《အတ္တလွန်အချစ် (OC) Completed》Part (43) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(43)
"မင်းဆုံးဖြတ်ပါ Baby ! ကိုယ့်မှာအချိန်မရှိဘူး"
မွန်းရဲ့မျက်န်းလဲ့လဲ့တွေကို အတ္တမမြင်တာများလား။
မွန်းသည် သူမကို သေနတ်ဖြင့်ချိန်ထားသော အတ္တထက် အတ္တကိုသေနတ်ဖြင့်ချိန်ထားသော ဂျော်နီကိုသာ ကြောက်ရွံ့စွာကြည့်နေသည်။
အတ္တသည်သူမကိုသတ်ပစ်ရက်လိမ့်မည်ဟု သူမ မထင်ပါ။ ဒါပေမဲ့ ဂျော်နီကတော့အတ္တကိုတကယ်ပစ်သတ်မည့်ပုံ။
"ဟေး ဂျော်နီ!"
ရုတ်တရက်ကြားလိုက်သော မြူးထူးစွာခေါ်လိုက်တဲ့ အသံကြောင့် ဂျော်နီ နောက်သို့လှည့်ကြည့်လိုက်သည့်အချိန်မှာ အဖေဖြစ်သူဒေးဗစ်ကို လည်ပင်းမှဖက်ကာ သေနတ်နှင့်ချိန်၍ ကားထဲမှထုတ်လာသောအလင်းနှင့်အတူ အတ္တတို့၏အဖွဲ့မှာ လူများသည် အတ္တကိုဝိုင်းထားသောဂျော်နီ့ရဲ့လူများနှင်ညီတူညီမျှလောက်ဖြစ်မည့်အပြင် သူတို့ကိုလည်းသေနတ်ဖြင့်အဆင်သင့်ချိန်ထားသောကြောင့် ဂျော်နီနှင့်ထိုလူများအာရုံဝေဝါးနေချိန် အတ္တက အလင်းကို ဖျက်ကနဲပြုံးပြလိုက်ကာ
"Baby ငုံ့!"
အတ္တသည် မွန်းလက်ကိုလှမ်းဆွဲ၍ တစ်ပတ်လှည့်ကာရင်ခွင်ထဲထည့်လိုက်ရင်း
ဒိုင်း ဒိုင်း ဒိုင်း!
၀ိုင်းထားတဲ့လူတွေကို သေနတ်နှင့် ဆက်တိုက်ပစ်လိုက်သည်။
သေနတ်သံကြောက်တတ်သောသူမက အတ္တ ရင်ခွင်ထဲမှာ နားပိတ်ကာ ခေါင်းငုံ့ထားရသည်။
ဂျော်နီက သူ့အဖေကိုသေနတ်နှင့်ချိန်ထားသောအလင်းကိုသာမဲနေသည်။
အတ္တသည် နာရီကြည့်လိုက်ကတည်းက အလင်း ကသူတို့နဲ့နီးလာပြီဆိုတာသိရသည်။ နာရီ ထဲမှာအချက်ပေးစနစ်တပ်ထားသည်အား မည်သူသိမည်နည်း။
အလင်းဘက်ကပါလာသော လူများလည်း ဂျော်နီ့အဖွဲ့များနှင့်တိုက်ခိုက်ကုန်ကြသည်။
အတ္တလည်း သူမကိုလက်မှတင်းနေအောင်ဆွဲကာ
"Baby ကိုယ်နဲ့လိုက်ခဲ့ပါ ကိုယ် ကတိပေးတယ် မင်းကိုလွှတ်ပေးမယ် ကိုယ်နဲ့ပြန်လိုက်ခဲ့ပါ "
တောင်းဆိုသည့်လေသံခပ်ဖျော့ဖျော့နှင့်သူမနားနားကိုကပ်ပြောရင်း အတိုက်အခိုက်မပြတ်။
ဂျော်နီသည် အလင်းကိုသာသေနတ်နှင့်ချိန်လျက်
"မင်း လွှတ်လိုက် !"
"ဘယ်မျှတပါ့မလဲ !"
အလင်း ဘယ်သူ့ကိုမှတိုက်ခိုက်လို့မရဘဲ ကားရှေ့မှာ ထိုအဘိုကြီးနှင့်ဂျော်နီနှင့်သာ နှစ်ပါးသွားနေရသည်။
အဘိုးကြီးက လက်နှစ်ဖက်မြှောက်ထားကာ အလင်းကလည်ပင်းကိုဆက်တိုက်ဖက်ထားတာမို့ လည်ပင်းအစ်နေပြီဖြစ်သည်။
"အလင်း မင်းအခုချိန်မှာ မလွှတ်ရင်နောင်တရလိမ့်မယ် !"
ဟု ဂျော်နီက ဒေါသသံနှင့်ပြောလာတော့
အလင်းက မဲ့ပြုံးလိုက်ရင်း
"အဟွန့် ခင်ဗျား သာ သခင်လေးကို လာကျောပြီး အခုနောင်တရနေတာမဟုတ်လား "
အတ္တဘက်က လူတွေဆုံးရှုံးလိုက်ရသလို ဂျော်နီ့အဖွဲ့တွေလည်းကျဆုံးကြရသည်။ အချို့ကဒဏ်ရာကြောင့်မထနိုင်သလို အချို့က ကျည်ဆန်ကြောင့်သေကြရသည်။
လူတွေအားလုံးအထိနာနေကြချိန် အတ္တသည် သူမကိုကာကွယ်ရင်း ကားထဲသို့ပြန်လိုက်ပို့ရန်စီစဥ်နေတုန်းမှာ အတ္တရဲ့နောက်မှ သေနတ်နှင့်ချိန်နေသော မင်းသကို မွန်းက မြင်လိုက်၍
"နောက်မှာ....ကို.."
သူမပြောလည်းပြော အတ္တကို ဆွဲလှည့်လိုက်ရာ
ဒိုင်း
သေနက်သံနှင့်အတူ အတ္တရော မွန်းပါ မြေပြင်မှာ လဲကျသွားသည်။
"Baby!"
အတ္တက စိတ်ပူစွာ ချက်ချင်းထထိုင်ပြီး သူမပါးကိုပုတ်လိုက်သည်။
"အင့် ဟွန့်!"
"ထိ ထိ သွားလား !"
အတ္တသည် အသံတွေပင်တုန်ရီကာ သူမကိုမေးလာတဲ့အခါ
"ဟင့် ဟင့်အင်း ကို ဆွဲလိုက်လို့အရှိန်လွန်လဲသွားတာ "
ကျည်ဆန်နဲ့လွဲသွားတယ်ဆိုတာသိလိုက်ရမှ အတ္တသည် သက်ပြင်းချနိုင်ပြီး
"မင်း သိပ်မိုက်မဲတာပဲ babyရာ!
