《ရင်ခွင်ကောင်းကင်(completed)》Ep-26
Advertisement
{ချစ်သူရဲ့လက်ထပ်ခွင့်ကိုရရှိခဲ့တဲ့ Star ရဲ့ ပဲ့ကိုင်ရှင် ဉီးကောင်းကင်သစ် }
ဆိုတဲ့သတင်း ဟာ အင်တာနက်စာမျက်နှာမှာ
ဓာတ်ပုံနဲ့တစ်ကွ ပြန့်နံှနေသည်။
( သွားပါပြီး ငါဉီးတစ်ယောက်ပါသွားပြန်ပြီ)
(ဂုဏ်ယူပါတယ်နော် အဲ့လိုလေးလက်ထပ်ခွင့် တောင်းခံရရင်သေပျော်ပါပြီ)
( လက်ထပ်ခွင့်တောင်းခံရတဲ့ သူကတို့ပါနော်)
(ကောင်မလေး ပုံကသေချာမမြင်ရပေမဲ့တော်တော်တော့လှမဲ့ပုံလေး)
(ဟုတ်ပါတယ် တို့ပါ လူတွေအာရုံစိုက်မှာဆိုးလို့မပြတာပါ)
( ရယ်ရတယ်နော် အစ်မ😂😂)
ထောက်ခံတဲ့သူနဲ့ အသည်းကွဲတဲ့သူ ပြီးတော့
သူတို့ကောင်လေးတွေကို mention ခေါ်ကာ
ဉီးကောင်းကင်သစ်က ဘယ်လိုသူကောင်မလေးကို romatic ဆန်စွာလက်ထပ်ခွင့်တောင်းတာ စသည်ဖြင့်သူတို့ သတင်းဟာ
လူပြောအများဆုံး ဖြစ်နေသည်။
"ဒီကိစ္စကို ရှင်းစမ်းပါအုံး "
ဒေါ်စံမမှီှီ သတင်းစာကိုသူမသားရှေ့သို့ပစ်ချကာ သတင်းစာကို တစ်ချက်ပဲကြည့်ကာ
သူမအားပြန်ကြည့်လာသော သူမသားကြောင့်
"မင်းကို ငါတားနေတာတောင်မင်းကနောက်မဆုတ်မဲ့အပြင် လက်ထပ်ခွင့်တောင် လူသိရှင်ကြား တောင်းနေတယ်ပေါ့ဟုတ်လား"
"မာမီ ဘာပြောပြော ကျနော်ကရှေ့ဆက်မှာပဲ မာမီသားကိစ္စထက် မာမီကိစ္စကို အာရုံစိုက်လိုက်ပါ"
"ဘာ င့ါကိစ္စ ကဘာကို"
"မာမီ ကာစီနိုဝိုင်းမှာလောင်းကစားအကြွေးတွေရှိတာ သားသိတယ် အဲ့ကာစီနိုကလဲ ဂျူလီယာ အဖေအပိုင် ဒယ်ဒီကို တောင်းရင်
ဒယ်ဒီစိတ်ပျက်မှာကို မာမီကြောက်တော့
သားကို လက်ထပ်ပေးပြီးအမြတ်ထုတ်မယ်ပေါ့ မာမီခက်ခဲနေတာကို ကျနော်ကကူညီမှာပါ ဒါပေမဲ့ကျနော် လက်ထပ်မှာကိုတော့ မနှောက်ယှက်ပါနဲ့ "
"သား မာမီက သားကိုအမြတ်ထုတ်တာမဟုတ်ပါဘူး သားကောင်းဖို့ပါ"
"ရပါတယ် မာမီ ကျနော်ကောင်းဖို့အတွက်ဆိုရင် ကျနော်အတွက် သူမရှိဖို့ပဲလိုတယ်"
"ကောင်းပြီးသား မာမီမှားတာရှိရင် ခွင့်လွှတ်ပါ မာမီသွားပြီ "
"မာမီ အကြွေးတွေကို ကျနော်ဆပ်ပေးမှာပါ
ဒယ်ဒီကိုလဲမပြောပါဘူး မာမီလောင်းကစားတွေ မလုပ်ဖို့ သားတောင်ဆိုပါရစေ"
"အင်းပါ သားရယ် မာမီသွားပြီနော်"
ဒေါ်စံမမှီှီ သူမသားရုံးခန်းထဲက ထွက်လာခဲ့သည်။သူမကိစ္စတွေကို သူမသားဘယ်လိုသိသွားလဲ မသိပေ။နိုင်ငံခြားမှာ နေရင်း ဂျူလီယာတို့မိသားစုနဲ့ရင်းနှီးခဲ့ကြသည်။ဂျူလီယာ
အဖေက မြန်မာလူမျိုးဖြစ်တာကြောင့် သူ့သမီးကို မြန်မာတစ်ယောက်နဲ့ပေးစားချင်သည်။ကောင်းကင်ကိုလဲ တွေ့ဖူးတာကြောင့်
သမက်တော်ချင်သည် သူမအကြွေးတင်တော့ သူမသားနဲ့သူ့သမီးကို ပေးစားချင်ကြောင်း ပြောလာသည်။အသိုင်းုင်းအဝိုိုင်းကြီးတာကြောင့် သူမလဲသားနဲ့ပေးစားချင်ခဲ့သည်။ခုတော့ သူမသားကအကုန်လုံးသိပြီး
သူ့ချစ်တဲ့သူနဲ့ပဲလက်ထပ်ချင်တယ် ဆိုတော့
သူမမနှောက်ယှက်တော့ပေ။
ပီတိသူမတို့ သတင်းတွေကို ကြည့်ပြီး
သူမကိုယ်တိုင်တောင် လက်ထပ်ခွင့်တောင်းခံရတာနဲ့ပတ်သတ်ပြီး ခုချိန်ထိမယုံနိုင်အောင်
