《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷𝟶
Advertisement
အခန်း (၇)၊ တစ်နှစ်တာကာလ
ဒုတိယပိုင်း
ဤအချိန်ကာလ အတောအတွင်းမှာပင် အိမ်ရှေ့စံမင်းသား၏ လူမဆန်မှု၊ ရက်စက်ကြမ်းကြုတ်မှုများအကြောင်း မကောင်းသတင်းများသည် ရွှမ်းယွမ်အင်ပါယာတစ်ခွင် တစ်ဟုန်ထိုး ပျံ့နှံ့သွားခဲ့သည်။ မသမာသူတို့၏ လှုံ့ဆော်မှုအောက် အတင်းအဖျင်းများမှာ ပိုမိုကာ ပြင်းထန်လာတော့၏။
စစ်သုံ့ပန်းထောင်သောင်းများစွာကို အရှင်လတ်လတ်ပင် မြေမြုပ်ကာသတ်ပစ်ရန် အိမ်ရှေ့စံကအမိန့်ပေးခဲ့ကြောင်း၊ အိမ်ရှေ့စံက ကလေးငယ်လေးများကိုလည်း စိတ္တဇဆန်ဆန်ပင် သတ်ဖြတ်ရသည်ကို ကြိုက်နှစ်သက်ရုံသာမက လူအသားကိုပင် စားသုံးရသည်ကို နှစ်ခြိုက်ကြောင်း အစရှိသည်ဖြင့် ကောလဟာလပေါင်းမျိုးစုံသည် လူအများကြားထဲ၌ ပျံ့နှံ့နေခဲ့လေသည်။ သတင်းပြန့်ပွါးမှုကို တားဆီးပိတ်ပင်ခဲ့သော်ငြားလည်း ဆက်လက်ကာ ပြန့်ပွါးနေဆဲပင်။
သာမာန်လူတန်းစားတို့၏ အမှား၊အမှန် ခွဲခြားနိုင်စွမ်းမှာ အလွန်နည်းပါးလွန်းလှ၏။ ထို့ကြောင့်ပင် အကြောင်းအရာတစ်စုံတစ်ခုကို ကြားသိမိသည်နှင့်တပြိုင်နက် သူတို့စိတ်ထဲတွင် ထိုအတိုင်းကိုသာ ယုံကြည်တတ်ကြသည်။ တော်ဝင်မိသားစုနဲ့ သက်ဆိုင်သည့် အကြောင်းအရာဆိုတာနှင့်ကိုပင် ၎င်းတို့အားလုံးမှာ စိတ်ဝင်တစားဖြင့် ဆွေးနွေးကြတော့သည်ပင်။ မပေါက်ကြားအောင် ဖုံးကွယ်ထားသည့် အကြောင်းအရာဖြစ်လေလေ ၎င်းတို့၏ သိလိုစိတ်များပြင်းထန်လာသည်မှာ ထုံးစံပင်...
>>>>>>>>
ယုံရှို့နန်းဆောင်၌ ဧကရီသည် ကောလဟာလများကို ပြန့်ပွါးအောင် လုပ်ဆောင်ခဲ့ကြသည့် အစေခံအချို့နှင့် မိန်းမစိုးများကို ကိုင်တွယ်ဖြေရှင်းရန် ကျိုးမော့မော့အား စေခိုင်းလိုက်ပြီးနောက် သုန်မှုန်စွာ ထိုင်နေလေ၏။
"မယ်တော် ဒေါသထွက်မနေပါနဲ့တော့... ဒီကိစ္စအတွက်နဲ့ မယ်တော်ရဲ့ ကျန်းမာရေးကို ထိခိုက်ခံရလောက်အောင် မထိုက်တန်ပါဘူး။"
ရွှမ်းယွမ်ဟန်ချန်ဟာ ဘေးကနေ သူမကို နှစ်သိမ့်လိုက်ပေးနေ၏။
"အစတုန်းကတော့ ဒီပြဿနာက အဲဒီလောက် မဆိုးရွားသေးဘူး၊ ရွှယ်အိမ်တော်က မီးစာထပ်ထည့်လိုက်လို့သာ အခုလို အကျယ်တဝင့် ဖြစ်သွားခဲ့ရတာ..."
"ထပ်ပြီးတော့ ဒီရွှယ်အိမ်တော်ပဲလား!! ဒါပေမယ့် မင်းရဲ့ ခမည်းတော်ပြောပုံအရဆို သူတို့တွေ အချိန်အတော်ကြာတဲ့အထိ ခြေမရှုပ်နိုင်ပါဘူးဆို..."
