《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[5]
Advertisement
[Unicode]
005:အကြောင်းပြချက်
လဲ့ယ်မိသားစု ညစာစားပြီးနောက် အချိန်သည် လုံးဝမှောင်နေပြီတော့မဟုတ်ပေ။အိမ်အရိပ်နှင့် သစ်ပင်အရိပ်များသည် ကျန်ရှိနေသေးသည့် အကြွင်းအကျန်နေရောင်ကြောင့် မှိန်ဖျော့သွားခဲ့သည်။လယ်သမားမိသားစုအားလုံးလိုလိုသည် ဤကဲ့သို့ပင်။မီးခွက်ဆီချွေတာဖို့အတွက် ညစာစားချိန်မရောက်မီ ညစာစားဖို့ အမှီချက်ပြုတ်လေ့ရှိသည်။
ချင်မျန်,ကျိုးရှီနှင့် ချင်းရှီတို့သည် ပန်းကန်များကိုဆေးကြောပြီးနောက် တုရှီ၏ရန်လိုသောမျက်လုံးများအောက်တွင် မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ကြသည်။
မီးဖိုချောင်ထဲက ထွက်လာတော့ လဲ့ယ်ထျဲက ရေတွင်းထဲကနေ ရေခပ်ဖို့အတွက် အညိုရောင် သစ်သားဇလုံအား ယူသွားတာကို တွေ့လိုက်ရသည်။ချင်မျန်သည် ထိုလူက ခြေထောက်တွေကိုလည်း သူနှင့်အတူ ဆေးကြောမည်ကို စိုးရိမ်သဖြင့် ရေတွင်းသို့ အပြေးသွားပြီး သစ်သားပုံးထဲမှ ရေအေးတစ်ခွက်ကို လှမ်းခပ်ယူကာ သူ့ခြေထောက်ပေါ်သို့ တိုက်ရိုက်လောင်းချလိုက်သည်။သူ့ခြေထောက်ကို တစ်ခါဆေးပြီးမှ သူ ကင်းကင်းရှင်းရှင်း နေချင်သည့်ပုံ ပေါ်သွားမလား ဆိုပြီး လဲ့ယ်ထျဲကို ထိတ်လန့်စွာ မှုန်ကုပ်ကုပ်နဲ့ ကြည့်နေပေမယ့် အတွင်းစိတ်ထဲမှာတော့ တုန်နေ၏။သူဆွဲတင်လိုက်သော ရေတွင်းမှ ရေသည် ယေဘုယျအားဖြင့် မအေးသော်လည်း သူ့စိတ်ထဲမှာတော့ အေးစက်နေ၏။
လဲ့ယ်ထျဲက ရေခပ်ဖို့ လှမ်းမဆွဲခင်တွင် ခေတ္တရပ်သွားသော်လည်း ယခင်ကလိုပင် ထုတ်ဖော်ပြောဆိုခြင်းတော့မပြု။
ချင်မျန်သည် သက်ကယ်အိမ်သို့ ပြန်သွားခဲ့သည်။ခြေညှပ်ဖိနပ်တွေက စိုစွတ်သွားတာကြောင့် အဆင်မပြေတော့ပေ။ဖိနပ်တွေကို ချွတ်လိုက်ပြီး ခြေထောက်တွေကို သဘာဝအတိုင်း အခြောက်ခံထားလိုက်သည်။ထိုင်ခုံအသေးမရှိတာကြောင့် ကုတင်အစွန်းတွင်သာ တက်ထိုင်လိုက်သည်။အခန်း၏အတွင်းပိုင်းသည် အလွန်မှောင်နေပြီး အပြင်မှအလင်းရောင်က နံရံပေါ်ရှိ သေးငယ်သောအကွက်အလတ်များမှတဆင့် ဝင်ရောက်လာတာကြောင့် စိတ်သောကရောက်စရာပင်။ချင်မျန်က ကုတင်ခေါင်းရင်းရှိ စားပွဲနိမ့်ပေါ်ရှိ ဆီမီးခွက်ကို မြင်သော်လည်း မည်သို့ထွန်းရမည်ကို မသိသောကြောင့် မကိုင်မိပေ။
ခဏကြာတော့ လဲ့ယ်ထျဲဝင်လာခဲ့သည်။
ချင်မျန်က တိုးတိုးလေးမေးလိုက်သည်။ "အပြင်မှာ တခြားတစ်ယောက်ရှိနေလား?"
လဲ့ယ်ထျဲက ဘာကိုဆိုလိုမှန်း မသိသော်လည်း ခေါင်းယမ်းကာ ကုတင်ပေါ်တက်ထိုင်လိုက်သည်။
ချင်မျန်က သူ တိုက်ရိုက်မပြောခင် ခဏလောက်စဉ်းစားပြီး "ဘာဖြစ်သွားတာလဲတော့ မသိဘူး။အရင်ကအကြောင်းတွေကို ဘာမှ မမှတ်မိတော့ဘူး။ကျွန်တော် ဘယ်သူလဲ?ခင်ဗျားကို ဘာလို့လက်ထပ်ခဲ့တာလဲ ပြောပြနိုင်မလား?ကျွန်တော်တို့နှစ်ယောက်လုံးက ယောက်ျားတွေပဲလေ။”
လဲ့ယ်ထျဲက အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။
ချင်မျန်က တည်ငြိမ်သောမျက်နှာထားဖြင့် သူ့ကိုတည့်တည့်ကြည့်နေသည်။
“မင်းက ကိုယ့်မိန်းမ။ကိုယ့်နာမည်က လဲ့ယ်ထျဲ။အိပ်ရာဝင်တော့။" လဲ့ယ်ထျဲသည် ကုတင်ပေါ်သို့ ဦးစွာတက်ကာ အပြင်ဘက်ခြမ်းတွင် ဝင်အိပ်လိုက်သည်။
"ကျွန်တော်က ယောက်ျားလေးလေ!" ချင်မျန်က အနည်းငယ်ဒေါထွက်သွားပြီး “ခင်ဗျားနဲ့ကျွန်တော် ဘယ်လိုလက်ထပ်ခဲ့တာလဲ။ကျွန်တော့်မိသားစုက ယောက်ျားတစ်ယောက်နဲ့ ဘာလို့ လက်ထပ်ခွင့်ပြုခဲ့တာလဲ?"
