《အတ္တလွန်အချစ် (OC) Completed》Part (38) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(38)
🎹🎹
🎵
🎼🎼🎹🎹 🎼🎼🎹🎹
Piano သံနဲ့ လိုက်ဖက်လွန်းတဲ့ သူမအသံနှင့်
A thousand years သီချင်းကို ခံစားချက်အပြည့်နဲ့ သီဆိုနေသော သူမရဲ့ပုံရိပ်။
၀ရန်တာက လေတိုက်တိုင်း လွင့်သွားတဲ့ သူမရဲ့ ဂါ၀န် ဝဲ၀ဲကြီးရယ်။ ထုံးဖွဲ့ထားသောအနီရောင်ဆံပင်တွေမှ အနည်းငယ် ပြေကျနေသော ဆံပင်စလေးတွေရယ်။
အဖြူရောင်နဲ့လိုက်ဖက်လွန်းတဲ့သူမ နဂိုဖြူစင်၍များလား။
Tablet မှာ ထပ်ဟပ်နေသော တရွေ့ရွေ့လုပ်ရှားနေသည့် Piano တီးခက်နေသောသူမပုံရိပ်တွေကို မျက်တောင်မခက်တန်းကြည့်နေမိတာ မည်မျှ ကြာသွားပြီနည်း။
နှစ်လဆိုတဲ့ အချိန်က ကိုယ့်ရင်ထဲမှာတေ့ာ နှစ်နှစ်မကပါဘူး Baby ရယ်။ ကိုယ် လုပ်ချင်တဲ့ကိစ္စအားလုံး ပြီးပျက်သွားရင် မင်း ကိုယ့်ကိုပြန်ချစ်လာအောင်ကြိုးစားမယ် ပြီးရင်လက်ထပ်ကြမယ်။ ကိုယ့်ရဲ့ကိုယ်ပွားကလေးသေးသေးလေးတွေ ဖန်ဆင်းပေးဖို့ Baby မင်းမှာတာဝန်ရှိတယ်။
၀ိုင်ချိုချိုနဲ့ အိပ်မပျော်တဲ့ညမှာ အဖော်ပြုနေ၍ စိတ်ကူးယဉ်ရင်း ခွက်အလွတ်ကို ကောက်မော့မိတဲ့ ကိုယ့်အဖြစ်ကိုလည်း မရှက်နိုင်ပါ။
"ဟက် မင်းနဲ့ကျမှ သတိလက်တွေ စိတ်ကူးတွေယဉ်မိနေပြန်ပြီကွာ "
မင်းသိရင် ယုံပါ့မလား
ဒီမှာ အတ္တလွန်ဆိုတဲ့ သွေးအေးရက်စက်တဲ့ကောင်ကြီးက သေလုမျောပါး အလွမ်းနာနေတယ်ဆိုတာ။
မှန်နံရံကနေတစ်ဆင့် ကြယ်တွေစုံနေတဲ့ကောင်းကင်ကိုလှမ်းမျှော်ကြည့်လိုက်ကာ အီဖယ်လ်မျှော်စင်မှာ မှာ သူမနဲ့ကုန်ဆုံးခဲ့တဲ့ ညကိုသတိရမိသည်။ တရုတ်မလေးသားအမိကိုဓာတ်ပုံရိုက်ပေးရင်း တစ်ယောက်နဲ့တစ်ယောက်စနောက်ကျီဆယ်ခဲ့သည်ကို လွမ်းဆွတ်မိရင်း
"ဟက် ဟက် "
အသံထွက်အောင်ရယ်လိုက်မိရာ ကြေကွဲမှုတွေကပ်လျှက်ပင်။
အဲ့ဒီလိုအခိုက်အတန့်ကလေးတွေကို ကိုယ်ဘယ်လိုပြန်ယူရမလဲ။
ဘေးကစားပွဲပေါ်မှာတင်ထားသော ပိုက်ဆံအိတ်ထဲမှာအမြဲထည့်ထားခဲ့တဲ့ တရုတ်မလေး ရိုက်ပြီးလက်ဆောင်ပေးသွားတဲ့ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်နေကြပြီး ကြင်နာနွေးထွေးစွာဖက်ထားသည့်ဒီဓာတ်ပုံကလေး။ သူမနဲ့ကိုယ့်ရဲ့ တစ်ပုံတည်းသောဒီဓာတ်ပုံကလေး။
တစ်ညလုံးမအိပ်ပဲ သူမနဲ့ပတ်သတ်သမျှ တွေပြန်တွေးနေခဲ့တာ မနက်၅နာရီပင်ရောက်ရှိသွားတာမသိခဲ့ ။အလင်းကို ဖုန်းခေါ်လိုက်ပြီး
"ဟယ်လို"
"ဟုတ်ကဲ့ သခင်လေး ကျွန်တော် ဘာလုပ်ပေးရမလဲ Breakfast မှာနေပါတယ် အခု"
"မမှာနဲ့တော့ ဒီကိုအခုလာခဲ့"
"ဗျာ ဘာမှမစားတော့ဘူးလား"
"လေရှည်တာကွာ"
"မဟုတ်ဘူးလေ သခင်လေး ဒီအချိန်မှာ အစားအသောက်ပျက်လို့...."
"အလင်း မင်းဘယ်တုန်းကအဲ့သလောက်အရစ်ရှည်တတ်သွားရတာလဲ!"
