《Yibo's Baby{Completed}》Part 17
Advertisement
ရှင်းသန့်လို့နေသည်။
လည်ပင်းက Necktieကို
"သားကျန့်...ပြီးပြီလား.."
ဘေးနားက ပစ္စည်းဖာတစ်ခုကို
အားရပါးရကန်ထုတ်ရင်း
"ပြီးပြီမား..!"
"ဟုတ်!လာပြီမား"
မသိခဲ့ဘူး.."
"သွားမယ်...."
မင်း ရုပ်လေးသိလား..."
"မားးးးးး"
လိုက်ခဲ့လိုက်သည်။
မသေးဘူးထင်ပါရဲ့။
ငိုင်သွားတတ်တာမျိုးတို့...
ရေချိုးနေရင်း အတွေးလွင့်နေတာမျိုးတို့။
စားမိနေတာမျိုးတို့ပေါ့
🍑🍑🍑🍑🍑
မလွှတ်ထားဘဲ သွားလေရာ
"မား...သား..."
"Cherryပါလား..."
"Hi..အန်တီ.."
"Hi...ကျန့်ကျန့်!"
သူမက တကယ်လှပါသည်။
သူထွက်ပြေးလာခဲ့သည်။
ပြန်လန်းလာရသည်။
အဲ့လိုပါပဲ....ရင်ထဲမှာ
"အသဲကွဲနေတာလား.."
"ဘယ်လိုရောက်လာ.."
"ညာနေတယ်ထင်နေတာလား.."
အရမ်းအော်တယ်.."
မင်းပိုင်မေလား.."
မဟုတ်ဘူးနော်..."
...တကယ်မမှတ်မိတာ.."
ချော့မယ်ဟုတ်ပြီလား..."
"ဟီး...ဒါမှတို့ကောကော...."
ပြန်တွေးယူ မည်လေ။
Advertisement
ကျန့်ကျန့်ဟုတစ်မျိုး ကောကောဟုတစ်ဖုံ
၁၅နှစ်လောက်မှာ USကို
နှုတ်ဆက်ခဲ့သည်လေ။
တသောသော ထရယ်သည်။
အထိန်းအချုပ်မထားဘူး..."
သူမက ခပ်သောသော့ရယ်ကာ
ရွေးချယ်ပေးနိုင်တယ်။
သူက အချစ်ရေးမှာ
ရိုက်ခတ်လာရင်ရော.."
သူမရှက်မိတော့ပါ။
ဖြစ်မည်ထင်ပါရဲ့။
အပ်ထားတာမှမဟုတ်တာ။
.အဲ့တော့ ကို့ပျော်ရွှင်မှုကို ဘယ်တော့မှ
လက်မလွှတ်နဲ့.."
သူမက အပူပင်ကင်းသလို။
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
အဟစ်..အဟစ်😀
ကျနေတာပဲ😂😂😂😂
Suitအပြည့်အစုံနဲ့ သူ့ပုံက မှန်ထဲမှာ
ရှင်းသန့်လို့နေသည်။
လည်ပင်းက Necktieကို
ဆွဲချပြီး ဝှေ့ရမ်းပစ်ချင်တဲ့စိတ်ကို
အသာထိန်းရင်း မှန်ကြီးရှေ့
သက်ပြင်းတွေသာ ချနေမိသည်။
ဆီကူထားတဲ့ ဆံပင်တွေက အရင်လို
နဖူးပေါ်ဝဲမကျနေတော့တာကြောင့်
အခုမှ အသက်၃၀ အကိုကြီးလိုလို။
အခုချိန် သားမျှော့ကြိုးဘောင်းဘီလေးသာ
ပေးပါမားရယ်လို့အော်ထုတ်လိုက်ရင်
ကုမ္မဏီကိုဖင်ပြောင်သွားခိုင်းမှာသေချာသည်။
"သားကျန့်...ပြီးပြီလား.."
အခန်းပြင်က မားခေါ်သံကြောင့်နှုတ်ခမ်းက
သူ့အလိုလိုစူထွက်လာရသည်။
ဘေးနားက ပစ္စည်းဖာတစ်ခုက်ို
အားရပါးရကန်ထုတ်ရင်း
"ပြီးပြီမား..!"
"ပြီးရင် ထွက်လာခဲ့တော့လေ။"
နောက်ဆုံး နှုတ်ဆက်အနေနဲ့
ကုတင်ပေါ်က ဖက်လုံးကိုကန်ချရင်း
"ဟုတ်!လာပြီမား"
"အမယ်လေး...ငါ့သားလေးဒီလောက်ချောမှန်း
မသိခဲ့ဘူး.."
