《မျန်ရဲ့ဝိညာဉ် ကူးပြောင်းလာတယ် ||မြန်မာဘာသာပြန်||》[1]
Advertisement
[Unicode]
001:တစ်နေ့မှာ တစ်စုံတစ်ယောက်ရဲ့ဇနီးအဖြစ်သို့ ကူးပြောင်းသွားတယ်
လွန်ခဲ့သော ၁၁ လခန့်က.....
ချင်မျန်သည် သူ့မျက်လုံးတွေကို ဖွင့်ကြည့်လိုက်ရာ ယိုစိမ့်နေတဲ့ သက်ကယ်အိပ်ခန်းထဲတွင် သူ့ကိုယ်က လဲလျောင်းနေသည်ကို တွေ့လိုက်ရသည်။ပြဿနာက သူ သူ့မိသားစုရဲ့ ဗီလာထဲမှာပဲ ရှိနေခဲ့တာလေ!
ထို့အပြင် စောင်ထဲရှိ သူ့ခြေထောက်နံဘေးတွင် လဲလျောင်းနေသည့် တခြားလူတစ်ယောက် ရှိနေသေးသည်။
"မင်း...မင်း....မင်းဘယ်သူလဲ?"
ထိုလူသည် ငြိမ်သက်စွာထထိုင်လိုက်ပြီး ချင်မျန်ကို ခဏလောက်ကြည့်ရင်း သူ့ခန္ဓာကိုယ်အပေါ်ပိုင်းက ထင်ရှားလာကာ ကုတင်ခေါင်းရင်းရှိ စားပွဲနိမ့်လေးမှ အက်ကွဲနေတဲ့ ပန်းကန်လုံးတစ်လုံးကို ယူဆောင်လာပေးခဲ့သည်။
ထိုလူက တိုးညှင်းသောလေသံဖြင့် ပြောလိုက်၏။
"မိန်းမ...ရေသောက်လိုက်"
ချင်မျန်၏မျက်လုံးတွေသည် နောက်သို့လန်သွားကာ မေ့လဲသွားတော့သည်။
ချင်မျန်သည် သူ မိန်းမတစ်ယောက်ဖြစ်လာတယ်ဆိုတဲ့ အိပ်မက်တစ်ခုကို မက်ခဲ့သည်။နှဲသံ၊မောင်းသံ၊ဗုံသံများ ဆူညံစွာ တီးခတ်သံများကြားတွင် သူသည် အမျိုးသားတစ်ဦးနှင့် လက်ထပ်ရန် ဆလွန်းဝေါယာဥ်ပေါ်သို့ အတင်းအကြပ် ဖိအားပေးထိုင်ခိုင်းခံခဲ့ရသည်။
ချွေးစေးတွေထွက်မတက် ကြောက်ရွံ့ထိတ်လန့်မိလျက် နိုးလာပြီး အဝတ်အစားတွေကို တစ်စစီဆွဲဖြဲလိုက်၏။ပြားကပ်နေတဲ့ ရင်ဘတ်ကို မြင်လိုက်မိတော့မှ စိတ်သက်သာရာ ရသွားပြီး သူ့ကိုယ်သူ ရယ်မောမိရင်း "ငါကိုယ်ငါ ခြောက်လန့်မိနေတာပဲ။အိပ်မက်တစ်ခုပဲကို......"
ရုတ်တရက် တစ်စုံတစ်ခု မှားသွားသလို ခံစားလိုက်ရသည်။သူ့အဝတ်အစားတွေက ဘယ်လောက်တောင်ဆွေးနေလို့လဲ?ဆယ့်တနှစ်ကလေးကဲ့သို့ပင် ညိုတိုတိုအသားရည်နဲ့ ပိန်ပိန်ပါးပါး ခန္ဓာကိုယ်မျိုးရှိနေရတာလဲ?
