《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟷
Advertisement
အပိုင်း (၈) - ရှေ့ပြေးနိမိတ် - ၁
လဝက်မျှကြာမြင့်ပြီးနောက် လီကျန်းသည် လင်းကျားရွာရှိ လဟာပြင်ကျယ်၌ ခရိုင်ရုံးမှသတိပေးစာပါ အကြောင်းအရာဖြစ်သည့် ဆောင်းဦးလလယ်ပွဲတော်ရက်အတွင်း နန်းတော်သို့ ခစားဝင်ရောက်နေကြသည့်အစေခံများကို မိသားစုများနှင့်ပြန်လည်တွေ့ဆုံနိုင်ရန် ၎င်းတို့အား နန်းတော်သို့ဝင်ခွင့်ပေးမည့် သတင်းကောင်းကို ကြေညာပေးခဲ့သည်။ ရွာသားများအားလုံးသည် ထိုသတင်းကို ကြားသိလိုက်ရပြီးနောက် လူတိုင်း ပါးစပ်ဖျား၌ ထိုအကြောင်းကိုသာ ပြောဆိုဆွေးနွေးကြတော့သည်။
"သကျွမ်း၊ ချောပို့ဌာနမှာ မင်းမိသားစုရဲ့ ကောလေးက ပို့လိုက်တဲ့စာ ရောက်နေတာနဲ့ ငါ မင်းအတွက် ယူလာပေးလိုက်တာ..." လီကျန်းက လင်းသကျွမ်းတို့မိသားစုအား တားဆီးကာ ဆိုလိုက်၏။ "ကျားဝမ်၊ လာ... လာကြည့်လိုက်စမ်းပါဦး၊ မင်းတို့မိသားစုကလေးလေးဆီက ပို့လိုက်တဲ့ အထုတ်က တကယ့်ကို အကြီးကြီးပဲ..."
လီကျန်းမှာ လင်းသကျွမ်းတို့မိသားစုအပေါ် တဖြည်းဖြည်း ဖော်ရွေလာခဲ့သည်။ ယခုနှစ်တွင် ကျားဝမ်သည် ခရိုင်အဆင့်တော်ဝင်စာမေးပွဲအား အောင်မြင်ခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် လင်းကျားဝမ်မှာ ဂုဏ်ကျက်သရေရှိ ပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီး ဒေသတရားသူကြီးနှင့် တွေ့ဆုံလျှင်တောင် ဒူးထောက်အရိုအသေပေးစရာ မလိုအပ်တော့ပေ။
(T/N: အစတုန်းက သူက 童生 tong sheng၊ ထုန်းရှန်းအဆင့်(စာမေးပွဲဝင်ခွင့်ရကျောင်းသား) အဆင့်ပဲရှိသေးတာ၊ အခုတော့ 秀才 xiu cai၊ ရှုန်းချိုက်လို့ခေါ်တဲ့ တော်ဝင်စာမေးပွဲအောင်မြင်ပြီးတဲ့သူ ဖြစ်သွားတာပါ။ ဒေသဆိုင်ရာတရားသူကြီးလို့ဘာသာပြန်ထားတဲ့သူက 縣太爺 xian tai ye၊ ရှန်းထိုက်ယဲ့ လို့ခေါ်တဲ့ရာထူးပါ အပြည့်အစုံဆိုရင် ဒေသဆိုင်ရာ အောက်ရုံးတရားသူကြီးပါ။)
