《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟽
Advertisement
အခန်း (၁၁) - ယောကျ်ား
ထိုနေ့ နံနက် အစောပိုင်း၌ ယွမ်ဖူသည် အိပ်ဆောင်တံခါးဝ၏အပြင်ဖက်တွင် စောင့်ဆိုင်းရင်း အတွင်းထဲမှ လှုပ်ရှားသံကို နားစွင့်လျက် ရှိနေသည်။ အချိန်အတော်ကြာမြင့်သည်အထိ မည်သည့်အသံမှ ထွက်ပေါ်မလာသည့်အတွက်ကြောင့် အသံကို ဖိနှိပ်၍ တိုးညှင်းစွာ ခေါ်လိုက်တော့သည်။
"အရှင့်သား၊ အချိန်လင့်နေပါပြီ"
အထဲမှ လှုပ်ရှားသည့်အသံကို ကြားလိုက်သည်နှင့် ယွမ်ဖူက အစေခံများအား တစ်ကိုယ်ရည်သုံးပစ္စည်းများနှင့် အဝတ်အထည်များကို ယူဆောင်စေကာ အခန်းတွင်းသို့ ဝင်ခိုင်းလိုက်၏။
"မင်းတို့အားလုံး အသံတိုးကြစမ်း..." ရွှမ်းယွမ်ဟန်ချန် အိပ်ရာထက်တွင် အိပ်မောကျနေတဲ့ လင်းကျားပေါင်ကို ကြည့်လိုက်သည်။ သူ့မျက်ဝန်းတွေထဲမှာတော့ ချစ်ခင်ကြင်နာမှုများနဲ့ ပြည့်နှက်နေခဲ့သည်။
ရွှမ်းယွမ်ဟန်ချန်သည် အစေခံများ၏ အကူအညီဖြင့် ကိုယ်လက်သန့်စင်ဆေးကြောကာ အဝတ်အစားများအား လှဲလှယ်ဝတ်ဆင်လိုက်သည်။ သည်အချိန်တစ်လျှောက်လုံး သူ့အကြည့်တွေက သူ့ပေါင်ပေ့လေးရဲ့အပေါ်ကနေ ဖယ်ခွာမသွားခဲ့ပေ...
လင်းကျားပေါင်သည် ဘေးပတ်ဝန်းကျင်မှ လှုပ်ရှားမှုကို ခံစားလိုက်မိလိုက်သည့်ပုံပင်။ သူ့မျက်လုံးများကို ရီဝေစွာဖြင့် ဖွင့်ဟလာပြီး အိပ်ရာမှထရန် ကြိုးစားလိုက်သည်။
လင်းကျားပေါင်၏ကိုယ်ပေါ်တွင် လွှမ်းခြုံထားသည့်စောင်မှာ အောက်သို့လျောကျသွားပြီး နှင်းပွင့်လေးများကဲ့သို့ ဖြူဖွေးနေသည့် ပခုံးသားလေးများမှာ ပေါ်ထွက်လာခဲ့သည်။ သူ့ကိုယ်ပေါ်၌ စွဲထင်နေသည့် အချစ်အမှတ်အသားများမှာ တုန်လှုပ်ဖွယ်ရာအတိပင်...
ယွမ်ဖူသည် တစ်ကြိမ်ခန့်သာ ကြည့်လိုက်ပြီး ထပ်မံ၍ ကြည့်ရှုရန် မဝံ့ရဲတော့ချေ။ သူ့နှလုံးသားထဲမှာတော့ အိမ်ရှေ့စံက သခင်လေးလင်းကို အမှန်တကယ် ချစ်မြတ်နိုးကြောင်းကို နားလည်လိုက်သည်။
ရွှမ်းယွမ်ဟန်ချန်က ကျားပေါင်ကို အိပ်ရာထက် ပြန်လည်လှဲချလိုက်ကာ "အခုမှ အစောကြီးရှိသေးတယ်၊ နည်းနည်းလောက် ထပ်အိပ်လိုက်ဦးနော်၊ ကိုယ် မနက်ခင်းညီလာခံ သွားတက်လိုက်ဦးမယ်။"
ရွှမ်းယွမ်ဟန်ချန်သည် ပြောလိုက်ပြီးနောက်မှာပဲ လင်းကျားပေါင်အား ညင်ညင်သာသာ နမ်းလိုက်ပြန်သည်။
******************
နောက်တစ်ကြိမ် လင်းကျားပေါင် နိုးလာသည့်အချိန် အရှင့်သားကို မတွေ့ရတော့ပေ။ တံခါးအပြင်ဖက်တွင် စောင်းဆိုင်းနေတဲ့ အစေခံနှစ်ယောက်သာ ရှိနေခဲ့သည်။ အိပ်ခန်းအတွင်းမှ လှုပ်ရှားသည်ကို ကြားလိုက်ရသည်နှင့် သူတို့က အခန်းထဲကို ဝင်ရောက်လာခဲ့ကြသည်။
သူတို့ထဲမှ အရပ်ရှည်ရှည်နှင့် နန်းတွင်းအစေခံတစ်ယောက်က ပြောလိုက်လေ၏။ "သခင်လေးလင်း၊ နိုးလာပါပြီလား၊ ဒီအစေခံက အကြီးတန်းနန်းတွင်းအစေခံတစ်ယောက်ပါ၊ ရှုရ... သခင်လေးကို ခစားဖို့ လာရောက်ခြင်း ဖြစ်ပါတယ်၊ အိမ်ရှေ့စံမင်းသားက အခုလေးတင် မနက်ခင်းညီလာခံ ပြီးသွားလို့ အခုလောလောဆယ်တော့ အပြင်စာကြည့်ခန်းထဲမှာ ညီလာခံအမတ်တစ်ချို့နဲ့ ဆွေးနွေးတိုင်ပင်နေကြပါတယ်။ သခင်လေးကို မနက်စာ အရင် သုံးဆောင်ထားလိုက်ဖို့ကို မှာကြားခဲ့ပါတယ်။"
ရှုရမှာ ခန္ဓာကိုယ်ကျစ်လစ်ပြီး အရပ်မြင့်သည့် အမျိုးသမီးတစ်ဦးပင်... လူတိုင်းကို စိတ်အေးချမ်းစေပြီး နှစ်လိုဖွယ်ကောင်းသည့် ခံစားချက်ကို ပေးစွမ်းနိုင်ပေသည်။
သူမနှင့် နှိုင်းစာလျှင် အခြားသောအစေခံတစ်ဦးမှာ ပိုမိုကာ သေးသွယ်သည့်ပုံပေါက်သည်။ အနည်းငယ်လှမ်းသည့်နေရာတွင် လင်းကျားပေါင် မျက်နှာသစ်ဖို့ရန်နှင့် သွားတိုက်ဖို့ရန် လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်လျက်ရှိနေသည်။ "သခင်လေးလင်း၊ ဒီအစေခံကလည်း အကြီးတန်းနန်းတွင်အစေခံပါ၊ ရှုချင် သခင်လေးကို ခစားဖို့ လာရောက်ခြင်း ဖြစ်ပါတယ်။"
ရှုချင်၏ပင်ကိုယ်စရိုက်သည် သွက်သွက်လက်လက်ရှိသည့်အတွက်ကြောင့် လင်းကျာပေါင်းအား ယုလင်းကို အမှတ်ရစေလိုက်သည်။
ရှုချင်သည် စကားစပြောလိုက်သည်နှင့် မရပ်မနားပင် ပြောတော့လေ၏။ "သခင်လေးလင်း၊ ဒီနေ့ ဘယ်ဝတ်စုံကို ဝတ်ဆင်ချင်ပါသလဲ? ကျွန်တော်မျိုးမ ဒီကျောက်စိမ်းရောင်ဝတ်စုံနဲ့ အပြာနုရောင်ဝတ်ဆုံတွေကို ပြင်ဆင်ထားပါတယ်၊ ဘယ်တစ်ထည်ကိုများ ဝတ်ဆင်ချင်မလဲဆိုတာကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါဦး..."
