《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟻
Advertisement
အခန်း (၁၀) - အနီရောင်မီးတိုင် - ၁
နောက်တစ်နေ့ နံနက်တွင် လင်းမော့မော့သည် အန်းကျူနှင့်အတူ အဖော်ပြုကာ သင်ကြားရေးမော့မော့တို့အလာကို စောင့်ပေးနေလေ၏။ စုစုပေါင်း မော့မော့နှစ်ယောက် ရောက်လို့လာခဲ့သည်။ ထိုသူတို့နှစ်ဦးလုံးသည် လင်းမော့မော့ထက်ကို အသက်အရွယ်အားဖြင့် ကြီးရင့်နေပြီ ဖြစ်သည်။
လင်းကျားပေါင်ကို မြင်လိုက်သည့်အခါ ထိုမော့မော့နှစ်ယောက်မှာ ဦးစွာအတူတကွ ဂါရဝပြုလိုက်သည်။
"သခင်လေးလင်းကို ဂါရဝပြုပါတယ်..."
(T/N: Lin xiaozhu - လင်းရှောင်ဇူ၊ xiaozhu ဆိုတာ သခင်လေးကို ခေါ်တဲ့ စကားလုံးပါ။ အန်းကျူနဲ့ ရောကုန်မှာဆိုးလို့ သခင်လေးလို့ပဲ ဘာသာပြန်လိုက်ပါတယ်...)
သူတို့အထဲမှ မော့မော့တစ်ယောက်က ဆိုလိုက်လေ၏။ "သခင်လေးလင်း၊ ဧကရီရဲ့အမိန့်တော်ကြောင့် ဒီမော့မော့တို့က လာရောက်ရခြင်း ဖြစ်ပါတယ်၊ သခင်လေးလင်းကို သင်ကြားပြသပေးဖို့အတွက် ကျွန်တော်မျိုးမတို့ကို တာဝန်ပေးအပ်ခဲ့ပါတယ်၊ ကျွန်တော်မျိုးကတော့ စုမော့မော့ပါ၊ ဒါက ချွီမော့မော့ပါ..."
ဒီလိုမျိုး သူ့ကို ဂါရဝပြုသည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်လို့ လင်းကျားပေါင်မှာ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကိုပင် မသိတော့ပေ။ ဒါကြောင့် လေးလေးစားစားဖြင့်သာ ပြန်လည်တုန့်ပြန်လိုက်သည်။ "တွေ့ရတာ ဝမ်းသာပါတယ် စုမော့မော့၊ ချွီမော့မော့"
"စုမော့မော့၊ ချွီမော့မော့... ရှင်တို့ရောက်လာကြပြီပဲ..." လင်းမော့မော့က သူတို့နှစ်ယောက်ကို မှတ်မိပြီး နှုတ်ဆက်လိုက်သည်။ ချွီမော့မော့ကလည်း လင်းမော့မော့ကို ပြန်လည်ကာ နှုတ်ဆက်စကားဆိုလိုက်သည်။ "လင်းမော့မော့၊ မတွေ့တာတောင် အတော်ကြာပြီပဲနော်၊ ရှင်ကတော့လေ တစ်ခုခုပဲ၊ ရှင့်ရဲ့ တော်ဝင်သရေစာဆောင်က လူက ကွေ့ရန်တစ်ယောက် ဖြစ်လာတာပဲ..."
လင်းေမာ့မော့က ရယ်မောရင်း ပြန်လည်ဖြေဆိုလိုက်၏။ "ဒါ အဲကလေးရဲ့ ကိုယ်ပိုင်ကံကောင်းခြင်းတွေကြောင့်ပါ၊ အန်းကျူက အခုငယ်ရွယ်သေးလို့ မော့မော့တို့နှစ်ယောက်ကပဲ သူကို ပိုပြီး ဂရုစိုက်ပေးပါဦး..."
