《အတ္တလွန်အချစ် (OC) Completed》Final Part Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(46) ဇာတ်သိမ်းပိုင်း
ခံစားချက်နဲ့အရမ်းတိုက်ဆိုင်နေတဲ့ ထိုသီချင်းကို Repeat လုပ်ပြီးနားထောင်နေသည်မှာ အခါပေါင်းမရေတွက်နိုင်တော့ပါ။
သူမသိပ်နှစ်သက်တဲ့ မယ်ဇယ်ပင်အောက်က ဒီခုံကလေးမှာ တီရှပ်လက်ရှည်အညိုရောင်ကိုတံတောင်ဆစ်အထိမတင်ပြီး ဝတ်ထားသောအတ္တတစ်ယောက်တည်းထိုင်ရင်း နားကြပ်တပ်၍ ထိုသီချင်းကိုဖွင့်ကာ မျက်လုံးတို့မှေးမှိတ်ထားခဲ့သည်။
ရုတ်တရက် အတ္တနှုတ်ခမ်းကွေးညွတ်သွားသည်မှာ
ဒီခုံလေးကိုသူမအတွက်လုပ်ပေးခဲ့တုန်းကအချိန်ကို သတိရသွားခဲ့၍
"မင်းပြောတယ်လေ ဒီခုံလေးက အထီးကျန်နေတယ်ဆို အဲ့တာကြောင့် ၂ယောက်ထိုင်လို့ရအောင်လုပ်ထားတာ ၂ယောက်ထိုင်ခုံမှာမင်းတစ်ယောက်တည်းဖြစ်နေရင်ရော အထီးမကျန်လို့လား"
"........"
"ကိုယ်မပါပဲ ဒီခုံမှာ ဘယ်တော့မှလာမထိုင်နဲ့ ၂ယောက်အတူထိုင်နေကျပဲဖြစ်စေချင်တယ်"
သူပြောခဲ့တဲ့စကားအချို့ ပြန်ကြားယောင်မိကာ
"ဟက်...ဟက် ဒီခုံမှာ ကိုယ်တစ်ယောက်တည်းထိုင်နေရလိမ့်မယ်လို့ ဘယ်တုန်းကမှစဉ်းစားမိခဲ့ဘူး
အခုတော့ မင်းမပါနဲ့ ကိုယ်တစ်ယောက်တည်းသိပ်အထီးကျန်တယ် Baby"
နှဖူးပေါ်လက်တင်ရင်း မျက်လုံးမှိတ်ထားလဲ ပေါ်ပေါ်လာသည့် နောက်ဆုံးသူ့ကိုနမ်းပြီးငိုရင်းထွက်ပြေးသွားသောသူမမျက်နှာလေး။
"အဟင်း သခင်လေး !"
အလင်းက အတ္တအနားမှာလာရပ်ရင်း အိပ်နေတယ်ထင်၍ ခပ်တိုးတိုးနှိုးလိုက်သည်။ ချက်ချင်း နားကြပ်ဖြုတ်၍ ခေါင်းထောင်လာသည့်အတ္တရဲ့ မျက်နှာ ချောင်ကျသွားတာသိသာသည်။ အရင်က သိပ်ဆွဲဆောင်မှုရှိတဲ့သူ့ရဲ့မေးရိုးကျနမှုတွေက ယခုပါးချောင်ကျသွားသည်နှင့်ရောထွေးနေသည်။
"ကျွန်တော်က အိပ်နေတယ်ထင်လို့"
အတ္တကခုံကနေထပြီး မတ်တပ်ရပ်လိုက်သည်။
"ဘာပြောမလို့လဲ"
"မမေ ရောက်နေပြီ "
"အင်း လာခဲ့မယ် "
မေသည် တစ်ပတ်ကိုတစ်ခါအချိန်မှန်မှန် ဆေးလာစစ်ပေးခဲ့တာ ဒီနေ့ကနှစ်လပြည့်တာဖြစ်သည်။တစ်ခါတစ်လေ မေတောင်အံ့သြနေသည်။
"နင်တကယ်မသုံးပဲနေနိုင်လှချည်လား" ဆိုပြီးတော့ အတ္တကို ချီးကျူးတတ်သည်။
တစ်ခါတစ်လေထိန်းချုပ်ထားရပြီး အရမ်းခံရခက်လာတဲ့အခါမျိုးဆိုရင် ဝီစကီအရက်များကို သောက်ပစ်လိုက်သည်။ မျက်တွင်းတွေကျနေကာ သိသိသာသာပိန်ကျသွားတာမို့ အသားကလည်းအရင်ကလောက်သန့်ပြန့်ဖြူဖွေးနေခြင်းမရှိ။
"နောက် ၁လ ဆိုရင်တော့ နင် တကယ်ပြတ်မှာသေချာပါတယ် "
မေက အတ္တနှင့်အတူ ၀ရန်တာတွင် မတ်တပ်လာရပ်သည်။
"အင်း အိမ်မှာလည်း ဆေး ကအမြစ်ပျက်နေပြီ အဲ့ဒီတော့ ပိုကောင်းတာပေါ့"
"အေး နင် နောက်တစ်ကြိမ်ပြန်မချဖို့ကအဓိကနော် ပြတ်ပြီးသားကိုပြန်မလုပ်ချင်ပါနဲ့"
"ငါ ကြိုးစားနေပါတယ် စီးကရက်ကတော့ တစ်ခါတစ်လေ သောက်ဖြစ်တယ် "
"အင်း "
မေသည် အတ္တပိန်သွားသည်ကို ကြည့်ပြီး စိတ်မချမ်းသာစွာ သက်ပြင်းချလိုက်မိသည်။
"နင်က ငါတစ်ပတ်တစ်ခါလာတာတောင် ပိန်သွားတာကတော်တော်သိသာတာနော် အသည်းကွဲနေလို့ဆိုပြီး ကိုယ့်ကိုကိုယ် ဂရုမစိုက်ဘဲမနေနဲ့ "
