《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟼
Advertisement
အခန်း(၅)၊ နန်းတော်ထဲသို့ဝင်ရောက်ခြင်း
ဖေမြို့မှ ထွက်ခွာလာပြီးနောက် တစ်စတစ်စ ဝေးကွာလာသည့် သူတို့၏မွေးရပ်မြေကို လှမ်းမျှော်ကြည့်ရင်း လှည်းအတွင်း၌ တိုးညှင်းစွာ ရှိုက်ငိုသံများဖြင့် ပြည်နှက်နေလေ၏။
တစ်ရက်ကျော်မျှကြာအောင် မောင်းနှင်ခဲ့ပြီးနောက်၊ သူတို့အားလုံး လက်အောက်ခံမြို့တော်၊ ရှုကျိုးစီရင်စုရှိ စခန်းနေရာသို့ ရောက်ရှိလာခဲ့သည်။ မြို့အသီးသီးမှ လူများသည်လည်း ထိုနေရာသို့ တစ်စုပြီး တစ်စု စုရုံးရောက်ရှိလာကြသည်။
တစ်နေ့ကုန်မျှ ကြာမြင့်အောင် စောင့်ဆိုင်းခဲ့ရပြီး နောက်ဆုံးတွင် လူစုခြင်းကိစ္စရပ်သည်လည်း ပြီးဆုံးသွားခဲ့လေပြီ။ တာဝန်ခံများ၏ ဦးဆောင်လမ်းပြမှုနှင့်အတူ စုစုပေါင်း လှည်းကြီးဆယ်စီးသည် မြို့တော်သို့ ဦးတည်ကာ မောင်းနှင်ခဲ့ကြတော့သည်။ လှည်းထဲရှိ နေရာသည် လူဆယ်ယောက်အတွက် ကျယ်ကျယ်ပြန့်ပြန့်ရှိခဲ့သော်လည်း ယခုအခါတွင်မူ လူအယောက်နှစ်ဆယ်ဖြင့် ပြည့်ကျပ်နေလေ၏။
လှည်းတစ်စီးစီတွင် ကြီးကြပ်သော အထိန်းတော်တစ်ယောက်စီ ပါရှိသည်။ လင်းကျားပေါင်တို့လှည်းတွင် ကြီးကြပ်သော အထိန်းတော်၏မျိုးရိုးအမည်မှာ "ကျောက်" ဖြစ်ပြီး အသက် (၃၅) နှစ်ခန့်ရှိပြီ ဖြစ်သည်။ ထိုသူရဲ့ မျက်နှာအမူအရာမှာ ခက်ထန်ပြီး သူတို့အပေါ်တွင်လည်း အလွန်အမင်း စည်းကမ်းတင်းကြပ်သဖြင့် သူ့အား အားလုံးက ကြောက်ရွံ့ကြလေ၏။
မြို့တော်သို့သွားရာ လမ်းခရီးတစ်လျှောက်တွင် လှည်းပေါ်ရှိ လူတိုင်းသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးလာကြပြီး အထူးသဖြင့် နေရာဒေသတစ်ခုထဲမှ လာရောက်သောသူများသည် ပိုမိုခင်မင်ကြကာ ထိုသူအများစုမှာ ၎င်းတို့အချင်းချင်း အဖွဲ့ငယ်များအဖြစ် ဝိုင်းဖွဲ့လိုက်ကြသည်။
ဖေမြို့မှ လာရောက်သူများထဲတွင် လင်းကျားပေါင်တစ်ယောက်ထဲသာ "ကော" ဖြစ်နေသဖြင့် တခြားသူများမှာ သူအား မသိမသာပင် ဖယ်ချန်ထားခဲ့ကြသည်။