လဲ့ယ်ထျဲက ပြန်မပြောပေ။အခန်းသည် မှောင်လွန်းသဖြင့် ချင်မိန်သည် သူ့ရဲ့အမူအရာကို မမြင်နိုင်ပေ။
"မင်းက ငါ့မိန်းမ" လဲ့ယ်ထျဲက ထိုစကားအား ပြောပြီးသောအခါ ချင်မျန်သည် မည်သို့ပင် မေးသည်ဖြစ်စေ သူကား ပါးစပ်ကို ဘယ်တော့မှ ပြန်မဖွင့်တော့ဘဲ အိပ်ပျော်နေသကဲ့သို့ သူ့အသက်ရှူသံကလည်း ရှည်လျား၍ တည်ငြိမ်နေသည်။ဘာမှ စိုးရိမ်စရာသောက မရှိသည့်ပုံပင်။
ထို့ကြောင့် ချင်မျန်သည် အလွန်ငြိမ်သက်နေခဲ့ပြီး ခဏတာ ထိုင်နေလိုက်သည်။လေအေးများ တိုက်ခတ်လာသောအခါ တုန်တုန်ယင်ယင်ဖြင့် ကုတင်အတွင်းဘက်သို့ တွားသွားကာ လှဲအိပ်လိုက်သည်။ယခုအချိန်တွင် ကျေးဇူးတင်ရမည့်အချက်မှာ လဲ့ယ်ထျဲက လင်နှင့်မယားအခွင့်အရေး နှင့် တာဝန်များကို ကျင့်သုံးရန် အတင်းအကြပ်မလုပ်ခဲ့တာပင်။
သွားစမ်း-သွားစမ်း!
ချင်မျန်က ခေါင်းခါပြီး ကြောက်စရာကောင်းတဲ့ အတွေးတွေကို ဖယ်ထုတ်လိုက်သည်။တုံ့ဆိုင်းသွားပြီးနောက် သူက လဲ့ယ်ထျဲခြုံထားသည့် တစ်ခုတည်းသော စောင်ကို ဆွဲယူလိုက်သည်။သူ့ဘေးနားက ခန္ဓာကိုယ်အပူချိန်က ပူနွေးတဲ့ မီးဖိုတစ်ခုလိုပါပဲ။ လျစ်လျူရှုဖို့ တယ်ခက်တာပဲ။
သူသည် ယင်းအကြောင်းကို မတွေးချင်တော့ဘဲ ကောင်းကောင်းအိပ်စက်ရန်သာ တွေးလိုက်၏။အာရုဏ်တက်ရင်တော့ သူ အကြောင်းစုံမေးရန် နည်းလမ်းရှာရမည်။
အရမ်းသက်တောင့်သက်သာဖြစ်စွာ လှဲနေလိုက်တော့သည်။သူ့ရဲ့ ခန့်မှန်းချက်အရ ဒီခန္ဓာကိုယ်က အသက် ၁၂ နှစ် အရွယ်သာရှိသေးပြီး ကလေးပဲဖြစ်ရမယ်။ကိစ္စတိုင်းတွင် လဲ့ယ်ထျဲက သူ့ကို ရက်ရက်စက်စက်ဆက်ဆံမည့်သူမျိုး မဖြစ်နိုင်ဘူး။
နှစ်ရက်အကြာတွင် ချင်မျန်သည် သူ့ရဲ့လက်ရှိအခြေအနေကို သိလိုက်ရပြီ။သူ မတူညီတဲ့အချိန်ကာလနဲ့နေရာဒေသကို ကူးပြောင်းလာခဲ့တာပဲ။ယခု သူကား ကြီးမြတ်တဲ့ ရှားမင်းဆက်တွင်ရှိခဲ့ပြီး ရေသွယ်မြို့ထဲက တောင်စိမ်းရွာတွင် နေထိုင်သည်။
သူ လဲ့ယ်မိသားစုအကြောင်းလည်း သိခဲ့ပြီးပြီဖြစ်သည်။လဲ့ယ်ထျဲ နှင့် လဲ့ယ်ရှန်းရန်တို့က အဖေတူ အမေကွဲမွေးချင်းများသာ။လဲ့ယ်ထျဲ၏မိခင်အရင်းသည် လဲ့ယ်ထျဲကိုမွေးဖွားစဉ် မီးတွင်းထဲတွင် သေဆုံးသွားခဲ့၏။ခြောက်လအကြာတွင် လဲ့ယ်တာ့ချန်က ဒုတိယဇနီးဖြစ်သည့် တုရှီနှင့် လက်ထပ်ခဲ့သည်။လဲ့ယ်မိသားစုတွင် လဲ့ချွင်းထောင်ထက် မိနစ်အနည်းငယ်သာကြီးသော သားတစ်ယောက်လည်းရှိ၏။သူကတော့ မြို့ပေါ်ကကိုယ်ပိုင်ကျောင်းတွင် ပညာသင်ကြားနေခဲ့ပြီး ရက်အနည်းငယ်ကြာတိုင်း ပြန်လာလေ့ရှိသည်။
ချင်မျန်ကတော့ သူနှင့်မဆုံဖူးသေးပေ။
ဤခန္ဓာကိုယ်၏မူလပိုင်ရှင်ကို ချင်မျန်လို့ ခေါ်ကြသည်မှာ တိုက်ဆိုင်မှုတစ်ခုဖြစ်ပြီး လဲ့ယ်ထျဲနှင့်လက်ထပ်ခဲ့သည်မှာလည်း ထိုကြားတွင် ဖြစ်ရပ်မှန်ဇာတ်လမ်းအချို့လည်း ရှိနေသည်။
ဒီအကြောင်းပြောရင် လဲ့ယ်ထျဲက အရမ်းသနားဖို့ကောင်းတာပဲ။တုရှီက အိမ်ထောင်ကျပြီးချိန်မှာတော့ သူမဟာ လဲ့ယ်ထျဲအပေါ်မှာတော်တော်လေးကို ကောင်းတယ်လို့ပြောရမယ်။ဒါပေမယ့် သူ့မှာ သားသမီးတွေရှိလာတော့ လဲ့ယ်ထျဲနဲ့ရှိရတာ မပျော်တော့ဘူး။အနည်းငယ် မကျေနပ်ပါက ကြိမ်းမောင်းတတ်တဲ့အပြင် ရိုက်နှက်တာတွေပါ လုပ်လာတယ်။ဆိုရိုးစကားအတိုင်း မိထွေးရှိလျှင် ပထွေးရှိလာတာပဲ။တခါတလေ တုရှီက လဲ့ယ်ထျဲနှင့်ပတ်သတ်ပြီး လဲ့ယ်တာချန်ကို ဆိုးရွားတဲ့သွေးထိုးစကားတွေပြောပြီး လဲ့ယ်ထျဲကိုလည်း သိပ်ဂရုမစိုက်တော့ပေ။လဲ့ယ်ထျဲ အသက် 12 နှစ်အရွယ်တွင် တုရှီက လဲ့ယ်ထျဲကို သူဌေးမိသားစုတွင် ကျွန်အဖြစ်ရောင်းချရန် လဲ့ယ်တာ့ချန်ကို တိုက်တွန်းခဲ့သည်။လဲ့ယ်ထျဲက သည်းမခံနိုင်တော့ဘဲ အိမ်မှ တိတ်တဆိတ်ထွက်လာခဲ့သည်။လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့။လွန်ခဲ့သည့် တစ်လမပြည့်မီကပင် သူ့မျက်နှာတွင် အကျည်းတန်သော အမာရွတ်ဖြင့် ပြန်ရောက်လာခဲ့သည်။အပြင်မှာ ဘာဖြစ်လာခဲ့မှန်း မသိ။ရွာသားများက မေးမြန်းကြသော်လည်း အဖြေပြန်မရပေ။