ရှုချင်သည် သူကြည့်လို့ရအောင် ဝတ်စုံနှစ်ထည်စလုံးကို ရှေ့သို့ယူဆောင်လာခဲ့သည်။ နှစ်ထည်စလုံးမှာ အလွန်ပင်လှပကြသည်။ ပိုးထည်ဝတ်စုံများဖြစ်သည့်အတွက်ကြောင့် တောက်တောက်ပြောင်ပြောင် ရှိနေလေသည်။ မထိတွေ့ကြည့်ပါပဲနဲ့တောင် ပိုးထည်တွေရဲ့ နှိုင်းယှဥ်လို့မရလောက်အောင် ကောင်းမွန်မည့် အရည်အသွေးကို ခန့်မှန်းနိုင်သည်။
နောက်ဆုံးတွင် လင်းကျားပေါင်သည် ကျောက်စိမ်းရောင်ဝတ်ဆုံကို ရွေးချယ်ကာ ဝတ်ဆင်လိုက်သည်။ ရှုချင်၏ ပြောစကားများကြောင့် ကိုယ့်ကိုယ်ကိုပင် ကြက်သွန်မြိတ်ပင်လို့တောင် ခံစားနေရတော့လေသည်။
*****************
အိမ်ရှေ့စံ၏အရှေ့နန်းဆောင်ရှိ အပြင်စာကြည့်ခန်းအတွင်း၌ ရွှမ်းယွမ်ဟန်ချန်သည် ယနေ့မနက်ညီလာခံမှ အကြောင်းအရာများကို အခြားသောလူနှစ်ဦးနှင့်အတူ တိုင်ပင်ဆွေးနွေးနေခဲ့သည်။
"ဒီတစ်ခါတော့ ရွှယ်ယုံတစ်ယောက် ကျန်းနန်းမှာ သူ့စစ်သူကြီးနှစ်ယောက်ကို ဆက်တိုက်ကို ဆုံးရှုံးလိုက်ရတာ... သူဖြစ်ပျက်သွားတဲ့ ရုပ်ကိုကြည့်ပြီး စိတ်ချမ်းသာလိုက်တာ..." တွေးမိလိုက်ရုံနှင့် လျိုဇီချီတစ်ယောက် ဝက်ဝက်ကွဲ ရယ်မောလိုက်လေ၏။
လျိုဇီချီသည် ယခင်က ရွှမ်းယွမ်ဟန်ချန်၏စာကြည့်ဖော်တစ်ယောက်ပင်... ယခုအချိန်၌ စစ်ဖက်ဆိုင်ရာဌာနမှ အရာရှိတစ်ဦး ဖြစ်နေလေပြီ ဖြစ်သည်။ ထို့အပြင် ရွှမ်းယွမ်ဟန်ချန်၏ ဘက်တော်သားများထဲမှ တစ်ဦးပင်။ လျိုဇီချီ၏ စရိုက်မှာ ဘွင်းဘွင်းလင်းလင်းနှင့် တည့်တိုးဆန်သည်။ မိတ်ဆွေအပေါင်းအသင်း အချိတ်အဆက်များစွာ ရှိပြီး ညီလာခံအမတ်များနှင့်လည်း ကောင်းမွန်သည့် ဆက်ဆံရေးရှိသည်။
ရွှယ်ယုံသည် အမှုဆောင်ဝန်ကြီးတစ်ဦးဖြစ်ပြီး မယ်တော်ကြီး၏ သွေးသားအရင်းအချာ အစ်ကိုတော်တစ်ဦး ဖြစ်ကာ ရွှယ်မိသားစု၏ ခေါင်းဆောင်များထဲမှ အဓိကကြိုးကိုင်သူတစ်ဦးပင်...
