《အတ္တလွန်အချစ် (OC) Completed》Part (44) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(44)
နေလုံးနီနီထွက်ပြူစပြုခါနီး နံနက်၅နာရီ ဆိုတဲ့အချိန် မှာ အတ္တလွန်က မိန်းကလေးတစ်ယောက်နဲ့တစ်နေ့တာအချိန်တွေကုန်ဆုံးဖို့အဆင်သင့်ပြင်နေသတဲ့
ကိုယ် မင်းနဲ့မှရူးသွားသလားပဲ မတတ်နိုင်ဘူး baby ဒီနေ့က မင်းနဲ့ကိုယ်ရဲ့နောက်ဆုံးနေ့!!
===
ဘယ်တော့မှ တံခါးမခေါက်တတ်တဲ့ အသားပျော့ပျော့ရှင်အင်္ကျီအဖြူရောင်ကိုလက်ခေါက်တင်ပြီး ဘောင်းဘီအနက်ရောင်နဲ့တွဲဝတ်ထာယသောသူသည် ဒီတစ်ကြိမ်မှာလည်း သူ့အလိုကျ ၀င်ချင်သလို၀င်လာပြန်သည်။
အဖြူရောင် လက်ပြတ်ဒူးဖုံးဂါ၀န်လေးအား ကိုယ်လုံးလေးနှင့်ကွက်တိကျအောင်၀တ်ဆင်ထားပြီး အနီရောင်ဆံပင်တွေကို ဖြီးရှင်းဖို့ ဘီးလေးကောက်ကိုင်သည့် မိမိလက်အပေါ်သို့ ဖြူဖြူရှည်ရှည်လက်တစ်ဖက်က အုပ်ကိုင်ခြင်းခံလိုက်သည်။
မှန်တင်ခုံရှေ့မှာ သူမရဲ့ခန္ဓာကိုယ်လေးအား ပုခုံးမှဖိချခြင်းခံလိုက်၍
"ကိုယ်ရှင်းပေးမယ် "
ဟုနားနားမှာခပ်တိုးတိုးကလေးပြောသည်။
သူမက ဘီးကို ပြန်ယူရန်ပြင်ဆင်သည့်အခါ
"ရှင်းပေးခွင့်ပြုပါ ဒီနေ့က မင်းနဲ့ကိုယ် ရဲ့နောက်ဆုံးနေ့မဟုတ်လား?"
သူ့စကားကြီးသည် မွန်းရဲ့ရင်ထဲမှာဟာတာတာကြီးဖြစ်သွားရအောင်ခံစားလိုက်ရသည်။ အတ္တကအတုအယောင်အပြုံးတစ်ခုဖြင့်
"ဒီနေ့ တစ်နေ့လုံး မင်း ကိုယ့်ကို 'ကို´ လို့ပဲခေါ်စေချင်တယ် "
သူမဆံပင်တွေရှည်တွေကို စိတ်ရှည်လက်ရှည် ရှင်းလင်းဖြီးပေးနေသူကို သူမကမှန်ထဲကနေတစ်ဆင့် ကြည့်နေသည်။
သူဟာ မွန်းရဲ့ဆံပင်များသူ့လှိုင်းကလေးနဲ့သူ ခပ်တွန့်တွန့်ကလေးတွေရှင်းသွားတဲ့အခါ အနည်းငယ်ခါးကိုတိမ်းညွတ်ပြီး သူမရဲ့ လည်ပင်းလေးအားအနောက်မှ သိုင်းဖက်လိုက်ပြီး
"Baby!"
နားထောင်ကောင်းလှတဲ့ သူ့အသံကို Baby လို့ခေါ်တဲ့အချိန်များဆိုပိုလို့ပင်သဘောကျနေမိစွာ လည်ပင်းကသူ့လက်ကလေးကို ပြန်ကိုင်ထားလိုက်ပြီး ပြုံးကြည့်လိုက်ပါသည်။
ဒီနေ့တစ်နေ့လုံး သူနဲ့ပျော်အောင်နေမယ်
ဒီနေ့ကသူနဲ့မွန်းရဲ့နောက်ဆုံးအချိန်တွေပဲ။
ထိုဆုံးဖြတ်ချက်နှင့်အတူ
"ဟင်!"
အသံနုနုလေးနှင့်ပြန်ထူးလိုက်သည်။
"၅နာရီခွဲနေပြီ Baby ရဲ့ ကိုယ်တို့အတွက် အချိန်တွေကတန်ဖိုးရှိတယ် သွားရအောင်"
"အွန်း "
အတ္တက သူမလက်လေးကို ဆွဲကိုင်ထူပြီး အခန်းထဲမှ ထွက်၍ လှေကားမှအသာအယာဆင်းလာခဲ့ကြသည်။
ကားထဲ၀င်ရန်ကစ တံခါးကိုအလိုက်သိ ဖွင့်ပေးနေတဲ့သူဟာ ကားကိုလက်တစ်ဖက်တည်းနဲ့မောင်းပြီး တစ်လမ်းလုံး မွန်းလက်ကိုမလွှတ်ပဲ ဆုတ်ကိုင်ထားသည်မှာ ချွေးတွေပင်ထွက်နေပြီဖြစ်သည်။ တစ်ချက်တစ်ချက် မွန်းရဲ့လက်ကလေးယူပြီး သူ့နှုတ်ခမ်းများဖြင့်ဖိကပ်နမ်းသေးသည်။
"ကို ဘယ်ကိုသွားနေတာလဲ"
မွန်းသည် ကားထဲမှာတိတ်ဆိတ်နေသောကြောင့် သူမဘက်ကစပြီးမေးလိုက်သည်။
"ကိုယ်နဲ့ မင်း နဲ့ ဒီမြို့ထဲမှာ လျောက်မလည်ဖူးဘူးလေ ကိုယ်တို့ရဲ့First Dateက Paris မှာ မဟုတ်လား "
"မြို့ထဲ? အင်းပါ ကို့ သဘော "
ကားမောင်းနေတဲ့သူ့ရဲ့ဘေးတိုက်မြင်ကွင်းဟာ အတော်ကလေးပင်ကြည့်ကောင်းနေသည်။
မေးရိုးပုံံစံစနစ်ကျတာ နှာခေါင်းကအင်္ဂလိပ်နိုင်ငံသားတစ်ယောက်လိုဆင်းပြီးချွန်နေတာ ပြီးတော့ မွန်းမကြာခဏဖက်တွယ်ဖူးတဲ့ သူ့ရဲ့သွေးကြောစိမ်းတွေယှက်ဖြာနေတဲ့ လည်တိုင်ဖြူဖြူဖွေးဖွေး၊ ဘယ်လိုကြည့်ကြည့်ချောမောနိုင်လွန်းတဲ့သူက မငြီးငွေ့နိုင်အောင် ကျွန်မကိုဆွဲဆောင်နိုင်လွန်းသည်။
သူ့ဆီကနေပင်မျက်လုံးများမခွာနိုင်လောက်အောင် ဘယ်လောက်ကြည့်ကြည့်မရိုးတဲ့ချောမောမှုမျိုးကိုပိုင်ဆိုင်ထားသော အတ္တလွန်ပင်ဖြစ်ပါသည်။
သူကိုမျက်လုံးများမလွှဲတမ်းကြည့်နေခဲ့တာကိုလည်း သူသတိထားမိဟန်တူပါသည်။ Supermarket တစ်ခုရဲ့ရှေ့မှာ ကားကိုရပ်လိုက်ပြီး မွန်းဘက်သို့မျက်နှာလှည့်လာ၍
"Baby ကို မင်းကို တစ်ခုခု၀ယ်ပေးချင်တယ်!"
