《ပြန်လည်မွေးဖွားလာသောဧက္ကရာဇ်နှင့်သူ၏ချစ်သည်းညှာပေါက်ဆီလုံးလေး》𝙳𝙻𝚈𝙴 - 𝟷
Advertisement
ချီမင်းဆက် သုံးဆက်သုံးနှစ်မြောက်နှစ်
ရွှမ်းသယ်နန်းဆောင်ခန်းမ၏ စာကြည့်ခန်းအတွင်း၌ ဖယောင်းတိုင်မီးရောင်တစ်ခုသည် တောက်ပစွာ ထိန်လင်းနေလေ၏။ ရွှေဝါရောင်နဂါးဝတ်ရုံတော်ကို ဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းလူတစ်ဦးသည် အာရုံစူးစိုက်စွာဖြင့် ပန်းချီကားတစ်ချပ်ကိုရေးဆွဲလျက် ရှိနေသည်။ ထိုရေးဆွဲနေသည့် စာရွက်အပိုင်းအစအပေါ်တွင် သွေးသွယ်သော ခန္ဓာကိုယ်နှင့် ချောမောလှပသည့် ကောင်လေးတစ်ဦးက နေရာယူလျက်ရှိနေလေ၏။ ထိုအကြင်သူမှာ နန်းတွင်းသူ၊ နန်းတွင်းသားများ ဝတ်ဆင်သည့် အပြာရောင်အစေအခံဝတ်စုံကို ဝတ်ဆင်ထားကာ မျက်နှာပေါ်တွင် အပြုံးနုနုလေးကို ချိတ်ဆွဲထားရင်း နားနေဆောင်တဲငယ်အတွင်း၌ ပန်းချီရေးဆွဲနေသည်။
"ယွမ်ဖူ၊ လာကြည့်ပါဦး၊ ဘယ်လိုလဲ... ကျန်း ဆွဲထားတာတူရဲ့လား?"
ရွှမ်းယွမ်ဟန်ချန်က သူ့ဘေးနားတွင် ရပ်လျက်ခစားနေသော နန်းတွင်းအစေခံများအားလုံးကို အုပ်ချုပ်ရသည့် အတွင်းဆောင်ကုန်းကုန်းကို လှမ်းမေးလိုက်၏။ ယွမ်ဖူသည် အထိန်းတော်ချုပ်ရာထူးဖြင့် နှစ်သုံးဆယ်ကျော်မျှ ဧက္ကရာဇ်၏ ဘေးတွင် ခစားလာခဲ့ပြီး အသက်အရွယ်အားဖြင့် နှိုင်းစာလျှင် ဧက္ကရာဇ်ထက် နှစ်အနည်းငယ်မျှ ပို၍ အသက်ကြီးရင့်သည်။
ဦးခေါင်းဘေးနှစ်ဖက်စလုံးရှိ ဆံပင်များမှာ ဖြူဖွေးနေပြီး မျက်နှာပေါ်၌လည်း အရေးအကြောင်းများ တွန့်လျက်ရှိနေလေပြီ။ ယွမ်ဖူဟာ စိတ်ထဲကနေ တိတ်တိတ်လေး သက်ပြင်းချလိုက်ပြီးမှသာ ပြန်လည်ဖြေကြားလိုက်သည်။
"အရှင်မင်းကြီးကို ပြန်လည်လျောက်တင်ပါတယ်... အရှင်မင်းကြီးရဲ့ပန်းချီဟာ ဒီအစေခံကို လင်းကွေ့ရန်ရဲ့ ငယ်ရွယ်စဉ်အချိန်က ပုံရိပ်ကို ပြန်လည်အမှတ်ရစေမိပါတယ်..."
"တကယ်ပဲ တူတာလား..." လို့ ရွှမ်းယွမ်ဟန်ချန်က တီးတိုးရေရွတ်လိုက်လေ၏။
အမှန်တကယ်ဆိုရမယ်ဆိုလျှင် ထိုလူငယ်ကလေး မည်သို့မည်ပုံ ရှိသည်ကို ဝိုးတဝါးသာလျှင် သူ၏မှတ်ဉာဏ်ထဲ၌ မှတ်မိနေတော့သည်။ နက်နက်နဲနဲအမှတ်ရနေဆဲဖြစ်တဲ့ ထိုလူငယ်လေးနှင့် ပတ်သက်သည့်မှတ်ဉာဏ်မှာ သူ့ရဲ့ မျက်ရည်များပြည့်လျှံနေသည့် ခပ်ကြီးကြီး မျက်ဝန်းစိုစိုလေးတစ်စုံနဲ့ ပါးနှစ်ဖက်ပေါ်မှာ ရေးရေးလေးထင်နေသည့် သေးငယ်သည့်ပါးချိုင့်ခွက်လေးနှစ်ခုကိုသာပင်။ ထိုလူငယ်လေး ပြုံးလိုက်လျှင် သိပ်ကို မြတ်နိုးစရာကောင်းပြီး ချစ်စဖွယ်အတိ... ထိုသို့သော ကလေးငယ်၏ နောက်ဆုံးအပြုံးမှာ လွန်ခဲ့သော အနှစ်သုံးဆယ်ညတစ်ည၌ ဖြစ်ပွါးခဲ့တဲ့ ဖြစ်ရပ်များအကြား သွေးများဖုံးလွှမ်းနေသော မျက်နှာပြင်လေးပေါ်၌ ဖြစ်ပေါ်ခဲ့ရသည်ကို တွေးမိတိုင်း ဧက္ကရာဇ်၏ စိတ်နှလုံးမှာ နာကျင်ကြေကွဲနေဆဲပင်။
သူ၏အရှင်သခင်အတွေးနယ်ထဲ တဖန်နစ်နေသည့်ပုံရိပ်ကို မြင်မိသောအခါ ဧက္ကရာဇ်သည် လင်းကွေ့ရန် အကြောင်းကို ထပ်မံတွေးတောနေပီဆိုတာကို ယွမ်ဖူ တပ်အပ်သိလိုက်သည်။
