《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[12]
Advertisement
[Unicode]
013:မိသားစုရဲ့ပိုင်ဆိုင်မှုတွေကို ခွဲခြမ်းပြီး အိမ်ခွဲနေခြင်း (4)
ချင်မျန်နဲ့ လဲ့ယ်ထျဲက တံစဉ်တစ်ခုကို ကိုင်လျက် ထွက်သွားပြီး အဲ့ဒီအချိန်မှာပဲ အရှေ့ဘက်မှာနေတဲ့ အိမ်နီးနားချင်းက သူခြံထဲကနေထွက်လာပြီး အမှတ်တမဲ့ တစ်ယောက်ကိုတစ်ယောက် မျက်လုံးချင်းစုံ မိသွားကြသည်။
ချင်မျန်သည် အလွန်ရှက်ရွံ့မိပြီး ထိုမိသားစုရဲ့စိတ်နေသဘောထားကို သဘောကျသည်။တုရှီက ရွာကလူတစ်ဝက်လောက်ထိ ကြားနိုင်လောက်အောင် နေ့တိုင်း ဆူပူကြိမ်းမောင်းလေ့ရှိသည်။ဒီ အိမ်နီးနားချင်းတွေကတော့ အနစ်နာဆုံးသူတွေပေါ့လေ။သူတို့ဆီကကန့်ကွက်တဲ့သံလေးကိုတောင် သူ တစ်ခါမှမကြားဖူးရတာလဲ?
“သွားကြတော့မလို့လား...ဟမ်။” အဘိုးကြီးသည် စကားစမြည်ပြောတိုင်း အမြဲပြုံးလေ့ရှိသည်။သူက အလွန်နူးညံ့ချိုသာပြီး သူ့မျက်လုံးထဲတွင် ရှုတ်ချမှုဟူသည် မရှိ။ချင်မျန်က ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်လည်ခေါင်းညိတ်ပြပြီး
“ဦးလေး..ကောင်းသောမနက်ခင်းပါ။ကျွန်တော်တို့ မြက်ရိတ်ဖို့ သွားလိုက်ဦးမယ်။"
အဘိုးအိုက ရယ်မောရင်း “ဘာကိုဦးလေးလဲ?ငါ့ကို ကျန်းလောင်ကျို့ကျိုလို့ခေါ်နိုင်တယ်။"
"ကျန်းလောင်ကျို့ကျို..." ချင်မျန်သည် အကြံဉာဏ်ကောင်းကို အလွယ်တကူလက်ခဲ့သည်။ဤလူကြီးကား မိသားစု သို့မဟုတ် မျိုးနွယ်စုတွင် ရာထူးမြင့်မားမည်ဟု သူထင်မိသည်။ကျေးလက်ဒေသတွင် အချင်းချင်း ဆက်နွယ်ပတ်သက်နေသူများ အများအပြားရှိခဲ့ပြီး ယင်းမှာလည်း သူတို့၏သက်ကြီးရွယ်အိုများကို အဆင့်သတ်မှတ်ခြင်းပင်။
“မြန်မြန်သွားကြတော့လေ...။” သူ့နောက်ကျောဘက်ကို လက်ပစ်ရင်း ကျန်းလောင်ကျို့ကျိုသည် အခြားလမ်းကြောင်းဘက်သို့ လှည့်သွား၏။
ချင်မျန်သည် လဲ့ယ်ထျဲနောက်ကနေ တောင်ခြေတလျှောက်လုံး လျှောက်လာခဲ့သည်။
"တောင်ပေါ်သွားမလို့လား?" ချင်မျန်က မေးလိုက်သည်။လဲ့ယ်ထျဲက ခေါင်းညိတ်၏။
သူတို့နှစ်ယောက် တောင်ပေါ်ကို ဆယ်မိနစ်ကျော်လောက် တက်လာကြရင်း တောအုပ်ထဲမှာ လှည့်ပတ်လျှောက်သွားနေကြသည်။အဲဒီနောက် တစ်နေရာတွင် သူတို့ ရပ်လိုက်ကြ၏။
“မင်း ဒီမှာနေလိုက်။”
လဲ့ယ်ထျဲက မြက်ရိတ်ရန် ခန္ဓာကိုယ်ကိုကွေးလိုက်သည်။သူသည် မြက်တစ်ဆုပ်ကို လက်ဝါးဖြင့် စုကိုင်ရင်း ညာဘက်လက်တွင် ကိုင်ထားသည့် တံစဥ်ဖြင့် မြက်အောက်ခြေကနေ အလွယ်တကူ ရှပ်ရိတ်လိုက်ကာ မြေပြင်ပေါ်သို့ ချလိုက်ပြီး ဒုတိယအကြိမ် ထပ်ရိတ်လိုက်သည်။
သူ့တွင် တံစဉ်တစ်ခုသာရှိပြီး ချင်မျန်သည် ကူညီလိုစိတ်ရှိသော်လည်း တံစဥ်နောက်တစ်လက် မရှိတာကို သိလိုက်ရသည်။ထို့နောက် ချင်မျန်က တောရိုင်းအသီးအနှံများနှင့်ဥများ တူးယူရှာတွေ့နိုင်မလားဟူ၍ တစ်ပတ်လည်လိုက်ကြည့်နေသည်။
