《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[3]
Advertisement
[Unicode]
003:မှော်နေရာလွတ်
"တော်တော့,ငါဗိုက်ဆာနေပြီ" လဲ့ယ်တာ့ချန်က စားပွဲကို လက်ဖြင့် မြှောက်ရိုက်ချလိုက်ပြီး စကားပြောလိုက်သည်။
တုရှီသည်ကား လဲ့ယ်တာ့ချန်နှင့်စကားပြောသည့် အခါကျ အလွန်နူးညံ့နေ၏။ "ဒါဆို ကျွန်မလည်း ဘာမှမပြောတော့ပါဘူး။စားကြရအောင်လေ။"
ချင်မျန်သည် စားပွဲပေါ်ကို ကြည့်လိုက်ရာ ပေါက်စီတစ်ပန်းကန်နှင့် အရွက်စွပ်ပြုတ်တစ်ပန်းကန်ကိုတွေ့လိုက်ရသည်။ထိုအရွက်စွပ်ပြုတ်မှာ ကြည်တောက်နေလွန်းလို့ မျက်နှာပြင်ပေါ်တွင်ဝေ့ကပ်နေမည့် အဆီလွှာကိုပင် ခက်ခက်ခဲခဲကြည့်ယူနေရသည်။ရှေးခေတ် တောင်သူလယ်သမားများ၏လူနေမှုအဆင့်အတန်း မမြင့်မားနိုင်ဟု သူမျှော်လင့်ထားသော်လည်း အံ့သြမိသွားရ၏။
သူ မှိန်းမိနေတုန်း ယောက်ျားတိုင်းက ပေါက်စီကို ယူလိုက်ကြပြီး အကိုက်ကြီးကြီး ကိုက်စားနေကြနေပြီ။ဒုတိယမြောက်ပေါက်စီကို မယူခင်မှာတင် ပထမပေါက်စီကို နှစ်ကိုက် သုံးကိုက်လောက်သာ ကိုက်စားကြလေ၏။အရမ်းမြန်လွန်းတာပဲ။
ရုတ်တရတ် သူ့လက်ထဲမှာ ပေါက်စီတစ်လုံးရောက်လာတာကြောင့် ချင်မျန်သည် လဲ့ယ်ထျဲဆီကို လှည့်ကြည့်လိုက်သည်။လဲ့ယ်ထျဲက သူ့ကို မကြည့်ဘဲ တိတ်တိတ်ဆိတ်ဆိတ်သာ စားနေခဲ့သည်။ချင်မျန်သည် တခြားလူတွေက ဝံပုလွေတွေလို အငမ်းမရစားနေကြပေမယ့် သူ့ဘေးနားက ဒီလူကတော့ မြန်မြန်စားနေပေမယ့် အဆင့်အတန်းနိမ့်ကျနေတဲ့ပုံမပေါ်နေပေ။တစ်ဖန် ချင်းမျန်သည် သူ့နှလုံးသားအောက်ခြေထိ စိတ်ဓါတ်ကျသွားရပြန်သည်။
သူသည် အခြားစားပွဲဆီသို့ လှည့်ကြည့်လိုက်သည်။အမျိုးသမီးများသည်လည်း ထိုအတိုင်းသာ အတူတူပင် စားကြသော်လည်း စွပ်ပြုတ်ကတော့ အသီးအရွက်အနည်းငယ်မျှသာ ပါရှိသဖြင့် ပို၍ကြည်လင်နေပုံရသည်။
ဗိုက်က ဆာလာပြန်သည်။ချင်မျန်က ပေါက်စီကိုတစ်ကိုက် ကိုက်ကြည့်ပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။သူသည်ကား အခက်အခဲများကို သည်းမခံနိုင်သောလူမဟုတ်ပေ။သူ့မိခင်ဘက်က အဘိုးအဘွားတွေနဲ့ အတူနေထိုင်တုန်းကလည်း အနည်းဆုံးတော့ ထောပတ်ပေါင်မုန့် ဒါမှမဟုတ် ပေါက်စီကို စားလေ့ရှိပြီး တစ်ခါတစ်လေဆိုလျှင် မနက်စာအတွက် အစာသွပ်ပေါက်စီကိုတောင် စားရလေ့ရှိသည်။နောက်ပိုင်းတွင် ချင်ရှစ်ယွမ်သည် ချင်မိသားစု၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းကို ကောင်းမွန်စွာ ထိန်းမတ်လာနိုင်တဲ့အခါ ဘဝသည် အနည်းငယ် လွယ်ကူလာသည်။ထို့အပြင် သူသည် စိုက်ပျိုးလို့ရ
သည့် နေရာလွတ်တစ်ခုကို အမှတ်မထင်ရရှိခဲ့ပြီး အရသာရှိတဲ့ အစားအစာတွေကို လေ့လာစူးစမ်းရှာဖွေရခြင်းကို နှစ်သက်လာသည်။ထို့နောက် ဘွဲ့ရပြီးတော့ အစားအသောက်ပရိုဂရမ်၏ ဓာတ်ပုံဆရာ ဖြစ်လာခဲ့သည်။
သို့တိုင် ဤပေါက်စီကို မည်သို့ပြုလုပ်ထားမှန်း သူမသိ။သူ့လည်ချောင်းကနေ မျိုချနိုင်ဖို့က အရမ်းကြမ်းတမ်းလွန်းနေ၏။
သို့တိုင် သူသည် ပေါက်စီကိုဆက်စားပြီးနောက် စွပ်ပြုတ်တစ်ပန်းကန် သောက်လိုက်မှ အစာအိမ်က ပိုသက်တောင့်သက်သာ ရှိသွားစေတော့သည်။