အိမ်ရှေ့စံမင်းသမီးအကြောင်းကို တွေးလိုက်မိသည်နှင့် ဧကရီလည်း ဒေါသအနည်းငယ် ပြေလျော့သွားတော့သည်။ ပြင်ပကို အိမ်ရှေ့စံမင်းသမီးဟာ ဖျားနာမှုကြောင့် အိပ်ရာထဲလဲနေတယ်လို့သာ သတင်းလွှင့်ထားပေမယ့် တစ်ကယ်တမ်းတော့ သူမဟာ "ဖျားနာမှုကြောင့် သေဆုံး" သွားခဲ့ပြီးသားပင်။
[ T/N : "die from illness" - quotation mark နဲ့ရေးသားထားတာပါ။ ရိုးရိုးတမ်းတမ်း ဖျားနာမှုကြောင့် မဟုတ်ဘဲ သေဆုံးသွားတာလို့ ဆိုလိုချင်တာ၊ ပြောချင်တာက ရှင်းပစ်လာတာပေါ့... ]
"ဒီသားတော် မယ်တော်ကို ကျေးဇူးတင်စကား ဆိုချင်ပါတယ်၊ ဒီတစ်ခေါက် သားတော် တိုက်ပွဲကို သွားနေတဲ့ အချိန်အတောအတွင်း သားတော်ရဲ့ အရှေ့ဆောင်က မယ်တော့် အကူအညီကြောင့် သန့်ရှင်းသွားခဲ့ရပါပြီ၊ ဒါ့အတွက်ကြောင့် မယ်တော်ကို ပင်ပန်းစေမိပြီ... မယ်တော့်ကို ဒီသားတော် ဒုက္ခအများကြီး ပေးမိပါတယ်။"
ရွှမ်းယွမ်ဟန်ချန်သည် ယွမ်ဖူအား စစ်မြေပြင်ဆီသို့ ခေါ်ဆောင်မသွားခဲ့ပဲ အဲဒီအစား အိမ်ရှေ့စံရဲ့ အရှေ့ဆောင်ကို ရှင်းလင်းမည့်ကိစ္စတွင် မယ်တော်နဲ့ပူးပေါင်းဖို့အတွက် နန်းတော်၌သာ ချန်ရစ်ခဲ့သည်။
သူနန်းတော်မှာ မရှိတာကြောင့် လူတော်တော်များများက သူတို့ရဲ့ စောင့်ကြည့်နေမှုကို လျော့ချထားခဲ့ကြသည်။ အခုတော့ လီဝမ်ကို ဆက်သွယ်နေတဲ့ နည်းလမ်းကို သိရှိလိုက်တာနဲ့ အဲဒီလူတွေအားလုံးကို ရှင်းထုတ်လိုက်ပြီး အိမ်ရှေ့စံမင်းသမီးရဲ့ ဘေးကလူတွေကိုလည်း တိတ်တဆိတ်ဖယ်ရှားပစ်ခဲ့နိုင်သည်။ အခုအချိန်မှာတော့ လီဝမ်ကို အဆက်အသွယ်လုပ်နေကြတဲ့ လူအားလုံးမှာ ရွှမ်းယွမ်ဟန်ချန်ရဲ့ အရိပ်ကိုယ်ရံတော်တွေသာပင်။ လီဝမ်ကလည်း ဒါကို မရိပ်မိသေးချေ။
"မယ်တော်တို့ကြား ကျေးဇူးတင်ဖို့ မလိုအပ်ပါဘူး..." ရွှမ်းယွမ်ဟန်ချန်ရဲ့ ပခုံးကို ပုတ်ပေးရင်း ဧကရီဟာ ပြောလိုက်သည်။
သူကတော့ မစိုးရိမ်ပါဘူးလို့ ပြောပေမယ့် အိမ်ရှေ့စံရဲ့ ဂုဏ်သတင်းအပေါ် လက်ရှိကောလဟာလတွေရဲ့ သက်ရောက်မှုကို တွေးကြည့်မိလိုက်တာနဲ့ ဧကရီမှာ စိုးရိမ်မကင်းဖြစ်နေတုန်းပင်...