"သွားမယ်...."
"ခဏနေပါအုံး...ဒီနေ့ မင်းပါးရဲ့မွေးနေ့ပွဲမှာ
သားလေးကို မားက လိုက်ကြွားရအုံးမှာ
ဒီတော့ ဘယ်အစိတ်ပိုင်းလေးကနေ
စကြွားရမလဲ...ဒီမှဲ့လေးကနေလား...
မဟုတ်သေးပါဘူး ...ဒီနှာတံလေးကနေစကြွားရမယ်။
ပြီးရင် ဒီမျက်လုံးလေး။အိုက်ယား...လှရက်လိုက်တာ။
အရပ်ကြီးကလဲ အရှည်ကြီးပဲ...မင်းပါးပါးငယ်ငယ်က
မင်း ရုပ်လေးသိလား..."
"သိတယ်...သိပြီမလို့ သွားရအောင်ပါဗျာ။"
"ကောင်းပါပြီ...ကောင်းပါပြီ....
မေ့တော့မလို့...ငါ့သားလေးရဲ့
ချစ်စရာကောင်းတဲ့ အနုပညာအကြောင်းပါကြွားရမယ်။
ပန်းချီဆွဲဘယ်လောက်တော်ကြောင်းနဲ့.."
"မားးးးးး"
မနိုင်တော့ရှောင်ကျန့် မားကိုနောက်ကနေ
အတင်းတွန်းလွှတ်ကာ ကားထဲထည့်ပေးလိုက်ရသည်။
သူကတော့ပါပါးဝယ်ပေးထားတဲ့ ကားနဲ့ပဲ
လိုက်ခဲ့လိုက်သည်။
မဟုတ်လျှင်ရှောင်ကတော် လေသေနတ်ကြား
သူ့ မရူနိုင်မကယ်နိုင်ဖြစ်လိမ့်မည်။
သူသိပါတယ်။မား သူ့ကိုပျော်အောင်ထားနေမှန်း။
ဒါပေမဲ့လည်း ခံစားရတဲ့ဝေဒနာက
မသေးဘူးထင်ပါရဲ့။
မားစကားတွေပြောနေတဲ့အချိန်တောင်ရှောင်ကျန့်
ငိုင်သွားတတ်တာမျိူးတို့...
ရေချိူးနေရင်း အတွေးလွင့်နေတာမျိူးတို့။
တစ်ခါတစ်ရံ ထမင်းဖြူတွေချည်းပဲ
စားမိနေတာမျိူးတို့ပေါ့
*အချစ်က ရူးသွပ်စေတယ်တဲ့။
ဒါတောင်ကျွန်တော် မချစ်ရသေးဘူးနော်...
ချစ်များချစ်သွားခဲ့လိုရှိရင်...*
🍑🍑🍑🍑🍑
"ဒါကျွန်မသားလေး ရှောင်ကျန့်လေ.."
လူပုံအလယ်မှာကြွားလုံးထုတ်နေတဲ့မားကြောင့်
သူဟန်ဆောင်ပြုံးရတာ စိတ်ညစ်လှပြီ။
မားကလည်း သူ့ကိုတစ်ယောက်တည်း
မလွှတ်ထားဘဲ သွားလေရာ
ရှောင်ကျန့်လက်ကိုဆွဲလို့။
မခံနိုင်တော့တဲ့အဆုံး မားကိုခွင့်တောင်းပြီး
အပြင်ထွက်ရန်ကြံလိုက်သည်။
"မား...သား..."
"Cherryပါလား..."
မားက ရှေ့တူရူကိုလှမ်းနူတ်ဆက်လိုက်တာမို့
ရှောင်ကျန့် စကားကိုမကြား။
"Hi..အန်တီ.."
ရွှောအိုရောင်ဆံပင်ကို ခပ်မြင့်မြင့်ထုံးဖွဲ့ရင်း
ရှည်သောအရပ်နဲ့သွယ်လျသော
ကိုယ်တို့က Partyမှာရှိသည့်
ပုရိသတို့စိတ်ကိုဆွဲညို့ထားသည်။
"Hi...ကျန့်ကျန့်!"
မားနဲ့စကားပြောနေရင်း ကို့ကိုလာနှုတ်ဆက်တဲ့
ကောင်မလေးကြောင့် သူ ကြောင်အနေမိသည်။
အားလုံးရဲ့ အားကျသည့်အကြည့်တွေက
ရှောင်ကျန့်ဆီမှာ ရစ်ဝဲလို့။
"ဘာလဲ..Cherryကိုမမှတ်မိတော့ဘူးလား.."
