《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟹
Advertisement
အခန်း (၉) - တော်ဝင်အမိန့်စာ - ၁
ဇူလိူင်လ (၇)ရက်နေ့၊ ချီချောင်ပွဲတော်
တော်ဝင်သရေစာဆောင်၌ ပျားပန်းခပ်မျှအလုပ်ရှုပ်နေကြ၏။ ဧကရီအားဆက်သရန်အတွက် သရေစာမုန့်များကို ပြုလုပ်နေရသည်သာမက ပွဲတော်ကို ဂုဏ်ပြုသောအားဖြင့် ဧကရီနန်းဆောင်မှ အခြားနန်းဆောင်များဆီသို့ လက်ဆောင်ပေးရန်အတွက်လည်း ချောင်ကော်မုန့်များကိုလည်း အမြောက်အများ ပြုလုပ်နေရသေးသည်။
(T/N: 巧果 qiao guo - ဆီကြော်မုန့်တစ်မျိုးပါ။)
ချောင်ကော်မုန့်ကို ပြုလုပ်ဖို့အတွက်ဆို ပထမဆုံး သကြားဖြူကို အိုးထဲထည့်ပြီး အနှစ်ဖြစ်လာတဲ့အထိ ပြုလုပ်ရသည်။ နောက်ပြီး ဂျုံရယ်၊ နှမ်းရယ်နဲ့ ရောပေးကာ သေချာနှံ့အောင်နယ်ပြီးနောက်မှာ မျက်နှာပြင်အပြားတစ်ခုပေါ်ကို အအေးခံဖို့ ဖြန့်ခင်းထားရသည်။ အေးသွားပြီးလျှင် လေးထောင့်ပုံသဏ္ဌာန်အတုံးလေးတွေရအောင် လှီးဖြတ်ကာ လိပ်လိုက်ပြီး အလိမ်လေးတွေဖြစ်အောင် ပုံဖော်ပေးရသည်။ ပြီးနောက် ရွှေရောင်သမ်းလာသည်ထိ ကြော်ပေးရသည်။ လုပ်ရသည်မှာ မခက်ခဲပေမယ့် အရေအတွက်မှာများပြားလွန်းသည့်အတွက်ကြောင့် လင်းကျားပေါင်တို့ တစ်သိုက်မှာ မိုးလင်းကတည်းကပင် အလုပ်များနေကြရသည်။ (T/N: ဒါကို ဘာသာပြန်ပြီးရင် Pastries ပဲရောင်းစားတော့မယ်။)
"အန်းကျူ၊ အခုလုပ်နေတာကို ရပ်ထားခဲ့လိုက်တော့၊ မော့မော့နဲ့လိုက်ခဲ့၊ ဒီငှက်သိုက်ကိတ်ကို ဧကရီဆီသွားဆက်သရအောင်" လင်းမော့မော့က အန်းကျူကို မုန့်သေတ္တာအား ကမ်းပေးလိုက်ရင်း ပြောလိုက်သည်။
"ဟုတ်ကဲ့၊ လာပါပြီ မော့မော့" လင်းကျားပေါင်က သူ့လက်ထဲမှ အရာများကို ချထားလိုက်ပြီး လက်သွားဆေးလိုက်သည်။
"လင်းမော့မော့၊ ကျွန်မကို ခေါ်သွားမယ်ဆိုရင်ကော?..." ယုလုံက လင်းမော့မော့ကို မေးလိုက်သည်။ ဒီနေ့က ချီချောင်ပွဲတော်နေ့ပင်။ ဒါကြောင့် ရည်ရွယ်ချက်ရှိရှိပင် သူမကိုယ်တိုင် အနုစိတ်ချည်ထိုးထားသည့် လှပတဲ့ချည်ထိုးပန်းထိုးအိတ်ကို ဝတ်ဆင်ပြီး ဧကရီရှေ့မှောက်တွင် မျက်နှာပြချင်ပေသည်။
"မလိုအပ်ဘူး။ အန်းကျူနဲ့ ငါနဲ့ဆို တော်လောက်ပြီ။ မင်းတို့သုံးယောက်က ချောင်ကော်မုန့်လုပ်ဖို့ကိုပဲ အာရုံစိုက်လိုက်..." လင်းမော့မော့က သူမ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်၏။ သူမက ယုလုံရဲ့ ရည်ရွယ်ချက်ကို မသိပဲ နေပါ့မလား?