"ဟုတ်ကဲ့ လာပါပြီ "
အလင်းလည်း သခင်လေးကိုစိတ်ပူလို့ပြောခဲ့ပေမဲ့ ဇွတ်မာန်မဲနေသောကြောင့် ဘာစားစရာမှမဝယ်ဘဲ သခင်လေးရှိရာသို့အမြန်လာခဲ့သည်။
မိနစ်၂၀မျှအကြာမှာ
ဒေါက် ဒေါက်
"၀င်ခဲ့ "
အလင်း ၀င်လာလာချင်း စားပွဲပေါ်ကတစ်၀က်တစ်ပျက်ဝိုင်ပုလင်းနဲ့ဖန်ခွက်အခွံတစ်လုံးရယ် ဘေးက Tabletရယ်ကြောင့်
ဒီနေ့ညလည်းမအိပ်ပြန်ဘူးလား။
"ရော့ ဒီပုံကို ပုံအကြီးထုတ်ခဲ့ "
"ဟုတ်"
အလင်းသည် သခင်လေးပေးသော ဓာတ်ပုံကိုကြည့်ပြီး ပြုံးသွားသည်။
"ဟာ ပုံကတကယ်အသက်၀င်တာပဲ Snapအစစ်မို့လို့ဖြစ်မယ် "
"အင်း မွန်းနဲ့ငါနဲ့လိုက်တယ်မလား"
"Perfectပဲ "
တရုတ်မလေးပြောသွားသည့် perfect coupleဆိုတာလေးကို သတိရမိသည်။
"၂ပုံထုတ်ခဲ့"
"ဘယ်Sizeလဲ သခင်လေး "
"အမ်.... မင်း ငါ့အခန်းတံခါးsizeသိလား"
"၇ပေ?"
"အေး"
"ဗျာ! "
တအံ့တသြမျက်လုံးပြူးသွားတဲ့ အလင်း
"အဲ့ဒီလောက်အကြီးကြီး!"
"အဲ့ဒီအခန်းတံခါးနဲ့ တစ်သားကျအောင်ထုတ်ခဲ့ တံခါးမှာ ကပ်ထားမလို့ "
ထိုအခါ အလင်းက အတ္တကို အနည်းငယ်အူကြောင်ကြောင်ဆန်စွာပြန်ကြည့်သည်။
"အဟင်း!"
ကိုယ့်ကိုယ်ကိုယ်လည်း ရယ်ချင်မိကာ
မင်းကြောင့် Baby အဲ့တာ မင်းကြောင့် ကိုယ်ဘာတွေလုပ်နေမှန်းတောင်မသိဘူး။
"နောက်တစ်ပုံကရော"
"နောက်တစ်ပုံက ၃ပေလောက်ပဲ ဧည့်ခန်းမှာ ချိတ်ဖို့"
"ဟုတ်ကဲ့ ကျွန်တော် အခုပဲသွားထုတ်လာခဲ့မယ် "
"နေဦး မပြီးသေးဘူး"
"ဟင် ဘယ်နှပုံတောင်လဲ သခင်လေး"
"ရော့ အဲ့ဒီ Tabletထဲမှာ screen shoot ရိုက်ထားနဲ့ ပုံ၃ပုံရှိတယ် အဲ့တာရောထုတ်ခဲ့ "
"sizeကရော"
အတ္တ စဉ်းစားရင်း
"အလျားက ၅ပေ အနံက ၆ပေ "
"ဟာ သခင်လေး အကုန်ကြီးကြီးတွေချည်းပဲ"
"ထုတ်ဆို ထုတ်လာခဲ့လိုက် မြန်မြန်ရချင်တယ် မကြာစေနဲ့"
"ဟုတ်ကဲ့ အခုပဲသွားလိုက်ပါ့မယ်"
အလင်းလည်း ခပ်သွက်သွက် ထွက်သွားလေသည်။
အတ္တသည် Dream Bed ပေါ်မှာပြန်ထိုင်လိုက်ကာ မျက်လုံးမှိတ်ပြီးခေတ္တမှေးနေလိုက်၏။
============================
အလင်း အိမ်ပြန်လာရသည့် တစ်ပတ်ပြည့်သောနေ့တွင် မွန်းဟာ ဧည့်ခန်းထဲမှာ စာရေးနေသည်။
ရုတ်တရက်ကြီး အိမ်ထဲသို့ ၇ပေလောက်ရှည်သောစက္ကူတွေနဲ့ဖုံးထားတဲ့ အပြားကြီးတစ်ခုကိုလူ၄ယောက်လောက်သည်လာကြတော့ မွန်းမှာ စာရေးနေရင်းစာအုပ်ကလေးပိတ်လိုက်ကာ ထိုလူတွေကိုမတ်တပ်ရပ်ကြည့်လိုက်မိသည်။
"ဘာကြီးသယ်လာကြတာလဲ"
လှေကားမှ အပေါ်သို့ထမ်းတက်သွားကြသည်မို့
စိတ်၀င်စားမိသည်။ ဒါပေမဲ့ ထိုလူတွေကလည်းတိုက်ရိုက်မမေးခဲ့ပါ။ ဒီအိမ်မှာ ဒေါ်မေတင်နှင့်သက်သက်မှလွဲ၍ ကျန်တဲ့လူတွေဟာ မွန်းနဲ့စိမ်းသက်နေသလို မွန်းထွက်ပြေးတိုင်းလိုက်ဖမ်းတဲ့အဲ့ဒီလူတွေကို အရမ်းအမြင်ကပ်လှသည်။
နောက်ပြီး အဲ့ဒီထက်အနည်းငယ်ပဲသေးတဲ့ အပြားအကြီးကြီးတွေ ၃ပြားထပ်သယ်သွားပြန်သည်။
ထို့နောက် ၃ပေလောက်ရှိသည့် အပြားတစ်ခု ဒါကိုတော့ဓာတ်ပုံတစ်ပုံဆိုတာ မွန်းခန့်မှန်းလို့ရပါသည်။
"မမလေး နည်းနည်းလောက် ဖယ်ပေးလို့ရမလား"
အလင်းက ထိုဓာတ်ပုံကိုကိုင်လာသောလူတွေရဲ့အနောက်ကနေ မွန်းကိုဖယ်ပေးဖို့ပြောလာသည်။
မွန်းရဲ့နောက်က ဆိုဖာပေါ်ကနေနံရံမှာတက်ချိတ်မယ်ဆိုတာသိလိုက်ရတော့ မွန်းသည်စားပွဲပေါ်ကစာအုပ်နဲ့ဖောင်တိန်ကလေးကို ကောက်ယူကာ အလင်းရဲ့နောက်မှာသွားရပ်လိုက်သည်။
သံရိုက်ကာ ချိတ်ဆွဲပြီးတဲ့အခါ ပုံချိတ်တဲ့လူတွေကအိမ်ထဲကနေပြန်ထွက်သွားပြီးအလင်းက အုပ်ထားသော စက္ကူတွေကို ဖယ်လိုက်ရာ မွန်းမှာ ပါးစပ်ကလေးအဟောင်းသားဖြစ်သွားရသည်။
Advertisement
"Parisတုန်းက ပုံ?"