"အာ...Sorryပါနော်..ကျွန်တော်မသိဘူးဗျ"
"ဖြစ်ရမယ်..Cherryကလှလာတာကိုး.."
သူ့ကိုသူအမွှန်းတင်ရင်း ရယ်သွေးနေသည့်
သူမက တကယ်လှပါသည်။
ဒါပေမဲ့ ရှောင်ကျန့်တော့ ဒီကမြန်မြန်ထွက်ချင်နေပြီ။
ရစ်မူးတဲ့ ၀ိုင်တွေနဲ့ မွှေးလွန်းတဲ့
ရေမွှေးတွေကြား သူမူးဝေလှပြီ။
ရေမွှေးဆို သစ်သီးနံ့လောက်ပဲသုံးသူမို့
သူ့ခေါင်းတွေမူးနောက်လာရသည်။
"ကျန့်ကျန့်...အဆင်မပြေဘူးလား"
"ဟုတ်တယ်...မူးနေပြီ...စိတ်မရှိပါနဲ့။
ကိုအပြင်ထွက်မှရတော့မယ်.."
ကောင်မလေးကို ထိုမျှသာပြောပြီး
သူထွက်ပြေးလာခဲ့သည်။
အပြင်က လေအေးအေးနဲ့ထိတွေ့လိုက်ခါမှ
ညစ်ညူးနေသောစိတ်တို့က
ပြန်လန်းလာရသည်။
မြက်ခင်းစိမ်းလေးတစ်လျှောက်
လျှောက်သွားရင်း မီးရောင်မှိန်မှိန်အောက်က
သူ့ကိုဘယ်သူမှသတိမထားမိကြ။
လူတွေနဲ့ခပ်လှမ်းလှမ်းကိုပြေးရင်း
မြက်ခင်းစိမ်းလေးပေါ် လှဲချမိသည်။
ောင်းကင်က ကြယ်လေးတွေကိုစိုက်ကြည့်ရင်း
ပတ်ဝန်းကျင်ကို သတိမရခဲ့။
အဲ့လိုပါပဲ....ရင်ထဲမှာ
တစ်ယောက်သောသူရောက်လာရင် လောကကြီးနဲ့
အဆက်သွယ်ပြတ်သွားတတ်တာ။
"အသဲကွဲနေတာလား.."
ရုတ်တရက် ဘေးနားလာရပ်တဲ့ကောင်မလေးကြောင့်
ရှောင်ကျန့် မတ်တပ်ထရပ်ရင်း
"ဘယ်လိုရောက်လာ.."
"ကျန့်ရဲ့မားကို ကျန့်အပြင်ထွက်သွားကြောင်း
သွားပြောပေးရင်းနဲ့ အန်တီက လိုက်သွားလိုက်ဆိုလို့ပါ။
ပြီးတော့ Cherryရဲ့ ကျန့်က အသဲကွဲနေတယ်တဲ့.."
သူ့မျက်နှာကိုကည့်ရင်းပြုံးပြုံးလေး
ပြောနေတာကြောင့် ရှောင်ကျန့်မျက်နှာပူစွာလွှဲရင်း
"မားကတော့...အိမ်တွင်းရေးကို..
သူစိမ်းလျှောက်ပြောပြန်ပြီ.."
"ကျန့်...Cherryကို တကယ်မမှတ်မိတာလား"
"ညာနေတယ်ထင်နေတာလား.."
စိတ်လည်းမရှည်တော့တာကြောင့်
ရှောင်ကျန့်အော်လိုက်ပေမဲ့ ကောင်မလေးက
အပြုံးမပျက်ဘဲ တဟားဟားထရယ်လိုက်သည်။
"ကျန့်ကတော့ အရင်တိုင်းပဲ...ပိုင့်ကိုဆို
အရမ်းအော်တယ်.."
"ဘယ်ကပိုင်....ပိုင်...ပိုင်မေ...
မင်းပိုင်မေလား.."
"ဘာလဲ..အခုတော့သကြားလုံးလေး
တစ်လုံးနဲ့ချော့လို့ရတဲ့ ၁၀နှစ်သမီးလေး
မဟုတ်ဘူးနော်..."
"ဟာ..Sorryပါ ပိုင်ရာ...ကောကော
...တကယ်မမှတ်မိတာ.."
"ဟွန့်...အသဲကွဲတာလည်း ကွဲတာပေါ့။
ပိုင်မေ့ကိုမမှတ်မိရလောက်အောင်
အဲ့လူက ဘယ်လောက်တောင်အရေးပါလို့ပါလိမ့်နော်.."