"ရွှယ်မိသားစုတစ်ခုလုံး အခုဆို မြှားကုန်နေပြီ၊ ရွှယ်ယုံက လွှဲလို့ ကျန်တဲ့နောက်လိုက်အပေါင်းအပါတွေက စိုးရိမ်စရာမရှိဘူး၊ ဒီတစ်ခါက အဲစစ်သူကြီးနှစ်ယောက်ရဲ့ ပြစ်မှုမှတ်တမ်းသက်သေတွေကို စုဆောင်းဖို့ လူလွှတ်ပေးခဲ့တဲ့ အိမ်ရှေ့စံရဲ့ ကျေးဇူးကြောင့်သာ ရွှယ်မိသားစုကို တိုက်ရိုက် ရိုက်ချနိုင်ခဲ့တာပါ။" ကျန်းကျားက အိမ်ရှေ့စံ၏အရည်အချင်းကြောင့် ဒီလိုမျိုးကိစ္စကို ကိုင်တွယ်နိုင်သည်ဟု ခိုင်ခိုင်မာမာယုံကြည်ထားခဲ့သည်။
ကျန်းကျားသည်လည်း ရွှမ်းယွမ်ဟန်ချန်၏ လူယုံများထဲမှ တစ်ယောက်ပင်... ကျန်းကျားသည် ဉာဏ်ပညာမြင့်မားပြီး နည်းပရိယာယ်နှင့် ကြွယ်ဝသူတစ်ဦး ဖြစ်သည်။ နက္ခတ်ပညာနဲ့ ဘူမိဗေဒပညာကို စိတ်ပါဝင်စားပြီး တွက်ချက်ရာတွင် အလွန်ထူးချွန်သည်။
Advertisement
ယခင်ဘဝတုန်းက ကျန်းကျားသည် ရွှမ်းယွမ်ဟန်ချန်ကို များစွာ အထောက်အကူပြုခဲ့သူတစ်ယောက်ပင်။ သူ့အတွက် နည်းဗျူဟာများကို ရေးဆွဲပေးပြီး အကြံဉာဏ်များကိုလည်း လမ်းညွှန်ပြသပေးခဲ့သည်။ သူကိုယ်သူ တွန်းအားပေးပြီး လွန်လွန်ကျူးကျူး အားစိုက်ထုတ်ကာ ကြိုးစားခဲ့သည်။ သို့ပေမယ့် နှမြောစရာကောင်းစွာ သူ့ရဲ့ ခန္တာကိုယ်က အလွန်အားနည်းလို့ စောစီးစွာ သေးဆုံးသွားခဲ့ရသည်။
ဒီဘဝတွင်တော့ ရွှမ်းယွမ်ဟန်ချန်က သူ့ အပေါင်းအဖော်နှစ်ယောက်ရဲ့ ကျန်းမာရေးကို စိတ်ပူတာကြောင့် မကြာခဏပင် တော်ဝင်သမားတော်ကို ပင့်ဆောင်ကာ ထိုသူတို့နှစ်ယောက်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးခိုင်းပြီး ကြည့်ရှုစောင့်ရှောက်စေခဲ့သည်။ ဒါကပဲ အိမ်ရှေ့စံအပေါ် သူတို့ရဲ့ ရိုသေလေးစားစိတ်ကို ပိုတိုးလာစေခဲ့သည်။
ရွှမ်းယွမ်ဟန်ချန်က သူတို့နှစ်ယောက်ကို ပြောလိုက်၏။ "ဒီတစ်ခါ သူ့ရဲ့ ဘယ်လက်ရုံး၊ ညာလက်ရုံးလိုမျိုး အလေးထားရတဲ့ တပည့်နှစ်ယောက်လုံးကို တစ်ပြိုင်နက် ဆုံးရှုံးလိုက်ရတာ... ကျန်းနန်ဆိုတာကလည်း သူတို့ဘက်တော်သားတော်ဆီကနေ ဆုလာဘ်ပဏ္ဏာတွေ လက်ခံရယူနေတဲ့ အဓိကနေရာပဲ၊ ကိုယ်တော်စိုးရိမ်မိတာကာ ချောင်ပိတ်မိနေတဲ့ခွေးက ထကိုက်မှာကိုပဲ၊ မင်းတို့နှစ်ယောက်လုံး ဒီအတော်အတွင်း သတိထားရလိမ့်မယ်၊ ရွှယ်မိသားစုတစ်ခုလုံးကို နီးနီးကပ်ကပ်စောင့်ကြည့်နေ... အထူးသဖြင့် လီဝမ်နဲ့ ဆက်သွယ်နေသမျှတိုင်းကို စောင့်ကြည့်ရမယ်။"
"ကောင်းပါပြီ"
အချိန်ကို စစ်ကြည့်လိုက်တော့ မစောတော့တာကြောင့် သူပေါင်ပေ့လေးက အခုအချိန်ဆိုရင် နိုးနေလောက်ပြီ။ "ဒီနေ့တော့ ဆွေးနွေးတာ ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်"
လျိုဇီချီက တွေးမိလိုက်ပြီး သဘောပေါက်ကာ "ကျွန်တော်မျိုး ကြားသိရသလောက်တော့ အရှင့်သား မနေ့က အလှလေးတစ်ယောက်ကို ပိုင်ဆိုင်လိုက်ရတယ်ဆို..."
ကျန်းကျားသည်လည်း အနည်းငယ် စိတ်ဝင်စားလေသည်။ သူလည်း ဧကရီက အလှလေးတစ်ယောက် ချီးမြှင့်တဲ့သတင်းကို ကြားသိပြီးသားပင်။ အရှင့်သားက ဒီနေ့ စိတ်ကြည်လင်နေပြီး ပျော်ရွှင်နေသည့် ပုံလည်းပေါက်နေသည်။
"ဟားဟား... နောင်မှာ မင်းတို့နဲ့ ဆုံဖို့ အခွင့်အရေးရလာပါလိမ့်မယ်။ အဲအခါကြရင် ငါကိုယ်တော်ကို ဆက်ဆံသလိုပဲ သူ့ကို ဆက်ဆံပေးရမယ်။" ရွှမ်းယွမ်ဟန်ချန်က သူတို့ကို ပြောလိုက်သည်။
ဤသည်ကို ကြားလိုက်သည်နှင့် လင်းဇီချီနှင့်ကျန်းကျားတို့သည် သခင်လေးလင်းအကြောင်း စိတ်မဝင်စားပဲ မနေနိုင်... ဘယ်လိုပုဂ္ဂိုလ်မျိုးကများ အရှင့်သားကို ဒီလိုစကားမျိုးပြောအောင်လုပ်နိုင်တာလဲဆိုတာကိုပင်..