ကိုယ်တိုင်တောင် မသိခဲ့သော ဓာတ်ပုံတစ်ခုဟာ အရမ်းအသက်၀င်ပြီး လှပနေသည်။ ထိုနေရာမှာ ရပ်နေမိတာ ဘယ်နမိနစ်ကြာလို့ ထိုပုံကိုကြည့်နေမိတာလည်း ဘယ်လောက်ကြာပြီမှန်းမသိတော့ပါ။ ငူငူကြီးရပ်နေမိရင်း ရင်ထဲက စူးစူးအောင့်အောင့်ဖြစ်လာရသည်။
မွန်းလည်း စာအုပ်လေးကိုရင်မှာ တင်းတင်းပိုက်ကာ ခေါင်းခါရမ်းရင်း အပေါ်ထပ်သို့တက်လာခဲ့သည်။
စိတ်ညစ်တိုင်း ထွက်ထွက်ရပ်နေမိတဲ့ ဒီ၀ရန်တာကနေ မြင်နေရသည့် မယ်ဇယ်ပင်ကြီးအောက်ကခုံကလေးကို ကြည့်ရင်း
"ဒီခုံလေးမှာ ကိုယ်မပါပဲ ဘယ်တော့မှ လာမထိုင်နဲ့ အမြဲတမ်း ၂ယောက်ထိုင်နေကျပဲ ဖြစ်ချင်လို့"
သူပြောခဲ့သောစကားတစ်ချို့က နားထဲဝင်လာတဲ့အခါ မွန်းဟာ ဟွန့်ကနဲ နှုတ်ခမ်းတွန့်ကွေးသွားပြီး
"ဘယ်တော့မှ ထိုင်ဖြစ်တော့မှာ မဟုတ်ဘူး "
============================
"မမလေး ထမင်းစားရအောင်လေ "
သက်သက်က အိပ်ယာထဲမှာ လှဲနေသည့် သူမအားလာခေါ်သော်လည်း ပန်းနုရောင်ဖျော့ဖျော့ ဂါ၀န်လေးနဲ့ သူမက ကွေးနေ၏။
"ဟင့်အင်း မွန်း စားချင်စိတ်မရှိဘူး"
"ဒီရက်ပိုင်း မမလေးက အစားလည်းမ၀င်ဘူး နေမကောင်းဘူးလား "
"ခေါင်းလေးနည်းနည်းမူးနေတယ် "
"သက်သက် မေတင့်ကိုသွားခေါ်လိုက်မယ် "
"တော်ပါပြီသက်သက်ရယ် ခဏအိပ်လိုက်ရင် ကောင်းသွားမှာပါ လူကြီးကို မခေါ်ပါနဲ့တော့"
"ဘာကိုမခေါ်ရမှာလဲ သမီးရယ် "
ထမင်းပန်းကန်တွေနဲ့အတူ ၀င်လာသည့် မေတင်က သက်သက်ဘေးမှာ ၀င်ထိုင်လိုက်သည်။
"ဟင် မေတင် "
မွန်းက ထထိုင်လိုက်ရာ ဒေါ်မေတင်ဟာ ထမင်းဟင်းတွေကို စားပွဲသေးသေးလေးပေါ်မှာ တင်ပေးလိုက်သည် ။
"သမီးမွန်း အစားမ၀င်တာ ၂ရက်ရှိပြီ နေမကောင်းဘူးလား "
မေတင်က နှဖူးလေးပေါ်လက်ကလေးတင်စမ်းလိုက်သည်။
"ကိုယ်လည်းမပူပါဘူး သမီးရဲ့ မေတင်ချက်တာမကြိုက်လို့လား "
"ဟင့်အင်း မဟုတ်ပါဘူး မေတင်ရဲ့ မွန်း ခေါင်းနည်းနည်းမူးလို့ပါ "
" အစာမရှိလို့ဖြစ်မယ် စားလိုက်ပါသမီးရယ် နည်းနည်းပဲ ဖြစ်ဖြစ် ပြီးရင် ဆေးသောက်ရအောင်လေနော် !"
မေတင်က ထမင်းနဲ့ဟင်းကို တစ်ခါတည်း နယ်ပေး၍ ဇွန်းနဲ့ကော်ပေးသည် ။ မွန်းလည်း မေတင် ပေးတဲ့ဇွန်းကို ပါးစပ်ထဲတစ်လုတ်ထည့်လိုက်၏။ မွန်းသည် စားရတာလုံးဝအဆင်မပြေဖြစ်ကာ မေတင့်ကိုအားနာလို့ နောက်တစ်လုပ် ကော်ပေးသည်အား လှမ်းယူရင်း လုံးဝမထိန်းနိုင်ဖြစ်၍
"အော့ .... ဝေါ့ အဟွတ်....."
ပျို့တက်လာပြီး ဇွန်းကိုပစ်ချ၍ သန့်စင်ခန်းထဲသို့ တန်းပြေးရလေသည်။
"သမီး မွန်း ရရဲ့လား သမီး"
မေတင်က အနောက်မှ လိုက်လာပြီး
ကျောကိုနှိပ်ပေးနေ၏။
မွန်းကို တွဲကူပေးကာ အိပ်ယာမှာလှဲခိုင်းရင်း
"သမီး ရယ် "
"မေတင် ထမင်းနဲ့ ဟင်းတွေ အနံ့မခံနိုင်လို့ နေရာရွေ့ပေးပါလား"
"အေးအေး "
မေတင်က ထိုထမင်းဟင်းတွေကို သက်သက်အားအဝေးသို့ယူသွားစေ၍
"သက်သက်ရေ မေ့ကိုဖုန်းဆက်လိုက်ပါကွယ်"
" ဟုတ်ကဲ့ မေတင်"
သက်သက်သည် ထမင်းဟင်းတွေကိုအောက်ထပ်သို့ပြန်သည်သွားပြီး မေသုခကိုဖုန်းဆက်လိုက်သည်။
"သမီးက အစာကောင်းကောင်းမစားတာ ၂ရက်ရှိပြီ အစာမကြေတာတော့မဖြစ်နိုင်ဘူး မဟုတ်မှ သမီး....!"