လင်းကျားပေါင်ကလည်း အရင်ဦးစွာ ရှေ့ထွက်မိတ်ဆက်ခြင်းမပြုခဲ့ပဲ အထိန်းတော်ကြီး ညွှန်ကြားနေသည်များကိုသာ နာခံစွာ မှတ်သားနေလိုက်သည်။ အမိန့်ပေးသည်များကို သေသေချာချာ ဂရုတစိုက် မှတ်သားနေသည်ကို ကျောက်ကုန်းကုန်းက မြင်တွေ့ပြီး လင်ကျားပေါင်အပေါ်တွင် သဘောထား ပျော့ပျောင်းစွာ ဆက်ဆံပေးလေသည်။
လဝက်နီးပါးလောက် ခရီးဆက်လာခဲ့ကြပြီး နောက်ဆုံးတွင် မြို့တော်၏အစွန်ရှိ မြင်းများရပ်နားရာစခန်းသို့ ရောက်ရှိလာခဲ့သည်။ ထိုစခန်းသည် အလွန်ကြီးမားပြီး မြင်းဇောင်းထဲတွင်လည်း နေရာအနှံ့အပြားမှ လာရောက်သော လှည်းအမြောက်အများက နေရာယူထားပြီးဖြစ်သည်။
"အားလုံးပဲ လှည်းပေါ်ကနေ ဆင်းခဲ့ကြ၊ မင်းတို့ရဲ့ ပစ္စည်းတွေကိုလည်း တစ်ပါတည်း သယ်လာခဲ့၊ စကားလုံးဝမပြောရဘူး၊ ဘယ်ကိုမှလည်း လျှောက်မကြည့်ရဘူး၊ ကဲ... မင်းတို့အားလုံး ငါ့နောက်လိုက်ခဲ့ကြ" လို့ ကျောက်ကုန်းကုန်းက ပြောလိုက်သည်။
လူတိုင်း မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ကာ မည်သူတစ်ဦးတစ်ယောက်မှ စကားမပြောရဲကြပေ။ ခေါင်းများကို ငုံ့ထားကြပြီး အထိန်းတော်ကြီး ဦးဆောင်မှုနောက်ကိုသာ တိတ်တဆိတ် လိုက်သွားကြလေ၏။ ကျောက်ကုန်းကုန်းက သူတို့အားလုံး နားနေရန်အတွက် ကြီးမားသောအိပ်ဆောင်တစ်ခုဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ အခန်းထဲတွင် သူတို့အတွက် မျက်နှာသစ်ရန်နှင့် လက်များသန့်စင်ဆေးကြောဖို့ရန် ရေဇလုံအနည်းငယ်ကို တွေ့လိုက်ရသည်။
ထို့နောက် ညစာစားရန်အတွက် သူတို့အားလုံးကို ထမင်းစားခန်းထဲ ခေါ်ဆောင်သွားခဲ့ပြီး ညစာအတွက် ပြောင်းဖူးဆန်ပြုတ်တစ်ပန်းကန်နှင့် မာဆတ်ဆတ် မြန့်ဝေါဝေါကို ပေးခဲ့လေသည်။ ရိုးရှင်းပြီး ခပ်ညံ့ညံ့ ညစာဖြစ်နေပေမယ့် လမ်းခရီးမှာ သူတို့စားခဲ့ရတဲ့ ပေါင်မုန့်ကြမ်းကြမ်းထက်စာလျှင်တော့ ဒါဟာ အများကြီးသာတယ်လို့ ပြောလို့ရသည်။ တစ်နေ့တာကုန်ဆုံးပြီးနောက် သူတို့အားလုံးဟာ ဆာလောင်နေကြပြီဖြစ်လို့ သူတို့ရဲ့အစားအစာတွေအားလုံးကို အငမ်းမရမျိုချခဲ့ကြလေ၏။
အစားစားပြီးနောက်မှာတော့ ကျောက်ကုန်းကုန်းသည် သူတို့ကို အပေါ့အပါးသွားခိုင်းကာ အဆောင်ခန်းထဲ ပြန်လည်ပို့ဆောင်ပေးပြီးနောက် အခန်းကို သော့ခပ်သွားခဲ့လေ၏။