ဟု မေက မိုးဦးရာသီရဲ့လေအေးအချို့ ဖြတ်တိုက်ခက်သွားတာကို မျက်လုံးမှေးစိုက်သွားအောင်ခံစားလိုက်ရတဲ့ အတ္တရဲ့မျက်နှာကိုမော့ကြည့်ပြီးပြောလိုက်သည်။ အတ္တက တစ်ချက်ရယ်ပြီး မေ့ကိုငုံ့ကြည့်ကာ
"ငါ အဲ့သလောက်ထိပျက်စီးနေလို့လား ဒေါ်တင်က အစားကိုအချိန်မှန်မှန်ဂရုစိုက်ပြီးကျွေးပါတယ် မင်းကိုလတ်ကိုလည်း ကျေးဇူးတင်တယ်လို့ပြောလိုက်ပါဦး ငါ့အစားငါ့ကုမ္ပဏီအတွက် သူပဲကြည့်ပေးနေရတယ်"
အတ္တက ဝရန်တာလက်ရန်းကိုလက်ဖနှောင့်ဖြင့်နှစ်ဖက်ထောက်ပြီး ပြောလိုက်သည်။ ထိုအခါ မေက နှုတ်ခမ်းမဲ့ပြပြီး
"မလိုပါဘူး မောင်က နင့်ဆီမလာအားလို့ငါ့ကိုတောင်မှာနေတာ ကဲ... ငါပြန်တော့မယ် နင်လည်းဂရုစိုက်ပါ အမြဲတမ်းဆွေးမနေနဲ့ "
အတ္တက တစ်ချက်ပြုံး၍
"သူလည်းငါ့ကိုသတိရနေမလား "
မေက အတ္တရဲ့ ပုခုံးကိုနှစ်သိမ့်သလိုပုတ်လိုက်ကာ
"သွားပြီ "
"အင်း"
မေက သူမရဲ့စတိုင်အတိုင်း စည်းတဲ့ဆံပင်များရမ်းခါသွားအောင် အတ္တရဲ့အနားမှ သူမရဲ့လက်ကိုင်အိတ်ကိုတံတောင်ဆစ်မှာချိတ်ပြီး လှည့်ထွက်သွားလေသည်။
အတ္တသည် မင်းကိုလတ်ရဲ့အကူအညီနဲ့ အရင်ကထောင်ထားခဲ့သောကုမ္ပဏီသေးသေးကလေးကို ပြန်လှုပ်ရှားနေတာဖြစ်သည်။ မင်းကိုလတ်ဟာ ငွေဖြူရောငွေမဲရောကိုင်သော High Boss တစ်ယောက်ဖြစ်ကာ အတ္တထောင်ထားသော ဆောက်လုပ်ရေးကုမ္ပဏီကိုလည်း သူ့ရဲ့ဟိုတယ်များ အတွက်အသုံးချရင်း ကူညီပေးနေခြင်းဖြစ်သည်။
အတ္တသည်တစ်ခါတစ်ရံ ကုမ္ပဏီကိုမသွားနိုင်ဘဲ အိမ်ကနေပဲစီမံညွှန်ကြားဖြစ်သလို အလင်းကတော့နေ့တိုင်း ကုမ္ပဏီမှာရှိနေဖြစ်သည်။ တစ်ချိန်က မာဖီးယားဂန်းစတားတစ်ယောက်ရဲ့ ကိုယ်ရံတော်ဟာ အခုတော့ကုမ္ပဏီဥက္ကဌရဲ့ အတွင်းရေးမှူးတစ်ယောက်ဖြစ်နေသည်။
============================
"ပြန်လာပြီလား နဒီ ဒီမှာငါ ကြေးအိုးဆီချက် လုပ်နေတာ ဒီညထမင်းမချက်တော့ဘူး "
မွန်းသည် မီးဖိုခန်းကနေ ကြာဇံတွေပြုတ်နေရင်း ရုံးကနေအိမ်ပြန်လာတဲ့ နဒီ့ကိုလှမ်းပြောလိုက်သည်။
"ဟုတ်လား ငါကြိုက်တယ်"
နဒီကအမြဲ မွန်းထက်နောက်ကျမှအိမ်ပြန်ရောက်လေ့ရှိပြီး သူမရဲ့စလင်းဘတ်အိတ် အိမ်ရှေ့ဆိုဖာခုံပေါ်မှာပစ်ထားခဲ့ပြီး မွန်းဆီသို့ပြေးလာသည်။ မင်းကိုလတ်ရဲ့ ကုမ္ပဏီအလုပ်ဆင်းချိန်ဟာ ၅နာရီဖြစ်ပြီး နဒီဟာအမြဲတမ်းအစောဆုံးအနေနဲ့ ၅နာရီခွဲမှပင်အိမ်ပြန်ရောက်လေ့ရှိပြီး မွန်းဟာ ကလေးမူကြိုမှာဆရာမဝင်လုပ်နေတာ တစ်လမပြည့်သေးတဲ့အပြင် မူကြိုဟာ ညနေ၄နာရီဆိုရင်ဆင်းပြီမို့ ညနေစာကိုမွန်းကပဲအမြဲတမ်းချက်ကျွေးဖြစ်ပါသည်။
မွန်းသည် ဆံပင်များကိုနောက်သို့ပြောင်နေအောင်သိမ်းစည်းထားပြီး Apronလေးဝတ်ထားလျှက် အိမ်ရှင်မတစ်ယောက်လိုချက်ပြုတ်နေသည်။ နဒီဟာ ကြာဇံပြုတ်များကိုဆယ်ပြီး အသီးအရွက်များနှင့် အသားပြုတ်ရည်တွေကိုခက်ထည့်နေသော မွန်းကိုအနောက်ကနေလာကြည့်ပြီး
"ဒီနေ့လေ ငါ့ကို Bossကခေါ်တွေ့တယ်"
မွန်းဟာ ငါးဖယ်လုံးများနှင့်ငုံးဥတို့ကိုလည်းအိုးထဲကနေဆယ်ရင်းနဲ့
"ကိုမင်းကိုလတ် ကလား "
ဟု နဒီ့ကိုမေးသည်။
နဒီဟာ မွန်းရှေ့မှပန်းကန်ထဲမှ ငုံးဥတစ်လုံးကောက်စားပြီး
"အင်း "
"ဘာဖြစ်လို့?"