ဒီနေ့ဟာ တိုင်းပြည်အရှင်သခင် ဧက္ကရာဇ်၏ မွေးနေ့ရက်မြတ်ဖြစ်သည့်အားလျော်စွာ ပုံမှန်အတိုင်းသာဆိုလျှင် နန်းတော်ထဲ၌ ဧက္ကရာဇ်၏ မွေးနေ့ပွဲတော်ကို အနောက်ဆောင်မှ မောင်းမများနှင့်အတူတကွ အကြီးအကျယ် တခန်းတနားကျင်းပ နေရပေလိမ့်မည်။ သို့သော် ထိုအနှစ်သုံးဆယ်အတွင်း ဧက္ကရာဇ်၏ မွေးနေ့တော်သည် ဤနန်းတော်ကြီးထဲ၌ မကျင်းပရန် တားမြစ်ထားသောအရာတစ်ခု ဖြစ်လာခဲ့သည်။ လွန်ခဲ့သောအနှစ်သုံးဆယ်ခန့်က ဧက္ကရာဇ်၏မွေးနေ့ပွဲ၌ ဖြစ်ပွါးခဲ့သော ထိုအဖြစ်အပျက်ကြီးကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် နန်းတွင်းအစေခံများကြားတွင်သာ လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိခဲ့ကြသည်။
လွန်ခဲ့သောအနှစ်သုံးဆယ်၊
ရွှမ်းယွမ်ဟန်ချန်၏ ( ၂၅) နှစ်ပြည့် မွေးနေ့ပွဲအား ကျင်းပရန် အလို့ငှါ သူ၏ အနှစ်သက်ခံရဆုံးသော ရှုဖေးမှ ဦးဆောင်ကာ တော်ဝင်စားတော်ပွဲတစ်ခုကို ပြင်ဆင်ပေး၏။ ရှုဖေးသည် ဖင်မြို့မှ အဆင့်ငါးရာထူးရှိအရာရှိ၏ တရားဝင်သမီးတစ်ဦး ဖြစ်ပြီး သူထံသို့ ရှုဖေးအား ကိုယ်လုပ်တော်တစ်ယောက်အဖြစ် ဆက်သက်သည့်အချိန်၌ ရွှမ်ယွမ်ဟန်ချန်သည် အိမ်ရှေ့စံမင်းသားအဖြစ်သာ ရှိနေသေးသည်။ ရှုရွှယ်ရင်၏ အသိဉာဏ်ပညာကြွယ်ဝသောပုံရိပ်၊ အလွန်တရာမှ စိတ်သဘောထားနူးညံ့သိမ်မွေ့ပြီး ကြင်နာသောစိတ်ထား၊ လှပသောမျက်နှာအသွင်အပြင်တို့ကြောင့် ရွှမ်းယွမ်ဟန်ချန်၏ အထူးအလေးပေးမြှောက်စားခြင်းကို ခံခဲ့ရသည်။ ရှုဖေးဟာ မျိုးဆက်မရသေးတာကြောင့်သာ မဟုတ်ရင် ရွှမ်းယွမ်ဟန်ချန်ဟာ အစောကြီးကတည်းကပင် ရှုဖေးကို သူ၏ ကွေ့ဖေးရာထူးကို ပေးအပ်ခဲ့ပြီးလေပြီ။
(T/N: ရှုဖေး {Shu Fei} ဆိုတာ နာမည်မဟုတ်ပါဘူး...ဘွဲ့နာမည်ပါ... မောင်းမဆောင်မှာဆို အဆင့်၉ဆင့်မှာ ၄ဆင့်မြောက်ရာထူးပါ... ကွေ့ဖေး {Gui Fei} နဲ့ ဧကရီ {Empress} ထက်အဆင့်နိမ့်ပြီး ဖေး{Fei} ဆိုတဲ့ ရာထူးထက်ကို ပိုအဆင့်မြင့်ပါတယ်... ဂုဏ်သရေရှိကြင်ယာတော်ပေါ့... )
ရွှမ်းယွမ်ဟန်ချန်၏ဧကရီ ရွှယ်ချိုက်ယွိသည် တော်ဝင်အဖွားတော် (Grand Empress Dowager) ရွှယ်ရှီ၏ တူမတော်ဖြစ်ပြီး တော်ဝင်အဖိုးတော်(Imperial Grandfather) မသေဆုံးမီ သူ့အား စေ့စပ်ကြောင်းလမ်းပေးခဲ့ခြင်းပင်။ ရွှယ်ရှီ ဧကရီဖြစ်ပြီးနောက် ပြည်တွင်းရေးရာဌာနမှ အမှုထမ်းရေးရာဌာနနှင့် မဟာမိတ်များဖြစ်လာခဲ့ကြ၏။
ရွှမ်းယွမ်ဟန်ချန်၏ဖခမည်းတော်၊ ရွှမ်းယွမ်ကျောက်ရှန်သည် ယခင်ဧက္ကရာဇ်၏တတိယမြောက်သားတော်ဖြစ်ပြီး မွေးဖွားနေစဥ် ကိုယ်တွင်းသွေးယိုဆင်းမှုကြောင့် သေဆုံးသွားခဲ့သည့် ဧကရီဝမ်ရဲ့ ပထမဦးဆုံးသားတော်ပင်...
နောက်မှာတော့ ဧက္ကရာဇ်ဟာ နှစ်လိုဖွယ်ကောင်းပြီး ဂုဏ်သတင်းကျော်စောသည့် ရွှယ်ရှီအား ဧကရီအဖြစ် တင်မြှောက်ခဲ့လေ၏။ ရွှယ်ရှီသည် အသက်အရွယ်ကြီးရင့်သည့် ကြားမှပင် ဧက္ကရာဇ်အတွက် အန္တရာယ်ကို ကျော်ဖြတ်ကာ ဆယ်ယောက်မြောက်သားတော် ရွှမ်းယွမ်ကျောက်ဟုန် ကိုမွေးဖွားပေးခဲ့သည်။ ဧက္ကရာဇ်သက်တော်ကြီးရင့်မှ ရလာသည့် သားတော် ဖြစ်သည့်အတွက်ကြောင့် ရွှမ်းယွမ်ဟန်ချန်နှင့်ပင် မင်းသားတစ်ဆယ်မှာ တစ်နှစ်မျှသာ အသက်အရွယ်ကွာခြားခဲ့သည်။
(T/N ဝါကြီးလို့သာ ဦးရီးတော် ဖြစ်နေတာပါ Gong နဲ့ဆို အသက်မတိမ်းမယိမ်းပဲရှိပါတယ်...)