Advertisement
နောက်ဆုံးတော့လည်း ဒါက သူ့ကလေးပဲလေ။အကြီးဆုံးသားက အသက်ပြည့်ပြီးတဲ့အပြင် ညီငယ်နှစ်ယောက်ကလည်း အိမ်ထောင်ကျပြီးပြီ။အကြီးဆုံးဖြစ်တဲ့သားကို လက်မထပ်ရဘူးဆိုတဲ့ အကြောင်းပြချက်မရှိတော့ဘူး။အဲဒီနောက် လဲ့ယ်တာချန်က သူ့ရဲ့အိမ်ထောင်ပြုဖို့အရေး လဲ့ယ်ထျဲအား မည်သို့ပြောရမည်ကို စဉ်းစားခဲ့သည်။သို့သော် တောင့်တင်းချောမောတဲ့ ယောက်ျားတစ်ယောက်မျက်နှာတွင် အမာရွတ်ရှိနေတာဆိုတော့ ဘယ်မိန်းကလေးက သူ့အပေါ်ကို စိတ်ကူးယဉ်နိုင်ပါ့မည်နည်း။အဲဒီအခါမှာ လဲ့ယ်တာ့ချန်အနေနဲ့ ဒီကိစ္စအပေါ် အဆက်မပြတ်အတွေးရောက်နေမိသည်။
တစ်နေ့တွင် ဗေဒင်ဆရာအိုကြီးတစ်ဦးသည် ရွာသို့ရောက်လာကာ လဲ့ယ်ထျဲ၏ကံကြမ္မာမိတ်ဖက်မှာ (၁၄)နှစ်သားအရွယ် ကလေးငယ်တစ်ဦးဖြစ်ပြီး ရွာအနောက်ဘက် တောအုပ်ထဲတွင် တစ်နေ့ထဲ တစ်ချိန်ထဲ တစ်နှစ်တည်းတွင် ပေါ်လာမည်ဟု ရိုးရိုးရှင်းရှင်းဟောပြောခဲ့သည်။သူတို့နှစ်ဦးသာ စည်းလုံးညီညွတ်ပါက အဆုံးမဲ့သော ဘုန်းအသရေ စည်းစိမ်ဥစ္စာနှင့် ရာထူးအဆင့်အတန်းတို့ကို ခံစားကြရမည်ဖြစ်ပြီး တစ်ရွာလုံးအတွက် ကောင်းချီးမင်္ဂလာများဖြစ်လာပေမည်။သို့သော် လဲ့ယ်ထျဲသာ အခြားတစ်ယောက်နှင့် လက်ထပ်လိုက်လျှင် လဲ့ယ်မိသားစုသည် မကြာမီ ကပ်ဘေးနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး သားစဉ်မြေးဆက်ပင် ဘေးဆိုးများ ကြုံတွေ့ရလိမ့်မည်။
ဤအကြောင်းကို သူနားထောင်နေရင်း ချင်မျန်၏ပထမဆုံး အတွေးမှာ အနှီဗေဒင်ဆရာကို လဲ့ယ်ထျဲအား မျက်မုန်းကျိုးနေတဲ့သူတစ်ဦးက ဖိတ်ကြားထားတာ ဖြစ်ရမည်ဟု တွေးလိုက်မိသည်။
ပြောလတ်စ ပြန်စမယ်။
ဗေဒင်ဆရာထံမှ ထိုစကားတွေ ထွက်လာတာနဲ့ လဲ့ယ်မိသားစုဝင်တွေ အားလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားတော့သည်။မယုံတာထက်ကို ပိုယုံနေကြတာပဲ!ထိုနေ့တွင် လဲ့ယ်တာ့ချန်က လဲ့ယ်ရှန်းရန်နှင့် လဲ့ယ်ရှန်းရီတို့ကိုခေါ်ကာ ဗေဒင်ဆရာပြောခဲ့သည့် တောအုပ်ထဲသို့သွားပြီး ထိုနေရာတွင် ဆယ်ကျော်သက်လေးတစ်ဦးကို အမှန်တကယ်တွေ့ရလိမ့်မယ်ဆိုတာ မမျှော်လင့်မိခဲ့ပေ။
ကောင်လေးသည် အဝတ်ခပ်စုတ်စုတ်ကိုဝတ်ဆင်ထားကာ မြေပြင်ပေါ်တွင် လဲလျောင်းနေလျက် သတိလစ်နေသည်။
သုံးယောက်သား ကောင်လေးကို အိမ်ပြန်မခေါ်ခင် ခဏလောက် တုံ့ဆိုင်းသွားကြသည်။
ဆယ်ကျော်သက်လေး နိုးလာသောအခါတွင် သူ့အမည်မှာ ချင်မျန်ဖြစ်ပြီး ဝေးလံခေါင်သီသောမြို့မှ ထွက်ပြေးလာခဲ့ကြောင်းသာ ပြောသည်။ဒါအပြင် သူက မေးခွန်းအားလုံးကိုဖြေဖို့ ခေါင်းယမ်းလေသည်။
လဲ့ယ်ထျဲက အိမ်နှင့် နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့ရတာကြောင့် လဲ့ယ်တာချန်သည် သူ့အပေါ် အနည်းငယ် အပြစ်ရှိသလို ခံစားခဲ့ရပြီး ထိုဆယ်ကျော်သက်လေးနှင့် လက်ထပ်ပေးရန် စိတ်ကူးမရှိခဲ့ပေ။ဒီခေါ်လာတဲ့ကလေးကို ပြုစုပျိုးထောင်ဖို့က ကြီးကြီးမားမား ကိစ္စမဟုတ်ပါဘူး။ဘေးအန္တရာယ်ကိုပဲ သည်းခံကြမလား?