ဖြစ်နေသည်။မနေ့က ကိုကိုကအိမ်ကိုလိုက်ပို့ရင်း မနက်ဖြန်လူကြီးတွေနဲ့လာတွေ့မယ် ဆိုတာကြောင့် ခါတိုင်းကာတွန်းဝမ်းဆက်ကိုသာ ဝတ်သောသူမက မြန်မာချည်ပေါင်းသား ဝမ်းဆက်လေး ဝတ်ထားသည်။အဖေနဲ့မေမေကို ကြိုမပြောရဲတာကြောင့် ကြိုမပြောထားမိ။ကိုကိုလာမှ မီးစင်င်ကြည့်ကတော့မည်။
ဒေါ်ကြည်ပြာတစ်ယောက် မီးဖိုခန်းမှာ ဟင်းချက်နေရင်း ဘဲလ်သံကြားတာကြောင့် ဟင်းအိုးကိုမီးပိတ်ကာ ခြံတံခါးသို့လျှောက်လာလိုက်သည်။လူကြီးများနဲ့သားသားနားနား လူငယ်တစ်ယောက်ကိုကြည့်ရင်း
" ဘာကိစ္စများ ရှိလို့ပါလဲရှင့်"
သူမမေူလိုက်တော့ လူကြီးတစ်ယောက်က
" ဒီလိုပါညီမ ဒီကမြတ်နိုးပီတိတို့အမေလားမသိဘူး"
"ဟုတ်ပါတယ်"
"ကျနော်တို့က ကိစ္စရှိလို့ပါညီမတို့နဲ့စကားပြောလို့ရမလား"
"ဟုတ်ကဲ့ အိမ်ထဲဝင်ပါအုံးရှင့်"
လူကြီးတွေ အကုန်လုံးကို ခုံမှာထိုင်ခိုင်းလိုက်ပြီး သမီးဖြစ်သူအားခေါ်လိုက်သည်။
" ပီတိရေ သမီးလာပါအုံး"
ခုနကားသံကြည်းကတည်းက အောက်ဆင်းကာ အခြေအနေကြည့်နေသော သူမ မေမေခေါ်တာနဲ့ မေမေနားရောက်လာသည်။ဧည့်ခန်းထဲမှာ လူကြီးတွေနဲ့ထိုင်နေသော ကိုကိုက
ပုဆိုးနဲ့လည်ခတုံး ဝတ်ထားကာခန့်ညားနေသည်။သူမကို ပြုံးကြည့်နေသော ကိုကို ကို တစ်ချက်ပြုံးပြကာ မေမေခိုင်းတဲ့အတိုင်း
စားစရာသွားပြင်လိုက်သည်။ရင်ထဲမှာတော့
ဒိတ်ဒိတ်မြည်နေသည်။
"သမီး ဧည့်သည်တွေအတွက် ဧည့်ခံဖို့တစ်ခုခုသွားလုပ်လိုက်အုံး အဲတာမလုပ်ခင်င်သမီးအဖေကို အရင်င်လွှတ်လိုက်"
"ဟုတ်"
ခနလောက်နေသော သူမယောကျာ်းဉီးမျိုးထွန်း ရောက်လာသည်။
" ဟုတ်ကဲ့ ဒီကဘာကိစ္စရှိလို့လဲခင်ဗျ"
"ဒါက Star group ကဟceo ကောင်းကင်သစ်ပါ ကျနော်ကတော့သူဉီးလေးပါ
ကျနော်တို့ လာရတဲ့အကြောင်းအရင်းကတော့ ဟောဒီကကျနော်တူနဲ့ ခင်ဗျားတို့ရဲ့သမီးလေးက ရည်ငံနေတာကြောင့် ကျနော်တို့ လူကြီးတွေအနေနဲ့ သမီးရှင်ဆီလာမြန်းတာပါ"
ဒေါ်ကြည်ပြာနဲ့ဉီးမျိုးထွန်းတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်။သူတို့ သမီးကတော့ သူတို့ကိုဘာမှမပြောထားပေ။
ရည်းစားရှိတယ်လို့လဲ မထင်မိပေ။
"ဟုတ်ပါတယ် အန်ကယ်နဲ့အန်တီ ကျနော်တို့နှစ်ယောက်ကို ခွင့်ပြုစေချင်ပါတယ်"
စကားပြောလာသော လူငယ်အားကြည့်ပြီးလင်မယားနှစ်ယောက် တွေးလိုက်တာတော့
ရုပ်ရည်ရော အရည်အချင်းပါ ပြည့်ဝသည့်လူငယ်ဟူ၍ပင်။
"အဲဒါကတော့ လူငယ်ချင်းသဘောကျရင် ကျမတို့ဘက်ကလက်ခံစရာတော့ မရှိပါဘူး
သမီးလေးရဲ့ သဘောထားအတိုင်းပါပဲ
အခုလို မိသားဖသားပီပီလာတောင်းတာပဲ
သမီးလေးအတွက် ဝမ်းသာပါတယ်ရှင့်"
"ဟုတ်ကဲ့ အဲဒါဆို သမီးလေးကိုခေါ်ပြီးသူဆန္ဒကို လူကြီးတွေရှေ့ မေးရမှာပေါ့"
"သမီးရေ လာပါအုံး"
"ဟုတ် မေမေ"
မုန်ဗန်းကို ချကာ နေရာချပေးပြီး မေမေဘေးနားဝင်ထိုင်လိုက်သည်။
"သမီးလေးရဲ့ သဘောထားလေးသိချင်လို့ပါ"
သူမရှေ့မှာ ထိုင်နေသောကိုကို ကိုတစ်ချက်ခိုးကြည့်သော ကိုကိုကမျက်စိတစ်ဖက်မှိတ်ပြသည်။သူမရှက်ရွံစွာနဲ့ပဲ ခေါင်းညိတ်ကာ
"ဟုတ်ကဲ့ ပီတိလက်ခံပါတယ်"