လင်းကျားဝမ်က လီကျန်းရဲ့ မျက်နှာလိုမျက်နှာရ အမူအရာတွေကို လှစ်လျူရှုကာ အထုတ်ကိုသာ လှမ်းယူလိုက်ပြီး ဝတ်ကျေတမ်းကျေမျှသာ စကားတစ်ခွနးနှစ်ခွန်းလောက် ပြန်ပြောလိုက်သည်။ လီကျန်း၏စကားများကိုကြားလိုက်သည်နှင့် ရွာသားအားလုံးမှာ အထုတ်ကို စိတ်ဝင်စားလာတော့သည်။ လူအတော်များများက "လင်းရှုန်းချိုက် အထုတ်ကို ဖွင့်ကြည့်လိုက်ပါလား၊ အားလုံးလဲကြည့်ရအောင်လို့၊ မိသားစုက ကောလေးက ဘယ်လိုကောင်းမွန်တဲ့ပစ္စည်းတွေများ ပို့ပေးလိုက်တာလဲလို့လေ..." ဟု စတင်ကာ ဖျောင်းဖြပြောဆိုလာတော့၏။
နန်းတော်ထဲသို့ ဝင်ရောက်သွားသည့် ဆယ်ယောက်ထဲကမှ လင်း* မိသားစု၏ သမီးအပျိုလေး လင်းကျောင်းကျောင်း တစ်ယောက်တည်းကသာ ပစ္စည်းတစ်ချို့ကို ပြန်ပို့ပေးခဲ့ဖူးသည်။ လင်းကျောင်းကျောင်း၏မိခင်မှာလည်း ထို့အတွက်ကြောင့် အရမ်းကို ကျေနပ်ပီတိဖြစ်ကာ ဂုဏ်ယူခဲ့ရသည်။ သူမမိသားစုမှကျောင်းကျောင်းက ဘယ်လိုမျိုး တော်ကြောင်း၊ ရာထူးကြီးမယ်မယ်ထံတွင် အလုပ်လုပ်ရကြောင်း၊ ထိုနေရာတွင် မည်မျှပင် ချီးမွမ်းမြှောက်စားခံရကြောင်း၊ မိသားစုထံ ငွေအချို့ကို ပြန်ပို့ပေးနိုင်ကြောင်းကို တစ်စုံတစ်ဦးနဲ့တွေ့ဆုံတိုင်း အမြဲတမ်းပင် ပြောဆိုနေခဲ့သည်။ (T/N: ဒီကလင်းက ကျားပေါင်တို့မိသားစု လင်းမဟုတ်ပါဘူး၊ တခြားမိသားတစ်စုပါ)
သည်တစ်ကြိမ် လင်းကျားပေါင်ပို့လိုက်သည့် အထုတ်မှာ လွန်စွာကြီးမားသည့်အတွက်ကြောင့် ရွာသားတိုင်းဟာ သူ ငွေဘယ်လောက်တောင်ပေးပို့လိုက်တာလဲ ဆိုသည်ကို ခန့်မှန်းကြတော့သည်။ လင်းကျားဝမ်မှာ လူတိုင်း၏ စကားများကို လစ်လျူရှုကာ သူဖခင်နှင့်အတူ အိမ်ကိုသာ ပြန်လာခဲ့လေ၏။
အိမ်၌ ကျန်းဟွေ့နျန်သည် သူမ၏ ကိုယ်ဝန်ခြောက်လကျော်ခန့်ရှိနေပြီဖြစ်သည့် ချွေးမအား ဖေးမကူညီရင်း "ဘာလို့လဲ၊ သတင်းကောင်းရှိလို့လား?"
လင်းကျားဝမ်သည် လီကျန်းကြေညာခဲ့သည့် သတင်းအား ပြန်လည်ပြောပြလိုက်သည်။ ပြီးနောက် စိတ်လှုပ်ရှားစွာဖြင့်ပင် "ကျားပေါင်က တစ်ခုခုပို့ပေးလိုက်တယ်!!..."
ထို့သို့ကြားသိလိုက်ရသည်နှင့် တစ်မိသားစုလုံးစိတ်လှုပ်ရှားသွားပြီး အနားသို့အလျှင်အမြန်ရောက်လာကြကာ "ဒါဆို မြန်မြန်ဖွင့်ကြည့်လိုက်လေ..."