“လျှောက်မသွားနဲ့။မြွေတွေရှိတယ်။”
ချင်မျန်သည် နာခံမှုရှိရှိဖြင့် ထိုနေရာမှာတင် ရပ်နေခဲ့၏။မနီးမဝေးတွင် ကျောက်တုံးကြီးတစ်တုံးရှိနေတာကြောင့် ထိုနေရာတွင်သာ ထိုင်ကာ လဲ့ယ်ထျဲ တစ်တွဲပြီးတစ်တွဲရိတ်နေသည့် မြက်အတွဲလိုက်ကို လှမ်းကြည့်နေလိုက်၏။ထို့နောက် ယင်းတို့ကို ရှာတွေ့ဖို့မလွယ်ကူသည့် တောင်ကုန်းအဝသို့ ရွှေ့လိုက်သည်။များစွာသော မြက်စည်းပေါင်းများစွာကို ထိုတောင်ကုန်းငယ်လေးတွင် သိမ်းဆည်းထားလိုက်သည်။
ချင်မျန်က နားမလည်ပေ။ "ဒီမှာထားမလို့လား?"
လဲ့ယ်ထျဲက ပြန်ဖြေလိုက်၏ “အိမ်ဆောက်ဖို့အတွက်”
ချင်မျန်က ရုတ်တရက် သဘောပေါက်သွားသည်။လဲ့ယ်ထျဲက လဲ့ယ်မိသားစုအတွက် အသုံးပြုရန် မြက်တွေကို ရိတ်နေတာမဟုတ်ဘဲ အိမ်တစ်လုံးဆောက်ရန် ရိတ်နေခြင်းသာ။လဲ့ယ်မိသားစုနှင့် ခွဲနေရန် စတင်စီစဉ်နေပုံရသည်။
ချင်မျန်က ပြောလိုက်သည်။ "နေ့လည်ကျရင် ကျွန်တော် ကူဖြတ်ပေးမယ်"
လဲ့ယ်ထျဲက ပြန်မပြောပေ။ချင်မျန်က ၎င်းကို သူသဘောတူမှန်း မှတ်ယူလိုက်သည်။
အိမ်ပြန်ချိန်ရောက်သောအခါ လဲ့ယ်ထျဲက အလုပ်ပြီးမြောက်ကြောင်း ယူဆစေရန်အတွက် မြက်နှစ်စည်းကိုသာ ယူသွားသည်။မြက်ခြောက်သည်လည်း မီးလောင်စေသည့် ပစ္စည်းတစ်ခုပင်လော။
နေ့ခင်းဘက်တွင် ချင်မျန်သည် ပုဝါများကို ယူဆောင်ကာ လဲ့ယ်ထျဲနှင့်အတူ တောင်ပေါ်သို့တက်ခဲ့သည်။မြက်ရိတ်တဲ့အခါ လက်ကို ပဝါနဲ့ပတ်လိုက်သည်။နုယွနေတာကြောင့်မဟုတ်ပေမယ့် မြက်ကြောင့်တင် အလွယ်တကူရှနိုင်တဲ့သူ့ရဲ့ သေးငယ်ပြီးနူးညံ့တဲ့ လက်တွေကြောင့်ပါပဲ။ခေတ်နောက်ကျသော ယင်းရှေးခေတ်တွင် ဆေးဝါးကုသမှုနိုင်မှု အဆင့်နည်းပါးလေသောကြောင့် ထိခိုက်ဒဏ်ရာရတာနည်းလေ ပိုပိုလုံခြုံလေပါပဲ။
ညနေကျတော့ သူတို့ အိမ်ပြန်ခဲ့ကြ၏။ခြံဝင်းထဲတွင် ထိုင်နေသည့် ငယ်ရွယ်ပြီး ကျက်သရေရှိသည့်လူငယ်လေးသည် သပ်ရပ်သော အဖြူရောင်အကျီရှည်ကို ၀တ်ဆင်ထားပြီး အောက်သို့ငုံ့ကြည့်ရင်း စာအုပ်ဖတ်နေသည်။
ချင်မျန်သည် အနှီလူငယ်လေးက မည်သူဖြစ်သည်ကို ချက်ခြင်း ခန့်မှန်းလိုက်၏။-လဲ့ယ်မိသားစုရဲ့ အငယ်ဆုံးသား လဲ့ယ်ရှန်းကျစ်ပင်။
လဲ့ယ်မိသားစုတွင် လဲ့ယ်ထျဲမှလွဲ၍ လဲ့ယ်ရှန်းကျစ်သည် လယ်သမားမိသားစုမှပေါက်ဖွားလာသည့် ကလေးနှင့်မတူသည့် တစ်ဦးတည်းသောလူဖြစ်သည်။အဖြူရောင်အကျီဝတ်ထားသည့် တစ်ဦးတည်းသောသူပင်။
ခြေသံကြားတော့ လဲ့ယ်ရှန်းကျစ်က မတ်တတ်ထရပ်ပြီး ချင်မျန်နဲ့လဲ့ယ်ထျဲကို ဦးညွှတ်ပြီးတောင် ပြုံးပြလိုက်သည်။စာပေပညာရှင်တစ်ဦးရဲ့စိတ်နေသဘောထားကို လုံး၀လှစ်ဟပြခဲ့တာပဲ။
သူသည် သန့်စင်မွန်မြတ်ပြီးယဉ်ကျေးသိမ်မွေ့စွာ နှုတ်ဆက်လိုက်သည်။ “အစ်ကိုကြီး..မရီး”