"ဟင် တော်ပါပြီ ကို ရယ် မွန်း မလိုချင်ဘူး "
"ဘာဖြစ်လို့လဲ "
"ဟင့်အင်း ကို ပြောတော့ အချိန်တွေက တန်ဖိုးရှိတယ်ဆို ပစ္စည်းရွေးရင်း ဖြုန်းပစ်မလို့လား "
ကိုယ်ဟာ သူမအတွက်အမှတ်တရပစ္စည်းလေးတစ်ခုခုဝယ်ပေးချင်တာဖြစ်ပါသော်လည်း သူမပြောတာလည်းမှန်နေပြန်သည်။ အမှတ်တရများကိုကိုယ်တိုင်ဖန်တီးတာပဲ ကောင်းလိမ့်မည်ဆိုသော အတွေးကခေါင်းထဲသို့ဝင်လာပြီး ခေါင်းညိတ်လိုက်ကာ
"ဒါဆို Baby ဘယ်သွားချင်လဲ?"
မွန်းက မျက်လုံးလေးထောင့်ကပ်ကာစဉ်းစားပြီး ခေါင်းရမ်းပြသည်။ အတ္တလည်း နှဖူးကိုလက်ဖြင့်ထောက်ရင်း
"ဒီနေ့ကျမှ ကိုယ်လည်း ဘာလုပ်လို့ ဘယ်သွားရမှန်းကိုမသိတော့ဘူး "
၀မ်းနည်းစွာ ပြောလာတယ်ဆိုတာ သူ့မျက်လုံးများနှင့်သူ့အသံကသိသာနေသည်။
"အိမ်မှာပဲ Dateရအောင်!"
မွန်းရဲ့ စကားကြောင့် အတ္တက သူမကိုလှည့်ကြည့်ပြီး
"အိမ်မှာ?"
ဟု မသေချာသလို ထပ်မေးသည်။ မွန်းက ခေါင်း၂ချက်ညိတ်ပြီး ပြုံးပြကာ
"အပြင်မှာ အချိန်ဖြုန်းနေမယ့်အစားအေးအေးဆေးဆေး အိမ်မှာပဲ Dateကြရအောင် "
အခုလို ဉာဏ်ကောင်းနေပြန်တဲ့ ချစ်ရသောကောင်မလေးအား တစ်ချက်ပြုံးပြ၍ သူရှင်းပေးခဲ့တဲ့ဆံပင်တွေကိုအသာလေးဖွလိုက်ပြီး ကားကိုပြန်ခေါက်လာခဲ့သည်။
========
"အရင်ဆုံး ကို တို့ ဘာလုပ်ကြရင်ကောင်းမလဲ"
အိမ်ထဲ၀င်လျှင်၀င်ချင်း အတ္တက သူမကိုငုံ့မေးလိုက်သည်။
"ကို မွန်းချက်တဲ့လက်ရာ မစားဖူးဘူး မဟုတ်လား "
အတ္တက ခေါင်းညိတ်ပြီး
"အင်း "
ဟုဖြေလိုက်တဲ့အခါ သူမက
"အခု ပြောကြည့် ဘာစားချင်လဲ ကိုယ်တိုင်ချက်ကျွေးမယ် "
ဟုမျက်ခုံးကလေးပင့်ပြီးမေးတဲ့အခါ အတ္တက ရယ်သည်။
"ဟင် ဘာရယ်တာလဲ မချက်တတ်ဘူးထင်လို့လား "
ဟုသူ့ကို မျက်နှာလေးမော့ပြီးရန်တွေ့သလိုပြောလိုက်တဲ့အခါမှ သူမဟာ Chef သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ မင်းကိုလတ်မှ သူမကိုစားဖိုဆောင်မှာအလုပ်ပေးဖို့ခေါ်ခဲ့တဲ့အကြောင်းကိုသွားသတိရလိုက်သည်။
"မဟုတ်ပါဘူး ဘာစားရမလဲ စဉ်းစားနေတာ "
"ရယ်စရာလည်းမပါပဲနဲ့"
ကြက်ပေါက်စလေးလို နှုတ်ခမ်းလေးဆူလိုက်သည့်အခါ အတ္တက အမှတ်တမဲ့နဲ့ ဆူနေတဲ့နှုတ်ခမ်းကလေးကိုငုံ့နမ်းလိုက်သည်။
"Mwah!!"
"အသည်းယားလို့ "
ဆို၍ လန့်သွားသည့် သူမကို ရင်ခွင်ထဲဆွဲသိမ်းလိုက်သည်။
"ထမင်းကြော်!"
မွန်းက ရင်ခွင်ထဲကနေမော့ကြည့်ကာ
"ထမင်းကြော်?"