လင်းကျောင်းကျောင်းက ရွာကို ပစ္စည်းပြန်ပို့ကတည်းက သူတို့မိသားစုကလည်း ကျားပေါင်ကို သူတို့ထံစာလေးတစ်စောင်လောက်ရေးပို့ပေးနိုင်ရန် မျှော်လင့်ခဲ့ကြသည်။ အခုဆိုရင် ကျားပေါင်နန်းတော်သို့ဝင်သွားသည်မှာ တစ်နှစ်ကျော်ကျော် နှစ်နှစ်နီးပါးပင် ရှိနေခဲ့လေပြီ။ ထိုအတော်အတွင်းတွင် သူတို့တစ်မိသားစုလုံး ကျားပေါင်အတွက် စိုးရိမ်ပူပန်နေခဲ့ကြသည်ပင်။ နှုတ်အမှာစကားလေးတစ်ခွန်းဆိုလျှင်တောင် သူတို့စိတ်နှလုံးအား သက်သာစေပေလိမ့်မည်။
အထုတ်ကို ဖြည်ကြည့်ဖို့ကို တစ်မိသားစုလုံး မစောင့်နိုင်တော့ပေ။ အထဲ၌ စာထူထူတစ်ထပ်ရယ်၊ ချည်ထိုးပန်းထိုးအိတ်တစ်လုံးရယ်၊ ငွေစများဖြစ်ပုံဟန်ရှိတဲ့ ပုဝါစနဲ့ထုတ်ပိုးထားတဲ့ အထုတ်တစ်ထုတ်ရယ်ကို တွေ့လိုက်ရသည်။ လင်းကျားဝမ်က စာကို အရင်ဦးဆုံးဖောက်ဖတ်ကြည့်လိုက်၏။ လင်းကျားဝမ်၏လက်ရေးမှာ အတော်အတန်ပင် ကြီးမားလှသည်။ သူက အားလုံးကြားအောင် ကျယ်ကျယ်လေးဖတ်ပြလိုက်တော့သည်။
ဖေဖေ... မေမေ... ကျွန်တော် ကျားပေါင်ပါ...
နန်းတော်ထဲ နေရတဲ့ရက်တွေက အလွန်ကိုကောင်းမွန်လှပါတယ်။ အခုဆို ကျွန်တော် ဧကရီမယ်မယ်အတွက် သီးသန့်မုန့်လုပ်တဲ့နေရာ၊ တော်ဝင်သရေစာဆောင်မှာ အလုပ်လုပ်နေပါတယ်။ တော်ဝင်သရေစာဆောင်က အကြီးအကဲလင်းမော့မော့က ကျွန်တော့်အပေါ်ကို အရမ်းကို ကြင်နာတယ်။ အခုဆို ကျွန်တော်ကိုယ်တိုင် သရေစာမုန့်အတော်များများကို လုပ်နိုင်နေပြီ၊ အရသာလဲ ရှိတယ်နော်၊ အဖေတို့အမေတို့ အရသာမြည်းလို့မရတာတော့ တော်တော်နှမြောဖို့ကောင်းတယ်။ ဒါပေမယ့် မပူပါနဲ့၊ ကျွန်တော် နန်းတော်က ထွက်လာလို့ အိမ်ပြန်ရောက်ရင် ဖေဖေမေမေတို့ အတွက် နေတိုင်းကို လုပ်ကျွေးမယ်နော်။
ဖေဖေ၊ မေမေ၊ အစ်မကြီး၊ ခဲအို၊ အကိုကြီး၊ မရီး၊ ဒုတိယအစ်မ၊ ညီလေး၊ ညီမလေးတို့ရေ အားလုံးကို ကျွန်တော် အရမ်းလွမ်းနေတယ်နော်...........