မနက်စာကို အေးအေးဆေးဆေး စားသောက်ပြီးနောက် လဲ့ယ်တာ့ချန်သည် မိသားစုထဲရှိယောက်ျား သားများအား ယနေ့လုပ်ရမည့် အလုပ်များကို စတင်ခွဲဝေပေးခဲ့သည်။ယခုအချိန်သည် ပေါင်းပင်များ အရူးအမူးကြီးထွားလာချိန်ဖြစ်ကာ စပါးခင်းအတွင်းရှိ မြက်များကို ဖယ်ရှားရမည့်အချိန်ပင်။
တုရှီက ချွေးမများအတွက် အလုပ်စီစဉ်ပေးသည် - ကျိုးရှီက ရေနှင့်ဟင်းသီးဟင်းရွက်များ သယ်သွားသည်။ချင်းရှီက မြက်ရိတ်,ဝက်စာကျွေးပြီး တောင်ပေါ်သို့တက်ကာ ထင်းခုတ်ပြီး အိမ်တွင် ကလေးများကို ပြုစုရမည်။လဲ့ယ်ချွင်းထောင်အတွက်ကတော့ ဒီမိန်းကလေးဟာ အိမ်ထောင်ပြုဖို့ မိသားစုကောင်းကောင်းကို ရှာတွေ့နိုင်စေဖို့သာလိုသည်။ အခုကတော့ နေမြင့်နေပြီမို့ နေပူထဲ မထွက်ချင်တာကြောင့် အခန်းထဲမှာ ပန်းထိုးဖို့ပဲ လုပ်တော့သည်။
"ကျွန်တော့်မိန်းမက အနားယူဖို့လိုတယ်။" လဲ့ယ်ထျဲက စပြောလိုက်သည်။
တုရှီ၏မျက်နှာသည် မည်းလာကာ တင်းတင်းမာမာပြောလိုက်သည် - "ရစ်ငှက်လိုမိသားစုထဲက လူတစ်ယောက်အနေနဲ့ သူ ဘယ်လောက်ထိ ပျော့တီးပျော့ဖက်လုပ်နေမှာလဲ?အလုပ်မလုပ်တာ ဘယ်နှစ်ရက်ရှိနေပြီလဲ?အိမ်မှာ အလုပ်တွေ နှောင့်နှေးကုန်ပြီ!”
ချင်မျန်အနေနဲ့ ဒီကိစ္စက အရမ်းရှင်း၏။သူကိုယ်တိုင်က ဒီနေရာနဲ့ မရင်းနှီးသလို လဲ့ယ်အိမ်ထဲကနေ လောလောဆယ် မထွက်ခွာနိုင်တာကြောင့် အခု တုရှီနဲ့ ရန်ဖြစ်နေလို့မဖြစ်တော့ဘူး။သူပြန်ဖြေခါနီးတွင် လဲ့ယ်ထျဲက ထပ်မံပြောလိုက်သည်။
“သူ အနားယူရဦးမယ်”
တုရှီကို လျစ်လျူရှု၍ လဲ့ယ်ထျဲက ချင်မျန်ကို သက်ကယ်အိမ်ထဲသို့ ခေါ်သွားကာ တံခါးကိုပြန်ပိတ်ပေးပြီး ထွက်ခွာသွားခဲ့သည်။
သူမသည် လဲ့ယ်တာ့ချန်ကိုကြည့်လိုက်ပြီး မျက်လုံးများက ရဲရဲတောက်နေခဲ့သည်။
“မိသားစုအကြီးအကဲ..လောင်တာ့ကိုကြည့်လိုက်စမ်းပါ။လက်ထပ်ပြီးတော့ သူ့အမေကိုတောင် မေ့သွားပြီ......”
လဲ့ယ်တာ့ချန်သည် လဲ့ယ်ထျဲတစ်ယောက် ထမ်းပိုးကို ကောက်ကိုင်ယူသွားကာ နောက်ပြန်မကြည့်ဘဲ ဝင်ပေါက်တံခါးကနေ ထွက်သွားသည်ကို ကြည့်ရင်း မျက်ခုံးများ တွန့်သွားသည်။ "ထားလိုက်။လောင်တာ့ရဲ့ဇနီးက ကျန်းမာရေးမကောင်းဘူး။သူ့ကို နှစ်ရက်အနားပေးလိုက်။"
တုရှီသည် လဲ့ယ်တာ့ချန်၏စကားကို အမြဲနာခံခဲ့သည်။စိတ်သက်သာရာ ရှိမနေပေမယ့် ဘာမှထပ်မပြောဖြစ်ပေ။လောင်တာ့ရဲ့ဇနီးက နေကောင်းလာတဲ့အခါမှ အလုပ်ပိုလုပ်နိုင်မည်ဟု မိမိကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်ခဲ့သည်။ဒါကို တွေးမိတော့ အတင်းအကြပ် ထပ်မပြောနေတော့ပေ။နောက်တော့ ချွေးမနှစ်ယောက်က ဘာမှမလုပ်ဘဲ ရပ်နေတာတွေ့တော့ ဒေါသတွေထွက်လာပြန်သည်။သူ့မျက်လုံးတွေက ဝိုင်းစက်နေပြီး သူ့မျက်နှာက အေးစက်စက်နဲ့ စကားမပြောတော့ မပြောပေ။ဒါပေမယ့် သူမရဲ့မျက်လုံးထဲကနေ ဒေါသအရိပ်အယောင်များက ကျိုးရှီ နဲ့ ချင်းရှီကို ပြင်းပြင်းထန်ထန် တိုက်ခတ်လာတဲ့ လေပြင်းတစ်ခုလိုပါပဲ။