အခန်းထဲဝင်ရောက်သည်နှင့် တပြိုင်တည်း လူတိုင်းသည် နေရာကောင်းကောင်း ရရှိနိုင်ဖို့ အပြေးအလွှား လှုပ်ရှားကြတော့သည်။ နေရာကောင်းကောင်းရဖို့ တစ်ရွာတည်းသား အချင်းချင်း ကူညီရိုင်းပင်းခဲ့ကြပေမယ့် လင်းကျားပေါင်မှာတော့ ခန္ဓာကိုယ်ကလည်း သေးသွယ်ပြီး ခွန်အားလည်း မရှိသောကြောင့် တစ်ခဏချင်းအတွင်းမှာပင် သူ့ရဲ့နေရာမှာ တံခါးဘေးသို့ ရောက်ရှိသွားခဲ့သည်။
လင်းကျားပေါင်ကလည်း ထိုသူတို့နှင့် ခိုက်ရန်ဖြစ်ပြီး နေရာမလုချင်တော့တာကြောင့် သူ့အိတ်သေးသေးလေးကို ယူကာ အိပ်စင်ရဲ့ အပြင်ဘက်ဆုံးနေရာကိုသာ ရယူလိုက်တော့သည်။
"ဟေး... ဟိုဖက်ကိုနည်းနည်း တိုးစမ်းပါ၊ ငါကို လာမှီမနေနဲ့! ..." လို့ လင်းကျားပေါင်ရဲ့ ဘေးမှာ အိပ်နေသည့် မိန်းကလေးက သူအား ခက်ထန်စွာ ပြောလိုက်သည်။
ထိုမိန်းကလေးသည်လည်း လင်းကျားရွာမှ လာသူဖြစ်ပြီး လင်ကျားပေါင်အား မုန်းတီးကာ မနှစ်မြို့သူလည်း ဖြစ်သည်။ သူမက သူအား အညစ်အကြေးတစ်ခုသဖွယ် သဘောထားကာ ကြည့်လိုက်သည်။
လင်းကျားပေါင်လည် မည်သည်ကိုမျှ ပြန်လည်တုံ့ပြန်မနေတော့ပဲ တံခါးဖက်သို့သာ သူ့ခန္ဓာကိုယ်ကို ရွေ့ပေးလိုက်၏။ တစ်နေ့လုံး ပင်ပန်းခဲ့ရသည့်အတွက်ကြောင့် သိပ်မကြာမီပင် သူလည်း အိပ်ပျော်သွားခဲ့လေ၏။
နောက်တစ်နေ့မနက် ကျောက်ကုန်းကုန်း ရောက်လာသည့်အချိန်တွင် ကောင်းကင်မှာ လင်းထိန်နေလေပြီ။ နံနက်စာစားပြီး လူတိုင်း တဖန် ထပ်မံ၍ မြင်းလှည်းပေါ်သို့ ပြန်တက်ခဲ့ကြရသည်။
လှည်းသည် မြို့တော်ထဲသို့ ဝင်လာပြီး နန်းတော်ရှေ့တွင် ရပ်တန့်သွားလေသည်။ လှည်းပေါ်မှ ဆင်းလာကြပြီး မြင့်မားလှသည့် နန်းမြို့ရိုးတံတိုင်းကြောင့် အားလုံးမှင်သက်သွားကြရသည်။
လင်းကျားပေါင်သည်လည်း ရဲရဲတောက်နီနေသော မြို့တံတိုင်းကြီးကို ကြည့်လိုက်မိသည်။ အလွန်တရာကို မြင့်မားပြီး နံရံမှာလည်း အဆုံးအစမရှိသည့်သဖွယ်... နံနက်ခင်း အလင်းရောင်အောက်တွင် နီစွေးစွေးနံရံများ၊ ရွှေဝါရောင်ကြွေပြားများနှင့် နန်းတော်ကြီးမှာ အံအားသင့်စရာကောင်းလှအောင်ပင် ထည်ဝါလွန်းလှသည်။
ဒီနေ့သည် သူတို့အားလုံး နန်းတော်ထဲသို့ ဝင်ရမည့်နေ့ ဖြစ်သည့်အတွက်ကြောင့် နန်းတော်တံခါးမကြီးကို အစောကြီး ဖွင့်ပေးခဲ့ကြသည်။