ဟုထူးဆန်းစွာပြန်မေးနေသည်။
အစားအသောက်အကောင်းစားတွေချည်းစားပြီး အိမ်ထမင်းအိမ်ဟင်းတောင် ကောင်းကောင်းမစားတဲ့ မာဖီးယားခေါင်းဆောင်ဟာ သူမကိုထမင်းကြော်ကျွေးဖို့လာပြောနေသဖြင့် သူမအနေနဲ့အနည်းဆုံး Steak လောက်တော့လုပ်ကျွေးခိုင်းမည်ဟုခန့်မှန်းထားတာဖြစ်သည်။
"အင်း အလွယ်ဆုံးလေ တခြားဟာတွေကအချိန်ပုတ်တယ် Baby လည်းပင်ပန်းတယ် အဲ့တာကြောင့် ထမင်းကြော်ပဲ"
"ပိုလိုက်တာ "
Advertisement
မွန်းက သူ့ကိုပုခုံးကနေဖက်ထားသော သူ့လက်ကို ဆွဲခေါ်ကာ ထမင်းစားခန်းထဲ၀င်လာခဲ့သည်။ ဒေါ်မေတင်နဲ့သက်သက်လည်း မွန်းဟာ ဒီနေ့ပြီးလျှင် ထွက်သွားတော့မည်ဆိုတာကို ရိပ်မိနေသဖြင့် ပြုံးရွှင်စွာအတူဝင်လာကြသော မွန်းနဲ့သူတို့ရဲ့သခင်လေးကို မျက်နှာမကောင်းစွာနှင့်ကြည့်နေကြသည်။
"မေတင် ဒီနေ့ မွန်း မီးဖိုခန်းခဏသုံးမယ် ဒီက မေတင်တို့ရဲ့သခင်လေးအတွက် ကိုယ်တိုင်ချက်ကျွေးချင်လို့ "
မွန်းက ဒေါ်မေတင်အားခွင့်တောင်းတဲ့အခါ
"ရပါတယ် မွန်းလေးရယ် မေတင် တို့ကူလုပ်ရမယ်ဆိုလည်းပြောလေ"
ဟု ဒေါ်မေတင်က ရေခဲသေတ္တာနားကနေမတ်တပ်ရပ်လျှက်ပြန်ပြောလိုက်တဲ့အခါ အတ္တက ထမင်းစား စားပွဲခုံကိုလက်ပိုက်ကာမှီလိုက်ပြီး
"ဒီနေ့တော့ ဒေါ်တင်တို့နားလိုက်ပါ အေးဆေးပေါ့ "
"ကောင်းပါပြီ သခင်လေး "
စကားအရှည်ကြီး မပြောတော့ပဲ ဒေါ်မေတင်က သက်သက်ကို အနောက်ခန်းထဲဆွဲခေါ်သွားသည်။
မွန်းက ဆံပင်ရှည်တွေကိုလည်းခပ်ဖွဖွသိမ်းစည်းလိုက်၍ ထမင်းစားကုလားထိုင်ပေါ်မှာတင်ထားတဲ့ Apron လေးကိုခါးမှာစည်းလိုက်ပြီး ထမင်းပေါင်းအိုးထဲမှ ထမင်းတွေကို ပန်းကန်ထဲပြောင်းထည့်လိုက်ရင်း
"ဘာလုပ်နေတာလဲ ကို က ဒီမှာ လာကူလေ "
ဟု သူမကိုလက်ပိုင်ပြီးဇိမ်နဲ့ကြည့်နေသော အတ္တအား သူမအနားကိုလာဖို့ခေါ်လိုက်သည်။ အတ္တသည် မွန်းရဲ့ဘေးမှာလာရပ်လိုက်တော့မွန်းသည် ရေခဲသေတ္တာထဲကနေထုတ်လာသော ပဲသီးနှင့်မုံလာထုပ်တွေကို ဆင်းနီတုံးပေါ်သို့တင်ပေးပြီး ဓားတစ်ချောင်း သူ့လက်ထဲသို့ထည့်ပေးလိုက်ကာ
"ရော့ ပဲသီး လှီးပေး!"
ဟု အမိန့်ပေးလိုက်သဖြင့် အတ္တကမွန်းကိုငုံ့ကြည့်ပြီး
"ဟင် ကို က လှီးရမယ်?"
မသေချာသလိုပြန်မေးတဲ့အခါ မွန်းက
"အွန့် ဟွန်း "
မျက်လုံးလေးပြူးပြီး ခေါင်း၂ချက်ညိတ်ပြလိုက်သည်။ မွန်းက ထမင်းများကိုချေရင်း ကြက်ဥနှင့် ခရမ်းချဥ်သီးတို့ကိုရေခဲ့သေတ္တာထဲမှသွားယူနေသည်။ အတ္တလည်း သူမ ခိုင်းသည့်အတိုင်း ပဲတောင့်ရှည်တွေကို ဓားဖြင့် မလှီးတတ် လှီးတတ် လှီးဖြတ်လေရာ တိုတာကတို ရှည်တာကရှည်နှင့်ညီညာခြင်းမရှိ။
မွန်းက ကြက်သွန်နီများကိုတတောက်တောက်လှီးလိုက်၍ မုံညှင်းများကိုလည်းသင်ပြီး ဒယ်အိုးထဲကိုဆီထည့်၍ အားလုံးသာအဆင်သင့်ပြင်ကာ ဆီပူအောင်စောင့်နေတဲ့အထိ အတ္တဟာ မုံလာထုပ်လှီးလို့မပြီးသေးပါ။
မုံလာထုပ်ကြီးတစ်ခုလုံးကို စက်ဝိုင်းခြမ်းဖြင့်တိုင်းထားတဲ့အတိုင်း ၄၅ဒီဂရီစီလှီးထားပြီး တစ်ခုချင်းကို တို့တိတို့တိနဲ့လှီးနေသည်အား မွန်းက ဘေးကနေလာရပ်ကြည့်ကာ
"ဟာ...မုံလာထုပ်ကို ဒီလိုလှီးရမယ်လို့ဘယ်သူက
ပြောလို့လဲ ပဲသီးတွေကညီလည်းမညီဘူး တိုလိုက်ရှည်လိုက်နဲ့ ဒါလေးတောင်မလုပ်တတ်ဘူးလား "
ဟု သူ့ကိုဆူညံဆူညံလုပ်ကာ သူ့လက်ထဲက ဓားကိုဆွဲယူပြီး ကိုယ်တိုင်ပင် ခပ်သွက်သွက်လှီးဖြတ်လိုက်သည်။
ထို့နောက် ဆီဒယ်အိုးကိုလှည့်ကြည့်ကာ ထမင်းတွေချေထည့်လိုက် အသီးအရွက် ကြက်ဥ တို့နှင့် စုံလင်စွာ။
"ကို ဓားရောကိုင်တတ်ရဲ့လား ဖျင်းလိုက်တာ!"