ညနေခင်းတွင် ဧကရာဇ် ယိုရှို့နန်းဆောင်သို့ ကြွမြန်းလာသည့်အချိန်၌ ဧကရီသည် အိပ်ရာဘေးတွင် ထိုင်လျက် မျက်မှောင်ကြုတ်နေသည်ကို တွေ့လိုက်ရသည်။
"အရှင်မင်းကြီး၊ ဒီကောလဟာလတွေက ဘယ်လောက်တောင်ဆိုးရွာလာသလဲဆိုတာ ကြည့်ပါဦး... အစတုန်းကတော့ ကျွန်တော်မျိုးမက ချန်အာ ပြန်လာတာကို စောင့်ပြီး သူ့အတွက် ကိုယ်လုပ်တော်တစ်ယောက်လောက် ရှာပေးမလို့ကို... အခုတော့ နေရာတိုင်းမှာ ကောလဟာလတွေက ပျံ့နှံ့နေပြီ။ ကျွန်တော်မျိုးမ စိုးရွံ့တာ အမတ်တွေက မကောင်းကြံကြမှာကိုပဲ၊ ကြင်ယာတော်လောင်း ရွေးချယ်ဖို့ကို ဆုံးဖြတ်ရ ခက်ခဲနေတယ်..." ဧကရီဟာ ဧက္ကရာဇ်ကို တိုင်တန်းလိုက်လေ၏။
"အဲဒါကို စိတ်မပူပါနဲ့။ ကျန်း ဒီကိစ္စကို ဖြေရှင်းနေပါတယ်၊ ကောလဟာလဆိုတာ ဖြစ်လွယ်၊ ပျောက်လွယ်တယ်။ သတင်းအသစ်တွေ ထွက်လာရင် လူတွေက အဟောင်းကို မေ့သွားလိမ့်မယ်၊ ပြီးတော့ ချန်အာရဲ့ခန္ဓာကိုယ်က အခြေအနေတိုးတက်ဖို့ လိုအပ်ပါသေးတယ်၊ အလျင်လိုဖို့ မလိုပါဘူး..."
"ဒါတော့လဲ ဒါပေါ့လေ။ ဒါပေမယ့် ချန်အာရဲ့ ဂုဏ်သတင်းကို ဖာထေးပေးဖို့လည်း လိုအပ်နေတယ်လေ" ဧကရီသည် သည်အကြောင်းကို တွေးတောရင်း ရုတ်တရက် အကြံဉာဏ်တစ်ခု ရလိုက်၏။။
"အရှင်မင်းကြီး သိတဲ့အတိုင်းပဲ နောက်သုံးလဆိုရင် လမုန့်ပွဲတော် ရောက်လာတော့မှာ၊ အဲဒီအခါကျရင် ပွဲတော်ရက်မှာ နန်းတော်က အစေခံတွေကို သူတို့ရဲ့မိသားစုတွေနဲ့ တွေ့ဆုံခွင့် ပေးမယ်လို့ အမိန့်ချမှတ်လိုက်ရင်ရော... ဒီလိုမျိုးက မကြုံတွေ့ဖူးတဲ့ ကိစ္စရပ်မျိုးဆိုတော့ ချန်အာအတွက်လည်း နာမည်ကောင်းရနိုင်ဖို့ကို အကူအညီပေးနိုင်လိမ့်မယ် ထင်တယ်..."
Advertisement
"ဒါ သိပ်ကောင်းတဲ့ အကြံဉာဏ်ပဲ၊ ဒါပေမယ့် ကိုယ်တော်တို့ ပိုပြီးတော့ သတိထားရလိမ့်မယ်။ နန်းတော်က အမှုထမ်းတွေနဲ့ သူတို့ရဲ့မိသားစုတွေ ပြန်လည်ဆုံစည်းဖို့အတွက် အချိန်နဲ့နေရာကို သေသေချာချာ စီစဉ်ပေးရမယ်။ အဲဒါအပြင်ကို အစေခံတွေ နန်းတော်က ထွက်ခွါတဲ့အချိန် သူတို့ရဲ့ခန္ဓာကိုယ်ကို သေသေချာချာ စစ်ဆေးဖို့ အစောင့်အကြပ်တွေ ထပ်ပြီး ချထားဖို့ လိုအပ်လိမ့်မယ်။ ဒါမှသာ လစ်ဟင်းတာမျိုး မဖြစ်တော့ပဲ ဘယ်သူမှ အခွင့်ကောင်းယူဖို့ အခွင့်အရေးရမှာ မဟုတ်ဘူး" ဧကရာဇ်က တွေးလိုက်သည်။ "ကောင်းပြီ မနက်ဖြန်ကျရင် ကျန်းရဲ့ လူတွေကို စီစဉ်ခိုင်းလိုက်မယ်။ အများကြီးတွေးတောမနေနဲ့တော့နော်၊ စောစော အိပ်ကြရအောင်..."