ဆောင်းဦးလလယ်ပွဲတော်ရက်ထဲ ကျွန်တော့်ကို လာတွေ့ရမယ်နော်။ လမ်းခရီးစရိတ်အတွက် မလုံလောက်မှာဆိုးလို့ ကျွန်တော့်မှာ ရှိသမျှ ပိုက်ဆံတွေရယ် စုဆောင်းထားတဲ့ ဆုလာဘ်တွေရယ် အားလုံးကို ပို့ပေးလိုက်တယ်။ အဲအထဲမှာ ကျွန်တော် နန်းတော်ထဲသွားတုန်းက ထည့်ပေးလိုက်တဲ့ ငွေစတွေလည်း ပါတယ်။ နန်းတော်ထဲ သုံးစရာနေရာမရှိလို့ ကျွန်တော်မသုံးဖြစ်ဘူး။
Advertisement
သေချာပေါက် လာတွေ့ရမယ်နော်... ကျားပေါင်က အားလုံးကို အရမ်းကြီးသတိရနေပါတယ်...
ကျားဝမ်ဖတ်ပြတဲ့စာကို နားထောင်ပြီးနောက် သူမက ကျားပေါင်ဆွဲထားတဲ့ပုံလေးကို ထပ်ပြီး ကြည့်လိုက်သည်။ ကျန်းဟွေ့နျန်က သူမ မျက်နှာပေါ်က မျက်ရည်များကို သုတ်ကာ ဖယ်ရှားရင်း "ဒီကလေး ဆွဲထားတဲ့ပုံလေးက ကြည့်ကောင်းလိုက်တာ၊ မုန့်လေးက တစ်ကယ်ကို အစစ်အတိုင်းပဲ။"
"ကြည့်ရတာ ကျားပေါင်က နန်းတော်ထဲနေရတာ အဆင်ပြေနေပုံပဲ၊ ငါ တော်တော်စိတ်အေးသွားရပြီ..." လင်းသကျွမ်းလည်း ပျော်ရွှင်သွားတော့သည်။ "မနက်ဖြန် ခမည်းခမက်တို့အိမ်ကို သွားရအောင်၊ ကျင်းအာလည်း ဒီအတော်အတွင်း တော်တော်လေး စိတ်ပူနေရှာတာ..."
လင်းကျားပေါင်ရဲ့ အစ်မဖြစ်သူ လင်းကျင်းအာက ကျားပေါင် နန်းတော်ထဲဝင်ရသည့် သတင်းကို ကြားသိပြီးနောက် ကိုယ်ဝန်ပျက်ကျတော့မည့်အထိကို အလွန်ပင် ဝမ်းနည်းကြေကွဲခဲ့ရသည်။ ကံအားလျော်စွာပင် ဤသည်မှာ ထိတ်လန့်ရုံလောက်သာဖြစ်ခဲ့ပြီး အန္တရာယ်မရှိခဲ့ပေ။ နောက်ဆုံးတွင် သူမမှာ အမွှာစုံတွဲရောကလေးတစ်စုံကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့သည်။
(T/N: : 動胎氣 dong tai qi အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဥ် ပြင်းထန်တဲ့ စိတ်လှုပ်ရှားမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်စေခြင်း၊ 龍鳳胎 long feng tai – ယောကျာ်းလေးတစ်ယောက် မိန်းကလေးတစ်ယောက် အမွှာ၊ အဲတာကို ယောကျာ်းလေးဆို နဂါး၊ မိန်းကလေးဆို ဖီးနစ် လို့ တင်စားခေါ်ဝေါ်ကြတယ်။)
