《အတ္တလွန်အချစ် (OC) Completed》Part (36) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(36)
ဘာမှပြန်မပြောတဲ့ သူမကြောင့် နောက်တစ်ကြိမ်ပြောဖို့ထပ်ဆုံးဖြတ်ကာ
"ကိုယ်တို့လက်ထပ်ရအောင် မနက်ပဲ အားလုံးပြင်ဆင်ဖို့အတွက် အလင်းကို ပြောထားတယ်"
"ဘယ်သူက ရှင့်ကိုလက်ထပ်မယ်ပြောလို့လဲ"
လက်ပိုက်ထားသည့်သူမက သူ့ဘက်သို့မျက်နှာချင်းဆိုင်လှည့်လာ၍ ပြောလိုက်တဲ့အခါ
"ကိုယ် အဲ့သလောက် တာ၀န်မဲ့တဲ့ယောက်ျားမဟုတ်ဘူး Baby!"
မွန်းဟာ နှုတ်ခမ်းတွေကို ကျကျနနမဲ့ပစ်လိုက်သည်။
"ကျွန်မ လက်မခံဘူး "
အတ္တသည် မျက်ခုံးတွေကွေးညွတ်သွားကာ
"မင်းနဲ့ကိုယ်နဲ့ မနေ့ညက ဘယ်အဆင့်ထိရောက်သွားခဲ့ပြီးပြီလဲ မင်းသိတာပဲ"
မွန်းဟာ တစ်ဖက်သို့ ငေးလိုက်၍
"ရှင်နဲ့ အဲ့ဒီအဆင့်ထိရောက်ခဲ့တဲ့မိန်းမတွေကကျွန်မတစ်ယောက်တည်းမဟုတ်ဘူးထင်တာပဲ"
"မတူဘူး Baby ! "
ချက်ချင်းပြန်ပြောလိုက်၍ ဆံပင်တွေကိုထိုးဖွလိုက်ပြီး
"တကယ်လို့ မင်း မှာ ကိုယ်၀န်ရှိလားခဲ့ရင် ဘယ်လိုလုပ်မလဲ မင်းနဲ့ကိုယ်လက်ထပ်မှဖြစ်မယ်"
မွန်းသည်သူ့စကားတွေကို တကယ်ပဲဟားတိုက်ပြီးရယ်ပစ်လိုက်ချင်သည်။ မွန်းသူ့ကို တစ်ချက်လှည့်ကြည့်လိုက်တော့ သူ့မျက်နှာဟာ အရင်ကလောက်သွေးအေးနေခြင်းမရှိ။
"ဖျက်ချ လိုက်မှာပေါ့!"
မွန်းသည် နှုတ်ကနေ ထိုစကားလေးကို ခပ်တိုးတိုးလေးနဲ့အေးဆေးစွာပြောလိုက်ပေမဲ့ အတ္တမှာအံ့သြမိသလို ယုံလည်းမယုံနိုင်ပါ။ စိတ်တွေရှုပ်ထွေးသွားကာ
"မင်း ဘယ်လိုပြောလိုက်တယ် မွန်း
ဖျက်ချမယ် ဟုတ်လား?"
မွန်းရဲ့မျက်နှာကိုလိုက်ပြီးငုံ့ကြည့်၍ဖြေးရှင်းချက်တောင်းနေတဲ့သူ။
"မကြားလို့လား ဟုတ်တယ် ဖျက်ချမယ် ကျွန်မဘက်က မလိုချင်ပဲဖြစ်လာတဲ့ကိစ္စပဲ ဘာလို့ရှင့်လိုလူယုတ်မာဆေးသမားတစ်ယောက်ရဲ့ ကိုယ်ဝန်ကို ကျွန်မဝမ်းမှာလွယ်ရမှာလဲ "
ထိုကဲ့သို့သောရက်စက်စွာသူ့ကိုပြန်ပြောလာလိမ့်မည်ဟု အတ္တသည်တစ်ကြိမ်တစ်ခါမှမတွေးမိခဲ့ဖူးပါ။
"ဘာ?"