ချွီမော့မော့နဲ့ စုမော့မော့တို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးလိုက်ကြသည်။ ဒီ သခင်လေးလင်းက သာမာန်လူမဟုတ်တာကို သူတို့ သိပြီးသားပင်... အာ, မနေ့ကလေးတင် အိမ်ရှေ့စံမင်းသားမျာ သူတို့အား ညွှန်ကြားဖို့အတွက် သူတို့ဆီ လူတွေ ထပ်ခါထပ်ခါ စေလွှတ်ခဲ့တယ်။ ပြီးတော့ ဆုငွေတွေကိုလည်း ချီးမြှင့်လိုက်တာ သူမတို့ တစ်နှစ်စာဝင်ငွေထက်ကို အများကြီး ပိုလျှံနေခဲ့တယ်။ သူမတို့ နည်းနည်းလေးတောင် သတိလက်လွတ် မပြုမူရဲဘူး!
"လင်းမော့မော့၊ မပူပါနဲ့ ဟားဟား..." ချွီမော့မော့က ပြောလိုက်သည်။
စုမော့မော့က မေးလိုက်၏။ "သခင်လေးလင်းရဲ့ ပစ္စည်းတွေကို အကုန် ထုတ်ပိုးပြီးသွားပါပြီလား? သခင်လေးရဲ့ အရေးကြီးတဲ့ ပစ္စည်းတွေလောက်ပဲ ယူဆောင်လာလို့ရပါတယ်။ အဝတ်အစားတို့ ဘာတို့ဆို သခင်လေးယူလာဖို့ မလိုအပ်ပါဘူး..."
လင်းကျားပေါင်က ခေါင်းကို ငြိမ့်လိုက်သည်။ "အကုန်ထုတ်ပိုးပြီးသွားပါပြီ" သူက အမှတ်တရပစ္စည်းအနည်းငယ်ထည့်ထားသည့် အထုတ်တစ်ထုတ်ကိုသာ သယ်ဆောင်လာခဲ့သည်။
"ဒါဆို သွားကြရအောင်လေ... ဒီကနေဆို ဝူထုန်ခြံဝန်းကို သွားရမယ့်ခရီးက အနည်းငယ်အလှမ်းဝေးတယ်၊ ထပ်ပြီး ကြန့်ကြာမနေကြရအောင်..." ချွီမော့မော့က အရိပ်အမြွက် ပြောလိုက်သည်။.
လင်းကျားပေါင်က လင်းမော့မော့ကို အလေးပြုလိုက်လေ၏။ "မော့မော့၊ ကျွန်တော်သွားလိုက်ပါဦးမယ်..."
လင်းမော့မော့က သူ့အား ပွေ့ဖက်လိုက်ပြီး ခွဲခွာဖို့ တွန့်ဆုတ်နေခဲ့သည်။ "သွားလိုက်တော့၊ အနာဂတ်မှာ မင်း အစာသွတ်မုန့်တွေစားချင်တယ်ဆိုလို့ရှိရင် တော်ဝင်သရေစာဆောင်ကိုသာ တစ်ယောက်ယောက်ကို ပို့ပြီး ပြောခိုင်းလိုက်နော်၊ ဒီမော့မော့က မင်းအတွက် မုန့်တွေ လုပ်ကျွေးမယ်၊ ဟုတ်ပြီလား..."
"အွင်း... မော့မော့" လင်းကျားပေါင်က ရှေ့သို့လျောက်လှမ်းရင်း နောက်သို့ လှည့်ကြည့် လှည့်ကြည့်ဖြင့်ပင် လာခေါ်သည့် မော့မော့နှစ်ယောက်နောက်သို့ လိုက်ပါသွားတော့၏။
လင်းမော့မော့က ထွက်ခွာသွားသည့် လင်းကျားပေါင်၏နောက်ကျောကို ကြည့်ပြီး သူမ၏မျက်ဝန်းမှာ နီရဲလာတော့သည်။ အနာဂတ်မှာ ထိုကလေး ပျော်ရွှင်နေရဖို့ကိုသာ မျှော်လင့်ရင်း...
(T/N: ဒီပေါက်ဆီလေးတို့ကို ဘာသာပြန်ရင်း တကယ် စိတ်ထားကောင်းကောင်းထားဖို့ ကိုယ့်ကိုယ်ကို သတိပေးမိတယ်။ ကျားပေါင်တို့မိသားစုက ရိုးသားပြီး စိတ်ရင်းကောင်းလို့ဖြစ်မယ်... ကောင်းမွန်တဲ့ လူတွေ၊ ကောင်းမွန်တဲ့အရာတွေနဲ့ပဲ ကြုံတွေ့ရတယ်...ရိုးရိုးရှင်းရှင်းပဲ တွေးတောတတ်တာ အရမ်း စိတ်ချမ်းသာဖို့ကောင်းတယ်...)