ခေါင်းကို အလျင်စလိုမြှောက်လိုက်ပြီး ကြည့်လိုက်တော့ သူ သက်ကယ်အိမ်ထဲမှာ ရှိနေတာကို တွေ့လိုက်ရသည်။ကြောက်လန့်တကြားနဲ့ ကုတင်ပေါ်ကနေ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်၏။သက်ကယ်အခန်းသည် ခုနစ်ပေမှ ရှစ်စတုရန်းပေခန့်သာရှိကာ နံရံနှစ်ခုကိုရွှံ့ဖြင့်ပြုလုပ်ထားပြီး ကျန်နံရံနှစ်ခုမှာ သစ်သား၊မြက်ပင်နှင့် အထည်ဟောင်းများဖြင့် ကာရံထားသည်။ အခန်းထဲမှာ သစ်သားကုတင်တစ်လုံး၊ကုတင်ခေါင်းရင်းမှာ စားပွဲနိမ့်တစ်ခုနဲ့ သစ်သားသေတ္တာနှစ်လုံးကလွဲလို့ တခြားဘာမှ မရှိပေ။အိုး....နံရံပေါ်မှာ ကပ်ထားတဲ့ အနီရောင်စက္ကူအကွက်တစ်ခုလည်း ရှိသေးတယ်၊ကြီးမားတဲ့ "" စာလုံးကြီးကြီးတွေနဲ့ပဲ! မှန်မရှိသော်လည်း ချင်မျန်သည် သူ့လက်နှင့်ခြေသလုံးကို ကြည့်လိုက်တော့ ဒီခန္ဓာကိုယ်သည် သူ့ခန္ဓာကိုယ်လုံးဝမဟုတ်ကြောင်း သူသေချာသိလိုက်ရသည်။
ကြောက်ရွံ့ထိတ်လန့်မှုတစ်ခုက သူ့နောက်ကျောကနေ တိုးဝင်လာသည်။
ဘာတွေဖြစ်နေတာလဲ? သူ့မိသားစုဗီလာမှာ ရောက်နေခဲ့တာကို ရှင်းရှင်းလင်းလင်း မှတ်မိပါတယ်။ဟုတ်သား...သူ့ကို ချင်လျန်က တွန်းချခဲ့တယ်။လှေကားကနေ လှိမ့်ကျသွားပြီး ခေါင်းကို ထိသွားခဲ့တာပဲ။
ရုတ်တရက် သူသည် မယုံကြည်နိုင်စရာကောင်းတဲ့ အတွေးတစ်ခုကို တွေးမိခဲ့သည် - သူသေပြီး တခြားတစ်ယောက်ရဲ့ ခန္ဓာကိုယ်မှာ လူဝင်စားခဲ့တာလား!!
ချင်မျန်မှာ မယုံနိုင်။သူ့ကိုယ်သူ ပြင်းပြင်းထန်ထန် ဆွဲစိတ်လိုက်သော်လည်း သူ့ရှေ့က မြင်ကွင်းက သူ့ကို အေးစက်စွာ ရယ်နေသကဲ့သို့ လုံးဝမပြောင်းသွားပေ။
သူ လုံးဝကို အံ့သြထိတ်လန့်မှုကြောင့် တောင်းတင်းသွားသည်။ခဏတာ ရူးသွပ်သွားပြီးနောက် သူ့ဘယ်ဘက်လက်ကောက်ဝတ်ရှိ သွေးခုန်နှုန်းကို အလျင်အမြန် ကြည့်လိုက်သည်။အဲဒီမှာ ထူးခြားတဲ့ မှဲ့နက်လေးတစ်ခုရှိနေ၏။စိတ်ထဲတွင် အတွေးတစ်ခုဖြင့် ရင်းနှီးကျွမ်းဝင်သော လျှို့ဝှက်ဆန်းကြယ်သည့် ကမ္ဘာတစ်ခုက သူ့ရှေ့တွင် ပေါ်လာပြီး သူသည် ခဏတာ အသက်ရှူချောင်သွားကာ တင်းမာနေသော မျက်နှာမှာလည်း အနည်းငယ် သက်သာရာရသွားသည်။
