《ရင်ခွင်ကောင်းကင်(completed)》Ep-1

Advertisement

"မမရေထတော့ ဒီနေ့အလုပ်အင်တာဗျူး ဖြေမလို့ဆိုပြီးမထသေးဘူးလား"

"ဟာ....ဘယ်ချိန်ရှိသေးလို့လာနိုးနေတာလဲ "

"ကိုးနာရီထိုးနေပြီ မစောတော့ဘူးမထလဲနေတော့"

အင်တာဗျူးက၁၀ခွဲချိန်းထားတာ မြို့ထဲဘက်ကိုကားစီးတာနဲ့တောင်အချိန်ကနောက်ကျတော့မှာပဲ အိပ်ရာကမြန်မြန်ထသန့်ရှင်းရေးမြန်မြန်လုပ်ပြီ ညကမီးပူတိုက်ထားတဲ့

မြန်မာဝတ်ဆုံလေးကိုထုတ်ဝတ်လိုက်သည်

ဆံပင်ကိုဘီးနဲ့တစ်ချက်နှစ်ချက်သပ်လိုက်ပြီမျက်နှာကို skin care လိမ်း ပေါင်ဒါလေးပုတ် နှုတ်ခမ်းနီ ပန်းရောင်ဆိုးပြီးအလှပြင်တာပြီးလေသည်။

အောက်ထပ်ရောက်တော့အလုပ်သွားဖို့ပြင်နေတဲ့အဖေကို"အဖေအလုပ်သွားတော့မှာလား သမီးကိုလမ်းကြုံခေါ်ချင်ဘူးလား"

"အဖေကခုသွားတော့မှာ သမီးကမနက်စာမစားတော့ဘူးလား" "မစားတော့ဘူး ခုပဲလိုက်ခဲ့လိုက်တော့မယ်" "မေမေရေ မနက်စာမစားတော့ဘူးသမီးသွားတော့မယ်" မီးဖိုချောင်ထဲမှာဟင်းချက်နေတဲ့အမေက ထွက်လာပြီး "အေး...သွားသွားဂရုစိုက်အုံး မစားမသောက်ပဲသွားပြီရင်ဗိုက်ဆာနေအုံးမယ်" အမေကိုနှုတ်ဆက်ပြီးကားပေါ်ကစောင့်နေတဲ့အဖေကားပေါ်တက်ပြီထွက်လာခဲ့သည် ။

ပီတိတို့အိမ်မှာမိသားစုလေးယောက်ပဲရှိသည်။အဖေကကုမ္ပဏီတစ်ခုမှာမန်နေဂျာဖြစ်ပြီး အမေကအင်းစိန်စျေးထဲမှာအထည်ဆိုင်ဖွင့်ထားသည်။ကျောင်းပြီးလို့အလုပ်လုပ်ဖို့လိုက်ရှာနေချင်ဖြစ်ပြီး အမေကတော့သူ့ဆိုင်မှာထိုင်ခိုင်းသော်လည်း အငြိမ်မနေတဲ့ကိုယ်ကမထိုင်ချင် ပျင်းသည်။ခုလဲ ဝါသနာပါတဲ့သတင်းထောက်အလုပ်ကိုသွားလျှောက်မလို့ဖြစ်သည်။သွားလျှောက်မဲ့နေရာကလဲမြန်မာနိုင်ငံမှာအကြီးဆုံးမီဒီယာလုပ်ငန်းစုstar entertainment ဖြစ်ပြီးသူလက်အောက်မှာtv channel တွေ သရုပ်ဆောင်တွေ ၊အဆိုတော်တွေ model တွေ၊ဂျာနယ်၊သတင်းစာ အကုန်လုပ်သည်။ခုပီတိလျှောက်မှာက နာမည်ကြီးတွေကိုအင်တာဗျူးရတဲ့ famous ဂျာနယ်မှာဖြစ်သည်။ကုမ္ပဏီကအထပ်ပေါင်းငါးဆယ်ရှိပြီး ဌာနတစ်ခုချင်းဆီခွဲထားသည်။

"ကဲ ... ရောက်ပြီးသမီး တစ်လမ်းလုံးလဲအသံတိတ်လို့ပါလား "

"သမီးကအင်တာဗျူးထဲ စိတ်ရောက်နေလို့ပါအဖေရယ်"

အဖေကသူမခေါင်းကိုပုတ်လိုက်ပြီး ရယ်သည်။

"ဟား..ဟား ငါ့သမီးကတော့ကွာ အဲလောက်ဖိအားမပေးနဲ့အကောင်းဆုံးသာလုပ်ခဲ့ ကြားလား "

သူမကားပေါ်ကဆင်းလိုက်ပြီး"ဟုတ်ကဲ့ အဖေ သမီးသွားပြီး ကားကိုကောင်းကောင်းမောင်းသွားနော်"

