《Yibo's Baby{Completed}》Part 31
Advertisement
ပါလာသည်။
"ဒီကိုကြည့်ပါအုံး...."
လုပ်နေတဲ့ ကျန့်ကောက
ခပ်ဖွဖွနမ်းကာ ရေချိုးခန်းထဲဝင်လိုက်သည်။
လက်တို့ရသည်ထိ။
〰️〰️〰️〰️〰️〰️〰️
"စစ်ကျွေး....ကျန့်ကောရော....."
သူ့ရင်တွေပူလာသည်။
"မိဘမဲ့ဂေဟာ...."
မနက် ၁၁နာရီတည်းက။
ရှာလိုက်တော့သည်။
"ကျန့်ကော......"
သူငိုပါရစေ။
သူအမျိုးမျိုးကြိုးစားခဲ့တယ်။
သူပဲလွဲမှားခဲ့တာလား.....
ကြာကြာ သ၀န်မတိုဘူး။
ကျန့်ကောကိုယုံလို့။
ကျန့်ကောကို ချစ်လို့။
သံသယတွေ တားကုန်ပြီ။
ဘယ်သူမှားမှား....
🍑🍑🍑🍑🍑🍑🍑🍑
သူ့မှာ အိမ်ရှေ့မှာသာ
ရှပ်ပြာခတ်နေရသည်။
သူ့လင်နဲ့အဆင်ပြေဖို့ ရိပေါ်ကူညီခဲ့ရတာတွေတောင်
နောင်တရချင်သွားသည်။
"ကျန့်ကော!!!"
ကျန့်ကောဘာမှမသိဘူး.....
ဒီပန်းခင်းလေးနားမှာ....
ပြီးတော့....
ဒီခုံလေးပေါ်မှာ.........
ထုတ်ပြတိုင်း.........
လွမ်းတယ်ကျန့်ကော...
ပြီးတော့....
သေအောင်လည်းချစ်တယ်.........
🍑🍑🍑🍑🍑🍑🍑
"Hello......"
"......"
"Hello...ဘယ်သူလဲမသိဘူး...."
"......"
"ရိ.....ရိပေါ်......ငါ...ငါ့ကိုလေ..."
ပူလှပြီ.."
"ရိပေါ်....ငါ့ကိုလေ.....အဟင့်..."
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ချစ်တယ် ရှင်တို့ကို😔
မနက်၈နာရီထိ တုတ်တုတ်မလှုပ်သေးဘဲ
စောင်ပုံလေးထဲ နစ်နေတဲ့ကျန့်ကောကို
ရိပေါ်တစ်ချက်ကြည့်ရင်း
"ကျန့်ကော...နေမကောင်းဘူးလား.."
အပူငွေ့လေးသေးသေးရှိတာကြောင့်
စောင်ကိုလှပ်ရင်း ရေ၀တ်ဖတ်တိုက်ပေးဖို့
ပြင်လိုက်တော့ ကလေးဆိုးကြီးက
သူ့အကျီ င်္ကိုအချွတ်မခံ။
ပေစောင်းစောင်းနဲ့ လှမ်းကြည့်နေပုံက
တစ်နေကုန်စိတ်ကောက်အုံးမယ် ဆိုတဲ့သဘော။
"ဟားးဟုတ်ပါပြီကွာ...စိတ်ကောက်ချင်
ဆက်ကောက်ပါ....ရေ၀တ်လေးတော့တိုက်မယ်နော်။
ကျွန်တော် အစည်းဝေးရှိသေးတယ်ကျန့်ကောရဲ့.."
"သွားစရာရှိတာသွား...သေသေရှင်ရှင်ထားခဲ့"
တစ်ဖက်လှည့်သွားတဲ့ကျန့်ကောကိုယ်လေးကို
လက်မောင်းလေးကနေ ဆွဲယူမလိုက်တော့
စောင်ပုံကြီးနဲ့ရောပြီး သူ့ရင်ခွင်ထဲ
ပါလာသည်။
"ဒီကိုကြည့်ပါအုံး...."
အနှီးထုတ်ထဲက ကလေးလေးလို
လုပ်နေတဲ့ ကျန့်ကောက
မျက်နှာလေးကိုတစ်ဖက်လှည့်ထားတာကြောင့်
ရိပေါ်မှာ နို့တိုက်ချင်လို့ ချော့နေရတဲ့
သားသည်မိခင်ကြီးလိုလို။
"ကျန့်ကောလေး....ဒီကိုကြည့်ပါအုံး...