ကျိုးရှီ နှင့် ချင်းရှီတို့သည် သူတို့အသုံးပြုရန် လိုအပ်သည့် လယ်ယာသုံးပစ္စည်းများကို အမြန်ယူကာ ခြံဝင်းထဲမှ ထွက်သွားကြသည်။
ချင်မျန်သည် သက်ကယ်အိမ်ထဲတွင် ရောက်နေပြီး ခြံဝင်းအတွင်းရှိ တိတ်ဆိတ်မှုကို နားထောင်ပြီးသည်အထိ ငြိမ်သက်နေခဲ့သည်။တံခါးပြန်မပိတ်မီ လဲ့ယ်ထျဲအား ကျေးဇူးတင်စကား အနည်းငယ်ပြောလိုက်သေး၏။ထို့နောက် စောင်ကိုခါကာ အဝတ်အစားအချို့နှင့် သစ်သားသေတ္တာထဲမှ ခေါင်းအုံးနှစ်လုံးကို ထုတ်ကာ စောင်အောက်တွင် ထားလိုက်ပြီး တစ်စုံတစ်ယောက် လဲလျောင်းနေပုံပေါ်အောင် ပြင်လိုက်သည်။ထို့နောက် စောင်ထဲသို့ ပြန်၀င်ကာ နေရာလွတ်ထဲသို့ ဝင်သွားလိုက်သည်။အိမ်သည် အလွန်ပျက်စီးနေပြီး အက်ကြောင်းသေးသေးများဖြင့် ပြည့်နေသောကြောင့် သူသတိထားနေသည်မှာ အံ့သြစရာမဟုတ်ပေ။ချောင်းကြည့်ရန် လွယ်ကူပေ၏။ထိုနေရာလွတ်သည် ကောင်းကင်ဘုံကို အံတုနိုင်သည့် တည်ရှိရာ နေရာဖြစ်သောကြောင့် မည်သူမျှ ယင်း၏ဖြစ်တည်မှုကို မတွေ့ရှိရစေရန် အထူးသတိထားရမယ်။
Advertisement
သာမာန်ဖြစ်ရပ်တွေမှာ သူ့ခန္ဓာကိုယ်လဲသွားမယ်ဆိုရင် နေရာလွတ်က သူ့နောက်သို့ မလိုက်နိုင်ပေမယ့် ပိုင်ရှင်၏သွေးတွေနဲ့ ချည်နှောင်အသိအမှတ်ပြုထားတာကြောင့် အနှီနေရာလွတ်သည် သူ့စိတ်ဝိညာဉ်နဲ့ ပေါင်းစည်းထားသလို ဖြစ်နေပြီး သူ့နောက်သို့ ထပ်ကြပ်မကွာ လိုက်လာနိုင်၏။
အစတုန်းက သူသည် ယင်းနေရာလွတ်ကို အမှန်တကယ် အခွင့်ကောင်းနှင့်ကြုံတွေ့ကာ အမှတ်တမဲ့ရယူနိုင်ခဲ့ခြင်းသာ။တစ်ညတွင် သူ စိတ်ဓာတ်ကျနေခဲ့တာကြောင့် ဝိုင်အနည်းငယ်သောက်ပြီးနောက် စိတ်ငြိမ်စေရန် လမ်းလျှောက်ထွက်ချိန် တောအုပ်ငယ်တစ်ခုတွင် ခွေးနက်တစ်ကောင်ကို သတ်နေသည့် လူနှစ်ယောက်ကို မတော်တဆတွေ့လိုက်ရသည်။ခွေးလေးမှာ ဒေါင်လိုက်၊အလျားလိုက် သွေးအများအပြား စွန်းထင်းနေကာ မြေပြင်ပေါ်မှာ ခွေခွေလဲကျနေလျက် ညည်းတွားရင်း နာကျင်မှုနဲ့ ဝမ်းနည်းမှုတွေကို ကြံ့ကြံ့ခံနေရသည်။အရမ်းသနားစရာကောင်းလွန်း၏။ထို့ကြောင့် ဒေါသတကြီးပြေးလာကာ လက်ကိုင်ဖုန်းကို ထုတ်ပြီး ရဲထံ အကြောင်းကြားပြီးပြီဖြစ်ကြောင်း လူနှစ်ဦးအား ခြိမ်းခြောက်ခဲ့သည်။ထိုလူနှစ်ဦးသည် အသက် 20 နှစ်အောက် လူငယ်လူရွယ်များဖြစ်ကြ၏။သူတို့က ကြောက်လန့်ပြီး ထွက်ပြေးသွားကြသည်။
ခွေးလေးက အရမ်းအားနည်းနေပုံရသည်။သူကလည်း ခွေးတစ်ကောင်၏ဒဏ်ရာကို ကုသရာတွင် အတွေ့အကြုံမရှိပေ။ရွှေ့တောင် မရွှေ့ဝံ့ပေ။ဒါကြောင့် တိရစ္ဆာန်ဆေးကုခန်းကို ဖုန်းခေါ်ပြီး ကုသပေးဖို့ တစ်ယောက်ယောက်ကို လွှတ်ခိုင်းလိုက်သည်။တစ်ချိန်တည်းမှာပင် သူသည် စိတ်သက်သာရစေရန် ခွေးနက်၏ဦးခေါင်းကို တစ်ချက်ချင်း ပွတ်သပ်ပေးကာ ကယ်တင်ဖို့တစ်စုံတစ်ဦးလာတော့မည်ဟု ပြောကာနှစ်သိမ့်ခဲ့သည်။
ခွေးနက်ကြီးက သူ့ကိုကြည့်ရင်း ခက်ခက်ခဲခဲ မတ်တပ်ထရပ်နိုင်ဖို့ နှစ်ခါလောက် ညည်းတွားလိုက်ရပြီး မတ်တပ်ရပ်ပြီးနောက် သူ့လက်ဖဝါးကို လျက်လိုက်သည်။ထို့နောက် ယင်းခွေးနက်သည် ပြေးမထွက်သွားမီ ပါးစပ်ကိုဟကာ ကြက်သွေးရောင်ကျောက်စိမ်းလက်စွပ်ကို ထွေးထုတ်လိုက်သည်။