စုမော့မော့နဲ့ ချွီမော့မော့တို့သည် လင်းကျားပေါင် မျက်ရည်များကို ခိုးသုတ်နေသည်ကို မြင်ပြီး သူအပေါ်အကောင်းမြင်စိတ် အနည်းငယ်တိုးလာကြသည်။ ဒီကလေးက ကျေးဇူးတရားကို သိတတ်နားလည်တဲ့ ကလေးပဲ။ ဒီလိုကလေးက စိတ်ထားဖြူဖြူစင်စင်နဲ့ ကြင်နာတတ်ပြီး၊ အကြံကြီးအဉာဏ်ကြီးမရှိဘူးဆိုတာကို စာအုပ်တစ်အုပ်ကို ဖတ်ရသလို လွယ်ကူလွန်းလှသည်။ နောင်မှာ အိမ်ရှေ့စံရဲ့ အေနာက်ဆောင်ထဲက အရှုပ်အထွေးတွေကြား အဆင်ပြေပါ့မလားဆိုတာကို မသိနိုင်ချေ။
အမွှေးတိုင်တစ်ဝက်ခန့်ကြာပြီးနောက် နောက်ဆုံးတွင် ချူရှုန်းနန်းဆောင်၏ခြံဝန်းတစ်ခုဆီသို့ ရောက်ရှိလာကြသည်။ သူတို့ရောက်လာသည်ကို မြင်လိုက်သည်နှင့် ဝူထုန်ခြံဝန်းထဲမှ ကုန်းကုန်းများနှင့် အစေခံများ အားလုံးတို့သည် လာရောက်ကာ ဂါရဝပြုကြသည်။ လင်းကျားပေါင်သည် အနည်းငယ် စိတ်လှုပ်ရှားသွားကာ မော့မော့နှစ်ယောက်ထံ ကြည့်လိုက်လေသည်။
"ဒါ... အနာဂတ်မှာ ကျွန်တော်မျိုးမတို့ သခင်လေးကို ဒီအကြောင်းတွေကို သင်ကြားပေးပါ့မယ်။" ချွီမော့မော့က လင်းကြားပေါင်အား ညင်ညင်သာသာဖြင့် ပြောလိုက်သည်။
မော့မော့နှစ်ယောက်က သူ့အား ဦးဆောင်ကာ ခြံဝန်းထဲသို့ ခေါ်ဆောင်သွားလေ၏။ ပထမဆုံး သူ့အား သူနေထိုင်ရမည့်နေရာသို့ ပစ္စည်းများနေရာချထားရန် ခေါ်ဆောင်သွားခဲ့သည်။ သူနေထိုင်ရမည့်နေရာမှာ အလွန်ပင် ကျယ်ဝန်းလှသည်။ သူ့နေထိုင်ရာခြံဝန်းကို ဧည့်သည်ဆောင်တာတွေ့ဆုံနိုင်သည့် ဧည့်ဆောင်တစ်ခု၊ အိပ်ခန်းတစ်ခန်း၊ စာကြည့်ခန်းတစ်ခန်းတို့ဖြင့် ဖွဲ့စည်းထားလေသည်။ အိပ်ဆောင်အတွင်း၌ အတွင်းခန်းနှင့် အပြင်ခန်းအပြင်ကို ဘေးဖက်တွင် ကြီးမားသည့်ရေချိုးခန်းတစ်ခုလည်း ရှိနေသည်။
Advertisement
အိပ်ခန်းသည်လည်း ပရိဘောဂစုံလင်စွာဖြင့် လှပစွာ အလှဆင်ပြင်ဆင်ထားသည်။ အဝတ်ဗီရိုထဲတွင် လင်းကျားပေါင်၏ကိုယ်အတုိင်းအတာနှင့် ကိုက်ညီသည့် အဝတ်အစားများဖြင့် ပြည့်နှက်နေလေသည်။
"သခင်လေးလင်း၊ နောက်သြဂုတ်လ (၅)ရက်နေ့ မေရာက်ခင်အထိ သခင်လေး ဒီနေရာမှာ နေထိုင်ရပါလိမ့်မယ်။ သခင်လေး စိတ်ကျေနပ်ပါရဲ့လား? တကယ်လို့ ပြောင်းလဲချင်တာများရှိရင် ကျွန်တော်မျိုးမ ဒါမှမဟုတ် ချွီမော့မော့ကို ပြောလို့ရပါတယ်။" စုမော့မော့က လင်ကျားပေါင်ကို ပတ်ဝန်းကျင်ကို အနည်းငယ်လှည့်ပတ်ကာ လိုက်လံပြသလိုက်သည်။