သို့သော် သူသည် တုရှီရဲ့ လဲ့ယ်ထျဲနှင့်ယှဥ်လျှင် သက်ကြီးရွယ်အို နှစ်ဦးအတွက် အရေးမကြီးပါဟု သူ့ရှေ့တွင် မျက်ရည်ကျနေသည့် မြင်ကွင်းကို သူ သည်းမခံနိုင်တော့ပေ။သူမက ပြော၏။သူတို့ အသက်ဆုံးရှုံးရင်တောင် အရေးမကြီးပါဘူး။ဒါပေမယ့် လဲ့ယ်ထျဲတစ်ယောက်ကြောင့်နဲ့ တခြားကလေးတွေကို မသတ်တော့မသတ်ဘူးမလား?အထူးသဖြင့် လဲ့ယ်ရှန်းရီဆီမှာက သားမရှိသေးဘူးလေ။လဲ့ယ်ရှန်းလီကလည်း အိမ်ထောင်မပြုရသေးတဲ့အပြင် လဲ့ယ်ရှန်းကျစ်က စာလေ့လာဖို့လည်း လိုသေးတယ်မလား။သူက အမတ်တစ်ယောက်ဖြစ်လာနိုင်ပြီး နောင်တွင် သူတို့ရဲ့ဘိုးဘေးတွေဆီမှာ ချီးမြှောက်ခံရမည့်အပြင် သူတို့ရဲ့သမီးလေးမှာလည်း အောင်သွယ်မသတ်မှတ်ရသေးသည့် တစ်ဦးတည်းသောသမီးလည်း ရှိသေးတယ်။
ဤနည်းဖြင့် လဲ့ယ်တာချန်က နောင်တရပြီး လဲ့ယ်ထျဲအား ချင်မျန်ကို လက်ထပ်စေခဲ့သည်။
ချင်မျန်သည်ကား နေမကောင်းဖြစ်နေတဲ့အပြင် အိုးမဲ့အိမ်မဲ့လည်းဖြစ်နေသေးသည်။လဲ့ယ်ထျဲကို လက်ထပ်ဖို့သဘောမတူရင် နှင်ထုတ်ခံရလိမ့်မယ်။ထို့ကြောင့် သူ သဘောတူခဲ့ရသည်။
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
005:အေၾကာင္းျပခ်က္
လဲ့ယ္မိသားစု ညစာစားၿပီးေနာက္ အခ်ိန္သည္ လုံးဝေမွာင္ေနၿပီေတာ့မဟုတ္ေပ။အိမ္အရိပ္ႏွင့္ သစ္ပင်အရိပ်များသည္ က်န္႐ွိေနေသးသည့္ အႂကြင္းအက်န္ေနေရာင္ေၾကာင့္ မွိန္ေဖ်ာ့သြားခဲ့သည္။လယ္သမားမိသားစုအားလုံးလိုလိုသည္ ဤကဲ့သို႔ပင္။မီးခြက္ဆီေခြၽတာဖို႔အတြက္ ညစာစားခ်ိန္မေရာက္မီ ညစာစားဖို႔ အမွီခ်က္ျပဳတ္ေလ့႐ွိသည္။
ခ်င္မ်န္,က်ိဳး႐ွီႏွင့္ ခ်င္း႐ွီတို႔သည္ ပန္းကန္မ်ားကိုေဆးေၾကာၿပီးေနာက္ တု႐ွီ၏ရန္လိုေသာမ်က္လုံးမ်ားေအာက္တြင္ မီးဖိုေခ်ာင္ကို သန္႔႐ွင္းေရးလုပ္ၾကသည္။
မီးဖိုေခ်ာင္ထဲက ထြက္လာေတာ့ လဲ့ယ္ထ်ဲက ေရတြင္းထဲကေန ေရခပ္ဖို႔အတြက္ အညိဳေရာင္ သစ္သားဇလုံအား ယူသြားတာကို ေတြ႕လိုက္ရသည္။ခ်င္မ်န္သည္ ထိုလူက ေျခေထာက္ေတြကိုလည္း သူႏွင့္အတူ ေဆးေၾကာမည္ကို စိုးရိမ္သျဖင့္ ေရတြင္းသို႔ အေျပးသြားၿပီး သစ္သားပုံးထဲမွ ေရေအးတစ္ခြက္ကို လွမ္းခပ္ယူကာ သူ႕ေျခေထာက္ေပၚသို႔ တိုက္႐ိုက္ေလာင္းခ်လိုက္သည္။သူ႕ေျခေထာက္ကို တစ္ခါေဆးၿပီးမွ သူ ကင္းကင္း႐ွင္း႐ွင္း ေနခ်င္သည့္ပုံ ေပၚသြားမလား ဆိုၿပီး လဲ့ယ္ထ်ဲကို ထိတ္လန္႔စြာ မႈန္ကုပ္ကုပ္နဲ႔ ၾကည့္ေနေပမယ့္ အတြင္းစိတ္ထဲမွာေတာ့ တုန္ေန၏။သူဆြဲတင္လိုက္ေသာ ေရတြင္းမွ ေရသည္ ေယဘုယ်အားျဖင့္ မေအးေသာ္လည္း သူ႕စိတ္ထဲမွာေတာ့ ေအးစက္ေန၏။
လဲ့ယ္ထ်ဲက ေရခပ္ဖို႔ လွမ္းမဆြဲခင္တြင္ ေခတၱရပ္သြားေသာ္လည္း ယခင္ကလိုပင္ ထုတ္ေဖာ္ေျပာဆိုျခင္းေတာ့မျပဳ။
ခ်င္မ်န္သည္ သက္ကယ္အိမ္သို႔ ျပန္သြားခဲ့သည္။ေျခညႇပ္ဖိနပ္ေတြက စိုစြတ္သြားတာေၾကာင့္ အဆင္မေျပေတာ့ေပ။ဖိနပ္ေတြကို ခြၽတ္လိုက္ၿပီး ေျခေထာက္ေတြကို သဘာဝအတိုင္း အေျခာက္ခံထားလိုက္သည္။ထိုင္ခုံအေသးမ႐ွိတာေၾကာင့္ ကုတင္အစြန္းတြင္သာ တက္ထိုင္လိုက္သည္။အခန္း၏အတြင္းပိုင္းသည္ အလြန္ေမွာင္ေနၿပီး အျပင္မွအလင္းေရာင္က နံရံေပၚ႐ွိ ေသးငယ္ေသာအကြက္အလတ္မ်ားမွတဆင့္ ဝင္ေရာက္လာတာေၾကာင့္ စိတ္ေသာကေရာက္စရာပင္။ခ်င္မ်န္က ကုတင္ေခါင္းရင္း႐ွိ စားပြဲနိမ့္ေပၚ႐ွိ ဆီမီးခြက္ကို ျမင္ေသာ္လည္း မည္သို႔ထြန္းရမည္ကို မသိေသာေၾကာင့္ မကိုင္မိေပ။
ခဏၾကာေတာ့ လဲ့ယ္ထ်ဲဝင္လာခဲ့သည္။
ခ်င္မ်န္က တိုးတိုးေလးေမးလိုက္သည္။ "အျပင္မွာ တျခားတစ္ေယာက္႐ွိေနလား?"