မေတင်က ပြုံးပြရင်း
"ဟုတ်တယ်မလား ဟုတ်တယ်မလားသမီး သခင်လေးတော့ ပျော်နေတော့မှာပဲ"
မွန်းသည် မေတင်ဘာကိုဆိုလိုနေသလဲဆိုတာသိနေပြီး ပြန်စဥ်းစားကြည့်လိုက်လျှင်
သူထွက်သွားတာလည်း၂လနဲ့တစ်၀က်ရှိပြီဆိုတော့ တကယ်ပဲလား။
မျက်ရည်တွေဝေ့၀ဲသွားပြီး လှဲနေရာကနေထထိုင်လိုက်သည်။
"ဟင့်အင်း ဟင့်အင်း မဟုတ်လောက်ပါဘူး မဟုတ်ဘူး မဟုတ်ဘူး "
မွန်းသည် ခေါင်းရမ်းရင်း
မဖြစ်ချင်ဘူး အဲ့လိုမဖြစ်ရဘူး ဘာလို့ ကိုယ်၀န်ရှိရမှာလဲ မရှိဘူး။
"ဟင်! မဟုတ်ပါဘူး ဟင့်အင်းမဖြစ်ရဘူး "
"အို.. မွန်း ကလည်း ဒါ ၀မ်းသာရမယ့်ကိစ္စလေ ဘာလို့ ငိုတာလဲ"
"အဟင့် ဟီး မွန်း မွန်း သူ့ကိုမုန်းတယ် သူနဲ့ပတ်သပ်တဲ့ ကိုယ်၀န် မွန်းမရချင်ဘူး အဟင့် ဟီး အီး"
အခန်းထဲမှာ မွန်းနဲ့ဒေါ်မေတင် စကားပြောရင်း မွန်းဟာပေါက်ကွဲစွာငိုယိုနေသည်။
ဒေါ်မေတင်ဟာ ဖုန်းကလေးသွားဆက်ခိုင်းတာပြန်တက်မလာတဲ့ သက်သက်ကိုအပြစ်တင်နေတုန်း သက်သက်ကအခန်းထဲပြန်ဝင်လာ၍
"မမမေက ဆီးစစ်ကြည့်ဖို့ပဲပြောတယ် သူကလူနာရှိနေလို့ ခဏနေမှလာခဲ့မယ်တဲ့"
ဟုဆိုတာ သက်သက်သည် ကော်ချောင်းကလေးကိုမွန်းလက်ထဲသို့ထည့်ပေးသည်။ မွန်းသည် သက်သက်ပေးတဲ့ဆီးစစ်သောအချောင်းကလေးကိုကိုင်ပြီး ချက်ချင်းပဲ သန့်စင်ခန်းထဲသို့ပြေးဝင်သွားလေသည်။
"သက်သက် သွား သခင်လေးဆီ ဖုန်းဆက် ပြောလိုက် "
"ဟုတ်ကဲ့ သခင်လေး အရမ်းပျော်နေမှာ"
ဒေါ်မေတင်ကခိုင်းလိုက်သည်နှင့် သက်သက်က အောက်သို့ ပြေးဆင်းသွားလေသည်။
မွန်းသည် သန့်စင်ခန်းထဲမှ အတော်နဲ့ထထွက်မလာပဲ
မျက်လုံးစုံမှိတ်ကာ စစ်ဆေးသောကိရိယာလေးကို တင်းနေအောင်ဆုတ်ကိုင်ထားသည်။ အဖြေကိုကြည့်ဖို့ လုံးဝသတ္တိမရှိပါ။
ရင်တွေလည်းခုန်နေကာ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ပြီး ထိုကော်ချောင်းကလေးအား မျက်လုံးဖွင့်ကြည့်လိုက်ရာ ပေါ်နေတဲ့ အထစ်လေးနှစ်ထစ်ကြောင့် ထိုကော်ချောင်းကလေးကို လွှတ်ချပစ်လိုက်ပြီး မျက်ရည်တွေ တောက်တောက်ကျလာသည် ။
============================
မင်းကိုလတ်တို့နှင့် အစည်းအဝေးလုပ်နေစဉ်
ရုတ်တရက် ဖုန်းလာသဖြင့် အတ္တက စားပွဲပေါ်တင်ထားတဲ့ဖုန်းရဲ့ Screen ကိုကြည့်ပြီး အိမ်ဖုန်းဖြစ်နေသည်မို့ ထိုအစည်းအဝေးခန်းထဲမှ ခဏထွက်လာပြီး ကိုင်လိုက်သည်။
"ဟယ်လို "
"ဟယ်လို သခင်လေး သက်သက်ပါ "
"အင်း ပြောလေ ဘာလဲ မွန်း တစ်ခုခုဖြစ်လို့လား "
Advertisement
"မ မဟုတ်ဘူး သခင်လေး "
" အင်းဘာဖြစ်တာလဲ ငါမအားဘူး မြန်မြန်ပြော"
"ဟိုလေ မမလေးက ကိုယ်ဝန်ရှိနေပြီ! "
ထိုစကားကိုကြားတော့ အတ္တတစ်ချက်မျက်မှောင်ကုပ်သွားကာ ချက်ချင်းမျက်ခုံးများ ပြေလျော့သွားသည်။
"ဟမ်......ဘ...ဘာ .....ဘာ... "
အစည်းအဝေးအခန်းအပြင်မှာ ခါးထောက်ပြီးမတ်တပ်ရပ်နေရင်းမှ ချက်ချင်း အစည်းအဝေးခန်းထဲသို့ပြန်ဝင်လာ၍ သူ၏ကုပ်အင်္ကျီနှင့် ကားသော့ကိုလာယူရင်း
"ကိုယ်၀န် ဟုတ် ဟုတ်လား "