>>>>>
တော်ဝင်သရေစာဆောင်၌ လင်းကျားပေါင်သည် ဂျုံနယ်ရင်း ယုလင်နဲ့ ယုလုံတို့ စကားစမြည်ပြောနေသည်ကို နားထောင်လျက် ရှိသည်။
"ငါကြားတာ အိမ်ရှေ့စံက လူသတ်နက္ခတ်နဲ့ မွေးဖွားလာတာတဲ့... သူ့ကိုယ်ထဲမှာရှိတဲ့ နတ်ဆိုးဝိဉာဉ်က အရမ်းကို အင်အားကြီးလို့ သူ့ရဲ့ဒေါသကို ရင်ဆိုင်ဖို့ဆို တော်တော်ကိုခက်ခဲတယ်တဲ့"
"ယုလင်... နင်သေချင်နေတာလား! အရှင့်သားက အရမ်းကို ထက်မြတ်တဲ့ စစ်သူကြီးတစ်ယောက်ပဲ၊ ပြီးတော့ အသိဉာဏ်ပညာလည်း အရမ်းကိုကြွယ်ဝပြီး အတိုက်အခိုက်မှာလည်း ဆရာတစ်ဆူပဲ..."
ယုလင်ရဲ့ ပြောစကားကို ကြားလိုက်သည်နှင့် ယုလုံဟာ ဒေါသတကြီးနဲ့ ပြန်လည်ချေပလိုက်သည်။
"အစ်မတို့နှစ်ယောက်လုံး ပြောမနေကြပါနဲ့တော့... တော်ကြာ လင်းမော့မော့ ပြန်ရောက်လာပြီး ကြားသွားရင် မကောင်းဘူး..." လင်းကျားပေါင်က နှစ်ယောက်ကြား ဖြန်ဖြေလိုက်သည်။
"ဟန့်......" ယုလင်က အေးစက်စွာ နှာမှုတ်လိုက်တော့သည်။
လင်းမော့မော့ ပြန်ရောက်လာသည့်အခါ၌ သူမရဲ့မျက်နှာပေါ်တွင် အပြုံးများချိတ်ဆွဲထားပြီး သူမနှင့်အတူတူ ပြန်လာသည့် ယုရွှမ်းသည်လည်း စိတ်လှုပ်ရှားမှုများကို မဖုံးကွယ်နိုင်ပေ။
"သတင်းကောင်းရှိတယ်၊ အရမ်းကို ဝမ်းသာစရာ သတင်းကောင်းရှိတယ်!"
ယုလင်က အတက်ကြွဆုံးဖြစ်နေပြီး ယုရွှမ်းဘေးနားကို အလျင်စလိုပင် ရောက်သွားကာ
"ဘာသတင်းကောင်းလဲ? ဘာသတင်းကောင်းလဲ?"
လင်းမော့မော့လည်း ခပ်ပြုံးပြုံးလေးဖြင့် ကြေညာလိုက်သည်။
"ဒီနှစ် အရှင့်သားက စစ်သည်တွေကို ဦးဆောင်ပြီး လူရိုင်းတွေကို အောင်နိုင်လာတယ်။ ဒါကို ဂုဏ်ပြုပေးဖို့အတွက် ဧကရီက အမိန့်တစ်ခု ချမှတ်ပေးခဲ့တယ်။ ဒီနှစ် လမုန့်ပွဲတော်ရက်မှာ နန်းတွင်းအစေခံတွေအားလုံးကို သူတို့ရဲ့မိသားစုနဲ့ တွေ့ဆုံခွင့်ပေးလိုက်တယ်!..."
"တကယ်ကြီး? အမှန်ပဲလား? လူတိုင်းကို မိသားစုနဲ့တွေ့ခွင့်ပေးလိုက်တယ်လား? ကျွန်မရောလား?"
"အင်း အကုန်လုံးပဲ၊ အဲအချိန်ရောက်ရင် နန်းတော်က အားလုံးကို အုပ်စုတွေခွဲပြီး စီစဉ်ပေးလိမ့်မယ်၊ အားလုံးကို မိသားစုနဲ့ တွေ့ဖို့ တစ်နာရီ အချိန်ပေးထားတယ်။ ကြေညာချက်လဲ ထုတ်ပြန်ထားပြီးပြီ။"
"အရမ်းကောင်းတာပဲ! ဧကရီမယ်မယ်က အရမ်းကို ကြင်နာတတ်တာပဲ!..." အားလုံး စိတ်လှုပ်ရှားကာ ပျော်ရွှင်နေကြသည်။ နှစ်တွေအတော်ကြာအောင် မိသားစုနဲ့ ဝေးကွာခဲ့ရပြီးနောက်ပိုင်း မိသားစုနဲ့ ပြန်လည်တွေ့ဆုံခွင့်ပေးသည့် သတင်းလောက် မည်သည့်အရာကမျှ ပိုမကောင်းနိုင်ပေ။