အတ္တက ဒယ်အိုးထဲသို့ ဇွန်းဖြင့်မွှေနေသည့် သူမကို ခါးလေးကသိမ်းဖက်လိုက်ရာ မွန်းမှာကိုယ်လေးကျုံ့သွားရသည်။
"ဘာ လုပ်တာလဲ သူများ အလုပ်လုပ်နေတာကို!"
ဆံပင်တွေကို ကပိုကရိုသိမ်းစည်းထားသည့် လည်ပင်းလေးအား ဖိနမ်းလိုက်ပြီး
"သေနက်ကိုင်တဲ့လက်က ဟင်းချက်တဲ့နေရာမှာသုံးလို့ရပါ့မလား ကိုယ် တကယ် မလုပ်တတ်ဘူး Babyရဲ့"
သူတကယ်မလုပ်တတ်ဘူးဆိုတာဝန်ခံတော့လည်း မွန်းသူ့ကိုဆူလိုက်တာလွန်သွားသလားဟုတွေးမိသည်။
"လွှတ်ဦး ဒီမှာ တူးသွားလိမ့်မယ် အောက်ချရအောင်!"
မွန်းက အတ္တရဲ့ဗိုက်ကိုတံတောင်နဲ့ထိုးကာ လွှတ်ဖို့ပြောလာတော့လည်း သူကတော့မလွှတ်ပေးပါ။
"ဒီတိုင်းလည်း ရတာပဲ မလွှတ်ချင်ဘူး"
မွန်းလည်း ဒယ်အိုးကို မီးဖိုပေါ်မှ ချလိုက်ပြီး
"ကျစ် တကယ် ပြောရခက်လိုက်တာ...."
ပြောပြောဆိုဆိုပန်းကန်ယူရန်နောက်သို့အလှည့်မှာ
အမိအရ ဖမ်းနမ်းခံလိုက်ရတဲ့ နှုတ်ခမ်းတစ်စုံ။
တစ်ဖက်က ပန်းကန်ပြား တစ်ဖက်က ဇွန်းကိုင်ထားသည့် သူမလည်း လက်တွေလေပေါ်မှာ ရပ်တန့်သွားသကဲ့သို့ သူက နှုတ်ခမ်းတွေကို တစ်ချက်ချင်းစုပ်ယူရင်း အရှေ့တိုးတိုးလာရာ မွန်းမှာ အနောက်မှ မီးဖိုရှိသည့် ကြွေခုံနှင့်၀င်တိုက်၍
ဒုန်း ခွမ်း ချလွင်...
နောက်ကအိုးခွက်များပြုတ်ကျတဲ့အသံကြောင့်
မွန်းလည်း သူ့ဆီကနေတွန့်လူးရုန်းထွက်ကာ အောက်သို့ငုံ့ကြည့်လိုက်ပြီး ဒန်အိုးအလွတ်နှင့် ဇွန်းတွေကြောင့် ရယ်လိုက်မိသည်။ အတ္တလည်း သူ့ကိုမျက်စောင်းကလေးချီလာတဲ့သူမကို သွားဖွေးဖွေးလေးတွေတန်းနေအောင် ရယ်ပြလိုက်သည်။
မွန်းက ဒယ်အိုးထဲမှထမင်းကြော်ကို ပန်းကန်ထဲပြောင်းထည့်ပြီး
"ဘာမှန်းမသိဘူး တော်သေးတယ် ထမင်းကြော်အိုးသာပြုတ်ကျရင်တော့ ငတ်ပြီပဲ"
အတ္တလည်း စားပွဲမှာ ငြိမ်ငြိမ်ထိုင်နေလိုက်၍ သူ့အတွက်ထည့်လာပေးမယ့် သူမလက်ရာထမင်းကြော်ကိုစောင့်မျှော်နေသည်။ သူမက ပန်းကန်ပြားဖြူဖြူထဲမှာ သူမကိုယ်တိုင် စားချင်စဖွယ်ကောင်းအောင်ပြင်ဆင်ပြီးအတ္တရဲ့ရှေ့သို့လာချပေးသည်။
"မွှေးလိုက်တာ!"
မွန်းက သူ့ဘေးမှာ လာထိုင်ကာ
"မြည်းကြည့် မွန်း လက်ရာစားကောင်းလား "
အတ္တက ဇွန်းကိုကောက်ကိုင်ကာ တစ်ဇွန်းကော်၍ ပါးစပ်ထဲထည့်လိုက်ပြီး မျက်နှာတစ်ခုလုံးရှုံ့မဲ့သွားသည်။
"ဟင် ဘာဖြစ်လို့လဲ မကောင်းဘူးလား "
မွန်းဟာ သူ့မျက်နှာကိုကြည့်ပြီး စိတ်ပူသွားရသည်။
အတ္တက ဘာမှမပြောပဲခေါင်းရမ်းပြသည့်အခါ မွန်းလည်း သူ့ကို မျက်စောင်းတစ်ချက်ဒိုင်းကနဲပစ်ကာ
"မကောင်းရင် မစားနဲ့ ၂ပန်ကန်လုံး ကိုယ့်ဟာကိုယ်စားမယ် "
ဟု သူ့ရှေ့ကပန်းကန်ကို ဆွဲယူသည့်အခါ
အတ္တက ပြုံးပြရင်း ပြန်လု၍
"မကောင်းဘူးလို့ ပြောလို့လား ကောင်းလွန်းလို့ လျှာလည်သွားတာ "
"အဲ့တာဆို ခုနကမျက်နှာက ဘာဖြစ်တာလဲ"
"နောက်တာလေ "
"အတည်ပေါက်ကြီးနဲ့ ဒီကစိတ်ကောက်တော့မလို့ "
"Baby ကလည်း တကယ်ကောင်းပါတယ် ကိုယ်ကထမင်းကြော်မစားတာ မသိဘူးလား "
"ဟင် အဲ့တာဆို ဘာလို့ ကြော်ခိုင်းလဲ"
"ကိုယ်ဘယ်တုန်းကမှမစားဖူးတာကို မင်းလက်ရာအနေနဲ့ပထမဆုံးစားဖူးချင်လို့ "
"တတ်လည်းတတ်နိုင်ပါတယ်"
မွန်းက ခပ်ပြုံးပြုံးနှင့် သူ့ကိုနှာခေါင်းကလေးရှုံ့ပြလိုက်သည်။ အတ္တသည် ရုတ်တရက်မျက်နှာတည်သွားပြီး
Advertisement