မင်းသာ ထိရင် ကိုယ်ရူးသွားမှာသိလား "
အတ္တက သူမကိုပွေ့ပိုက်ထားရင်း စိတ်မကောင်းဖြစ်သွားသည့်အချိန်မှာ မင်းသက နောက်တစ်ဖန် သေနတ်နှင့် အပေါ်မှ ချိန်ထားသေးသည်။
"ကိုး.."
မွန်းကပက်လက်အနေအထားမို့ မြင်လိုက်ရာ
ဒိုင်း! ဒိုင်း!
အတ္တက မင်းသကိုလှည့်အပစ် မင်းသကလည်း သေနတ်ခလုပ်ကိုနှိပ်လိုက်သောကြောင့် ကျည်ဆန်နှစ်ခုကာအပြိုင်ထွက်လာကြပြီး တစ်ခုက အတ္တရဲ့လက်ပျဥ်သို့ဝင်မှန်၍ တစ်ခုမှာ မင်းသ၏ ခြေထောက်သို့ဝင်မှန်ပြီး မင်းသက ထိုနေရာမှာပဲ ဒူးထောက်ကျသွားသည်
။
"ကို..ထိသွားပြီလား! "
အတ္တကအသံတစ်ချက်ထွက်မညည်းဘဲလက်တစ်ဖက်ကစောင်းကျသွားကာ မျက်နှာတစ်ခုလုံးမဲ့ကျသွားတာကြောင့် မွန်းဘက်ကအစိုးရိမ်တကြီးမေးလေသည်။
"ရတယ်...Baby...ဒီလောက်ကမသေပါဘူး"
ဟုဆိုကာ မွန်းကိုဆွဲထူနေချိန်တွင်မင်းသက လဲကျနေလျှက် သေနတ်ကို အတ္တရဲ့ ကျောတည့်တည့်ကို ချိန်ထားသည်။
ဒိုင်း
သေနတ် သံကြောင့် မွန်းရောအတ္တပါလှည့်ကြည့်လိုက်ရာ မင်းသက မြေပြင်မှာ သွေးစိုစိုနှင့် သေနေပြီဖြစ်သည်။ အတ္တသည် အလင်းကို လှမ်းကြည့်လိုက်ပြီး နှစ်နှစ်ကာကာပြုံးပြလိုက်သည်။ ဒါအလင်းက သူ့ကိုကယ်လိုက်သည်မဟုတ်လား။
"Baby ကားထဲမှာ၀င်နေ!"
"ကို....."
မွန်းက စောဒကတက်ရန်ပြင်ဆင်လိုက်တော့
အတ္တက သူမကို ကားထဲမှာ ထည့်ပြီး
"လုံးဝပြန်ထွက်မလာနဲ့ ထွက်လာရင် အကြောင်းသိမယ်!"
ဆိုကာ ကားတံခါးကိုဝုန်းကနဲပိတ်သွားလိုက်လျှင် မွန်းသည် ကားမှန်မှတစ်ဆင့် အတ္တရဲ့လက်ပျဥ်မှာ သွေးတွေစိုနေတာကိုတွေ့သည်။
ဂျော်နီက နောက်မှာလည်းစစ်ပွဲကျသလို နှစ်ဖက်စလုံးအသီးသီးကျနေကြပြီး အတ္တ အလင်းနှင့်သူသာကျန်နေမှန်းသိလိုက်ရသည်။
"အွတ် အဟွတ် အဟွတ် !!"
အလင်းက လည်ပင်းညှစ်ထားသည့် ဒေးဗစ်သည်အသက်မရှူနိုင်တော့ပါ။ ဂျော်နီဟာ သူတို့ဆီလာနေအတ္တဆီသို့ ရုတ်တရက်လှည့်ကာ အတ္တကိုသေနက်နှင့်ပြန်ထောက်ပြီး
"အလင်း ငါ့အဖေကိုလွှတ်လိုက်!"
အတ္တသည် မျက်နှာချင်းဆိုင်က အလင်းကို ခေါင်းရမ်းပြသည်မို့ အလင်းကမလွှတ်ပဲ ဆက်ညှစ်ထားရင်း ထိုလူကြီးသည် အလင်း၏လက်ထဲ၌သာဇက်ကျိုးကျသွားသည်။
ဂျော်နီက သူ့နောက်ကျောမှာဖျက်ပျက်နေတာကိုမသိဘဲ အတ္တကိုပဲသာ မဲနေပါလျှင် အလင်းက အသက်မရှူတော့ကြောင်း အတ္တကို ခေါင်းရမ်းပြကာ ဒေးဗစ်ကို ပစ်ချလိုက်၏။ ထို့နောက် အလင်းက အနောက်မှနေ၍ ဂျော်နီ့အားသေနတ်နှင့်ပြန်ချိန်လိုက်ရာ
"ဆောရီး ဂျော်နီ မင်းအသက်က ငါ့လက်ထဲမှာ"
အတ္တ ပြောလိုက်သဖြင့် နောက်လှည့်ကြည့်ပြီး
"အဖေ!..."
အဖေဖြစ်သူဟာမြေပြင်ပေါ်မှာအသက်မရှိဘဲလဲကျနေပြီဖြစ်နေသောကြောင့် ဝမ်းနည်းကြေကွဲစွာ အော်လိုက်ရင်း အတ္တကို မကျေမနပ်ပြန်လှည့်ကြည့်ကာ
Advertisement
"ငါမင်းကိုသတ်မယ်အတ္တလွန်"
"ငါသေရင် မင်းလည်သေမှာပဲ ဂျော်နီ !"
"မင်းကို လုံး၀မကျေနပ်ဘူး!"
ငယ်စဉ်ကတည်းက ပြိုင်ဘက်ဖြစ်လာပြီး ၂ယောက်စလုံးဘယ်တုန်းကမှအလျော့မပေးခဲ့ကြ။
"မင်းကငါပိုင်ဆိုင်သင့်တာတွေအားလုံးကိုသိမ်းပိုက်တယ်!"
ဂျော်နီက အသံကိုမြှင့်၍ပြောလိုက်တော့ အတ္တက ခေါင်းရမ်းပြကာ
"မင်းက ရိုးသားတဲ့နည်းလမ်းနဲ့ယှဉ်ပြိုင်ခဲ့တာမှမဟုတ်တာ မင်းဘယ်တော့မဆို ငါ့ကို ကောက်ကျစ်နေကျပဲမဟုတ်လား "
အတ္တသည် ပြောရင်း အလင်း ကိုခေါင်းရမ်းပြလိုက်သဖြင့် အလင်းက သေနတ်ကို ဂျော်နီ့ ခေါင်းကိုချိန်ထားရာမှ ချပေးလိုက်၏။ အတ္တသည် ဂျော်နီ့ သေနတ်ရဲ့ရှေ့သို့ ရဲရဲကြီးပိုတိုးကပ်သွားပြီး
"မင်းနဲ့ငါနဲ့ပြိုင်ပွဲတစ်ခု ထပ်လုပ်မယ်
မင်းရှုံးရင် မင်းသေရမယ် ငါရှုံးရင် ငါသေပေးမယ်"
"သခင်လေး!"