ကျွန်တော် အစည်းဝေးကို အချိန်စောရွှေ့ ထားတယ်။
၁၀နာရီလောက်ကျန့်ကောဆီပြန်လာခဲ့မယ်။
ဘာစားချင်လဲ....၀ယ်ခဲ့မို့"
စောင်ဖြူကြီးထဲက မျက်နှာနုနုလေးကို
အနမ်းတွေ ဗုံးကြဲမိတော့
စိတ်ကောက်နေတဲ့ကျန့်ကောက
မျက်လုံးလေးမှိတ်ပြီး အိပ်နေသည်။
အသည်းယားလို့တစ်ချက်ညှစ်လိုက်ပြီး
နေရာတကျပြန်ထားရင်း နဖူးလေးကို
ခပ်ဖွဖွနမ်းကာ ရေချိူးခန်းထဲဝင်လိုက်သည်။
သူ ရုံးသွားတဲ့ထိ မထသေးတဲ့ကျန့်ကောဆီက
အသက်ရူသံ ပြင်းပြင်းလေးကြားရတာကြောင့်
သူလည်း ရုံးကိုသာထွက်လာခဲ့လိုက်သည်။
၁၀နာရီထိ မပြီးသေးတဲ့ အစည်းဝေးကြောင့်
သူစိတ်တွေလည်းတိုလှပြီ။
နာရီတကြည့်ကြည့်သူ့ကြောင့် ကျင်းရီကတောင်
လက်တို့ရသည်ထိ။
ကလေးကြီးကတော့ ကွေးနေအောင်ကောက်ပြတော့မှာ...
〰️〰️〰️〰️〰️〰️〰️
"စစ်ကျွေး....ကျန့်ကောရော....."
ရောက်ရောက်ချင်း တစ်အိမ်လုံးပတ်ရှာပေမဲ့ လုံးဝရှာမတွေ့တဲ့ အရိပ်လေးကြောင့်
သူ့ရင်တွေပူလာသည်။
ဈေးခြင်းတွေနဲ့ အိမ်ထဲဝင်လာတဲ့စစ်ကျွေးကလည်း
သူ့ကိုပြူးကြောင်ကြောင်နဲ့ကြည့်နေတာကြောင့်
သူလည်းမသိဘူးဆိုတာအသေချာ။
ဆိုင်ကိုPhဆက်တော့လည်း မလာဘူးဆိုတဲ့စကားကြောင့်
သူဘယ်ပြေးလို့ပြေးရမှန်းတောင်မသိတော့။
ကျန့်ကောက ဘယ်ကိုမှသွားတဲ့သူမဟုတ်လေတော့
သူ ဆပ်ပြာသည်လင်ပျောက်သလို
အိမ်မှာတင်ပျာယာခတ်နေရသည်။
"မိဘမဲ့ဂေဟာ...."
ရုတ်တရက်သတိရသွားတာက ကျန့်ကောနဲ့
အတူတူသွားဖူးသည့် ဂေဟာလေး။
ဒါပေမဲ့ မလာတာ ရိပေါ်နဲ့တည်းကဆိုတဲ့
အဖြေကြောင့် သူစိတ်ပျက်စွာလှည့်ပြန်ခဲ့ရသည်။
တစ်နေကုန် မစားမသောက်နဲ့ ပတ်ရှာနေတာ
မနက် ၁၁နာရီတည်းက။
အခု ည၁၁နာရီရှိနေပြီဆိုပေမဲ့
ပြန်မလာတဲ့ကျန့်ကောကြောင့်
အထိန်းအကွပ်မဲ့စွာသာအော်ငိုမိတော့သည်။
ပေကျင်းက သူ့အိမ်ကိုPhဆက်တော့လည်း
သူတို့လည်းသိတဲ့ပုံမပေါ်။
လူကြီးတွေကို အပူမပေးချင်တာကြောင့်
သူလည်း ကိုယ့်အားကိုယ်ကိုးကာသာ
ရှာလိုက်တော့သည်။
သေချာကြည့်လိုက်တော့ ကျန့်ကော
မနေ့ကထည့်နေတဲ့Luggageလည်း
မရှိတော့သလို သူတို့ရဲ့ စားပွဲပေါ်ကမင်္ဂလာ
ဓာတ်ပုံ လေးလဲ ပျောက်ခြင်းမလှ။
"ကျန့်ကော......"
