《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟸
Advertisement
နောက်တစ်နေ့ မနက်စောစော၌ ကျန်းရှီသည် သူမသမီးထံ အလည်သွားရန် မြို့ပေါ်သို့ တက်လာခဲ့သည်။ လင်းသကျွမ်းနှင့် လင်းကျားဝမ်တို့ကတော့ လီကျန်း၏အိမ်သို့သွားကာ အိမ်ဆောက်ရန်နှင့် မြေဝယ်ရန် ကိစ္စတို့ကို ဆွေးနွေးကြလေသည်။ သူတို့ထွက်သွားပြီး များမကြာမှီမှာပင် လင်းကျောင်းကျောင်းတို့မိသားစုမှာ အိမ်တံခါးဝသို့ ရောက်ရှိလာကြသည်။ လင်းကျောင်းကျောင်းအမေက မနေ့က လင်းကျားပေါင်မှ ပစ္စည်းတစ်ချို့ပြန်ပို့ကြောင်းကို ကြားသိပြီးနောက် အလွန်ပင် သိလိုစိတ်ပြင်းပြကာ မနက်စောစီးစွာပင် သတင်းမေးမြန်းရန်အလို့ငှာ ရောက်ရှိလာတော့သည်။
ဝူရှီက နှင်လွှတ်ရန် မတတ်သာတာကြောင့် လင်းလီအာ၏ အကူအညီကိုယူကာ တစ်ဖက်လူအား ဝင်ထိုင်ရန် ဖိတ်ခေါ်လိုက်ရလေသည်။ "ဒီလောက်မနက်စောစော ဘာကိစ္စများရှိလို့ပါလဲ?"
"ငါကြားတာ နင်တို့အိမ်က ကောလေးက ပစ္စည်းပြန်ပို့လိုက်တယ်ဆို၊ ဒါကြောင့် ငါနည်းနည်းပါးပါး လာမေးမြန်းတာပါ၊ ဟားဟား... နင်တို့မိသားစုကောက အခုဘယ်နေရာမှာ အလုပ်လုပ်ရတာတဲ့လဲ? ငါတို့ကျောင်းကျောင်းကတော့ အခု အဆင့်မြင့်မယ်မယ်တစ်ယောက်ဆီမှာ အမှူထမ်းနေရတာလေ..." လင်းကျောင်းကျောင်းရဲ့ အမေက ကြွားဝါပြီးတော့ ပြောလိုက်လေသည်။
ဝူရှီက သူမရဲ့အပြုအမူကို သည်းမခံနိုင်စွာပဲ "ကျွန်မတို့ကျားပေါင်က ဧကရီရဲ့ သရေစာဆောင်မှာ လုပ်နေတာလေ..."
"ဧကရီရဲ့နန်းဆောင်..." လင်းကျောင်းကျောင်းအမေက ရပ်တန့်လိုက်ပြီးမှ ဂုဏ်မောက်စွာနဲ့ "အော် ဒါဆို မီးဖိုချောင်ထဲက တောက်တိုမည်ရ လက်တိုလက်တောင်း လုပ်ရတာနေမယ်၊ ငါတို့ကျောင်းကျောင်းကတော့ မယ်မယ်နားခစားရတာလေ၊ နင်တို့ကောလေးက ငွေဘယ်လောက်ပြန်ပို့လိုက်တာလဲ?"
"ဒါရှင်နဲ့မဆိုင်ပါဘူး!" လင်းလီအာမှာ ကျောင်းကျောင်းအမေက သူ့အကိုကို တောက်တိုမည်ရလို့ပြောလို့ စိတ်ဆိုးမာန်ဆိုး တစ်ရှူးရှူးနှင့် ပြန်ပြောလိုက်လေ၏။
"ငါကြားတာတော့ အထုတ်က အတော်ကြီးတယ်ဆိုလားပဲ... အဲတော့ ပိုက်ဆံတွေလည်း အများကြီးဖြစ်လောက်တယ်မလား" လင်းကျောင်းကျောင်းရဲ့အမေက အားမလျော့စတမ်း အစ်အောက်က မေးမြန်းလေသည်။ (T/N: ရှိတယ်ရှိတယ် အဲလိုအဒေါ်ကြီးတွေ၊ကိုယ်တွေကတော့ သူတို့မြင်တာနဲ့ပတ်ပြေးပဲ။ တစ်ကမ္ဘာလုံးက ကိစ္စသူကိစ္စ၊ နေရာတကာပါ၊ အရာရာစပ်စု ပြီးရင်ရပ်ကွက်ပတ်အတင်းတုတ်၊ သူများက သူ့ထက်ကြောမနာလို၊ အမလေး အကြွားကခပ်ထူထူနဲ့)
"မပြောပြပါဘူး..." လင်းလီအာကတော့ ခေါင်းကြောမာစွာ ခွန်းတုံ့ပြန်လိုက်သည်။
ဝူရှီကလည်း ထိုအကြောင်းအရာအား လျှို့ဝှက်ထားသင့်သည်ကို သိပြီး ထုတ်ဖော်မပြောချင်ပေ။ ဒီလို ကြွယ်ဝမှုမျိုးက မဖော်ထုတ်သင့်ဘူးဆိုတာ သူမကောင်းကောင်းနားလည်သည်။ "သိပ်အများကြီးမဟုတ်ပါဘူးအဒေါ်လင်း၊ ကျွန်မတို့မိသားစု ကိစ္စလေးရှိသေးလို့ ဆက်ပြီးမဧည့်ခံနိုင်လောက်တော့ဘူး၊ ကျေးဇူးပြုပြီး ပြန်လိုက်ပါဦး"
"အမလေးတော်၊ အခုတော့နင်က ရှုန်းချိုက်ရဲ့ ဇနီးမယားဆိုပြီး ဒီလိုလေသံပြောင်းနေပြီပေါ့? နင်တို့မပြောတောင် ငါသိပြီးသား တောက်တိုမည်ရတစ်ယောက်က ဘယ်လောက်များရှိမှာမို့လဲ၊ ငါလောင်းရဲတယ်... ကြေးပြားတွေအထုတ်လိုက်ပြန်ပို့ပေးလိုက်တာပဲနေမှာ... ဟား...ဟား...ဟား...." လင်းကျောင်းကျောင်းအမေက သူမအား ဘယ်သူကမှ မပြောပြတာကို မြင်ပြီး မလိုတမာစိတ်နဲ့ သမုတ်ကာ ပြောဆိုလေ၏။
လင်းလီအာက သူမကို မောင်းထုတ်ဖို့အတွက် တံမြတ်စည်းကြီးကြီးတစ်ချောင်းကို ကောက်ဆွဲကာ "ရှင် ပြန်မှာလား မပြန်ဘူးလား!! သွားမှာလား မသွားဘူးလား!!!"