ယုလုံက လင်းမော့မော့နှင့် အန်းကျူတို့နှစ်ယောက် ထွက်ခွာသွားသည်ကို ကြည့်ကာ သူမစိတ်ထဲ မခံမရပ်နိုင်ဖြစ်နေလေ၏။
လင်းမော့မော့က အန်းကျူအား ယုံရှို့နန်းဆောင်၏ ပင်မခန်းမဆီသို့ ခေါ်ဆောင်လာချိန် ကျိုးမော့မော့က အဆောင်၏အပြင်၌ ရပ်ကာစောင့်နေသည်ကို မြင်တွေ့လိုက်ရလေ၏။
"လင်းမော့မော့၊ ရှင်တို့နှစ်ယောက် ရောက်လာပြီပဲ၊ ဧကရီကော အိမ်ရှေ့စံကော အဆောင်ထဲမှာရှိနေတယ်၊ သူတို့က ရှင်တို့ရဲ့သရေစာမုန့်တွေအလာကို စောင့်နေတာ..." ကျိုးမော့မော့က လင်းမော့မော့ကို အဓိပ္ပါယ်ပါပါ ကြည့်လိုက်၏။
"ဒါ အန်းကျူပဲဖြစ်ရမယ်၊ လင်းမော့မော့ဆီကနေ မင်းကအရည်အချင်းရှိတယ်လို့ ပြောတာကို ကြားဖူးတယ်..." ကျိုးမော့မော့က အန်းကျူကို အားပါးတရ ပြုံးကာ ပြောလိုက်သည်။ သူမက သူ့ရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် အတော်လေး စိတ်တိုင်းကျသွားခဲ့ရသည်။
"ကျိုးမော့မော့ကို နှုတ်ခွန်းဆက်သပါတယ်" လင်းကျားပေါင်က ရှေ့သို့တိုးကာ ကျိုးမော့မော့အား နှုတ်ဆက်လိုက်ပြီး သူမရဲ့ ချီးမွမ်းစကားကြောင့် ရှက်ပြုံးလေးပြုံးလိုက်မိသည်။
လင်းမော့မော့သည် ရှေ့သို့ လျှောက်လာခဲ့သည်။ ရုတ်တရက် သူမက သူမ၏ဝမ်းဗိုက်ကိုကိုင်ကာ ခန္ဓာကိုယ်ကို ကွေးညွှတ်လိုက်သည်။ "အ့... ဘာလို့ ငါ့ဗိုက်က ရုပ်တရက်ကြီးနာလာရတာလဲ...."
လင်းကျားပေါင်က စိုးရိမ်တကြီးဖြင့် သူမကို ဖေးမလိုက်ပြီး "မော့မော့၊ ဘာဖြစ်တာလဲ?"
"အိုး... ငါ့ဗိုက်က ရုတ်တရက်ကြီး နေလို့မကောင်းတော့ဘူး၊ အွန်း... အန်းကျူ အ့... မင်းနဲ့ကျိုးမော့မော့ပဲ ဝင်သွားလိုက်ပါတော့၊ ဒီလိုပုံစံနဲ့ ဧကရီနဲ့ အိမ်ရှေ့စံတို့ဆီ အခစားဝင်တာ မသင့်တော်ဘူး။" လင်းမော့မော့က အန်းကျူကို ပြောလိုက်သည်။
"လင်းမော့မော့၊ ဘယ်လိုလုပ်မလဲ? အရမ်းကို ဆိုးဝါးနေတာလား?" လင်းအန်းကျူက စိတ်ပူပန်စွာနဲ့ မေးမြန်းလိုက်၏။
"ဘာမှတော့မဟုတ်ပါဘူး၊ သန့်စင်ခန်းသွားလိုက်ရင် သက်သာသွားလိမ့်မယ်၊ သွားလိုက်တော့..." လင်းမော့မော့က ပြောလိုက်သည်။
"ဟုတ်ကဲ့" လင်းကျားပေါင်က အစားအသောက်သေတ္တာကိုကိုင်ကာ ကျိုးမော့မော့နှင့်အတူ လိုက်ဝင်သွားတော့သည်။