လင်းကျားပေါင်က မော့မော့တို့နှစ်ယောက်နောက်မှ လိုက်လံကြည့်ရှုရင်း "မော့မော့၊ တော်တော်လေးကို အဆင်ပြေနေပါပြီ"
ထို့နောက် လင်းကျားပေါင်အား ဧည့်ဆောင်ထဲ ခေါ်သွားကာ မော့မော့တို့က သူ့အား အဓိကထိုင်ခုံတွင် ထိုင်ခိုင်းလိုက်သည်။ စုမော့မော့နှင့် ချွီမော့မော့တို့က ဘေးနှစ်ဘက်တွင် ရပ်လိုက်သည်။
"ဒီကနေ့ကနေစပြီး ချွီမော့မော့နဲ့ ကျွန်တော်မျိုးမတို့က အချိန်အတိုင်းအတာတစ်ခုအထိ သခင်လေးရဲ့ သင်ကြားရေးမော့မော့တွေအဖြစ် တာဝန်ယူထားပါတယ်၊ သခင်လေးကို ကျင့်ဝတ်ထုံးတမ်းစဥ်လာတွေနဲ့ သခင်လေးသိထားသင့်တဲ့ စည်မျဥ်းစည်ကမ်းတွေကို သင်ကြားပြသပေးပါမယ်..."
"အခုမှ သခင်လေးလင်းက ကျင့်သားရအောင်ပြုလုပ်နေရဆဲဆိုတာကို ကျွန်တော်မျိုးမတို့ နားလည်ပါတယ်၊ သခင်ငယ်လေး မစိုးရိမ်ပါနဲ့၊ ဖြည်းဖြည်းချင်းပဲ နေသားတကျဖြစ်အောင်လုပ်လို့ရပါတယ်..." လင်းကျားပေါင်၏ စိုးရိမ်ကြောက်ရွံ့မှုကို ချွီမော့မော့က မြင်တွေ့လိုက်ရသည်။
"ဟုတ်ပါတယ် သခင်လေးလင်း၊ အချိန်တွေအများကြီးရှိပါသေးတယ်၊ ဖြည်းဖြည်းချင်းပဲ သင်ယူလို့ရပါတယ်၊ အရမ်းကြီး မခက်ခဲပါဘူး..." စုမော့မော့က ထပ်လောင်းပြောကြားလိုက်သည်။
မော့မော့တို့နှစ်ဦး၏ ဖော်ရွေလှသည့် စိတ်နေသဘောထားကြောင့် လင်းကျားပေါင်မှာ တဖြေးဖြေး စိတ်သက်သာရာရလာသည်။ "ကျွန်တော် ကြိုးကြိုးစားစား သင်ယူပါ့မယ်..." လင်းကျားပေါင်သည် တစ်စုံတစ်ရာသင်ကြားရမည်ဟု ကြားလိုက်သည့်အခါတိုင်း စိတ်အားထက်သန်နေတတ်ပြီး လေးလေးနက်နက်ထားတတ်သည့် လူမျိုးပင်။
"အခုတော့ အရမ်းကို အချိန်စောနေသေးပါတယ်၊ သခင်လေးလင်း ရေအရင်သွားချိုးလိုက်ပါ၊ ဒီမှာ... အဝတ်လဲလှယ်ဖို့ အဝတ်အစားတွေပါ၊ သခင်လေးအနေနဲ့ ထပ်ပြီးတော့ နန်းတွင်းအစေခံဝတ်စုံတွေကို ဝတ်စရာမလိုအပ်တော့ပါဘူး..."
စုမော့မော့က ပြောလိုက်ပြီး ချွီမော့မော့က လိုအပ်သည်များကို သွားရောက် ပြင်ဆင်လိုက်သည်။
လင်းကျားပေါင်က ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ နန်းတွင်းအစေခံတွေက ရေချိုးဖို့ လိုအပ်သည့်အရာများအားလုံးကို အဆင်သင့် ပြင်ဆင်ထားပြီးသားပင်...