ထိုင်ငိုနေလို့ မထူးပေမဲ့
သူငိုပါရစေ။
ကျန့်ကောက ကလေးအရမ်းဆန်တယ်။
သူ့ဖြေရှင်းချက်ကို အေးဆေးနားထောင်ဖို့
ကျန့်ကော ဘယ်တော့မှ အချိန်မပေးဘူး။
ကျန့်ကောယုံကြည်လာနိုင်ဖို့
သူအမျိူးမျိူးကြိုးစားခဲ့တယ်။
သူပဲလွဲမှားခဲ့တာလား.....
ကျန့်ကောကပဲ နားမလည်ပေးခဲ့တာလား....
သူကျန့်ကောသ၀န်တိုတတ်မှန်းသိလို့
သူစိမ်းမိန်းကလေးတွေဆို
တစ်စက္ကန့်တောင်ပိုမကြည့်ဖူးဘူး။
လှလှပပပြုံးတတ်ပြီး သူများနှလုံးသားကို
ခြွေယူနိုင်တဲ့ကျန့်ကောရဲ့
အပြုံးတွေကိုတောင် သူဂျစ်တိုက်ရုံကလွဲပြီး
ကြာကြာ သ၀န်မတိုဘူး။
ကျန့်ကောကိုယုံလို့။
ကျန့်ကောကို ချစ်လို့။
ဖြစ်လာတဲ့ ပြသနာတွေကို တူတူ
ဖြေရှင်းကြမယ်ပြောတိုင်း ခေါင်းငြိမ့်ရုံကလွဲပြီး
ကျန့်ကော တကယ်မလိုက်နာခဲ့ဘူး။
အခုတော့ သူတို့ကြားမှာ
သံသယတွေ တားကုန်ပြီ။
ဘာပဲဖြစ်ဖြစ် ကျွန်တော်ဖြေရှင်းမှာ။
ကျန့်ကောကိုတွေ့ရင် တင်းတင်းကြပ်ကြပ်
ဖက်ပြီး လွဲမာှးနေသမျှရှင်းပြမယ်။
ဘယ်သူမှားမှား....
ကျွန်တော့အမှားလို့ပဲသတ်မှတ်ပြီး
ကျန့်ကောကို ရှင်းပြမှာမို့.......
🍑🍑🍑🍑🍑🍑🍑🍑
အိမ်ရှေ့မှာPhတစ်လုံးနဲ့အလုပ်ရူပ်နေသည်မှာ
ကြာပြီ။ရဲစခန်းကို တိုင်ချက်ဖွင့်ဖို့လုပ်ပေမဲ့
24နာရီမပြည့်သေးတာကြောင့်
သူ့မှာ အိမ်ရှေ့မှာသာ
ရှပ်ပြာခတ်နေရသည်။
မနက်တည်းက ဘာမှမစားရသေးတဲ့
ဗိုက်ကြောင့် လူက ရီဝေေ၀။
စစ်ကျွေး ထမင်းခေါ်ကျွေးပေမဲ့
သူခေါင်းငြိမ့်ခေါင်းခါမလုပ်ခဲ့။
ပြောရပါမောသွားတော့ စစ်ကျွေးလည်း
အိပ်ဖို့ သူ့အခန်းထဲဝင်သွားသည်။
တော်တော်အကြင်နာတရားမဲ့တဲ့ စစ်ကျွေး။
သူ့လင်နဲ့အဆင်ပြေဖ်ို့ ရိပေါ်ကူညီခဲ့ရတာတွေတောင်
နောင်တရချင်သွားသည်။
"ကျန့်ကော!!!"
နှင်းဆီပန်းခင်းလေးရှေ့က
ထိုင်ခုံလေးပေါ်မှာ ခြေပစ်လက်ပစ်ထိုင်ပြီး
ကျန့်ကောနာမည်လေးကိုသာရေရွတ်မိသည်။
ဘယ်လောက်တောင်စိတ်နာသွားလို့
သူ့ဆီကတောင်ထွက်သွားဖို့လုပ်ရတာလဲ။
ဘယ်လောက်တောင် မုန်းတီးသွားလို့
သူ့နှလုံးသားကို နာအောင်.........