ယခင်ဧက္ကရာဇ်မှာ အာဏာအလိုကြီးသူတစ်ဦး ဖြစ်ပြီး (T/N - ပြောရရင် အာဏာရူးတာပေါ့နော် 🥴) ရွှယ်ရှီမွေးဖွားသည့် သားတော်တစ်ဆယ်ကိုလည်း ဘက်လိုက်သောကြောင့် အိမ်ရှေ့စံရွေးချယ်သည့်အချိန်ကို အရှည်ဆွဲကာ ကြန့်ကြာစေခဲ့သည်။ သို့ဖြစ်၍ မင်းသားများကြား၌ စိတ်ဝမ်းကွဲကာ ပြင်းထန်သော တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရသည်။
နောက်ဆုံးတွင်တော့ ဧက္ကရာဇ်၏အကြီးဆုံးသားတော်ဖြစ်သည့် ပထမမင်းသားသည် မင်းသားငါးနှင့် မဟာမိတ်ဖွဲ့ကာ နန်းလု၊ပုန်ကန်ပြီး ဒုတိယမင်းသားကိုလည်း သတ်ဖြတ်ခဲ့သဖြင့် ရွှမ်းယွမ်ဟန်ချန်၏ဖခင်ဦးဆောင်ကာ ပုန်ကန်သူတို့အား ဖမ်းဆီး၍ ကွပ်မြတ်ခဲ့သည်။ ထိုပုန်ကန်မှုကြောင့်ပင် ဧက္ကရာဇ်မှာ အပြင်းအထန် အမြတ်ထွက်ကာ ထိတ်လန့်ခဲ့ရပြီး နောက်ဆုံးတွင် အိပ်ယာထဲလဲကာ ဖျားနာခဲ့ရ၏။ မတက်သာသည့်အဆုံး ရွေးချယ်စရာမရှိပဲ ဧက္ကရာဇ်သည် ရွှမ်းယွမ်ကျောက်ရှန်ကိုသာ ထီးနန်းပေးရန်ဆုံးဖြတ်လိုက်ရတော့သည်။ ထိုအချိန်တွင် ရွှယ်ရှီ၏သားတော်၊ ရွှမ်းယွမ်ကျောက်ဟုန်သည် မင်းသားဖြစ်နေသော်လည်း ၁၅ နှစ်မျှသာရှိသေးသဖြင့် မည်သို့မျှမတတ်နိုင်ခဲ့ပေ။ လိုချင်တပ်မက်ခဲ့ပေမယ့် မတတ်စွမ်းသာခဲ့ပေ။
Advertisement
သို့အတွက်ကြောင့် ရွှယ်ရှီဟာ သူ့မသားတော်အတွက် ဧက္ကရာဇ်ထံမှ လီဝမ်ဆိုသောရာထူးနှင့်အတူ သယံဇာတ ချမ်းသာကြွယ်ဝ ကောင်းမွန်သော လယ်တစ်ချို့အား တောင်းရမ်းခဲ့တယ်... ဒါ့အပြင်ကို သူမ၏တူမတော်ကိုလည်း အိမ်ရှေ့စံမင်းသား (ရွှမ်းယွမ်ဟန်ချန်) နှင့် လက်ဆက်ပေးရန် တိုက်တွန်းခဲ့လေ၏။ ထိုနှစ်ကာလအပိုင်းအခြား၌ ရွှယ်အိမ်တော်၏ အာဏာလွှမ်းမိုးနိုင်စွမ်းသည် ညီလာခံတွင် ပိုအားကောင်းလာခဲ့ပြီး လီဝမ်အား အစီအစဉ်များကို တိတ်တဆိတ်ရေးဆွဲရန်အတွက် အထောက်အပံ့ကောင်းကိုပင် ပေးစွမ်းနိုင်ခဲ့သည်။ ရွှမ်းယွမ်ဟန်ချန်သည် အမြဲလိုလိုပင် ရွှယ်အိမ်တော်၏ အာဏာကို ဖယ်ရှားပစ်ချင်ခဲ့သော်လည်း ရွှယ်မိသားစု၏ အာဏာမှာ အမြစ်တွယ်ချိန်ကြာမြင့်နေခဲ့သည်မှာ ကြာမြင့်လှပြီဖြစ်သဖြင့် ဖယ်ရှားရန်မလွယ်ကူခဲ့ပေ...
ဒါကြောင့် ဧည့်သည်လို ဝတ်ကျေတန်းကျေဆက်ဆံရေးမျိုးနှင့် ဧကရီ (ရွှယ်ချိုက်ယွိ) နဲ့ နှိုင်းစာလျှင် နူးညံ့သိမ်မွေ့ပြီး လှပသည့် ရှုဖေးက သူရဲ့နှလုံးသားထဲတွင် ပိုမိုနေရာရခဲ့လေသည်မှာ မလွဲဧကံပင်...
သို့ပေသိ သူ မထင်မှတ်ထားခဲ့သည်မှာ ရှုဖေးကိုယ်တိုင် စီစဉ်ပေးသော သီချင်းနှင့် ကပြဖျော်ဖြေမှုအပြီး ဆုချီးမြှင့်ချိန်၌ ဆုလာဘ်ရယူရန် ကချေသည်ခေါင်းဆောင်က ရှေ့သို့တက်လာစဥ် သူမ၏ ဝတ်ရုံလက်အတွင်းမှ အဖြူရောင်အလင်းတန်းနှင့်အတူ ချွန်ချွန်ထက်ထက် ပြာလဲ့လဲ့ရောင်ပြန်ဓားတစ်ချောင်းဟာ သူ့ကိုထိုးစိုက်ဖို့ ထွက်လာခဲ့မည်ကိုပင်။ တစ်ချက်ခန့်ကြည့်ရုံနှင့် ထိုဓားထက်တွင် သေစေနိုင်သည့် အဆိပ်သုတ်လိမ်းထားသည်မှာ သိနိုင်သည်။
ချက်ချင်းဆိုသလိုပင် အစောင့်များက ဧက္ကရာဇ်အား ကာကွယ်ပေးစဥ် တစ်ချိန်ထဲမှာပဲ ကချေသည်အဖွဲ့ထဲမှ အချို့သည်လည်း အစောင့်များနှင့် ရင်ဆိုင်တိုက်ခိုက်ရန် အရှေ့၌ အသင့်ဖြစ်နေလေပြီ။ ထိုအခိုက်အတန့်တွင် ကိုယ်လုပ်တော်များ၏ အော်ဟစ်သံနှင့် အစောင့်များ၏ အော်သံများသည် နန်းတော်တစ်ခွင် ဖုံးလွှမ်းသွားခဲ့လေ၏။
အစောပိုင်းတွင် လှပပျော့ပျောင်းစွာကပြဖျော်ဖြေနေသော ကချေသည်များသည် တမဟုတ်ချင်းပင် အရည်အချင်းပြည့်ဝသော လုပ်ကြံသူများအဖြစ် ပြောင်းလဲသွားခဲ့ပြီ... သူတို့ရဲ့ ဓားတစ်ချက်စီတိုင်းဟာ အညှာအတာမရှိ သူတို့ရည်မှန်းချက်ပြည့်ဝရန်အတွက် ရက်စက်စွာ သတ်ဖြတ်နေကြသည်။ ရုပ်ချည်းဆိုသလို ချွန်ထက်သောဓားသွားတစ်ခုက ရွှမ်းယွမ်ဟန်ချန်ကို ထိုးစိုက်ဖို့ရန် နီးကပ်လာတဲ့အချိန်၊ ထိုအခိုက်အတန့်တစ်ခဏတွင် လူတစ်ယောက်ဟာ ရွှမ်းယွမ်ဟန်ချန်၏ ရင်ဘတ်ရှေ့သို့ အလျင်အမြန်ရောက်လာကာ ကာကွယ်ပေးခဲ့ပြီး ထိုသူကိုယ်တိုင်ကတော့ အဆိပ်ဓား၏ထိုးစိုက်ခြင်းကို ခံလိုက်ရလေ၏။
သေရေးရှင်ရေးကို ရင်ဆိုင်တိုက်ပွဲဝင်နေစဉ်မှာပဲ နန်းတော်၏ တော်ဝင်ကိုယ်ရံတော်တပ်မှုး (Imperial Guard Commander) လင်ကျန်းဖုန်းဟာ နန်းစောင့်တပ်နှင့်အတူ အလျင်အမြန်ရောက်ရှိလာသည်... နန်းစောင့်တပ်ရဲ့ အင်အားနဲ့ မကြာခင်မှာပဲ လုပ်ကြံသူမတို့ရဲ့ အင်အားမှာ တဖြည်းဖြည်း လျော့နည်းလာလေ၏။ ဧက္ကရာဇ်အား လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးပြီးချိန်၌ အစောင့်အားလုံးတိုက်ပွဲကို ပါဝင်တိုက်ခိုက်လာသည့်အတွက်ကြောင့် အချိန်တိုအတွင်း လုပ်ကြံသူများကို ဖမ်းဆီးနိုင်ခဲ့လေသည်။ လုပ်ကြံသူအများစုမှာ လုပ်ကြံမှုမအောင်မြင်လို့ သတ်သေသွားကြလေရာ လူနည်းစုကိုသာ အသက်ရှင်လျက် ဖမ်းဆီးရရှိခဲ့သည်။
ထိုအချိန်မှသာ ရွှမ်းယွမ်ဟန်ချန်ဟာ သူ့လက်အတွင်းတွင် သွေးများဖြင့်ပေကျံနေသော လူသားကို သေသေချာချာကြည့်မိလေသည်... အကြင်သူမှာ သူလုံးဝကို မထင်မှတ်ထားသောသူ...