ကြီးမားသည့်ရေချိုးစည်ပိုင်းကြီးသည် ရေနွေးများဖြင့် ပြည့်နေခဲ့သည်။ နန်းတွင်းအစေခံများက လင်းကျားပေါင်၏အဝတ်အစားများကို ကူချွတ်ပေးရန်အတွက် အရှေ့သို့ တက်လှမ်းလာသည်။
"မော့မော့၊ ကျွန်တော်... ကိုယ့်ဘာသာ ချိုးလို့ရပါတယ်!" နန်းတော်အစေခံများ သူ့အား အဝတ်ကူချွတ်ပေးရန် ပြင်နေသည်ကို မြင်သောအခါ လင်းကျားပေါင်မှာ အလွန်ရှက်ရွံ့သွားရသည်။
"သခင်လေးလင်း၊ ဒါလိုမျိုး သခင်တွေရေချိုးရင် အစေခံတွေက ကူညီပေးရတာ ထုံးစံပါပဲ၊ သခင်လေး အသားကျအောင်လုပ်ထားရပါလိမ့်မယ်..." ချွီမော့မော့က သူ့အား ပြောလိုက်သည်။
လင်းကျားပေါင်က ရွေးချယ်စရာမရှိပဲ သူ့ တစ်ကိုယ်လုံး၌ အဝတ်အစားမရှိတော့သည်အထိ ကူချွတ်ပေးသည်ကိုသာ လက်ခံလိုက်ရတော့သည်။ ထို့နောက် အားလုံးရဲ့အကြည့်ရှေ့မှာတင် သူက စည်ပိုင်းထဲသို့ ဝင်သွားလေသည်။ ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် လူအများရှေ့တွင် ရေချိုးရခြင်းပင်။ အလွန်အမင်းကိုပင် သူမှာ ရှက်ရွံ့နေရတော့သည်...
စုမော့မော့က လင်းကျားပေါင် ရှက်နေသည်ကို မြင်ပြီး သူမကိုယ်တိုင် ကူညီကာ ဆေးကြောပေးလိုက်သည်။
"သခင်လေးလင်းရဲ့လက်က မနေ့ကမှ အပူလောင်ထားတာ၊ ဒါကြောင့် ရေနဲ့မထိတွေ့အောင် ဂရုစိုက်ရပါမယ်..." ချွီမော့မော့က သူ့ရဲ့လက်ကို ရေမစိုစေရန် အဝတ်စဖြင့် သေချာပတ်ပေးသည်။
"မော့မော့၊ ကျွန်တော် အများကြီး သက်သာသွားပါပြီ၊ အခုမနာတော့ပါဘူး..."
"သခင်လေးလင်း၊ အခုက အရင်ကနဲ့ ကွာခြားသွားပါပြီ၊ သခင်လေးကိုယ်ပေါ်က အေရပြားလေးတစ်နေရာကိုေတာင် ဂရုထားရပါလိမ့်မယ်၊ သခင်လေး ရေချိုးပြီးရင် ချွီမော့ေမာ့က သခင်လေးကို ဆေးလာလိမ်းပေးပါလိမ့်မယ်၊ အရှင့်သားက သခင်လေး အပူလောင်တဲ့သတင်းကိုကြားပြီး ထိပ်တန်းအပူလောင်လိမ်းဆေးကို ပို့ပေးလိုက်ပါတယ်။ အဲဆေးကို သုံးပြီးရင် သခင်လေးရဲ့ဒဏ်ရာက အမာရွတ်တစ်စက်မှ မကျန်တဲ့ အထိပျောက်သွားပါလိမ့်မယ်။ ဒါအပြင်ကို အသားအရေလည်းပိုပြီး နူးညံ့လာပါလိမ့်မယ်..."
(T/N: အမာရွက်မကျန်အောင်ပျောက်တဲ့ဆေးကတော့ဟုတ်ပါပြီ... နူးညံ့တာ ဘာလဲ...အာ... ငါ့ဂေါ်ဖီထုတ်လေး...ဟိုဟာအခိုးခံရတော့မယ်လို့ ခံစားနေရတယ်...)
