ုမစိုက္ခဲ့ေပ။
လဲ့ယ္ထ်ဲက ေျပာလိုက္သည္။ “ေလဒဏ္၊မိုးဒဏ္ ခံႏိုင္ရင္ လုံေလာက္ပါၿပီ"
ေက်ာက္ဝမ္က်ံဳးက ေခါင္းညိတ္လိုက္ၿပီး "မင္းစိတ္မ႐ွိရင္ အဆင္ေျပပါတယ္"
"ေက်းဇူးတင္ပါတယ္။" လဲ့ယ္ထ်ဲက သူ႕အက်ီအိတ္ထဲမွ ဝမ္ ၅၀၀-၆၀၀ ႏွင့္ညီမွ်ေသာ ေငြဒဂၤါးတစ္တြဲကို ထုတ္ယူလိုက္သည္။ "ဒါက ႏွစ္လစာ ငွားတဲ့အတြက္ပါ" ဝမ္ ၅၀၀-၆၀၀က ေတာ္ေတာ္မ်ားတယ္လို႔ ေျပာရမယ္။ပ်မ္းမွ် မိသားစုတစ္စု ႏွစ္လကေန သုံးလေလာက္ စားဖို႔ လုံေလာက္၏။
ေက်ာက္ဝမ္က်ံဳးက သူ႕လက္ကို ေဝွ႔ယမ္းလိုက္သည္။ "ငါတို႔အားလုံးက တစ္႐ြာတည္းေနတဲ့သူေတြပဲ။ငွားေနစရာ မလိုပါဘူး"
ေက်ာက္ဝမ္က်ံဳး၏ဇနီးသည္ သူ႕ေနာက္မွ ထြက္လာၿပီး လဲ့ယ္ထ်ဲ၏လက္ထဲက ေငြဒဂၤါးျပားေတြကို ယူကာ လဲ့ယ္ထ်ဲႏွင့္ ခ်င္မ်န္အား အားရပါးရ ျပဳံးျပလ်က္ ေက်ာက္ဝမ္က်ံဳးကို ေဒါသတႀကီး စိုက္ၾကည့္ၿပီးေနာက္ ေျပာလိုက္သည္။
"မိသားစုေခါင္းေဆာင္...႐ွင္လက္မခံရင္ သူတို႔ စိတ္ထဲမွာ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ဘယ္ေနႏိုင္ပါ့မလား?ဟမ္?လဲ့ယ္မိသားစုရဲ႕ဇနီးကေရာ...ဘယ္လိုထင္လဲ?ဒီမွာ ဒါက အိမ္ေဟာင္းရဲ႕ေသာ့ပါ။”
ခ်င္မ်န္က ေခါင္းညိတ္ရင္း ျပဳံးျပကာ "ေဒၚေဒၚ ေျပာတာ မွန္ပါတယ္။ဒါကို လက္ခံရမွာေပါ့။ကြၽန္ေတာ္တို႔ကို အဲဒီေနရာမွာ ေနထိုင္ခြင့္ေပးတဲ့အတြက္ ဦးေလးေက်ာက္တို႔ႏွစ္ေယာက္ကို အထူးပဲ ေက်းဇူးတင္ပါတယ္။အိမ္ငွားခကို လက္မခံရင္ ကြၽန္ေတာ္တို႔ အဆင္မေျပဘူး”
ေက်ာက္ဝမ္က်ံဳးက သူ႕မိန္းမကို စူးစူးစိုက္စိုက္ၾကည့္႐ုံမွတပါး ေ႐ြးခ်ယ္စရာလမ္းမ႐ွိေတာ့ဘဲ “ဒါဆိုရင္လည္း ဒီကိစၥမွာ ငါတို႔လက္ခံလိုက္မယ္။အိမ္ထဲမွာ စားပြဲခုံနဲ႔ ထိုင္ခုံေဟာင္းေတြ ႐ွိတာကို မွတ္မိေသးတယ္။ႀကိဳက္သလို လြတ္လြတ္လပ္လပ္ သုံးလို႔ရတယ္။"
"ေက်းဇူးအမ်ားႀကီးတင္တယ္။"
ခ်င္မ်န္ ႏွင့္ လဲ့ယ္ထ်ဲတို႔ တံခါးဝမွ ထြက္သြားသည္ကို ျမင္လိုက္သည္ႏွင့္ ေက်ာက္ဝမ္က်ံဳး၏ဇနီးသည္ ေက်ာက္ဝမ္က်ံဳးကို ေအးစက္စြာ စိုက္ၾကည့္ေနလိုက္သည္။
"႐ွင္က ဘယ္ေလာက္မ်ားခ်မ္းသာေနလဲ?ဟမ္!ဝမ္ ၅၀၀-၆၀၀ ကို မယူဘူးလို႔ လြယ္လြယ္ေျပာထြက္တယ္ေပါ့"
"မင္းတို႔မိန္းမေတြေရာ ဘာသိလဲ! သြား! သြား! သြား!" ေက်ာက္ဝမ္က်ံဳးသည္ သူမႏွင့္ အဓိပၸါယ္မ႐ွိ
သည့္ စကားေတြကို မေျပာခ်င္ေတာ့တာမို႔ အိမ္ထဲသို႔ ဝင္လာခဲ့သည္။
"ကြၽန္မက နားမလည္ပါဘူး!႐ွင္ပဲ နားလည္တယ္!ကြၽန္မလည္း ႐ွင္နဲ႔ စကားမေျပာခ်င္ဘူး" ေက်ာက္ဝမ္က်ံဳး၏ဇနီးသည္ တတြတ္တြတ္ ေျပာဆိုရင္း သူမ ၾကားလိုက္သည့္ သတင္းႀကီးတစ္ခုကို ေတြးလိုက္မိေသာအခါတြင္ သူမ၏ႏႈတ္ခမ္းထက္မွ အျပဳံးတစ္ခု ထြက္ေပၚလာသည္။အိမ္ထဲသို႔ျပန္ဝင္ကာ အပ္ခ်ဳပ္ျခင္းေတာင္းကိုယူၿပီး စကားစျမည္ေျပာရန္ ထြက္လာခဲ့သည္။
Advertisement
- In Serial258 Chapters
Tainted Reflections (A Litrpg Portal Apocalypse)
Thirty-five years ago, the world ended. A small subsection of humanity was sent to a brand new world with a game-like system that 'ensured' our survival, and the rest simply disappeared. I fought my way to the upper echelon of levels, made and lost friends over the years, and it finally felt like humanity had carved itself a small foothold in this Godforsaken place. Until one final person died. Until the system reset, and took everything I'd worked so damn hard for with it. I found myself staring at a face I barely recognized as my own, and the Earth began to end once again. Updates every day Monday thru Friday.