လင်းကျောင်းကျောင်းအမေက လင်းသကျွမ်းတို့အိမ်က ပြန်ရင်း တစ်ချိန်တည်းမှာပင် ထေ့ငေါ့ပြောဆိုကာ ဆဲရေးတိုင်းထွာနေလေသည်။ "ဒီ အဆိုးအပေအတေ ကောင်မလေးကတော့၊ အရမ်းကို ကြမ်းကြုတ်လိုက်တာ၊ ကြပ်ကြပ်သတိထား၊ နင် ဒီလိုပုံမျိုးနဲ့ လင်ရမှာမဟုတ်ဘူး!"
ကျန်းမေမေ မြို့ပေါ်ရှိ ချင်မိသားစုထံရောက်ရှိသွားချိန်သည် နေ့လည်မွန်းတည့်ချိန်ပင် ရောက်နေနှင့်ပြီဖြစ်လို့ ချင်မိသားစုတစ်စုလုံးဟာ အိမ်၌ ရှိနေခဲ့ကြသည်။ လင်းကျင်းအာကလည်း သူမမိခင်ကို မြင်တွေ့လိုက်ရတာကြောင့် အလွန်ပင် ဝမ်းမြောက်သွားခဲ့ရသည်။
"အမေ၊ ဘယ်လိုလုပ်များ ရောက်လာရတာလဲ?" ချင်ခိုင်းရှင်းက သူ့ယောက်ခမကိုတွေ့လိုက်သည့်အတွက်ကြောင့် ရှေ့သို့လာက အရိုအသေပေးလိုက်သည်။
ကျန်းရှီက ခမည်းခမက်တို့ကို အရင်နှုတ်ဆက်လိုက်ပြီးမှ သူမရဲ့မြေးအကြီးဆုံးချုန်ကောနဲ့ အမွှာလေးတွေကို တွေ့လိုက်သည်။ ပြီးမှပဲ ကျားပေါင်ဆီက စာရောက်လာတဲ့အကြောင်းကို ပြောပြလိုက်သည်။ ချင်မိသားစုက ကြားပြီး သူတို့၏ခမည်းခမက်တို့အတွက် ဝမ်းသာသွားခဲ့သည်။
"အမေ၊ ယောက္ခထီးကြီးနဲ့ ကျားဝမ်တို့က ဘယ်အချိန်သွားမယ်လို့ ပြောလဲ?" ချင်ခိုင်ရှင်းက အကြံတစ်ခုရလိုက်ပြီး မေးမြန်းလိုက်သည်။
"သူတို့ကတော့ သြဂုတ်လလယ်ပိုင်းလောက် ထွက်ဖို့ပြင်ဆင်နေတယ်၊ သွားရမယ့်ခရီးက လတစ်ဝက်လောက်ကြာမှာဆိုတော့လေ။" ကျန်းရှီက ပြန်ဖြေလိုက်၏။ သူတို့တစ်မိသားစုလုံး ဒီကိစ္စကို ဆွေးနွေးခဲ့ပြီးလေပြီ။ လင်းသကျွမ်းနဲ့ကျားဝမ်တို့နှစ်ယောက်ထဲသာ သွားရန် ဆုံးဖြတ်လိုက်ကြသည်။ သူမလည်း သွားချင်ပေမယ့် သူမရဲ့အကြီးဆုံးချွေးမလေးက အောက်တိုဘာလလောက်ဆို မွေးဖွားတော့မှာ၊ ပြီးတော့ မိသားစုထဲက ကလေးငယ်တွေကလည်း စောက်ရှောက်ဖို့ရန် လိုအပ်နေသေးသည်။
"တကယ်လိုများဖြစ်နိုင်ရင် ကျွန်တော်လည်းမြို့တော်ကို သူတို့နဲ့အတူတူလိုက်လို့ရမလား? မြို့တော်ကို ကျွန်တော်တစ်ခါမှမရောက်ဖူးဘူး၊ ဒီအခွင့်အရေးကို အသုံးချပြီး တစ်ချက်လောက် သွားကြည့်ရင်ကောင်းမလားလို့လေ၊ အဲမှာဆို ဆိုင်ကောင်းတွေလဲအများကြီးပဲ၊ သူတို့ကို ကျွန်တော်နဲ့အတူတူခေါ်သွားပြီး အဆက်အသွယ်ကောင်းကောင်းတွေလည်း ရှာပေးလို့ရနိုင်လောက်တယ်။ အဲက ထုတ်ကုန်တွေက အကုန်ကောင်းတယ်၊ ဒီနယ်မှာရှိနေတဲ့ အလှဆင်ပစ္စည်းဒီဇိုင်းတွေက နည်းနည်းခေတ်နောက်ကျနေပြီ ဒါပေမယ့် အဲကလူတွေအတွက်ဆို နည်းနည်း အသစ်အဆန်းဖြစ်နေလောက်တယ်၊ ဒါဆို မြို့တော်ကနေ နာမည်ကြီးနေတဲ့ အဝတ်အထည်အချို့ကို ဝယ်ပြီး ဒီကိုပြန်သယ်လာလို့ရတယ်။" ချင်ခိုင်ရှင်းက စီးပွားရေးအမြင်ရှိတာကြောင့် အကုန်လုံးကို တွက်ချက်ကြည့်လိုက်လေ၏။
ချင်သခင်ကြီးကလည်း နားထောင်ကြည့်ပြီး စိတ်တိုင်းကျကာ သဘောတူလိုက်သည်။ သူ့သားက အိမ်ထောင်ကျပြီးနောက် ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်းကို စတင်နေခဲ့သည်။ ဒါကြောင့် ဒီလိုမျိုးအပြင်လောကကိုသွားပြီး အတွေ့အကြုံယူခြင်းမှာ သူ့အတွက် မဆိုးလောက်ပေ။ သူက ကျန်းရှီကို ပြောလိုက်သည်။
Advertisement
"ခမည်းခမက်ရေ၊ ခိုင်းရှင်း ပေးတဲ့ အကြံကောင်းလောက်တယ်၊ သူကိုခေါ်သွားလိုက်ပါ၊ ကျုပ်တို့ဆီမှာ မြင်းလှည်းတို့ဘာတို့ အကုန်ရှိပြီးသား၊ ငှားရမ်းဖို့ ငွေကုန်ခံစရာလည်း မလိုတော့ဘူး၊ ပြီးတော့ ကျုပ် ခင်ဗျားတို့အတွက် လမ်းခရီးမှာ ကူညီစောင့်ရှောက်နိုင်အောင် စျေးဆိုင်အကူတစ်ချို့နဲ့ အစောင့်နည်းနည်းကိုလည်း ထည့်ပေးလိုက်ဦးမယ်။ ဒါဆို လမ်းခရီးလည်း အန္တရာယ်ကင်းတာပေါ့ဗျာ..."