ပထမဦးဆုံး သူတို့အားလုံးကို ပထမအဆင့် စမ်းသပ်စစ်ဆေးဖို့ရန် ဝေ့ဝူဆော သို့ ခေါ်ဆောင်သွားသည်။ ပထမဆုံး စမ်းသပ်စစ်ဆေးသည့် အဆင့်မှာ ရိုးရိုးရှင်းရှင်းပင်... သူတို့ရဲ့အသွင်အပြင် သပ်သပ်ရပ်ရပ်ရှိလား၊ စကားပြောတာ ပီသရဲ့လား၊ သူတို့ခန္ဓာကိုယ်မှာ ချို့ယွင်းချက်ရှိမရှိ၊ အနံ့အသက်ကောင်းမကောင်း... စတာတွကို အဓိကစစ်ဆေးတယ်။
Advertisement
လုပ်ငန်းစဉ်က ရိုးရှင်းပေမယ့် ယခုနှစ်မှာ နန်းတော်ထဲ ဝင်ရောက်လာတဲ့ လူတွေက များပြားလွန်းတာကြောင့် အချိန်အကြာကြီး စောင့်ဆိုင်းကြရသည်။
လင်းကျားပေါင်အား ကလေးများအားလုံး ''ကော" များဖြစ်သည့် အဖွဲ့တစ်ခုတွင် ထားရှိလိုက်ပြီး ပထမအကျော့စစ်ဆေးမှုကို ချောချောမွတ်မွတ်ပင် ဖြတ်ကျော်နိုင်ခဲ့သည်။ အဖွဲ့ထဲမှ လူအားလုံးကို စမ်းသပ်ပြီးနောက် အချိန်မှာ မွန်းတည့်ချိန်ကိုပင် ရောက်ရှိနေလေပြီ။
ထို့နောက် သူတို့အဖွဲ့အား နေ့လယ်စာစားရန် ခေါ်ဆောင်သွားခဲ့သည်။ နန်းတော်ထဲမှ စားစရာများ ဖြစ်သည်မို့ သူတို့ အရင်ကစားဖူးတာထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန်နေလေသည်။ လူတိုင်းသည် သူတို့ကိုယ်တာအတွက် အသီးအရွက်ဆန်ပြုတ်တစ်ပန်းကန်နှင့် ပေါက်ဆီဖြူဖြူလေးများကို လက်ခံရရှိသည်။
အသီးအရွက်ဆန်ပြုတ်တွင် အသီးအရွက်တွေတင်မကဘဲ ပါးပါးလှီးထားတဲ့ ဝက်သားများပါ ပါရှိသည်။ မြို့တော်သို့ လာရာလမ်းတစ်လျှောက်တွင် ရိက္ခာခြောက်များကိုသာ စားသောက်ခဲ့ရပြီး အသား ဒါမှမဟုတ် ငါး မစားရသည်မှာ အလွန်ကိုကြာခဲ့လေပြီ။ အနံ့ကို ရလိုက်ရုံဖြင့် သူတို့ကို သရေယိုစေသည်။
လင်းကျားပေါင်လည်း ဆန်ပြုတ်ကို စားကြည့်လိုက်လေ၏။ အရမ်းကို အရသာကောင်းပြီး မသိလိုက်ခင်မှာပင် တစ်ပန်းကန်လုံးကို အလျှင်အမြန် မြိုချပစ်လိုက်သည်။
"ဒါ ဂျုံချောနဲ့လုပ်ထားတဲ့ ပေါက်ဆီတွေပဲ၊ အရမ်းအရသာရှိတာပဲ! ... ဒီလောက် စားလို့ကောင်းတဲ့ ပေါက်ဆီမျိုးကို ကျွန်တော် တစ်ခါမှ မစားဖူးဘူး..." ဟု လင်ကျားပေါင်၏အဖွဲ့မှ ကလေးတစ်ယောက်က သူ့ပေါက်ဆီကို အလုတ်ကြီးကြီးကိုက်လိုက်ရင်း ပြောလိုက်သည်။
"ဟုတ်တယ်!! အရမ်းအရသာရှိတယ်၊ အရမ်းကို စားလို့ကောင်းတယ်! ..."