ချင်မိသားစုကတော့ ဤမွေးဖွားမှုကြောင့် အရမ်းကို ပျော်ရွှင်နေကြလေ၏။ ဒီလိုမျိုး အရောကလေးအမွှာမွေးဖွားနှုန်းက ရှားပါးတာကြောင့် ဒီလိုမွေးဖွားနိုင်မှုက ချင်ဖူရန်ကို လင်းကျင်းအာက ကောင်းချီးဆောင်လာမည့် မိန်းကလေးဆိုတာကို ပိုယုံကြည်လာစေခဲ့သည်။ ဒါကြောင့် လင်းကျင်းအာ ပြန်လည်ထူထောင်ရေး တစ်လကုန်ဆုံးသည်နှင့် ချင်မိသားစု၏ အိမ်တွင်းစီမံခန့်ခွဲမှုအာဏာကို ချက်ချင်းပင် လွှဲပြောင်းပေးအပ်က မြေးများကို အလိုလိုက်အကြိုက်ဆောင်သည့် အဘွားတစ်ယောက်ဂုဏ်ကို အလျှင်အမြန်ပင်ရယူလိုက်တော့သည်။
လင်းသကျွမ်း ပုဝါကို ဖွင့်ကြည့်လိုက်သည့်အခါ တကယ်ကိုပင် ငွေစအမြာက်အမြားကို တွေ့လိုက်ရလေ၏။ ရေတွက်ကြည့်လိုက်သည့်အခါ ငွေစတစ်ရာနဲ့ သုံးဆယ့်ငါးစ ရှိနေလေသည်။ "အား... တကယ့်ကို ပိုက်ဆံတွေ အများကြီးပဲ။ "
"ဝိုး!!! ဝိုး..." နဂါးဖီးနစ်အမွှာနှစ်ယောက်မှာ အလွန်ပင် စိတ်လှုပ်ရှားနေလေသည်။ ဒီလောက်ပိုက်ဆံအများကြီးနဲ့သာဆို သူတို့ မုန့်တွေ ဘယ်လောက်တောင်များ ဝယ်စားလို့ ရပါလိမ့်မလဲ....
"ဘာလို့ ဒီလောက်ငွေစတွေများနေရတာလဲ! လုပ်အားခက တစ်လကိုမှ ငွေတစ်စပဲမဟုတ်ဘူးလား... သူယူသွားတဲ့ ငွေစ (၂၀) ကို ထည့်ပေါင်းမှ အများဆုံး (၃၀) လောက်ပဲရှိရမှာ... ငါကြားတာ ကျောင်းကျောင်းတောင် (၂၀) လားပဲပြန်ပို့တာ..." လင်းကျားဝမ်က သံသယဖြင့် ပြောလိုက်လေ၏။
လင်းကျားပေါင်ထုတ်ပိုးထားသည့် ငွေစ (၃၅) စကို ရွှမ်းယွမ်ဟန်ချန်ဟာ တွေ့လိုက်ပြီး နောက်ထပ် တစ်ရာကို ထပ်ထည့်ခိုင်းလိုက်သည်။ ပြန်စဥ်းစားရင်း စဥ်းစားပြီး မသင့်တော်မှာ ဆိုးလို့ သူဟာ ငွေစသေးသေးလေးတွေကိုသာ ထည့်ပေးဖို့ ညွှန်ကြားလိုက်သည်။ ဒါကြောင့်မို့ လင်းမိသားစုက အထုတ်ကို လက်ခံရရှိတဲ့အချိန် အထုတ်က ကြီးမားနေခြင်းပင်။
(T/N: တော်ဝင်မျိုးရိုးဆိုတော့ အိမ်ရှေ့စံတို့သုံးတဲ့ ငွေစတွေက ရွှေတုံးငွေတုံးအကြီးကြီးတွေ ဒါပေမယ့် ကျားပေါင်တို့မိသားစု ကြတော့ ပြည်သူထဲကကိုမှ တောရွာက သူတွေ ဒါကြောင့် သူတို့သုံးတဲ့ငွေတုံးတွေဆိုတာ သေးသေးလေးတွေ အဲတော့ ယောကျ်ားအိမ်ကိုကလဲ လာဘ်ထိုးချင်တယ်၊ သူသုံးသလိုလဲပေးလို့ အဆင်မပြေတာနဲ့ ငွေစတစ်ရာကို ငွေတုံးသေးသေးလေးတွေနဲ့ ပြည့်အောင်ထည့်ပေးလိုက်ရတာ... အဲတော့ အထုတ်ထုတ်လိုက်တော့ ကြီးသွားရော...)