"အဲဒါကောင်းတဲ့ အကြံပဲ ခမည်းခမက်၊ ကျွန်မပြန်ရင် သူတို့ကို ပြောပြလိုက်ပါ့မယ်" ကျန်းရှီကလည်း သဘာဝကျစွာပင် သဘောတူလိုက်လေ၏။
မွန်းတည့်ချိန်၌ ချင်မိသားစုသည် ကျန်းရှီအား နေ့လည်စာတည်ခင်းရန် ဖိတ်ခေါ်လိုက်ပြီး အားကြိုးမာန်တက်ပင် ဧည့်ခံကြလေ၏။ နေ့လည်ခင်း အိမ်ပြန်ချိန်၌ သူမအား မြင်းလှည်းပေါ်ထိတိုင်အောင် လိုက်ပို့ခဲ့ကြသည်။ ကျန်းဟွေ့နျန်အိမ်ကို ပြန်ရောက်သည့်အခါ၌ ချင်မိသားစု၏ရည်ရွယ်ချက်ကို အားလုံးအားပြောပြလိုက်ပြီး အကုန်လုံးကလည်း ဒါကို ကောင်းတယ်လို့ ထင်မြင်မိကြသည်။
လင်းသကျွမ်းတို့ မိသားတစ်စုလုံး ပျော်ရွှင်စွာပင် အိမ်ကို ပြင်ဆင်ဆောက်လုပ်နေရင်း မြို့တော်သို့သွားရန်ကိုလည်း ပြင်ဆင်နေချိန်၌ပင် ရွှမ်းယွမ်ဟန်ချန်သည်လည်း သူ၏နည်းဗျူဟာကို ရေးဆွဲနေခဲ့လေသည်။
မျက်စိတစ်မှိတ်တစ်ခဏအတောအတွင်းအချိန်လေးမှာတင် ဂျူလိုင်လသို့ပင် ရောက်ရှိခဲ့လေပြီ။ ရွှမ်းယွမ်ဟန်ချန်သည်လည်း မနက်ခင်းညီလာခံသို့ ပြန်လည်ကာ တက်ရောက်နေခဲ့ပြီ ဖြစ်သည်။ ညီလာခံမှ ကိစ္စရပ်များကို ဖြေရှင်းရာတွင်လည်း အလွန်ပင် ရင့်ကျက်လာကာ ပြဿနာများကို ကိုင်တွယ်ပုံမှာလည်း အထင်ကြီးစရာကောင်းလှသည်။ နေ့ရက်တွေကုန်ဆုံးလာသည်နှင့်အမျှ အရှင့်သား၏ ဘုန်းတန်ခိုးမြင့်မားလာသည်ကို မူးမတ်တွေအကုန်လုံးက ခံစားမိလာကြသည်။ အိမ်ရှေ့စံ၏အရည်အချင်းကို လေးစားလာကြသော်လည်း တဖက်၌လည်း အိမ်ရှေ့စံအား ကြောက်ရွံ့လာခဲ့ကြသည်။
နေလည်ခင်းအချိန်တွင် ခါတိုင်းနေ့ရက်များလိုပင် ရွှမ်းယွမ်ဟန်ချန်သည် ယုံရှို့နန်းဆောင်သို့ လာရောက်ပြီး မယ်တော်နှင့်အတူ စကားစမြည်ပြောဆိုရင်း သရေစာများကို သုံးဆောင်ကာ အချိန်ကုန်ဆုံးလျက်ရှိနေ၏။ ဧကရီမှာလည်း သူမ၏သားတော်အိမ်ရှေ့စံက သူမအား မကြာခဏပင် အဖော်လာပြုပေးနေသည်ကို အလွန်ပျော်ရွှင်နေခဲ့ရသည်။ သူမဒုတိယသားတော်ကတော့ ကိုယ်လက်လှုပ်ရှားမှုကိုသာ စိတ်အားထက်သန်လို့ သူမစီလာရောက်လည်ပတ်သည်မှာ နည်းပါးလှသည်။ ဒုတိယသားတော်နဲ့ယှဥ်ရင် အိမ်ရှေ့စံကတော့ ပိုပြီးအလေးထားတတ်တာကြောင့် သူမကို မကြာခဏပင် အဖော်လာပြုပေးလေ့ရှိသည်။ အိမ်ထောင်သည်အမျိုးသမီးတွေ သူမဆီလာဂါရဝလာပြုတိုင်း သူမက သူမသားတော်အိမ်ရှေ့စံ၏သားဝတ်တရားကျေပွန်ပုံကို ချီးမွမ်းလေ့ရှိသည်။
"ချန်အာ... မကြာခင် ချီရှီးပွဲတော်ရောက်တော့မယ်၊ ဒါကြောင့် မယ်တော်လည်း မူးမတ်တွေရဲ့ အိမ်ထောင်မကျသေးတဲ့ သမီးပျိုလေးတွေကို နန်းတော်ထဲညစာဖိတ်ကျွေးမလားလို့၊ သားတော်ကော ဘယ်လိုထင်လဲ? ဒီအခွင့်အရေးကို ယူပြီး အရင်ဆုံး အရံကိုယ်လုပ်တော်တစ်ယောက်ပဲဖြစ်ဖြစ် ရွေးထားရင်ကော... မင်းဘေးမှာ အခု ကိုယ်လုပ်တော်သုံးယောက်ပဲရှိသေးတယ်၊ ဒါသိပ်ကိုနည်းလွန်းလှတယ်၊ ပြီးတော့ အခုဆို သူတို့က အသက်အရွယ်တွေလည်းကြီးကုန်ပြီ၊ မယ်တော်ထင်တာတော့ မင်းလည်း သူတို့ကို မနှစ်သက်လောက်တော့ဘူး။"