အတ္တသည် သူမကိုပုခုံးကနေဆွဲလှည့်ကာ
"မင်းမို့လို့ ပြောထွက်တယ် ဖျက်ချမယ်? မနေ့က ဖြစ်ခဲ့တာတွေအားလုံးက မင်းကို ချစ်လို့ ရူးမတက်ချစ်နေမိလို့ကွ မင်းသိလား"
သူဟာ ပူလောင်စွာနှင့်ထိုကဲ့သို့ပုခုံးနှစ်ဖက်ကိုကိုင်လှုပ်ပြောဆိုလိုက်တဲ့အခါ မွန်းသည် မျက်ရည်စက်တို့ပါးပြင်သို့မရောက်ခင်ပဲ သုတ်ဖယ်ရင်း
ချစ်လို့? ဒီစကားလေးကိုမွန်းသူ့ဆီက ဘယ်လောက်တောင်ကြားခဲ့ချင်လိုက်သလဲ ဘယ်လောက်တောင်များမျှော်လင့်ခဲ့ရသလဲ။ ဒါပေမဲ့ မွန်းကြားချင်ခဲ့တာ ဒီလိုအချိန်မျိုးမှာတော့မဟုတ်ပါ။
သူ ဆုတ်ကိုင်ထားတဲ့ ပုခုံးပေါ်ကလက်တွေကို မွန်း ရုန်းဖယ်ပစ်လိုက်ရင်း
"အဲ့တာဆို ကျွန်မကလည်းပြန်ပြောမယ် ရှင်မို့လုပ်ရက်တယ် မနေ့က ကျွန်မရှင့်ကိုဘယ်လောက်တောင် အသနားခံပြီးတောင်းပန်ခဲ့သလဲ မှတ်မိမယ်လဲမထင်ပါဘူး လူမှန်းမသိအောင်ပြဲကွဲနေတာဆိုတော့!"
ဒီလိုပြောလိုက်တဲ့အတွက် အတ္တသည်မရဖူးတဲ့နောင်တများတောင်ရချင်သလိုဖြစ်လာရသည်။
မနေ့ညကတကယ်ပဲသူမဟာ သူ့ကိုအကြိမ်ကြိမ်တောင်းပန်ခဲ့ပါလား။
"ကျွန်မဘဝ ကျွန်မခန္ဓာကို ရှင်အလိုမတူဘဲ ယူချင်သလိုယူ ခူးဆွတ်ချင်သလိုခူးဆွတ်ပြီးမှ ချစ်လို့ပါဆိုတော့ ကျွန်မကယုံပေးရမှာလား"
"မွန်း!"
အတ္တသည် အသံဟိန်းထွက်နေအောင်အော်ပစ်လိုက်ရာ
"ကျွန်မကိုမအော်နဲ့ အတ္တလွန် !
ရှင်လုပ်ရပ်တွေ မှန်တယ်ထင်နေလို့လား ရှင် ကျွန်မခံစားချက်တွေကိုနည်းနည်းလေးလောက်မှ ထည့်တွက်ခဲ့လို့လား ရှင်ခဏလောက် ချော့လိုက်ရင်ကျွန်မကပြန်ပျော့သွားမှာဆိုပြီး ရှင်လုပ်ချင်သလိုဇွတ်လုပ်ခဲ့တာ..အဟင့်...ဟီး..အီး..."
ဘယ်လိုမထိန်းနိုင်ပဲ သူ့ရှေ့မှာငိုမိပြန်ပြီ။ အတ္တသည် မျက်လုံးမှိတ်ချလိုက်ပြီး သက်ပြင်းရှိုက်ကာ မျက်နှာကို လက်ဖြင့်ပွတ်သပ်လိုက်၍ သူမကို ရင်ခွင်ထဲသို့ ပစ်ထည့်ထွေးပွေ့လိုက်ရာ သူမ ချက်ချင်းပဲပြန်ရုန်းထွက်၏ ။
"ဟင့်အင်း လွှတ် ကျွန်မ ငိုနေရင်တောင် ရှင့် ရင်ခွင်ထဲမှာ ဘယ်တော့မှ မနားခိုဘူး ခဏလေးတောင်ပဲ!"
စကားလုံးတိုင်းက ကိုယ့်နှလုံးသားကို နည်းအမျိုးမျိုးဖြင့် ထိုးနှပ်နေတာ မင်းသိဖို့ကောင်းတယ် Baby။
"Baby! "
"မခေါ်နဲ့ ရှင်ပြောသလို ကျွန်မရှင့်ကိုသစ္စာဖောက်မှာ "
"တော်ပါတော့ ကိုယ်သိပါတယ် မေ ကကိုယ့်ဆီကို ဖုန်းဆက်ပြီးပါပြီ အဲ့ဒီဆရာ၀န်နဲ့ မင်းနဲ့ဘာမှမပတ်ကြောင်း ကိုယ်သိပြီးပြီ "
"ရှင် သိတာမသိတာ ကျွန်မ အတွက်အရေးပါလို့လား အဓိက က...."