လဲ့ယ်ထျဲက ပေါ့ပေါ့ပါးပါး ပြန်နှုတ်ဆက်လိုက်သည်။
“ပဉ္စမမြောက်ညီငယ်”
ချင်မျန်ကတော့ "ပဉ္စမမြောက်ညီငယ်" လို့ မခေါ်တော့ဘဲ လဲ့ယ်ရှန်းကျစ်အား ပြုံးကာ ခေါင်းညိတ်ပြလိုက်သည်။သူ့စိတ်ထဲတွင် လဲ့ယ်မိသားစု၏အကြီးဆုံးချွေးမအဖြစ် မည်သူမည်ဝါဖြစ်ကြောင်းကို ဝန်မခံချင်ခဲ့ဘဲ လက်ရှိတွင်လည်း လဲ့ယ်ရှန်းကျစ်ထက် တစ်နှစ်ပင် ငယ်နေသေးသောကြောင့် သူ့ကို "ပဉ္စမမြောက်ညီငယ်" ဟုခေါ်ရတာက အတော်လေး အဆင်မပြေလှပေ။
တုရှီသည် အင်တုံတစ်ခုနှင့် ပင်မဆောင်ထဲမှ ထွက်လာသောအခါ ချင်မျန်ကို သူမမြင်သည်နှင့် သူမသည် မထင်မှတ်ထားစွာ သူ့ကို အော်မငေါက်ဘဲ မီးဖိုချောင်ထဲသို့ အမြန်ပြေးမဝင်ခင် သူ့ကို သာမန်ကာလျှံကာလောက်သာ ကြည့်သွားခဲ့သည်။
ထို့ကြောင့် တုရှီက လဲ့ယ်ရှန်းကျစ်အတွက် သူ့ကိုယ်သူ မည်သို့သောစိတ်သဘောထားရှိကြောင်း မြင်နိုင်၏။
သေချာတာပေါ့!တုရှီက ညစာစားတဲ့အချိန်အထိ ဘယ်သူ့ကိုမှ မအော်ငေါက်ခဲ့ပါဘူး။ညစာစားပွဲတွင် သူမသည် လဲ့ယ်ရှန်းကျစ်၏ကျန်းမာရေးအကြောင်းမေးကာ နောက်နေ့မနက်စာချက်ရန်အတွက် ရွာထိပ်ရှိ တံငါသည်အိမ်မှ ငါးဝယ်ရန် ကျိုးရှီကိုပင် စေခိုင်းခဲ့သည်။
ဒါတွေကတော့ ချင်မျန်နဲ့ ဘာမှမဆိုင်ပါဘူး။စားပြီးတာနဲ့ အိပ်ရာဝင်လိုက်သည်။ဘာကြောင့်လဲဆိုတော့ သူနိုးလာတဲ့အခါ အမွေခွဲပြီး အိမ်ခွဲနေထိုင်ဖို့အကြောင်း ပြောရတော့မှာမလို့ပါပဲ။
နောက်တစ်နေ့ မနက်စာစားပြီးနောက် ကျိုးရှီနှင့်ချင်းရှီတို့သည် တုရှီ၏စေခိုင်းချက်အရ စားပွဲများကို ရှင်းလင်းရန် ထလိုက်သည်။လဲ့တာ့ချန်လည်း အလုပ်ကိုသွားဖို့ အဆင်သင့်ဖြစ်နေပြီ။
Advertisement
လဲ့ယ်ထျဲက “အဖေ..ထိုင်ပါဦး။ကျွန်တော် ပြောစရာရှိတယ်။"
လဲ့ယ်တာ့ချန်က ပြန်ထိုင်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။ “ဘာအကြောင်းလဲ?”
လဲ့ယ်ထျဲက ကညာစစ်မနေတော့ဘဲ တန်းပြောလိုက်သည်။
“ကျွန်တော်တို့ အိမ်ခွဲပြီး ထွက်သွားချင်တယ်”
လူတိုင်း ကြောင်အသွားကြသည်။လဲ့ယ်ထျဲက ကြိုပြီး အချက်ပြပြောဆိုထားတာတွေလည်းမရှိဘဲ ရုတ်တရက်ကြီး ဒီလိုစကားမျိုးပြောလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားပေ။ကျိုးရှီနှင့်ချင်းရှီ တို့သည်လည်း လက်ထဲတွင် ကိုင်ထားသည့် တူတွေကို တင်းတင်းဆုပ်ကိုင်ထားမိတာကြောင့် လက်အရောင်ပင် ဖျော့တော့သွား၏။ပန်းကန်ပြားများကို စားပွဲပေါ်ပြန်တင်ကာ တစ်ချိန်တည်းမှာပင် သူတို့နေရာတွင် ပြန်ထိုင်လိုက်ကြသည်။
ကျိုးရှီသည် စိတ်ထဲတွင် မျက်မှောင်ကြုတ်လိုက်သည်။သူမက လဲ့ယ်ထျဲကို အိမ်ခွဲမနေစေချင်။လဲ့ယ်ထျဲသာ ထွက်သွားရင် မိသားစုတွင် အလုပ်သမားအင်အားနည်းသွားပြီး သူ့ခင်ပွန်းက အလုပ်ပိုလုပ်ရလိမ့်မယ်။