ဟု ရှက်ရွံ့ခြင်းမရှိကာ အစည်းအဝေးခန်းထဲမှာဆိုတာကိုပင် မေ့လျော့စွာ ခပ်ကျယ်ကျယ်ပြန်မေးလိုက်၍ အတ္တသည် ရင်တွေ အတိုင်းအဆ မသိအောင် ခုန်နေပြီး ရင်ထဲတွင် လှိုက်ကနဲအပျော်ကြီး ပျော်မိသလို ဘာလုပ်လို့ လုပ်ရမှန်းမသိအောင်ပင် အရူးမီးဝိုင်းသည့်အလားဖြစ်နေကာ ဘယ်သူ့ကိုမှမနှုတ်ဆက်ဘဲအစည်းအဝေးအခန်းထဲကနေအမြန်ဆုံးပြေးထွက်လာခဲ့သည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(39)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(38)
Piano သံနဲ႕ လိုက္ဖက္လြန္းတဲ့ သူမအသံႏွင့္
A thousand years သီခ်င္းကို ခံစားခ်က္အျပည့္နဲ႕ သီဆိုေနေသာ သူမရဲ႕ပုံရိပ္။
၀ရန်တာက ေလတိုက္တိုင္း လြင့္သြားတဲ့ သူမရဲ႕ ဂါ၀န္ ဝဲ၀ဲကြီးရယ်။ ထုံးဖြဲ႕ထားေသာအနီေရာင္ဆံပင္ေတြမွ အနည္းငယ္ ေျပက်ေနေသာ ဆံပင္စေလးေတြရယ္။
အျဖဴေရာင္နဲ႕လိုက္ဖက္လြန္းတဲ့သူမ နဂိုျဖဴစင္၍မ်ားလား။
Tablet မွာ ထပ္ဟပ္ေနေသာ တေ႐ြ႕ေ႐ြ႕လုပ္ရွားေနသည့္ Piano တီးခက္ေနေသာသူမပုံရိပ္ေတြကို မ်က္ေတာင္မခက္တန္းၾကည့္ေနမိတာ မည္မွ် ၾကာသြားၿပီနည္း။
ႏွစ္လဆိုတဲ့ အခ်ိန္က ကိုယ့္ရင္ထဲမွာေတ့ာ ႏွစ္ႏွစ္မကပါဘူး Baby ရယ္။ ကိုယ္ လုပ္ခ်င္တဲ့ကိစၥအားလုံး ၿပီးပ်က္သြားရင္ မင္း ကိုယ့္ကိုျပန္ခ်စ္လာေအာင္ႀကိဳးစားမယ္ ၿပီးရင္လက္ထပ္ၾကမယ္။ ကိုယ့္ရဲ႕ကိုယ္ပြားကေလးေသးေသးေလးေတြ ဖန္ဆင္းေပးဖို႔ Baby မင္းမွာတာဝန္ရွိတယ္။
၀ိုင်ချိုချိုနဲ့ အိပ္မေပ်ာ္တဲ့ညမွာ အေဖာ္ျပဳေန၍ စိတ္ကူးယဥ္ရင္း ခြက္အလြတ္ကို ေကာက္ေမာ့မိတဲ့ ကိုယ့္အျဖစ္ကိုလည္း မရွက္နိုင္ပါ။
"ဟက္ မင္းနဲ႕က်မွ သတိလက္ေတြ စိတ္ကူးေတြယဥ္မိေနျပန္ၿပီကြာ "
မင္းသိရင္ ယုံပါ့မလား
ဒီမွာ အတၱလြန္ဆိုတဲ့ ေသြးေအးရက္စက္တဲ့ေကာင္ႀကီးက ေသလုေမ်ာပါး အလြမ္းနာေနတယ္ဆိုတာ။
မွန္နံရံကေနတစ္ဆင့္ ၾကယ္ေတြစုံေနတဲ့ေကာင္းကင္ကိုလွမ္းေမွ်ာ္ၾကည့္လိုက္ကာ အီဖယ္လ္ေမွ်ာ္စင္မွာ မွာ သူမနဲ႕ကုန္ဆုံးခဲ့တဲ့ ညကိုသတိရမိသည္။ တ႐ုတ္မေလးသားအမိကိုဓာတ္ပုံရိုက္ေပးရင္း တစ္ေယာက္နဲ႕တစ္ေယာက္စေနာက္က်ီဆယ္ခဲ့သည္ကို လြမ္းဆြတ္မိရင္း
"ဟက္ ဟက္ "
အသံထြက္ေအာင္ရယ္လိုက္မိရာ ေၾကကြဲမႈေတြကပ္လွ်က္ပင္။
အဲ့ဒီလိုအခိုက္အတန့္ကေလးေတြကို ကိုယ္ဘယ္လိုျပန္ယူရမလဲ။
ေဘးကစားပြဲေပၚမွာတင္ထားေသာ ပိုက္ဆံအိတ္ထဲမွာအၿမဲထည့္ထားခဲ့တဲ့ တ႐ုတ္မေလး ရိုက္ၿပီးလက္ေဆာင္ေပးသြားတဲ့ တစ္ေယာက္ကိုတစ္ေယာက္ၾကည့္ကာ ရယ္ေနၾကၿပီး ၾကင္နာႏြေးေထြးစြာဖက္ထားသည့္ဒီဓာတ္ပုံကေလး။ သူမနဲ႕ကိုယ့္ရဲ႕ တစ္ပုံတည္းေသာဒီဓာတ္ပုံကေလး။
တစ္ညလုံးမအိပ္ပဲ သူမနဲ႕ပတ္သတ္သမွ် ေတြျပန္ေတြးေနခဲ့တာ မနက္၅နာရီပင္ေရာက္ရွိသြားတာမသိခဲ့ ။အလင္းကို ဖုန္းေခၚလိုက္ၿပီး
"ဟယ္လို"
"ဟုတ္ကဲ့ သခင္ေလး ကြၽန္ေတာ္ ဘာလုပ္ေပးရမလဲ Breakfast မွာေနပါတယ္ အခု"
"မမွာနဲ႕ေတာ့ ဒီကိုအခုလာခဲ့"
"ဗ်ာ ဘာမွမစားေတာ့ဘူးလား"
"ေလရွည္တာကြာ"
"မဟုတ္ဘူးေလ သခင္ေလး ဒီအခ်ိန္မွာ အစားအေသာက္ပ်က္လို႔...."