ထိုအချိန်တွင် သူသည် ဝိုင်သောက်ထားသောကြောင့် သူ့ဦးနှောက်ထဲမှာ အနည်းငယ် မှုန်ဝါးနေသေးသည်။လေပြင်းတစ်ချက် မတိုက်မီ အချိန်အတော်ကြာသည်ထိတိုင်အောင် ကြောင်အနေခဲ့ပြီး ယခုချိန်ကြီး အာရုံခြောက်ခြားနေပြီဟုပင် တွေးလိုက်မိသည်။ဒါပေမယ့် သူ့လက်ဖဝါးကို ကြည့်လိုက်တော့ သူ့မှာ ကျောက်စိမ်းလက်စွပ်တစ်ကွင်းရှိနေ၏။
သူ အံ့သြသွားပြီး ခွေးနက်ကို အမြန်ရှာခဲ့ပေမယ့် ခွေးနက်က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
အရမ်းထူးဆန်းလွန်းနေတယ်။
ထို့အပြင် ခွေးနက်သည် လူ အလွန်ယဥ်ပြီး အန္တရာယ်မပြုပေ။ကျောက်စိမ်းလက်စွပ်ကို ချန်ထားခဲ့ရုံသာမက သူ့လက်ဖမိုးကိုလည်း ချစ်မြတ်နိုးစွာ နမ်းခဲ့သေးသည်။
2012 ခုနှစ်နှောင်းပိုင်းတွင် eschatology သည် အလွန်ရေပန်းစားခဲ့ပြီး eschatology ဝတ္ထုများသည် အဆုံးမဲ့ ခေတ်ရေစီးကြောင်းတွင် ထွက်ပေါ်လာခဲ့သည်။သူပျင်းလျှင် စာအုပ်အနည်းငယ်ဖတ်လေ့ရှိတာကြောင့် ရွေ့ပြောင်းနိုင်သည့်နေရာလွတ်တွေအကြောင်းအလွန်စိတ်ဝင်စားမိလာပြီး ဝတ္ထုများစွာထဲမှ အဓိကဇာတ်ကောင်တွေသည် ရှေးဟောင်းပစ္စည်းတစ်ခုပေါ်သို့ သွေးစက်ချလိုက်ခြင်းကြောင့် ယင်းနေရာလွတ်တွေ အမှတ်မထင် ပေါ်လာကြောင်း သိလိုက်ရသည်။ထို့ကြောင့် သူ့လက်ကို ဓါးဖြင့်ရှပ်ကာ သွေးများကို လက်စွပ်ပေါ်သို့ ချလိုက်၏။မမျှော်လင့်ဘဲ ၎င်းသည် အမှန်တကယ် လျှို့ဝှက်ဆန်းကြယ်သော နေရာလွတ်တစ်ခုကို ဖွင့်လှစ်နိုင်ခဲ့၏။
T/N:eschatology ဆိုတာက မသေမျိုးတို့ ပြန်လည် မွေးဖွားတာတို့ ဝိညာဉ်ကူးပြောင်းတာတို့ အသက်ပြန်ရှင်လာတာတို့ ပါတဲ့သီအိုရီအကြောင်းကို ပြောတာပါ။
နောက်တစ်ခုက eng မှာကိုက ချင်မျန်ရဲ့ နာမည်ကလေ တစ်ချို့နေရာမှာ Qin ချင် ဖြစ်နေပြီး Qian ချန်*လည်း ဖြစ်နေပြန်ရော ကိုယ် ချင်လို့သာ ရေးလိုက်တော့မယ်နော်
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
003:ေမွာ္ေနရာလြတ္
"ေတာ္ေတာ့,ငါဗိုက္ဆာေနၿပီ" လဲ့ယ္တာ့ခ်န္က စားပြဲကို လက္ျဖင့္ ေျမႇာက္႐ိုက္ခ်လိုက္ၿပီး စကားေျပာလိုက္သည္။
တု႐ွီသည္ကား လဲ့ယ္တာ့ခ်န္ႏွင့္စကားေျပာသည့္ အခါက် အလြန္ႏူးညံ့ေန၏။ "ဒါဆို ကြၽန္မလည္း ဘာမွမေျပာေတာ့ပါဘူး။စားၾကရေအာင္ေလ။"
ခ်င္မ်န္သည္ စားပြဲေပၚကို ၾကည့္လိုက္ရာ ေပါက္စီတစ္ပန္းကန္ႏွင့္ အ႐ြက္စြပ္ျပဳတ္တစ္ပန္းကန္ကိုေတြ႕လိုက္ရသည္။ထိုအ႐ြက္စြပ္ျပဳတ္မွာ ၾကည္ေတာက္ေနလြန္းလို႔ မ်က္ႏွာျပင္ေပၚတြင္ေဝ့ကပ္ေနမည့္ အဆီလႊာကိုပင္ ခက္ခက္ခဲခဲၾကည့္ယူေနရသည္။ေ႐ွးေခတ္ ေတာင္သူလယ္သမားမ်ား၏လူေနမႈအဆင့္အတန္း မျမင့္မားႏိုင္ဟု သူေမွ်ာ္လင့္ထားေသာ္လည္း အံ့ၾသမိသြားရ၏။
သူ မွိန္းမိေနတုန္း ေယာက်္ားတိုင္းက ေပါက္စီကို ယူလိုက္ၾကၿပီး အကိုက္ႀကီးႀကီး ကိုက္စားေနၾကေနၿပီ။ဒုတိယေျမာက္ေပါက္စီကို မယူခင္မွာတင္ ပထမေပါက္စီကို ႏွစ္ကိုက္ သုံးကိုက္ေလာက္သာ ကိုက္စားၾကေလ၏။အရမ္းျမန္လြန္းတာပဲ။