ပင်မခန်းမဆောင်အတွင်း၌ ဧကရီနှင့် အိမ်ရှေ့စံတို့သည် ထိုင်ကာ စကားးစမြည်ပြောဆိုနေကြ၏။ ထိုစဥ် အန်းကျူက မုန့်များကို သယ်ဆောင်ကာ ဝင်လာသည်ကို ဧကရီက မြင်တွေ့လိုက်ရသည်။ လင်းကျားပေါင်က ရှေ့မှောက်သို့လာပြီး ဒူးထောက်ကာ အရိုအသေပြုလိုက်သည်။
"တော်ဝင်သရေစာဆောင်က အန်းကျူက ဧကရီမယ်မယ်နဲ့ အိမ်ရှေ့စံမင်းသားတို့ကို ဂါရဝပြုပါတယ်"
"ထလို့ရပြီ" ဧကရီက သူ့ကို ဂရုတစိုက်ပင် ကြည့်ရှုနေလေ၏။ ကျိုးမော့မော့ပြောသလိုပင် ဒီကောင်လေးက တကယ်ကို နှစ်လိုဖွယ်ကောင်းသည့် မျက်နှာမျိုးကို ပိုင်ဆိုင်ထားသည့် ကလေးတစ်ယောက်ပင်။
ဧကရီက သပိတ်လွယ်ငှက်ပုံကိတ်မုန့်ကို မြင်တွေ့လိုက်ပြီး " ဒါဘယ်လိုမုန့်မျိုးပါလိမ့်၊ ပုံစံလေးက အတော်ဆန်းသစ်တာပဲ။"
(T/N: Magpie မျိုးငှက် ၊မြန်မာမှာဆို သပိတ်လွယ်ငှက်တို့ ငှက်တော်ပြာတို့ပေါ့၊ QiXi Festival ကို နောက်တစ်မျိုး Magpie Festival လို့လဲခေါ်ပါတယ်။ ဒဏ္ဏာရီတစ်ပုဒ်ရှိပါတယ်၊ အဲငှက်တွေအုပ်စုလိုက်ပျံလို့ရှိရင် နွားကျောင်းသားလေးနဲ့ရက်ကန်းသမလေးတို့ ချစ်သူနှစ်ယောက်ကို ချိန်းတွေ့လို့ရအောင် ပေါင်းကူးတံတားဖြစ်သွားတာပါ၊ သေချာဖတ်ချင် ဂလူးဂလူးခေါက်လိုက်ပါ)
"ဧကရီကို ပြန်လည်ဖြေကြားပါတယ်၊ ဒါငှက်သိုက်နဲ့ပြုလုပ်ထားတဲ့ ကိတ်မုန့်ပါ၊ ဒီမုန့်ကို သကာရေ၊ ကြိတ်ချေထားတဲ့ငှက်သိုက်၊ သကြား၊ ကိတ်မုန့်ဂျုံတို့နဲ့ ပြုလုပ်ထားတဲ့အတွက်ကြောင့် အရသာလဲ ချိုမြပါတယ်၊ ဒီနေ့က ချီချောင်ပွဲတော်ရက်ဖြစ်လို့ ကျွန်တော်မျိုးတို့ သပိတ်လွယ်ငှက်ပုံကို ရွေးချယ်ထားခြင်း ဖြစ်ပါတယ်" လင်းကျားပေါင်က ဂရုတစိုက်ဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
Advertisement
ဧကရီသည် သူ့ထံမှ မကြောက်မရွံ့၊ မတုန်မလှုပ်ပဲ တည်တည်ငြိမ်ငြိမ်ဖြင့်သာ ပြန်လည်ဖြေကြားလာသည်ကို မြင်တွေ့လိုက်ရသည့်အတွက်ကြောင့် သူ့အား အနည်းငယ်ပိုပြီး နှစ်သက်လာခဲ့လေ၏။
ရွှမ်းယွမ်ဟန်ချန်သည် လင်ကျားပေါင်၏ ချစ်စဖွယ်မျက်နှာလေးကို ကြည့်ပြီး "မင်း ဒီနန်းတော်မှာရှိနေတာ ဘယ်လောက်ကြာပြီလဲ?၊ နန်းတော်ကို ဘယ်လိုခံစားရလဲ?၊ နေရတာကော အသားကျနေပြီလား?"