အတ္တက မျက်ရည်စက်လက် သူမမျက်နှာလေးကို ပါးနှစ်ဖက်မှ ညင်သာစွာ ကိုင်ယူလျှင် ချက်ချင်းပဲ လှည့်ထွက်ရုန်းပစ်လိုက်သည်။
"ကိုယ်မှားပါတယ် ကိုယ်မှားခဲ့တယ် မင်းကိုပိုင်ဆိုင်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ကိုယ့်အတ္တတွေကိုရှေ့တန်းတင်မိတာ အပြစ်ဖြစ်သွားရင် မင်းကို နှလုံးသားထဲမှာနေရာအပြည့်ပေးထားပြီး ရူးရူးမူးမူး အသည်းနင့်အောင် ချစ်နေမိတာလည်း အပြစ်ပဲလား "
"တော်စမ်းပါ! အဲ့ဒီလိုစကားတွေနဲ့ လာချုပ်လို့ပျော့ကျတော့မယ့် မေမီမွန်း မဟုတ်တော့ဘူး"
"ကိုယ့် နှလုံးသားကိုအလိမ်အညာတစ်ခုလို့ဆိုလိုလိုက်တာလား "
အတ္တက တစ်ဖက်သို့လှည့်သွားရင်း ခေါင်းငုံလိုက်ပြီး
"တောင်းပန်ပါတယ် ကိုယ် တောင်းပန်ပါတယ် မွန်းရယ် ကိုယ့်အပြစ်ဆိုတာကို၀န်ခံပါတယ် တကယ်ပါ အားလုံးက မင်းကို ချစ်လွန်းလို့ဖြစ်သွားတာ မင်း ကိုယ့်ရင်ခွင်ထဲက ထွက်သွားမှာစိုးလို့တစ်ယောက်ယောက်က ဆွဲထုတ်သွားမှာစိုးလို့"
"သိတယ်! ကျွန်မ ဘယ်လိုပြေးပြေး ရှင့်ဆီကလွတ်မှာ မဟုတ်ဘူး ကျွန်မသိတယ် ဒါပေမဲ့ မမျှော်လင့်နဲ့ ရှင့်ကို အရမ်းစိတ်နာတယ် ကျွန်မ ရင်ထဲမှာ ချစ်ဖို့ကြိုးစားခဲ့မိတဲ့ 'ကို´ ဆိုတာ သေသွားပြီ အတ္တလွန် "
နှလုံးသားကို စကားတစ်လုံးချင်းစီနဲ့ လောင်မြိုက်စေတာ မင်းသိသင့်တယ်။
အတ္တ သူမဘက်သို့လှည့်လာကာအတက်နိုင်ဆုံး သူမအတွက် အပြုံးတစ်ခုကိုတက်ဆင်ရင်း
"ကိုယ်နားလည်ပါတယ် မင်း ဒီအချိန်မှာသွေးပူနေမှာ ကိုယ့်ကိုအရမ်းဒေါသဖြစ်နေမှာ ခဏကိုယ်လွှတ်ပေးထားပါ့မယ် လက်ထပ်ဖို့ကို နောက်မှဖြေးဖြေးချင်းစီစဉ်ကြတာပေါ့ မင်းကိုယ်၀န်လွယ်ရရင် ..."
"စိတ်ကူးမယဉ်စမ်းပါနဲ့ အတ္တ ကျွန်မပြောပြီးပြီ လုံး၀ မမွေးဘူး ဖျက်ချပစ်မှာ တကယ်ရလာရင်ဖျက်ချပစ်မှာ!"
အတ္တ ချက်ရင်း မျက်လုံးတွေက စူးရဲသွားကာ
"ပိတ်ထား တော်တော့ မွန်း မင်းထပ်ပြောရင် ကိုယ်လူသတ်မိလိမ့်မယ် "
လက်သီးနဲ့ နံရံကိုရွယ်လိုက်ပြီးမှ သူမ ကိုယ့်ကို ပိုကြောက်ရွံ့သွားမည်စိုး၍သူမ ခေါင်းလေးကို အသာကိုင်ကာ အသက်မပါတဲ့အပြုံးတစ်ခုနဲ့
Advertisement
"အေးဆေး နားလိုက်ပါ Baby နောက်မှ ထပ်ပြောကြမယ် !"