လင်းကွေ့ရန်...လင်းအန်းကျူပင်...
လင်းကွေ့ရန်မှာ ကောတစ်ယောက်ပင်။ ရွှမ်းယွမ်ဟန်ချန် အိမ်ရှေ့စံဖြစ်နေဆဲကာလ... တစ်နေ့ သေရည်မူးရစ်လာစဉ် အစေခံဝတ်စုံဝတ်ဆင်ထားသော ထိုချစ်စရာကောင်းသော အသွင်အပြင်ရှိသည့် ထိုလူငယ်လေးနဲ့ အမှတ်မထင် တွေ့ဆုံခဲ့ကြတယ်။ ဘာကြောင့်မှန်းမသိ မင်းသားရဲ့နှလုံးသားကို လှုပ်ခတ်စေတာကြောင့် သေရည်မူးလာတာကိုအကြောင်းပြပြီး ထိုလူသားငယ်အား အတင်းအဓမ္မသိမ်းပိုက်ခဲ့တယ်... များမကြာမီပင် မယ်တော်က ထိုလူငယ် လင်းအန်းကျူကို သူ့ထံ ရှောင်ရှီ အဖြစ် ချီမြှင့်ခဲ့တယ်။
အစပိုင်းကတော့ ထိုလူငယ်အား နှစ်သက်ခဲ့ပေမယ့် ဤသည်မှာ တစ်ခဏတာပင်... သူ့လို လှပချောမောတဲ့ကိုယ်လုပ်တော်အမြောက်အများကို ပိုင်ဆိုင်ထားတဲ့လူတစ်ယောက်၊ အထူးသဖြင့် ရှုရွှယ်ရင်လို သိမ်မွေ့နူးညံ့ပြီး နှစ်သက်ဖွယ်အတိရှိတဲ့မိန်းကလေးကို ပိုင်ဆိုင်ထားရတဲ့သူဟာ... လင်းအန်းကျူလို လူတစ်ယောက်က သူ့အတွက် မထူးခြားတာ ပုံမှန်ပါပဲ...
သူစစ်ပွဲကနေပြန်လာတဲ့အချိန် လင်းအန်းကျူက ကိုယ်ဝန်ကြီးနဲ့ မတော်တဆရေထဲကို ခြေချော်ကျပြီး သူ့သွေးသားကိုဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ သတင်းစကားကို ကြားခဲ့ရတယ်... ဒါ့အပြင် နောင်တွင် ကလေးရရန် ခဲယဉ်းသည်ဟူသော သတင်းကို ကြားသိရသည့်အခါ သူ့လိုအမွေဆက်ခံသူမရရှိသေးတဲ့ လူတစ်ယောက်အတွက် များစွာစိတ်ပျက်ခဲ့ရတယ်... လင်းအန်းကျူကိုလည်း သူ့သွေးသားကို သေချာဂရုမစိုက်လို့ စိတ်ပျက်သွားခဲ့တယ်... တဖြည်းဖြည်းနှင့် ထိုလူငယ်အား ဂရုမထားပဲ လျစ်လျူရှုခဲ့လေသည်။
လင်းအန်းကျူသည် ပင်ကိုယ်စရိုက်ကိုက တည်တည်ငြိမ်ငြိမ်နဲ့ ကျိုးနွံတတ်တဲ့စရိုက်ရှိတဲ့လူမျိုးပင်။ အများနှစ်သက်အောင်လည်းမလုပ်တတ်၊ ဒါ့အပြင် သွေးသားကို ဆုံးရှုံးလိုက်ရတဲ့ အဖြစ်အပျက်ကလည်း သူ့စိတ်ကို အကြီးအကျယ် ထိခိုက်ခဲ့ရလို့ သူ့ကိုသူသာ အပြစ်တင်စိတ်တွေ ပိုတိုးလာရင်း ဝမ်းနည်းကြေကွဲနေခဲ့တယ်... ကြာလာလေလေ ပိုမိုအေးစက်တည်ငြိမ်လာခဲ့ပြီး နှစ်သက်မှူကိုလဲမရှာဖွေခဲ့လို့ သူ့လိုမနှစ်သက်ခံရတဲ့ ရှောင်ရှီတစ်ယောက်ဟာ ရွှမ်းယွမ်ဟန်ချန်ရဲ့မြင်ကွင်းထဲကနေ တဖြည်းဖြည်းပျောက်ကွယ်လာခဲ့တယ်... အိမ်ရှေ့စံနန်းတက်ခဲ့တာတောင်မှ သူဟာ ကွေ့ရန်ဆိုတဲ့ အနိမ့်ဆုံးရာထူးကိုသာ ရရှိခဲ့တယ်...