""အရှင့်သားကို ပြန်လည်ဖြေကြားပါတယ်၊ အန်းကျူက နန်းတော်ထဲရောက်နေတာ တစ်နှစ်ကျော်ရှိနေပါပြီ၊ နန်းတော်ထဲနေရတဲ့ဘဝကို အတော်လေးအသားကျနေပါပြီ၊ နန်းတော်ကအရမ်းလဲ ကောင်းပြီး လင်းမော့မော့ဆီကလည်း မုန့်လုပ်နည်းတွေကို သင်ယူခွင့်ရခဲ့ပါတယ်"
ရွှမ်းယွမ်ဟန်ချန်က ထပ်မံ၍ မေးလိုက်၏။ "ဘယ်ကနေလာတာလဲ?၊ မိသားစုကကော ဘယ်အရပ်မှာနေတာလဲ?၊ မိသားစုထဲကော ဘယ်နှစ်ယောက်ရှိလဲ?၊ မွေးချင်းမောင်နှမတွေကောရှိလား?"
"အန်းကျူက ရှုစီရင်စုရဲ့ ဖေမြို့ကနေလာတာပါ၊ ကျွန်တော်မျိုးမိသားစုက လင်းကျားရွာမှာ နေထိုင်ပါတယ်၊ ကျွန်တော်မျိုးမှာ မိဘနှစ်ပါးအပြင် အစ်ကိုကြီးနဲ့အစ်ကြီးနှစ်ယောက်ရှိပါတယ်၊ ဒါ့အပြင်ကို ညီငယ်လေးတစ်ယောက်၊ ညီမငယ်လေးတစ်ယောက်လည်း ရှိပါသေးတယ်။" လင်းကျားပေါင်က အမှန်အတိုင်းပင် ပြန်လည်ကာ ဖြေကြားလိုက်သည်။
ကျားပေါင်ပြောသမျှကို ရွှမ်းယွမ်ဟန်ချန် သိပြီးသားပင်။ သူ့ပေါင်ပေ့လေးရဲ့ ပါးစပ်သေးသေးလေးကနေ စကားတစ်ခွန်းဆီ ထွက်လာနေသည်ကို ကြည့်ရင်း သူ့ရင်ထဲ၌ ချစ်မီးလျံများ တောက်လောင်နေခဲ့ရသည်။
"မင်းတို့မိသားစုက မျိုးဆက်တွေအများကြီး ကောင်းချီးပေးခံရတာပဲ၊ အရမ်းကိုကောင်းတယ်" ရွှမ်းယွမ်ဟန်ချန်က 'မျိုးဆက်နဲ့ကောင်းချီးပေးခံရ' ဆိုသည့် စကားလုံးကို အသားပေးကာ ရည်ရွယ်ချက်ရှိရှိပင် ပြောလိုက်လေသည်။
ဧကရီသည် အိမ်ရှေ့စံ၏စကားကို နားထောင်ပြီးနောက် ကျေနပ်စွာ ခေါင်းညိမ့်လိုက်၏။ "မင်းရဲ့မိခင်က တကယ် ကံထူးတဲ့ပုဂ္ဂိုလ်ပဲ"
"ဟား... ဟား... မင်းလည်း ကံကောင်းတဲ့သူပါပဲ..." ရွှမ်းယွမ်ဟန်ချန်က ရူရိကျောက်စိမ်းချောင်းဆွဲပြားကို ကျားပေါင်အား လှမ်းပေးလိုက်သည်။
(T/N: 如意 ruyi scepter ဆိုတာ ခွန်အားနဲ့ကောင်းသောကံကြမ္မာကို ရည်ညွှန်းတာပါ၊ 如意 ruyi ရဲ့ အဓိပ္ပါယ်နောက်တစ်မျိုးက မင်းဆန္ဒရှိတဲ့အတိုင်း၊ မင်းကြိုက်သလို လို့လဲ ပြောလို့ရပါတယ်။)
လင်းကျားပေါင်က ထိုရူရိကျောက်စိမ်းချောင်းဆွဲပြားကို ကြည့်ကာ ကြက်သေသေသွားတော့၏။
"အရှင့်သားက မင်းကို ဆုချီးမြှင့်တာလေ၊ မြန်မြန်လေးလက်ခံလိုက်" ကျိုးမော့မော့သည် အန်းကျူကို လှုပ်ဆွဲလိုက်သည်။
"အရှင့်သားကို ကျေးဇူးတင်ပါတယ်" လင်းကျားပေါင်က ကျောင်းစိမ်းချောင်းကို ကြည့်ပြီး ချိုမြိန်စွာ ပြုံးလိုက်သည်။ ဒါဟာ ပထမဦးဆုံး သူ့တစ်ယောက်တည်း ဆုလက်ခံရယူရခြင်းသည်ပင်။
ဧကရီနှင့် ကျိုးမော့မော့တို့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ပြီး အိမ်ရှေ့စံကအန်းကျူအားနှစ်ခြိုက်ကြောင်းကို နားလည်သဘောပေါက်လိုက်သည်။
"ဒီနေ့ မုန့်က တစ်ကယ်ကို အရသာကောင်းတယ်၊ ကျိုးမော့မော့ ဆုချီးမြှင့်လိုက်ပါဦး..."