"ငါ့ကိုနင့်အခြေအနေမေးတယ် ပြီးတော့ သူ့သူငယ်ချင်း အကြောင်းလည်းပြောပြတယ် နင့်ကိုပြောပြလိုက်ပါတဲ့"
မွန်းသည် လျှပ်စစ်မီးဖိုကိုခလုပ်ပိတ်လိုက်ပြီး မျက်နှာဟာ ချက်ချင်းမှိုင်ကျသွားသည်။
"ငါက ပထမတော့ နင့်တစ်ယောက်တည်းခံစားရတယ်ထင်လို့ နင်အိမ်ပြန်ရောက်ရောက်ချင်းအဖျားတက်လို့၁ပတ်လောက်ဆေးရုံတက်ရတာရော
ည ညဆိုအိပ်မက်ဆိုးတွေမက်ပြီး ထထယောင်တာ ၁လလောက် တငိုငိုတရီရီလုပ်နေတာတွေအကုန်ပြောပစ်လိုက်တာ"
မွန်း သက်ပြင်းချပြီး
"နင်ကလည်းဟာ ဘာလို့အဲ့လိုပြောရတာလဲ"
"ဟဲ့ နင်တစ်ယောက်လုံး အဲ့လို နေ့တိုင်းလဒမှိုင်မှိုင်နေတာ မကြည့်ချင်လို့ပေါ့ ပြီးတော့ ငါယောကျာ်းယူရင် နင့်တစ်ယောက်တည်းဖြစ်နေမှာစိုးလို့"
"ဟင် နင်ကယောက်ျားယူမယ်?"
မွန်းသည် ချက်ချင်းလက်ထဲက ဇွန်းတွေခွက်တွေချပြီး နဒီ့ကိုအသံအနည်းငယ်မြှင့်ကာမေးလိုက်သည်။
"လျှိုတာမဟုတ်ဘူးနော် ငါတို့ကုမ္ပဏီကပဲ ငါ့အထက်ကမန်နေဂျာနဲ့ချစ်သူဖြစ်နေတာနင်သိတာပဲ နေ့လည်ကပဲလက်ထပ်ခွင့်တောင်းတယ် "
Advertisement
ဆို၍သူမလက်က ပလက်တီနမ်လက်စွပ်ကလေးကိုထောင်ပြသည်။
"ငနာမလေး ငါ့ကိုပစ်သွားတော့မယ်ပေါ့"
မွန်းက နဒီကိုမျက်စောင်းထိုးပြီး လက်စွပ်ကြွားနေတဲ့နဒီ့လက်ကိုရိုက်လိုက်သည်။
"အဲ့ဒီလိုမဟုတ်ပါဘူး နင်ခံစားရတာကိုမကြည့်ရက်လို့ငါအကုန်ပြောလိုက်တာပါ နင်ပြောတဲ့ အဲ့ဒီအတ္တဆိုတဲ့လူကိုမကျေနပ်လို့ ငါ့သူငယ်ချင်းကိုအဲ့လောက်ဒဏ်ရာပေးရမလားဆိုပြီး "
မွန်းက နဒီပြောသမျှကို မျက်နှာလေးငုံ့နေလျှက်နားထောင်နေသည်။
"ဒါပေမဲ့လေ အဲ့ဒီအတ္တလွန်ဆိုတဲ့သူက နင့်ထက်ပိုဆိုးတယ်ဟ Bossပြောပြတာ"
နဒီက ထမင်းစား စားပွဲအောက်ကကုလားထိုင်ကို ထုတ်ပြီး မွန်းနဲ့မျက်နှာချင်းဆိုင်လှည့်၍ထိုင်လိုက်သည်။ မွန်းက မျက်လုံးဝိုင်းလေးနဲ့ ရှေ့တည့်တည့်ကနဒီ့ကိုကြည့်လိုက်လျှင်
"ငါဖြင့် ဆိုက်ကို၀င်သွားတယ်လို့တောင်ထင်မိတယ် ၁ပတ်လောက် အခန်းထဲကမထွက်လို့ Drip ချိတ်ယူရတယ်တဲ့ ပြီးတော့ နင့်အခန်းထဲမှာဆိုလည်း ၀င်သွားတိုင်း အရူးလိုငိုနေတတ်တယ်တဲ့ ဆေးဖြတ်နေတာလည်း၂လရှိပြီတဲ့ အိမ်ရှေ့ကခုံကလေးမှာလည်းနေ့တိုင်းထိုင်ဖြစ်....."
"တော်ပါတော့နဒီရယ် ဟင့် တော်ပါတော့ ငါမကြားချင်တော့ဘူး "
မွန်းက ရှိုက်ငိုမိသည့်အခါ နဒီက ထိုင်နေရာကနေထလာပြီး သူမကိုရင်မှပွေ့ဖက်ထားရင်း နှစ်သိမ့်ပေးသည်။
"နင်ပြောတော့ မေ့ပစ်လိုက်ဆို အဟင့် ဘာလို့ငါ့ကိုလာပြောပြတာလဲ အီး... ဟီး....ငါမသိချင်တော့ဘူး ဆက်မပြောပါနဲ့ "
သူဟာ အဲ့သလောက်တောင်ပဲလား။
မွန်းလည်း လွမ်းတယ် သူ့ကို မေ့မရဘူး အရမ်းချစ်နေမိခဲ့လို လုံးဝမေ့မရဘူး အမြဲတမ်း သတိရနေတယ် နှလုံးသားထဲကလည်းနာကျင်ရတယ်။
============================
Three months
"ဂုဏ်ယူပါတယ် အတ္တ ၃လ လုံးလုံး နင်နေနိုင်ခဲ့ပြီ အဲ့ဒီဆေးကိုလုံးဝပြန်မစနဲ့နော်"
အတ္တ၏ အခန်းထဲမှ နှစ်ယောက်အတူထွက်လာကြပြီး လှေကားမှဆင်းလာကြရင်း
"အင်း ငါ မနက်ဖြန်ဆို ကုမ္ပဏီကို မှန်မှန်သွား တော့မယ် "
အတ္တက သူထိုင်နေကျ ဆိုဖာအမြင့်ကြီးမှာ ခြေချိတ်၍၀င်ထိုင်လိုက်သည်။ မေကလည်းဆိုဖာတစ်ခုံတွင်၀င်ထိုင်ရင်း
"ကောင်းတာပေါ့ မောင် ကလည်းနင့်ကိုတွေ့ချင်နေတာ မနက်ဖြန် ငါတို့ ဟိုတယ်မှာ Dinner စားကြရင်မကောင်းဘူးလား "
အတ္တ ကခေါင်းညိတ်လိုက်ရင်း
"ကောင်းပြီလေ ငါကျွေးဖို့စီစဉ်လိုက်မယ်"
Ring
မေ ဆလင်းဘတ်အိတ်ထဲမှ ဖုန်းထုတ်ကိုင်လိုက်ပြီး
"ဟယ်လို"
"............"