လက်မောင်းထဲမှ ထိုလူငယ်လေးဟာ ထင်ထားတာထက်ကို ပေါ့ပါးနေလေ၏။ သွေးအမြောက်အများ ရုတ်တရက် ဆုံးရှုံးလိုက်ရတဲ့အတွက် ခန္ဓာကိုယ်မှာ အချမ်းဒဏ်ကြောင့် တဆတ်ဆတ် တုန်ရီလျက်... ဒဏ်ရာမှာလဲ အဆိပ်ကြောင့် တစ်ဆထက် တစ်ဆ နက်ဆွေးလာလေပြီ...
ချက်ချင်းဆိုသလို ရွှမ်းယွမ်ဟန်ချန်ရဲ့နှလုံးသားဟာ နာကျင်မှုတွေပြည့်နှက်လာပြီး မျက်နှာပေါ်က အမူအရာများသည်လည်း ယိုယွင်းပျက်ဆီးလာခဲ့၏။
"မြန်မြန်... မြန်မြန်လေး သမားတော်ခေါ်ကြစမ်း...!!"
သွေးများစွန်းထင်းနေသော မျက်နှာလေးအား ညင်သာစွာ ပွတ်သပ်သန့်စင်ပေးနေမိတယ်။ သို့ပေသိ မည်မျှပင် သန့်စင်ပေးနေပါစေ... သွေးများမှာ မပြောင်စင်နိုင်တော့ချေ။
"မကြောက်နဲ့နော်... သမားတော်ချက်ချင်းရောက်လာတော့မှာ... မကြောက်နဲ့..."'
လက်တွင်းမှ ထိုလူသားကို နှစ်သိမ့်နေသည်ဆိုသော်ငြား အမှန်မှာ မိမိရင်တွင်းမှ ပူပန်မှုကို ငြိမ်းသတ်ဖို့ရန် ပြောနေရသည်ဆို ပိုမှန်ပေလိမ့်မည်... ရွှမ်းယွမ်ဟန်ချန် ဤမျှလောက် ထိတ်လန့်ကြောက်ရွံ့မှုကို ဘယ်သောအခါမှမခံစားဖူးခဲ့ပေ... သူ့စိတ်ထဲက အလိုလိုပင် သိနေလေသည်... မကြာခင် သူ့အတွက်အဖိုးတန်အရာတစ်ခုကို ဆုံးရှုံးရတော့မည်ဆိုတာကိုပင်...
Advertisement
လင်းအန်းကျူ သူ့ရဲ့သွေးတွေပြည်နှက်နေတဲ့ နှခမ်းလေးကို ဖွင့်ဟပြီး တစ်ခုခုဆိုလိုက်ချင်သော်လည်း အသံလေးတစ်သံပြုလုပ်ရန်ပင် မတတ်စွမ်းသာတော့... ဖြူဖတ်ဖြူရော်မျက်နှာလေးပေါ်က နောင်တတရားတွေပြည်နှက်နေတဲ့ မျက်ဝန်းလေးတစ်စုံနဲ့အတူ အပြုံးသေးသေးလေးတစ်ခုကို အားယူကာပြုံးပြနေသည်မှာ မိမိအား စိတ်မပူရန် ပြောပြနေသယောင်ယောင်...
လင်းအန်းကျူ နောက်ဆုံးတစ်ခေါက် ရွှမ်းယွမ်ဟန်ချန်ရဲ့ ပုံရိပ်ကို စူးစိုက်ကာ ဖြတ်ကနဲတစ်ချက် ကြည့်လိုက်ပြီး သူ၏ မျက်ဝန်းလေးများမှာ အဆုံးတိုင် မှိတ်ကျသွားလေတော့သည်။
"ဟင့်အင်း... မဟုတ်ဘူး... မဟုတ်ဘူး..."
ရွှမ်းယွမ်ဟန်ချန် အထိန်းအချုပ် ကင်းမဲ့စွာ အော်ဟစ်လိုက်သည်။
"အရှင်မင်းကြီး... တော်ဝင်သမားတော် ရောက်ပါပြီ..."
တော်ဝင်ကုသဆောင်မှ သမားတော်များကို ခေါ်ဆောင်လာတဲ့ အစောင့်တပ်သားရဲ့ လျောက်တင်သံကို ကြားလိုက်ရတယ်...
"လာခဲ့...မြန်မြန်လာ... မြန်မြန်လာကုစမ်း!!..."
တော်ဝင်ကုသဆောင်ရဲ့ သမားတော်ချုပ်သည် ဧက္ကရာဇ်ရဲ့ တုန်လှုပ်နေတဲ့ပုံစံကြောင့် အရှေ့ကိုတက်ကာ အလျင်အမြန် စမ်းသပ်ကြည့်လိုက်တဲ့အခါမှာတော့ ဧက္ကရာဇ်ရဲ့လက်တွင်းမှ ထိုလူငယ်လေးဟာ အသက်ရှုသံတို့ ရပ်တန့်နေလေပြီ...
"အရှင်မင်းကြီး...လင်းကွေ့ရန်က ပြင်းထန်လှတဲ့ အဆိပ်ကြောင့် အသက်ဆုံးရှုံးသွားခဲ့ပါပြီ... ဝမ်းနည်းကြေကွဲမှုကို လျော့ချလိုက်ပါတော့...အရှင်မင်းကြီး"
(T/N ဒီနေရာမှာ ပြောထားတဲ့စာကြောင်းက { Please Don't grieve too much, His Imperial Majesty} လို့ပြောတာ... နန်းတွင်းကားထဲတွေမှာ တွေ့ဖူးနေကြပါ)
ရွှမ်းယွမ်ဟန်ချန် စကားတစ်ခွန်းမှ မဆိုပဲ ထိုလူသားကိုသာ မမှိတ်မသုန်ကြည့်ရင်း လက်ထဲပွေ့ဖက်ထားလေသည်။ ထိတ်လန့်မှုမှ ပြန်သတိလည်လာသော ကိုယ်လုပ်တော်များက ထိုအချိန်ကြမှသာ စိတ်ပူနေကြောင်းကို အလုအယက် ဝိုင်းမေးကြလေ၏။
ဧကရီကလည်း "အရှင်မင်းကြီး... အရှင်မင်းကြီး... အဆင်ပြေရဲ့လား..."
ရှုဖေးသည်လည်း ဝမ်းနည်းပူဆွေးပြီး မူမမှန်တဲ့အမူအရာကြောင့် သတိကြီးစွာဖြင့် တည်တည်ငြိမ်ငြိမ်နဲ့ ရှေ့သို့တိုးလာကာ
"အရှင်မင်းကြီး... မထိခိုက်မိဘူးမလားဟင်... အခုလေးတင် ချန်ချဲ့က သေလောက်အောင်ကို စိတ်ပူနေမိတာ... လင်းကွေ့ရန်ကြောင့်သာမဟုတ်ရင်... ကျွန်တော်မျိုးမတော့ စိုးရွံ့မိရပါတယ်အရှင်ရယ်..."