ခဏအကြာ ထိုသတင်းကောင်းမှာ နန်းတော်တစ်ခွင် ပျံ့နှံ့သွားခဲ့ပြီး နန်းတော်အစေခံများသည် အချင်းချင်း အပြေးအလွှားနဲ့ သတင်းပေးခဲ့ကြသည်။ အားလုံးက ဧက္ကရာဇ်၊ ဧကရီ၊ အိမ်ရှေ့စံတို့၏ စေတနာကို ကျေးဇူးတင်လျက် ရှိနေကြသည်။
၎င်းနည်းဖြင့် အိမ်ရှေ့စံရဲ့ မကောင်းသတင်းဟာ တဖြည်းဖြည်း မှေးမှိန်ကာ ပျောက်ကွယ်သွားလေ၏။ အဲဒီနောက်မှာပင် ရွှယ်အိမ်တော်မှ မျိုးဆက်သစ်လူငယ်လေးတစ်ဦးရဲ့ ချစ်ရေးကိစ္စအကြောင်း အတင်းအဖျင်းတစ်ခု ထွက်ပေါ်လာပြီး လူအများ၏ အာရုံကို လှည့်ပြောင်းနိုင်ခဲ့သည်။
လင်းကျားပေါင်လည်း သတင်းကောင်းကြားသိလိုက်ရပြီးကတည်းက စိတ်လှုပ်ရှားမှုနေခဲ့သည်။ ညဘက် အိပ်ရာပေါ်မှာ ဟိုဘက်ဒီဘက် လူးလှိမ့်ရင်း ဟိုဟိုဒီဒီ စတင်တွေးတောမိလာသည်။
လင်းကျားရွာက ဒီသတင်းလက်ခံရရှိပါ့မလား? သူတို့ကကော သူ့ကို လာတွေ့ပါ့မလား? လင်းကျားရွာကနေ တော်ဝင်မြို့တော်အထိရောက်ဖို့ဆို လဝက်ခန့်ကြာအောင်ကို သွားရမှာ၊ ဒီလောက် ခရီးအဝေးကြီး... လဝက်လောက်ခရီးကို သွားရလို့ လမ်းခရီးမှာများ အန္တရာယ်တွေ ရှိနေမလား? အိမ်မှာကော ပိုက်ဆံလုံလုံလောက်လောက် ရှိပါ့မလား?
အတွေးတွေ များလာလေလေ လင်းကျားပေါင်တစ်ယောက် အိပ်မပျော်နိုင် ဖြစ်လာလေလေပဲ၊ အိပ်မပျော်တဲ့အဆုံး အိပ်ရာကနေ ထကာ အပြင်ဘက်သို့ ထွက်လာပြီး သူ့အခန်းနဘေးက လင်းမော့မော့ရဲ့ အိပ်ခန်းတံခါးဝအရှေ့ကို လျောက်သွားလိုက်သည်။ ထို့နောက် အခန်းတံခါးကို ခေါက်လိုက်ကာ
"လင်းမော့မော့ အိပ်နေပြီလားဟင်?..."
"အန်းကျူ၊ ဘာကိစ္စရှိလို့လဲ? အခုထိ မအိပ်သေးဘူးလား?" လင်းမော့မော့ အခန်းတံခါးကို ဖွင့်ကြည့်လိုက်သည့်အခါ လင်းကျားပေါင်ကို တွေ့လိုက်ပြီး
"လာလာ... အထဲကို မြန်မြန်ဝင်ခဲ့လိုက်..."
"ဘာကိစ္စရှိလို့လဲ? မော့မော့ကို ပြောပါဦး..." လင်းမော့မော့လည်း လင်းကျားပေါင်ရဲ့ မှိုင်းညို့ညို့မျက်နှာလေးကို မြင်လိုက်ပြီး စိုးရိမ်ပူပန်စွာ မေးလိုက်သည်။
နန်းတော်၌ နေရသည့် နှစ်နှစ်တာကာလအတွင်းမှာ လင်းကျားပေါင်သည် လင်းမော့မော့အား သူရဲ့အုပ်ထိန်းသူအဖြစ် သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။ သူ့ရဲ့ စိတ်ထဲမှာရှိနေတဲ့ စိုးရိမ်ပူပန်နေသမျှ အရာအားလုံးကို လင်းမော့မော့အား ပြောပြလိုက်တော့သည်။
"မော့မော့ ကျွန်တော်... ဘယ်လိုလုပ်ရမလဲဟင်?"
"ဘာမှစိတ်မပူနဲ့၊ မော့မော့ မင်းအတွက် နည်းလမ်း စဉ်းစားကြည့်ပေးမယ်..."