"ကိုယ့်အိပ်မက်က နေ့တိုင်း ဒီလို မင်းချက်ကျွေးတာတွေစားပြီ ဖြတ်သန်းသွားချင်တာ "
ထိုကဲ့သို့ တစ်ခါမှမပြောဖူးတဲ့သူ့အိပ်မက်စိတ်ကူးတွေအကြောင်းထည့်ပြောလာတဲ့အခါမှာ မွန်းသည် သူ့ကိုမျက်လုံးဝိုင်းလေးနှင့်ငေးနေရသည်။
"ဒါပေမဲ့ ဒါက ပထမဆုံးနဲ့နောက်ဆုံး မင်းချက်ကျွေးတာစားရတာပဲ "
အသက်မပါတဲ့အပြုံးနဲ့ မွန်းကိုပြုံးပြနေသည့်သူ့ကို ဆက်မငေးကြည့်နိုင်တော့ဘဲ မျက်နှာလည်း ငုံ့ကျသွားကာ ဇွန်းကို ပန်းကန်ထဲသို့ပြန်ထည့်လိုက်၏။
"အဟင်း "
အတ္တက မျက်နှာထားကိုပြင်ကာ
"အချိန်တွေကတန်ဖိုးရှိတယ် Baby ဒီလိုကြီးမှိုင်မနေပဲ ပျော်ပျော်နေရအောင်"
မွန်းရဲ့ လက်ကို လက်ကိုင်တဲ့ သူ့ကိုမော့ကြည့်ပြီး
"အိမ်ရှေ့က အဖြူရောင်ခုံကလေးမှာသွားထိုင်ကြမလား "
အတ္တက ခေါင်းညိတ်ကာ သူမနှင့်အတူ ခြံ၀န်းထဲထွက်လာခဲ့သည်။ သူမ သိပ်နှစ်သက်တဲ့ ဒီခုံလေးကို သူကိုယ်တိုင်လည်း နှစ်သက်လာမိသည်။
ခြေချိတ်ပြီးထိုင်နေသော အတ္တရဲ့ ပုခုံးမှာသူမကခေါင်းကလေးမှီလာရင်း
"ကို !"
ဟုခပ်တိုးတိုးလေးခေါ်လိုက်တဲ့အခါ အတ္တသည်သူမရဲ့ခေါင်းလေးပေါ်မှသူ့ပါးနဲ့ကပ်ပြီး
"ဟင်!"
"ဒီနေ့ ကောင်းကင်ကြီးကသိပ်သာယာတယ်နော် "
သူမက ကောင်းကင်ပြာမှာ ရစ်သိုင်းနေသောတိမ်တွေကိုလက်ညှိုးထိုးပြီးပြောသည်။
"ဟိုး... မှာမြင်လား တိမ်တွေက အသဲပုံလေး၂ခုဖြစ်နေတယ် အဲ့တာ ကိုနဲ့မွန်းတဲ့"
အတ္တက သူမညွှန်ပြသည့်နေရာကိုကြည့်ပြီး
"အင်း ကိုယ် ကတိမ်တွေကိုပုံမဖော်တတ်ဘူး အခုတော့ မင်းကြောင့် ပုံပေါ်အောင်ကြည့်နေရတယ် "
၂ယောက်တည်း ထိုခုံမှာ မှေးစက်နေကြသည်မှာ မည်မျှကြာသွားသည်မသိ အတ္တ နာရီကိုငုံ့ကြည့်ကာ
"၂နာရီတောင်ထိုးသွားပြီ baby ဒီအတိုင်းပဲ နေမလို့လား "
မွန်းက ခေါင်းထောင်လာပြီး
"၂နာရီ?"
"အင်း ကိုယ့်ကိုဘာလုပ်ခိုင်းဦးမလဲ Baby ဘာလိုချင်သေးလဲ"
မွန်းကသူ့လက်ကို ဆွဲကာ
"အပေါ်သွားမယ် "
ဟူ၍ အိမ်အပေါ်ထပ်သို့ခေါ်လာပြန်သည်။
"ဘာလုပ်မလို့လဲ "
"Pianoအတူတူတီးမယ် "
"ကိုယ် မတီးတတ်ဘူး Baby ရဲ့"
"မွန်း နဲ့အတူတူတီးပါမယ်ဆို "
မွန်းက အတ္တကို ခုံမှာထိုင်စေပြီး သူမကဘေးကနေ၀င်ထိုင်လိုက်သည်။
" ဒါနဲ့ ဒီ Piano ကို အရင်ကဘယ်သူတီးတာလဲဟင်"
"ကိုသီဟလေ...အစ်ကိုတီးတာ ဘာလို့လဲ"
"ကိုကမတီးတတ်ဘူးဆိုပြီး Pianoကြီးရှိနေတော့ ဘယ်သူတီးလဲသိချင်လို့ "
မွန်းရဲ့ လက်ကလေးတွေက Pianoပေါ်မှာပြေးလွှားဆော့ကစားလိုက်ပြီးမှ အတ္တရဲ့လက်တွေကို ယူပြီး
တီးနေကျ A thousand years သီချင်းကို အတ္တလက်တွေကိုအပေါ်ကနေထက်၍ တီးခိုင်းသည်။
"Baby မင်း ဒီတစ်ပုဒ်ပဲတီးတတ်တာလား"
မွန်းက ပြုံးရင်း
"ဟုတ်တယ် "
အတ္တက စနောက်တဲ့သဘောနဲ့မေးလိုက်သော်လည်း မွန်းက အတည်ပေါက်ကြီးနဲ့ဖြေနေတော့ အတ္တက အံ့သြသွားရသည်။
"ဟင်!"
"မွန်းက Piano စသင်တဲ့အချိန်တုန်းက Twlight ဇာတ်ကား အရမ်းခေတ်စားတာလေ မွန်းကလည်းအဲ့ဒီဇာတ်ကားကိုအရမ်းကြိုက်တော့ အဲ့ဒီထဲကဇာတ်၀င်သီချင်း a thousand years ကို အလွတ်ကျက်ပြီး ဆရာ့ကိုအဲ့တစ်ပုဒ်ထဲကွက်သင်ခိုင်းတယ် "
"Baby မင်းကွာ "
အတ္တက သူမပြောပြတာကို ရယ်လိုက်တော့ မွန်းက သူမအဖြစ်ကိုသူမပြန်တွေးကြည့်ပြီး ပြုံးစိစိလုပ်နေသည်။
ဒင် ...ဒေါင်....