႐ုတ္တရတ္ သူ႕လက္ထဲမွာ ေပါက္စီတစ္လုံးေရာက္လာတာေၾကာင့္ ခ်င္မ်န္သည္ လဲ့ယ္ထ်ဲဆီကို လွည့္ၾကည့္လိုက္သည္။လဲ့ယ္ထ်ဲက သူ႕ကို မၾကည့္ဘဲ တိတ္တိတ္ဆိတ္ဆိတ္သာ စားေနခဲ့သည္။ခ်င္မ်န္သည္ တျခားလူေတြက ဝံပုေလြေတြလို အငမ္းမရစားေနၾကေပမယ့္ သူ႕ေဘးနားက ဒီလူကေတာ့ ျမန္ျမန္စားေနေပမယ့္ အဆင့္အတန္းနိမ့္က်ေနတဲ့ပုံမေပၚေနေပ။တစ္ဖန္ ခ်င္းမ်န္သည္ သူ႕ႏွလုံးသားေအာက္ေျခထိ စိတ္ဓါတ္က်သြားရျပန္သည္။
သူသည္ အျခားစားပြဲဆီသို႔ လွည့္ၾကည့္လိုက္သည္။အမ်ိဳးသမီးမ်ားသည္လည္း ထိုအတိုင္းသာ အတူတူပင္ စားၾကေသာ္လည္း စြပ္ျပဳတ္ကေတာ့ အသီးအ႐ြက္အနည္းငယ္မွ်သာ ပါ႐ွိသျဖင့္ ပို၍ၾကည္လင္ေနပုံရသည္။
ဗိုက္က ဆာလာျပန္သည္။ခ်င္မ်န္က ေပါက္စီကိုတစ္ကိုက္ ကိုက္ၾကည့္ၿပီးေနာက္ မ်က္ေမွာင္ၾကဳတ္လိုက္သည္။သူသည္ကား အခက္အခဲမ်ားကို သည္းမခံႏိုင္ေသာလူမဟုတ္ေပ။သူ႕မိခင္ဘက္က အဘိုးအဘြားေတြနဲ႔ အတူေနထိုင္တုန္းကလည္း အနည္းဆုံးေတာ့ ေထာပတ္ေပါင္မုန္႔ ဒါမွမဟုတ္ ေပါက္စီကို စားေလ့႐ွိၿပီး တစ္ခါတစ္ေလဆိုလွ်င္ မနက္စာအတြက္ အစာသြပ္ေပါက္စီကိုေတာင္ စားရေလ့႐ွိသည္။ေနာက္ပိုင္းတြင္ ခ်င္႐ွစ္ယြမ္သည္ ခ်င္မိသားစု၏ အသက္ေမြးဝမ္းေက်ာင္းလုပ္ငန္းကို ေကာင္းမြန္စြာ ထိန္းမတ္လာႏိုင္တဲ့အခါ ဘဝသည္ အနည္းငယ္ လြယ္ကူလာသည္။ထို႔အျပင္ သူသည္ စိုက္ပ်ိဳးလို႔ရ
သည့္ ေနရာလြတ္တစ္ခုကို အမွတ္မထင္ရ႐ွိခဲ့ၿပီး အရသာ႐ွိတဲ့ အစားအစာေတြကို ေလ့လာစူးစမ္း႐ွာေဖြရျခင္းကို ႏွစ္သက္လာသည္။ထို႔ေနာက္ ဘြဲ႕ရၿပီးေတာ့ အစားအေသာက္ပ႐ိုဂရမ္၏ ဓာတ္ပုံဆရာ ျဖစ္လာခဲ့သည္။
သို႔တိုင္ ဤေပါက္စီကို မည္သို႔ျပဳလုပ္ထားမွန္း သူမသိ။သူ႕လည္ေခ်ာင္းကေန မ်ိဳခ်ႏိုင္ဖို႔က အရမ္းၾကမ္းတမ္းလြန္းေန၏။
သို႔တိုင္ သူသည္ ေပါက္စီကိုဆက္စားၿပီးေနာက္ စြပ္ျပဳတ္တစ္ပန္းကန္ ေသာက္လိုက္မွ အစာအိမ္က ပိုသက္ေတာင့္သက္သာ ႐ွိသြားေစေတာ့သည္။
မနက္စာကို ေအးေအးေဆးေဆး စားေသာက္ၿပီးေနာက္ လဲ့ယ္တာ့ခ်န္သည္ မိသားစုထဲ႐ွိေယာက်္ား သားမ်ားအား ယေန႔လုပ္ရမည့္ အလုပ္မ်ားကို စတင္ခြဲေဝေပးခဲ့သည္။ယခုအခ်ိန္သည္ ေပါင္းပင္မ်ား အ႐ူးအမူးႀကီးထြားလာခ်ိန္ျဖစ္ကာ စပါးခင္းအတြင္း႐ွိ ျမက္မ်ားကို ဖယ္႐ွားရမည့္အခ်ိန္ပင္။
Advertisement
တု႐ွီက ေခြၽးမမ်ားအတြက္ အလုပ္စီစဥ္ေပးသည္ - က်ိဳး႐ွီက ေရႏွင့္ဟင္းသီးဟင္း႐ြက္မ်ား သယ္သြားသည္။ခ်င္း႐ွီက ျမက္ရိတ္,ဝက္စာေကြၽးၿပီး ေတာင္ေပၚသို႔တက္ကာ ထင္းခုတ္ၿပီး အိမ္တြင္ ကေလးမ်ားကို ျပဳစုရမည္။လဲ့ယ္ခြၽင္းေထာင္အတြက္ကေတာ့ ဒီမိန္းကေလးဟာ အိမ္ေထာင္ျပဳဖို႔ မိသားစုေကာင္းေကာင္းကို ႐ွာေတြ႕ႏိုင္ေစဖို႔သာလိုသည္။ အခုကေတာ့ ေနျမင့္ေနၿပီမို႔ ေနပူထဲ မထြက္ခ်င္တာေၾကာင့္ အခန္းထဲမွာ ပန္းထိုးဖို႔ပဲ လုပ္ေတာ့သည္။
"ကြၽန္ေတာ္႕မိန္းမက အနားယူဖို႔လိုတယ္။" လဲ့ယ္ထ်ဲက စေျပာလိုက္သည္။
တု႐ွီ၏မ်က္ႏွာသည္ မည္းလာကာ တင္းတင္းမာမာေျပာလိုက္သည္ - "ရစ္ငွက္လိုမိသားစုထဲက လူတစ္ေယာက္အေနနဲ႔ သူ ဘယ္ေလာက္ထိ ေပ်ာ့တီးေပ်ာ့ဖက္လုပ္ေနမွာလဲ?အလုပ္မလုပ္တာ ဘယ္ႏွစ္ရက္႐ွိေနၿပီလဲ?အိမ္မွာ အလုပ္ေတြ ေႏွာင့္ေႏွးကုန္ၿပီ!”