အလင်းက ထိတ်လန့်တကြားခေါ်လိုက်တော့
အတ္တကကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစွာ ပြုံးလိုက်ပြီး
"ဘယ်လိုလဲ သဘောတူလား"
ရွေးချယ်စရာမရှိသော ဂျော်နီက ခပ်ထေ့ထေ့ပြန်ကြည့်၍
" ဘာပြိုင်ပွဲလဲ"
အတ္တသည် သူ့တပည့်တွေစီးလာသော ဆိုင်ကယ်အကြီးကြီး၂စီးကိုလက်ညှိုးထိုးပြကာ
"ဆိုင်ကယ်စီးပြိုင်မယ် "
ဂျော်နီက မဲ့လိုက်ပြီး အရင်ဆုံး ဆိုင်ကယ်ပေါ်သို့တက်ခွလိုက်ရာ အတ္တက ဆိုင်ကယ်နားသို့လျောက်သွားရင်း
"ဒီလမ်းအဆုံးက ချောက်ကမ်းပါးရှိတာမင်းသိမှာပါ!"
ဂျော်နီကသိပြီးသားကိစ္စကိုခေါင်းညိတ်ထောက်ခံလိုက်တော့
"အေး လမ်းအဆုံးကနေ ဒီနေရာအထိ ပြန်လာရမယ် အနိုင်အရှုံးကတော့ အနှေးနဲ့အမြန်အပေါ်မှာပဲ"
အတ္တက ပြိုင်ပွဲစည်းကမ်းနှင့်အလောင်းအစားများကိုသူကိုယ်တိုင်သတ်မှတ်လိုက်သည်။ ဒီလိုပြိုင်တာက ဘယ်လောက်အန္တရာယ်များလဲဆိုတာ အလင်းသာအသိဆုံးပင်။
ခပ်ကျဉ်းကျဉ်းလမ်းကနေ ချောက်ကမ်းပါးအဆုံးထိဆိုတာ ကိုယ့်အရှိန် ကိုယ်နိုင်မှသာထိန်းနိုင်မည်ဖြစ်ပြီး အနှေးနဲ့အမြန်ပြိုင်နေတာဖြစ်၍ အရှိန်ကိုမထိန်းလျှင် အကာအရံမရှိတဲ့ချောက်ထဲသို့ ထိုးဆိုက်ကျသွားကာ ပေပေါင်းသောင်းကျော်မြင့်သည့်ချောက်ကြီးမှာအသက်ပျောက်ရမည်ဖြစ်သည်။
နှစ်ဦးစလုံး ဆိုင်ကယ်ပေါ်မှာ အဆင့်သင့်အနေအထားနှင့် ရှိနေကြပြီး အတ္တမှ သေနတ်ထိထားသောလက်ပျဥ်တစ်ဖက်ကိုခေတ္တအုပ်ကိုင်လိုက်ပြီးမှ အတ္တက နောက်လှည့်ကြည့်ရင်း
"အလင်း!"
အလင်းလည်း အလိုက်သိစွာနှင့်
"Ready 3 2 1 Go!"
ဆိုသည်နှင့် ဆိုင်ကယ်နှစ်စီးသည် အရှိန်အဟုန်ပြင်းစွာဖြင့် ယှဉ်လျက်ထွက်ခွာသွားကြလေသည်။ ဆိုင်ကယ်များဝူးကနဲကားဘေးကနေဖြတ်သွားကြတာကိုစိုးရိမ်စွာလိုက်ကြည့်ပြီး မွန်းက ကားထဲမှ အလင်းရှိရာသို့ပြေးလာ၍
" အလင်း...သူတို့ဘယ်သွားကြတာလဲဟင်!"
မွန်းသည် ဆိုင်ကယ်နှင့်အတ္တ၏ တစ်စွန်းတစ်စမျှမမြင်ရတော့သော လမ်းမကြီးကိုလှည့်ကြည့်လှည့်ကြည့်နှင့်မေးသည်။
" ဒါက သခင်လေးနဲ့ဂျော်နီတစ်ယောက်ယောက်ရဲ့နောက်ဆုံးခရီးပါ ဒီပြိုင်ပွဲမှာရှုံးတဲ့လူသေရပါမယ်."
ထိုအခါ မွန်းသည် မျက်လုံးကလေးဝိုင်းသွားပြီး
" အတ္တရဲ့လက်မှာ ဒဏ်ရာကြီးနဲ့လေ !"
စိတ်ပူစွာနှင့် ရင်တွေပူလောင်လာပါတော့သည်။
" သခင်လေးကို ယုံကြည့်ပြီးစောင့်နေလိုက်ပါ မမလေး"
မွန်းသည် ခေါင်းတောင်မညိတ်နိုင်တော့ဘဲ လမ်းကိုပဲဆက်တိုက်မျှော်ကြည့်နေမိလေရာ
"မမလေး ဒဏ်ရာ ရသေးလား "
ဟု အလင်းမှထပ်မေးလိုက်သည်။
မွန်းက တံတောင်ဆစ်နှင့်လက်မောင်းက ခြစ်ရာပြဲရာ ဒဏ်ရာကလေးများကို ကြည့်လိုက်ပြီး
"နည်းနည်းပါ "
အတ္တကိုဆွဲလှည့်လိုက်တုန်းက အရှိန်လွန်ပြီး၂ယောက်လုံးပစ်လဲရာ လက်မောင်းနှင့် တံတောင်ဆစ်တို့ပွန်းပဲ့သွားသည်။
"ဟာသွေးတွေထွက်နေတာမဟုတ်လား"
အလင်းက သူမလက်ကို လှမ်းဆွဲကြည့်လိုက်ရာ ပွန်းပဲ့ပြီး သွေးစိုစိုတွေနှင့်မို့
"ကျွန်တော် မမလေးကို အရင်အိမ်လိုက်ပို့ပေးရမလား "
"ဟင့်အင်း သူတို့ပြန်လာမှ !"