အဆောက်အဉီးကိုတစ်ချက်လောက်မော့

ကြည့်ရင်း ဒီမှာသာအလုပ်ရလို့ကတော့ပျော်ပြီလေ ရေရွတ်ပြီးခြေလှမ်းကိုခပ်သွက်သွက်လှမ်းလိုက်သည်။အင်တာဗျူးကနှစ်ဆယ့်လေးထပ်မှာဆိုတော့ဓာတ်လှေကားနဲ့တက်ခဲ့လိုက်သည်။အင်တာဗျူးပဲနေရာရောက်တော့လူတွေအများကြီးကြိုရောက်နေပြီ ငါပဲနောက်ကျနေတာလားမသိဘူး ဘေးကတစ်ယောက်ကိုမေးကြည့်တော့ခုမှစဗျူးတာတဲ့

ကျန်တဲ့သူတွေကတော့စာရွက်တွေကိုအသဲအသန်ဖတ်နေကျသည် ကိုယ်ကတော့အိတ်ထဲကဖုန်းထုတ်ပြီးwattpad ပဲထိုင်ဖတ်နေလိုက်သည်။တစ်ယောက်ပြီးတစ်ယောက်ဗျူးလိုက်တာ ဘေးနားကကောင်မလေးနဲ့သူမပဲကျန်တော့တယ်။မကြာခင်တံခါးဖွင့်လာပြီ

"မမြတ်နိုးပီတိရှိပါသလား ခင်ဗျ"

"ဟုတ် ရှိပါတယ်"

အထဲရောက်တော့ အင်တာဗျူးတဲ့လူကငါးယောက်ရှိသည် အကုန်လုံးကအသက်ကြီးတဲ့သူတွေကြည့်ပဲ ခပ်ဝဝနဲ့လူကြီးကတစ်ချက်ကြည့်ပြီးခေါင်းတစ်ချက်ငြိမ့်ကာထိုင်ခိုင်းသည်။

"သမီးနာမည်က မြတ်နိုးပီတိနော် chemistry နဲ့ဘွဲ့ရပြီ ခုမှအလုပ်လုပ်မှာလား ဒီအလုပ်ကိုဘာလို့လျှောက်တာလဲ"

"ဝါသနာပါလို့ပါ သမီးက အဲလိုမေးမြန်စူးစမ်းရတာသဘောကျတယ်အဲဒါကြောင့်ပါ" ပြီးတော့ဆိုပြီးကျန်လူကြီးတွေက ကုမ္ပဏီနဲ့ပတ်သတ်တာလေးတွေမေးပြီအင်တာဗျူးကိုအဆုံးသတ်လိုက်သည်။

"ကဲ သမီး ရလဒ်ကိုတော့နောက်တစ်ပတ်နေရင်ပြန်အကြောင်းပြန်ပါမယ် ok thanks"

"ဟုတ်ကဲ့"

အင်တာဗျူးပြီးပြီဆိုတော့အိမ်ပြန်ပြီးပဲနားတော့မယ်တက်စီတားပြီအိမ်သို့ပြန်လာခဲ့သည်။

"ဟဲလို...ဉီးကျော်အင်တာဗျူးတာ အ​ခြေအနေဘယ်လိုရှိလဲဗျ အဆင်ရောပြေရဲ့လား"

"ဟုတ် ပြေတယ်ceo လာမှပဲသေချာကြည့်တော့ဗျာ ကျနော်အဆင်ပြေမဲ့လူစကာတင်ရွေးထားတယ်"

"ကျနော်ကိုမစောင့်နဲ့တော့ ရွေးထားလိုက်ပါအဆင်ပြေမဲ့လူကိုကျနော်ကဒီဘက်ထိုင်းကလူတွေနဲ့စာချုပ်ချုပ်မှာဆိုတော့ကြာမှာတစ်ပတ်လောက် ကြည့်လုပ်လိုက်ပါ"

"ဟုတ်ကဲ့ပါ ceo "

သူနာမည်ကကောင်းကင်သစ်တစ်ဦးတည်းသောသားမို့အဖေနဲ့အမေကအလိုလိုက်သည်သူငယ်တည်းကလိုချင်တာမရတာမရှိအောင်မိဘတွေကဖြည့်ဆည်းပေးသည်။ဒါပေမဲ့သူလိုတာအဲ့တာတွေမဟုတ်မိဘမေတ္တာဖြစ်သည်။မိဘတွေကအမြဲအလုပ်ရှုပ်နေတော့သူကိုအချိန်မပေးနိုင်ပေ၊အရွယ်ရောက်တော့ဖျော်ဖြေရေးကုမ္ပဏီထောင်ပြီလုပ်တော့လဲအောင်မြင်လေသည်။ပိုက်ဆံရှိပေမဲ့ဘယ်နားသွားသုံးရမယ်မသိတော့ အလုပ်မှအလုပ်ပဲလုပ်နေတော့လူကကြာလေစက်ရုပ်နဲ့တူလာလေသည်။တစ်ခါတစ်လေတော့လည်း သူနွေးထွေးမှုကိုတောင့်တမိသည်။

    people are reading<ရင်ခွင်ကောင်းကင်(completed)>
      Close message
      Advertisement
      You may like
      You can access <East Tale> through any of the following apps you have installed
      5800Coins for Signup,580 Coins daily.
      Update the hottest novels in time! Subscribe to push to read! Accurate recommendation from massive library!
      2 Then Click【Add To Home Screen】
      1Click