နှစ်ယောက်အတူ တီးသည့်အခါ သူမတစ်ယောက်တည်း တီးသလို သံစဉ်လှလှလေးတွေထွက်မလာတော့ပါ။
"တော်ပါပြီ Babyရာ ကိုယ် တကယ်မတီးတတ်ဘူး "
အတ္တက သူမလက်အောက်က သူ့လက်ချောင်းရှည်ရှည်တွေကို ဆွဲထုတ်လိုက်သည်။ သူမက လှည့်ကြည့်တော့ မျက်နှာပေါ်ကဆံပင်လေးတွေကို သပ်တင်ပေးကာ မျက်နှာဖြူဖြူသွယ်သွယ်ကလေးအား ကြည့်မ၀သည့်အလား။ ပြည့်ပြည့်ဖူးဖူး နှုတ်ခမ်း၂လွှာကိုမြင်ရင် ထိန်းချုပ်နိုင်စွမ်းလျော့နည်းဆဲ။
နီးကပ်လာသည့် အတ္တကို
"ကို!"
ဟု ခေါ်လိုက်တဲ့အခါ အတ္တက နောက်ပြန်မဆုတ်ပဲ
"ကိုယ့်ကို ဘာလုပ်စေချင်လဲ"
ဟု မေးလိုက်သည်။
မွန်းက ခုံမှထကာ အတ္တရှေ့တည့်တည့်မှာ လာရပ်၍
"ဂီတာ တီးပြ "
အတ္တကသူမရဲ့လက်နှစ်ဖက်ကို လှမ်းယူကာ
"ဂီတာ? "
"အင်း ကို Parisမှာ တီးပြသလို အခုလည်းတီးပြ"
အတ္တက ခုံမှထလိုက်၍ သူ့အခန်းထဲသို့ခေါ်သွားရင်း
"ဂီတာက မတီးကြာပြီBabyရဲ့ အဲ့ဒီတော့ ကောင်းသေးရဲ့လားမသိဘူး"
ပြောပြောဆိုဆို သူမပုံတွေနဲ့ပြ ည့်နှက်နေသည့်အခန်းထဲက ဗီရိုတစ်ခုကိုဖွင့်ကာ ကြိုးတွေလျော့ထားသည့် ဂီတာတစ်လတ်ကိုထုတ်လာခဲ့၏။
မွန်းက အတ္တရဲ့မွေ့ယာပေါ်မှာ ထိုင်ရင်းမျက်နှာချင်းဆိုင်က သူမရဲ့pianoတီးနေသောပုံကြီးကိုငေးနေသည်။
"ခဏနော် ကြိုးပြန်ညှိရဦးမယ် "
အတ္တက မှန်ပြတင်းနားမှ ဆိုဖာခုံတွင်ထိုင်ရင်း
ဂီတာကိုပေါင်ပေါ်တွင်တင်ကာ တဒင်ဒင်တဒေါင်ဒေါင်နဲ့ ကြိုးညှိလေသည်။
ဂီတာအိုးပေါ်က သူ့ရဲ့သွေးကြောအချို့ထောင်လျှက်ရှိသောလက်ဖျံများမှစ၍ Cord တွေကိုဖိထားသည့် ဘယ်ဘက်လက်ထိပ်ကလေးတွေအပြင် ကြိုးတွေပေါ်မှာလှုပ်ရှားနေသည့် ရှည်သွယ်နေသောလက်ချောင်းတွေအထိ သူမက အတ္တရှေ့တည့်တည့်သို့လာထိုင်ပြီး အတ္တရဲ့လှုပ်ရှားမှုတိုင်းကိုမျက်တောင်မခက်တမ်းကြည့်နေမိသည်။
"ကိုယ်က အဲ့သလောက်ချောလား "
သူက ဂီတာ ကြိုးပေါ်မှာလက်ခပ်လိုက်ရင်းမေးလိုက်တော့ မွန်းက ရှက်သွားကာ
"မွန်း မကြည့်ဘူးနော် "
ဟုပြောပြီး မျက်လုံးများလွှဲလိုက်သည်။
"ကြည့်တယ်လို့ပြောလို့လား ချောလားလို့မေးတာလေကွာ"
မွန်း နှုတ်ခမ်းလေးကပြုံးစိစိနှင့်
"မသိဘူး တီးပြလို့ရပြီလား"
"အင်း အသံထွက်က Parisမှာလောက်တော့ကောင်းမယ်မထင်ဘူး ဒီ ဂီတာကဟောင်းနေပြီမို့လို့"
"တီးပြရင်ပဲကျေနပ်ပါပြီ"
အတ္တက ပြုံးလိုက်ကရင်း
"မင်းနဲ့ကိုယ်နဲ့အတွက် ခံစားချက်နဲ့တိုက်ဆိုင်မယ့်သီချင်းတစ်ပုဒ်ဆိုပြမယ် "
"တကယ်?"