"ဟုတ်လား"
"............"
"ဟုတ်ပြီ မေလာခဲ့မယ်"
မေကဆိုဖာကနေချက်ချင်းထလိုက်ပြီး
"အတ္တ ငါလူနာသွားကြည့်ရမှာမို့ သွားတော့မယ်"
"အင်း ကားကိုဂရုစိုက်မောင်း! ပြီးတော့ ငါ့ကို ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်"
မေက အတ္တကိုပြုံးပြပြီး ကပြာကယာထွက်သွားလေသည်။ မေထွက်သွားပြီးနောက်မှာ
"သခင်လေး"
ဒေါ်မေတင်သည် အတ္တအနားသို့ရောက်လာသည်။
"သခင်လေး ခဏနေ ထမင်းစားတော့မယ်မဟုတ်လား"
အတ္တ ခေါင်းညိတ်လိုက်သဖြင့်
"ဟုတ်ကဲ့ ကျွန်မ ပြင်ဆင်ထားလိုက်ပါ့မယ် "
မေတင်က ပြုံးပြုံးနှင့်အနောက်သို့၀င်လာခဲ့ရာ
"မေတင် သခင်လေးကစားမယ်လို့ပြောလိုက်တယ်မလား"
သက်သက်ကကြိုမေးလေတော့
"အေး စခင်လေး တော်တော်ကောင်းလာပါပြီ"
"သခင်လေးမပြောနဲ့ သက်သက်တောင် မမလေးကိုလွမ်းမိတယ်"
မေတင် မျက်နှာလည်း ညှိုးသွားကာ
"မွန်းလေးလည်းသိရနေမှာပါ"
============================
Five months
ဧည့်ခန်းထဲမှာစာအုပ်ထိုင်ဖတ်နေသော မွန်းအား နဒီမှ ရေချိုးပြီးနောက်ခေါင်းဖြီးရင်းအခန်းထဲမှ ထွက်လာပြောသည်။
"မွန်း နင်ဒီလိုပဲနေတော့မှာလား နင်တစ်ယောက်တည်း"
နဒီကစေ့စပ်ထားပြီးပြီဖြစ်၍ ဒီနှစ်ကုန်ရင် လက်ထပ်ရန်ပြင်ဆင်နေသည်။ ထိုအခါ မွန်းက စာအုပ်ဖတ်နေလျှက် နဒီ့ကိုမော့မကြည့်ဘဲ
"နဒီ နင်အစလာမဖော်ပါနဲ့ဟာ ငါ့ကို နာကျင်အောင်မလုပ်ပါနဲ့ "
"ဟင်း နင်ကငါပြောတော့လည်းလက်မခံဘူးငါ့Bossက နင့်ကိုတွေ့ချင်နေပါတယ်ဆို "
နဒီက သူမဘေးမှာဝင်ထိုင်ပြီး စားပွဲခုံပေါ်မှာ ဒီညနှစ်ယောက်အတူတူရုပ်ရှင်ကြည့်ဖို့ စီစဥ်ထားသဖြင့် အစာပြေစားဖို့လုပ်ထားသော ချောကလက်ကိတ်ကလေးကိုဇွန်းဖြင့်တစ်ဇွန်းဖဲ့ စားရင်းပြောလိုက်သည်။ ထိုအခါမွန်းသည် လက်ထဲကစာအုပ်ကိုပိတ်ပြီး
"ငါ သူနဲ့ပတ်သတ်တဲ့လူတွေ ဘယ်သူနဲ့မှ မတွေ့ချင်ဘူးဟာ "
ဟုဆိုလိုက်သည်။
"နင်ကမတွေ့ချင်ဘူး မတွေ့ချင်ဘူး သတိရတိုင်းငိုနေတော့ ငါကဘယ်လိုလုပ်စိတ်ကောင်းပါ့မလဲ"
နဒီကထိုကဲ့သို့ပြောလာတဲ့အခါ မွန်းသည် စိတ်အလိုမကျဖြစ်လာကာ
"သူ့ဆီကနေငါထွက်လာခဲ့ပြီးပြီလေ ငါသူနဲ့ပတ်သတ်သမျှအားလုံးနဲ့အဆက်အသွယ်ဖြတ်ရမှာငါ့တာ၀န်ပဲ "
ပြောပြီး သူမအခန်းထဲသို့၀င်သွားသည်။
============================
One year
တစ်နှစ်တဲ့ တစ်နှစ်ဆိုတဲ့အချိန်တွေက ကုစားပေးသလားဆိုလျှင် အနည်းငယ်လောက်ပါ။ အနည်းငယ်လောက်သာ နေသားကျလာခဲ့တာ။
"အလင်း ဒီတစ်ခါအစည်းအဝေးက Sixty Hotel မှာဆို "
အတ္တသည် ရုံးခန်းထဲတွင် Zoom Meeting ပြီးပြီးချင်း လည်ပင်းက နက်ခ်တိုင်ကို အနည်းငယ်လျော့လိုက်ရင်း ရုံးခန်းထဲသို့ Tablet တစ်လုံးနှင့်ရောက်လာသော အလင်းအားမေးလိုက်ပါသည်။
"ဟုတ်ကဲ့ ညနေပိုင်း ၄နာရီပါ "
အလင်းက ဖြေလိုက်ရင်း အတ္တကိုကြည့်ကာ