အခြားကလေးအချို့ကလည်း စိတ်အားထက်သန်စွာ ထောက်ခံလိုက်သည်။
"ကျစ်... ဒါက ပေါက်ဆီဖြူလေး နည်းနည်းပဲကို..." ရုပ်ရည်ကြည့်ကောင်းသည့် ကလေးက အထင်သေးစွာ ပြန်ပြောလိုက်သည်။
လင်းကျားပေါင်သည် သူ့လက်ထဲမှ ပေါက်ဆီဖြူဖြူလေးကို ငုံ့ကြည့်လိုက်သည်။ သူ့မိသားစုဆိုရင် ဒီလို ပေါက်ဆီမျိုးကို တစ်ခါတစ်ရံမှသာ စားခွင့်ရခဲ့တယ်။ ဘာလို့လဲဆိုရင် သူတို့မိသားစုက လူအရမ်းများလို့ အမြဲတမ်း ပြောင်းဖူးခေါက်ဆွဲကိုသာ အတူတူစားခဲ့ရတယ်။
လင်းကျားပေါင်သည် ပေါက်ဆီကို ကိုက်လိုက်ပြီး ဖြည်းညှင်းစွာ ဝါးလိုက်သည်။ ပေါက်ဆီသည် အနည်းငယ်ချိုမြမြလေးနှင့် တကယ်ကို အရသာရှိလှသည်။
ဒီနေ့တော့ လူတိုင်း နေ့လည်စာကို အများကြီး စားသုံးခဲ့ကြတယ်။ သူဆိုရင် ပေါက်ဆီနှစ်လုံးနဲ့ ဆန်ပြုတ်တစ်ပန်းကန်လုံးကို စားခဲ့တယ်။ သူရဲ့ ဗိုက်ပူပူလေးကိုတောင် ခံစားလိုက်ရပြီး ဒါဟာ ဒီနှစ်ပတ်အတွင်း သူစားခဲ့ရသမျှထဲမှာ အဝလင်ဆုံး စားခဲ့ရတဲ့ အစားအစားပဲ။
နေ့လည်ဘက်တွင် သူတို့ရဲ့ တာဝန်ခံအထိန်းတော်ကြီးက ကြီးမားသည့် ရေချိုးဆောင်ဆီသို့ ခေါ်ဆောင်လာပြီး သန့်စင်ဆေးကြောခိုင်းသည်။ ပြီးနောက် အခန်းထဲသို့ တစ်ယောက်ချင်းဝင်စေကာ အဝတ်မပါတဲ့ သူတို့ကို မော့မော့နှစ်ယောက်က ကြည့်ရှုစစ်ဆေးကြသည်။
လင်းကျားပေါင်သည် တောင့်တောင့်ကြီး ရပ်နေကာ မော့မော့၏ညွှန်ကြားချက်အတိုင်း ခန္ဓာကိုယ်ကို လှည့်လိုက်သည်။ ထို့နောက် ကုတင်အသေးလေးပေါ်တွင် လဲလျောင်းကာ မော့မော့အား သူရဲ့ခန္ဓာကိုယ်အောက်ပိုင်းကို စစ်ဆေးခွင့်ပေးလိုက်သည်။
မော့မော့များထဲမှတစ်ယောက်က သူ၏ရုပ်ရည်အသွင် ပြေပြစ်သည်ကို မြင်တွေ့ကာ သူတစ်ကိုယ်လုံးအနှံ့ကို ထိကြည့်လေ၏။
"အသားအရည် တော်တော်လေးချောမွေ့တာပဲ"
လင်းကျားပေါင်ရဲ့ မျက်နှာသေးသေးလေးဟာ ရှက်ရွံ့မှုကြောင့် နီရဲလာပြီး လှုပ်လဲမလှုပ်ရဲ၊ စကားလဲမပြောရဲပေ။
စစ်ဆေးပြီးနောက် မော့မော့က သူ့ကို ထခိုင်းလိုက်သည်။ သူတို့ထဲမှ တစ်ယောက်က စားပွဲပေါ်ရှိ shou gong zhu sha ကြွေပန်းကန်လုံးထဲသို့ စုတ်တံနှစ်လိုက်ပြီး လင်းကျားပေါင်၏လက်မောင်း အတွင်းဖက်တွင် အစက်တစ်စက်ကို ခြယ်လိုက်သည်။
အားလုံးစစ်ဆေးပြီးတဲ့နောက် လင်းကျားပေါင်ကို ပြဿနာမရှာတော့ပဲ အင်္ကျီပြန်ဝတ်ခိုင်းကာ အခန်းထဲမှ ထွက်သွားခိုင်းလိုက်သည်။
အခန်းထဲမှထွက်လာပြီးနောက် လင်းကျားပေါင်သည် ခြံဝင်းကျယ်ကြီးထဲသို့ သွားလိုက်သည်။ စစ်ဆေးပြီးသွားတဲ့ လူတွေဟာ ခြံဝင်းရဲ့တစ်ဖက်မှာ အတူတကွ စောင့်ဆိုင်းနေကြသည်။ လင်းကျားပေါင်လည်း ထိုနေရာသို့ လျောက်သွားလိုက်ကာ ထိုသူများနှင့် အတူတူ ရပ်နေလိုက်သည်။
လင်းကျားပေါင်သည် သူလက်အတွင်းပိုင်းမှ အနီရောင်တောက်တောက်အစက်ကလေးကို အလွန်စိတ်ဝင်စားစွာ ကြည့်လိုက်သည်။ ဒါဟာ ဖြူစင်ကြောင်းဖော်ပြတဲ့ Shou Gong Zhu Sha အမှတ်အသားပဲ။ (*လူပျိုဖြစ်ကြောင်း*)
ရုတ်တရက် ခြံဝင်း၏အခြားတစ်ဖက်ကနေ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။ အခြားအခန်းတစ်ခုထဲမှ ကောင်မလေးတစ်ယောက်အား အခန်းအပြင်ဖက်ကို ရောက်အောင် တရွတ်တိုက်ဆွဲခေါ်လာသည်။
"မော့မော့ ... ချမ်းသာပေးပါ! ... မော့မော့ ... ချမ်းသာပေးပါ! ..."