"အင်း Baby နားထောင်ကြည့် "
အတ္တက သံစဉ်တွေထွက်ပေါ်လာအောင် တီးခက်ရင်း Intro၀င်လိုက်ရာ သီချင်းသည် ဘန်နီဖြိုးရဲ့လေထဲကအိမ် ဟူသောသီချင်းပင်ဖြစ်သည်။ မွန်းနားစိုက်ထောင်ရင်း သူမနှစ်သက်သည့် သူ့ရဲ့ ခပ်ရှရှအသံ။
🎼🎼🎸🎸
သီချင်းတစ်ပိုဒ်ပြီးလို့နားသည့်အချိန်မှာ သူမမျက်၀န်းထဲကမျက်ရည်စများကိုတွေ့ရပြီး
အတ္တရဲ့ မျက်လုံးတွေတောင်အရောင်တောက်နေခဲ့ပြီဖြစ်သည်။ အတ္တသည် အသက်မပါပဲပြုံးပြရင်း
သီချင်းကိုဆက်ဆိုခဲ့ပါသည်။
မွန်းသည် ရုတ်တရက် မတ်တပ်ရပ်လာပြီး
အတ္တ ကိုအတင်းအကြပ်လာဖက်သည်။
"ဟင့် အဟင့် တော်ပါတော့ ကိုရယ် တော်ပါတော့ ဆက်မဆိုပါနဲ့တော့"
သူမမျက်ရည်တွေက အတ္တ ပုခုံးပေါ်တွင်စိုစွတ်စွာထိတွေ့နေပြီးအတ္တလည်း သူတို့၂ယောက်ကြားက ဂီတာကို အောက်သို့ချလိုက်ပြီး သူမကျောလေးကို တင်းကြပ်စွာပြန်ဖက်ကာ သူကိုယ်တိုင်ပင် တင်းမထားနိုင်စွာ မျက်ရည်များပြည့်ဝေ့ဝဲလာရသည်။
"အဟင့် ကို မွန်းကိုဒီသီချင်းနဲ့နှုတ်ဆက်လိုက်တာပေါ့လေ ဟုတ်လား "
"မင်းမရှိတဲ့အချိန်မှာ ဒီသီချင်းကို ကိုယ်ခဏခဏနားထောင်ဖြစ်လိမ့်မယ်ထင်တယ် "
အတ္တသည် သူမကို ဖက်ထားရာမှ ခွာလိုက်ပြီး
မှောင်ရည်ပျိုးစ ၆နာရီခွဲ၀န်းကျင်ကောင်းကင်ကိုကြည့်ရန် မှန်ပြတင်းနားသို့ ခေါ်လာခဲ့သည်။
သူမကို အနောက်မှ သိုင်းဖက်ထားပြီး
"အချိန်တွေကလည်းကုန်လွယ်လိုက်တာကွာ မင်းကိုလွှတ်ပေးရမယ့်အချိန်တောင်ရောက်လာပြီ "
အတ္တက မျက်ရည်တွေကိုသူမပုခုံးကအင်္ကျီစနှင့်ပွတ်ပစ်လိုက်ပြီး
"ဖြစ်နိုင်ရင် ဒီနားမှာပဲ အချိန်တွေကိုရပ်တန့်ထားလိုက်ချင်တယ် Babyရာ "
မွန်းလည်းသူ့လက်တွေကိုဖိကိုင်ပြီး မျက်ရည်စက်တို့ကတစ်စက်တစ်စက်ကျနေရ၍
"အခုမင်းကိုသွားခွင့်ပေးပါတယ် မင်းကိုလွှတ်ပေးလိုက်ပြီ တစ်ချိန်က သိပ်အတ္တကြီးပြီး မင်းခံစားချက်ကိုထည့်မတွက်ပဲ ချုပ်နှောင်ထားတဲ့ကိုယ်ကမင်းကို ဆက်မဆွဲထားပဲ အခုလွှတ်ပေးလိုက်ပြီ
မင်း ဆန္ဒရှိရင် မင်းလိုအပ်တယ်ဆိုရင် ကိုယ့်ရင်ခွင်ကိုအချိန်မရွေးပြန်လာခဲ့ပါ ကိုယ့်ရင်ခွင်က မင်းအတွက်ဆို အမြဲတမ်းဖွင့်ထားတယ်
ဒါပေမဲ့ ပြန်လာပြီးရင် ပြန်ထွက်သွားလို့မရဘူးဆိုတာ သိထားပါ ကိုယ်အပိုင်သိမ်းတော့မှာမို့ နောက်တစ်ခုက ကိုယ့်ကိုမလွမ်းချင်နေပါ ကိုယ်မင်းကို ရူးရူးမူးမူးနဲ့သိပ်ချစ်တာကိုတော့ အမြဲသတိရနေပေး!"
သူမက အတ္တနဲ့မျက်နှာချင်းဆိုင်လှည့်လာရာ၌
အတ္တက စွေ့ကနဲပွေ့ကာ ပြတင်းပေါက်ဘောင်ပေါ်တင်လိုက်ပြီး
"Last Kiss Baby!"
သူမနှုတ်ခမ်းဖူးဖူးလေးတွေကို တစ်လွှာချင်းစုပ်ယူနမ်းရှိုက်သည့်အခါ သူမလည်းသူ့လည်တိုင်အားပြန်ဖက်တွယ်ရင်း တုန့်ပြန်အနမ်းများဖန်တီးသည်။
နှစ်ဦးစလုံး၏ မျက်ရည်တွေကြောင့် အနမ်းအချို့ကငံကျိကျိဖြစ်နေရကိုပင်မမှုနိုင်ဘဲ တစ်ယောက်နှုတ်ခမ်းကိုတစ်ယောက်စုပ်နမ်းရင်း အချိန်တွေကြာသွားခဲ့ပြီ ဖြစ်သော်လည်း ၂ယောက်စလုံး ဒီအနမ်းများကိုမရပ်နိုင်ခဲ့ကြသလို နောက်ဆုတ်ဖို့လည်းအင်အားမရှိပါ။
ခပ်ပြင်းပြင်းအနမ်းတွေဖန်တီးဖြစ်ခဲ့ကြ၍ တစ်ယောက်နဲ့တစ်ယောက် မလွှတ်တမ်းဖက်တွယ်နမ်းရှိုက်ရင်း မောဟိုက်စွာနှင့် အတူတူရပ်တန့်လိုက်ကြကာ အသက်ရှုသံခပ်ပြင်းပြင်းတွေကြားက
"Good bye Baby!"
မွန်းရဲ့ မျက်ရည်တစ်စက်က သူ့နာရီအပေါ်ပေါက်ကနဲကျရင်း ပါးစပ်ကိုလက်ဖဝါးနှင့်အုပ်ကာ ထိုပြတင်းပေါက်ဘောင်ပေါ်ကနေဆင်းပြီး အခန်းထဲမှာပြေးထွက်သွားသည်။
အတ္တက ဝေ့၀ဲစီးကျလာသည့်မျက်ရည်တို့ကို မသုတ်မိဘဲ မျက်လုံးတွေမှိတ်ချလိုက်ပြီး ရင်ဘက်ထဲမှာ ဘာမှမရှိတော့သလိုမျိုး ဟာသွား၍ လမ်းတစ်ခုရဲ့အဆုံးကိုရောက်သွားသလိုမျိုးခံစားနေရသည်။
"အင့်!"
ရုတ်တရက် ရင်ခွင်ထဲသို့အင့်ခနဲ၀င်လာပြီးခါးကိုတင်းကြပ်စွာဖက်လာသည့်သူမကြောင့်
"Baby!"
"ဟင့် ဟင့် နှုတ်မဆက်လိုက်ရလို့ပါ ကို မွန်းသွားတော့မယ်!"