ရွှမ်းယွမ်ဟန်ချန်သည် တိုက်ခိုက်မှုကြောင့် ကြောက်ရွံ့ထိတ်လန့်နေသော အမူအရာများ ယခုထိတိုင် မပျောက်ပျက်ကြသေးသည့် ဘေးပတ်ပတ်လည်မှ သူ့ကိုယ်လုပ်တော်များကို လိုက်ကြည့်နေမိသည်။ ဧကရီကတော့ ထိတ်လန့်မှုနဲ့ ကြုံရသည့်တိုင် ယခင်ကအတိုင်း သိက္ခာရှိပြီး အဆင့်အတန်းမြင့်မားသော ပုံရိပ်မှာမပျောက်သေး... ရှုဖေးသည်လည်း မျက်ရည်များကျဆင်းနေသည့်တိုင် လှပမှုကရှိနေဆဲ... စုန့်ဖေးနဲ့ယွီဖေး သည်လည်း သူတို့ရဲ့ သမီးတော်တို့ကိုသာ ကာကွယ်ထားပြီး တစ်ယောက်မှ အရှေ့ကို တက်မလာခဲ့...
သူ့ရင်ခွင်ထဲကလူကို နောက်တစ်ကြိမ်ပြန်ကြည့်မိတော့ ဒီလူထိုင်ခုံနေရာမှာ သေချာသည်က အရှေ့ဖက်တွင်မဟုတ်ချေ။ ဒါတောင်မှ ဒီလိုအန္တရာယ်များတဲ့အချိန်မှာတောင် ကိုယ်တိုင်အန္တရာယ်ဖြစ်မှာကို မစိုးရိမ်ပဲ ဘယ်လို သတ္တိမျိုးနဲ့များ ဓားရှေ့ပြေးဝင်လာတာကို သူမစဉ်းစားနိုင်...
တော်ဝင်ကိုယ်ရံတော်တပ်မှူး လင်ကျန်းဖုန်းသည် ဧက္ကရာဇ်ထံ ချဉ်းကပ်လာပြီး
အရှင်မင်းကြီး... ဖမ်းဆီးရမိတဲ့အထဲမှာ ... ဒီလေးယောက်သာအသက်ရှင်လျက် ကျန်ရှိပါတော့တယ်...'
ဘေးနားရှိအစောင့်များကလည်း လုပ်ကြံသူများကို လက်နက်များဖယ်ရှားကာ အသေအချာဖမ်းချုပ်ထားလေသည်။
"အကုန်လုံးကိုသေချာဖမ်းထား... မင်းကိုယ်တိုင်ဒီကိစ္စကို သေသေချာချာစုံစမ်းလိုက်... နောက်ကွယ်ကဘယ်သူကြိုးကိုင်လဲ ဆိုတာကိုပါ သေချာဖော်ထုတ်လိုက်... အခုအချိန်ကစပြီး... မြို့တံခါးတွေ ပိတ်ချလိုက်တော့... ပြီးရင် လူလွှတ်ပြီး နန်းတော်ထဲက မသင်္ကာစရာကောင်းတဲ့ အမှုထမ်းတွေအားလုံးကို ရှာခိုင်းလိုက်... မြို့တော်စောင့်တပ်က တပ်သားတွေကို စေလွှတ်ခိုင်းပြီး မြို့တော်အနှံ့မှာလည်း သေချာရှာကြ..."
အမှန်တော့ ဒီလုပ်ကြံမှုရဲ့နောက်ကွယ်က ကြိုးကိုင်သူကို သူ့စိတ်ထဲမှာ ခန့်မှန်းမိပြီးသား... သူ့ဦးရီတော် လီဝမ်နဲ့ တစ်နည်းနည်းတော့ ပတ်သတ်နေမှာကို သိပြီးသား... နန်းတော်ထဲကို ဘယ်လိုမျိုး ကျူးကျော်ဝင်ရောက်လာနိုင်ပြီး သူ့မွေးနေ့မှာတောင် လုပ်ကြံမှုကို ကျူးလွန်နိုင်တယ်ဆိုတော့ ဒီကိစ္စကို ချက်ချင်းဖော်ထုတ်မှ ရလိမ့်မည်။
"ယွမ်ဖူ... လင်းကွေ့ရန်ကို ခေါ်သွားပြီး သေချာဇာပနလုပ်ပေးလိုက်... သူက ကျန်းကို ကာကွယ်ရင်း အသက်ဆုံးရှုံးသွားလို့ ကွေ့ကျွင်းဆိုတဲ့ ဂုဏ်ပုဒ်ကို ကဗျည်းတင်လိုက်"
(T/N Gui Jun ဆိုတာ Gui Fei ပါပဲ Male version နဲ့ တော်ဝင်ကြင်ယာတော်ပါ...)
ရွှမ်းယွမ်ဟန်ချန်မှာ သူ့ကိုယ်သူ မနည်းပင် တည်ငြိမ်အောင် လုပ်ယူနေရတယ်... လင်းအန်းကျူက အမြဲတမ်း သူ့ကို ချစ်နေခဲ့တယ်ဆိုတာ သူသိတယ်။ လင်းအန်းကျူရဲ့သေဆုံခြင်းက ရွှမ်းယွမ်ဟန်ချန်ကို အရမ်းကို စိတ်ထိခိုက်စေသည်မှာ အမှန်ပင်... အရင်က ဂရုမစိုက်မိခဲ့တာတွေကို နောင်တကြီးစွာရရင်း ဒီလူအတွက် သေချာပေါက်ကို လက်စားချေပေးမည်ပင်...
စစ်ဆေးမေးမြန်းပြီးတဲ့နောက် ရရှိခဲ့တဲ့ အချက်အလက်တွေအရ ဒီလုပ်ကြံသူတွေဟာ ကျန်းဟူကကြေးစားတွေပင်... သူတို့ကို လူတချို့က နန်းတော်ထဲ ကျူးကျော်ဝင်ရောက်ပြီး လုပ်ကြံသတ်ဖြတ်ဖို့ ငှါးထားသည်ဟု ဝန်ခံခဲ့ကြတယ်။ သူတို့တွေအကုန်လုံး နောက်ကွယ်ကနေ ကြိုးကိုင်သူကိုတော့ တစ်ခါမျှ မမြင်တွေ့ဖူးပေ... ဒါပေမယ့် သူတို့ကို အကအဖွဲ့နဲ့အတူ နန်းတော်ထဲ ကျူးကျော်ဝင်ရောက်ဖို့ကို အကူအညီပေးတဲ့သူကိုတော့ သူတို့သိတယ်လို့ ဆိုကြတယ်။ အကအဖွဲ့နဲ့အတူ ဧက္ကရာဇ်ရဲ့မွေးနေ့ပွဲမှာ နန်းတော်ထဲ ဝင်ရောက်ဖို့ စီစဉ်ပေးတဲ့သူကတော့ ကြင်ယာတော် ရှုဖေးရဲ့ အစေခံခေါင်းဆောင် ပီကျူ့ ပင်...