သခင်လေးကိုကြည့်ရတာလည်း တကယ်ပင်ပန်းပါတယ်။ မမလေးနေရာမှာ အလုပ်တွေကိုအစားထိုးပြီး အတင်းတွန်းကန်လုပ်လာတာ အခုဆို ကုမ္ပဏီကတဟုန်တိုးတိုးတက်သွားသည်။
တစ်နှစ်အတွင်းမှာ အခြားသောထိပ်တန်းဆောက်လုပ်ရေးကုမ္ပဏီများနှင့်တန်းတူအဆင့်အထိ တိုးတက်အောင် အလုပ်တွေကိုပဲဇွတ်ကြိုးစားလာခဲ့တာဖြစ်သည်။ အခုလည်း အလင်းဟာ နေ့လည်စာစားဖို့လာပြောတာဖြစ်ပြီး အတ္တကတော့ ညနေ Meetingတက်ဖို့ပြင်ဆင်နေတာဖြစ်ပါသည်။
=====
"မွန်း ငါအဆင်ပြေရဲ့လားဟင် "
သတို့သမီး၀တ်စုံနှင့် နဒီက ပန်းစည်းလေးကိုတင်းနေအောင်ဆုတ်ကိုင်ကာရင်ခုန်နေပုံ ပေါ်သည်။
"အဆင်ပြေပါတယ်ဟ ငါ့သူငယ်ချင်းကလှပြီးသားပဲ ခဏနေရင် နင့်သတို့သား ကလာခေါ်လိမ့်မယ် ငါဧည့်ခံရဦးမယ် "
ဆိုပြီး မွန်းဟာ သတို့သမီးဂါဝန်ဖြူကလေးနှင့် လှချင်တိုင်းလှနေသော သူငယ်ချင်းမကိုအားပေး၍ သူမကအရင် မင်္ဂလာခမ်းမထဲသို့ အခြေအနေကြည့်ရင်းဧည့်ခံဖို့ထွက်လာခဲ့သည်။ ခမ်းမထဲသို့ သတို့သားရဲ့လက်ကိုချိတ်ပြီးဝင်လာခဲ့သော သူငယ်ချင်းသူတို့သမီးလေးအတွက် မွန်းသည်ဂုဏ်ယူဝမ်းမြောက်စွာ အစွမ်းကုန်လက်ခုပ်တီး၍ပီတိဖြစ်နေရသည်။
သတို့သမီးဖြစ်ဖို့ဆိုတဲ့ သူမရဲ့စိတ်ကူးယဥ်အိပ်မက်ကလေးဟာအကောင်အထည်မဖော်ခဲ့ရပေမဲ့ အချစ်ရဆုံး သူငယ်ချင်းကိုအခုလိုမြင်ရတဲ့အခါမှာလည်း ကိုယ်တိုင်ပင်ရင်ခုန်ဝမ်းမြောက်နေရပါသည်။
Advertisement
မင်္ဂလာပွဲလည်းတစ်ခမ်းတနားနှင့်ပြီးသွားခဲ့ပါလျှင် ခမ်းမထဲမှ နဒီသည်သူ၏လက်လက်ဆက်ဆက် လက်ထပ်ထားသောခင်ပွန်းရဲ့လက်ကိုချိတ်ထားလျှက် တစ်ဖက်ဘေးမှ သူငယ်ချင်းဖြစ်သူမွန်းအား
"မွန်း ရယ် ငါနင့်ကိုတစ်ယောက်တည်းထားခဲ့ရမှာတကယ်စိတ်မချဘူး"
"နင်ကလည်း အခုပဲမင်္ဂလာဆောင်ပြီးနေပြီ ဒီနေ့ပဲဟန်းနီးမွန်းထွက်မှာမဟုတ်လား ငါ့အတွက်စိတ်မပူပါနဲ့ သွားစရာရှိတာသွားပါ "
နဒီတို့လင်မယားသည် အိမ်သို့ပြန်မည်မဟုတ်။ဟိုတယ်ကြီးရဲ့အောက်မှာကားသင့်ရောက်နေပြီဖြစ်၍ ဟန်းနီးမွန်း တန်းသွားမှာဖြစ်သည်။ ထို့ကြောင့်လည်း အသည်းကွဲပြီးခဏခဏငိုတတ်သော သူငယ်ချင်းမလေးကိုစိတ်မချဖြစ်နေရပါသည်။
အရင်ရက်တွေကလည်းတတွတ်တွတ်မှာနေပေမဲ့ ဒီနေ့တကယ်ကြီး သူမကိုတစ်ယောက်တည်းထားသွားရတော့ဖြစ်တဲ့အခါမှာ ကားပေါ်သို့မတက်ရခင် ဓာတ်လှေကားထဲ၌ သူငယ်ချင်းနှစ်ယောက်နှုတ်ဆက်ရင်း နဒီဟာမွန်းကိုကောင်းကောင်းနေခဲ့ဖို့မှာနေသည်။
======
"အလင်း ဟိုတယ်ကိုလူရှင်းတဲ့အချိန် ချိန်းပါလို့ပြောထားရဲ့နဲ့ကွာ"
အတ္တသည် ဟိုတယ်ထဲသို့ဝင်လာရင်း လူအနငယ်ရှုပ်နေသောကြောင့် အလိုမကျစွာပြောသည်။
"မင်္ဂလာဆောင်ရှိလို့ပါ သခင်လေးရဲ့ ခုနကပဲပြီးသွားတာ သခင်လေးလာတာစောလို့ "
"အဲ့တာဆိုလည်း မင်းကစောတယ်လို့ပြောလေကွာ"
လူရှုပ်တာမကြိုက်သောအတ္တလည်း အလင်းကို အလိုမကျသလိုကြည့်လိုက်သည့်အခါ
"သခင်လေးကလည်း အသည်းကွဲပြီး ဇီဇာကြောင်လာတယ်နော်"
"ဘာ...ကွ!"