Advertisement
လင်းမော့မော့သည် ဧကရီနှင့် ဆွေမျိုးတော်စပ်သည့် မိသားစုမှ မွေးဖွားလာသည့် ကလေးဖြစ်သည့်အားလျော်စွာ သူမ၏အိမ်မှာ မြို့တော်၌သာရှိနေပြီး လင်းကျားပေါင်လိုမျိုး စိုးရိမ်ပူပန်နေစရာ မလိုအပ်ချေ။
လင်းမော့မော့သည် တစ်ခဏမျှ စဉ်းစားပြီးနောက်
"ဒီလိုလုပ်၊ မင်းအိမ်ကို စာရေးပြီး ပိုက်ဆံအချို့ ပို့ပေးလိုက်မယ်ဆိုရင်ရော... တော်ဝင်စားဖိုဆောင်မှာ မော့မော့နဲ့ ရင်းနှီးတဲ့ ကုန်းကုန်းတစ်ယောက်ရှိတယ်။ သူ့ကို အကူအညီတောင်းပြီး မင်းရဲ့စာကို စာပို့မြင်းနေရာဆီ သွားပို့ခိုင်းပေးမယ်။"
"အရမ်းကိုကောင်းတာပဲ မော့မော့! ကျွန်တော်ရဲ့စာကို မိသားစုဆီပို့ပေးဖို့ တကယ်ကူညီပေးမှာလားဟင်?"
"ကိစ္စမရှိဘူး၊ နန်းတော်က အစေခံတွေအကုန်လုံး သူတို့ လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ဝယ်ခြမ်းချင်ရင် အဝယ်တော်တွေကို အကူအညီတောင်းခွင့်ပေးထားတယ်။ မင်းသာ သယ်ဆောင်ခွင့်ပြုမထားတဲ့ အရာတွေကို နန်းတော်အပြင်ကို မယူသွားရင် ရပြီ၊ မဟုတ်ရင် နန်းတော်ဂိတ်ဝက အစောင့်တွေက တွေ့သွားပြီး အကုန်လုံး ဒုက္ခရောက်ကုန်လိမ့်မယ်။ အဲဒါကြောင့် အဲကိစ္စနဲ့ ပတ်သတ်ရင် အတွေ့အကြုံရှိတဲ့သူကိုပဲ အကူအညီတောင်းတာ ပိုကောင်းတယ်။"
[ T/N : ဒီနေရာမှာ E Trans ကလည်း သူလဲနားမလည်ဘူး၊ တရုတ်ကနေပဲ ကိုယ်နားလည်သလိုပြန်ပေးလိုက်တယ်၊ နန်းတွင်းဟာတွေ ဖတ်တဲ့သူဆို နားလည်ပါတယ်၊ အဝယ်တော်ဆိုတာထက် ပစ္စည်းအသွင်းအထုတ်လုပ်ပေးတဲ့သူကို ဆိုလိုတာ ]
"ဒါဆို မော့မော့ကို ကျေးဇူးအများကြီးတင်ပါတယ်၊ ကျွန်တော် အခုပဲ သွားပြီး စာရေးလိုက်တော့မယ်။" လင်းကျားပေါင်က အလျင်အမြန်ပဲ အခန်းဆီသို့ ပြန်သွားလေသည်။
အခန်းထဲ ပြန်ရောက်သည်နှင့် လင်းကျားပေါင်ဟာ တစ်ညလုံး စာရေးနေပြီး သူ့ရဲ့ လစဉ်ကြေးတွေရယ်၊ ဆုတော်ငွေတွေရယ်ကို ယုရွှမ်းကျဲကျဲ ချည်ထိုးပေးထားတဲ့ ပိုက်ဆံအိတ်လေးထဲ ထည့်လိုက်တယ်။ တခဏမျှစဉ်းစားလိုက်ပြီးမှ သူနန်းတော်ကို ပထမဆုံး ရောက်တဲ့အချိန်တုန်းက အိမ်ကနေ ထည့်ပေးလိုက်တဲ့ ပိုက်ဆံတွေကိုလည်း ပိုက်ဆံအိတ်ထဲ ထပ်ပြီး ထည့်ပေးလိုက်ပြန်တယ်။ နန်းတော်ထဲမှာ ပိုက်ဆံသုံးစရာ နေရာက သိပ်မရှိတော့ ဒီငွေတွေကို သူ့မိသားစုကသာ ပိုပြီး လိုအပ်လိမ့်မယ်။
နောက်နေ့မနက်စောစောမှာပဲ လင်းကျားပေါင်က သူပြင်ဆင်ထားတဲ့ စာနဲ့ ပိုက်ဆံအိတ်ပါတဲ့ အထုတ်ကို လင်းမော့မော့ဆီ ပေးလိုက်ပြီး သူမရေးတတ်တဲ့ စာလုံးတစ်ချို့ကိုလည်း လင်းမော့မော့ထံ အကူအညီတောင်းကာ ဖြည့်ခိုင်းလိုက်သည်။
အားလုံးပြီးဆီးသွားတဲ့အခါမှာတော့ လင်းကျားပေါင်လည်း စိတ်အေးသွားခဲ့ပြီး လမုန့်ပွဲတော်ရောက်လာမယ့်ရက်ကိုသာ လက်ချိုးရေရင်း စောင့်မျှော်နေတော့သည်။