ထိုကောင်မလေးက ငိုယို၍ အော်ဟစ်ကာ ပြောလိုက်လေသည်။
အားကောင်းမောင်းသံ မော့မော့တွေက မြေကြီးပေါ်ရှိ ကောင်မလေးကို ဆွဲမကာ ရှည်လျားပြီး အသားထူတဲ့ သစ်သားချောင်းနဲ့ ထိုကောင်မလေးကို ရိုက်နှက်လေသည်။
"နန်းတော်ကို ဘာလိုနေရာလို့ အောက်မေ့နေလဲ!!! ... မင်းလို ညစ်ပစ်ပြီး ရွံစရာကောင်းတဲ့သူမျိုး လာလို့ရတယ်လို့များ မှတ်နေလား!!! ... မင်းက ဒီကို လှည့်စားဖို့ လာဝံ့တယ် ... သေဖို့ပဲ တန်တယ်! ..." (*လှည့်စားတာ ~ commit adultery*)
ခြံဝင်းထဲက လူတွေပါ ကြားအောင် အသက်ကြီးကြီး မော့မော့က ကျယ်လောင်စွာ အော်ပြောလိုက်သည်။
ကောင်မလေး၏ အော်ဟစ်သံများ ပို၍ ကျယ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။ နောက်ဆုံးတွင် သူမအော်သံများ ရပ်တန့်သွားခဲ့ပြီး အသားကို ထိရိုက်နေသော တုတ်သံသာ ကျန်ရစ်ခဲ့တော့သည်။
Advertisement
တုတ်ချောင်းတစ်လျှောက် သွေးများ ပေကျံနေကာ မိန်းကလေး၏ ခန္ဓာကိုယ်အောက်ပိုင်းသည်လည်း ဆိုးရွားစွာ ကြေမွပျက်စီးနေပြီဖြစ်သည်။
ပတ်ဝန်းကျင်ရှိ လူအားလုံး သေလောက်အောင် ထိတ်လန့်နေကြပြီး စကားပင် မပြောရဲကြပေ။ နှလုံးအားနည်းသူအချို့သည်လည်း မူးလဲလုနီးပါး ဖြစ်ကုန်၏။
လင်းကျားပေါင်သည် ထိုမြင်ကွင်းကို မကြည့်ဝံ့ပေ။ သူ့မျက်နှာမှာ သွေးမရှိတော့သလို ဖွေးဆွတ်နေလေပြီ။
သိပ်မကြာခင်မှာပဲ ကောင်မလေးအား အသက်မရှူတော့သည်ကို အတည်ပြုလိုက်ပြီးနောက် ဆွဲခေါ်သွားကြသဖြင့် မြေကြီးပေါ်တွင် ကြီးမားသော သွေးအိုင်ကွက်ကြီးသာ ကျန်ရှိနေတော့သည်။
လင်းကျားပေါင်သည် လူသေတစ်ဦးကို ပထမဆုံးအကြိမ် တွေ့မြင်လိုက်ရပြီး နန်းတော်၏ရက်စက်မှုကို သူပထမဆုံးနားလည်လိုက်ခြင်းလည်း ဖြစ်သည်။ သူ့ကိုယ်သူ အမှားမလုပ်မိအောင် တိတ်တိတ်လေး သတိပေးလိုက်သည်။ မိသားစုဝင်အားလုံးက သူ့ကို စောင့်နေကြလို့ နန်းတော်ထဲက လုံလုံခြုံခြုံ ထွက်သွားနိုင်ဖို့ ကြိုးစားရလိမ့်မည်။