သူသည် တံခါးဆီသို့ လျှောက်သွားကာ ခြေနှစ်လှမ်း,လှမ်းရုံတင်ရှိသေး ပြင်းထန်သည့်အရာတစ်ခုကြောင့် နာကျင်စွာ ခံစားလိုက်ရသည်။အောက်ကိုငုံ့ကြည့်လိုက်တော့ ဖိနပ်မပါသည့် ပိန်ပိန်ပါးပါးမည်းညစ်နေသည့်ခြေထောက်တစ်စုံကို တွေ့လိုက်ရသည်။ မြေကြီးက ကျောက်/ကလိုင်တွေဖြင့် ပြည့်နေ၏။သူ့ခြေထောက်တွေက တက်နင်းမိပြီး မနာတာကမှ ထူးဆန်းအံ့ဩစရာဖြစ်နေမယ်။ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ကုတင်ဘေးမှာ ကောက်ရိုးဖိနပ်တစ်ရံ ရှိနေသည်။အသုံးပြုထားတာ ကြာနေပြီမို့ ဘေးနားတစ်ဝက်လောက်က မဲညစ်နေပြီ ဖြစ်သည်။ကုတင်အောက်တွင် အခြားသော ကောက်ရိုးဖိနပ်အကြီးတစ်ရံနှင့် အသေးတစ်ရံ ရှိနေသေးကာ အားလုံးသည် အသစ်များဖြစ်နေသည်။သူသည် မဆိုင်းမတွပင် ကောက်ရိုးဖိနပ်အသစ်ကို ဝတ်လိုက်သည်။
တံခါးကိုဖွင့်လိုက်တော့ ခြံထဲမှာ သက်ကယ်အိမ်ဆောက်ထားတာကို တွေ့လိုက်ရသည်။တစ်ချက်ကြည့်လိုက်ရင် နောက်ပိုင်းမှာမှ ဆောက်ခဲ့တာလို့ ပြောနိုင်သည်။အနံ့အသက်ဆိုးသည် သူ၏နှာခေါင်းထဲသို့ ဝင်လာ၏။သည်းမခံနိုင်တဲ့အတွက် နှာခေါင်းကို အုပ်ထားလိုက်ရသည်။
"Snort..." ဆန့်ကျင်ဘက်ဝက်တဲတွင် ဝက်တစ်ကောင်က ခေါင်းပြန်မငုံ့ခင် သူ့ကို မော့ကြည့်လိုက်သည်။ ညစ်ပတ်နေတဲ့ ပါးစပ်ဖြင့် ကောက်ရိုးထဲတွင် ပြန့်ကျဲနေသော ဟင်းရွက်များကို ဆက်တူးဆွနေသည်။ပြီးတော့ အဲဒီဟင်းရွက်တွေရဲ့ဘေးမှာ ဝက်ချီးပုံးကြီးတစ်ခုလည်းရှိနေသည်။ချင်မျန်သည် ပျို့အန်မိလာတာကြောင့် သူပါးစပ်ကို တင်းတင်းပိတ်ကာ အိမ်မကြီးဆီသို့ ပြန်လာခဲ့သည်။တံခါးကိုတွန်းဖွင့်ပြီးနောက် အော်ခေါ်လိုက်သည်။မရင်းနှီးတဲ့ အသံက အနည်းငယ် အက်ရှနေ၏။ "ဒီမှာ တစ်ယောက်ယောက် ရှိလား?"
ဘယ်သူမှ မဖြေပေ။
အသံကို မြှင့်ပြီး ထပ်ခေါ်လိုက်သည်။အဖြေပြန်မရသောအခါ မျက်မှောင်မကြုတ်ဘဲမနေနိုင်။အနှီခန္ဓာကိုယ်သည် အလွန်နာကျင်တတ်ပြီး ပျော့ပြောင်းအားနည်းလွန်းလှသည်။သူသည် စကားအနည်းငယ်မျှသာ အော်ပြောနေသော်လည်း ခွန်အားများ ကုန်ဆုံးသွားသလိုပင်။ဒီခန္ဓာကိုယ်က နေမကောင်းဖြစ်နေလားလို့ မတွေးဘဲမနေနိုင်တော့ပေ။
ညာဘက်ကို လှမ်းကြည့်လိုက်တော့ အဝင်တံခါးက ပိတ်ထားသည်ကိုတွေ့လိုက်ရသည်။ဝင်ပေါက်တံခါးကို ပျဉ်ပြားများစွာဖြင့် ဖာထေးထားပြီး ပျဉ်ပြားအက်ကွဲကြောင်းများမှ အလင်းတန်းများ ဖျတ်လတ်စွာ ထွက်ပေါ်နေသည်ကို သူမြင်နေရသည်။
ချင်မျန်သည် ဝင်ပေါက်တံခါးကိုဖွင့်ပြီး ဝက်နံ့တွေထွက်နေတဲ့အဆိပ်အတောက်နေရာကနေ လွတ်မြောက်ရန် ခြေလှမ်းများစွာ လှမ်းခဲ့သည်။လေပြင်းတစ်ချက်တိုက်ခတ်လာတော့ လတ်ဆတ်တဲ့လေကို သူတစ်ရှိုက်ကြီး ရှူသွင်းလိုက်သည်။