လဲ့ယ္ထ်ဲက ဘာကိုဆိုလိုမွန္း မသိေသာ္လည္း ေခါင္းယမ္းကာ ကုတင္ေပၚတက္ထိုင္လိုက္သည္။
ခ်င္မ်န္က သူ တိုက္႐ိုက္မေျပာခင္ ခဏေလာက္စဥ္းစားၿပီး "ဘာျဖစ္သြားတာလဲေတာ့ မသိဘူး။အရင္ကအေၾကာင္းေတြကို ဘာမွ မမွတ္မိေတာ့ဘူး။ကြၽန္ေတာ္ ဘယ္သူလဲ?ခင္ဗ်ားကို ဘာလို႔လက္ထပ္ခဲ့တာလဲ ေျပာျပႏိုင္မလား?ကြၽန္ေတာ္တို႔ႏွစ္ေယာက္လုံးက ေယာက်္ားေတြပဲေလ။”
လဲ့ယ္ထ်ဲက အံ့အားသင့္စြာ လွည့္ၾကည့္လိုက္သည္။
ခ်င္မ်န္က တည္ၿငိမ္ေသာမ်က္ႏွာထားျဖင့္ သူ႕ကိုတည့္တည့္ၾကည့္ေနသည္။
“မင္းက ကိုယ့္မိန္းမ။ကိုယ့္နာမည္က လဲ့ယ္ထ်ဲ။အိပ္ရာဝင္ေတာ့။" လဲ့ယ္ထ်ဲသည္ ကုတင္ေပၚသို႔ ဦးစြာတက္ကာ အျပင္ဘက္ျခမ္းတြင္ ဝင္အိပ္လိုက္သည္။
"ကြၽန္ေတာ္က ေယာက်္ားေလးေလ!" ခ်င္မ်န္က အနည္းငယ္ေဒါထြက္သြားၿပီး “ခင္ဗ်ားနဲ႔ကြၽန္ေတာ္ ဘယ္လိုလက္ထပ္ခဲ့တာလဲ။ကြၽန္ေတာ္႕မိသားစုက ေယာက်္ားတစ္ေယာက္နဲ႔ ဘာလို႔ လက္ထပ္ခြင့္ျပဳခဲ့တာလဲ?"
Advertisement
လဲ့ယ္ထ်ဲက ျပန္မေျပာေပ။အခန္းသည္ ေမွာင္လြန္းသျဖင့္ ခ်င္မိန္သည္ သူ႕ရဲ႕အမူအရာကို မျမင္ႏိုင္ေပ။
"မင္းက ငါ့မိန္းမ" လဲ့ယ္ထ်ဲက ထိုစကားအား ေျပာၿပီးေသာအခါ ခ်င္မ်န္သည္ မည္သို႔ပင္ ေမးသည္ျဖစ္ေစ သူကား ပါးစပ္ကို ဘယ္ေတာ့မွ ျပန္မဖြင့္ေတာ့ဘဲ အိပ္ေပ်ာ္ေနသကဲ့သို႔ သူ႕အသက္႐ွဴသံကလည္း ႐ွည္လ်ား၍ တည္ၿငိမ္ေနသည္။ဘာမွ စိုးရိမ္စရာေသာက မ႐ွိသည့္ပုံပင္။
ထို႔ေၾကာင့္ ခ်င္မ်န္သည္ အလြန္ၿငိမ္သက္ေနခဲ့ၿပီး ခဏတာ ထိုင္ေနလိုက္သည္။ေလေအးမ်ား တိုက္ခတ္လာေသာအခါ တုန္တုန္ယင္ယင္ျဖင့္ ကုတင္အတြင္းဘက္သို႔ တြားသြားကာ လွဲအိပ္လိုက္သည္။ယခုအခ်ိန္တြင္ ေက်းဇူးတင္ရမည့္အခ်က္မွာ လဲ့ယ္ထ်ဲက လင္ႏွင့္မယားအခြင့္အေရး ႏွင့္ တာဝန္မ်ားကို က်င့္သုံးရန္ အတင္းအၾကပ္မလုပ္ခဲ့တာပင္။
သြားစမ္း-သြားစမ္း!