"ဟုတ်ပါပြီကွာ...ကောညီမလေးစိတ်ဆိုးပြေတဲ့ထိ
ချော့မယ်ဟုတ်ပြီလား..."
"ဟီး...ဒါမှတို့ကောကော...."
ခါးကိုလှမ်းဆွဲဖက်ရင်း ရယ်ပြတဲ့သူမက
အရင်က ရှောင်ကျန့်ရဲ့အိမ်နီးချင်းညီမလေး
ပိုင်မေဟုပြောလျှင် တော်တော်
ပြန်တွေးယူ မည်လေ။
ငယ်ငယ်က အိမ်နီးချင်း ပေစုတ်စုတ်ကလေးမလေးက
ရှောင်ကျန့်ကိုဆို တစ်ကမ္ဘာလုပ်ခဲ့သည်ထိ
သူတို့ သံယောဇဉ်ရှိခဲ့ကြသည်။
သူ့အိမ်က စီးပွားရေးမပြေလည်တာကြောင့်
အမြဲရန်ဖြစ်သည့် လင်မယားနှစ်ယောက်ကြား
အမြဲမြေစာပင်ဖြစ်ခဲ့ရသည့်ကောင်မလေး။
သူ့အိမ်က ရန်ဖြစ်တိုင်း ရှောင်ကျန့်တို့ခြံဘက်ကူးလာပြီး
ရှောင်ကျန့်ကိုဖက်ထားခိုင်းသည့်ကောင်မလေး။
သူ့နားတွေကိုပိတ်ထားခိုင်းတဲ့ကလေးမလေးက
ရန်ဖြစ်သံတွေ နားမထောင်ရဲဘူးဟူ၍။
ကျန့်ကျန့်ဟုတစ်မျိူး ကောကောဟုတစ်ဖုံ
ခေါ်တက်တဲ့ကလေးမလေးက ရှောင်ကျန့်
၁၅နှစ်လောက်မှာ USကို
မိသားစုလိုက်ပြောင်းသွားသည်။
အမျိုးတွေရှိလို့ဆိုတာပဲသိရပြီး
သူ့ညီမလေးကတော့ စာလေးတစ်စောင်နဲ့သာ
နှုတ်ဆက်ခဲ့သည်လေ။
၁၂နှစ်လောက်ဝေးခဲ့ကြတဲ့ကာလမှာ
သူမက သူမတူအောင်အလှသွေးကြွယ်လာပြီး
စီးပွားရေးနယ်ပယ်မှာ ဘုရင်မဟု ဆိုရလောက်သည်ဆိုပဲ။
သူ့ထက် ၅နှစ်ကြီးသည့် ကို့မှာသာ
မျောက်စိတ်မပျောက်သေးတာကိုး။
ချစ်သူကောင်လေးအကြောင်းမေးတော့ ကလေးမက
တသောသော ထရယ်သည်။
"ပိုင် ...ကောင်လေးတွေကိုမကြိုက်ဘူး"တဲ့။
ဒီကိစ္စကို ပေါ့ပေါ့လေးပြောတဲ့သူမက
ဘယ်လိုသတ္တိကြောင့်လဲမေးတော့
ရင်ဘတ်ရဲ့ဘယ်ဘက်ကိုထိုးပြရှာသည်။
"ဒီအမိန့်ကိုပဲနာခံတယ်...သူ့ကို သိပ်ပြီး
အထိန်းအချုပ်မထားဘူး..."
"နှလုံးသားကိုအလိုလိုက်တော့ အမှားတွေရှိလာမှာပေါ့"
သူမက ခပ်သောသော့ရယ်ကာ
ရှောင်ကျန့်ကိုလှမ်းကြည့်သည်။
"နှလုံးသားမှာ ဦးနှောက်ပါပြီးသားပါ။
သူ့ အသိနဲ့သူ ကို့ပျော်ရွှင်မှုကို
ရွေးချယ်ပေးနိုင်တယ်။
ဒီဦးနှောက်ကိုသာ သွားအမိန့်မပေးနဲ့။
သူက အချစ်ရေးမှာ
အတ္တထားဖို့သပ်သပ်ထည့်ထားတာ။"
"ဒီတော့ ပိုင့်ရွေးချယ်မှုမှာ ပတ်ဝန်းကျင်
ရိုက်ခတ်လာရင်ရော.."