လင်းမော့မော့က ပစ္စည်းတွေကို အဝယ်တော်လက်ထဲ မပေးပဲ အရှင့်သားရဲ့ လျှို့ဝှက်ကိုယ်ရံတော်လက်ထဲသာ အပ်နှံ့လိုက်သည်။ (စိတ်ချရချက်ပဲ😂)
ထိုည၌ပင် လင်းကျားပေါင်၏ အထုတ်လေးမှာ ရွှမ်းယွမ်ဟန်ချန်ရဲ့ စားပွဲပေါ်သို့ ရောက်လာခဲ့လေ၏။
စာကို ဖတ်လိုက်ပြီးနောက် ရွှမ်းယွမ်ဟန်ချန်လည်း ပြုံးလိုက်မိသည်။ ပထမစာရွက်ကို စာတစ်စောင်လို့ ပြောမယ့်အစား ရုပ်ပုံရေးဆွဲထားသည်ဟုပြောလျှင်သာ ပိုပြီး မှန်ကန်ပေလိမ့်မည်။
စာရွက်ပေါ် ရေးဆွဲထားသည်မှာ မုန့်လုပ်နေသည့် လူသေးသေးလေးတစ်ယောက်ပုံပင်... မုန့်ပေါ်မှာ ပုံစံဖော်ထားသည်ကိုပင် တစ်ထပ်ထဲတူညီအောင် ဆွဲထားသည်မှာ လင်းကျားပေါင်က သည်ပုံကို အရမ်းကိုဂရုတစိုက်ရေးဆွဲထားကြောင်း သိရှိနိုင်ပေလိမ့်မည်။ စာရွက်ပေါ်က လွတ်နေသော နေရာများ၌ " ဖေဖေ၊ မေမေ၊ အစ်မကြီး၊ ခဲအို၊ အစ်ကိုကြီး၊ မရီး၊ ဒုတိယအစ်မ၊ ညီငယ်၊ ညီမငယ်၊ အားလုံးကို ကျွန်တော် လွမ်းတယ်" ဆိုတဲ့ စာလုံးတွေကို ရေးသားထားတယ်။
ဒုတိယစာရွက်မှာတော့ စာလုံးတော်တော်များများကို ရေးထားပြီး တစ်ချို့စာလုံးတွေကတော့ လင်းမော့မော့က ကူညီပြီး ရေးပေးထားခြင်း ဖြစ်သည်။ ရွှမ်းယွမ်ဟန်ချန်ဟာ အနာဂတ်မှာ သူ့ကလေးလေးကို စာလုံးတွေရေးတတ်အောင် ကောင်းမွန်စွာ သင်ယူစေမည်ဟု တွေးတောလိုက်သည်။ ဒါ့အပြင်ကို သူ့ပေါင်ပေ့လေးက ပန်းချီပညာမှာလည်း ထူးချွန်နေတာကို တွေ့လိုက်ရတော့ နောင်မှာ ကလေးလေးကို ပန်းချီပညာ ကောင်းကောင်းသင်ယူနိုင်စေဖို့ ထောက်ပံ့ရမည်ပင်။
လင်းကျားပေါင်ရဲ့စာကို အကြမ်းဖျင်း ဖတ်ကြည့်ရသလောက် အဓိပ္ပါယ်ကတော့ "သူနန်းတော်ထဲ ကောင်းမွန်စွာ နေထိုင်ရကြောင်း၊ ဧကရီရဲ့ နန်းဆောင်က တော်ဝင်သရေစာဆောင်မှာ အချိုမုန့်တွေ ပြုလုပ်ရကြောင်း၊ နန်းတော်က မော့မော့ကလည်း သူ့အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံကြောင်း၊ နန်းတွင်းသူအစ်မတွေကလည်း သူ့ကို ဂရုတစိုက်ရှိကြောင်း" အစရှိသည်တို့ပင်။
သူ အဆင်ပြေပြေရှိနေလို့ သူမိသားစုဝင်တွေကို စိတ်ချထားဖို့ ပြောထားပြီး သတိရလွမ်းဆွတ်နေကြောင်းကိုလည်း ရေးသားထားတယ်။ အခုဆို သရေစာမုန့်ပြုလုပ်နည်း အများအပြားကို လေ့လာသင်ယူနေတာကြောင့် နောင်မှာ သရေစာမုန့်ဆိုင်လေးဖွင့်ပြီး သူတစ်ကိုယ်စာအတွက် ဝမ်းရေးဖူလုံအောင် ရှာနိုင်လိမ့်မည် ဖြစ်ကြောင်းပင်။ စာအဆုံးမှာ တော့ လမုန့်ပွဲတော်ရက်ရောက်လျှင် သူမိသားစုကို သူဆီ အလည်လာခဲ့ဖို့ကို မှာကြားထားသည်။
စာဆုံးအောင် ဖတ်ပြီးသွားသည်နှင့် ရွှမ်းယွမ်ဟန်ချန်၏မျက်နှာဟာ မည်းမှောင်သွားတော့သည်။
သူ့ပေါင်ပေ့လေးက နန်းတော်ကနေ ထွက်သွားပြီးနောက် ဘဝအသစ်စဖို့တောင် အစီအစဉ်တွေ ရေးဆွဲပြီးနေပြီ...