ခ်င္မ်န္က ေခါင္းခါၿပီး ေၾကာက္စရာေကာင္းတဲ့ အေတြးေတြကို ဖယ္ထုတ္လိုက္သည္။တုံ႔ဆိုင္းသြားၿပီးေနာက္ သူက လဲ့ယ္ထ်ဲျခဳံထားသည့္ တစ္ခုတည္းေသာ ေစာင္ကို ဆြဲယူလိုက္သည္။သူ႕ေဘးနားက ခႏၶာကိုယ္အပူခ်ိန္က ပူေႏြးတဲ့ မီးဖိုတစ္ခုလိုပါပဲ။ လ်စ္လ်ဴ႐ႈဖို႔ တယ္ခက္တာပဲ။
သူသည္ ယင္းအေၾကာင္းကို မေတြးခ်င္ေတာ့ဘဲ ေကာင္းေကာင္းအိပ္စက္ရန္သာ ေတြးလိုက္၏။အာ႐ုဏ္တက္ရင္ေတာ့ သူ အေၾကာင္းစုံေမးရန္ နည္းလမ္း႐ွာရမည္။
အရမ္းသက္ေတာင့္သက္သာျဖစ္စြာ လွဲေနလိုက္ေတာ့သည္။သူ႕ရဲ႕ ခန္႔မွန္းခ်က္အရ ဒီခႏၶာကိုယ္က အသက္ ၁၂ ႏွစ္ အ႐ြယ္သာ႐ွိေသးၿပီး ကေလးပဲျဖစ္ရမယ္။ကိစၥတိုင္းတြင္ လဲ့ယ္ထ်ဲက သူ႕ကို ရက္ရက္စက္စက္ဆက္ဆံမည့္သူမ်ိဳး မျဖစ္ႏိုင္ဘူး။
ႏွစ္ရက္အၾကာတြင္ ခ်င္မ်န္သည္ သူ႕ရဲ႕လက္႐ွိအေျခအေနကို သိလိုက္ရၿပီ။သူ မတူညီတဲ့အခ်ိန္ကာလနဲ႔ေနရာေဒသကို ကူးေျပာင္းလာခဲ့တာပဲ။ယခု သူကား ႀကီးျမတ္တဲ့ ႐ွားမင္းဆက္တြင္႐ွိခဲ့ၿပီး ေရသြယ္ၿမိဳ႕ထဲက ေတာင္စိမ္း႐ြာတြင္ ေနထိုင္သည္။
သူ လဲ့ယ္မိသားစုအေၾကာင္းလည္း သိခဲ့ၿပီးၿပီျဖစ္သည္။လဲ့ယ္ထ်ဲ ႏွင့္ လဲ့ယ္႐ွန္းရန္တို႔က အေဖတူ အေမကြဲေမြးခ်င္းမ်ားသာ။လဲ့ယ္ထ်ဲ၏မိခင္အရင္းသည္ လဲ့ယ္ထ်ဲကိုေမြးဖြားစဥ္ မီးတြင္းထဲတြင္ ေသဆုံးသြားခဲ့၏။ေျခာက္လအၾကာတြင္ လဲ့ယ္တာ့ခ်န္က ဒုတိယဇနီးျဖစ္သည့္ တု႐ွီႏွင့္ လက္ထပ္ခဲ့သည္။လဲ့ယ္မိသားစုတြင္ လဲ့ခြၽင္းေထာင္ထက္ မိနစ္အနည္းငယ္သာႀကီးေသာ သားတစ္ေယာက္လည္း႐ွိ၏။သူကေတာ့ ၿမိဳ႕ေပၚကကိုယ္ပိုင္ေက်ာင္းတြင္ ပညာသင္ၾကားေနခဲ့ၿပီး ရက္အနည္းငယ္ၾကာတိုင္း ျပန္လာေလ့႐ွိသည္။
ခ်င္မ်န္ကေတာ့ သူႏွင့္မဆုံဖူးေသးေပ။
ဤခႏၶာကိုယ္၏မူလပိုင္႐ွင္ကို ခ်င္မ်န္လို႔ ေခၚၾကသည္မွာ တိုက္ဆိုင္မႈတစ္ခုျဖစ္ၿပီး လဲ့ယ္ထ်ဲႏွင့္လက္ထပ္ခဲ့သည္မွာလည္း ထိုၾကားတြင္ ျဖစ္ရပ္မွန္ဇာတ္လမ္းအခ်ိဳ႕လည္း ႐ွိေနသည္။
ဒီအေၾကာင္းေျပာရင္ လဲ့ယ္ထ်ဲက အရမ္းသနားဖို႔ေကာင္းတာပဲ။တု႐ွီက အိမ္ေထာင္က်ၿပီးခ်ိန္မွာေတာ့ သူမဟာ လဲ့ယ္ထ်ဲအေပၚမွာေတာ္ေတာ္ေလးကို ေကာင္းတယ္လို႔ေျပာရမယ္။ဒါေပမယ့္ သူ႕မွာ သားသမီးေတြ႐ွိလာေတာ့ လဲ့ယ္ထ်ဲနဲ႔႐ွိရတာ မေပ်ာ္ေတာ့ဘူး။အနည္းငယ္ မေက်နပ္ပါက ႀကိမ္းေမာင္းတတ္တဲ့အျပင္ ႐ိုက္ႏွက္တာေတြပါ လုပ္လာတယ္။ဆို႐ိုးစကားအတိုင္း မိေထြး႐ွိလွ်င္ ပေထြး႐ွိလာတာပဲ။တခါတေလ တု႐ွီက လဲ့ယ္ထ်ဲႏွင့္ပတ္သတ္ၿပီး လဲ့ယ္တာခ်န္ကို ဆိုး႐ြားတဲ့ေသြးထိုးစကားေတြေျပာၿပီး လဲ့ယ္ထ်ဲကိုလည္း သိပ္ဂ႐ုမစိုက္ေတာ့ေပ။လဲ့ယ္ထ်ဲ အသက္ 12 ႏွစ္အ႐ြယ္တြင္ တု႐ွီက လဲ့ယ္ထ်ဲကို သူေဌးမိသားစုတြင္ ကြၽန္အျဖစ္ေရာင္းခ်ရန္ လဲ့ယ္တာ့ခ်န္ကို တိုက္တြန္းခဲ့သည္။လဲ့ယ္ထ်ဲက သည္းမခံႏိုင္ေတာ့ဘဲ အိမ္မွ တိတ္တဆိတ္ထြက္လာခဲ့သည္။လြန္ခဲ့တဲ့ ဆယ္ႏွစ္ေလာက္ကေပါ့။လြန္ခဲ့သည့္ တစ္လမျပည့္မီကပင္ သူ႕မ်က္ႏွာတြင္ အက်ည္းတန္ေသာ အမာ႐ြတ္ျဖင့္ ျပန္ေရာက္လာခဲ့သည္။အျပင္မွာ ဘာျဖစ္လာခဲ့မွန္း မသိ။႐ြာသားမ်ားက ေမးျမန္းၾကေသာ္လည္း အေျဖျပန္မရေပ။