ချင်းရှီသည် လဲ့ယ်ထျဲ ထွက်သွားရန် ထောက်ခံလေသည်။ယောကျ်ားကြီးနှစ်ယောက် အတူရှိနေကြရတာ တကယ်ကို အဆင်မပြေဘူး..ဟင်း။ထို့အပြင် မိသားစု၏ငွေများသည် တုရှီ၏လက်ထဲတွင် ရှိနေသောကြောင့် လဲ့ယ်ထျဲ ထွက်သွားသည်ဖြစ်စေ မထွက်သွားသည်ဖြစ်စေ သူမ၏အကျိုးစီးပွားအပေါ် ကြီးမားသောအကျိုးသက်ရောက်မှု မရှိပေ။တုရှီက ချင်မျန်နှင့် နေ့တိုင်းရန်ဖြစ်၏။ငြိမ်းငြိမ်းချမ်းချမ်းဖြစ်သွားရေးအတွက် လဲ့ယ်ထျဲနှင့် ချင်မိန်တို့ ထွက်သွားကြရန်ပင် သူမ မျှော်လင့်ခဲ့သည်။တကယ်တော့ သူမလည်း ထွက်သွားချင်ခဲ့တယ်။ဘာကြောင့်လဲဆိုတော့ ဝေပုံကျမရလို့ပါပဲ။လဲ့ယ်မိသားစုရဲ့ ညီအစ်ကိုတွေက ထပ်ဆောင်းအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်ရန် ထွက်သွားကြပြီး မကြာခဏဆိုသလို ရရှိလာတတ်သည့်ငွေတွေ နှင့် အိမ်မှာရှိတဲ့ မိန်းမတွေကလည်း လက်ကိုင်ပုဝါနှင့် ခါးစည်းအဆောင်ကြိုးတွေကို ရောင်းချခြင်းဖြင့် ရရှိသည့်ငွေများကို တုရှီထံ လွှဲပြောင်းပေးခဲ့ရသည်။သူ့လက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတော့ ရှင်းရှင်းအတွက် အရသာရှိတဲ့ သရေစာတချို့တောင် မဝယ်ကျွေးနိုင်ဘူး။ထိုမိန်းမအိုကြီးတုရှီက သူမရဲ့သားထွေး၊တစ်ဦးတည်းသောသမီးနှင့် မြေးနှစ်ယောက်သာ စိတ်ထဲရှိပြီး ရှင်းရှင်းကို လုံးဝဂရုမစိုက်ပေ။သို့သော် အဘိုးအိုကြီးကသာ သားတွေကို အိမ်ခွဲနေခိုင်းဖို့ ဆန္ဒမရှိလျှင် လဲ့ယ်ရှန်းရီသည် သူ့ဘာသာသူ ထွက်သွားရန် မဖြစ်နိုင်ကြောင်း သူမသိသည်။
လဲ့ယ်ရှန်းရန်,လဲ့ယ်ရှန်းရီ,လဲ့ယ်ရှန်းလီနှင့် လဲ့ယ်ချွင်းထောင် တို့ကတော့ မတူညီသည့် အမြင်တွေရှိနေကြ၏။
လဲ့ယ်ရှန်းရန် နှင့် လဲ့ယ်ရှန်းရီ တို့သည်လည်း ခွဲနေချင်ကြသည်။ကိုယ့်ပိုက်ဆံကို ဘယ်သူက မထိန်းချုပ်ဘဲနေချင်မှာလဲ?လဲ့ယ်ရှန်းရီမှာက သားတစ်ယောက်မှ မရှိပေ။သူ့အမေက တာ့ပေါင်းနဲ့ ရှောင်ပေါင်း ပန်းကန်တွေထဲ အရသာရှိတဲ့အစားအစာတွေ ထည့်ပေးတာကို မြင်တိုင်း ရှင်းရှင်းရဲ့မျက်လုံးတွေထဲမှာ အကြည့်တွေကို မြင်တိုင်း သူ သနားမိသည်။သူ့မှာ ပိုက်ဆံရှိရင် သူ့သမီးလိုချင်တာ ၀ယ်ပေးနိုင်မယ်။
လဲ့ယ်ရှန်းလီနှင့်လဲ့ယ်ရှန်းကျစ် တို့နှစ်ဦးစလုံးကတော့ သူတို့၏မိဘတွေက မိသားစုကနေ ခွဲထွက်ဖို့ သဘောမတူကြောင်းသိသော်လည်း ငြိမ်သက်စွာနားထောင်နေကြသည်။
လဲ့ယ်ချွင်းထောင်ကတော့ လဲ့ယ်ထျဲ၏ဆုံးဖြတ်ချက်ကို စိတ်ထဲကနေ ထောက်ခံခဲ့သည်။လဲ့ယ်ထျဲ အိမ်ကနေ ထွက်သွားတဲ့အချိန်တုန်းက သူမ အသက်ငါးနှစ်သာရှိသေးပြီး မူလလဲ့ယ်ထျဲအပေါ်မှာ အထင်ကြီးမှုတွေရှိသည်။လဲ့ယ်ထျဲ ပြန်ရောက်လာတော့လည်း သူ့မအပေါ်တွင် အလွန်ကောင်းမွန်ပြီး အနည်းဆုံး ငွေစ ၄ တုံးတန်ဖိုးရှိ ဆံညှပ်တစ်ချောင်းကိုပင် လက်ဆောင်ပေးခဲ့သည်။