နှဖူးကို ဖွဖွလေးဖိကပ်နမ်းလိုက်ပြီး ခြေလှမ်းကျဲကျဲနဲ့ အခန်းထဲကနေထွက်သွား၏ ။ အခန်းတံခါးကို ပိတ်ပြီးပြီးချင်း ကျောမှီလိုက်ကာ မျက်လုံးတွေမှိတ်ထားလိုက်သည်။
"မင်း ဘယ်လိုတွေပြောထွက်နိုင်ရတာလဲ မွန်းရယ်"
အောင့်သက်သက် ဘယ်ဘက်ရင်အုံကို ဖိလိုက်ရင်း
"ဒီရင်ကို တည့်တည့်ထိတယ် "
မင်းစကားတွေ ဆက်နားထောင်ရင် တကယ်ကိုယ်လူသတ်မိတော့မယ်။
=================
"အဟင့် အဟင့် ဟီးးး အီးးး ဟင့် အင့်..."
မွန်းသည် စိတ်လွတ်လက်လွတ် အော်ငိုပစ်လိုက်ကာ ထိုနေရာမှာပဲ ကြမ်းပြင်ပေါ်သို့ ထိုင်ချပစ်လိုက်၏ ။
ဒါဟာ နောက်ဆုံးငိုတာ သူ့အတွက် နောက်ဆုံးငိုတာပဲ ထပ်မငိုတော့ဘူး သူ့အတွက်နဲ့ ငါ့မျက်ရည်တွေကိုအရှုံးမပေးတော့ဘူး။
=================
သူ ဘယ်မှမသွားဘူး။
မွန်းအတွက်စိတ်၀င်စားစရာမဟုတ်ပေမဲ့သတိထားမိသည်။
ဒါပေမဲ့ မွန်းဆီကိုမလာဘူး ပိုကောင်းတယ်မှတ်ယူပေမဲ့သူပြောတဲ့ ခဏလွှတ်ပေးမယ်ဆိုတာဒါလား
အဟက် ရယ်စရာကောင်းတယ်ပြောရင်ယုံမလား
ဆုံးဖြတ်ချက်ကိုပြင်ဆင်မယ်ထင်နေရင် ရှင်ပဲမှားလိမ့်မယ်အတ္တလွန်။
==============
စကားမပြောပဲနေရတဲ့ ၂ရက်ဆိုတဲ့အချိန်က မင်းအတွက် ခဏတာနဲ့ ပျော်ရတဲ့အချိန်ဖြစ်ချင်ဖြစ်နေလိမ့်မယ်။
ကိုယ်ကတော့ အဲ့ဒီ၂ရက်လုံးဆောက်တည်ရာမရဖြစ်နေခဲ့ရတယ်ဆိုတာ မင်းယုံ။
ရေချိုးခန်းထဲမှာ ရေဗန်းဖွင့်ထားပေမဲ့ အတွေးတွေကသူမဆီမှာ ၂ရက်ဆိုပေမဲ့ ကျောကသူမရဲ့ကုတ်ခြစ်ရာတွေကနက်နဲလွန်းသည်မို့ မပျောက်သေးသည့်အပြင် စပ်ဖျင်းဖျင်းနဲ့ ခံစားရခက်လှသည်။ ရေစက်စက်ဆံပင်တွေကို လက်ဖြင့်ထိုးဖွ သပ်တင်ပြီး ရေဗန်းကို ပိတ်ကာ ထွက်လာခဲ့၏။ ဘောင်းဘီအနက်ကို ၀တ်ဆင်ပြီး အင်္ကျီ ရှာစဉ်
ဒေါက် ဒေါက်
"သခင်လေး "
အလင်းအသံကြောင့် အတ္တ တံခါးလော့ချထားသည်မို့ အရင်ဆုံးသွားဖွင့်ပေးသည်။
"ဘာကိစ္စလဲ အလင်း "
"သခင်လေး စီစဉ်ခိုင်းထားတဲ့အတိုင်း အားလုံးအဆင်သင့်ဖြစ်ပါပြီ သွားမယ့်ရက်ကို သတ်မှတ်လို့ရပါပြီ"
"အင်း တော်တယ် သိပ်မကြာခင်သွားမယ်"
"သခင်လေး ကျွန်တော်တစ်ခုလောက်မေးလို့ရမလား "
"ဘာလဲ"
"မမလေး ကို ဘယ်လိုလုပ်မလဲ သခင်လေးစိတ်ချရဲ့လား "
"မင်းကိုထားခဲ့မှာ "
"ဗျာ!! အဲ့တာဆို သခင်လေးတစ်ယောက်တည်း ဘယ်လိုလုပ်ဖြစ်မှာလဲ"
အတ္တ လက်ပိုက်ကာ တံခါးဘောင်မှာ မှီလိုက်ရင်း