ဧကရီက အရင်ဆုံး ကိုယ်လုပ်တော်ထားထားဖို့ကို တွေးတောလိုက်သည်။ ရွှယ်မိသားစုနဲ့ ကိစ္စတွေရှင်းလင်းပြီးမှပဲ သေသေချာချာအချိန်ယူပြီး အိမ်ရှေ့စံကြင်ယာတော်ကို ရွေးချယ်ရမည်။ ဘာပဲဖြစ်ဖြစ် သူမက နောက်ဆို တိုင်းပြည်ရဲ့ မိခင်ဖြစ်လာပြီး တိုင်းပြည်ကို အုပ်ချုပ်ပေးရမှာဆိုတော့ အမှူမဲ့အမှတ်မဲ့ မရွေးချယ်သင့်ချေ။
"မယ်တော်ဧကရီ၊ ဒါမလိုအပ်ပါဘူး၊ သားတော်ကျန်းမာရေးက နောက်ထပ်တစ်နှစ်နှစ်နှစ်လောက် ထပ်ပြီးတော့ကုသရဦးမှာ၊ သားတော်စိုးရွံ့မိတာက အခုချက်ချင်းကိုယ်လုပ်တော်ထားလိုက်ဖို့ မသင့်တော်မှာကိုပါပဲ။" ရွှမ်းယွမ်ဟန်ချန်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။
"ဘာလို့ နောက်ထပ် ၁နှစ် ၂နှစ်လဲ? တစ်နှစ်တောင်ကျော်နေပြီ၊ တော်ဝင်သမားတော်က ဘာလုပ်နေတာလဲ၊ သူက မင်းရဲ့စစ်တပ်သွားတဲ့နောက်ကိုလိုက်ပြီး ကျန်းမာရေးကို မစောင့်ရှောက်ပေးဖူးလား?" ဧကရီက အနည်းငယ်ဒေါသထွက်သွားလေ၏။
"မယ်တော်၊ တော်ဝင်သမားတော်ကို အပြစ်မတင်ပါနဲ့၊ သူက သားတော်ကို အဆိပ်ဖြေပေးတဲ့နေရာမှာ အရမ်းကို ကြိုးကြိုးစားနဲ့ ဆောင်ရွက်ပေးပါတယ်။ ပြီးတော့ ကျန်းမာရေးကိုလည်း သေသေချာချာ စောင့်ရှောက်ပေးပါတယ်၊ ဒါပေမယ့် စစ်ပွဲထဲမှာဆိုတော့ တစ်ခါတစ်လေ ကိုင်တွယ်ဖို့ ခက်တယ်လေ၊ အခုဆို သားတော်ခန္ဓာကိုယ်ထဲက အဆိပ်တွေကလည်းရှင်းသလောက်ရှိနေပြီ၊ ဒါပေမယ့် ပြန်လည်ထူထောင်ရေးကတော့ နည်းနည်းလေး လိုအပ်နေသေးတာပါ။" ရွှမ်းယွမ်ဟန်ချန်က ပြန်ဖြေလိုက်သည်။
"ဒါဆိုဘယ်လိုလုပ်ကြမလဲ? မင်းစစ်ထွက်သွားလို့ တစ်နှစ်ရှိသွားတာက ကိစ္စမရှိဘူး၊ အခုက မင်းလည်းပြန်ရောက်နေပြီလေ၊ တကယ်လို့များ မင်းက ဇနီးမယားလဲမရှိ၊ အမွေဆက်ခံသူလဲမရှိဘူးဆို မယ်တော်စိုးရိမ်တာ အိမ်ရှေ့စံက ရောဂါရှိတယ်လို့ သတင်းထပ်ထွက်လာမှာကိုပဲ။" ဒါက ဧကရီ စိုးရိမ်နေသည့် အရာပင်။
"ဒါပေမယ့် အခုဆို သားတော်က အလုံးစုံလဲ ပြန်မကောင်းသေးဘူး၊ စိတ်ကပါပေမယ့် ကိုယ်ကမသွားနိုင်တာ ခက်တယ်၊ သားတော် တစ်စုံတစ်ယောက်နဲ့ အတင်းအကျပ် အိပ်ရာဝင်ရင်တောင် သားတော်တွေရလာမှာ မဟုတ်ဘူး။" ရွှမ်းယွမ်ဟန်ချန်က ဧကရီကို ဆက်ပြီး ပြောလိုက်သည်။ တကယ်တော့ သူခန္ဓာကိုယ်က ပျောက်ကင်းနေတာ ကြာမြင့်နေပြီ။ ဒါပေမယ့် သူ့ပေါင်ပေ့လေးအတွက်ဆို မိန်းမတွေနဲ့ကပ်ရမှာထက်စာလျှင် နောက်ထပ်တစ်နှစ် နှစ်နှစ်လောက် အချိန်ဆွဲဆန့်ဖို့ ကိစ္စတွေကို လျောက်ပြောပစ်လိုက်မည်ပင်။ (T/N: ရော့အင့် Oscar ဆု နင်ပဲယူ...)