"အဲတော့လည်း ဘာဖြစ်တုန်း၊ ကျားပေါင်က ဧကရီနန်းဆောင်မှာ အလုပ်လုပ်တာပဲ၊ ဧကရီဆိုတာ အနောက်ဆောင်မှာ အာဏာအကြီးဆုံးပဲလေ၊ ဒါပေါ့ သူမက အရမ်းကို ရက်ရောပြီး ဆုတော်ငွေကိုလည်း အများကြီးချီးမြှင့်မှာပဲ..." ကျန်းရှိကပြောလိုက်လေ၏။ အဲတာကို လင်းကျားဝမ်ကလွဲရင် အားလုံးက ကျိုးကျောင်းသင့်လျော်တယ်လို့ ခံစားလိုက်ရသည်။
လင်းကျားဝမ်ရဲ့အမျိုးသမီး၊ ဝူရှီက သူမယောကျာ်းနောက်နှစ်မှာ ရှန်းရှီစာမေးပွဲအတွက် ရှုပြည်နယ်ကိုသွားတဲ့အခါမှာ ငွေကြေးလုံလောက်တော့မည်ဟု တွေးတောနေလေသည်။
လင်းလီအာက ပန်းထိုးထားတဲ့ အိတ်လေးကို ကိုင်ကြည့်လိုက်သည်။ အိတ်ပေါ်မှာ ချည်ထိုးထားတဲ့ပန်းလေးတွေ၊ အပင်လေးတွေက လှပလွန်းလှသည်။ အိတ်မှာလည်း ဖောင်းနေပြီး သွန်ချကြည့်လိုက်သည့်အခါ စားပွဲပေါ်တွင် အိတ်ထဲမှအရာများပြန့်ကြဲလာကာ နေရာယူထားလေ၏။
"အိတ်ထဲမှာ ထပ်ရှိသေးတယ်!!..."
ငွေရောင်အသီးငါးလုံးနဲ့ ရွှေရောင် ဖရုံစေ့သုံးခုက ထွက်ကျလာလေ၏။
"တကယ်ကို ရွှေအစစ်နဲ့လုပ်ထားတာ... အရမ်းကို လှတာပဲ..." ကလေးမလေးက အနီးကပ် ထိကြည့်ကာ စူးစမ်းလေ့လာလိုက်သည်။
"ဒါ တကယ်ပဲနန်းတွင်းက လုပ်ထားတာ၊ တကယ်ကြီးကိုလက်ရာက သေသပ်လွန်းလှတယ်၊ ငွေအသီးတစ်လုံးကို (၂)လျန်လောက် အလေးချိန်ရှိတယ်။" ငွေအသီးရဲ့အလေးချိန်ကို ကျန်းရှိက သူမလက်ထဲ လှုပ်ခါကြည့်ရင်း တိုင်းတာလိုက်သည်။ ( T/N: 二兩重 - er liang zhong = 2 Taels ရှေးခေတ်အလေးချိန်၊ အခုခေတ်နဲ့ပြန်တွက်ရင်တော့ 1 taels ကို ၅၀ grams ရှိပါတယ်)
တစ်မိသားစုလုံး ပျော်ရွှင်စွာနဲ့ စားပွဲဝိုင်းကို လှည့်ပတ်နေတော့လေ၏။
ဒီလောက် များပြားလွန်းလှတဲ့ငွေတွေကို ဘယ်လိုလုပ်ကြမလဲဆိုတာ သူတို့ ဆွေးနွေးကြလေသည်။ ပတမဦးဆုံး မြို့တော်ကို သွားရမယ့်ခရီးစရိတ်အတွက် ဖယ်ထားလိုက်သည်။ ပြီးတော့ ဒုတိယအနေနဲ့ ရှုပြည်နယ်ကို ရှန်းရှီစာမေးပွဲသွားဖြေမယ့် လင်းကျားဝမ်အတွက် ခွဲပေးလိုက်သည်။ ကျန်ရှိနေသေးတဲ့ ငွေတွေကိုတော့ လင်းသကျွမ်းက အိမ်ပြင်ဖို့နဲ့ အိမ်ကိုတိုးချဲ့ပြီး အခန်းထည့်ဖို့အတွက် အသုံးပြုဖို့ကို စီစဥ်ထားသည်။ သူတို့မိသားစုရဲ့လူဦးရေက တစ်စထက်တစ်စ ပိုတိုးပွားလာပြီး ကလေးတွေမှာလည်း အရွယ်ရောက်လာကြတာကြောင့် အခန်းပြဿနာက အရေးတကြီးအခြေအနေမှာပင်။ အစကတော့ နောက်နှစ် သူ့သားရှန်းရှီစာမေးပွဲအတွက် ငွေစုချင်နေတာပေမယ့် အခုတော့ အဲဒီအတွက် စိုးရိမ်စရာမလိုအပ်တော့ပေ။
Advertisement
ကျေးလက်တောရွာဒေသမို့လို့ အိမ်ဆောက်မည်ဆိုရင် စျေးအရမ်းမကြီးပေ။ အလုပ်သမားရယ်၊ ဆောက်လုပ်ရေးကုန်ကြမ်းရယ်နဲ့ ငွေစဒါဇင်လောက်ဆိုရင်ကို ကောင်းမွန်စွာ တည်ဆောက်နိုင်နေလေပြီ။ အကယ်၍သာ ပိုက်ဆံ ကျန်ရှိနေဦးမယ်ဆိုရင် မြေကွက်အချို့ထပ်ပြီး ဝယ်ယူနိုင်ပေလိမ့်မယ်၊ အခုအချိန်မှာ အခွန်အခလဲပေးစရာမလိုလို့ မြေကွက်များလာတာဟာ ဝင်ငွေပိုတိုးလာသည်နှင့် အတူတူပင်။