"ကော" ကလေးတွေအားလုံးကို စစ်ဆေးပြီးတဲ့အခါ ညစာစားဖို့ အချိန်ကို ထပ်မံ၍ ရောက်ရှိလာသည်။
ညစာစားရန် သူတို့အားလုံး သွားကြလေ၏။ ညနေစာသည် နေ့လည်စာနှင့် အတူတူပင်၊ ပါးပါးလှီးထားသော အသားဆန်ပြုတ်နှင့် ပေါက်ဆီများပင် ဖြစ်သည်။
နေလည်က အဖြစ်အပျက်ကို ကြုံတွေ့လိုက်ရပြီးနောက် လူတိုင်း၏ မျက်နှာအသားအရေမှာ ဆိုးရွားနေတော့သည်။ နေ့လည်ခင်းက မြင်လိုက်ရသော ပုံရိပ်ကို ပြန်လည်တွေးလိုက်မိတိုင်း လင်းကျားပေါင်သည် အော့အန်ချင်သွားသည်။ ဆန်ပြုတ်ကို တစ်ပန်းကန်ပင် မနည်းကုန်အောင်စားလိုက်ရပြီး ပေါက်ဆီလည်း တစ်လုံးမျှသာ စားဝင်တော့သည်။
ထိုအချိန်တွင် မီးခိုးရောင် နန်းတော်ဝတ်စုံကို ဝတ်ဆင်ထားသော မော့မော့နှင့်အတူ တာဝန်ခံကုန်းကုန်းက အထဲသို့ ဝင်လာသည်။ သူတို့ကိုမြင်သည်နှင့် ကလေးများအားလုံး ပန်းကန်လုံးများကိုချ၍ မတ်တပ်ရပ်လိုက်ကြသည်။
"ဒါက ရှီမော့မော့ ပဲ။ နောက်လတွေမှာ မင်းတို့အားလုံး ရှီမော့မော့ရဲ့ လက်အောက်မှာ ကောင်းကောင်းလေ့လာပြီး နန်းတော်ရဲ့ စည်းကမ်းတွေကို သင်ယူကြရမယ်" လို့ ကုန်းကုန်းက ပြောလိုက်လေ၏။
"ငါက ရှီမော့မော့ပဲ၊ လာမယ့်လတွေမှာ မင်းတို့ နန်းတွင်းအစေခံ "ကော" အယောက်သုံးဆယ်က ငါ့ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိလိမ့်မယ်။ မနက်ဖြန်ကစပြီး မင်းတို့အားလုံး ငါနဲ့ အတူ နန်းတော်ထဲမှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျင့်ဝတ်တွေကို သင်ယူကြရမယ်။ အခု ငါ မင်းတို့အတွက် နန်းတော်အစေခံဝတ်စုံတွေကို အရင်ဆုံးပေးမယ်။ နန်းတော်ထဲရောက်ရင် အပြင်ကနေယူလာတဲ့ ကိုယ်ပိုင်အဝတ်အစားတွေကို ဝတ်လို့မရဘူး။ အရင် အဝတ်လဲလိုက်ကြ၊ ပြီးရင် မင်းပစ္စည်းတွေ ယူလာပြီး ဒီမှာလာစု၊ မင်းနေရမယ့်နေရာကို ငါခေါ်သွားမယ်။"
"ဟုတ်ကဲ့ပါ..."