ကျန့်ကောငိုရင်တောင် ရင်ဘတ်ထဲနာတတ်တဲ့
ကျွန်တော် ဘယ်လောက်ချစ်ပြမှ
ကျန့်ကောယုံတော့မှာလဲ........
ရှင်းပြဖို့ အတန်တန်တောင်းဆိုတိုင်း
ငြင်းပယ်ခံရလို့ စုတ်သတ်လိုက်မိတာက
ကျန့်ကောကိုစိတ်မရှည်တာမဟုတ်ဘဲ
ကျန့်ကောငိုအောင်လုပ်မိလို့ ကိုယ့်ကိုကိုယ်
အားမရဖြစ်မိတယ်ဆိုတာ ကျန့်ကောမသိဘူး။
ကျန့်ကောဘာမှမသိဘူး.....
ကျွန်တော်သေလောက်အောင်ချစ်တာကို။
အတွေးများစွာနဲ့ နှင်းဆီခင်းလေးက
သူမပြုစုတာကြာလို့ ငြိုးငယ်နေပြီ။
ဒီပန်းခင်းလေးနားမှာ....
ပြီးတော့....
ဒီခုံလေးပေါ်မှာ.........
စိတ်ကောက်တိုင်း စိတ်ဆိုးတိုင်း
ကျွန်တော်ချစ်တဲ့အချစ်တွေကို
ထုတ်ပြတိုင်း.........
လွမ်းတယ်ကျန့်ကော...
ပြီးတော့....
သေအောင်လည်းချစ်တယ်.........
🍑🍑🍑🍑🍑🍑🍑
ရုတ်တရက်ထမြည်လာတဲ့ Ph Ringtone
သံကြောင့် အိပ်ပျော်နေရာမှ
ဆတ်ခနဲလန့်နိုးလာရသည်။
သတိထားမိတော့ သူအိပ်ပျော်သွားတာ
နှင်းဆီခြံနားက ခုံပုလေးပေါ်မှာတင်။
နာရီကြည့်တော့ ည၃နာရီရှိနေပြီ။
သူ့ကိုလာမနိုးတဲ့စစ်ကျွေးကိုသာ
ကျိန်ဆဲရင်း Phကိုကောက်ကိုင်လိုက်တော့
"Hello......"
"......"
"Hello...ဘယ်သူလဲမသိဘူး...."
"......"
"ပြောစရာမရှိတော့ဘူးဆို...."
"ရိ.....ရိပေါ်......ငါ...ငါ့ကိုလေ..."
ရုတ်တရက် ထရပ်ပြီးမှ မူးသွားတဲ့
ခေါင်းကြောင့် ထိုင်ခုံမှအသာပြန်ထိုင်လိုက်ရသည်။
ပြတ်တောင်းပြတ်တောင်းနဲ့ ကျန့်ကောအသံက
တုန်ယင်နေတာမို့ သူ့စိတ်ထဲ
မီးဟုန်းဟုန်းတောက်လို့။
ကျန့်ကောဘာဖြစ်နေတာပါလိမ့်။
"ကျန့်ကော.....ကျန့်ကောဘယ်မှာလဲ။
ဘာဖြစ်နေတာလဲ....ပြောပါအုံးကျွန်တော်ရင်တွေ
ပူလှပြီ.."
"ရိပေါ်....ငါ့ကိုလေ.....အဟင့်..."
ဆိတ်ငြိမ်သွားတဲ့ Phထဲကအသံလေးနဲ့အတူ
သူ့နှလုံးသားတွေလည်း ပြုတ်ကျသွားခဲ့သည်။
ကြယ်တွေစုံတဲ့ နှင်းဆီ ခင်းလေးဘေးမှာ။
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
ချစ်တယ် ရှင်တို့ကို😔
Advertisement
- In Serial120 Chapters
Shrewd Wife Of Lin Brothers
Su Wan – a thirty years old divorced woman who was cheated on by her husband and step sister , spends a night drinking alcohol all the while watching how her ex husband and step sister makes a joke of themselves .