ကောင်းကင်ရဲ့ ဘယ်ဘက်ခြမ်းမှာ နေမင်းကြီးသည် မနက်ခင်းလား နေဝင်ချိန်လား မသိနိုင်တဲ့ အမြင့်တစ်ဝက်လောက်တွင်ရှိနေသည်။စိမ်းစိုနေတဲ့ သစ်ပင်တွေပေါ်မှ နေရောင်သည် အလင်းတန်းများကို ရောင်ပြန်ဟပ်နေကာ လေတိုက်သွားလျှင် ရွှေရောင်တလက်လက်ဖြင့် တောက်ပနေသည်။မီးခိုးခေါင်းတိုင်များစွာသည် တစ်ခုနှင့်တစ်ခု မဝေးသော အိမ်တန်းများတွင် စိုက်ထူလျက်ရှိနေပြီး မီးခိုးခေါင်းတိုင်များမှ မီးခိုးများက ကောင်းကင်သို့ လွင့်ပျံနေသည်။မျှော်ကြည့်တော့ အဝေးတွင် ကွင်းပြင်ကြီးတစ်ခုရှိနေသည်။စိမ်းလန်းနေသည့် ကောက်ပဲသီးနှံများသည် လေတိုက်သွားလျှင် ရှည်လျားစိမ်းလန်းသည့် လှိုင်းလုံးများသဖွယ် လွင့်နေစေသည်။လယ်ကွင်းထဲမှာ လယ်သမားတွေက ကျောတကုန်းကုန်းဖြင့် အလုပ်ရှုပ်နေကြသည်။နွားတွေက တောင်ကြောပေါ်က မြက်တွေကို စားရင်း အမြီးတွေ ယမ်းနေ၏။။ဟိုးအဝေးက စိမ်းစိုနေတဲ့တောင်တန်းကြီးတစ်ခုရဲ့ ထိပ်မှာ စိမ်းစိုနေတဲ့ သစ်ပင်တွေ စီတန်းနေလျက်။တောင်စောင်းတစ်ဝိုက်တွင် မီးခိုးမြူမှုန်များ ရစ်ဝဲနေသဖြင့် ၎င်းကို နတ်သမီးနယ်မြေတစ်ခုလို ဖြစ်စေသည်။ အမျိုးအမည်မသိသော ဦးတည်ရာဆီမှ နွားသိုးအော်ဟစ်သံများ၊ ခွေးဟောင်သံများနှင့် ရောထွေးနေသည့် မပီမသဆူညံသံများ ထွက်ပေါ်လာသော်လည်း ဆန့်ကျင်ဘက်အားဖြင့် ဒီရွာ၏ ငြိမ်းချမ်းမှုကို ပို၍ပင် ထင်ဟပ်စေပါသည်။
Advertisement
ဘယ်လောက်တောင် အေးချမ်းလောက်တဲ့ရွာလေးလဲ!
ချင်မျန်သည် သူ့အခြေအနေကို နားမလည်နိုင်သေးသရွေ့ ရွာပတ်,လမ်းလျှောက်ရန် စိတ်မ၀င်စားသေး။သူသည် အားပြန်ဖြည့်ရန် ကွန်ကရစ်တောထဲတွင် အချိန်အတော်ကြာ ထိုင်ခဲ့ပြီး ထိုကဲ့သို့သော ရွာလေးတစ်ရွာက သူအကြိုက်တွေ့စေခဲ့သည်။
ထိုအချိန်တွင် အသက် ၆၀ ခန့် အဘွားအိုတစ်ဦးသည် ကောက်ရိုးပုံနောက်ကွယ်မှ ရောက်ရှိလာပြီး ညာဘက်လက်မောင်းတွင် တောင်းတစ်ခုနှင့် ထိုထဲတွင် ရေစိုအဝတ်အစားများပါရှိသည်။
ချင်မျန်သည် အဘွားကြီး၏ဆံညှပ်နှင့် ရှေးကျတဲ့ အဝတ်အစားတွေကို မြင်လိုက်ရသည်နှင့်တပြိုင်နက် သူ့နှလုံးခုန်သံများ ဆောင့်တက်သွားရသည်။သူသည် အခြားသူတစ်ဦး၏ခန္ဓာကိုယ်တွင် လူပြန်ဝင်စားရုံသာမက ရှေးခေတ်ကိုပါ ရောက်သွားတာများလား?