မွန်းက အလင်းကိုပင်လှည့်မကြည့်နိုင်စွာ စိတ်ကအတ္တဆီကိုပဲပါသွားတာဖြစ်ပြီး ဖြစ်နိုင်ရင် လူပါပြေးလိုက်သွားချင်စိတ်ပေါက်နေသည်။
"ဒါဆိုလည်း အတူတူစောင့်ကြတာပေါ့"
=======
အတ္တနှင့် ဂျော်နီ တစ်ယောက်တစ်လှည့်စီကျော်တက်ကြရင်း သည်းထိပ်ရင်ဖို အပြိုင်အဆိုင် အရှိန်မြှင့်လာကြသည်။ တဖြည်းဖြည်း အတ္တသည် ချောက်ကမ်းပါးအစွန်းသို့ ဂျော်နီ့ထက်အရင်ရောက်လာပြီဖြစ်ရာ ဂျော်နီဟာ အရှိန်ကိုဂိတ်ဆုံးတင်လိုက်၍
မင်းငါ့ကိုနိုင်လို့မဖြစ်ဘူး အတ္တ မင်းသေကိုသေရမယ် မင်းသေရမယ်။
အတ္တသည် ချောက်ကမ်းပါးမှအကွေ့သို့ရောက်နေပြီဖြစ်ပြီး
ချလွင်.!!
ဖျောက် ဖျောက်
အတ္တရဲ့ ဆိုင်ကယ် အိတ်ဇောနှင့်ကာဗာ တွေမှာ ကျည်ဆန် တွေမှန်လာသဖြင့် နောက်လှည့်ကြည့်လိုက်ရာ ဂျော်နီက ဆိုင်ကယ်မောင်းရင်း လက်တစ်ဖက်ဖြင့် လှမ်းပစ်နေတာဖြစ်သည်။
ကောက်ကျစ်နေကျလူသည် ကောက်ကျစ်စမြဲဖြစ်ကာ တရားနည်းနဲ့မယှဥ်ပြိုင်သော ဂျော်နီအတွက်
အတ္တလည်း ခါးမှသေနတ်ကိုဆွဲထုတ်ကာ နောက်လှည့်ကြည့်ရင်း ပစ်လိုက်သည်။
ဖြောင်း!
ဂျော်နီက အရှိန်ကို အဆုံးထိတင်ထားသည်ဖြစ်ပြီး ချောက်ကမ်းပါးအစွန်သို့ရောက်နေပြီဖြစ်ရာ
ဒိုင်း ဖောင်း
အတ္တ ပစ်လိုက်သည့် ကျည်ဆန်က ဆိုင်ကယ်ဘီးအား၀င်မှန်သည်မို့ ဆိုင်ကယ်သည် ဘီးရမ်းပြီး လက်ကိုင်မနိုင်ဖြစ်လာသည်။
ဂျော်နီက သေနတ်ကို အောက်သို့ပစ်ချပြီး ဘရိတ်ကိုနင်းပေမဲ့ အရှိန်က အဆုံးထိတင်ထားသည်မို့ ချက်ချင်း အရှိန်မနိုင်ကာ
ရွှီး.... ဗုန်း.....
အတ္တသည် ဆိုင်ကယ်ရပ်ပြီး သေချာလှည့်ကြည့်သည့်အခါ ဂျော်နီရော ဆိုင်ကယ်ပါ သူ့နောက်မှာမရှိတော့ပေ။
ချောက်ထဲကျသွားသည်ဆိုတာ သိလိုက်ရချိန်မှာ
"မင်း ရွေးတဲ့လမ်းပဲ ဂျော်နီ ကောင်းကောင်းသွားပေါ့ !"
================
မွန်းက လမ်းပေါ်မှာငုပ်တုပ်လေးထိုင်နေပြီး အလင်းက သူမဘေးကနေ ကားကိုမှီကာရပ်နေ၏။ ဆိုင်ကယ်သံကြားသဖြင့် အလင်းရော မွန်းပါ နားစွင့်နေကြသည်။
ရင်ထဲမှာတော့ တဒိန်း ဒိန်းနှင့် အတ္တ အရင်ပြန်ရောက်ပါစေလို့ဆုတောင်းနေမိသည်မှာ စောင့်နေသူနှစ်ယောက်စလုံးဆိုလျှင်မမှားပါ။
ကားဘေးမှာလာရပ်သည့်ဆိုင်ကယ်သည် တစ်စီးတည်းဖြစ်၍ မွန်းက မော့ကြည့်လိုက်ရာအတ္တ ဖြစ်နေမှ မျက်ရည်တဝဲ၀ဲမျက်လုံးတို့ဖြင့်မတ်တပ်ထရပ်လိုက်သည်။
ပျော်လို့မျက်ရည်ကျတယ်ဆိုတာ ဒါမျိုးလား။
အတ္တဟာ သူမရဲ့ပုခုံးတို့ကို ဆုတ်ကိုင်ပြီး အသက်ပါပါပြုံးပြလိုက်သည်။ အလင်းလည် အရမ်းပျော်နေသည့်အလား။ ၀မ်းသာမှုပြည့်နှက်သောအပြုံးတို့ဖြင့်
အတော်နဲ့ နောက်ဆိုင်ကယ်ကရောက်မလာသောကြောင့်
"သခင်လေး ဂျော်နီ ရော!"
အတ္တက လာလမ်းအတိုင်း ငေးကြည့်ပြီး
Advertisement
"ချောက်ထဲကျသွားတယ် သူ့လမ်းသူရွေးတာပါပဲ"
အလင်းက မျက်နှာကအပြုံးမပျက်ပဲ
"သေသင့်တာကြာပါပြီ !"
အတ္တက အလင်းအား ပြန်နှင့်ဖို့ရယ် ဒီအနားမှအလောင်းများနှင့်မသေမရှင်ကောင်များကို နေရာသို့ခေါ်သွားဖို့ရယ်တာဝန်ပေးပြီးလွှတ်လိုက်သည်။ အတ္တသည် သူမရဲ့ခေါင်းလေးကိုငုံ့နမ်းပြီး ရင်ခွင်ထဲမှာနွေးထွေးစွာဖက်ထားလိုက်သည်မှာ ဘယ်လောက်ကြာသွားသည်မသိ ။
သူမကအသက်ရှူကြပ်သည့်အလား ရုန်းလာသဖြင့် အသာလွှတ်ပေးလိုက်ပြီး အတ္တက အခုမှမြင်သည့် သူမတံတောင်ဆစ်က ဒဏ်ရာကြောင့် ချက်ချင်းပဲ လက်ကိုဆွဲယူကြည့်လိုက်၍
"ကျစ်.... ကိုယ်တောင်းပန်ပါတယ်ကွာ ကိုယ့်ကြောင့် ဖြစ်သွားတာ!"
"အ!"