ဘယ်သူကမှလည်း ဒီမြေကွက်တွေကို ကျားပေါင်ရဲ့အမည်အောက်တွင် ထားသည်ကို မကန့်ကွက်ကြပေ။ တကယ်လို့သာ ကျားပေါင်က အနာဂတ်မှာ ငွေတွေထပ်ပို့ဦးမယ်ဆိုလျှင် မြေကွက်တွေ ပိုပြီးဝယ်နိုင်ဦးမည်ပင်။ ဒါဆို ကျားပေါင်ပြန်လာသည့်အချိန်တွင် သူထံ၌ မှီခိုစရာ တစ်စုံတစ်ရာ ရှိနေပေလိမ့်မည်။
ယခုအခါ၌ ချည်ထိုးအိတ်ထဲက အရာတွေသာလျှင် ကျန်ရှိနေတော့သည်။ အကယ်၍များ ပြဿနာတစ်စုံတစ်ရာရှိခဲ့လျှင် ဒါတွေကို ပြဿနာဖြေရှင်းရာတွင်သုံးရန် အရေးပေါ်ငွေအဖြစ် ချန်လှပ်ထားလိုက်လေတော့သည်။
*************************************************
T/N: ကတိတည်တယ်နော်၊ ကဲနောက်တစ်ပိုင်း၊ အရှင့်သား plan ဆွဲနေတုန်း ကျားပေါင်အမျိုးတွေကို လာဘ်ထိုးလိုက်ဦးမယ်။ မောင်မင်းမယ်မင်းတို့စောင့်မျှော်နေတဲ့ အပိုင်းကလေ နောက်၂ပိုင်း ၃ပိုင်း.... အော် ယူတို့က Spoilမှမကြိုက်တာ... မပြောတော့ဘူးနော်...😁😊😎
တစ်ခုပြောချင်တာက အပိုင်း၈ ပဲရောက်သေးပေမယ့် နံပါတ်က ၁၁ ဖြစ်နေတာလဲဆို Original အပိုင်းက အရမ်းကိုရှည်ပါတယ် ဒါကြောင့် E Tran ဆို ၄ ပိုင်းလောက်ခွဲတင်တယ် K ကတော့ အဆင်ပြေသလို Original အပိုင်းကနေ ပြန်ခွဲတယ် ဒါကြောင့် မတူတာပါနော် .... ဘာသာပြန်ထဲ အမှားပါတာရှိရင် Beginner Level မို့ ခွင့်လွှတ်ပါ၊ တစ်စုံတစ်ရာ ဖတ်ရတာ အဆင်မပြေရင် Translator ရဲ့အမှားပါ။ ကဲ K ခေါင်းကိုက်သွားပြီ ဒီညတော့နားပြီ... အဲတော့ နောက် ၁ရက်ခြားမှာ အပိုင်းသစ်တစ်ပိုင်းနဲ့ ပြန်တွေ့မယ်...
Advertisement
- In Serial41 Chapters
History of the Orcs According to, The Beginning: Breath Of War
For those interested in learning about the origins of the Orcs, their lifestyle, how they became the way they are. I will be taking an indepth look at the History of the Orcs. For those who enjoyed The Beginning : Breath of War, you will definletly love reading this.
8 221 - In Serial29 Chapters
Seeker
The Gods are dead As they bled dry, so did the magic which gave them birth. In the new era of technology, its pathetic remnants must hide in the shadows or be locked away. In the ancient era of magic two beings often stood out: Galileo, an immortal scholar obsessed with knowledge and Angelica, the most loyal servant of the greatest among the now dead Gods. But why are they worthy of mention? Because after millennia of isolation, the two emerge in the new world beyond their reckoning. The