လူတစ်ယောက်ကိုတွေ့ဖို့ဆိုတာ မလွယ်တာမို့ အဘွားကြီးကို သွားမေးမြန်းကြည့်ရမလားလို့ တွေးနေပေမယ့် အဘွားကြီးကတော့ ရုတ်တရက်လျှောက်လာပြီး သူ့ဆီ တည့်တည့်ရောက်လာသည်။ သူမ၏အမူအရာမှာ အလွန်ဆိုးရွားနေပြီး သူမ၏ပါးလွှာသော နှုတ်ခမ်းနှစ်လွှာကို တင်းတင်းစေ့ထားကာ ဒေါသထွက်နေသည့် အရှိန်အဝါမျိုးကို ပြသနေသည်။
"နင် နိုးပြီးကတည်းက ဝက်တွေကို ဘာလို့မကျွေးခဲ့တာလဲ? ရှုခင်းကြည့်ဖို့ ဒီမှာထိုင်နေတာလား ဟမ်?!"
ချင်မျန်က စိတ်ထဲတွင် ပြောလိုက်သည်;တကယ်ပဲ ရှုခင်းတွေကို ကြည့်နေတာလေ။အဘွားကြီးက တကယ်ပဲ သူထွက်လာတဲ့ ခြံဝင်းထဲကို ဝင်သွားတာကို မြင်လိုက်ရတော့ သူနဲ့အဘွားကြီးကြားက လက်ရှိဆက်ဆံရေးက ဘယ်လိုရှိလဲ မသိတော့ဘူး။သူ့နှာခေါင်းကို ညှစ်ပြီး လမ်းလျှောက်ဝင်လာရင်း ဗိုက်ထဲကနေ တဟုန်းဟုန်း မြည်လာသည်။
သူ ဗိုက်ဆာနေပြီ!
တုရှီသည် ကြိုးပေါ်တွင် အဝတ်များကိုလှမ်းနေသော်လည်း သူ့နောက်တွင် လှုပ်ရှားမှုမရှိသေးတာကို သူမသိသောအခါ သူမခါးကိုလှည့်ကာ ဒေါသတကြီးအော်ဟောက်လိုက်သည်။
"အကြီးဆုံး(ပထမ)မိသားစု!နင် သေပြီလား?ဟမ်!ဝက်ကို မြန်မြန် အစာသွားကျွေး!"
"အကြီးဆုံးမိသားစုက သားကြီးလား ဒါမှမဟုတ် အကြီးဆုံးမိသားစုက ဘာလဲ?" ချင်မျန်က တွေးလိုက်သည်။အဘွားကြီးမှလွဲ၍ သူသည် ဤနေရာတွင် တစ်ဦးတည်းသော သူသာ ရှိနေပြီး အဘွားကြီး၏အော်ငေါက်ခြင်းကို မခံချင်သော်လည်း သူ့အကြောင်းသူသာ ဖြစ်သည်။ထို့ကြောင့် သူသည် သက်ပြင်းအသာချကာ ထိုနေရာသို့ လျှောက်လှမ်းခဲ့သည်။
တုရှီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "ဝက်တွေကို သွားကျွေး!"
"မရဘူး" ချင်မျန်က ညင်သာစွာ ပြုံးပြီး "ကျွန်တော့်ကို သင်ပေးဖို့ အဘွားကိုပဲ နှောင့်ယှက်ရတော့မယ်"
တုရှီ၏မျက်နှာမှာ မည်းမှောင်သွားသည်။သူမသည် ပတ်ပတ်လည်ကိုကြည့်ကာ ဟောင်းနွမ်းနေသောတံမြက်စည်းတစ်ချောင်းကို ကောက်ကိုင်လိုက်ပြီး
ချင်မျန်၏ခန္ဓာကိုယ်ဆီသို့ လှမ်းရိုက်လိုက်သည်။ "မရဘူး?နင်ရော ထမင်းစားလား!မစားဘူးလား!နင် ငါ့ကိုဒေါသထွက်အောင် လုပ်ဖို့ကြိုးစားနေတာလား?"