ချွီမော့မော့က သူမ ခံစားချက်ကို ထုတ်ဖော်ပြောကြားလာသည်။ "ဒါတစ်ကယ်ကို ရှားပါးလိမ်းဆေးပဲ၊ အရှင့်သားက သခင်လေးအပေါ် တကယ်ကို ကြင်နာတာပဲ..."
အရှင့်သား... လင်းကျားပေါင်၏အတွေးထဲတွင် အိမ်ရှေ့စံ၏ မြင့်မားသည့် ပုံပန်းသဏ္ဌာန်၊ နက်နဲသိမ်မွေ့စွာချောမောသည့် မျက်နှာအသွင်အပြင်မှာ ပေါ်ထွက်လာသည်။
နန်းတော်ထဲတွင် အိမ်ရှေ့စံနှင့် ပတ်သက်သည့် ကောလဟာလတို့ကို မကြာခဏပင် ကြားနေခဲ့ရသည်။ အရင်ဆုံး ကြားခဲ့ရသည်မှာ အိမ်ရှေ့စံ၏ အကြင်နာမဲ့ပြီး ရက်စက်ကြမ်းကြုတ်သည့် ကောလဟာလအကြောင်းပင်။ လင်းကျားပေါင်သည် အစတုန်းက ထိုအကြောင်းကို ကြားပြီး အနည်းငယ်ကြောက်ရွံ့ခဲ့ရသည်။ နောက်ပိုင်း လင်းမော့မော့ကို ကူညီ၍ ဧကရီနန်းဆောင်သို့ လိုက်သွားချိန် အိမ်ရှေ့စံနှင့် အကြိမ်ပေါင်း များစွာတွေ့ဆုံပြီးနောက် ကောလဟာလတို့ကို ထပ်ပြီး မယုံကြည်တော့ခေျ။
အရှင့်သားသည် ဧကရီအပေါ် အလွန်သိတတ်နားလည်ပြီး မကြာခဏ အဖော်ပြုပေးလေ့ရှိသည်။ ဒီလိုတာဝန်ကျေပွန်သည့် လူမျိုးမှာ လူဆိုးတစ်ယောက်မဖြစ်နိုင်ပေ။
အိမ်ရှေ့စံသည် တစ်ခါတစ်ရံ ခံစားချက်မရှိသည့် ပုံစံမျိုးဖြစ်နေပြီး သူထံပါးမှ ရရှိသော အင်အားကြီးမားသည့် ဖိအားတွေက အနည်းငယ်ကြောက်စရာကောင်းနေခဲ့ပေမယ့် သူနဲ့ စကားပြောကြည့်လိုက်မယ်ဆိုရင် အရှင့်သားသည် နည်းနည်းလေးမျှ ကြောက်စရာမကောင်းချေ။ အိမ်ရှေ့စံရဲ့ စကားပြောလိုက်သည့် အသံမှာ နားထောင်လို့ကောင်းပြီး လင်းကျားပေါင်ကို စကားပြောလိုက်တိုင်းသည့်အခါတိုင်းလည်း အလွန် ညင်သာတတ်တဲ့အပြင် ဆုလာဘ်တွေလည်း မကြာခဏ ချီးမြှင့်တတ်သည်။
(T/N: အော် အိမ်ရှေ့စံကြားထဲ လာဘ်တွေပဲ ပတ်ထိုးနေတယ် အောက်မေ့တာ၊ သင်းက ကလေးကို ဘယ်လိုတောင် မြူဆွယ်ထားလို့ ဒီလိုတွေးနေခဲ့ရတာလဲ.... အမလေး... ငါ့ရဲ့ဂေါ်ဖီထုတ်လေးရဲ့...)