ခ်င္မ်န္အေနနဲ႔ ဒီကိစၥက အရမ္း႐ွင္း၏။သူကိုယ္တိုင္က ဒီေနရာနဲ႔ မရင္းႏွီးသလို လဲ့ယ္အိမ္ထဲကေန ေလာေလာဆယ္ မထြက္ခြာႏိုင္တာေၾကာင့္ အခု တု႐ွီနဲ႔ ရန္ျဖစ္ေနလို႔မျဖစ္ေတာ့ဘူး။သူျပန္ေျဖခါနီးတြင္ လဲ့ယ္ထ်ဲက ထပ္မံေျပာလိုက္သည္။
“သူ အနားယူရဦးမယ္”
တု႐ွီကို လ်စ္လ်ဴ႐ႈ၍ လဲ့ယ္ထ်ဲက ခ်င္မ်န္ကို သက္ကယ္အိမ္ထဲသို႔ ေခၚသြားကာ တံခါးကိုျပန္ပိတ္ေပးၿပီး ထြက္ခြာသြားခဲ့သည္။
သူမသည္ လဲ့ယ္တာ့ခ်န္ကိုၾကည့္လိုက္ၿပီး မ်က္လုံးမ်ားက ရဲရဲေတာက္ေနခဲ့သည္။
“မိသားစုအႀကီးအကဲ..ေလာင္တာ့ကိုၾကည့္လိုက္စမ္းပါ။လက္ထပ္ၿပီးေတာ့ သူ႕အေမကိုေတာင္ ေမ့သြားၿပီ......”
လဲ့ယ္တာ့ခ်န္သည္ လဲ့ယ္ထ်ဲတစ္ေယာက္ ထမ္းပိုးကို ေကာက္ကိုင္ယူသြားကာ ေနာက္ျပန္မၾကည့္ဘဲ ဝင္ေပါက္တံခါးကေန ထြက္သြားသည္ကို ၾကည့္ရင္း မ်က္ခုံးမ်ား တြန္႔သြားသည္။ "ထားလိုက္။ေလာင္တာ့ရဲ႕ဇနီးက က်န္းမာေရးမေကာင္းဘူး။သူ႕ကို ႏွစ္ရက္အနားေပးလိုက္။"
တု႐ွီသည္ လဲ့ယ္တာ့ခ်န္၏စကားကို အၿမဲနာခံခဲ့သည္။စိတ္သက္သာရာ ႐ွိမေနေပမယ့္ ဘာမွထပ္မေျပာျဖစ္ေပ။ေလာင္တာ့ရဲ႕ဇနီးက ေနေကာင္းလာတဲ့အခါမွ အလုပ္ပိုလုပ္ႏိုင္မည္ဟု မိမိကိုယ့္ကိုယ္ကိုယ္ ႏွစ္သိမ့္ခဲ့သည္။ဒါကို ေတြးမိေတာ့ အတင္းအၾကပ္ ထပ္မေျပာေနေတာ့ေပ။ေနာက္ေတာ့ ေခြၽးမႏွစ္ေယာက္က ဘာမွမလုပ္ဘဲ ရပ္ေနတာေတြ႕ေတာ့ ေဒါသေတြထြက္လာျပန္သည္။သူ႕မ်က္လုံးေတြက ဝိုင္းစက္ေနၿပီး သူ႕မ်က္ႏွာက ေအးစက္စက္နဲ႔ စကားမေျပာေတာ့ မေျပာေပ။ဒါေပမယ့္ သူမရဲ႕မ်က္လုံးထဲကေန ေဒါသအရိပ္အေယာင္မ်ားက က်ိဳး႐ွီ နဲ႔ ခ်င္း႐ွီကို ျပင္းျပင္းထန္ထန္ တိုက္ခတ္လာတဲ့ ေလျပင္းတစ္ခုလိုပါပဲ။
က်ိဳး႐ွီ ႏွင့္ ခ်င္း႐ွီတို႔သည္ သူတို႔အသုံးျပဳရန္ လိုအပ္သည့္ လယ္ယာသုံးပစၥည္းမ်ားကို အျမန္ယူကာ ျခံဝင္းထဲမွ ထြက္သြားၾကသည္။
ခ်င္မ်န္သည္ သက္ကယ္အိမ္ထဲတြင္ ေရာက္ေနၿပီး ျခံဝင္းအတြင္း႐ွိ တိတ္ဆိတ္မႈကို နားေထာင္ၿပီးသည္အထိ ၿငိမ္သက္ေနခဲ့သည္။တံခါးျပန္မပိတ္မီ လဲ့ယ္ထ်ဲအား ေက်းဇူးတင္စကား အနည္းငယ္ေျပာလိုက္ေသး၏။ထို႔ေနာက္ ေစာင္ကိုခါကာ အဝတ္အစားအခ်ိဳ႕ႏွင့္ သစ္သားေသတၱာထဲမွ ေခါင္းအုံးႏွစ္လုံးကို ထုတ္ကာ ေစာင္ေအာက္တြင္ ထားလိုက္ၿပီး တစ္စုံတစ္ေယာက္ လဲေလ်ာင္းေနပုံေပၚေအာင္ ျပင္လိုက္သည္။ထို႔ေနာက္ ေစာင္ထဲသို႔ ျပန္၀င္ကာ ေနရာလြတ္ထဲသို႔ ဝင္သြားလိုက္သည္။အိမ္သည္ အလြန္ပ်က္စီးေနၿပီး အက္ေၾကာင္းေသးေသးမ်ားျဖင့္ ျပည့္ေနေသာေၾကာင့္ သူသတိထားေနသည္မွာ အံ့ၾသစရာမဟုတ္ေပ။ေခ်ာင္းၾကည့္ရန္ လြယ္ကူေပ၏။ထိုေနရာလြတ္သည္ ေကာင္းကင္ဘုံကို အံတုႏိုင္သည့္ တည္႐ွိရာ ေနရာျဖစ္ေသာေၾကာင့္ မည္သူမွ် ယင္း၏ျဖစ္တည္မႈကို မေတြ႕႐ွိရေစရန္ အထူးသတိထားရမယ္။
သာမာန္ျဖစ္ရပ္ေတြမွာ သူ႕ခႏၶာကိုယ္လဲသြားမယ္ဆိုရင္ ေနရာလြတ္က သူ႕ေနာက္သို႔ မလိုက္ႏိုင္ေပမယ့္ ပိုင္႐ွင္၏ေသြးေတြနဲ႔ ခ်ည္ေႏွာင္အသိအမွတ္ျပဳထားတာေၾကာင့္ အႏွီေနရာလြတ္သည္ သူ႕စိတ္ဝိညာဥ္နဲ႔ ေပါင္းစည္းထားသလို ျဖစ္ေနၿပီး သူ႕ေနာက္သို႔ ထပ္ၾကပ္မကြာ လိုက္လာႏိုင္၏။
အစတုန္းက သူသည္ ယင္းေနရာလြတ္ကို အမွန္တကယ္ အခြင့္ေကာင္းႏွင့္ၾကဳံေတြ႕ကာ အမွတ္တမဲ့ရယူႏိုင္ခဲ့ျခင္းသာ။တစ္ညတြင္ သူ စိတ္ဓာတ္က်ေနခဲ့တာေၾကာင့္ ဝိုင္အနည္းငယ္ေသာက္ၿပီးေနာက္ စိတ္ၿငိမ္ေစရန္ လမ္းေလွ်ာက္ထြက္ခ်ိန္ ေတာအုပ္ငယ္တစ္ခုတြင္ ေခြးနက္တစ္ေကာင္ကို သတ္ေနသည့္ လူႏွစ္ေယာက္ကို မေတာ္တဆေတြ႕လိုက္ရသည္။ေခြးေလးမွာ ေဒါင္လိုက္၊အလ်ားလိုက္ ေသြးအမ်ားအျပား စြန္းထင္းေနကာ ေျမျပင္ေပၚမွာ ေခြေခြလဲက်ေနလ်က္ ညည္းတြားရင္း နာက်င္မႈနဲ႔ ဝမ္းနည္းမႈေတြကို ၾကံ့ၾကံ့ခံေနရသည္။အရမ္းသနားစရာေကာင္းလြန္း၏။ထို႔ေၾကာင့္ ေဒါသတႀကီးေျပးလာကာ လက္ကိုင္ဖုန္းကို ထုတ္ၿပီး ရဲထံ အေၾကာင္းၾကားၿပီးၿပီျဖစ္ေၾကာင္း လူႏွစ္ဦးအား ၿခိမ္းေျခာက္ခဲ့သည္။ထိုလူႏွစ္ဦးသည္ အသက္ 20 ႏွစ္ေအာက္ လူငယ္လူ႐ြယ္မ်ားျဖစ္ၾက၏။သူတို႔က ေၾကာက္လန္႔ၿပီး ထြက္ေျပးသြားၾကသည္။