မွန်းက အတ္တရင်ဘက် နှလုံးသားရှိရာကို နှုတ်ခမ်းလေးဖြင့်ဖိကပ် အနမ်းခြွေလိုက်သည်။
အတ္တသည် သူမကိုပြန်ဖက်ထားခြင်းမရှိခဲ့ဘဲ
"မင်း သွားမယ်ဆို စိတ်ချလိုက်ချသွားလိုက်ပါBaby
ကိုယ့်ကို မင်းထားခဲ့တာမဟုတ်ဘူး မင်းကို ကိုယ်လွှတ်ပေးလိုက်တာ အဲ့တာကို မှတ်ထားပါ "
အတ္တလွန်ဆိုတဲ့အတိုင်း အဆုံးသတ်မှာတောင် အတ္တဆန်ဆန် ပြောလိုက်တဲ့ထိုစကားကို သူမဟာ အပြစ်မယူဘဲ ရင်ခွင်ထဲကထွက်၍ ခေါင်းညိတ်ထောက်ခံလိုက်ပြီး
Advertisement
- In Serial51 Chapters
Toxic Marriage
"You won't expect love from me and will please me whenever, wherever I want."***Passionate bonds linger in their relation which are ignorant to both. The strings that pulled them close to each other whenever they tried to isolate.They were different, he knows she was his since her birth but she didn't. Even knowing that he began to hate love and turn their bond, which can be the eternal source of gratification into a dusty tomb. Because someone, who isn't meant for him, cheated on him.What will happen when Christian Elvis, a person with a golden heart tainted black marries Sophie Skye, a normal girl just to fulfill his lust and a promise he made to someone dear to him and turn their marriage which can become salvation into nothing but a mere show of concupiscence?
8 146 - In Serial12 Chapters
Gravitate - Liam Stewart
The Darkest Minds love story for Liam Stewart , based off the movie.Emma is ready to be free from the camps, from the League and most importantly anyone who is going to use her for her powers. 'I'm not here to help them, I need to get away from them.' - Emma 'You are safe with us. We won't use you.' - Liam 'I hated it. I hated myself. I was 15 I shouldn't know how to kill someone wearing bullet-proof vests!' - Emma'You know I don't get you.' - LiamHIGHEST RANKS:#3 Liam Stewart#14 Telekinesis#65 Lily Collins#171 Powers#171 Blue#423 Powers#1 Chubs
8 91 - In Serial46 Chapters
His Cheetah | Soulmate/Hybrid | Jimin x Reader✔
At last, it was your turn to meet Jimin. The double heartbeats of your nearing soulmate was pounding harder than ever. You then moved your legs and stood in front of the man. You tried to keep your fangirling inside of your head and avoided eye contact with him. "Don't be afraid," he softly said. You take a big deep breath and slowly lift your head. The moment your eyes meet his gaze, an unimaginable feeling rushed in like a tidal wave. The feeling was so incredible, nothing how you would have ever thought it would've. Your breath catches in your throat. Your heartbeat exceeds its normal amount. The only thing you can do is stare; Jimin the exact same way. And at that moment, you smelled something you would have never noticed before. . . Park Jimin is a hybrid.*** In which Y/N L/N is a Cheetah hybrid and meets her soulmate Park Jimin at a fan meet.***Started: April 25, 2020Ended: August 29, 2020***#1 in 박지민 out of 256 stories.#1 in 지민 out of 271 stories. (OMG)#1 in j-hope out of 10K stories. (AHH)#1 in PARKJIMIN out of 41.5K stories. (HOLY SHIIIIIIIIIIIIT plz pardon my French)#1 in 방탄소년단 out of 3.2K stories.#1 in RM out of 27.6K stories.#1 in fanfiction out of ONE POINT FOUR MILLION stories. (WHAT THE ACTUAL FLYING F WORD GUYS AHHHHHHHHH!!!!!)#1 in fanfic out of ONE MILLION stories.#1 in Bangtan out of 61.2K stories. (AAAAAAAAACK)#1 in jungkook out of 190K stories. (EEEEEK)#2 in namjoon out of 69.3K stories. (YAYYYYY)#1 in hybrid out of 14.1K stories. (REEEEEEE)#2 in bangtansonyeondan out of 292K stories. (🤯)#2 in bts out of 292K stories. (🤯🤯)#2 in bangtanboys out of 292K stories. (🤯🤯🤯)#1 in soulmate out of 15.3K stories. (😮)#1 in Jimin out of 130K stories. (AHHHH)***Cover by @KimGits
8 124 - In Serial42 Chapters
s n o w f l a k e || pantalone x reader
"Do you promise you will never leave my side...?""Of course, My darling snowflake."___❗REMINDER❗"I don't know the real real name of Pantalone, so for this story we are going to continue calling him that. (Even if I discovered his real name, this will continue like this), Another reminder I don't know his full origin like how he really acts and all. Hopefully you don't mind my dear readers!" -Hell❗No Lemon❗
8 229 - In Serial22 Chapters
This Is Me
George loved dresses, they loved how they flowed so elegantly in the slightest of breezes, how beautiful dresses looked when George stood admiring them in front of a mirror for hours, looking at every stitch and every sequin. Clay on the other hand, despite having two dads was homophobic, he despised his dads and how they held one another in each other's arms. But that was all a mask only he didn't dare to admit it. After all the rough times he had gone through, he was not longer the one who was bullied. He was the bully. It was for sure that George wasn't going to be able to keep wearing dresses in secret forever, it was only a matter of time until people found out, but how would everyone respond? More importantly, how would Clay their best friend respond?TW's:-Homo(trans)phobia (F-slur)-Panic attack (just one)-Bullying-Abuse
8 209 - In Serial59 Chapters
Right Hook (Gaslight series)
When rich girl Alyssa grows tired of the high-life, she joins a boxing gym for delinquents, where she must fight her feelings for one of the members or risk ruining her family's reputation. ****Eighteen-year-old Alyssa Class is known as the rich bitch, the girl with the perfect life-except her life is anything but perfect.Max O'Connor knows first-hand what it's like to have nothing, which is why he's intent on becoming a boxer-if he can avoid distractions. But when Alyssa joins a gym for delinquents, their worlds soon collide and sparks-and fists-start to fly. With controlling parents on her case and her dad's business on the line, will the pair fight for family or love?*This is a Gaslight spin-off. It will feature some familiar characters but is a standalone book and can be read without reading Gaslight.**If you aren't reading this book on Wattpad, it has been stolen. Please report the website!*
8 247