8 135 - In Serial66 Chapters
How About Heresy?
Jeffrey's a guy who's most certainly a heretic but likes to believe he's not. Like we all do. Though, being a villain, there are many do gooders that'd like to exchange a strong word— or rather fisticuffs with him. Doing the deeds of villains, he places his own strange lens of justice over it, all the while, being an absolute fool. How will Jeffrey fare against the might of the good? —————————— "You tryin' ta shill me heresy?" "Ye- I mean yesn't," That's absurd why would I shill heresy? I'm not a heretic godsdamnit! In a realm of heretics and apostles alike, what to do? Well, I'm not sure of that myself. Though I have a feeling joining a cult may not be the best action... "No way. Are we being clapped by the power of friendship?" "Indeed we are," Shite. NOTE: - Don't expect an overpowered main character, nor a weak character. Strength isn't a plot point. - This is mainly a comedy, so it ain't as dark as you think it'd be despite the numerous mentions of cultists, heretics and murder... - There isn't going to be any face slapping scenes.
8 461 - In Serial27 Chapters
80s/90s Imagines[DISCONTINUED]
8 107 - In Serial13 Chapters
Drama Club [Rannett]
[ "Why don't you introduce yourself?" Eula suggested, gesturing for him to come to the front of the class. He timidly walked up to the front of the class, picking up the piece of chalk in a cup next to the board. He wrote down his name. "My name... is Razor. I'm turning seventeen soon. And uh... I just transferred here.""He's shy. Very shy." Bennett whispered to Fischl as she nodded in agreement. "True.""But... he seems interesting, nonetheless." ]Modern AU. Pairing: Bennett/Razor.Cover art is not mine, credits to @_nnaao4 on twt
8 56 - In Serial44 Chapters
Star crossed
Amelia Advent's sole objective in life is to make her father Nicholas Advent miserable. He must suffer as much as he made her mother suffer. Her fate disposes of her ambitions as she is forced to marry Antony Bennet. Everyone says he is kind, honest and honourable. But to her, he is arrogant, cruel and an ambitious gold digger. His sharp eyes which miss nothing makes her hot with desire. She knows she can't fall in love with him for he could never love her back. Not when he is still pining for his first love. What does fate have in store for this star-crossed couple? Will they find their 'happily ever after' or were they never meant to be?
8 157 - In Serial31 Chapters
A-Team
"No matter how much we fight, we will always need each other Raph."Raph doesn't reply. He doesn't deny it either.
8 112