"ဟုတ်ကဲ့ပါ..."
ဧကရီသည် အိမ်ရှေ့စံ၏ ကျေနပ်နေသည့်အမူအရာကို ကြည့်ပြီး စိတ်အေးသွားရသည်။
"ဒီတစ်ယောက်ပဲ ရွေးလိုက်ကြရအောင်"
"ဟုတ်ကဲ့ပါ မယ်တော်၊ သူ့ပဲ ရွေးလိုက်ပါ၊ ဒိလိုမျိုးကောင်းမွန်တဲ့သူမျိုးကို ရှာပေးလို့လည်း မယ်တော်ကို သားတော်ကျေးဇူးတင်ပါတယ်၊ အသက်အရွယ်က အနည်းငယ် ငယ်နေသေးပေမယ့် ဒါသင်ကြားပေးလို့ သင့်တော်မယ့်အရွယ်ကောင်းလေးပါ။" ရွှမ်းယွမ်ဟန်ချန်သည် သူ၏မယ်တော်အား ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်၏။
"သားတော်နှစ်သက်တာ ကောင်းပါတယ်၊ မယ်တော်လဲ မင်းရဲ့ခမည်းတော်ကို ဒီကိစ္စကို ပြောလိုက်ပါမယ်၊ တကယ်လို့ ပြဿနာမရှိဘူးဆိုရင် မယ်တော် တော်ဝင်အမိန့်စာ ထုတ်ပြန်လိုက်မယ်။"
လင်းကျားပေါင်သည် ယုံရှို့နန်းဆောင်၏ပင်မခန်းမမှ ထွက်လာခဲ့ပြီးနောက် လင်းမော့မော့သည် ထိုနေရာတွင် ရပ်စောင့်နေသည်ကို မြင်တွေ့လိုက်ရသည်။ သူက ရှေ့ကို မြန်မြန်သွားလိုက်ပြီး မော့မော့၊ သက်သာသွားပြီလားဟင်?"
"အခုအများကြီးသက်သာသွားပါပြီ၊ မင်းကော ဘယ်လိုလဲ?၊ တစ်ယောက်တည်းသွားလိုက်ရတာ ကြောက်သွားပြီလား?" လင်းမော့မော့က မေးလိုက်သည်။
"ကျွန်တော်မကြောက်ပါဘူး၊ မယ်မယ်က လုပ်ထားတဲ့မုန့်က အရသာရှိတယ်လို့ ချီးမွမ်းလိုက်တယ်၊ ပြီးတော့ မယ်မယ်နဲ့ အရှင့်သားက ကျွန်တော့်ကို မေးခွန်းနည်းနည်းမေးကြတယ်၊ မော့မော့ ဒါမယ်မယ်ကချီးမြှင့်လိုက်တာ၊ ပြီးတော့ ကျောက်စိမ်းဆွဲပြားလည်းရလာသေးတယ်၊ အဲဒါ အရှင့်သားက ချီးမြှင့်လိုက်တာ" လင်းကျားပေါင်က ကျိုးမော့မော့က လင်းမော့မော့ထံပေးလိုက်သည့် ဆုတော်ငွေအိတ်အား ပေးလိုက်ပြီး ကျောက်စိမ်းဆွဲပြားကိုလဲ သူမအား ပြလိုက်သည်။
လင်းမော့မော့က ကျောက်စိမ်းဆွဲပြားကို ကြည့်လိုက်ပြီး သူထံပြန်ပေးလေသည်။ "ဒါ အရှင့်သားကချီးမြှင့်တာဆို မင်းသေချာသိမ်းထားသင့်တယ်။"