အလင်းသည်တစ်ချိန်လုံးအတ္တအနားမှာ သစ္စာရှိရှိနဲ့လိုအပ်သမျှ အားလုံးကူညီပြီး ပေးသမျှတာဝန်ကိုလည်းကျေပွန်စွာထမ်းဆောင်ခဲ့သည်ဖြစ်ရာ အရင်ထက်လည်းအများကြီးပိုပြီးရင်းနှီးလာခဲ့သည်။
ဓာတ်လှေကားခလုပ်အားအလင်းကလှမ်းနှိပ်ပြီး ဆရာတပည့်နှစ်ယောက် ရပ်စောင့်နေကြသည်။
ဓာတ်လှေကားနံပါတ်ကိုကြည့်တော့ 2 ကိုရောက်နေပြီဖြစ်ကာ သူတို့ဆီသို့စက္ကန့်ပိုင်းအတွင်းမှာပဲ ရောက်လာသည်။ ဓာတ်လှေကားတံခါးပွင့်သွားချိန်မှာ အဖြူရောင်သတို့သားနှင့်သတို့သမီးအားမြင်လိုက်ပြီး အတ္တသည် စိတ်ရှုပ်သွားရချိန် သတို့သမီးရဲ့နောက်မှ ပန်းနုရောင်ဂါဝန်ရှည်ကလေးနှင့် ဆံပင်နီတွေကို တစ်၀က်သာစည်းထားသော ဆံပင်တွေက တင်ပါးအထိအောင်ရှည်နေပြီဖြစ်တဲ့မိန်းကလေး
မျက်၀န်းစိမ်းစိမ်းတွေ၊ စတော်ဘယ်ရီလိုနှုတ်ခမ်းဖူးဖူးလေးတွေ၊ မိတ်ကပ်အနည်းငယ်သာခြယ်သထားတဲ့ဒီမျက်နှာ နှလုံးသားမှာတက်တူးတစ်ခုလိုစွဲနေတဲ့ ဒီမျက်နှာ။ သူမ ဟုတ်တယ် သူမ အစစ်ပဲဖြစ်ပါသည်။
အတ္တမှာ ရင်ထဲ၌အမျိုးအမည်မသိသောခံစားချက်များနှင့် လပေါင်းများစွာငြိမ်သက်နေသည့် နှလုံးသားဟာ စည်းချက်တွေမညီမညာနဲ့ခုန်ပေါက်လာကာ မျက်လုံးများဟာ သူမဆီမှာပဲသေသွားသလိုမျိုး မှင်သက်သွားရသည်။
သတို့သမီးနှင့်သတို့သားက ဓာတ်လှေကားထဲမှထွက်သွားတဲ့အခါ အလင်းက ဘေးသို့တိမ်းပေးလိုက်သည်။
အတ္တက ဓာတ်လှေကားထဲမ၀င်သေးသလို သူမကလည်းထွက်မလာသေးပေမဲ့ သူတို့၂ဦးသည် မျက်၀န်းချင်းမချိတ်ဆက်ပဲ အကြည့်လွှဲကာ မွန်းက အရင်ဓာတ်လှေကားထဲမှထွက်လာခဲ့သည်။
အတ္တသည် သူ့ကိုနည်းနည်းတောင်မျက်လုံးများစွေမကြည့်ဘဲ သူစိမ်းတစ်ယောက်လိုမျိုး ဘေးကနေရှောင်ထွက်သွားသည့် အသက်နှင့်တစ်မျှချစ်ရပါသောမိန်းကလေးကို သူ့ဘက်ကနေစပြီးနှုတ်ဆက်ဖို့သတ္တိမရှိခဲ့ပါ။
ဓာတ်လှေကားကြီးပြန်ပိတ်သွားခါနီးမှာ အလင်းမှခလုပ်ကိုအမိအရနှိပ်လိုက်ပြီး အတ္တကိုအထဲဝင်ဖို့ကြည့်လိုက်တော့ အတ္တသည်တံတွေးကိုမြိုချကာ မျက်နှာကကြည်လင်ခြင်းမရှိတော့ပေမဲ့ နက်ခ်တိုင်ကိုအနည်းငယ်ဖြေလျော့ရင်း ချောင်းတစ်ချက်ဟန့်လိုက်၍ အလင်းနှင့်အတူဓာတ်လှေကားထဲသို့ဝင်လိုက်ပါသည်။
===========================
ဒီညမှာ အိမ်ထဲ၌လည်းတိတ်ဆိတ်စွာနဲ့
မွန်းတစ်ယောက်တည်းဖြစ်နေသည်။ မင်္ဂလာပွဲကနေ ပြန်လာကတည်းက မျက်နှာသစ်ပြီး အင်္ကျီပင်မလဲနိုင်ဘဲ အိပ်ယာပေါ်မှာ ငူငူကြီးထိုင်နေတာဖြစ်သည်။
"ရှင် ပိန်သွားလိုက်တာ တကယ်ပဲအလုပ်တွေချည်းဖိလုပ်နေခဲ့တာလား ကျွန်မကိုကြည့်တဲ့အကြည့်တွေကအခုထိတစ်ချက်မှမပြောင်းလဲသေးဘူးပဲ "
ဒီလိုရေရွတ်ပြောဆိုမိရင်းညနေက တစ်နှစ်ကျော်တစ်ကြိမ်တစ်ခါမှမတွေ့ခဲ့ရသောသူ့ကိုမြင်လိုက်လို့ပဲလား။ ဒါမှမဟုတ် နဒီမရှိပဲတစ်ယောက်တည်းမို့လား။
ရင်ထဲမှာနေရခက်စွာ ကိုယ့်စိတ်များကိုယ်နိုင်သလိုဖြစ်နေရသည်။
သူ့ကိုမြင်မြင်ချင်းလွမ်းလိုက်တာဆိုပြီး တစ်ခါတည်းပြေးဖက်လိုက်ချင်ပေမဲ့ သတ္တိမရှိဘဲ သူ့မျက်နှာကိုတောင်ကောင်းကောင်းမကြည့်ရဲခဲ့သောအခြေအနေပင်ဖြစ်ပါသည်။