****************************.
ယွမ်ဖူနှင့် အခြားသောအထိန်းတော်တစ်ဦးအား ဖျင်လဲ့ခြံဝန်းအတွင်းသို့ ရွှမ်းယွမ်ဟန်ချန် ခေါ်ဆောင်လာသည့်အချိန်၌ လင်းကျားပေါင်သည် မနက်စာ စားသုံးလို့အပြီး အလုံးစုံပင် ပျင်းရိစွာ တွေဝေငေးမောရင်း ထိုင်နေခဲ့ရသည်။
"အရှင့်သား!" အိမ်ရှေ့စံ ပြန်လာသည်ကို မြင်လိုက်ပြီး လင်းကျားပေါင်မှာ အလျှင်အမြန်ထကာ နှုတ်ဆက်လိုက်သည်။
မနေ့ညက အိမ်ရှေ့စံနှင့်အတူ အတွင်းကျကျ ရင်းနှီးသည့်ကိစ္စများ ပြုလုပ်ပြီးတာတောင်မှ အိမ်ရှေ့စံနှင့် မျက်နှာချင်းဆိုင်ရသည့်အချိန်တွင် လင်းကျားပေါင်မှာ ရှက်ရွံ့မှုအနည်းငယ်မျှလောက်ကို ခံစားနေရသေးသည်။
"ပေါင်ပေ့လေး၊ မင်း နိုးနေပြီပဲ၊ မနက်စာကော စားပြီးပြီလား?" ဘေးနားတွင်ရှိနေသည့် အစေခံများကို ဂရုမထားဘဲ ရွှမ်းယွမ်ဟန်ချန်သည် လင်းကျားပေါင်၏မျက်နှာသေးသေးလေးကို သူ့လက်နှင့် အုပ်ကိုင်လိုက်ပြီး ပြင်းရှရှအနမ်းတစ်ပွင့်ကို ပေးလိုက်သည်။
ရုတ်တရက်ဆန်သည့် အနမ်းကြောင့် လင်းကျားပေါင်၏မျက်နှာမှာ အနီရောင်သမ်းသွားခဲ့လေသည်။ "ကျွန်တော် စားပြီးသွားပါပြီ၊ ငှက်သိုက်ဆန်ပြုတ်နဲ့ ပုစွန်ဖက်ထုပ်သုံးခုကို စားထားပါတယ်"
"အဲဒါ စားကောင်းလား? မင်းလေး စားတာ နည်းလိုက်တာ..." လင်းကျားပေါင်ကို သူ့ရင်ခွင်ထဲ ဆွဲသွင်းရင်း မေးမြန်းလိုက်သည်။
"အရမ်းကို အရသာရှိပါတယ်၊ အခုတော့ ကျွန်တော် ဗိုက်တင်းနေပြီ" လင်းကျားပေါင်က သူ့ဝမ်းဗိုက်ကို ထိကိုင်ကြည့်ပြီး ပြောလိုက်သည်။
ရွှမ်းယွမ်ဟန်ချန်က သူလေးရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမူကို ကြည့်ပြီး မနေနိုင်စွာပဲ သူ့ပါးချိုင့်လေးနှစ်ဖက်ကို နမ်းမိလိုက်သည်။
"ဒါ ယွမ်ချင်ပဲ၊ အခုအချိန်ကစပြီး သူက မင်းနောက်ကနေ လိုက်ပြီး စောင့်ရှောက်ပေးလိမ့်မယ်။" ရွှမ်းယွမ်ဟန်ချန်သည် အထိန်းတော်ငယ်လေးကို လက်ညှိုးထိုးပြကာ ဆိုလေသည်။
"ဒီငယ်သား ယွမ်ချင်က သခင်လေးလင်းကို ဂါရဝပြုပါတယ်၊ သခင်ငယ်လေး အနာဂတ်မှာ ဒီငယ်သားကို အများကြီး အများကြီး စေခိုင်းပါ၊ အကယ်၍များ သခင်လေးမှာ လက်တိုလက်တောင်းကိစ္စတွေ ခိုင်းစရာရှိမယ်ဆိုရင် ဒီငယ်သားကို အားလုံးစေခိုင်းလို့ရပါတယ်၊ သေချာပေါက်ကို ဒီငယ်သားက ပြီးမြောက်အောင် လုပ်ဆောင်ပေးပြီး သခင်လေးရဲ့ အခက်အခဲတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို ဖြေလျော့ဖို့ကို ကူညီပေးပါ့မယ်။"
ယွမ်ချင်မှာ ဉာဏ်ကောင်းသူတစ်ယောက်ပင်...။ အိမ်ရှေ့စံမင်းသား၏သခင်ငယ်လေးအပေါ်ထားသည့် နက်ရှိုင်းလှတဲ့ စိတ်နေသဘောထားကို ယွမ်ဖူကုန်းကုန်းထံမှ လေ့လာသိရှိပြီး ဖြစ်သည်။ တကယ်လို့များ သူသာ သစ္စာရှိရှိ သခင်လေးနောက်ကို လိုက်မယ်ဆိုရင် သူရဲ့အနာဂတ်ရှေ့ရေးမှာ အဆုံးအစမဲ့ပင်။
ထိုအချိန် ယွမ်ဖူသည် ရှေ့သို့လှမ်းကာ အစီအရင်ခံလိုက်သည်။ "အရှင့်သား၊ ချုံမော့မော့ ရောက်နေပါတယ်"
ရွှမ်းယွမ်ဟန်ချန်က ခေါင်းငြိမ့်ပြလိုက်ပြီး သူမအား ဝင်လာခိုင်းလိုက်သည်။ အခန်းတွင်းသို့ ဝင်ရောက်သည်နှင့် ချုံမော့မော့က အိမ်ရှေ့စံအား အရင်အရိုအသေပေးလိုက်ပြီးမှ သခင်လင်းကို ဂါရဝပြုလိုက်သည်။
"ချုံမော့မော့က အရှေ့နန်းဆောင်ရဲ့ အတွင်းရေးကိစ္စမှန်သမျှကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် တာဝန်ယူထားရတဲ့ မော့မော့ပဲ၊ အနာဂတ်မှာ မင်းလေး လိုအပ်တာတစ်ခုခုရှိမယ်ဆိုရင် သူမကို စေခိုင်းလို့ရတယ်" ရွှမ်းယွမ်ဟန်ချန်က လင်းကျားပေါင်ကို သူမနှင့် မိတ်ဆက်ပေးလိုက်သည်။
နောက်ဆုံး၌ ချုံမော့မော့သည် အိမ်ရှေ့စံ၏ အထူးဂရုစိုက်မှုကိုရရှိထားသည့် သခင်လေးလင်းကို တွေ့မြင်လိုက်ရပြီး သခင်လေးလင်း၏ပုံစံမှာ သူမနှလုံးသားထဲ စိတ်ကူးထားသည်ပုံပန်းသဏ္ဌာန်နှင့် မတူ၊ လုံးဝကွဲပြားခြားနားနေသည်ကို တွေ့လိုက်ရသည်။ သခင်လေးလင်းမှာ ယခုထိတိုင်အောင် ကလေးလေးတစ်ယောက်နှင့် တူနေသေးသည်။ သူမတွေးထင်နေသလိုမျိုး ညှို့ချက်ယူဖမ်းစားနိုင်သည့် ပုံစံမျိုး လုံးလုံးလျားလျား မရှိချေ။