အတ္တသည် လက်ကိုဆုပ်ကိုင်လိုက်သည်ကအားပါသွားသဖြင့် သူမနာသွားပုံရသည်။ အတ္တသည် သူမပါးလေးကို လက်ဖဝါးဖြင့်အုပ်ကိုင်လိုက်ပြီး
"မင်းဘာလို့ ကိုယ့်အစား ၀င်ခံတာလဲ ကံကောင်းလို့ပေါ့ကွာ မင်းသာတကယ် သေနတ်ထိရင် ကိုယ်တကယ်ရူးမှာ မင်းနားလည်ရဲ့လား "
အတ္တက ခပ်ညှိုးမျက်နှာလေးနှင့်သူ့ကိုမကြည့်ပဲငုံ့ထားသောသူမရဲ့ ပါးလေးကို သူ့နှာခေါင်းချွန်ချွန်တို့နှင့် နစ်၀င်သွားအောင်ဖိနမ်းလိုက်သည်။
" ရှင့် ဒဏ်ရာကိုအရင်ဂရုစိုက်ပါဦး ကျည်ဆန်ကအဆိပ်တက်နေတော့မှာပဲ! "
မွန်းပြောလိုက်မှ အနည်းအောင့်သက်နေသောလက်ပျဥ်က ကျည်ထိဒဏ်ရာကို ကိုယ့်ဟာကိုယ်လှည့်ကြည့်ရင်း
" မေနဲ့မင်းကို ကဟန်းနီးမွန်းသွားပြီ ကျည်ဆန်ကအလင်းကိုပဲထုတ်ခိုင်းရတော့မယ်"
" ဖြစ်ပါ့မလား ရှင့်မျက်နှာကအရမ်းဖျော့နေပြီ ဘာလို့အချိန်ဆွဲနေရတာလဲ!"
မွန်းသည် ပြောပြောဆိုဆို အတ္တကိုဆွဲပြီး ကားထဲသို့ဝင်ခိုင်းသည်။ ထို့နောက်သူမက မောင်းသူနေရာမှာဝင်ထိုင်တော့ အတ္တမှ မျက်မှောင်ကုပ်ပြီးကြည့်လာသည်။
"Baby မင်းမောင်းမလို့လား!"
မွန်းက ကားကိုစက်နှိုးပြီး အတ္တကိုတစ်ချက်လှည့်ကာ
" ကျွန်မမှာ ကားလိုင်စင်ရှိပါတယ်."
" လမ်းသိလို့လား အပင်ပန်းမခံပါနဲ့ နေရာလဲမယ် ကိုယ်မောင်းနိုင်ပါတယ်"
အတ္တက သူမနဲ့နေရာလဲရန် ကားထဲကထွက်မည်လုပ်တော့ မွန်းက ကားကိုလော့ချပစ်လိုက်သည်။ ကားတံခါးဖွင့်မရတော့ အတ္တကသူမကိုဆက်ခနဲလှည့်ကြည့်လာသည်။ မွန်းက မျက်နှာတည်လေးနဲ့ ခါးပတ်ကြိုးတပ်ဖို့မေးငေါ့ပြသည်။
"အေးအေးဆေးဆေး နားလိုက်ပါ ကားမှာ GPSပါနေတာပဲကျွန်မ အိမ်ရောက်အောင်ပြန်တတ်ပါတယ် "
ဟုဆို၍ ဖိနပ်မပါသောသူမခြေဖျားလေးနှင့် လီဗာကိုနင်းကာ ကားကိုအရှိန်ခပ်ပြင်းပြင်းနှင့်မောင်းထွက်လာလိုက်သည်။
အတ္တအနေနှင့်မိန်းကလေးမောင်းသော ကားပေါ်မှာပထမဆုံးလိုက်စီးဖူးတာဖြစ်ပြီး မောင်းနေသူမှာလည်း ချစ်လှစွာသောသူ၏မာနမင်းသမီးလေးဖြစ်ပါလျှင် စိတ်မချပေမဲ့ ဘာမှအတွန့်မတက်ဘဲ လိုက်လာခဲ့သည်။
============================
အိမ်ပြန်ရောက်လျှင်ရောက်ချင်း မွန်းကိုသက်သက်က လက်မောင်းနဲ့တံတောင်ဆစ်ကဒဏ်ရာတွေကို ဆေးထည့်ပေးသလို အလင်းကလည်း သူ့သခင်းလေးရဲ့လက်ပျဥ်ကကျည်ဆန်ကိုထုတ်ပေးသည်။
အိမ်သို့ပြန်ရောက်ကတည်းက မွန်းသူနဲ့မတွေ့ရသေးတာ ညအထိဖြစ်သည်။ နာရီအားဖြင့် ည၁၀ နာရီဖြစ်ကာ အိပ်မပျော်သေးဘဲ ဟိုဘက်လှည့်လိုက်ဒီဘက်လှည့်လိုက်နှင့်တစ်ယောက်တည်းဂနာမငြိမ်ဖြစ်နေရသည်။
"သူ ငါ့ကိုတကယ်ပဲ လွှတ်ပေးမှာလား "
ဒီအတွေးနဲ့ပဲ သူမ မျက်လုံးမမှိတ်နိုင်ခဲ့ဘဲ
"ဟင်း..."