သို့သော် သူ့အမေကတော့ အကိုကြီးထံမှ အမျိုးမျိုးသော နည်းလမ်းတွေကိုသုံးပြီး အခွင့်ကောင်းယူခဲ့တဲ့အပြင် သက်ကယ်အိမ်ကိုတောင် ဝက်ခြံဘေးတွင် စီစဉ်ပေးခဲ့သဖြင့် ဝမ်းနည်းရှက်ရွံ့ခဲ့ရသည်။ရွာထဲမှာ လမ်းလျှောက်တာတောင် အခြားသူများတွေကို မော်မကြည့်ဝံ့ပေ။အကိုကြီးသာ တကယ်ခွဲခွာပြီး ခွဲနေနိုင်ရင် ပိုကောင်းတယ်။တုရှီက သူမကို ချစ်သော်လည်း သူမက သမီးတစ်ယောက်ဖြစ်ပြီး အိမ်တွင် စကားပြောပိုင်ခွင့်မရှိပေ။သူမသည် သူမ၏စိတ်လှုပ်ရှားမှုတွေကို ထိန်းထားနိုင်ရုံသာရှိကာ သူမ၏မိဘများ ဖွင့်ဟလာမည်စကားတွေကိုသာ စောင့်ဆိုင်းနေခဲ့သည်။
လဲ့ယ်တာ့ချန်၏စကားကိုပင် မစောင့်ဘဲ တုရှီက အပျက်သဘောဆောင်သော သဘောထားကို ချက်ချင်းပြပြီး အေးစက်စွာ ပြောလိုက်သည်။ "လောင်တာ့..မင်းဘာတွေပြောနေတာလဲ?မင်းအဖေနဲ့အမေ မသေသေးဘူးလေ!"
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
“မင်း ဒီမှာနေလိုက်။”
Advertisement
“လျှောက်မသွားနဲ့။မြွေတွေရှိတယ်။”
ချင်မျန်က နားမလည်ပေ။ "ဒီမှာထားမလို့လား?"
“ပဉ္စမမြောက်ညီငယ်”
Advertisement
- In Serial57 Chapters
Man from the machine
Do you want to read a story about a life? A world? Are you looking for a story where the main character isn't handed powers, circumstances, love and achievement, simply because he exists? Where the characters aren't just tokens that fill a cliche? A world that isn't easy, simple or convenient? Or safe.. A story of struggle, love, friendship and pain? Then this might be the story for you. We follow Nathan's second life in a new world, a world he never wanted to go to. A world where he doesn't belong. A world of magic, wonder, great beauty and endless possibility. A world with no humans. He will have to forge his own place in the world, with the knowledge from ours. We start our journey slowly, before the story begins, with his childhood. Where it goes, I don't know. I hope you will join me on his journey, as he tries to find his way home. Are you ready to begin?
8 153 - In Serial37 Chapters
Perpetual War