Advertisement
"တွေ့ရတာဝမ်းသာပါတယ် ချုံမော့မော့..." လင်းကျားပေါင်က ချုံမော့မော့ကို ချစ်စဖွယ်ကောင်းစွာ နှုတ်ဆက်လိုက်သည်။ လင်းကျားပေါင်သည် သူ၏ အဆင့်အတန်းပြောင်းလဲမှုကြောင့် တခြားသူများထက် မြင့်မားသည်ဟု မတွေးထင်ဘဲ သူ့ထက် အသက်အရွယ်ကြီးတဲ့ မော့မော့တွေအပေါ် အမြဲရိုရိုသေသေသာ ဆက်ဆံလေ့ရှိသည်။
"သခင်လေးလင်းက ယဥ်ကျေးလွန်းနေပါပြီ၊ တကယ်လို့များ သခင်လေးလင်းမှာ ခိုင်းစရာများရှိမယ်ဆိုရင် လူတစ်ယောက်ယောက်ကို စေလွှတ်ပြီး ကျွန်တော်မျိုးမကို ရှာခိုင်းလိုက်လို့ရပါတယ်။" လင်းကျားပေါင်၏ ချစ်စဖွယ်ကောင်းသည့်အမူအရာနှင့် ကောင်းမွန်သည့် အပြုအမူတို့ကြောင့် သူမသည် သခင်လေးလင်းအပေါ်တွင် ကောင်းမွန်သည့်အမြင် ရှိလေသည်။
နောက်မှ ချုံမော့မော့က အိမ်ရှေ့စံထံ ဖျင်လဲ့ခြံဝန်းထဲ ခွဲစေချမှတ်ထားသည့် အစေခံများအကြောင်းကို တင်ပြလိုက်လေ၏။ "စုစုပေါင်း သခင်လေးလင်းရဲ့ ဘေးမှာ အကြီးတန်းနန်းတွင်းအစေခံနှစ်ယောက်နဲ့ ဒုတိယအဆင့် နန်းတွင်းအစေခံနှစ်ယောက် ထားရှိပေးထားပါတယ်။ အရှင့်သားအနေနဲ့ ထပ်ပြီးများ ဖြည့်စွက်ချင်ပါသေးလား?"
အမှန်တကယ်တမ်းမှာတော့ အိမ်ရှေ့စံ၏ရှောင်ရှီးတစ်ယောက်အနေနဲ့ ဒါဟာ မြင့်မားသည့် အဆင့်အတန်းတစ်ခုလို့ ယူဆလို့ရနေပြီ ဖြစ်ပေမယ့် လင်းကျားပေါင်အပေါ် အိမ်ရှေ့စံ၏ နက်နက်နဲနဲ အရူးအမူးစွဲလမ်းနေသည့်ပုံကို မြင်တွေ့လိုက်ရပြီး သူမက နောက်ဆုံးမေးခွန်းအား အရဲစွန့်ကာ မေးမြန်းလိုက်ခြင်းပင်...။
"အခုတော့ ဒီလိုပဲ စီစဥ်ထားလိုက်ပါ၊ အလွန်အကျွံလုပ်ဆောင်တာကလည်း မကောင်းဘူးလေ၊ နောက်မှပဲ လူတွေထပ်တိုးကြရအောင်" ရွှမ်းယွမ်ဟန်ချန်က သူ့စိတ်ထဲ ပေသီးကို တစ်ဒေါက်ဒေါက်နဲ့ ခေါက်နေခဲ့သည်။ သူက သူ့ပေါင်ပေ့လေးကို ရှောင်ရှီးအဖြစ်နဲ့ တစ်သက်လုံးနေခိုင်းမှာမှ မဟုတ်တာ... (T/N: ပေသီးခေါက်နေတယ်ဆိုတာ တင်စားပြီးပြောတဲ့ စကားပါ၊ တွက်ချက်နေတာကိုပြောချင်တာပါ)
ထို့နောက် ချုံမော့မော့က ပြီးခဲ့တဲ့နေ့ရက်တွေက အရှေ့နန်းဆောင်ရဲ့အတွင်းရေးကိစ္စတွေကို အိမ်ရှေ့စံထံ အစီရင်ခံလိုက်ပြီးမှ ပြန်လည်ကာ ထွက်ခွာသွားခဲ့လေ၏။
"ကောင်းပြီ၊ မင်းလေး အခုဆို ရှုရရယ်၊ ရှုချင်ရယ်တို့နဲ့ သိကျွမ်းပြီးပြီ၊ ကျန်တဲ့လေးယောက်ကတော့ ဒီလောက် အရေးမကြီးပါဘူး၊ နောက်ကျမှ သူတို့နဲ့ တွေ့လို့ရတယ်။" လင်းကျားပေါင်ထံ ညင်ညင်သာသာ ဆိုလိုက်ပြီး ရွှမ်းယွမ်ဟန်ချန်က ရှုရနဲ့ ရှုချင်တို့ကို ကြည့်လိုက်၏။ "နောင်မှာ မင်းတို့နှစ်ယောက် မင်းတို့ရဲ့ သခင်လေးကို သေသေချာချာ ခစားကြရမယ်၊ သူ့ရဲ့ ငယ်ရွယ်တဲ့ အသက်နဲ့ ကြင်နာတတ်တဲ့ နှလုံသားကို အသုံးချပြီး နည်းနည်းလေးတောင် ပေါ့ပျက်ပျက်မလုပ်ကြနဲ့၊ အကယ်၍များ ဂရုမစိုက်ပါပဲ အမှားတစ်ခုခုလုပ်မိမယ်ဆိုရင် မင်းတို့အားလုံး ဘယ်လိုအဆုံးသတ်မျိုးနဲ့ ကြုံရမလဲဆိုတာကို သတိရမယ်လို့ ငါကိုယ်တော် မျှော်လင့်တယ်"
ရွှမ်းယွမ်ဟန်ချန်၏ စကားလုံးများမှာ မပြင်းထန်ပါပဲ လေပြည်လေညှင်းလေးများသကဲ့သို့ ပေါ့ပါးညင်သာသည်ဟုပင် ထင်နေရပေမယ့် အေးစက်စက်အဓိပ္ပါယ်နဲ့ ဖိအားကြောင့် ရှုရနှင့် ရှုချင်တို့အတွက် တစ်ယောက်ပြီးတစ်ယောက် ဒူးထောက်ကျသွားစေဖို့ လုံလောက်သည်။ တစ်စိတ်တစ်ဝမ်းတည်းပင် သူတို့အားလုံး ပြန်ဖြေကြားလိုက်သည်။ "ဒီအစေခံ သေချာပေါက် သခင်လေးအပေါ် ဂရုတစ်စိုက်နဲ့ အလုပ်အကျွေးပြုပါ့မယ်။"
လက်မောင်းအတွင်း ပွေ့ဖက်ခံထားရတဲ့ လင်းကျားပေါင်ထံမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်နှင့် ရွှမ်းယွမ်ဟန်ချန်က သူလေးကို ပိုပြီး တင်းတင်းကြပ်ကြပ် ပွေ့ဖက်လိုက်ပြီး လင်းကျားပေါင်၏နားထဲ တီးတိုးကာ ဆိုလိုက်သည်။ "ကိုယ့်ပေါင်ပေ့လေး မကြောက်ပါနဲ့..."