သက်ပြင်းရှည်ကြီးတစ်ချက်ချပြီး အိပ်ယာကနေထ၍ အခန်းအပြင်သို့ထွက်လာခဲ့သည်။ ရေသောက်ရန်အတွက် လှေကားမှ ဆင်းလာခဲ့ရင်း ဧည့်ခန်းထဲက ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်နေသောသူ့ကိုတွေ့ခဲ့သည်။
သူလည်း အိပ်မပျော်ဘူးလား ဟုလှေကားကနေ စက္ကန့်ပိုင်းမျှရပ်ကြည့်နေမိပေမဲ့ ဆက်ပြီး ဂရုမစိုက်ပဲ ထမင်းစားခန်းထဲသို့၀င်သွားလိုက်သည်။ မွန်းသည် ရေခဲသေတ္တာထဲမှ ရေဘူးဖွင့်ကာ ဖန်ခွက်ထဲသို့ ရေထည့်လိုက်၍ မော့သောက်လိုက်သည်။
လျှက်တပြတ် ရင်ခွင်နွေးနွေးကြီးတစ်ခုထဲရောက်သွားသည်ဖြစ်ရာ ရေဘူးကိုရေခဲသေတ္တာထဲပြန်ထားရင်း ခန္ဓာကိုယ်ကလေးကရှေ့သို့ကိုင်းညွတ်သွားရသည်။
မွန်းလည်းရေခဲသေတ္တာကိုပြန်ပိတ်ပြီး မော့ကြည့်လျှင် သူက မွန်းရဲ့ခါးကျဥ်းကျဥ်းလေးကိုသူ၏သန်မာသည့်လက်နှစ်ဖက်ဖြင့် အနောက်ကနေသိုင်းဖက်ထားတာဖြစ်သည်။ မွန်းသည်ရုန်းထွက်ခြင်းမရှိဘဲ ခန္ဓာကိုယ်ကလေးအနည်းငယ်ပြန်မတ်လိုက်၍ ငြိမ်နေသည်ဖြစ်ရာ
"မင်းအိပ်မပျော်တာ ကိုယ်သိတယ် "
ပြောပြောဆိုဆို အတ္တသည် သူမကိုသူ့ဘက်ဆွဲလှည့်လိုက်ကာ စွေ့ကနဲကောက်ချီလိုက်ပြီး ထမင်းစားစားပွဲပေါ်သို့တင်ပေးလိုက်သည်။
သူကစားပွဲကိုလက်ထောက်ထားလျက် မွန်းကိုမော့ကြည့်နေသည်။ မွန်းသည် သူ့ကို မျက်၀န်းဝိုင်းဝိုင်းလေးဖြင့် ၀မ်းနည်းရိပ်တွေနဲ့ငုံ့ကြည့်လျက် သူ၏စနစ်ကျသောမေးရိုးများကိုလက်ကလေးဖြင့်ထိကိုင်ပွတ်သပ်ရင်း
"ရှင် ကျွန်မကို လွှတ်ပေးမယ်ဆိုတာ တကယ်လား "
ဟု မေးလိုက်တဲ့အခါအတ္တသည် သူမရင်ခွင်ထဲသို့တိုး၀င်ပြီး ခါးလေးကို ကျစ်နေအောင်ဖက်ထားလိုက်သည်။
"မင်း တကယ်ပဲ ကိုယ့်ဆီကနေ ထွက်သွားချင်လား "
သူဟာ သူမဆီကရတဲ့ကိုယ်သင်းနံ့အချို့ကိုရှူရှိုက်ရင်း မေးလိုက်သည်။ မွန်းက မဖြေပဲ သူ့မရင်ခွင်ထဲကိုခေါင်းတိုး၀င်ထားတဲ့ သူ့ရဲ့ ဆံပင်များကို ပွတ်သပ်ဖွကိုင်လျှက်ရှိလေရာ
"ကိုယ် မင်းကို လွှတ်ပေးမယ်လို့ကတိပေးခဲ့တာပဲ ကိုယ် ကတိတည်မှာပါ"
မထင်မှတ်ထားသော စကားတစ်ခွန်းကိုသူ့ဘက်ကဆိုလာတဲ့အခါမှာ မွန်းရင်ထဲအတိုင်းအဆမရှိ ပူနွေးလာရကာ ဝမ်းနည်းဝမ်းသာခံစားချက်ကြီးက ခပ်ဆွေးဆွေးဝင်ရောက်လာခဲ့သည်။ တိတ်ဆိတ်နေသောသူမကို သူကပဲဆက်တိုက်စကားများဆက်ပြောနေလေသည်။
"ဒါပေမဲ့ ထွက်မသွားခင် ကိုယ့်ကိုတစ်ခုလိုက်လျောပေး နှုတ်ဆက်လက်ဆောင်အဖြစ်ပဲ ဖြစ်ဖြစ်ပေါ့ "
မွန်းက သူ့ဆံပင်ကိုထိုးဖွနေတာ ရပ်သွားပြီး
"ကျွန်မ ဘာလုပ်ရမှာလဲ"
ဟုခပ်တိုးတိုးကလေးမေးလိုက်လျှင် အတ္တက သူမရင်ခွင်ထဲမှ မော့ကြည့်၍
"မနက်ဖြန် တစ်နေ့လုံး ကိုယ့်အနားကနေတစ်ဖဝါးမှမခွာဘဲ အတူရှိနေပေး"
ထိုကဲ့သို့ ရိုးရှင်းသောတောင်းဆိုမှုတစ်ခုကို တောင်းဆိုလာတဲ့ သူ့မျက်၀န်းတွေက အရင်လို မစူးရှပဲဖျော့တော့နေတာမွန်းသတိထားမိသည်။ မွန်းက ခေါင်းမရမ်းသလိုခေါင်းလည်းမညိတ်ပဲရှိနေသည်ဖြစ်ရာ တိတ်ဆိတ်နေသည့်သူမပုံစံကို သဘောတူသည်ဟု အတ္တ သတ်မှတ်လိုက်သည်။
"ပြီးတာနဲ့ ကိုယ်မင်းကို လွှတ်ပေးမယ် မင်းစိတ်ကြိုက် ဒီအိမ်ကြီးကနေ ထွက်သွားလို့ရပြီ"
၀မ်းနည်းရိပ်တွေနဲ့သူ့မျက်နှာက တဖြည်းဖြည်း မွန်းမျက်နှာအနားသို့ မော့ပြီးတိုးကပ်လာ၍ နှုတ်ခမ်းဖူးဖူးလေးကို အိခနဲဖြစ်သွားအောင် ဖိကပ်လိုက်လေသည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(44)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(43)
"မင္းဆုံးျဖတ္ပါ Baby ! ကိုယ့္မွာအခ်ိန္မရွိဘူး"
မြန္းရဲ႕မ်က္န္းလဲ့လဲ့ေတြကို အတၱမျမင္တာမ်ားလား။
မြန္းသည္ သူမကို ေသနတ္ျဖင့္ခ်ိန္ထားေသာ အတၱထက္ အတၱကိုေသနတ္ျဖင့္ခ်ိန္ထားေသာ ေဂ်ာ္နီကိုသာ ေၾကာက္႐ြံ႕စြာၾကည့္ေနသည္။
အတၱသည္သူမကိုသတ္ပစ္ရက္လိမ့္မည္ဟု သူမ မထင္ပါ။ ဒါေပမဲ့ ေဂ်ာ္နီကေတာ့အတၱကိုတကယ္ပစ္သတ္မည့္ပုံ။
"ေဟး ေဂ်ာ္နီ!"
႐ုတ္တရက္ၾကားလိုက္ေသာ ျမဴးထူးစြာေခၚလိုက္တဲ့ အသံေၾကာင့္ ေဂ်ာ္နီ ေနာက္သို႔လွည့္ၾကည့္လိုက္သည့္အခ်ိန္မွာ အေဖျဖစ္သူေဒးဗစ္ကို လည္ပင္းမွဖက္ကာ ေသနတ္ႏွင့္ခ်ိန္၍ ကားထဲမွထုတ္လာေသာအလင္းႏွင့္အတူ အတၱတို႔၏အဖြဲ႕မွာ လူမ်ားသည္ အတၱကိုဝိုင္းထားေသာေဂ်ာ္နီ႕ရဲ႕လူမ်ားႏွင္ညီတူညီမွ်ေလာက္ျဖစ္မည့္အျပင္ သူတို႔ကိုလည္းေသနတ္ျဖင့္အဆင္သင့္ခ်ိန္ထားေသာေၾကာင့္ ေဂ်ာ္နီႏွင့္ထိုလူမ်ားအာ႐ုံေဝဝါးေနခ်ိန္ အတၱက အလင္းကို ဖ်က္ကနဲၿပဳံးျပလိုက္ကာ
"Baby ငုံ႕!"