ေခြးေလးက အရမ္းအားနည္းေနပုံရသည္။သူကလည္း ေခြးတစ္ေကာင္၏ဒဏ္ရာကို ကုသရာတြင္ အေတြ႕အၾကဳံမ႐ွိေပ။ေ႐ႊ႕ေတာင္ မေ႐ႊ႕ဝံ့ေပ။ဒါေၾကာင့္ တိရစၧာန္ေဆးကုခန္းကို ဖုန္းေခၚၿပီး ကုသေပးဖို႔ တစ္ေယာက္ေယာက္ကို လႊတ္ခိုင္းလိုက္သည္။တစ္ခ်ိန္တည္းမွာပင္ သူသည္ စိတ္သက္သာရေစရန္ ေခြးနက္၏ဦးေခါင္းကို တစ္ခ်က္ခ်င္း ပြတ္သပ္ေပးကာ ကယ္တင္ဖို႔တစ္စုံတစ္ဦးလာေတာ့မည္ဟု ေျပာကာႏွစ္သိမ့္ခဲ့သည္။
ေခြးနက္ႀကီးက သူ႕ကိုၾကည့္ရင္း ခက္ခက္ခဲခဲ မတ္တပ္ထရပ္ႏိုင္ဖို႔ ႏွစ္ခါေလာက္ ညည္းတြားလိုက္ရၿပီး မတ္တပ္ရပ္ၿပီးေနာက္ သူ႕လက္ဖဝါးကို လ်က္လိုက္သည္။ထို႔ေနာက္ ယင္းေခြးနက္သည္ ေျပးမထြက္သြားမီ ပါးစပ္ကိုဟကာ ၾကက္ေသြးေရာင္ေက်ာက္စိမ္းလက္စြပ္ကို ေထြးထုတ္လိုက္သည္။
ထိုအခ်ိန္တြင္ သူသည္ ဝိုင္ေသာက္ထားေသာေၾကာင့္ သူ႕ဦးေႏွာက္ထဲမွာ အနည္းငယ္ မႈန္ဝါးေနေသးသည္။ေလျပင္းတစ္ခ်က္ မတိုက္မီ အခ်ိန္အေတာ္ၾကာသည္ထိတိုင္ေအာင္ ေၾကာင္အေနခဲ့ၿပီး ယခုခ်ိန္ႀကီး အာ႐ုံေျခာက္ျခားေနၿပီဟုပင္ ေတြးလိုက္မိသည္။ဒါေပမယ့္ သူ႕လက္ဖဝါးကို ၾကည့္လိုက္ေတာ့ သူ႕မွာ ေက်ာက္စိမ္းလက္စြပ္တစ္ကြင္း႐ွိေန၏။
သူ အံ့ၾသသြားၿပီး ေခြးနက္ကို အျမန္႐ွာခဲ့ေပမယ့္ ေခြးနက္က ေပ်ာက္ကြယ္သြားခဲ့ၿပီျဖစ္သည္။
အရမ္းထူးဆန္းလြန္းေနတယ္။
ထို႔အျပင္ ေခြးနက္သည္ လူ အလြန္ယဥ္ၿပီး အႏၲရာယ္မျပဳေပ။ေက်ာက္စိမ္းလက္စြပ္ကို ခ်န္ထားခဲ့႐ုံသာမက သူ႕လက္ဖမိုးကိုလည္း ခ်စ္ျမတ္ႏိုးစြာ နမ္းခဲ့ေသးသည္။
2012 ခုႏွစ္ေႏွာင္းပိုင္းတြင္ eschatology သည္ အလြန္ေရပန္းစားခဲ့ၿပီး eschatology ဝတၳဳမ်ားသည္ အဆုံးမဲ့ ေခတ္ေရစီးေၾကာင္းတြင္ ထြက္ေပၚလာခဲ့သည္။သူပ်င္းလွ်င္ စာအုပ္အနည္းငယ္ဖတ္ေလ့႐ွိတာေၾကာင့္ ေ႐ြ႕ေျပာင္းႏိုင္သည့္ေနရာလြတ္ေတြအေၾကာင္းအလြန္စိတ္ဝင္စားမိလာၿပီး ဝတၳဳမ်ားစြာထဲမွ အဓိကဇာတ္ေကာင္ေတြသည္ ေ႐ွးေဟာင္းပစၥည္းတစ္ခုေပၚသို႔ ေသြးစက္ခ်လိုက္ျခင္းေၾကာင့္ ယင္းေနရာလြတ္ေတြ အမွတ္မထင္ ေပၚလာေၾကာင္း သိလိုက္ရသည္။ထို႔ေၾကာင့္ သူ႕လက္ကို ဓါးျဖင့္႐ွပ္ကာ ေသြးမ်ားကို လက္စြပ္ေပၚသို႔ ခ်လိုက္၏။မေမွ်ာ္လင့္ဘဲ ၎သည္ အမွန္တကယ္ လွ်ိဳ႕ဝွက္ဆန္းၾကယ္ေသာ ေနရာလြတ္တစ္ခုကို ဖြင့္လွစ္ႏိုင္ခဲ့၏။
T/N:eschatology ဆိုတာက မေသမ်ိဳးတို႔ ျပန္လည္ ေမြးဖြားတာတို႔ ဝိညာဥ္ကူးေျပာင္းတာတို႔ အသက္ျပန္႐ွင္လာတာတို႔ ပါတဲ့သီအိုရီအေၾကာင္းကို ေျပာတာပါ။
ေနာက္တစ္ခုက eng မွာကိုက ခ်င္မ်န္ရဲ႕ နာမည္ကေလ တစ္ခ်ိဳ႕ေနရာမွာ Qin ခ်င္ ျဖစ္ေနၿပီး Qian ခ်န္*လည္း ျဖစ္ေနျပန္ေရာ ကိုယ္ ခ်င္လို႔သာ ေရးလိုက္ေတာ့မယ္ေနာ္
Advertisement
- In Serial71 Chapters
Rise Of The Limitless One
The appearance of a colossal, sky-piercing monolith changed the basis of human life on Alteria. Beings possessing abilities aptly known as the Awakened appeared and gradually altered society.
8 1174 - In Serial7 Chapters
All Trades Book 1: Master of None