"ဟင့်... ကျွန်တော်မကြောက်ပါဘူး..." လင်းကျားပေါင်က ပွေ့ဖက်မှုများကြားထဲ အနည်းငယ် မသက်သာသလိုခံစားရသည့်အတွက် ဖြေးဖြေးလေး ရုန်းလိုက်သည်။
ရွှမ်းယွမ်ဟန်ချန်က ကျားပေါင်ကို လွှတ်ပေးလိုက်ပြီး "ဒါဆို... ကိုယ့်ကို နမ်း..."
လင်းကျားပေါင်မှာ ရှက်ရွံ့သွားလေ၏။ "ဒီမှာ လူတွေအများကြီး ကြည့်နေတယ်လေ..."
ရွှမ်းယွမ်ဟန်ချန်က မျက်လုံးများကို ပင့်ကြည့်လိုက်သည်။ အနားတွင် ခစားနေကြသည့် လူအားလုံးက သူတို့၏ခေါင်းများကို ငုံ့ဆိုင်းသွားကြလေ၏။
"ဘယ်သူမှကြည့်မနေပါဘူး..." ရွှမ်းယွမ်ဟန်ချန်က လင်းကျားပေါင်ကို အရိပ်ပြလိုက်သည်။
လင်းကျားပေါင်က ငေးကြည့်ရင်း ကူရာကယ်ရာမဲ့သလို ခံစားလိုက်ရသည်။ လျှပ်စီးလိုအလျင်ဖြင့် ရွှမ်းယွမ်ဟန်ချန်၏ပါးပြင်ထက်သို့ နမ်းလိုက်သည်။
ရွှမ်းယွမ်ဟန်ချန် မတင်းတိမ်နိုင်သေးပေမယ့် သူလေးကို ထပ်ပြီး မစနောက်ရဲတော့ချေ။ အခြေအနေတွေ အမြန်တိုးတက်လာဖို့ အချိန်ယူရဦးမယ်ဆိုတာကို သူ့တွေးတောထားပြီးသားပင်...။
"ဟုတ်ပြီ။ အချိန်လည်း မစောတော့ဘူး။ ဧကရီမယ်မယ်ကို သွားပြီး ဂါရဝပြုကြရအောင်။" ရွှမ်းယွမ်ဟန်ချန်က လင်းကျားပေါင်အား ပြောလိုက်သည်။
"ဟုတ်ကဲ့..." လင်းကျားပေါင်က ဧကရီထံ ဂါရဝသွားပြုမည်ဟု ကြားလိုက်ရပြီး အခုဆို သူ့အဆင့်အတန်းက ခြားနားသွားပြီး ဖြစ်တာကြောင့် အနည်းငယ်စိတ်လှုပ်ရှားမိသည်။
"မကြောက်ပါနဲ့၊ ကိုယ် မင်းနဲ့ အတူတူရှိနေမှာပါ..." ရွှမ်းယွမ်ဟန်ချန်က နှစ်သိမ့်ပေးလိုက်သည်။
ရွှမ်းယွမ်ဟန်ချန်နှင့် လင်းကျားပေါင်တို့သည် သန်မာသည့် ကုန်းကုန်းလေးဦး သယ်ဆောင်သည့် ဝေါယာဥ်ကို စီးနှင်းကာ ယုံရှို့နန်းဆောင်ဆီသို့ သွားလေ၏။ အရင်က လင်းကျားပေါင်မှာ စီးတော်ဝေါယာဥ်ထဲတွင် တစ်ခါမျှ မထိုင်ခဲ့ဖူးပေ။ ကျယ်ပြောလှသည့် ဝေါယာဥ်သည် သူ၏ ခါတိုင်းနေ့ရက်များနှင့်မတူ ကွဲပြားခြားနားသည့် ခံစားချက်ကို ခံစားရသဖြင့် သစ်လွင်ကာ စိတ်ဝင်စားဖွယ်ကောင်းလှသည်။
တစ်ခဏအကြာ နှစ်ယောက်သား ယုံရှို့နန်းဆောင်သို့ ရောက်ရှိလာခဲ့သည်။
ရွှမ်းယွမ်ဟန်ချန် လင်းကျားပေါင်အား အဓိကခန်းမဆောင်ထဲသို့ ခေါ်ဆောင်လာကာ ဧကရီကို အတူတကွ ဂါရဝပြုလိုက်ကြသည်။
အိမ်ရှေ့စံက လင်းကျားပေါင်အား လက်တွဲထားသည်ကို ကြည့်ပြီး ဧကရီသည် ခတ္တမျှရပ်တန့်သွားပြီးမှ ပုံမှန်အတိုင်းပင် ဆိုလိုက်သည်။ "ချန်အာ၊ မင်းတို့နှစ်ယောက် ရောက်လာပြီပဲ..."
"မယ်တော်ဧကရီ၊ သားတော် မယ်တော့်ကို ဂါရဝပြုဖို့ လင်းကျားပေါင်ကို ခေါ်လာပါတယ်၊ သားတော်အတွက် လင်ကျားပေါင်ကို ချီးမြှင့်တဲ့အတွက် မယ်တော်ကို ဒီသားတော်က ကျေးဇူးအထူးတင်ရှိပါတယ်၊ သားတော် သူ့ကို အများကြီး သဘောကျနှစ်သက်ပါတယ်။" ရွှမ်းယွမ်ဟန်ချန်က ကျေးဇူးစကားကို လေးလေးနက်နက် ပြောဆိုလိုက်သည်။
"ကျားပေါင်?..." ရွှမ်းယွမ်ဟန်ချန်ထံ ဧကရီက နားမလည်စွာ ကြည့်လိုက်၏။
"အန်းကျူရဲ့ မူရင်းနာမည်က လင်းကျားပေါင်ပါ၊ ကြားရတာ နားထောင်လို့ကောင်းမယ့်ပုံပါပဲ၊ ကျားပေါင်... ကျားပေါင်... အိမ်ရဲ့ ရတနာလေး" ရွှမ်းယွမ်ဟန်ချန်က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။
ဧကရီက ထိုစကားကို ကြားလိုက်ရပြီး ပြုံးလိုက်၏။ "ကောင်းမွန်တဲ့ နာမည်လေးပဲ၊ အနားကို လာပါဦး၊ မယ်တော် သေသေချာချာကြည့်ပါရစေ..."