"အလင္း မင္းဘယ္တုန္းကအဲ့သေလာက္အရစ္ရွည္တတ္သြားရတာလဲ!"
"ဟုတ္ကဲ့ လာပါၿပီ "
အလင္းလည္း သခင္ေလးကိုစိတ္ပူလို႔ေျပာခဲ့ေပမဲ့ ဇြတ္မာန္မဲေနေသာေၾကာင့္ ဘာစားစရာမွမဝယ္ဘဲ သခင္ေလးရွိရာသို႔အျမန္လာခဲ့သည္။
မိနစ္၂၀မွ်အၾကာမွာ
ေဒါက္ ေဒါက္
"၀င်ခဲ့ "
အလင္း ၀င်လာလာချင်း စားပြဲေပၚကတစ္၀က္တစ္ပ်က္ဝိုင္ပုလင္းနဲ႕ဖန္ခြက္အခြံတစ္လုံးရယ္ ေဘးက Tabletရယ္ေၾကာင့္
ဒီေန႕ညလည္းမအိပ္ျပန္ဘူးလား။
"ေရာ့ ဒီပုံကို ပုံအႀကီးထုတ္ခဲ့ "
"ဟုတ္"
အလင္းသည္ သခင္ေလးေပးေသာ ဓာတ္ပုံကိုၾကည့္ၿပီး ၿပဳံးသြားသည္။
"ဟာ ပုံကတကယ္အသက္၀င္တာပဲ Snapအစစ္မို႔လို႔ျဖစ္မယ္ "
"အင္း မြန္းနဲ႕ငါနဲ႕လိုက္တယ္မလား"
"Perfectပဲ "
တ႐ုတ္မေလးေျပာသြားသည့္ perfect coupleဆိုတာေလးကို သတိရမိသည္။
"၂ပုံထုတ္ခဲ့"
"ဘယ္Sizeလဲ သခင္ေလး "
"အမ္.... မင္း ငါ့အခန္းတံခါးsizeသိလား"
"၇ပေ?"
"ေအး"
"ဗ်ာ! "
တအံ့တၾသမ်က္လုံးျပဴးသြားတဲ့ အလင္း
"အဲ့ဒီေလာက္အႀကီးႀကီး!"
"အဲ့ဒီအခန္းတံခါးနဲ႕ တစ္သားက်ေအာင္ထုတ္ခဲ့ တံခါးမွာ ကပ္ထားမလို႔ "
ထိုအခါ အလင္းက အတၱကို အနည္းငယ္အူေၾကာင္ေၾကာင္ဆန္စြာျပန္ၾကည့္သည္။
"အဟင္း!"
ကိုယ့္ကိုယ္ကိုယ္လည္း ရယ္ခ်င္မိကာ
မင္းေၾကာင့္ Baby အဲ့တာ မင္းေၾကာင့္ ကိုယ္ဘာေတြလုပ္ေနမွန္းေတာင္မသိဘူး။
"ေနာက္တစ္ပုံကေရာ"
"ေနာက္တစ္ပုံက ၃ေပေလာက္ပဲ ဧည့္ခန္းမွာ ခ်ိတ္ဖို႔"
"ဟုတ္ကဲ့ ကြၽန္ေတာ္ အခုပဲသြားထုတ္လာခဲ့မယ္ "
"ေနဦး မၿပီးေသးဘူး"
"ဟင္ ဘယ္ႏွပုံေတာင္လဲ သခင္ေလး"
"ေရာ့ အဲ့ဒီ Tabletထဲမွာ screen shoot ရိုက္ထားနဲ႕ ပုံ၃ပုံရွိတယ္ အဲ့တာေရာထုတ္ခဲ့ "
"sizeကေရာ"
အတၱ စဥ္းစားရင္း
"အလ်ားက ၅ေပ အနံက ၆ေပ "
"ဟာ သခင္ေလး အကုန္ႀကီးႀကီးေတြခ်ည္းပဲ"
"ထုတ္ဆို ထုတ္လာခဲ့လိုက္ ျမန္ျမန္ရခ်င္တယ္ မၾကာေစနဲ႕"
"ဟုတ္ကဲ့ အခုပဲသြားလိုက္ပါ့မယ္"
အလင္းလည္း ခပ္သြက္သြက္ ထြက္သြားေလသည္။
အတၱသည္ Dream Bed ေပၚမွာျပန္ထိုင္လိုက္ကာ မ်က္လုံးမွိတ္ၿပီးေခတၱေမွးေနလိုက္၏။
============================
အလင္း အိမ္ျပန္လာရသည့္ တစ္ပတ္ျပည့္ေသာေန႕တြင္ မြန္းဟာ ဧည့္ခန္းထဲမွာ စာေရးေနသည္။
႐ုတ္တရက္ႀကီး အိမ္ထဲသို႔ ၇ပေလောက်ရှည်သောစက္ကူတွေနဲ့ဖုံးထားတဲ့ အျပားႀကီးတစ္ခုကိုလူ၄ေယာက္ေလာက္သည္လာၾကေတာ့ မြန္းမွာ စာေရးေနရင္းစာအုပ္ကေလးပိတ္လိုက္ကာ ထိုလူေတြကိုမတ္တပ္ရပ္ၾကည့္လိုက္မိသည္။
"ဘာႀကီးသယ္လာၾကတာလဲ"
ေလွကားမွ အေပၚသို႔ထမ္းတက္သြားၾကသည္မို႔
စိတ္၀င္စားမိသည္။ ဒါေပမဲ့ ထိုလူေတြကလည္းတိုက္ရိုက္မေမးခဲ့ပါ။ ဒီအိမ္မွာ ေဒၚေမတင္ႏွင့္သက္သက္မွလြဲ၍ က်န္တဲ့လူေတြဟာ မြန္းနဲ႕စိမ္းသက္ေနသလို မြန္းထြက္ေျပးတိုင္းလိုက္ဖမ္းတဲ့အဲ့ဒီလူေတြကို အရမ္းအျမင္ကပ္လွသည္။