ဧကရီသည် ထိုကိစ္စအား ဧက္ကရာဇ်ထံ ပြန်လည်လျောက်တင်သည့်အခါ၌ သူသည်လည်း ယင်းနည်းလမ်းသည် ဖြစ်နိုင်သည်ဟုခံစားလိုက်ရလေ၏။ ချက်ချင်းပင် လင်းအန်းကျူ၏နောက်ကြောင်းကို စုံစမ်းရန် တစ်စုံတစ်ယောက်အား စေခိုင်းလိုက်၏။ နှစ်ရက်တောင်မျှ အချိန်ယူစရာမလိုခဲ့ချေ။ လင်းအန်းကျူ၏ဘဝဇာတ်ကြောင်းကို သေးသေးလေးမှအစ အကြီးကြီးအထိ၊ သူမိသားစုထဲက လူတိုင်းကိုရော၊ ဆွေမျိုးသားချင်း၊ အိမ်နီးနာချင်း၊ ယုတ်စွအဆုံး ဟိုရှေးခေတ်က ဘိုးဘေးစဥ်ဆက်တို့ကိုပင် ရှင်းရှင်းလင်းလင်း စုံစမ်းပြီးဖြစ်သည်။
"ဇီထုန် (ဧက္ကရာဇ်ချီးမြှင့်ထားသည့် ဧကရီ၏ဘွဲ့နာမည်) မင်း ဒီတစ်ခါ ရွေးချယ်ထားတဲ့သူက အဆင်ပြေသားပဲ" ဧက္ကရာဇ်က ချီးကျူးလိုက်သည်။ မျိုးရိုးစဥ်ဆက်အလိုက် လင်းမိသားစုမှာ လယ်သမားများအဖြစ် အသက်မွေးဝမ်းကြောင်းပြုကာ နေထိုင်ခဲ့ကြသည်။ သူ၏မိသားစုနောက်ကြောင်းမှာလည်း ရှင်းလင်းပေသည်။ နောက်ပြီး သူ၏အစ်ကိုအကြီးဆုံးကလည်း ဒီနှစ်မှာ ထူးချွန်ပြောင်မြောက်စွာနဲ့ ရှုန်းချိုက်တစ်ဦး ဖြစ်လာခဲ့ချေပြီ။ ဒီနှစ် ကျင်းပမယ့် ခရိုင်အဆင့် တော်ဝင်စာမေးပွဲကိုလည်း အောင်မြင်နိုင်ချေမှာ များလှသည်။ အင်ပါယာအရှင်က အမြဲတမ်းပင် လူတော်ဆိုလျှင် နှစ်ခြိုက်လေ့ရှိသည်။
"နောက်ဆိုရင် သူက အရာရှိမိသားစုက ဖြစ်လာတော့မှာ၊ ဒီလို နောက်ခံနဲ့ဆို သိပ်မဆိုးလှဘူး။"
"မှန်ပါတယ် အရှင်၊ သူ့မိသားစုကလည်း မျိုးဆက်တွေနဲ့ ကောင်းချီးပေးခံထားရတာ၊ ကြည့်ပါဦး၊ ကျန်းရှီဆို နဂါးဖီးနစ်စုံတွဲလေး မွးထားတာ၊ အရမ်းကို ကံကောင်းတာပဲ..." ဧကရီက အလွန်ကို သဘောကျနေသည်။
"ဇီထုန်၊ ကြည့်ဦး၊ လင်းမိသားစုရဲ့ အကြီးဆုံးသမီးကလည်း မနှစ်ကတင် နဂါးဖီးနစ်စုံတွဲအမွှာကိုမွေးထားတာ" ဧက္ကရာဇ်သည်လည်း လွန်စွာကျေနပ်နေလေသည်။
"ချန်အာအတွက်လည်း အဲကလေးက နဂါးဖီးနစ်စုံတွဲအမွှာလေး မွေးပေးရင်ကောင်းမှာပဲ..." ဧကရီက ပြောရင်း သက်ပြင်းချလိုက်သည်။
ဧက္ကရာဇ်သည်လည်း ရွှမ်းယွမ်အင်ပါယာ၏တော်ဝင်မိသားစုမှ နဂါးဖီးနစ်စုံတွဲအမွှာလေး မွေးလာသည် ဆိုသည့်အကြောင်းကို တွေးတောလိုက်သည်။ "အကယ်၍သာ အနာဂတ်မှာ သူသာ နဂါးဖီးနစ်စုံတွဲအမွှာမွေးပေးရင် ကိုယ်တော်သူ့ကို ကောင်းကောင်းကြီးကို ဆုချပစ်ဦးမှာ....ဟား...ဟား...."