အရှင့်သားထံ ကြည့်လိုက်တော့ အရှင့်သားက သူ့ကို အားပေးလိုက်သလို ပြံးပြလိုက်တာကြောင့် လင်းကျားပေါင်က ဧကရီရဲ့ အရှေ့ကို လျှောက်သွားလိုက်သည်။
လင်းကျားပေါင်က တစ်ကယ်ကို နှစ်လိုဖွယ်ရာ အသွင်အပြင်နဲ့ သန့်ရှင်းပြီး ဖြူစင်တဲ့စိတ်ထားလေးရှိကြောင်းကို ဧကရီက တွေ့မြင်လိုက်သည်။ သူ့ရဲ့ ကျောက်စိမ်းရောင်ဝတ်စုံက သူ့ရဲ့ ငယ်ရွယ်နုပျိုတဲ့ အသွင်အပြင်ကို ပိုပြီး ပေါ်လွင်စေသည်။ နန်းတွင်းအစေခံဝတ်စုံ ဝတ်ဆင်ထားတုန်းကနဲ့ နှိုင်းစာရင် အခုက ပိုမိုကာ ကြည့်ကောင်းနေခဲ့သည်။
"တကယ်ကို စိတ်ကျေနပ်စရာကောင်းတဲ့ ကလေးပဲ..." ဧကရီက ပြောလိုက်ပြီး လင်းကျားပေါင်ရဲ့ လက်ကိုဆွဲကာ ရုတ်ချည်းဆိုသလို ဝတ်ရုံလက်ကို ပင့်တင်လိုက်သည်။ တောက်ပနေသည့် အနီရောင်မှင်စက်လေးကို မြင်လိုက်ရသည်။ သူမ ဒီလိုမျိုး မြင်ရလိမ့်မယ်လို့ သိပြီးသားပေမယ့် တကယ်တမ်း မြင်တွေ့လိုက်ရတော့ စိတ်ပျက်မှုကို ခံစားနေရတုန်းပင်...
ရွှမ်းယွမ်ဟန်ချန်က ရှေ့သို့တက်ကာ လင်းကျားပေါင်အား သူ့ရဲ့ လက်မောင်းကြားထဲ ဆွဲဖက်လိုက်ပြီး ဧကရီအား ပြုံးပြလိုက်သည်။ "မယ်တော် ဘာလုပ်တာလဲ? လင်းကျားပေါင်က အခုမှ ငယ်ငယ်လေးပဲရှိသေးတာ..."
အနည်းငယ်ရှက်ရွံ့စွာဖြင့် ဧကရီက ဆိုလိုက်၏။ "ဒါ မယ်တော့် အမှားပါ၊ ကျိုးမော့မော့" ဧကရီက ဘေးနားတွင် ရပ်လျက်ခစားနေသည့် ကျိုးမော့မော့ကို ရှေ့သို့လာကာ လင်းကျားပေါင်ကို ဆုချီးမြှင့်ပေးရန် ခေါ်လိုက်သည်။
နောက်ပြီးမှာတော့ လင်းကျားပေါင်ထံ လှည့်ကာ ပြောလိုက်သည်။ "ဒါက ပထမဆုံးတွေ့ဆုံလို့ ပေးတဲ့ နှုတ်ဆက်လက်ဆောင်ပါ" (Greeting Gift) ဘယ်လိုပဲဖြစ်ဖြစ် အခု မင်းက အိမ်ရှေ့စံရဲ့ အရှေ့နန်းဆောင်ကို ဝင်လာပြီဆိုတာကို တော်ဝင်မိသားစုရဲ့ ကျောက်စိမ်းမှတ်တမ်းမှာ မှတ်သားထားပြီးသား၊ အခုဆိုရင် မင်းက အိမ်ရှေ့စံရဲ့လူတစ်ယောက်ဖြစ်နေပြီ၊ အခုချိန်ကနေစပြီး အိမ်ရှေ့စံကို ကောင်းကောင်းခစားပါ၊ အိမ်ရှေ့စံက မင်းကို ဒီလောက်တောင် အလေးပေးလို့ ဒါကို မှီခိုအားထားပြီး မပျက်စီးနဲ့၊ စည်းမျည်းစည်းကမ်းတွေကို စွဲစွဲမြဲမြဲ လိုက်နာရမယ်၊ အိမ်ရှေ့စံမျက်နှာပျက်အောင် မလုပ်နဲ့..."
"မှတ်သားထားပါ့မယ်..." လင်းကျားပေါင်က ဓလေ့ထုံးတမ်းစဥ်လာအတိုင်း ချီးမြှင့်သည့်ဆုကို ကောင်းမွန်စွာ လက်ခံလိုက်သည်။
ဧကရီက လင်းကျားပေါင်ရဲ့ လိမ္မာယဥ်ကျေးတဲ့အပြုအမူကြောင့် စိတ်ကျေနပ်သွားတော့၏။
"ချန်အာ၊ နေ့လည်ခင်းတောင် ရောက်နေပြီ၊ ဒီမှာ မယ်တော်နဲ့အတူတူ နေ့လည်စာ စားသွားလေ..."
"မလိုပါဘူးမယ်တော်၊ သားတော်က နေ့လည်စာ မစားခင် ဆေးသောက်ရဦးမယ်၊ ဒါကြောင့် မယ်တော်ကို နေ့လည်စာအတူတူစားဖို့ အဖော်မပြုနိုင်လောက်ဘူး..." ရွှမ်းယွမ်ဟန်ချန်က ဧကရီကို ပြောလိုက်သည်။
"ဒါဆိုလည်း မြန်မြန်သွားပြီး ဆေးသွားသောက်တော့လေ၊ အချိန်တွေ မနောက်ကျစေနဲ့ဦး..."