ဆေးကြောသန့်စင်ပြီးနောက် မော့မော့နှစ်ယောက်သည် လင်းကျားပေါင်အား နံ့သာဆီးမွှေးတို့ဖြင့် လိမ်းကျံကာ နှိပ်နယ်ပေးလေသည်။ နှိပ်နယ်သည့်ပြီးနောက်တွင် သူ၏အသားအေရမှာ ပိုမိုကာ နူးညံ့ပြီး ချောမွေ့လာလေသည်။ ဒါ့အပြင်ကို ချိုမြန်လှသည့် ခပ်ဖျော့ဖျော့မွှေးရနံ့လေးမှာလည်း သင်းပျံ့နေခဲ့သည်။
"မနက်ဖြန်ကနေစပြီးတော့ ကျွန်တော်မျိုးမတို့ သခင်လေးရဲ့ အသားအရေကို ထိန်းသိမ်းဖို့ ကူညီပေးပါ့မယ်၊ သခင်လေးက အခုဆို အရွယ်ကောင်းကို ရောက်နေပါပြီ။ သခင်လေးသာ တစ်နေ့ထက်တစ်နေ့ ပိုပြီး ကြည့်ကောင်းလာခဲ့မယ်ဆိုရင် အရှင့်သားက သေချာပေါက် ပိုပြီး နှစ်သက်လာပါလိမ့်မယ်။" စုမော့မော့က သူ့အား ပြောလာလေသည်။ သူမက ကျန်းမာရေးကိုလည်း အလေးအနက်ထား ဂရုစိုက်ဖို့ကို ပြောလေသည်။
******************
T/N: ကောင်းခန်းရောက်ခါနီးမှ ဖြတ်လိုက်တယ် မထင်လိုက်ပါနဲ့... ပရိတ်သတ်ကြီး စာအများကြီးဖတ်ရမှာဆိုးလို့ပါ... မျက်စိအတွက် မကောင်းဘူးလေနော့..ဟဲဟဲ... အားလုံး အရှင့်သားနဲ့အတူ နောက်အခန်းပြန်လာခဲ့ပါမယ်...
မနက်ဖြန်တော့ တတ်နိုင်ရင် တင်ပေးပါ့မယ်... K အပြင်သွားရမှာမို့ မမှီမှာဆိုးလို့ ကြိုပြောထားတာပါ... ကြိုးစားပြီးရေးနိုင်အောင်ကြိုးစားပေးပါ့မယ်... Love U All
Advertisement
- In Serial55 Chapters
The Academy
Nicholas Stryder is finally leaving the space colony he grew up on. He has passed the mysterious exam, and gained entrance into the illustrious Academy. Do well at the Academy, and he can finally complete his dream of becoming a DRED Knight, and protect mankind from an alien species that threatens the entire universe. There is only one problem...who will protect him as he goes through the next four years at the Academy?
8 228 - In Serial17 Chapters
Blight of Malevolence
[Farewell, Vaeden. You will now be reborn into the world of Vertalum. I bless you with all the luck,] The God of Chances bid good bye, [I almost forgot, I added a little gift for you as a token of apology. You'll know it instantly.] He winked. 「You will be reborn with the following status:」 In the world of Vertalum where everyone has a role to play, Vaeden finds himself reincarnated as a—"A WHAT?!?!?!!! WHAT KIND OF ROTTEN LUCK DO I HAVE TO BE REBORN AS A—" Join Vaeden on his journey to uncover the mysteries that lie hidden in the world of Vertalum! "DAMN YOU GOD OF CHANCES!"-------------------------------Leave a review and comment, I'd appreciate it greatly! It helps me improve more as an author! Thanks a lot! :D
8 152 - In Serial34 Chapters
Wattpad India Awards 2021
Welcome to Wattpad India Awards 2021An annual celebration of the diverse, creative, and empowering stories from Indian writers. A celebration of stories that open our hearts and change the way we think.Dive into the book for more details.
8 164 - In Serial17 Chapters
boxes - taron egerton.
who knew moving a couple boxes from your apartment would change your life forever
8 132 - In Serial17 Chapters
Prisoner 345 {the 100}
Aaliyah Stark. She was the youngest kid who got locked up on the ark at the age of 10. But she was innocent. All she did was wait for her death. Now 2 years later everything changes. She and 99 other delinquents and 1 stranger are being sent to the ground. What happens when they arrive? Will they survive? And what happens when Bellamy starts taking care of Aaliyah?-- I do not own the characters I only own Aaliyah and her storyline.--this is the first book.{ranked #1 in the100cw #2 in maywemeetagain #2 in abbygriffin}
8 100 - In Serial30 Chapters
TEXTING.
taehyung finds a random number in his locker and decides to message thema taekook fanfici couldn't think of a good title okstarted: may 27th, 2017ended: 9th sept, 2017
8 161