ပီကျူ့ကို ဖမ်းဆီးလိုက်ပြီးနောက် အချက်အလက်အကုန်လုံးဟာ ရှုဖေး ကျူးလွန်ကြောင်း ညွှန်ပြနေသလို ပီကျူ့ရဲ့ ဝန်ခံချက်အရ ကျန်းဟူမှ ကြေးစားများမှာ လုပ်ကြံသတ်ဖြတ်ဖို့အတွက် ရှုဖေး ငှါးထားကြောင်း သိလိုက်ရတယ်... ရှုရွှယ်ရင်ကတော့ ထိုအကြောင်းကိုကြားပြီးနောက် သူမ မလုပ်ကြောင်း၊ တစ်ယောက်ယောက်က သူ့အား ထောင်ချောက်ဆင်တာပါလို့ အသေအလဲပင် ရှင်းပြနေတော့သည်။
"အရှင်မင်းကြီးကိုလျောက်တင်ပါတယ်... နန်းတော်ထဲက အစောင့်တစ်ယောက်က ခွန်နင်းနန်းဆောင်ပေါ်မှာ အပြာရောင်မီးခိုးကို မြင်တွေ့ခဲ့ပါတယ်... ကျွန်တော်မျိုးထင်တာတော့ တစ်ယောက်ယောက်က နန်းတော်အပြင်ဖက်ကို အချက်ပြတာ ဖြစ်လိမ့်မယ်လို့ ယူဆပါတယ်..."
အစောင့်ဆီက သတင်းကိုကြားပြီးပြီးချင်းပဲ ယွမ်ဖူက ဧက္ကရာဇ်ကို အလျင်အမြန် လျောက်တင်လိုက်လေသည်။
"လာခဲ့ကြစမ်း... အခုချက်ချင်း ခွန်နင်းနန်းဆောင်ကို သွားမယ်..." ရှုရွှယ်ရင်လုပ်တယ်ဆိုတာ သူဘယ်လိုမှမယုံနိုင်ဘူး... ဧကရီဆိုရင်တော့ သေချာပေါက် ဖြစ်နိုင်လိမ့်မယ်..."
(T/N ကိုယ်တွေရဲ့ ဇာတ်လိုက်ကြီးကို မဆဲကြနဲ့ဦးနော်... အဲအချိန်မှာ ဟိုလက်ဖက်စိမ်းမကို ယုံနေတာ ဖြစ်နိုင်သေးပါတယ် 😅🙃)
ခွန်နင်းနန်းဆောင်မှာ ဧကရီရဲ့နန်းဆောင်ဖြစ်သည့် အားလျော်စွာ ခမ်းနားထည်ဝါလှပေသည်။ ဧက္ကရာဇ်ရောက်ရှိလာမှုကြောင့် နန်းဆောင်ရဲ့အတွင်းရော အပြင်ပါ ထိန်လင်းလို့နေတော့သည်။
"အရှင်မင်းကြီး...ရောက်လာပါပြီလား..." ပင်မဆောင်ရဲ့ခန်းမအတွင်း ထိုင်နေသည့် ဧကရီထံမှ အေးစက်စက် အမေးက ထွက်ပေါ်လာလေသည်။
"ငါကိုယ်တော်မမှားဘူးဆိုရင် အချက်ပြမီးက ဦးရီးတော်လီဝမ်အတွက်မလား... သူတို့တွေ မြို့တော်ထဲရောက်နေတယ် ထင်တယ်... ဘာလို့လဲ?... ဘာလို့လဲရွှယ်ချိုက်ယွိ... ရွှယ်အိမ်တော်က သမီးဖြစ်နေပေမယ့်လို့ ကျန်း မင်းကို ဘယ်တုန်းကမှ မှားယွင်းစွာ မဆက်ဆံခဲ့ဖူးဘူး။ အိမ်ရှေ့မင်းသမီးဘဝထဲက ကိုယ်တော် မင်းကို မချစ်ခဲ့ပေမယ့် လေးလေးစားစားပဲ ဆက်ဆံခဲ့တယ်... မင်းရရှိသင့်တဲ့ ဂုဏ်ထူးတွေကိုလည်းပေးခဲ့တယ်... နန်းတက်တော့လဲ ငါကိုယ်တော်ရဲ့ဧကရီဘွဲ့ကိုလဲ ပေးအပ်ခဲ့တယ်... နောင်တစ်ချိန် ရွှယ်အိမ်တော်ကို ဖြုတ်ချခဲ့ရင်တောင် မင်းသာ မင်းရထားတာကို ကျေနပ်ပြီး ငြိမ်ငြိမ်နေသ၍ ကျန်း မင်းရဲ့ ဧကရီရာထူးကို ထိမှာ မဟုတ်ဘူး... ဒါကိုဘာလို့များ ကျန်းကို သစ္စာဖောက်ရတာလဲ... ဧကရီ!!!!"
"ဂုဏ်သိက္ခာ... ဘယ်ဂုဏ်သိက္ခာလဲ!!! အရှင် မြှောက်စားထားတဲ့ ဘာမဟုတ်တဲ့အမှုထမ်းရဲ့မျိုးနွယ်က ရွံဖို့ကောင်းတဲ့ အဲမိန်းမနဲ့ ကျွန်တော်မျိုးမလို တော်ဝင်မျိုးနွယ်ကသူကို တန်းတူလို အဆက်ဆံခံရတာ... ဒါကို ဂုဏ် လို့ခေါ်တာလား?...!"'
ဧကရီရဲ့ တည်ငြိမ်တဲ့ပုံရိပ်ဟာ ပျောက်ကွယ် ပျက်ဆီးသွားခဲ့ပြီး အော်ဟစ်လိုက်လေသည်။
ရွှမ်းယွမ်ဟန်ချန်သည် ဧကရီရဲ့ ယိုယွင်းနေတဲ့ပုံစံကို ကြည့်ပြီး
"အဆိပ်ပြင်းတဲ့မိန်းမ... တိတ်စမ်း! မင်း... မင်းကိုယ်တိုင်ကိုက အဆိပ်ပြင်းနေတာကို သူများကို ဆွဲထည့်ချင်သေးတာလား... ရှုဖေးက မင်းထက်အများကြီး ကြင်နာပြီး အကျင့်ကောင်းတယ်... ပီကျူ့က မင်းလူဆိုတာ ငါကိုယ်တော်သိတယ်... ပြောစမ်း... ရှုဖေးကို ခြောက်ချဖို့ မင်းစေခိုင်းခဲ့တာမလား!!..." (🙄)
"သေချာတာပေါ့... ပီကျူ့က အဲစက်ဆုတ်ဖို့ကောင်းတဲ့မိန်းမအနား ထားဖို့ အစထဲက ကျွန်တော်မျိုးမ စီစဉ်ခဲ့တာပဲ... ဟက် တော်တော်လေးကို အသုံးဝင်သားပဲ...ဟား...ဟား..."