"အင်း ဒီလိုလုပ်မယ်လေ မင်း တစ်ပတ်တစ်ခါ ဒီကိုပြန်လာပေါ့ ဒီမှာကျန်နေတဲ့ ပစ္စည်းတွေအကုန် ထုတ်ရမှာ မင်းတာ၀န် နောက်ပြီး မွန်း ဘာဖြစ်ဖြစ် ငါ့ကိုသတင်းပို့ရမယ် ဒေါ်မေတင် ကိုလည်းမှာထားခဲ့ရမယ် "
"ဟုတ်ကဲ့ သခင်လေး ကျွန်တော် မှာထားပါ့မယ် "
အတ္တက အလင်းနောက်မှ မြင်လိုက်ရသည့် လှေကားမှ တက်လာသော သူမဟာ ညနေစာ စားပြီး ပြန်တက်လာတယ်ဆိုတာသိလိုက်သည်။
"မင်းသွားလို့ရပြီ "
အတ္တသည် အလင်းကို ကျော်ကာ လှေကားရင်းသို့ လျောက်လာပြီး သူမကိုလက်ဆွဲလိုက်သည့်အခါ
"ဘာလုပ်တာလဲ !!"
မွန်းက ရုန်းသော်လည်း အတင်းအကြပ်ဆွဲခေါ်ပြီး
"ကိုယ် ပြောစရာရှိတယ် "
ဆက်ဆွဲလို့မရသောကြောင့် ရောက်နေတဲ့ သူ့အခန်းနဲ့ မွန်းအခန်းတို့ကြား နံရံမှာ ဆွဲကပ်လိုက်ကာ နံရံကိုလက်ထောက်လိုက်၍ အပေါ်ပိုင်းဗလာနဲ့သူက သူမကို မိုးကြည့်နေသဖြင့်
"ကျွန်မ မှာပြောစရာမရှိဘူး"
"ကိုယ့်မှာရှိတယ် ကိုယ်တို့လက်ထပ်ရအောင် "
မွန်းက မထိတရီ ကြည့်ကာ
"ဟက် ဟက် ဟက် !"
လှောင်သလိုရယ်သံကြောင့် အတ္တ ချက်ချင်းမျက်ခုံးများကွေးညွတ်သွားရလေသည်။
"ဘာလဲ ၂ရက် လောက်ကျွန်မကို လွှတ်ပေးထားလိုက်လို့ ဆုံးဖြတ်ချက်ကပြောင်းသွားမယ် ထင်နေတာလား ကျွန်မဟာ တစ်ချိန်ကရှင့်ရဲ့အကျဥ်းသား အခုတော့ ဆေးသမားရဲ့မယားပေါ့ အဲ့ဒီလိုလုံးဝအဖြစ်မခံဘူး"
"မွန်း မင်း စိတ်ကောက်လို့ရွဲ့နေတယ်ဆိုရင် တော်သင့်ပြီ အတိုင်းအတာတစ်ခုထိပဲကောင်းတယ်"
"ဘာတဲ့ စိတ်ကောက်တယ်? အရင်တစ်ခါလို ပြင်သစ်သွား သီချင်းဆိုပြီး ချော့ ဦးမလို့လား ဟဟ ကမ္ဘာပတ်ချော့ရင်တောင် ရှင့်ကို အမုန်းမကြေနိုင်ဘူး စိတ်ကောက်တာမဟုတ်ဘူး စိတ်နာတာ ရှင့်ကို စိတ်နာသွားတာ နားလည်လား "
အတ္တ "ကျစ်" စုပ်သပ်ရင်း ဆံပင်တွေထိုးဖွကာ တစ်ဖက်သို့ လှည့်သွားရာ မွန်း သူ့ကျောပြင်ကိုကြည့်ပြီး စိတ်တိုမိသလို သူ့ကိုပဲသနားမိသလို ကျောက သူမကုတ်တဲ့ဒဏ်ရာတွေက ဆေးမထည့်ရလို့ သွေးစလေးတွေကျန်နေသည်။ အရေခွံတွေလန်ကာ Tattooပေါ်မှာရုပ်ဆိုးစွာပင် မလှမပ ကုတ်ခြစ်တွေ။
"ကိုယ့်ကို အဲ့သလောက်မုန်းသွားတယ်ပေါ့ ကိုယ်ကတော့ ချစ်တယ် မင်းနဲ့မှ ပထမဆုံးပြောထွက်ခဲ့တဲ့ စကားလုံး၂လုံး ချစ်တယ် ကိုယ့်အဖေရော ကိုယ့်အစ်ကိုရော အချစ်မှာပဲကျရှုံးခဲ့ကြလို့ ကိုယ်ချစ်တာကိုမပြောပြနိုင်ခဲ့ပေမယ့် မင်းအတွက် ကိုယ်ပြောရမယ်"
ပြောလည်းပြော သူမကို တည့်တည့် စူးစိုက်ကြည့်ကာ ဖွေးဖွေးနုနု သူမလက်ကလေးက ယူ၍ သူ့ရင်ဘက်ပေါ်က Tattooပေါ်သို့ ကပ်တင်ပေးလိုက်ရာ
"ဘာလုပ်တာလဲ!"