အတၱသည္ မြန္းလက္ကိုလွမ္းဆြဲ၍ တစ္ပတ္လွည့္ကာရင္ခြင္ထဲထည့္လိုက္ရင္း
ဒိုင္း ဒိုင္း ဒိုင္း!
၀ိုင်းထားတဲ့လူတွေကို ေသနတ္ႏွင့္ ဆက္တိုက္ပစ္လိုက္သည္။
ေသနတ္သံေၾကာက္တတ္ေသာသူမက အတၱ ရင္ခြင္ထဲမွာ နားပိတ္ကာ ေခါင္းငုံ႕ထားရသည္။
ေဂ်ာ္နီက သူ႕အေဖကိုေသနတ္ႏွင့္ခ်ိန္ထားေသာအလင္းကိုသာမဲေနသည္။
အတၱသည္ နာရီၾကည့္လိုက္ကတည္းက အလင္း ကသူတို႔နဲ႕နီးလာၿပီဆိုတာသိရသည္။ နာရီ ထဲမွာအခ်က္ေပးစနစ္တပ္ထားသည္အား မည္သူသိမည္နည္း။
အလင္းဘက္ကပါလာေသာ လူမ်ားလည္း ေဂ်ာ္နီ႕အဖြဲ႕မ်ားႏွင့္တိုက္ခိုက္ကုန္ၾကသည္။
အတၱလည္း သူမကိုလက္မွတင္းေနေအာင္ဆြဲကာ
"Baby ကိုယ္နဲ႕လိုက္ခဲ့ပါ ကိုယ္ ကတိေပးတယ္ မင္းကိုလႊတ္ေပးမယ္ ကိုယ္နဲ႕ျပန္လိုက္ခဲ့ပါ "
ေတာင္းဆိုသည့္ေလသံခပ္ေဖ်ာ့ေဖ်ာ့ႏွင့္သူမနားနားကိုကပ္ေျပာရင္း အတိုက္အခိုက္မျပတ္။
ေဂ်ာ္နီသည္ အလင္းကိုသာေသနတ္ႏွင့္ခ်ိန္လ်က္
"မင္း လႊတ္လိုက္ !"
"ဘယ္မွ်တပါ့မလဲ !"
အလင္း ဘယ္သူ႕ကိုမွတိုက္ခိုက္လို႔မရဘဲ ကားေရွ႕မွာ ထိုအဘိုႀကီးႏွင့္ေဂ်ာ္နီႏွင့္သာ ႏွစ္ပါးသြားေနရသည္။
အဘိုးႀကီးက လက္ႏွစ္ဖက္ျမႇောက္ထားကာ အလင္းကလည္ပင္းကိုဆက္တိုက္ဖက္ထားတာမို႔ လည္ပင္းအစ္ေနၿပီျဖစ္သည္။
"အလင္း မင္းအခုခ်ိန္မွာ မလႊတ္ရင္ေနာင္တရလိမ့္မယ္ !"
ဟု ေဂ်ာ္နီက ေဒါသသံႏွင့္ေျပာလာေတာ့
အလင္းက မဲ့ၿပဳံးလိုက္ရင္း
"အဟြန့္ ခင္ဗ်ား သာ သခင္ေလးကို လာေက်ာၿပီး အခုေနာင္တရေနတာမဟုတ္လား "
အတၱဘက္က လူေတြဆုံးရႈံးလိုက္ရသလို ေဂ်ာ္နီ႕အဖြဲ႕ေတြလည္းက်ဆဳံးၾကရသည္။ အခ်ိဳ႕ကဒဏ္ရာေၾကာင့္မထနိုင္သလို အခ်ိဳ႕က က်ည္ဆန္ေၾကာင့္ေသၾကရသည္။
လူေတြအားလုံးအထိနာေနၾကခ်ိန္ အတၱသည္ သူမကိုကာကြယ္ရင္း ကားထဲသို႔ျပန္လိုက္ပို႔ရန္စီစဥ္ေနတုန္းမွာ အတၱရဲ႕ေနာက္မွ ေသနတ္ႏွင့္ခ်ိန္ေနေသာ မင္းသကို မြန္းက ျမင္လိုက္၍
"ေနာက္မွာ....ကို.."
သူမေျပာလည္းေျပာ အတၱကို ဆြဲလွည့္လိုက္ရာ
ဒိုင္း
ေသနက္သံႏွင့္အတူ အတၱေရာ မြန္းပါ ေျမျပင္မွာ လဲက်သြားသည္။
"Baby!"
အတၱက စိတ္ပူစြာ ခ်က္ခ်င္းထထိုင္ၿပီး သူမပါးကိုပုတ္လိုက္သည္။
"အင့္ ဟြန့္!"
"ထိ ထိ သြားလား !"
အတၱသည္ အသံေတြပင္တုန္ရီကာ သူမကိုေမးလာတဲ့အခါ
"ဟင့္ ဟင့္အင္း ကို ဆြဲလိုက္လို႔အရွိန္လြန္လဲသြားတာ "
က်ည္ဆန္နဲ႕လြဲသြားတယ္ဆိုတာသိလိုက္ရမွ အတၱသည္ သက္ျပင္းခ်နိဳင္ၿပီး
"မင္း သိပ္မိုက္မဲတာပဲ babyရာ!
မင္းသာ ထိရင္ ကိုယ္႐ူးသြားမွာသိလား "
အတၱက သူမကိုေပြ႕ပိုက္ထားရင္း စိတ္မေကာင္းျဖစ္သြားသည့္အခ်ိန္မွာ မင္းသက ေနာက္တစ္ဖန္ ေသနတ္ႏွင့္ အေပၚမွ ခ်ိန္ထားေသးသည္။
"ကိုး.."
မြန္းကပက္လက္အေနအထားမို႔ ျမင္လိုက္ရာ
ဒိုင္း! ဒိုင္း!