မွန်းသည် စိတ်ညစ်ညစ်နှင့် မွန်းအဝတ်အစားလဲဖို့အတွက် ဗီရိုကိုဖွင့်လိုက်တဲ့အခါ သူ့ဆီကထွက်လာခဲ့တုန်းက၀တ်ခဲ့သော ဂါ၀န်အဖြူလေးကို မြင်ပြီး နှလုံးသားရဲ့စေခိုင်းမှုအရ ဆွဲဖြုတ်လိုက်မိသည်။
ရင်ထဲမှာပိုက်လိုက်ပြီး ငိုချင်စိတ်ကထိန်းမရတော့ဘဲ မြိုသိပ်ထားခဲ့သမျှခံစားချက်တွေက သူ့ကိုမြင်လိုက်တဲ့အခါမှ ပြန်ပြီးထကြွလာခဲ့သည်။
==========
အစည်းအဝေးဖျက်ပြီးအိမ်ပြန်လာခဲ့တာ သူမကြောင့်ဆိုတာ အလင်းမှလွဲ၍ မည်သူမှသိမည်မဟုတ်။ အတ္တသည် စိတ်ပျက်လက်နှင့် အခန်းတံခါးမှာမှီရင်း ကြမ်းပြင်မှာ ဒီတိုင်းထိုင်နေခဲ့သည် ။
"ကိုယ်နဲ့ဝေးကွာနေတဲ့အချိန်တွေမှာ ဆံပင်တွေလည်းရှည်လာပြီး မင်းအများကြီးပိုလှလာတာပဲ Baby "
သူမကိုပဲ မျက်လုံးထဲမှာပြန်လာပေါ်လာပြီး သူ့ကိုနည်းနည်းလေးမှဂရုမစိုက်ပဲ ခပ်စိမ်းစိမ်းကြည့်ကာ သွားတဲ့သူမကြောင့်
"မင်း နေနိုင်နေပြီလား ၁နှစ်ဆိုတဲ့အချိန်အတွင်းမှာ မင်းကိုယ့်ကိုမလိုအပ်တော့ဘူးပေါ့ "
ရင်ထဲမှာ မွန်းကြပ်လာ၍ ရှပ်အင်္ကျီကြယ်သီးကို အပေါ်၃လုံးလောက်ဖြုပစ်လိုက်ကာ ထောင်ထားတဲ့ညာဘက်ဒူးတစ်ဖက်ပေါ်မှာလက်ကိုဆန့်တင်လိုက်ပြီး မျက်လုံးတွေမှိတ်ထားလိုက်သည်။
ရုတ်တရက်အောက်ထပ်မှ ဆူဆူညံညံအသံတွေကြားလိုက်ပေမဲ့ ကိုယ့်စိတ်နှင့်ကိုယ်မို့ ဆင်းကြည့်ဖို့လည်း အာရုံမလာပါ။
ခြေသံ ...ခြေသံဖွဖွတွေကတဖြည်းဖြည်း သူနဲ့နီးကပ်လာပြီး သူ့ရှေ့တည့်တည့်မှာရပ်တန့်သွားသလိုခံစားနေရသည်။
အတ္တသည် မသင်္ကာစွာနှင့် မျက်လုံးဖွင့်ကြည့်လိုက်ရာတွင် ဖွေးဥနုဖက်နေတဲ့ခြေထောက်ကလေးတစ်စုံကိုတွေ့ရပြီး ဒီမိန်းကလေးခြေထောက်ဟာ ဒေါ်မေတင်လည်းမဟုတ်သလို သက်သက်လည်းမဖြစ်နိုင်ပါ။
အတ္တသည် စိတ်တွေရှုပ်ထွေးစွာနှင့် မော့ကြည့်လိုက်မိရာ သူ့ဆီကထွက်သွားခဲ့တုန်းကအတိုင်း အဖြူရောင်ဂါ၀န်လေးနှင့်သူ့ရဲ့ရှေ့မှာမတ်တပ်ရပ်နေသော သူမပင်ဖြစ်နေပါလျှင် အိပ်မက်များလားတွေးနေမိရင်း မျက်ခုံးများကျုံ့ကျသွားတဲ့အခါ သူမက သူ့ရှေ့မှာခြေဖျားလေးထောက်ကာငုပ်တုပ်လာထိုင်သဖြင့်
အတ္တမှာ မျက်ခုံးများပြေလျော့ပြီး မျက်ရည်တွေဝေ့သွားသည်။
"Baby?"
သူမဟာလည်း မျက်ဝန်းထဲကမျက်ရည်များကို မျက်တောင်ကလေးဖြင့်ပုတ်ထုတ်လိုက်၍ ခေါင်းညိတ်ပြသည်။
"Baby မင်း မင်း ကိုယ့်ဆီပြန်လာတာလား ?
ဒါမှမဟုတ် ကိုယ်ပဲ ရူးသွားတာလား "
အတ္တသည် နှုတ်ကသာရေရွတ်ရင်း သူ့ရဲ့ရှေ့မှာရှိနေသော သူမကိုလက်ဖြင့်လည်း မထိကိုင်မစမ်းစစ်ရဲပါ။
တကယ်လို့သာ ကိုယ်မြင်နေရတာဟာ လူအစစ်မဟုတ်ဘဲ ပုံရိပ်များဖြစ်ခဲ့ပါလျှင် ကိုယ့်ကိုကိုယ်လည်း ရူးပြီလို့သတ်မှတ်မိမှာဖြစ်သည်။ ထိုပုံရိပ်များပျောက်ကွယ်သွားမှာကိုလည်း အင်မတန်ကြောက်နေမိသည်။ သူ့ကိုမယုံတဲ့ပုံစံနဲ့ ကြည့်နေသောအတ္တရဲ့အဖြစ်အပျက်အား မြင်ပြီး
"ဟင့် ဟင်!"
ရှိုက်ငိုလိုက်မိသည်ဖြစ်လေရာ သူမဆီကရှိုက်သံတွေကြားရသဖြင့်
"ကိုယ် တကယ်ပဲရူးသွားပြီလား မင်းအသံတွေပါကြားနေရတယ် Baby!"
ဟုအတ္တသည် သူ့ရဲ့မျက်နှာကိုသူလက်တစ်ဖက်ဖြင့်ပွတ်သပ်ကာပြောလိုက်သည်။
"ကို ရယ် အဟင့် အဟင့်ဟီး....အီး...."