"ဒါဆို ဘယ်လိုလုပ်ကြမလဲ?" ဧကရီက စိုးရိမ်နေလေ၏။
"မပူပါနဲ့၊ မယ်တော်၊ သားတော်မှာ နည်းလမ်းရှိပါတယ်။" ရွှမ်းယွမ်ဟန်ချန်က ဧကရီကို ပြောလိုက်သည်။
"သားတော် ကောလေးတစ်ယောက်ယောက်လောက်ကို မြှောက်စားလိုက်ချင်တယ်။ အဲကောလေးကို ထူးထူးခြားခြား အလိုလိုက် လိုက်ပြီး ကိုယ်လုပ်တော်တွေဆီကိုလည်း မသွားဘူး၊ မိန်းမတွေထက်စာရင် ကောတစ်ယောက် ကိုယ်ဝန်ဆောင်ဖို့ဆိုတာ ခက်ခဲတယ်လေ၊ အကယ်၍ တစ်နှစ် နှစ်နှစ်လောက် ကလေးမရဘူးဆိုရင်တောင် ဒါ ဖြစ်ရိုးဖြစ်စဥ်ပဲလို့ ထင်သွားကြလိမ့်မယ်။" ရွှမ်းယွမ်ဟန်ချန်က သူ့ အကြံအစဥ်ကို အသေးစိတ်ရှင်းပြလိုက်သည်။
Advertisement
"ကောတစ်ယောက်ကို ထွေထွေထူးထူး မျက်နှာသာပေးတာ... အလှလေးကို ဦးစားပေးတာဆိုတဲ့ ကောလဟာလ...' ဧကရီက နားထောင်ပြီး ဒါဟာ ကျိုးကြောင်းဆီလျော်တယ်လို့ ခံစားလိုက်ရပေမယ့် အိမ်ရှေ့စံ၏ဂုဏ်သတင်းအတွက် စိုးရိမ်ဆဲပင်။
"ဧကရီမယ်တော် ဒါအကောင်းဆုံးနည်းလမ်းပါပဲ၊ အိမ်ရှေ့စံက ဖျားနာနေတယ်ဆိုတဲ့သတင်းထက်စာရင် ဒါကအများကြီးအဆင်ပြေနေပါပြီ၊ သားတော်ကလည်း ငယ်သေးတော့ အလှလေးကို ကြိုက်နှစ်သက်တာ အထူးအဆန်းမှ မဟုတ်ဘဲ..." အိမ်ရှေ့စံက သူ့အကြံဉာဏ်ဖြစ်မြောက်အောင် ဆက်လက်ပြီး လှုံ့ဆော်ပြောလိုက်သည်။ (ယူတော်တော်တတ်...)
"အိုင်း... ဒါဆိုလည်း ဒီနည်းလမ်းပဲပေါ့၊ သားတော် စိတ်ထဲရှိနေတဲ့သူများရှိလား?" ဧကရီက အိမ်ရှေ့စံကို မေးမြန်းလိုက်သည်။
"အခုထိတော့မရှိသေးပါဘူး၊ မယ်တော်က သားတော်အတွက် တစ်ယောက်လောက်ကူရှာပေးပါဦး၊ တကယ်လို့ ယူရမယ်ဆိုရင် မယ်တော့် နန်းဆောင်လက်အောက်ကဆို ပိုကောင်းမှာပဲ" ရွှမ်းယွမ်ဟန်ချန်က တည်တည်ငြိမ်ငြိမ်နှင့် မတုန်မလှုပ်ပဲပြောလိုက်သည်။
"ကျိုးမော့မော့၊ မင်းလည်း အိမ်ရှေ့စံပြောတာကို ကြားတာပဲ၊ မနက်ဖြန် ယုံရှို့နန်းဆောင်က သင့်တော်မယ်ထင်တဲ့သူကို စာရင်းလေးလုပ်ပြီး ပြပါဦး" ဧကရီက သူမဘေးမှာခစားနေတဲ့ သူမယုံကြည်ရတဲ့ လူယုံတော် ကျိုးမော့မော့ကို ကြည့်လိုက်သည်။
ဧကရီက အိမ်ရှေ့စံနဲ့ စကားပြောတိုင်း ကျိုးမော့မော့ကိုသာ ဘေးနားမှာ ခစားခိုင်းထားသည်။ သူမက ကျိုးမော့မော့ကိုတော့ ယုံကြည်သည်လေ။
"စိတ်ချပါ ဧကရီမယ်မယ်၊ ကျွန်မ မနက်ဖြန်အမှီ စာရင်းပြုစုလာခဲ့ပေးပါ့မယ်။" ကျိုးမော့မော့က သူမရင်ဖက်ကို ပုတ်ပြရင်း ယုံကြည်ချက်ရှိစွာ ပြောလိုက်သည်။
ရွှမ်းယွမ်ဟန်ချန်က ကျိုးမော့မော့စကားကို ကြားပြီး မျက်နှာထက်တွင် အပြုံးများ ပွင့်လန်းလာတော့သည်။
တစ်ချိန်ထဲမှာပင် တော်ဝင်သရေစာဆောင်၌ လင်းမော့မော့သည် အိမ်ရှေ့စံမင်းသား၏လျှို့ဝှက်အစောင့်ဆီမှ အမှာစကားကို လက်ခံရရှိခဲ့သည်။ မှားကြားချက်ကို ကြားပြီးနောက် လင်းမော့မော့က မျက်မှောင့်ကြုံသွားကာ သက်ပြင်းချလိုက်မိသည်။
ဧကရီ၏မိန့်ကြားချက်ကို လက်ခံရရှိပြီးနောက် ကျိုးမော့မော့သည် ယုံရှို့နန်းဆောင်ကို ကိုယ်တိုင်လှည့်ပတ်ကြည့်ရှုလေ၏။ လှည့်ပတ်ကြည့်ရှုပြီးနောက် သူမ အတော်ပင်ခေါင်းကိုက်သွားရတော့သည်။ ယုံရှို့နန်းဆောင်တွင် အစေခံကောများသည် အာလုံးပေါင်းမှ (၅)ယောက်သာ ရှိနေခဲ့သည်။ ထိုအထဲကမှ (၂)ယောက်ကလည်း အသက်အရွယ်မှာ (၂၀)ကျော်ပင် ရှိနေလေပြီ။ နောက်တစ်ယောက်သည်လည်း အခုမှ (၁၃)နှစ်သာရှိသေးသည်။ သင့်တော်တဲ့အသက်အရွယ်ရှိသူဆိုလို့ (၁၅)နှစ်အရွယ်နဲ့ (၁၆)နှစ်အရွယ် (၂)ဦးသာ ကျန်တော့သည်။ သူတို့နှစ်ဦးလုံးက တော်ဝင်ဥယျာဥ်ကို စောင့်ရှောက်ထိန်းသိမ်းရန် တာဝန်ချမှတ်ခံထားရသည့် နှစ်ယောက်ပင်။ ကျိုးမော့မော့က ထိုကောနှစ်ယောက်ကို သေသေချာချာကြည့်ဖို့ သွားလိုက်သည်။
နှစ်ဦးစလုံးမှာ ရုပ်ရည်ကလည်း သာမာန်မျှသာ၊ ထူးထူးခြားခြား ကွဲထွက်နေတာလည်းမရှိတာကြောင့် သူတို့ထဲကဘယ်တစ်ယောက်ကများ အရှင့်သားရဲ့ အထူးအခွင့်အရေးပေးမှုကို ဘယ်လိုရနိုင်ပါလိမ့်မလဲ?