အတၱက မင္းသကိုလွည့္အပစ္ မင္းသကလည္း ေသနတ္ခလုပ္ကိုႏွိပ္လိုက္ေသာေၾကာင့္ က်ည္ဆန္ႏွစ္ခုကာအၿပိဳင္ထြက္လာၾကၿပီး တစ္ခုက အတၱရဲ႕လက္ပ်ဥ္သို႔ဝင္မွန္၍ တစ္ခုမွာ မင္းသ၏ ေျခေထာက္သို႔ဝင္မွန္ၿပီး မင္းသက ထိုေနရာမွာပဲ ဒူးေထာက္က်သြားသည္
။
"ကို..ထိသြားၿပီလား! "
အတၱကအသံတစ္ခ်က္ထြက္မညည္းဘဲလက္တစ္ဖက္ကေစာင္းက်သြားကာ မ်က္ႏွာတစ္ခုလုံးမဲ့က်သြားတာေၾကာင့္ မြန္းဘက္ကအစိုးရိမ္တႀကီးေမးေလသည္။
"ရတယ္...Baby...ဒီေလာက္ကမေသပါဘူး"
ဟုဆိုကာ မြန္းကိုဆြဲထူေနခ်ိန္တြင္မင္းသက လဲက်ေနလွ်က္ ေသနတ္ကို အတၱရဲ႕ ေက်ာတည့္တည့္ကို ခ်ိန္ထားသည္။
ဒိုင္း
ေသနတ္ သံေၾကာင့္ မြန္းေရာအတၱပါလွည့္ၾကည့္လိုက္ရာ မင္းသက ေျမျပင္မွာ ေသြးစိုစိုႏွင့္ ေသေနၿပီျဖစ္သည္။ အတၱသည္ အလင္းကို လွမ္းၾကည့္လိုက္ၿပီး ႏွစ္ႏွစ္ကာကာၿပဳံးျပလိုက္သည္။ ဒါအလင္းက သူ႕ကိုကယ္လိုက္သည္မဟုတ္လား။
"Baby ကားထဲမွာ၀င္ေန!"
"ကို....."
မြန္းက ေစာဒကတက္ရန္ျပင္ဆင္လိုက္ေတာ့
အတၱက သူမကို ကားထဲမွာ ထည့္ၿပီး
"လုံးဝျပန္ထြက္မလာနဲ႕ ထြက္လာရင္ အေၾကာင္းသိမယ္!"
ဆိုကာ ကားတံခါးကိုဝုန္းကနဲပိတ္သြားလိုက္လွ်င္ မြန္းသည္ ကားမွန္မွတစ္ဆင့္ အတၱရဲ႕လက္ပ်ဥ္မွာ ေသြးေတြစိုေနတာကိုေတြ႕သည္။
ေဂ်ာ္နီက ေနာက္မွာလည္းစစ္ပြဲက်သလို ႏွစ္ဖက္စလုံးအသီးသီးက်ေနၾကၿပီး အတၱ အလင္းႏွင့္သူသာက်န္ေနမွန္းသိလိုက္ရသည္။
"အြတ္ အဟြတ္ အဟြတ္ !!"
အလင္းက လည္ပင္းညွစ္ထားသည့္ ေဒးဗစ္သည္အသက္မရႉနိုင္ေတာ့ပါ။ ေဂ်ာ္နီဟာ သူတို႔ဆီလာေနအတၱဆီသို႔ ႐ုတ္တရက္လွည့္ကာ အတၱကိုေသနက္ႏွင့္ျပန္ေထာက္ၿပီး
"အလင္း ငါ့အေဖကိုလႊတ္လိုက္!"
Advertisement
- In Serial7 Chapters
Pokémon Reset Bloodlines - Holiday Specials
Collections of varied stories across the Pokémon Reset Bloodlines universe, written by several authors for the Christmas season. How do the characters from the Resetverse celebrate their holidays? Knowledge of the main story and expanded universe is suggested.
8 179 - In Serial32 Chapters
Cinderella
This story is a Cinderella remake and it follows the basic plot of any Cinderella story. Annabella (sorry I'm bad with names) called Cinderella by her stepfamily is overworked and treated like dirt by most of her stepfamily. However, one day the prince happens to visit her stepfamily's home. This is where her story begins. Hey everyone. This is my first book, so to all those who read it, I hope you like it. Also thanks so much @retro_wonderwoman for well...there's too much to mention. Anyways, I hope you have fun reading this story!
8 215 - In Serial33 Chapters
A Silent Heart
After a chance encounter, deaf cleaning lady Irene's world clashes with wealthy CEO Leo's, igniting a spark of romance tested by family secrets and tragedy. *****After a tragic accident stole her hearing and her parents, talented painter Irene has been living in the shadows, caring for her troubled younger brother and struggling to make ends meet. But when a chance encounter sparks a connection with Leo Browning, the uber-successful CEO of the company she cleans for, her world flips upside down. Soon, Irene's warmth melts Leo's cold veneer and cautious heart, and Leo pushes Irene to shoot for her dreams again. But as their opposite worlds clash, the floodgates open to unraveling buried family secrets and life-changing tragedy. Can their budding love stand all the tests that threaten to pull them apart?Content Warning: contains violence and references to drug use.
8 194 - In Serial73 Chapters
Dreamscape (ReaderxMidoriyaxBakugouxTodoroki)
(Y/N) has been trapped for most of her life, used as a tool for others gain. Her quirk was fabricated to be used as the perfect weapon, a weapon to help in stealing other quirks. She thought she was fated to be a slave for most of her life, however, all that changes when the big three of U.A step into her life. Her life takes a turn after escaping, but freedom comes with a great price. Posted: 08/09/2021 - ongoing Regular updates!*I do not own any rights to the MHA characters. This story has some spoilers from My Hero Academia Manga. All characters from MHA belong to Kohei Horikoshi. All artwork belongs to their respective artists. This story contains mature content, all characters have been aged up for the purpose of the story..*Highest rankings reached:#1 izukuxreader#1 midoriyaxreader #1 todobakudekuxreader#1 ynstories#1 animefanfiction #2 readerxvarious #3 bakugoukatsuki#9 todorokishoto#12 fanficromance#18 shotoxreader#27 bakugouxreader
8 117 - In Serial128 Chapters
Wattpad Block Party - Summer Edition IV
Welcome to the Wattpad Block Party - Summer Edition IV!Round EIGHT of this popular event is coming your way the entire month of August 2018 and it's going to be epic! Everyone from your all time favorite Wattpad Super Stars, to USA TODAY Bestselling authors, to talented up and coming writers are joining us for this event!Check out the first chapter for a more detailed description and keep an eye out on the Line Up chapter to see who is going to be featured for the Wattpad Block Party - Summer Edition IV! Curious how this event will run? Here's the link to the last Wattpad Block Party: https://www.wattpad.com/story/133344241-wattpad-block-party-winter-edition-ivBe sure you add this story to your library, vote and leave comments on your favorite author's posts, and follow me, @KellyAnneBlount, for Wattpad Block Party updates!AMAZING COVER PROVIDED BY, @FallzSwimmer!
8 246 - In Serial22 Chapters
Broken Together (Dramione)
Everything in her life came crashing down. Ron cheated on her, he ruined her friendship with Harry and the Weasleys, she lost her job, her house, her pride. Draco Malfoy walks down the road and finds a broken, shaky figure. He steps closer and gasped. Hermione Granger lay unconscious.Disclaimer- I don't own the Harry Potter characters, just the plot
8 192