မွန်းသည် သူ့ကိုမထိရက်မကိုင်ရက်ဖြစ်နေသော အရမ်းလွမ်းနေခဲ့ရတဲ့ အတ္တရင်ခွင်ထဲသို့ တိုး၀င်ကာတင်းတင်းကြပ်ကြပ်ဖက်ထားပစ်လိုက်၍ စိတ်ရှိသလိုငိုပစ်လိုက်တော့မှ အတ္တသည် ရင်ထဲအထိပူနွေးသွားရပြီး အောင့်သက်နေသောနှလုံးသားမှာလည်းအသံမြည်အောင်ခုန်ပေါက်နေကာ သူမရဲ့ ကျောပြင်လေးသိမ်းဖက်ထားလိုက်သည်။
"Baby မင်း... မင်း.. ကွာ နေနိုင်လိုက်တာ မင်းထွက်သွားတာ ၁နှစ်၅လနဲ့၁၂ရက်ရှိပြီ မင်းသိရဲ့လား ကိုယ်မင်းကိုရူးမတက်လွမ်းနေခဲ့တာ သေလောက်အောင်သတိရနေတာ "
မွန်းသည် အတ္တပြောသမျှကိုနားထောင်ရင်းသိပ်လွမ်းနေခဲ့တဲ့သူ့ရဲ့ကိုယ်သင်းနံ့ သူ့ရင်ခွင်ရဲ့နွေးထွေးမှုတွေကိုအပြည့်အ၀ခံစားရင်း သူ့ရင်ဘက်ကိုအကြိမ်ပေါင်းများစွာဖိကပ်နမ်းနေမိသည်။
"မွန်း ရှင့်ဆီကထွက်လာကည်းက အခုထိ ရှင့်ကို တစ်စက္ကန့်လေးမေ့မရခဲ့ဘူးဆိုတာယုံပေးပါ"
အတ္တသည် သူမရဲ့ဆံပင်များကြားမှာတိုးဝှေ့နမ်းရှုံ့ရင်း
"Baby ကိုယ်မင်းကိုထွက်သွားခွင့်ပေးကတည်းက မင်းပြန်လာခဲ့ရင် အပိုင်သိမ်းမယ်ဆိုတာ ကြိုပြောခဲ့တယ် အခု မင်းပြန်ထွက်သွားလို့မရတော့ဘူး
ကိုယ်မင်းကိုမလွှတ်တော့ဘူး မင်းကိုပြောမပြတတ်အောင်ချစ်တယ် မင်းစိတ်ကြိုက်အားလုံးဖြစ်စေရမယ်လို့ကတိပေးပါတယ် မင်း နောက်တစ်ခါသာထွက်သွားရင် ကိုယ်သေနိုင်တယ် "
မွန်းဟာ သူမတစ်စက္ကန့်မျှပင်မေ့မရခဲ့သော ကြင်နာဝမ်းနည်းစိုးရိမ်မှုအပြည့်နဲ့ သူ့မျက်နှာချောချောကိုမော့ကြည့်ပြီး
"မွန်း ထပ်ထွက်သွားဖို့စိတ်ကူးရှိရင် ရှင့်ရင်ခွင်ထဲကိုပြန်မလာပါဘူး မွန်းက ရှင့်ထက်အရင် ချစ်ခဲ့တဲ့သူပါ ကိုရယ်"
THE END
==============================
အမှားပါရင်ခွင့်လွှတ်ပါ
Extra တောင်းမယ်ဆိုတာသိပါတယ်နော်။
ဒါပေမဲ့ Suprise အနေနဲ့တစ်ခုခုရောက်လာမို့လို့ အနည်းငယ်စောင့်စေချင်ပါတယ်။
Advertisement
- In Serial6 Chapters
(Un)Luckiest Person On Earth?
His black hair falls on his face as he flips open his side bag. He puts his hand into the bag and pulls out a whitemask with a black 'I' on it. He smirks as he pulls it on, once he had put it on he murmured "Ine-Kenos"-----This is a story about a child named Nathan Young, and his journey through the magical side of his world.[A/N- Hello! this is a semi serious series about Nathan Young and Strange Earth! Anyways, I am going to try to write 1k each couple of day, also english is my second language so my english is going to be horrendous.]
8 148 - In Serial18 Chapters
King's Blood
After the king's death at a violent coup, his only daughter, princess Leonira, wakes up and can't remember who she is.With her is a handsome marquis, who claims to help her and his sinister bodyguard, who looks like he wants to kill her.She just wants to live a peaceful life and regain her memories, but soon the naive princess will be thrown into a storm of love, friendship, violence and betrayel.
8 459 - In Serial26 Chapters
Rab Ne Bana Di Jodi ✓
''There is only one true love for those who are made for each other. God has made someone for everyone in this world, and it is the fate that brings them together. When two people are made for each other, no time is too long, no distance is too far and nobody can keep them apart.''This is the story of two people who are meant to be together. God has made them for each other, but due to her mistake they are separated. It is said that whoever is meant to be in your life will always gravitate back towards you, regardless how far they wander. Let's see how true this is in case of Kavin and Purvi!
8 127 - In Serial37 Chapters
The Spaces Between You | ✓
Vivienne Abbott spent a year abroad trying to do the impossible: forget everything about Will Tucker. But now they're back in the same small town, and remembering is the only thing she can do. No matter how much it hurts.
8 172 - In Serial54 Chapters
Once Upon A Mr. Goody Two Shoes
Aashi Singhania. Stubborn, strong and obsessed with winning is dejected when she doesn't earn her coveted promotion at work, and angry at the guy who stole it from under her nose. She's determined to hate the new transfer from Kolkata, but is surprised to meet the polite brown-head possessing the most tantalizing hazel eyes she had ever laid her eyes on.In the battle that follows between the head-strong sassy Marwari lady and the charming Bengali gentleman, laughter and friendship is bound to bloom. But will it also lead to blooming of roses in a sea of sarcastic thorns? What will happen when hidden motives and poignant past unfolds? Set in the capital city of India, Delhi, this story will bring out a myriad dimensions of humor, passion, attraction and realizations.---------------------Co-authored by @Irockdude and @Tanayatge
8 194 - In Serial48 Chapters
When We Crashed
"You know, you aren't like most girls I have met.""Is that a good thing?""It depends, are you obsessed with shopping?""That involves walking... so no.""Dieting?""Hah, that's funny.""Make up?""I need motivation for that.""Heels?""What have my feet ever done to you?!"After that, he laughs and claps his hands together, "Yes, that is a good thing."~~~~~~~He wanted freedom.She needed freedom.Luke Barrington and Ella Sanders.They thought their lives were bad, living up to a parents' expectation is way harder then it seems, especially when they are filthy rich and claim they only want what is best for you.Just think, one moment you are so busy hating on life, and the next, you are in a coma laying on the hospital bed, clinging onto hope that you will survive.Maybe it just took two cars and a curve in the road for them to see that life isn't so bad after all.Because what's the point of life if you aren't even living?~~~~~~~Book two in the T.B.B.B. (The Bad Boy Boxer) Series
8 141