ေနာက္ၿပီး အဲ့ဒီထက္အနည္းငယ္ပဲေသးတဲ့ အျပားအႀကီးႀကီးေတြ ၃ျပားထပ္သယ္သြားျပန္သည္။
ထို႔ေနာက္ ၃ေပေလာက္ရွိသည့္ အျပားတစ္ခု ဒါကိုေတာ့ဓာတ္ပုံတစ္ပုံဆိုတာ မြန္းခန့္မွန္းလို႔ရပါသည္။
"မမေလး နည္းနည္းေလာက္ ဖယ္ေပးလို႔ရမလား"
အလင္းက ထိုဓာတ္ပုံကိုကိုင္လာေသာလူေတြရဲ႕အေနာက္ကေန မြန္းကိုဖယ္ေပးဖို႔ေျပာလာသည္။
မြန္းရဲ႕ေနာက္က ဆိုဖာေပၚကေနနံရံမွာတက္ခ်ိတ္မယ္ဆိုတာသိလိုက္ရေတာ့ မြန္းသည္စားပြဲေပၚကစာအုပ္နဲ႕ေဖာင္တိန္ကေလးကို ေကာက္ယူကာ အလင္းရဲ႕ေနာက္မွာသြားရပ္လိုက္သည္။
သံရိုက္ကာ ခ်ိတ္ဆြဲၿပီးတဲ့အခါ ပုံခ်ိတ္တဲ့လူေတြကအိမ္ထဲကေနျပန္ထြက္သြားၿပီးအလင္းက အုပ္ထားေသာ စကၠဴေတြကို ဖယ္လိုက္ရာ မြန္းမွာ ပါးစပ္ကေလးအေဟာင္းသားျဖစ္သြားရသည္။
"Parisတုန္းက ပုံ?"
ကိုယ္တိုင္ေတာင္ မသိခဲ့ေသာ ဓာတ္ပုံတစ္ခုဟာ အရမ္းအသက္၀င္ၿပီး လွပေနသည္။ ထိုေနရာမွာ ရပ္ေနမိတာ ဘယ္နမိနစ္ၾကာလို႔ ထိုပုံကိုၾကည့္ေနမိတာလည္း ဘယ္ေလာက္ၾကာၿပီမွန္းမသိေတာ့ပါ။ ငူငူႀကီးရပ္ေနမိရင္း ရင္ထဲက စူးစူးေအာင့္ေအာင့္ျဖစ္လာရသည္။
မြန္းလည္း စာအုပ္ေလးကိုရင္မွာ တင္းတင္းပိုက္ကာ ေခါင္းခါရမ္းရင္း အေပၚထပ္သို႔တက္လာခဲ့သည္။
စိတ္ညစ္တိုင္း ထြက္ထြက္ရပ္ေနမိတဲ့ ဒီ၀ရန္တာကေန ျမင္ေနရသည့္ မယ္ဇယ္ပင္ႀကီးေအာက္ကခုံကေလးကို ၾကည့္ရင္း
"ဒီခုံေလးမွာ ကိုယ္မပါပဲ ဘယ္ေတာ့မွ လာမထိုင္နဲ႕ အၿမဲတမ္း ၂ေယာက္ထိုင္ေနက်ပဲ ျဖစ္ခ်င္လို႔"
သူေျပာခဲ့ေသာစကားတစ္ခ်ိဳ႕က နားထဲဝင္လာတဲ့အခါ မြန္းဟာ ဟြန့္ကနဲ ႏႈတ္ခမ္းတြန့္ေကြးသြားၿပီး
"ဘယ္ေတာ့မွ ထိုင္ျဖစ္ေတာ့မွာ မဟုတ္ဘူး "
============================
"မမေလး ထမင္းစားရေအာင္ေလ "
သက္သက္က အိပ္ယာထဲမွာ လွဲေနသည့္ သူမအားလာေခၚေသာ္လည္း ပန္းႏုေရာင္ေဖ်ာ့ေဖ်ာ့ ဂါ၀န္ေလးနဲ႕ သူမက ေကြးေန၏။
"ဟင့္အင္း မြန္း စားခ်င္စိတ္မရွိဘူး"
"ဒီရက္ပိုင္း မမေလးက အစားလည္းမ၀င္ဘူး ေနမေကာင္းဘူးလား "
"ေခါင္းေလးနည္းနည္းမူးေနတယ္ "
"သက္သက္ ေမတင့္ကိုသြားေခၚလိုက္မယ္ "
"ေတာ္ပါၿပီသက္သက္ရယ္ ခဏအိပ္လိုက္ရင္ ေကာင္းသြားမွာပါ လူႀကီးကို မေခၚပါနဲ႕ေတာ့"
"ဘာကိုမေခၚရမွာလဲ သမီးရယ္ "
ထမင္းပန္းကန္ေတြနဲ႕အတူ ၀င်လာသည့် ေမတင္က သက္သက္ေဘးမွာ ၀င်ထိုင်လိုက်သည်။
"ဟင္ ေမတင္ "
မြန္းက ထထိုင္လိုက္ရာ ေဒၚေမတင္ဟာ ထမင္းဟင္းေတြကို စားပြဲေသးေသးေလးေပၚမွာ တင္ေပးလိုက္သည္ ။
"သမီးမြန္း အစားမ၀င္တာ ၂ရက္ရွိၿပီ ေနမေကာင္းဘူးလား "
ေမတင္က ႏွဖူးေလးေပၚလက္ကေလးတင္စမ္းလိုက္သည္။
"ကိုယ္လည္းမပူပါဘူး သမီးရဲ႕ ေမတင္ခ်က္တာမႀကိဳက္လို႔လား "
"ဟင့္အင္း မဟုတ္ပါဘူး ေမတင္ရဲ႕ မြန္း ေခါင္းနည္းနည္းမူးလို႔ပါ "
" အစာမရွိလို႔ျဖစ္မယ္ စားလိုက္ပါသမီးရယ္ နည္းနည္းပဲ ျဖစ္ျဖစ္ ၿပီးရင္ ေဆးေသာက္ရေအာင္ေလေနာ္ !"