ပြောပြီး ကိုကို ကိုကြည့်တော့ မျက်နှာကပြုံးရွှင်နေသည်။ကိုကို ဘေးနားကအန်တီကလဲ သူမကိုကြည့်ကာ ပြုံးပြနေနာကြောင့် ပြန်ပြုံးပြမိသည်။အဲ့အန်တီကပဲ သူမလက်ထဲက ရတနာဗူး သုံးဗူးကို စားပဲွပေါ်တင်ကာဖွင့်ပြီး
"ဒါကတော့ သမီးလေးအတွက် တင်တောင်းတာပါ ဒါလေးက မြတစ်ဆက် ဒါကပတ္တမြား ဒါကတော့စိန်တစ်ဆင်စာပါ တင်တောင်းငွေကတော့ သိန်းတစ်သောင်းပါရှင့်
ညီမတို့ ဘက်ကလက်ဖွဲ့ပစ္စည်းတွေအပြင်
သားကောင်းရဲ့ပိုင်ဆိုင်မှုတွေပါ အပါလက်ဖွဲ့မှာပါ"
"ဟုတ်ကဲ့ တင်တောင်းငွေ သိန်းတစ်သောင်းကတော့ များလွန်းပါတယ်အစ်မ ညီမတို့ဘက်ကသမီးကို တင့်တောင်းတင့်တယ်ဆို ရပါပြီ"
"ညီမရယ် ဒါကကျမတို့သားကောင်းက
သမီးလေးကိုသူနဲ့သဘောတူပေးလို့ ကန်တော့တဲ့ငွေလို့ သဘောထားပါ"
"ဟုတ်ပါတယ် လက်ခံလိုက်ပါ"
လူကြီးတွေကပါ လက်ခံခိုင်းတာကြောင့် ဒေါ်ကြည်ပြာ လက်ခံလိုက်ရသည်။သူမ သမီအတွက် သူမဂုဏ်ယူမိသည်။
"အန်တီလောတယ်လို့တော့ မထင်ပါနဲ့စေ့စပ်ပွဲကို နောက်တစ်ပတ်မှာလုပ်ချင်ပါတယ်ခင်ဗျ"
"အဲဒါဆိုလဲ နောက်တစ်ပတ်ပေါ့ ပြင်ဆင်ရမှာကရော"
"ကျနော် ပြင်ဆင်ထားပါတယ်"
"အဲဒါဆိုနောက်တစ်ပတ်ပေါ့ "
လူကြီးများ နောက်ထပ်အစီအစဉ္များကို ဆွေးနွေးနေကျသည်။ကိူကိုကတော့ သူလိုချင်တာတွေ ဝင်ပြောပေမဲ့ သူမကတော့နားထောင်သူ သက်သက်သာ ဒီလိုနဲ့ဆွေးနွေးတာပြီးသွားတော့ ကိုကိုတို့ပြန်သွားကြသည်။
#Moon shine
Advertisement
- In Serial40 Chapters
Secret Marriage To Test Compatability : The Wife Is Poisoned
"On the day of the wedding, Fang Qing was betrayed by her own fiance. The wedding that was originally planned for her was not her, but her stepmother's daughter.
8 902 - In Serial444 Chapters
Sugar And Spice: The CEO’s Feisty Wife
Feng Xinying was an heiress of a billion dollar empire. She was a model by profession, a celebrity hailed by all as a winner in life.
8 2628 - In Serial42 Chapters
Lily Bouquet - A Girls Love Anthology
Lily Bouquet is a collection of different short stories with a common theme: they're all stories about love between girls. The stories might vary in themes and genre, but they're all focused on the romantic relationship between two or more girls. While some stories might be a continuation of previous ones, this will be mentioned at the start, so any story can be read by itself.
8 121 - In Serial7 Chapters
Baby Daddy Facade