For thousands of years, the Primordial Towers stood with their secrets. The world looked on with curious eyes until the cracking of the first led to millions of deaths. The nations of the world fight to take control of the other Towers and use the power to rise above the pits of conflict, their actions causing the land to be engulfed by unspeakable horrors. After countless centuries none can remember the start nor see the end. The wisest souls have chosen death before birth, yet far more continue to grow up to enter the slaughter. Among this endless cycle stand four young souls set to enter the fray to end all wars: The sniper who fights for survival at the chance for freedom The captain that wants to fix the world to his image The ace pilot clinging to the azure sky And the mechanized driver eager for death Each of them connected through their powers as espers, fighting for separate nations trapped in Perpetual War. *** Expect an update every other week! If you want to see more stories from CardForge and learn more about this one then head over to the blog - https://cardforge.net/
8 210 - In Serial6 Chapters
The Merchant and The Neutral Inn
Argent's first caravan to the Demon Oligarchy ended in failure when he got attacked by bandits and swept away by a river. Waking up in an unfamiliar place, he learns he was saved by the proprietors of a unique inn, but with a huge cost... a 500 gold debt. Chained with this debt and having lost majority of his money, Argent decides he needs to find a way to earn. Offering his expertise as a merchant, he sets his sights on improving the inn's lackluster business.
8 129 - In Serial11 Chapters
Evolution God. Weakest to strongest.
This is the story about the man who was named Samuel but now Jaus... Who has the power of unlimited growth. What will he do? Where will his path of evolution take him?Dropped for now.Don't worry I will pick it up later.
8 146 - In Serial24 Chapters
Tear You Apart
Judd BirchxOC story. Devi is numb to the world. But her new friend's older brother makes her feel lots of things
8 204 - In Serial19 Chapters
ABHIRA ONE SHOTS
Random stories on Abhimanyu and Akshara
8 152