ေမတင္က ထမင္းနဲ႕ဟင္းကို တစ္ခါတည္း နယ္ေပး၍ ဇြန္းနဲ႕ေကာ္ေပးသည္ ။ မြန္းလည္း ေမတင္ ေပးတဲ့ဇြန္းကို ပါးစပ္ထဲတစ္လုတ္ထည့္လိုက္၏။ မြန္းသည္ စားရတာလုံးဝအဆင္မေျပျဖစ္ကာ ေမတင့္ကိုအားနာလို႔ ေနာက္တစ္လုပ္ ေကာ္ေပးသည္အား လွမ္းယူရင္း လုံးဝမထိန္းနိုင္ျဖစ္၍
"ေအာ့ .... ေဝါ့ အဟြတ္....."
ပ်ိဳ႕တက္လာၿပီး ဇြန္းကိုပစ္ခ်၍ သန့္စင္ခန္းထဲသို႔ တန္းေျပးရေလသည္။
"သမီး မြန္း ရရဲ႕လား သမီး"
ေမတင္က အေနာက္မွ လိုက္လာၿပီး
ေက်ာကိုႏွိပ္ေပးေန၏။
မြန္းကို တြဲကူေပးကာ အိပ္ယာမွာလွဲခိုင္းရင္း
"သမီး ရယ္ "
"ေမတင္ ထမင္းနဲ႕ ဟင္းေတြ အနံ႕မခံနိုင္လို႔ ေနရာေ႐ြ႕ေပးပါလား"
"ေအးေအး "
ေမတင္က ထိုထမင္းဟင္းေတြကို သက္သက္အားအေဝးသို႔ယူသြားေစ၍
"သက္သက္ေရ ေမ့ကိုဖုန္းဆက္လိုက္ပါကြယ္"
" ဟုတ္ကဲ့ ေမတင္"
သက္သက္သည္ ထမင္းဟင္းေတြကိုေအာက္ထပ္သို႔ျပန္သည္သြားၿပီး ေမသုခကိုဖုန္းဆက္လိုက္သည္။
"သမီးက အစာေကာင္းေကာင္းမစားတာ ၂ရက္ရွိၿပီ အစာမေၾကတာေတာ့မျဖစ္နိုင္ဘူး မဟုတ္မွ သမီး....!"
ေမတင္က ၿပဳံးျပရင္း
"ဟုတ္တယ္မလား ဟုတ္တယ္မလားသမီး သခင္ေလးေတာ့ ေပ်ာ္ေနေတာ့မွာပဲ"
မြန္းသည္ ေမတင္ဘာကိုဆိုလိုေနသလဲဆိုတာသိေနၿပီး ျပန္စဥ္းစားၾကည့္လိုက္လွ်င္
Advertisement
- In Serial83 Chapters
My Villain Husband
She was once a poor woman who died at the hands of a villain, her husband.
8 528 - In Serial8 Chapters
Once I was a plain princess
when I was a little girl my brilliant older sister wrote a romantic play and gave me the role of the plain royal princess who was in love with the male lead but after a pitiful struggle to win his heart, she killed herself. twelve years after playing that role I died in my own birthday party, next thing, I was the fifteen year old princess confessing her love to him. Cover credit: Young Girl Reading, Jean-Honoré Fragonard, c. 1770
8 219 - In Serial41 Chapters
Devils Daughter
(18+)"You know, red." He warned biting my lower lip. "I think we should try again with the spanking. I could make it more alluring. Make you love it." I felt my lower regions throb as his lips caressed my neck.His hands trailed down my body and found its way under my silky black nightdress. Tugging at the hem of my thong he then slipped in a finger and ran it up and down my hot wet slit ❦The daughter of a Russian mob leader seems to catch the eye of his father's enemy.Will the Italian Don use The Russian Don's daughter as his plan to destroy his rival and fall in love with her or the father finds out himself and kills them both?-'The Italian Don and his enemies daughter' [Mature Audience Only]HIGEST RANKINGS # 1 Romance -16/04/2021# 1 Temptation -08/08/2021# 1 Eyesslipfierce - 09/07/2022
8 161 - In Serial46 Chapters
Beauty and the Beast
Charlotte has kept her wolf a secret her entire life. She knows she is the first born heir to an Alpha, but her mother refuses to tell her who her father is. After seeking refuge in a small pack, her world is suddenly shaken when she is chosen by the beast. The man that everyone fears. The man that claims her as his mate and the man that will change her life as she knows it.
8 156 - In Serial40 Chapters
Darling|Genshin Impact males x reader [Gender-Neutral (mostly)] REQUEST OPEN
Welcome to Darling~ This is a one-shot, Genshin impact-based story. The setting and time period is a modern-day story. What would it be like to date some of the female characters but as a male? Experience what it would be like to date gender-bent female Genshin impact characters! If you could choose one guy from Genshin impact, who would it be? Why not experience time with all of them? He extends out his hand, "Are you sure you're ready to make a deal with a demon?" I reach out and shake his hand, "Yes." "Welcome to Hell." May contain some mature themes!
8 141 - In Serial10 Chapters
Bellrose Records: Skulls and Roses
The world of the supernatural, and fairy tales are far more real than any of us know. Kasula Bellrose learns this very fact when she is 8 years old. The life of fame, fortune, and glamour became an impossibility for her after a horrible massacre that cost her both of her parents. After years of figuring out who she is, Kas and her best friend Izzy join the hunter academy in hopes to find some answers, relief, and maybe if they are lucky, some closure. Things rarely go as you plan them, especially when the supernatural is involved but while there, they both end up finding something much more valuable and it drives them forward. After a trip from Australia, Kas and Izzy find themselves in Louisiana studying monsters of all kinds. Will Kas ever find what she is looking for? Its going to be hard when she doesnt even know what it is.
8 200