ကျိုးမော့မော့က သူမအခန်းထဲ လှည့်ပတ်ကာ လျောက်နေလေ၏။ သူမ မနက်ဖြန် ဘယ်လိုများ ဧကရီထံ လျောက်တင်ရပါ့မလဲ?
ထိုစဥ် ကျိုးမော့မော့က သူမအခန်းတံခါးကို ခေါက်သံကြားလိုက်လို့ ဖွင့်ကြည့်လိုက်သည့်အခါ၌ လင်းမော့မော့က ထိုအရှေ့တွင် ရပ်နေသည်ကို မြင်တွေ့လိုက်ရသည်။
"ကျဲကျဲ၊ လင်းမော့မော့ ဘာကိစ္စများရှိလို့လဲ?"
လင်းမော့မော့က သူမလက်ထဲ မုန့်သေတ္တာနှင့်အတူတူ ကျိုးမော့မော့ရှိရာအခန်းတွင်းသို့ ဝင်လာလိုက်သည်။
"ချီချောင်ပွဲတော်တောင်ရောက်တော့မှာလေ၊ ငါတို့တော်ဝင်သရေစာဆောင်က အချိုမုန့်အသစ်တွေ လုပ်ထားကြတာ၊ ကျိုးမော့မော့က ဧကရီရဲ့ ဘေးမှာခစားရတာဆိုတော့ ဧကရီရဲ့ ခံတွင်းအကြိုက်ကို အသိဆုံးပဲလေ၊ ဒါကြောင့် ဒီအစမ်းမုန့်လေးတွေကို နည်းနည်းပါးပါး အရသာမြည်းစမ်းကြည့်ပေးဖို့ အကူအညီတောင်းချင်လို့ပါ။" လင်းမော့မော့က သေတ္တာကို စားပွဲပေါ်တင်ရင်း ပြောလိုက်သည်။ (T/N: ချီချောင်ပွဲတော် = ချီရှီးပွဲတော် = Chinese Valentine Day)
"ကျဲကျဲကလည်း တကယ်ပဲ ကျဲကျဲလုပ်တာသာဆို ကောင်းပြီးသာပါ၊ ဧကရီမယ်မယ်ကလည်း ကျဲကျဲလုပ်သမျှ သရေစာတွေကို နှစ်သက်ပြီးသား..."
ကျိုးမောမော့နှင့် လင်းမော့မော့တို့ နှစ်ဦးလုံးမှာ ဧကရီ၏မိသားစုမှ ဆင်းသက်လာသူများ ဖြစ်ကြပြီး သူတို့နှစ်ဦးကြား ဆက်နွယ်မှုမှာလည်း ခမည်းခမက်များသည်ပင်။ နှစ်ဦးစလုံး နန်းတော်ထဲသို့ အတူတူဝင်လာခဲ့ကာ ဒီနှစ်တွေထဲ တစ်ဦးကို တစ်ဦးဖေးမကူညီရင်း နှစ်ဦးသားဆက်ဆံရေးမှာ ညီအစ်မလိုပင် ဖြစ်နေခဲ့ကြသည်။
လင်းမော့မော့က ပန်းကန်တစ်ချပ်ကို ယူလိုက်သည်။ "ကဲ ဒီမုန့်ကို မြည်းကြည့်ပါဦး၊ ဒါ ငှက်သိုက်ကိတ်မုန့်ပဲ၊ ကိတ်က အခုမှ အသစ်ဖုတ်ထားတာ။"
"မုန့်ရဲ့ ပုံစံက တစ်ကယ်ကို အနုစိတ်လိုက်တာ၊ ကျဲကျဲက သေချာကို ဂရုတစိုက်လုပ်ထားတာပဲ။ ဧကရီမယ်မယ်ကတော့ တွေ့လို့ရှိရင် သေချာပေါက်ကို နှစ်သက်မှာ..." ကျိုးမော့မော့က မုန့်တစ်ပိုင်းကိုကောက်ပြီး သူမပါးစပ်ထဲ ထည့်ကာ အရသာခံကြည့်လိုက်သည်။ "အရသာလည်းတကယ်ရှိတာပဲ၊ ကျဲကျဲ ဆုချီးမြှင့်ခံရဖို့သာ စောင့်နေလိုက်တော့..."
"ဟား...ဟား... ရှင့်ရဲ့ ဆုတောင်းစကားတွေ ဖြစ်လာပါစေနော်။" လင်းမော့မော့က ပြုံးလိုက်သည်။ ကျိုးမော့မော့ စားပွဲပေါ်တင်ထားသည့် အမည်စာရင်းတွေကို မြင်ပြီး "ရှင် အလုပ်များနေပုံပဲ၊ ကျွန်မများနှောက်ယှက်မိနေပြီလား?"
"အိုင်းယား... ကျဲကျဲရယ်၊ အခုလောလောဆယ် ကျွန်မလည်း တော်တော်လေး စိတ်သောကရောက်နေရတယ်၊ ဧကရီမယ်မယ်က ယုံရှို့နန်းဆောင်ကတစ်ယောက်ကို အိမ်ရှေ့စံအတွက် ရှောင်ရှီးအဖြစ်ချီးမြှင့်ချင်နေတာ၊ ကျွန်မ လိုက်ရှာကြည့်ပေမယ့် သင့်တော်တဲ့သူတစ်ယောက်မှ မတွေ့သေးဘူး၊ ဘယ်လိုတောင် အစီအရင်ခံရမလဲမသိတော့ပါဘူး..."