ချင်မျန်က အံ့သြသွားသည်။အဘွားကြီးသည် စကားတစ်လုံးမှမပြောဘဲ တစ်စုံတစ်ဦးကို ရိုက်ရအောင် ရူးများနေတာလားဟု စိတ်ထဲမှာတွေးတောလိုက်ရင်း တံမြက်စည်းကို လှမ်းကိုင်လိုက်သည်။ဒါပေမယ့် သူ့အသက် 11-12 နှစ်လောက်သာရှိသေးတယ်ဆိုတာကို သူမေ့သွားခဲ့ပြီး သူ့ကျန်းမာရေးက ညံ့ဖျင်းတာကြောင့် အဘွားကြီးရဲ့ပြန်ဆွဲအားကို ပြင်းပြင်းထန်ထန် ခံလိုက်ရသည်။သူ့လက်ပေါ်မှ နာကျင်လာတာကြောင့် ဆုပ်ကိုင်ထားသည်ကို လွတ်သွားကာ မြေပြင်တွင် လဲကျသွားလေသည်။
"နင် ဘယ်လိုတောင် ပြန်လုပ်ရဲရတာလဲ?နင် ဒီကိုပြန်လာခဲ့စမ်း!" တုရှီက တံမြက်စည်းကို မြှောက်လိုက်ပြီး နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ ရွယ်လိုက်သည်။
ချင်မျန်၏မျက်နှာသည် အေးစက်စွာ မည်းမှောင်သွားသော်လည်း သူ့တွင် ရှောင်ရန်အင်အားမရှိပေ။စိတ်ထဲမှာတော့...' ကံဆိုးချက်!ငါ ခဏတာ ဒုက္ခ(နာ)ရောက်သွားမှာတော့ ကြောက်တယ်!အဘွားအိုက အသက်ကြီးပေမယ့် အရမ်းသန်မာ၏။
စောင့်မျှော်နေသည့် ဝေဒနာသည် ချင်းမျန်အပေါ်သို့ ရောက်မလာတော့ အပေါ်ပြန်ကြည့်ရင်း တုရှီ၏မျက်နှာသည် မြင်မကောင်းရှူ့မကောင်း မျက်မှောင်ကြုတ်နေသည်ကို သူတွေ့လိုက်ရသည်။
ချင်မျန်သည် နောက်ပြန်လှည့်ကြည့်လိုက်တော့ တံမြက်စည်းကို အရပ်ရှည်တဲ့လူတစ်ယောက်က ကိုင်ထားလိုက်တာကိုတွေ့လိုက်ရသည်။အရင်က ဒီလူကို တစ်နေရာရာမှာ မြင်ဖူးသလိုပဲ!
"အမေ...သူက ကျွန်တော့်မိန်းမလေ"
ချင်မျန်သည် ပြင်းထန်စွာ ချောင်းဆိုးလိုက်မိသည်။ထိုလူကိုမြင်ဖူးသည်ကို အံ့ဩစရာမရှိ။မနေ့ညက သူ့ကို "မိန်းမ" လို့ ခေါ်လိုက်တဲ့ သူ အတိအကျပဲ!
▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
[Zawgyi]
လွန်ခဲ့သော ၁၁ လခန့်က.....
"မင်း...မင်း....မင်းဘယ်သူလဲ?"
"မိန်းမ...ရေသောက်လိုက်"
Advertisement
ဘယ်သူမှ မဖြေပေ။
သူ ဗိုက်ဆာနေပြီ!