ဒါ လုံးဝအဆင်ပြေ မနေတော့ဘူးလေ!...
/// (╥︣﹏᷅╥᷅) \
ရွှမ်းယွမ်ဟန်ချန်ဟာ တွေးတောလိုက်သည်။
သူ့ပေါင်ပေ့လေးက အခုမှ ဆယ့်လေးနှစ်ပဲရှိသေးတယ်၊ ဒါကြောင့် သူ "စား"လို့မရသေးဘူး... ဒါပေမယ့် သူဘေးမှာထားပြီး တစ်နှစ်၊ နှစ်နှစ်လောက် ပြုစုပျိုးထောင်လိုက်ရင်တော့ "စား" လို့ရနိုင်လိမ့်မယ်၊ ဟုတ်တယ်မလား? သူတကယ်ကို မစောင့်နိုင်တော့ဘူး...
[ T/N : (ง'̀-'́)ง ရား... ငါ့ကလေးကို
(ᕗ ಠ︡益︠ಠ︠)ᕗ︵ ┻┻ ]
ရွှမ်းယွမ်းဟန်ချန်က လင်းကျားပေါင်ရဲ့ စာကို ဖေမြို့ရှိ စခန်းဆီ အမြန်ဆုံး သွားပို့ပေးဖို့ အရိပ်ကိုယ်ရံတော်ကို ညွှန်ကြားလိုက်သည်။ သူ့စိတ်ထဲမှာတော့ အစီအစဉ်တွေကို တိတ်တဆိတ် ရေးဆွဲရင်း...
*************************************************
T/N : နေ့တိုင်း update မလုပ်ပေးနိုင်ပေမယ့် ၂ရက်တစ်ခါ၃ရက်တစ်ခါတော့ update မှန်ပါလိမ့်မယ်။ အရမ်းကြီးမကြာမှာမို့ အားပေးကြပါလို့ Love U 😽
Advertisement
- In Serial22 Chapters
I am a tree
A great tree stands upon a hill overlooking a vast amount of land. The tree will always protect nature, the tree will always nurture nature, I am the tree.
8 221 - In Serial14 Chapters
Blown Away
After saving her squad from death-by-grenade, Sarah is revived somewhere new. Far from her own, the new world she finds herself in is full of magic, monsters and magical monsters. You have earned 0 Wisdom for reading this synopsis! You have earned a title: Follower
8 183 - In Serial10 Chapters
Violin [CPN]
Since I first play the violin,I become more happy.I loved violin.Until I joined his orchestra.***A cellphone novel.Cover by @-canaeris
8 180 - In Serial56 Chapters
Glass Ceilings
Twenty-five year old Adira Thompson finds herself in a position where she's single and pregnant, with dreams of becoming a plastic surgeon. She and her family have a love for basketball, particularly their home team in Los Angeles. Her world somehow collides with one of the players, the star point guard. Kenzo Martin, Americas sweetheart. He's single... on purpose; due to his standards. The last thing the both of them want is to add more to their already complicated lives...Besides, would Kenzo want a ready-made family? A kid that's not his own? Or could this be the thing missing in his life of fame? They are the epitome of the term shattering Glass Ceilings. |This is not a fan-fiction. Also, any locations, faces used or names are merely coincidental. Everything is fiction and used for fictitious purposes only and can be found publically.|All Rights Reserved to MrsCora F Copyright ©️ August 2019Started publishing: July 28, 2019Finished publishing: December 20, 2019
8 201 - In Serial22 Chapters
VLOET
Violet Johnson is a shy and innocent 17 year old who now has to go live with her brothers after her mother dies from a tragic accident will her brothers take her in or would they let her go in to the orphanage The Johnson brothers are the most powerful successful billionaires there mother left them at a young age, they didn't know about Violet until the oldest brother receives a call asking if he would take her in, would they take her in or leave her
8 128 - In Serial8 Chapters
Unexpected love (Austin x Eteled)
Idek anymore
8 124