ေနာက္ဆုံးေတာ့လည္း ဒါက သူ႕ကေလးပဲေလ။အႀကီးဆုံးသားက အသက္ျပည့္ၿပီးတဲ့အျပင္ ညီငယ္ႏွစ္ေယာက္ကလည္း အိမ္ေထာင္က်ၿပီးၿပီ။အႀကီးဆုံးျဖစ္တဲ့သားကို လက္မထပ္ရဘူးဆိုတဲ့ အေၾကာင္းျပခ်က္မ႐ွိေတာ့ဘူး။အဲဒီေနာက္ လဲ့ယ္တာခ်န္က သူ႕ရဲ႕အိမ္ေထာင္ျပဳဖို႔အေရး လဲ့ယ္ထ်ဲအား မည္သို႔ေျပာရမည္ကို စဥ္းစားခဲ့သည္။သို႔ေသာ္ ေတာင့္တင္းေခ်ာေမာတဲ့ ေယာက်္ားတစ္ေယာက္မ်က္ႏွာတြင္ အမာ႐ြတ္႐ွိေနတာဆိုေတာ့ ဘယ္မိန္းကေလးက သူ႕အေပၚကို စိတ္ကူးယဥ္ႏိုင္ပါ့မည္နည္း။အဲဒီအခါမွာ လဲ့ယ္တာ့ခ်န္အေနနဲ႔ ဒီကိစၥအေပၚ အဆက္မျပတ္အေတြးေရာက္ေနမိသည္။
တစ္ေန႔တြင္ ေဗဒင္ဆရာအိုႀကီးတစ္ဦးသည္ ႐ြာသို႔ေရာက္လာကာ လဲ့ယ္ထ်ဲ၏ကံၾကမၼာမိတ္ဖက္မွာ (၁၄)ႏွစ္သားအ႐ြယ္ ကေလးငယ္တစ္ဦးျဖစ္ၿပီး ႐ြာအေနာက္ဘက္ ေတာအုပ္ထဲတြင္ တစ္ေန႔ထဲ တစ္ခ်ိန္ထဲ တစ္ႏွစ္တည္းတြင္ ေပၚလာမည္ဟု ႐ိုး႐ိုး႐ွင္း႐ွင္းေဟာေျပာခဲ့သည္။သူတို႔ႏွစ္ဦးသာ စည္းလုံးညီၫြတ္ပါက အဆုံးမဲ့ေသာ ဘုန္းအသေရ စည္းစိမ္ဥစၥာႏွင့္ ရာထူးအဆင့္အတန္းတို႔ကို ခံစားၾကရမည္ျဖစ္ၿပီး တစ္႐ြာလုံးအတြက္ ေကာင္းခ်ီးမဂၤလာမ်ားျဖစ္လာေပမည္။သို႔ေသာ္ လဲ့ယ္ထ်ဲသာ အျခားတစ္ေယာက္ႏွင့္ လက္ထပ္လိုက္လွ်င္ လဲ့ယ္မိသားစုသည္ မၾကာမီ ကပ္ေဘးႏွင့္ ရင္ဆိုင္ရမည္ျဖစ္ၿပီး သားစဥ္ေျမးဆက္ပင္ ေဘးဆိုးမ်ား ၾကဳံေတြ႕ရလိမ့္မည္။
ဤအေၾကာင္းကို သူနားေထာင္ေနရင္း ခ်င္မ်န္၏ပထမဆုံး အေတြးမွာ အႏွီေဗဒင္ဆရာကို လဲ့ယ္ထ်ဲအား မ်က္မုန္းက်ိဳးေနတဲ့သူတစ္ဦးက ဖိတ္ၾကားထားတာ ျဖစ္ရမည္ဟု ေတြးလိုက္မိသည္။
ေျပာလတ္စ ျပန္စမယ္။
ေဗဒင္ဆရာထံမွ ထိုစကားေတြ ထြက္လာတာနဲ႔ လဲ့ယ္မိသားစုဝင္ေတြ အားလုံး ျဖဴဖပ္ျဖဴေရာ္ ျဖစ္သြားေတာ့သည္။မယုံတာထက္ကို ပိုယုံေနၾကတာပဲ!ထိုေန႔တြင္ လဲ့ယ္တာ့ခ်န္က လဲ့ယ္႐ွန္းရန္ႏွင့္ လဲ့ယ္႐ွန္းရီတို႔ကိုေခၚကာ ေဗဒင္ဆရာေျပာခဲ့သည့္ ေတာအုပ္ထဲသို႔သြားၿပီး ထိုေနရာတြင္ ဆယ္ေက်ာ္သက္ေလးတစ္ဦးကို အမွန္တကယ္ေတြ႕ရလိမ့္မယ္ဆိုတာ မေမွ်ာ္လင့္မိခဲ့ေပ။
ေကာင္ေလးသည္ အဝတ္ခပ္စုတ္စုတ္ကိုဝတ္ဆင္ထားကာ ေျမျပင္ေပၚတြင္ လဲေလ်ာင္းေနလ်က္ သတိလစ္ေနသည္။
သုံးေယာက္သား ေကာင္ေလးကို အိမ္ျပန္မေခၚခင္ ခဏေလာက္ တုံ႔ဆိုင္းသြားၾကသည္။
ဆယ္ေက်ာ္သက္ေလး ႏိုးလာေသာအခါတြင္ သူ႕အမည္မွာ ခ်င္မ်န္ျဖစ္ၿပီး ေဝးလံေခါင္သီေသာၿမိဳ႕မွ ထြက္ေျပးလာခဲ့ေၾကာင္းသာ ေျပာသည္။ဒါအျပင္ သူက ေမးခြန္းအားလုံးကိုေျဖဖို႔ ေခါင္းယမ္းေလသည္။
လဲ့ယ္ထ်ဲက အိမ္ႏွင့္ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနခဲ့ရတာေၾကာင့္ လဲ့ယ္တာခ်န္သည္ သူ႕အေပၚ အနည္းငယ္ အျပစ္႐ွိသလို ခံစားခဲ့ရၿပီး ထိုဆယ္ေက်ာ္သက္ေလးႏွင့္ လက္ထပ္ေပးရန္ စိတ္ကူးမ႐ွိခဲ့ေပ။ဒီေခၚလာတဲ့ကေလးကို ျပဳစုပ်ိဳးေထာင္ဖို႔က ႀကီးႀကီးမားမား ကိစၥမဟုတ္ပါဘူး။ေဘးအႏၲရာယ္ကိုပဲ သည္းခံၾကမလား?