"But Angelo, I love you and we could be together and we won't have to abort our baby." I sobbed my eyes becoming red."Raina, listen it's not Ours that's your responsibility and secondly I'm sorry, I can't return those feelings...we fucked that's all there was to it." He spurt coldly and my heart broke it a million pieces making me cry even more when he left banging my office door.-Raina Williams a preachers kid, who believes in love, a successful lawyer. She just finished college and is currently working at a well-known law firm. She meets Angelo Le roux, her bosses son from Netherlands, the arrogant billionaire bachelor who doesn't do commitment. He doesn't have to sweep her off her feet to get her into bed. She gets pregnant and he tells her off to get an abortion.. but does she really ? she is after all a preachers kid.
8 213 - In Serial27 Chapters
Hunter's Beta (mxm)
Alpha- fearless leader stronger than any other shifter.Beta- second in command and faithful confident.Finding out that their mates proves to be less important than stopping a deadly pastime enemy emerging from the darkness to destroy their kind.
8 192 - In Serial39 Chapters
With You |COMPLETED
|#4~ Highest Rank In Teen Fiction| UNDER MAJOR CONSTRUCTION. (I wrote this when I was younger and realized how awful it is lol)Damien Ryan Carter is the schools bad boy, he is blunt with his words and doesn't care if he picks a fight or two. He is a beautiful god and he knew that, everyone did. He was a player that had a amazing way with words and he practically owned the school. he had a way of scaring people, make them wish they never crossed paths with him. The school parted for him like a sea and he liked it like this. No one messed with him, he was to powerful. Or at least he thought he was. Meet Thea Evens, the new girl. She is blunt, sweet, and knows exactly how to push Damien's buttons. She is everything he isn't and maybe that's why the school was starting to love her. She had a way with words and her beautiful eyes captivated everyone in the room. She was precious, the schools very own angel. Thea was mean when needed and occasionally uses a strong vocabulary but her charming commercial smile would make the world melt away.when these two cross paths the whole school is talking. they were polar opposites....or at least they thought.This is the story of how a girl found her place in this world and a boy found his way home...-------⚠️ there is strong language in this book ⚠️ Book cover was made by @igoodbookShe's really amazing. Go check her out.
8 165