Advertisement
- In Serial29 Chapters
Seeker
The Gods are dead As they bled dry, so did the magic which gave them birth. In the new era of technology, its pathetic remnants must hide in the shadows or be locked away. In the ancient era of magic two beings often stood out: Galileo, an immortal scholar obsessed with knowledge and Angelica, the most loyal servant of the greatest among the now dead Gods. But why are they worthy of mention? Because after millennia of isolation, the two emerge in the new world beyond their reckoning. The entire story is told from the third person, however, each chapter will be told from the perspective of only one of the characters. This will be signified by the first letter of their names after the chapter number to avoid confusion. I submitted this fiction as a [participant in the Royal Road Writathon challenge] as well as a participant in National Novel Writing Month. The original challenge had been to finish this entire faction within the month of November reaching the 55.5k word minimum. This goal had been achieved. I do not own the cover picture
8 258 - In Serial52 Chapters
The Gray Mage
The Great Collapse shattered the world, altering its terrain and destroying governments. At the same time, it brought magic to the world in a wave of chaos. Only the Gray Mage, who appeared just as suddenly as magic and disappeared just as fast, saved humanity from the destruction magic's arrival brought. A century and a half later, the world is run by the Orders, the Guilds, and the Families, an uneasy peace between the three as the end of the Third Age of Magic draws near. Ryan Novar, heir of the most powerful Family, was born blind. During his Appraising, however, he learned that he possessed great magical potential, which would be wasted due to his blindness. Determined to not waste his magical potential and to overcome his blindness through magic, Ryan set a goal for himself: become the second Gray Mage. While working towards this goal, Ryan discovers secrets about the Great Collapse, the Gray Mage, and the paradox that was his own birth. Release Schedule: Tuesdays, Thursdays, and Saturdays by 11:59 PM CST (+/- 1 day)
8 131 - In Serial42 Chapters
Journey of the Cursed
The HeadlessChickenCrew presents our DND adventure with minor artistic liberties. A highly dysfunctional party gets cursed and are forced to play along with the whims of a Mad God who makes it his goal to make their life into a never ending journey for his personal entertainment. Queue the party wipes, failed skill checks, the total lack of teamwork, friendly fire and the utter chaos of 4 men on a mission to have a good time. The story starts with 2 humans and a Harengon, rabbit folk, and will devolve into whatever ends up happening. Expect a long adventure with multiple parties and their journey.
8 164 - In Serial65 Chapters
Luv A Thug (Key Glock)
Key Glock comes into the radio station that Chalynn works at and they both catch each others eye. Even though they are opposites from each other they decide to try it out. Will Key's life style be too much for Chalynn or will she learn to love a thug ? This is a fictional story, the characters are real people however the things I write about them are fictional. They do not reflect the person in anyway, I repeat, this is a fictional story. Cover By @xoroyaltywritesBook One; Luv A ThugBook Two; Lost N Luv#1 in #Luv 4/12/2022 & 6/5/2022#1 in #Babydaddy 4/18/2022#1 in Contemporary Lit 6/5/2022
8 192 - In Serial5 Chapters
Trở lại tuổi 18 [ Giới giải trí ] - Ủy Quỷ Ô Y
Hoàn.Chán nản trung niên Kiều Kha trở lại mười tám tuổi, làm nóng người chuẩn bị ngược tra đi tới đỉnh cao nhân sinh, lại phát hiện trừ mình ra thế giới vẫn là thế giới kia, cặn bã vẫn là ảnh đế, mà chính mình thành cái không có tiền không hộ khẩu không hộ khẩuLệ Dung: Đáng thương tiểu tử, theo ta về nhà đi, ta sẽ chăm sóc thật tốt ngươiKiều Kha:???--------------------Lệ đại tổng tài có một nuôi trong nhà tiểu mỹ nhân, mềm nhu ngon miệng, ngoan ngoãn nghe lời, cười lên còn có nhợt nhạt quả lê cơn xoáy, nhan khống ung thư thời kì cuối Lệ tổng trong lòng ngọt như mật, luôn yêu thích trêu trêu chính mình tiểu mỹ nhânLệ Dung: Kiều Bối Bối hôn một cáiKiều Kha:... (đến gần hôn)Lệ Dung: Hảo ngoan a tiểu bảo bốiNhưng mà --Kiều Kha: Ân? Tiểu sao?Lệ Dung:... Lớn, rất lớnGiả heo ăn hổ làm nũng bán manh ngụy mềm nhu thật nam thần (lão tài xế) công x tự cho là rất già tài xế kết quả phát hiện núi cao còn có núi cao hơn nho nhã tổng tài thụPS: Kiều Kha chính là Kiều Bối, chủ côngNội dung nhãn mác: Thế giới giải trí? Trùng sinh? Ngọt văn? Hiện đại không tưởngTìm tòi then chốt chữ: Vai chính: Kiều Bối (Kiều Kha), Lệ Dung ┃ vai phụ: Tề Mộc Thanh ┃ cái khác: Chủ công
8 134 - In Serial52 Chapters
second best // dnf
| completed |the dream team meet up in Florida for two weeks in the summer. everything is fine to begin with however, dream has a crush on george but george has a boyfriend. then, after a while sapnap also develops feelings for George. will these three best friends remain best friends when all of their secrets start to unravel...angst :)tw/cw: blood | death | hospitals | panic attacks | alcohol | violence | gore | language |please read tw and cw before reading the story as they are not listed in the chapters| Sequel currently being re-edited |
8 186