(T/N; 小侍 xiao shi - ရှောင်ရှီး အနိမ့်ဆုံးအဆင့်ကိုယ်လုပ်တော်)
"ကျွန်မတို့ဆီမှာ အလုပ်လုပ်ကြရတဲ့ အစေခံကလည်း နည်းတာကိုး၊ ခက်ခဲတဲ့ တာဝန်ပဲ။" လင်းမော့မော့က သောကရောက်ဟန် ပြောလိုက်သည်။
"အခုထိ အချက်အလက်နဲ့ကိုက်ညီတာဆိုလို့ နှစ်ယောက်ပဲရှိသေးတယ်၊ ဒါပေမယ့် သူတို့ရဲ့ ရုပ်ရည်တွေက ပုံမှန်ပဲ ဖြစ်နေတာ၊" ကျိုးမော့မော့က ညဥ်းညူလိုက်သည်။
"ဒါဆို ဘယ်လိုလုပ်မလဲ? ဧကရီမယ်မယ်ကတော့ ရုပ်ရည်မလှပရင် စိတ်တိုင်းကျမှာ မဟုတ်လောက်ဘူး။" လင်းမော့မော့က ထောက်ခံလိုက်သည်။ "ဒါနဲ့ ရုပ်ရည်ကိုပြောရမယ်ဆို ကျွန်မတို့တော်ဝင်သရေစာဆောင်မှာ အလုပ်လုပ်နေတဲ့ ကောလေးက တော်တော်ကောင်းတယ်။"
"အားယား... ဒါပေမယ့် သူက (၁၃)နှစ်ပဲရှိသေးတာ နှမြောဖို့ကောင်းတယ်။" ကျိုးမော့မော့က နှမြောတသစွာဖြင့် ပြောလိုက်သည်။
"(၁၃)နှစ်တော့ မဟုတ်တော့ပါဘူး၊ ပြီးခဲ့တဲ့လကပဲ အဲကလေးက (၁၄)နှစ်ပြည့်ပြီးသွားပြီ၊ ဒါပေမယ့် သူက နည်းနည်းတော့ သေးကွေးနေသေးတယ်။" လင်းမော့မော့က ပြောလိုက်သည်။ "သူ့ရုပ်ရည်ကတော့ အရမ်းကို ကြည့်ကောင်းတယ်၊ ခပ်ကြီးကြီးတဲ့ မျက်ဝန်းတောက်တောက်လေးတွေရယ်၊ ပြီးတော့ ပါးချိုင့်လေးလည်း ပါသေးတယ်။"
ကျိုးမော့မော့သည် လင်းမော့မော့၏ပြောစကားကို နားထောင်ပြီး စဥ်းစားလိုက်သည်။ "ကျွန်မ ဧကရီမယ်မယ်ဆီ သုံးယောက်စလုံးကို တင်ပြလိုက်ရင် မကောင်းဘူးလား၊ တစ်ယောက်လောက်စာရင်းထဲထပ်တိုးလာတာလဲ ကောင်းတဲ့ကိစ္စပဲလေ။"
"မှန်တာပေါ့၊ နှစ်ယောက်ထဲဆိုတာ အရမ်းကို နည်းလွန်းတယ်၊ တစ်ယောက်လောက် စာရင်းထဲထပ်ထည့်လိုက်တာ ပိုအဆင်ပြေလောက်တယ်။" လင်းမော့မော့က ဂရုတစိုက်လမ်းညွှန်ပေးလိုက်သည်။
"အွင်း၊ ဒါဆို ဒီလိုပဲလုပ်ကြတာပေါ့။"
နောက်တစ်နေ့နက်နက်တွင် ကျိုးမော့မော့က ရွေးချယ်ထားသည့်လူသုံးယောက်စာရင်းကို ဧကရီမယ်မယ်ထံ တင်ပြလိုက်သည်။ စာရင်းကိုကြည့်ပြီးနောက် ဧကရီက စာရင်းစာရွက်နှင့် စားပွဲကို ရိုက်လိုက်လေ၏။
"ကျိုးမော့မော့၊ ဒါဘယ်လိုဖြစ်တာလဲ? ဘာလို့ သုံးယောက်ထဲလဲ? တစ်ယောက်ကဆို (၁၃)နှစ်ပဲရှိသေးတယ်၊ လူနည်းလို့ လူများအောင်များထည့်ထားတာလား!"
"ကျိုးမော့မော့က အလျင်အမြန်ပင် ဒူးထောက်လိုက်ကာ သူမအရင်ထဲက တွေးတောထားသည့် အကြောင်းပြချက်တွေကို ဖြေလိုက်သည်။
"ဧကရီမယ်မယ်၊ ကျွန်တော်မျိုးမ ပေါ့ပျက်ပျက်လုပ်ရတာမဟုတ်ပါဘူး၊ နန်းဆောင်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ အစေခံအရေအတွက်က အလွန်ကို နည်းပါးလွန်းလှပါတယ်၊ (၂)ယောက်ကသာ အချက်အလက်နဲ့ကိုက်ညီကြတာပါ၊ ဒါပေမယ့် ပုံပန်းသဏ္ဌာန်တွေက သိပ်အဆင်မပြေကြပါဘူး၊ ဘယ်လိုလုပ်များ သူတို့က အိမ်ရှေ့စံဆီက အထူးအလေးပေးမှုမျိုးကို ရရှိနိုင်ပါ့မလဲ?၊ ဒါကြောင့် ကျွန်တော်မျိုးမက နောက်ထပ်တစ်ယောက်ကို ထပ်ထည့်လိုက်တာပါ၊ အသက်အရွယ်က ငယ်သေးပေမယ့် သူရဲ့ရုပ်ရည်က ကောင်းမွန်တာကြောင့် အိမ်ရှေ့စံအတွက် အရှက်ရစရာ၊ မျက်နှာပျက်စရာ ဖြစ်လာစေမှာမဟုတ်ပါဘူး။"
ကျိုးမော့မော့က ဧကရီ၏မျက်နှာအမူအရာ အနည်းငယ်ပြန်လည်ကြည်လင်လာသည်ကို မြင်တွေ့ပြီး ဆက်လက်ကာ တင်ပြလိုက်သည်။ "ဒီကောလေးက ဧကရီရဲ့ တော်ဝင်သရေစာဆောင်မှာ အလုပ်လုပ်တဲ့ ကလေးပါ၊ အရမ်းလည်း ချစ်စရာကောင်းပြီး သိတတ်ပါတယ်၊ အရင်လကပဲ အသက်(၁၄)နှစ်ကို ကူးပြောင်းပြီးပါပြီ၊ အနည်းငယ်သေးသွယ်ပေမယ့် ကောနဲ့ မိန်းကလေးတွေက ကွာခြားကြပါတယ်၊ အသက်အရွယ်ငယ်တယ်ဆိုတာ သူတို့ရဲ့ နုပျိုဆန်းသစ်မှုနဲ့ သိမ်မွေ့နူးညံမှုတို့ကို ကိုယ်စားပြုတာပါ၊"
"ဒါတော့လည်း ဒါပေါ့၊ ငါက ချန်အာ မကြိုက်မှာပဲဆိုးတာပါ။" ကျိုးမော့မော့ ရှင်းပြသည်ကို နားထောင်ပြီးနောက် ဧကရီက သူမကို ထပ်ပြီး အပြစ်တင်စရာမရှိတော့ချေ။
(T/N: 🙃 မခံစားနိုင်တော့လို့ပြောမယ်အမေရေ၊ သူများသွားအပြစ်တင်မနေနဲ့၊ အမေ့သားက မြေခွေးအိုကြီး၊ ကလေးကို စားချင်လွန်းလို့ အမှီးလေး တစ်ယမ်းယမ်းနဲ့၊ အဲတော့ အမေ သူမကြိုက်မှာပူစရာမလိုဘူး၊ လိုချင်လွန်းလို့ ရှိသမျှလူ အကုန်လိုက်ပြီးလာဘ်ထိုးနေတာ အမေ့သားပါနော်၊ အမေ့သားက မြေခွေး၊သူနောက်လိုက်တွေက သရုပ်ဆောင်တွေ အားလုံးအကုန်အကြံဉာဏ်တွေကြီးပဲ... မပြောချင်ဘူး ဟွန့်😒 )
"ဧကရီမယ်မယ်၊ ဘာလို့ အရှင့်သားကို ကိုယ်တိုင်မကြည့်ခိုင်းတာလဲ? အရှင့်သားသာ မကြိုက်ရင် ကျွန်တော်မျိုးမတို့ တခြားနန်းဆောင်က အစေခံထဲကရှာကြည့်လိုက်မယ်လေ။"
"အင်း၊ အိမ်ရှေ့စံကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ကြရအောင်၊ သူအလေးပေးမယ့်လူဆိုတော့ သူကြိုက်မှပဲဖြစ်မှာ၊ ကျိုးမော့မော့ ရှင်သွားပြီး ပြင်ဆင်စရာရှိတာပြင်ဆင်ထားလိုက်ပါ။" ဧကရီက တခြားနန်းဆောင်က သူကိုတော့ မရွေးချယ်ချင်ပေ။ သူမနန်းဆောင်ကလူမဟုတ်ဘူးဆိုရင် သူမစိတ်ချနိုင်မည်မဟုတ်ချေ။ ပြီးတော့ တခြားနန်းဆောင်က ရွေးမယ်ဆိုရင် မသင့်လျော်တဲ့ အာရုံစိုက်စရာတွေ ဖြစ်ကုန်လိမ့်မည်။ ရွေးချယ်ထားတဲ့သူတွေကို ချန်အာကြိုက်ဖို့ကိုပဲ သူမမျှော်လင့်မိတော့သည်။