သို႔ေသာ္ သူသည္ တု႐ွီရဲ႕ လဲ့ယ္ထ်ဲႏွင့္ယွဥ္လွ်င္ သက္ႀကီး႐ြယ္အို ႏွစ္ဦးအတြက္ အေရးမႀကီးပါဟု သူ႕ေ႐ွ႕တြင္ မ်က္ရည္က်ေနသည့္ ျမင္ကြင္းကို သူ သည္းမခံႏိုင္ေတာ့ေပ။သူမက ေျပာ၏။သူတို႔ အသက္ဆုံး႐ႈံးရင္ေတာင္ အေရးမႀကီးပါဘူး။ဒါေပမယ့္ လဲ့ယ္ထ်ဲတစ္ေယာက္ေၾကာင့္နဲ႔ တျခားကေလးေတြကို မသတ္ေတာ့မသတ္ဘူးမလား?အထူးသျဖင့္ လဲ့ယ္႐ွန္းရီဆီမွာက သားမ႐ွိေသးဘူးေလ။လဲ့ယ္႐ွန္းလီကလည္း အိမ္ေထာင္မျပဳရေသးတဲ့အျပင္ လဲ့ယ္႐ွန္းက်စ္က စာေလ့လာဖို႔လည္း လိုေသးတယ္မလား။သူက အမတ္တစ္ေယာက္ျဖစ္လာႏိုင္ၿပီး ေနာင္တြင္ သူတို႔ရဲ႕ဘိုးေဘးေတြဆီမွာ ခ်ီးေျမႇာက္ခံရမည့္အျပင္ သူတို႔ရဲ႕သမီးေလးမွာလည္း ေအာင္သြယ္မသတ္မွတ္ရေသးသည့္ တစ္ဦးတည္းေသာသမီးလည္း ႐ွိေသးတယ္။
ဤနည္းျဖင့္ လဲ့ယ္တာခ်န္က ေနာင္တရၿပီး လဲ့ယ္ထ်ဲအား ခ်င္မ်န္ကို လက္ထပ္ေစခဲ့သည္။
ခ်င္မ်န္သည္ကား ေနမေကာင္းျဖစ္ေနတဲ့အျပင္ အိုးမဲ့အိမ္မဲ့လည္းျဖစ္ေနေသးသည္။လဲ့ယ္ထ်ဲကို လက္ထပ္ဖို႔သေဘာမတူရင္ ႏွင္ထုတ္ခံရလိမ့္မယ္။ထို႔ေၾကာင့္ သူ သေဘာတူခဲ့ရသည္။
Advertisement
- In Serial36 Chapters
Old Version - The First Magician
INDEFINITE HIATUS I always seem to make these too long when I ask for peoples opinions so I’m not gonna try an exciting description anymore but instead just give you an idea of what to expect. First off, this is my 2nd attempt at a story but my foundation for this one is much better than the 1st already and I see this going much further and so far its coming together much faster and easier. So please excuse me if things are not up to publishing standards. Also I tend to confuse your, you’re and so on so sorry to people that triggers ahead of time. The First Magician follows the story of 15 year old Alex in a post apocalyptic rpg-ish world in the near future. Earth was transformed, monsters appeared and people began being able to use Ki but could not figure out how to use magic. Alex ends up becoming the first human able to use magic through a series of events and sets in motion events that will change the very future of the human race. He will be somewhat OP simply because he is the only human (at least to start, who knows about later?) who is able to use mana. Many classic RPG elements have been removed. I didn’t want the story to be like all of the other lit rpg stories on RRL but it also makes the writing easier for me hence the watering down of rpg elements. UPDATES: I am doing this to relieve stress and for fun so I will release chapters when I can. So far though ive managed to keep up with 2 most days. CONTENT WARNINGS: There will be some light language but it won't be insane. I might have some gore later on but am unsure and the same for the sexual content. Sexual content isn't super likely as I doubt I can write it well but I put the tag so people cant yell about it if I add some in the future but forgot to add the tag. COVER ART: Yes it is from the anime Log Horizon. It is a good representation of what earth looks like despite it not being many years in the future. DISCORD: https://discord.gg/s6V3hGV
8 145 - In Serial21 Chapters
Calla
Calla Redgrove is just an ordinary young woman walking home night when she is attacked by a vampire. And now, everything has changed. Follow her journey as she explores the darker sides of her new life.
8 226 - In Serial12 Chapters
Legacy Online
Legacy Online is not only the world's first VRMMORPG but also the world's current most popular game that gathered over three billion players within the time span of half a year. An absurdly realistic game where real-life skills and talents mattered; its popularity was so high that jobs and schools were created just for the sake of getting better at the game. Yin Xian is a young adult who recently returned from studying abroad overseas. However, when he returned home after four long years, his family was shocked to find out that his knowledge of Legacy Online--- a game with influences all over the world--- was nonexistent.
8 139 - In Serial23 Chapters
The shackles of destiny (Permanent hiatus)
[Previously named the successful failure]-------------------------------------------------What is the meaning of power? Is it to be able to protect those dear?Is it to be unrestrained and frivolous? Is it to be the judge over life and death?Is is to be respected and worshiped?One's star is one's future, evolve one's star and evolve oneself to reach the pinnacle of strength!Follow Philip on his journey to the summit of cultivators and discover the earth-shaking secrets hidden within his bloodline.Here is my webpage where I will always keep an extra chapter out!Don't forget to bookmark it or follow it! ;)https://westernxianxianovels.wordpress.com/
8 167 - In Serial9 Chapters
Arching Choices
This is a story I used to do with people in an afterschool club, where I would make up a story, that the user/player would have options to choose from no matter how creative. There will be multiple polls, and I will read comments for the actions of the player, any one can play, because the charater will be gender neutral, but the choices will affect the story, whether it be your companions, and items you acquire. I'm a newbie writer but I just want to have some fun making a story. The chapters will be short so that the viewers can make choices. Longer chapters will be made once this has some good choice options. I thought it would be fun for the readers to develop the character's personality. Critisism welcome, because I have no idea how to write stories. P.S, Once the Character's personality is fleshed out the Synopsis will probably change
8 145 - In Serial14 Chapters
Magical Gang War
Antihero. Magic. Gangs. Progression. Romance. Urban setting. Combat. Read Precuneus' journey as he slowly grows as a person and magician. His defining character trait is unchanging selfishness and egocentricity, even when everyone around him is better than him at everything. And then there's his tinnitus of course.
8 139