Alex is broke, has been broke, and safely assumed he would always be broke. That bleak outlook changes when a tech genius (and alleged asshole) embeds the code generating his globally implemented cryptocurrency into his new MMORPG! Now the only way to get any more of it is to play the game and make some gold! Unfortunately for Alex, a loan shark was his only shot at getting a VR rig. Can he turn a profit in time to save his knees? Do gnomes dream of electric sheep?? Can he possibly win Employee of the Month??? Find answers to these questions and more by following the high margin adventures of Jack Alltrades.
8 202 - In Serial12 Chapters
The Son Of Chaos
Cero,formally known as Jake was an average orphan college student on Earth.Well that was before the world got a notification of its destruction.Jake woke up to find himself in a white room and infront of him was an entity without shape or mass the first thing it said was"Hey son,so i destroyed your planet cause i missed you even though you dont know im your real dad" sup guys im the author and i have no idea how to write a story im just doing this cause i want to tell me your thoughts on it lool
8 97 - In Serial8 Chapters
Legends and Respect (Cynthia X Reader)
I don't have a summary yet.
8 338 - In Serial15 Chapters
Poetry Jar // Wattys Shorts Winner
A WATTYS SHORTS WINNER: POETRY CATEGORY#1 in Poems#1 in PoetryA collection of poetry about the most powerful feeling in the world. Love hurts, but love heals. Love shatters, but love fixes what's broken. Cover by @salemkeating
8 172 - In Serial18 Chapters
Meeting myself
Canceled (This was my first attempt at a story and while I really enjoyed it, I lost track of the thread of the story. The MC was too op, and except for some fun slice of life moments it just wasn't a very good plot. Anyway, I may come back and re-write this in the future because I really enjoyed the premise, but for now don't expect updates.)I've never met Karma; or at least I think I haven't. Hope, really, because I'm pretty sure she hates me. You see, the thing is, I've always hated flying. When you don't wind up getting molested (cavity searched), then your bags get lost, or you spend the entire flight sitting next to a crying baby. This flight was even worse than any of those things. You see, this flight killed me. I won't spoil it, but lets just say, Karma owes me a few explanations. NO ONE, and I mean NO ONE, deserves to die like that. Of course, that wasn't the end of my adventure, far from it. But, you'll just have to read the story to learn about that.(This is a mature fiction, so far their hasn't been anything overtly bad (some minor sexual innuendo and drug use), but their will be plenty of blood, gore, sex, all that good stuff... eventually)
8 187