*******************
T/N: ဟိုင်းအားလုံးအိပ်ကြပြီးလား၊ အကုန်လုံးရဲ့ မန့်တွေကို ဖတ်ပြီး မိုတီတွေရလို့ နောက်တစ်ပိုင်းအမြန်တင်ပေးလိုက်ပြီနော်။ အမြန်ဖတ်စေချင်စောနဲ့ စာမစစ်ထားပါဘူးနော်။ နောက်မှပြန်စစ်မယ်။ ။ ဒီအပိုင်းကို ဖတ်ပြီး အရှင့်သားကို မျက်စိလှန်မိတာ အိုင်တစ်ယောက်ထဲလား။ အရှင့်သားတို့ကတော့ ကလေးကို နန်းဆောင်ထဲ ဆွဲသွင်းဖို့ ကြံစည်နေပါပြီ။ နောက်အပိုင်းဆို....တော့ နောက်တစ်ပိုင်းပေါ့နော် ဟဲဟဲ... ၁ ရက်ခြားရင်ပြန်ဆုံမယ်။ Love U All...
Advertisement
- In Serial53 Chapters
Death With Benefits
"You know, everybody is afraid of dying I really don't understand why."----Samsara*******What doesn't kill you...********Support me here :https://paypal.me/Jxddy
8 157 - In Serial8 Chapters
Shadows by the Sea
In order to live freely, you must have a name. But names in Samark aren't easy to come by, especially for those without money or family. And for the children willing to do anything to seize a name, sometimes their path leads them into the shadows.....
8 106 - In Serial88 Chapters
Odyssey Of Zero: Journey Ablaze
Lass, a young, shut-in smith who recently suffered the loss of his father, woke up one day to be greeted by something most unexpected. The goddess that seemed to be a work of fiction and appear only in fairytales made for kids, was now indeed standing before him. Telling him that the world and fairytales he once heard were but mere lies, he realized that not all stories can have a happy ending... Now knowing how much is at stake, Lass agreed to accompany the goddess in her quest to save the world they call their home. But throughout it all...why did it feel like something was missing? Like a memory that's been erased and a part of him taken away? Despite him thinking it'd be a swift escort, he instead got dragged along into the thrill and the battles of an adventure with epic proportions, in a journey most bizarre. Now travelling throughout the entirety of the world he had once exclusively thought to be around his home and smithy, they would soon realize that there's many more faces to meet as well as much more to see, feel and experience, than what they could have ever imagined.
8 129 - In Serial13 Chapters
The Innocent Soldier - Linstead
This is a Memorial Day special. This story is to bring awareness to PTSD and how to help.
8 258 - In Serial12 Chapters
Tink's Shorts
Amalgamation of shorts, random ideas, notes, and otherwise crap I dont plan on doing anything with for the forseeable future. if you like an idea, setting, character, feel free to use it in your own works; however please be respectful and at least state where you got the idea. this is mostly just a place for me to personally put stuff, if you like/follow/comment, please be aware, things in this group are not connected to each other, although some might appear to be.
8 371 - In Serial17 Chapters
The Untended Endearment
The biggest war of the era is fought to avenge a woman's honor . She got her justice and fair share of respect and recognition but she wasn't the alone woman present in the epic. There are many others who were left alone in dark. They got nothing neither their sacrifices got recognition nor their emotion were considered. Join me on the journey to embark the whirlwind of their emotions and try to cast a glance on their lost identity and a light on their unsung sacrifices.
8 120