'ဒါဆို သားတော် အခုပဲ ပြန်လိုက်ပါဦးမယ်၊ နောက်တစ်ခါကျမှပဲ ကျားပေါင်ကို ခေါ်လာပြီး မယ်တော်နဲ့တူတူ အဖော်ပြုပေးဖို့ လာခဲ့ပါ့မယ်" ရွှမ်းယွမ်ဟန်ချန်က လင်းကျားပေါင်ကို သူနှင့်အတူတူ အလေးပြုရန် ခေါ်လိုက်ပြီး ထွက်ခွာသွားတော့သည်။
ရွှမ်းယွမ်ဟန်ချန်သည် လင်းကျားပေါင်နှင့်အတူ ဝေါယာဥ်ထက်၌ ထိုင်နေခဲ့သည်။ လင်းကျားပေါင်က အိမ်ရှေ့စံကို ကြည့်တာ တစ်စုံတစ်ခုကို ပြောချင်ပေမယ့် တွန့်ဆုတ်နေလေသည်။
"အဟမ်း... အချစ်လေး... မင်းလေးမှာ ပြောစရာတစ်ခုခုရှိလို့လား?" ရွှမ်းယွမ်ဟန်ချန်က မေးလိုက်၏။
"အရှင့်သား၊ စောစောကပြောတာ အရှင်သားက ဆေးသောက်ဖို့ လိုအပ်တယ်ဆိုတာလေ... အရှင့်သား နေမကောင်းလို့လားဟင်?..." လင်းကျားပေါင်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။
"အင်း...ဟုတ်တယ်၊ ကိုယ့်မှာ ကိုယ်တွင်းရောဂါ ရှိနေတာ..." ရွှမ်းယွမ်ဟန်ချန်က ပြောလိုက်ပြီး လင်းကျားပေါင် ဘယ်လိုများ တုံ့ပြန်လာမလဲ ဆိုတာကို စောင့်ကြည့်လိုက်သည်။
အရှင့်သားရဲ့ အဖြေကို ကြားပြီးနောက် လင်းကျားပေါင်ရဲ့မျက်လုံးတွေက ဝိုင်းစက်သွားခဲ့ရသည်။ တုန်လှုပ်စွာဖြင့် "ဘယ်လိုမျိုး ကိုယ်တွင်းရောဂါမျိုးလဲ? အရမ်းကြီး ပြင်းထန်တဲ့ ရောဂါမျိုးလား?..."
"ဟား...ဟား... ကိုယ်မင်းကို နောက်လိုက်တာပါ...အရူးလေးရဲ့... အကယ်၍များ ကိုယ်တို့ မယ်တော့်နေရာမှာ နေလည်စာ စားရမယ်ဆိုရင် မင်းလေးက တစ်ချိန်လုံးမတ်တတ်ရပ်ပြီး ခစားနေရမှာ" ရွှမ်းယွမ်ဟန်ချန်က သူ့ရောဂါကို စိတ်ပူနေတဲ့ လင်းကျားပေါင်ကြောင့် ကျေနပ်သွားခဲ့ရ၏။
"အရှင့်သား... အရှင့်သားက ကျွန်တော်ပေါ် အရမ်းကို ကြင်နာလွန်းတာပဲ၊ ကျေးဇူးတင်ပါတယ် အရှင့်သား..."
ဒါဆို အရှင့်သားရဲ့ ငြင်းဆိုမှုက သူ့ကောင်းကျိုးအတွက်ပေါ့။ လင်းကျားပေါင်က ထိုအချင်းအရာကို ကြားသိပြီးနောက် အရှင့်သားက သူ့အပေါ် အမှန်တကယ်ကောင်းတယ်လို့ ခံစားလိုက်ရသည်။
"ပေါင်ပေ့လေး... ကိုယ့်ကို အရှင့်သားလို့ မခေါ်ပါနဲ့လား... အဲဒါကြီးက အရမ်းသူစိမ်းဆန်လွန်းတယ်... တွေးကြည့်လေ ကိုယ်တို့နှစ်ယောက်က အခုဆို ရင်းနှီး*ပြီးသားလေ..." လင်းကျားပေါင်၏ နားတစ်ဖက်ထဲသို့ ရွှမ်းယွမ်ဟန်ချန်က လေပူပူကို မှုတ်သွင်းလိုက်လေ၏။ လင်းကျားပေါင်၏ မျက်နှာမှာ တဖြည်းဖြည်း အနီရောင်သမ်းလာသည်ကို ကြည့်ရင်း "ကိုယ့်ကို ဟန်ချန် လို့ ခေါ်မယ်ဆိုရင်ရော..."
(T/N: ရင်းနှီးတယ်ဆိုတာ... ဟိုလိုကိုပြောတာ)
Advertisement
- In Serial12 Chapters
Fragments of Glass
before the 1939-1945 War, most churches in England had stained glass windows, but despite local people's best efforts many of these windows were smashed in the bombing. What could be repaired was repaired, but in many churches all they could do was reassemble the remaining fragments randomly, with extra bits of clear glass added to eke them out to fill the windows. That is what I imagined for my collection of short stories: fragments of stained glass, bits of robe, bits of faces, all sorts of odds and ends randomly stuck together. And with quite a lot of clear fragments among the coloured ones. Just broken pieces of stories that anyone can look through.
8 99 - In Serial30 Chapters
Song
Driven by hatred, Song fights to free him and his partner of the Shadow Palace's clutches. Though he yearns for a life free of killing, his Emperor has other plans for him.
8 420 - In Serial17 Chapters
Alluring Smile (Yāoráo De Wéixiào)
Have you ever loved someone? Ever miss someone - Go through four seasons without him? Feels like 10 Years. But when you finally see him - You hurt him… A tale of how a woman tries to find her Master who sacrificed his soul for her. But what would she do if to find him, she must lie, hurt, reject and leave her fiancé that sacrificed his everything for her. And what would the fiancé do to get her back and start loving him again? Follow the story of a loving ex-couple who brings shock and awe to the JiangHu World, as they play their roles in Ancient China, where they and their friends are entangled in a life of ancient tradition and culture.
8 190 - In Serial42 Chapters
Smile For Me || Niall Horan
Alexis Blake has spent years of her life smiling through the pain and struggling to make money with only her brother and little sister left. When she gets a big assignment for a One Direction photo shoot at her photography job she didn't know her life would change big time. Instantly bonding with a certain blonde irish boy has it's benefits, but will she be able to love anyone again after her rocky past?
8 200 - In Serial96 Chapters
Instagram Imagines
This story includes a lot of social media stars and the main character is the 8th member of bts .
8 201 - In Serial7 Chapters
Insane Romance
This is a Toga x Uraraka x Tsu #18 in tsuraraka
8 262