entire story is told from the third person, however, each chapter will be told from the perspective of only one of the characters. This will be signified by the first letter of their names after the chapter number to avoid confusion. I submitted this fiction as a [participant in the Royal Road Writathon challenge] as well as a participant in National Novel Writing Month. The original challenge had been to finish this entire faction within the month of November reaching the 55.5k word minimum. This goal had been achieved. I do not own the cover picture
8 258 - In Serial12 Chapters
Lab Rats: Donald Davenport's daughter
What if Donald was married before Tasha and had a daughter named Daniella. When Daniella and Leo find out about Adam, Bree and Chase join the Davenports on the wild adventure that's in store for them all. As they tackle the world of love, family and friendship.
8 240 - In Serial37 Chapters
Days of Blood and Roses: A Magical Girl Thriller
Promises are meant to be kept, but a promise to save a beloved sister leads a group of high school magical girls into a dream of many literary landscapes. Out of this dream of Carroll’s wonderlands and Baum’s fairylands and Poe’s nightmares comes a monster that threatens to invade the waking world. Their promise forms the opening act of a play they can’t stop, so to prevent this monster’s debut into their world, they must play their parts to the end at all hazards to their lives. If you love quirky magical girls, bloodthirsty femme fatales, fight scenes, love scenes, twisty plot lines, fantastic settings, the possibility of dreams, and the uncertainty of nightmares, this story is for you.
8 206 - In Serial10 Chapters
Our Secret Affairs
Marinette Dupain-Cheng, in love with Chat Noir, in love with Adrien Agreste. At a party at the bourgeois mansion, she has an affair with Adrien Agreste. A secret Affair. It was forbidden, little do they know, their not the only ones keeping a secret.
8 84 - In Serial5 Chapters
My Belly Photos
I don't personally gain weight on purpose, though recently I've been having second thoughts about losing it...
8 201