သူ့အဖြစ်တွေအားလုံးကိုသွယ်ဝိုက်ပြီး
၅နှစ်ငယ်တဲ့ကလေးကိုရင်ဖွင့်နေရပေမဲ့
သူမရှက်မိတော့ပါ။
နှလုံးသားရေးမှာသုညထက်သာတဲ့
ကိန်းရှိရင် အဲ့တာ ရှောင်ကျန့်အပိုင်ပဲ
ဖြစ်မည်ထင်ပါရဲ့။
"ပတ်ဝန်းကျင်ဆိုတာ ပိုင့်အတွက်တော့
အားကိုးရာသေးသေးလေးတစ်ခုထက်မပိုဘူး။
ကို့ဘ၀ကို ရပ်ကွက်ရုံးဆီ
အပ်ထားတာမှမဟုတ်တာ။
ကို့ ရှင်သန်မှုက ပျော်ရွှင်မှုပဲဖြစ်စေမှပေါ့.
.အဲ့တော့ ကို့ပျော်ရွှင်မှုက်ို ဘယ်တော့မှ
လက်မလွှတ်နဲ့.."
ပြောပြီး Wineခွက်ကို ရီဝေစွာကြည့်နေတဲ့
သူမက အပူပင်ကင်းသလို။
အခုန်မြန်နေတဲ့ရင်ဘတ်တစ်နေရာကို
ရှောင်ကျန့်ဖိကိုင်ရင်း ရေရွတ်မိသည်က
နာမ်စားသုံးလုံးတည်းရယ်...
*ငါကရော....ပျော်ရွှင်မှုကိုဖမ်းဆုပ်ထားဖို့
အခွင့်ရှိတော့လို့လား...*
🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑🍑
အဟစ်..အဟစ်😀
ကို့အရေးသားကိုကြည့်ပြီးအူနာနေတယ်😂
မသိရင်ရည်းစားထားဖူးတဲ့ မသာမကြီး
ကျနေတာပဲ😂😂😂😂
Advertisement
- In Serial9 Chapters
The Chronicles of Fey: Lost in Illusion
Join Catriona Ames, a mouthy bartender in her early twenties, as she fights to maintain her grip on reality while deciphering visions of the Fey Realm in The Chronicles of Fey: Lost in Illusion. Our young heroine meets a wealthy young man--William Morgan--in the bar where she works in the midwestern United States. She does not trust him and can barely stand him, but he may be one of the only allies she has against what is to come. This rich businessman has a mysterious connection with a couple other key figures in her life. She soon finds out that getting to the bottom of their past is the key to unraveling her own.
8 203 - In Serial8 Chapters
Since I'm having an adventure, I decided to take the Quest Book for Pastime
A massive Meteorite had brought the world to its destruction. From the ashes of the [Old Earth] the “new world: Neagi” was created. But because of the presence of mystical energy of the Neagi, it became accessible to the [otherworlder] to open up the portal and invade the new world and prompted the war between Earthlings and Otherworlders to erupt across the globe.300 years after that, a young philosopher named Haven decided to take a tour to a certain kingdom of Otherworlder, Richfield Kingdom, Where he received a book containing 100 quests. Upon completion, a reward will be given. Since he will be having an adventure, Haven decided to take the Quest Book for Pastime. (English is not my mother language, be ready for some grammar errors) (I created this novel to plan out my manga. But I tried my best to make it look like a light novel. ) (alternative name: The Fruit of Encaria)
8 187 - In Serial16 Chapters
Danganronpa: Retirement Plan
Ultimates work hard for their talents. They practice their talent to the point where they're declared the best. That is, until someone better comes along and takes their glory and title.Felix, along with 15 other Ex Ultimates, find themselves playing a game to get their titles back. The catch is it's a killing game and they're all desperate to get their beloved talents back. * * *This story will contain mature topics such as, death, gore, blood, suicide, murder, eating disorders and various other triggering topics. Triggers will be *probably* be tagged, but I'm warning you regardless.I don't own Danganronpa. This is a fan work made for other fans to enjoy. * * *CURRENTLY WORKING ON: [ Chapter 1: Goodbye Life Savings ]
8 166 - In Serial52 Chapters
Ascension: Rise of the Crimson Wizard
Harry Potter Fanfiction Kaiser was one of the most brilliant scientists in his world, making breakthroughs that would shape the future of the humanity, until someone decided he should be eliminated. But life had other plans for him. How will the events of his previous life shape his personality? And what changes will he bring to the wizarding world? No Slash, Self-Insert, AU
8 364 - In Serial11 Chapters
Book Cover Requests
8 255 - In Serial7 Chapters
Tails X Reader
you're a new recruit to the Sonic Group. you meet Tails and get a crush on him.
8 69