*************
နောက်ကျသွားတာတောင်းပန်ပါတယ် 🙏🏻 ဖြည်းဖြည်းချင်းပဲသွားကြတာပေါ့နော် 😘 ရေးရတာတော့ အားသိပ်မရဘူး။ ပထမဆုံးဆိုတော့ အမှားတွေအများကြီးပဲ။ တဖြေးဖြေးချင်း skill ကို သေချာ Upgrade လုပ်ပါ့မယ်... လုံးဝဖတ်လို့ အဆင်မပြေတော့ရင်လည်း ပြောကြပါ။
Note:
Mianwo ဆိုတာ ပဲနို့၊ ဆန်၊ နို့၊ ဂျုံ၊ နှမ်း၊ ပါးပါးလှီးထားတဲ့ တရုတ်ကြက်သွန်မိတ်တို့နဲ့ လုပ်ထားတဲ့ ဒိုးနပ်ပုံစံမုန့်ပါ။
Congee
Mantou
Mianwo
shou gong zhu sha 守宮朱砂 - Ger Novel တွေဖတ်တဲ့သူတွေဆို ဒီလိုဟာမျိုးကို ရင်နှီးပြီးသားပါ။ လူတစ်ဦး (များသောအားဖြင့် အမျိုးသမီး)တွေရဲ့ လက်မောင်းအတွင်းက အနီရောင်အစက်ဟာ သူတို့ကို အပျိုစင်ဖြစ်ကြောင်း ညွှန်ပြပေးတယ်။ တကယ်လို့ အပျိုစင်ဘဝကို ဆုံးရှုံးရတဲ့အခါ အဲဒီအမှတ်အသားဟာ ပျောက်ကွယ်သွားလိမ့်မယ်။ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုတော့မတူဘူးပေါ့နော်။ ကျူးရှားကျစ်မဟုတ်ပါဘူးနော်။ များသောအားဖြင့် နန်းတွင်းအစေခံတွေ၊ အပျိုတော်တွေမှာ သုံးတဲ့ လူလုပ်တဲ့အမှတ်အသားပါ။
Advertisement
- In Serial36 Chapters
Journeys in the Fairworld: The Gatekeeper
Lindsey Fluger was only slightly past eighteen. There was nothing particularly special about her, save that she happened to be the right person at the right time. When Lindsey is asked to join an expedition to another world she makes the mistake of saying yes, plunging herself into a sea of perilous adventure and dark intrigue. Journeys in the Fairworld is a fantasy anthology series set in The Fairworld, a magical realm existing in parallel with our own world which is governed by a group elfin beings known only as “The Good Folk”. These mysterious entities work in secret to keep the peace between the myriad of peoples and nations which dwell in The Fairworld. Complex relationships and bitter rivalries emerge against a backdrop of constrained resources and conflicting values to produce a world of high adventure and tangled mysteries. This novel is technically already completed, and I am currently in the final stages of proofing or editing. As such, there may be a few typos and errors here and there. The final version should be about 130,000 words long, which I will be releasing in stages as I continue editing. I'd love to hear your feedback and comments! If you want to read more stories from Journeys in the Fairworld, please checkout “Journeys in the Fairworld: The Brigand of Potham”, which is also available here on Royal Road Legends. https://www.royalroadl.com/fiction/19369/journeys-in-the-fairworld-the-brigand-of-potham
8 301 - In Serial71 Chapters
Dead Tired
A young man stumbles into a deep, lost cavern, he seeks power and prestige, the ability to become someone, anyone, worthy of praise. When he finds an ancient crypt festooned in jewels and precious things he thinks himself the luckiest man alive. And then the lich in that crypt wakes up and kills him. That’s me. I’m the lich. Honestly, I just want to go back to sleep, and there’s no one, no ‘god emperor,’ sect, or uptight martial artist that’s going to stop me. Join the Official Discord to participate in discussions and view the next chapter being written live!
8 701 - In Serial19 Chapters
Lola's Birthday Wish
After a miserable seventh birthday party, Lola Loud makes a wish but gets way more than she bargained for.
8 193 - In Serial14 Chapters
The Path of The Sinners
'Fractal Lands' is a new world, created, nurtured, and released by the company, Liber. Seven friends decide that this world, might be the escape that they need. A world without the constrictions dictated within their own.A world where they can be free to choose their own paths.A world when the impossible, becomes possible. A world in which, not even the sky holds the limits.That is the world of 'Fractal Lands'. That is the land, they seek to conquer.Mature tag due to swearing, violence, and possible events I may come up with later
8 187 - In Serial13 Chapters
12 Zodiac!!
100 years ago Humans was on war that last 30 years long....considered war lasted so long ,some scientist try to end the war by make zoonic beast,a beast or an animal that has been gene manipulated...which was also the first gene modification in history.Human who were on verge extinct created Zodiac,A multi purpose mechanical armor which covered majority of your body and equipped by special O.S(Operational system) which using Species of animal,insect and even mithycal beast way of act..This system boost your overall performance and how your brain works..For example Bear program,which boost short-range ability and allow the unit too make the brain prioritize do short range attack,this is a tale to make the strongest nation in history using 12 Zodiac whis ability able to demolish 1 country
8 178 - In Serial7 Chapters
Who Ate Count Bleck's Pie?
Count Bleck's pie has gone missing, and he's determined to find out who took it! (Super Paper Mario)[Cover by Bandium]
8 212