8 4920 - In Serial6 Chapters
Earth's Hydra
Earth, the planet we live on. It is a fairly mundane place to some and they wish to escape, to trade in Earth for a wonderful land full of magic and monsters where adventure awaits for the ones thirsty enough for excitement to live in danger every second of their lives. As for others, it has the potential to become more, to become a planet that births a breed or species that will explore the stars and innovates technologies that can lead to the answers of the universe and maybe even start a race that is immortal. This immortal race will forever explore the stars and create new planet shaking inventions. Some just want to live their lives to the fullest and accept what they have already, enjoying the love of family and experience what is the “modern life”. There is one thing that everyone can agree on though, Earth is home. Our Home. We have always lived in the darkness, away from the prying eyes of more advanced or dangerous species that live in the outer reaches of the boundless void that is space. We did not know this though, as for our Mother, Earth, has protected us without our knowing until we have become intelligent enough, cultivated many advanced beings, and even have the ability and will to unite if put against the corner. Now, Earth has run out of energy and can no longer protect us, her children, and it is now our turn to protect her. To protect our Home. The protection of Earth has been put into the hands of Earth's Hydra, an 8 group organization that has enough battle power for 8 other planets! ******************** The cover picture is an editted version and here is the original, all credit goes to them. https://www.rgdd-darkdesigns.com/hydra.html
7.91 170 - In Serial150 Chapters
Glavas, my pleasure!
Why does one become a hunter of monsters and magical creatures? Money? Fame? Power? To prove something? Yes, those are all valid answers. Except the best hunter does not do it for any of those. Glavas is a vagrant. He cares not for publicity or riches. Instead, the thing that makes him tick is the simplest of them all - food. He became a hunter to travel the world, make money on the go and then buy and taste every dish the world of Ezma could offer him. And for many years in his long, elven lifespan, he's been doing precisely that. But fate often has a sick sense of humor. So what happens to the lone hunter, when he finds companions in a deaf dragon youngling and a soulless human girl?
8 211 - In Serial12 Chapters
Nagol: The Skeleton King
Nagol one of the last crusaders of Light leads his order to defeat the Demon king, with heavy casualties. Nagols order is reduced to three survivors but just as the Demon king is slain the United Kingdoms of Order turn on the Crusaders destroying the proud order of Light. Witnessing his own mother slain then his best friend before he himself was brought down by the soldiers he had fought side by side with. His Rage and Sorrow caused the Goddess of light great suffering, and so her brother The God of Death took him to be forged into the King of the undead.
8 80 - In Serial87 Chapters
Beautiful Minds
Lord Robert Stark, a science genius and inventor, has to create the greatest invention of his career, in order to prove to his cold and distant father, that he's worthy of his love. *******Lord Robert Stark is a Marquess, science genius, business mogul and more importantly, the Rake of London. His latest work in progress; a moon lamp, has caused catastrophic stirs in London, both good and bad. But the person who is most fascinated by his work is eighteen year old, Ella Fetherington. Between overriding societal rules and pressures put on ladies, Ella is unable to follow her dream job as a scientist. But when one lucky ball makes her meet Robert, she takes a huge step no lady in her time would dare take.With her father working for a rival who will stop at nothing to trump Ella and Robert's dreams, they must struggle to overcome the odds due to society's strict standards, for they both have beautiful minds which shall not be put to waste.________Word count: 150,000 words(Fans of storm and silence would love this book.)Picture credits are not mine.
8 171 - In Serial47 Chapters
No Homo, Bro | Taekook ✔
Completed✔ Text version✔Taehyung always teases Jungkook either sexually, physically or mentally and always ends it with a "no homo, bro". For some time Jungkook hated it but he got flustered a lot, he just thinks Taehyung is a perverted straight asshole but when he starts catching feelings, 'no homo, bro." Begins to be hurtful. --------------- *I bet you'd look hot in panties *W-Wha- *No homo, bro ----------------------------------------------------------------------------------- This book contains Bullying Smut Cursing Top Tae Bottom Kook ---------------------------------------------------------------- ❗❗❗ This book belong to @BTScortarme❗❗❗ I just rewrite it :) because wattpad delete it :| and lots of people want it so here u are enjoy 😉 ---------------------------------------------------------------- (Rankings in Author's Account) Highest rankings #1 Bottomkook #1 gay #1 toptae #1 homosexual #1btsships #1 taekook #2 highschool #2 boyxboy #2 fanfiction #2 fanfic #3 bts #6 gaylove
8 231