ဧကရီဆီကနေ နောက်ထပ်ထွက်လာတဲ့စကားကို ကြားတဲ့အခါမှာတော့ ရွှမ်းယွမ်ဟန်ချန် တုန်လှုပ်သွားခဲ့သည်။
"အရှင့်မှာ ဘာလို့ နာမကျန်းဖြစ်နေတဲ့ သမီးတော်နှစ်ယောက်ပဲ ရှိတယ်ထင်လဲ... အရှင့်ရဲ့ချစ်လှစွာသော ရှုဖေးက အရှင့်ကို မျက်နှာချိုသွေးဖို့ အမြဲတမ်း အားဆေးဆက်သတယ်မလား... အရှင့်ကို သူဆက်သတိုင်း ပီကျူ့ကို ခိုင်းပြီး အရှင့်ရဲ့မျိုးဆက်အတွက် မကောင်းတဲ့ဆေးတစ်ချို့ကို ထည့်ခိုင်းခဲ့တယ်လေ... သေချာတာပေါ့ ဆေးကတော့ လီဝမ်မင်းသားကိုယ်တိုင် ခက်ခက်ခဲခဲရှာထားတဲ့ဟာဆိုတာ... ဒါကြောင့် ဒီနှစ်အတော်အတွင်း အရှင့်ဆီမှာ မျိုးဆက်မရလာတာလေ... မတော်တဆရတယ်ဆိုရင်တောင် သေချာတယ် အဲကလေးက မကျန်းမမာနဲ့ ချိနဲ့နေမယ်ဆိုတာ..."
ရွှမ်းယွမ်ဟန်ချန် ဒီစကားတွေကို ကြားလည်းပြီးရော ဒေါသတွေကို မချုပ်ထိန်းနိုင်တော့ပေ။ ဒီကိစ္စတွေအားလုံးက ဒီအဆိပ်ပြင်းတဲ့မိန်းမကြောင့်သာ... သူထင်ခဲ့တာ ဘယ်လိုပဲအတိတ်ကဖြစ်ခဲ့ဖြစ်ခဲ့ စစ်ပွဲအတွင်းသွေးစွန်းပြီး သူလူအမြောက်အမြားကို သတ်ဖြတ်မိတာကြောင့်သာ သူ့ကို ဒဏ်ခတ်တဲ့အနေနဲ့ မျိုးဆက်မပေးတာလို့လေ...
ဧကရီဟာ သူ့ကို သတ်ဖြတ်ချင်သလို ကြည့်နေတဲ့အကြည့်တွေကို လျစ်လျူရှုကာ ဆက်ပြောခဲ့တယ်...
"သေချာတာကတော့... ကလေးတွေပျက်ကျတဲ့ ကိစ္စမှာ အရှင့်ရဲ့ချစ်လှစွာသောကြင်ယာတော်လေးရဲ့ လုပ်ရပ်တွေလဲ ပါတာပေါ့... အဲမိန်းမကကော အရမ်းတွေ အကျင့်ကောင်းတယ်လို့ အရှင်ထင်နေတာမလား... ဒီနှစ်တွေမှာ သူမက ပီကျူ့ကို သူ့လူယုံတော်လို့ထင်ပြီး ကိစ္စတော်တော်များများကို စေခိုင်းခဲ့တယ်လေ... ကိုယ်လုပ်တော်တွေရဲ့ ကလေးတွေပျက်ကျတာ အဲမိန်းမလုပ်ခဲ့တာ... အရှင်ကတော့တွေးမှာပေါ့... ဘာမဟုတ်တဲ့ အရာရှိသမီးက ဒီကိစ္စမျိုးတွေလုပ်ဖို့ အင်အားရှိမှာလဲလို့လေ... ကျွန်မသာ သူ့ကိုနောက်ကွယ်ကနေ မဖုံးကွယ်ပေးခဲ့ရင်... အဲမိန်းမအစထဲက ဖမ်းမိနေလောက်ပြီ..."
"မဟုတ်ဘူး... ဒါမဖြစ်နိုင်ဘူး..."
Advertisement
- In Serial11 Chapters
Karacatoa - Descent into Madness
As warm and bright the Sun is, as cold and dark the void is. And as much as one can be hopeful, so much is the depth of despair. Being strong isn't about strength - it is about taking advantage of what you have, be it the light or dark. _ Lesson 1, Karacatoa.
8 234 - In Serial47 Chapters
ICT ONE-SHOTS (FRIENDSHIP)
Random friendship one shots on our favourite ICT members
8 239 - In Serial78 Chapters
IN YOUR MIND. fezco
« am i in your mind? sometimes? » « i'd lie if i said it was jus' sometimes. » in which lulu jenson has to handle a bunch of shit and finds herself looking for comfort in fezco.[EUPHORIA SEASONS 1 & 2]all credits go to sam levinsoni only own lulu and zahia jenson
8 126 - In Serial9 Chapters
I wish I was Her
based on heatherstory about Shun Kaido and his new discovered feelings for Kubayasu Aren story is based off of heather by Conan Gray some of the lyrics will be in this book .Decide to do a KuboKai story sense there is not a lot of those FINISHED UwUCharacters in here are not mine!!! Only the ones I created thanks for reading bye uwu
8 162 - In Serial23 Chapters
Joker's Running Wild (Deltarune, Super Paper Mario, Kirby Super Star)
Inspired by an idea from @LuigiDaisy2, Please please PLEASE check them out! Seriously, they're great and have some really good stories!!!What happens when you find out everything is not what it seems. Your world is a fantasy. What will people think of you? Will they call you crazy, insane? Jevil is a simple jester, who's job is to entertain and perform for others, but what happens when he comes across someone who understands him?
8 211 - In Serial10 Chapters
Dark Desires (BDSM)
"I can't love you." I whispered softly. For the first time in my life I was scared, because I did love him, but once he found out about everything...He would leave me. I didn't know if I could handle him leaving me."Just allow yourself to feel me." He whispered.Slowly entering me, he filled me to the brink. He wasn't my submissive, he was my Dominant, the only man I allowed to have full control over me, my body.There were many things that I could revel, but each hard thrust of his body he forced me to take, I relinquished my control to him fully.Because sometimes, it's as easy to take control as it is to give it up.*This focuses on the emotional as well as the physical aspects of BDSM. There will be mature content in most chapters as well as mentions and acts of rape, as well as many others situations that people may not feel comfortable with.
8 189