********************
T/N ဘာမှပြောစရာမရှိတော့ဘူး၊ ဘာသာပြန်ရင်း Speechless သွားလို့၊ ပေါင်ပေ့လေးအတွက်ပဲ မျက်ရည်လေးစက်လောက်ကျပေးလိုက်တယ်၊ မြေးချီချင်လို့ ကလေးရူးရူးပြီးသားလှည့်သမျှယုံနေတဲ့ ယောက်ခမတွေရယ်၊ အမြဲကျားချောင်းချောင်းပြီး စားချင်လို့စောင့်နေတဲ့ လင်တရူးအိမ်ရှေ့စံရယ်၊ အရှင့်သားအကြိုက်ဆောင်ပြီး သရုပ်လိုက်ဆောင်တဲ့ အစေခံတွေရယ်၊ Brave Yourself ပါ ကလေးရေ...
ပထမက ဘာမှကိုမရေးရသေးလို့ မတင်ဘူးလုပ်နေတာ၊ ပြီးမှ 520 မှန်းသိလို့ အမြန်ရေးတင်ပေးလိုက်တယ်။ အားလုံးပဲ Happy 520 Day ပါ FA လေး translator ကတော့ အိပ်ပြီးဝေ့....
Advertisement
- In Serial19 Chapters
What Lurks Within
Lanna knows to avoid the cities. Armed to the teeth with robots, weapons, and advanced machinery, they promised death to someone like her. But the backwater hamlets and towns that still ran on wind and water mills and horse-drawn wagons still pose their own risks when you're hiding a terrible truth. Shackled by a past she can't escape and a history built on blood and lies, a young woman with a dark secret lurking within works herself to the bone to barter passage across the sea to a home she's all but forgotten. But time is running out to find that safe haven before her truth is discovered and she's slaughtered for it.
8 150 - In Serial13 Chapters
The Fall
The fate of the lone human named Shade affects the world and its inhabitants, as he battles his destiny while waging war on the world he was born in.(My first fan fiction so I am waiting for some criticism and opinions, hope for honest replies so my work can become better.)
8 86 - In Serial67 Chapters
EL ETERNO VIAJE HACIA LO DESCONOCIDO
Los humanos no le temen a la oscuridad, le teme aquello que puede existir en la oscuridad, lo desconocido. No importa cuanto descubramos, siempre habrá más por descubrir. La vida es un eterno viaje hacia lo desconocido
8 193 - In Serial24 Chapters
Discontinue- The Dagger Hero Angelica
How did one little trip to the library turn into saving a whole new world from total destruction? Not only that, they don't seem to appreciate or like the Shield Hero very much or anyone who supports the guy. * Sigh* A summer of relaxation quickly turned into a summer of stress and adventure ' Lucky me'.
8 181 - In Serial69 Chapters
The Worst (Unthinkable)
"Cause I usually do, stick to the business but you came out the blue and then you just flipped it, God damn baby my mind's blown""I got more than a thing for you, tattoo it in ink for you, right over my heart girl I'd do the unthinkable"
8 182 - In Serial12 Chapters
Love Letter to Adrien
Chat Noir spends the night at Marinette's room during a storm, and heartbroken, she tells him about her love, Adrien Agreste, and how he broke her heart. ✨✨✨✨✨✨✨✨What would happen if Viperion finds out about Ladybugs secret identity? -Will he declare his love for her?What if Alya figures who Chat Noir is?!-will she trust her best friend Marinette with the secret? Will the hero squad decipher the 2 strongest miraculous holder's true identities? - guess u gotta fin out!! This book contains - fluff, drama (loads) , action(kinda) , &sin ( so be prepared)
8 191