သူမက လက်ရုန်းပေမဲ့ အတ္တက ပြန်ဆွဲကပ်၍
"မင်း သိချင်တယ်ဆိုတဲ့ ဒီ Tattoo အကြောင်း ပြောပြမယ် !"
A&Mနဲ့ ရောမဂဏန်းခြောက်လုံးကို မွန်းမျက်လုံးတွေရောက်သွားစဥ်
"A&Mက Atta နဲ့ Moon "
မွန်းက သူ့ကိုမော့ကြည့်လိုက်ရာ အဓိပ္ပာယ်ပါပါ အကြင်နာ တွေ နာကျင်မှုတွေနဲ့သူ့မျက်၀န်းတွေ။
"အောက်က ဂဏန်းခြောက်လုံးက ရက်စွဲ ၆ရက်၂လ၂၀၁၉ မင်းနဲ့ ကိုယ်နဲ့ စတွေ့တဲ့နေ့ မင်း ကိုယ့်ဟိုတယ်အခန်းထဲ မှား၀င်လာတဲ့နေ့"
Advertisement
မွန်းလက် သူ့ရင်ဘက်ပေါ်ကနေဖယ်လိုက်ကာ
စိတ်ထဲမှာ အရမ်း၀မ်းနည်းသွားသည်။
ဒါတွေကိုသာ လွန်ခဲ့တဲ့ ညမတိုင်ခင်ကပြောပြခဲ့ရင် .........
"မင်းသိလား Baby မင်းက ကိုယ့်နှလုံးသားပေါ်က Tattoo တစ်ခုပဲ မေမီမွန်းဆိုတာ Tattoo တစ်ခုလိုကိုယ့်ဘဝထဲကိုဝင်လာတုန်းကတစ်ဆစ်ဆစ်နာကျင်ရပြီး ဘယ်တော့မှပြန်ဖျက်မရတော့ဘူး "
မွန်း သူ့ကို ပြန်မော့ကြည့်လျှင် သူက ငုံ့ကျလာပြီး စုပ်ယူချင်းမပါတဲ့ ဖြူစင်သော အနမ်းသန့်သန့်လေးတစ်ပွင့် နှုတ်ခမ်းပေါ်မှာ ခြွေခိုက်မှာ
ဖြောင်း!
သူမရဲ့ရိုက်ချက်ကိုလည်း စိတ်မဆိုးနိုင်ပါ။
ပါးပေါ်ကသူရိုက်လိုက်တဲ့ဒဏ်ရာထက် နှလုံးသားကပိုနာကျင်တယ်။
သူမမျက်ရည်တစ်ပေါက်မကျရန်ကြိုးစားပြီး
"ရှင်လည်း ကျွန်မဘ၀မှာ ပြန်ဖျက်လို့မရတဲ့အမှားတစ်ခု ကျူးလွန်ပြီးပြီ မဟုတ်လား ကျေပြီလို့သဘောထားလိုက် "
မွန်း သူ့ရင်ဘက်ကို တွန်းဖယ်ထွက်လာခဲ့ရာ
"မွန်း မင်းကိုယ်နဲ့ ခွဲနိုင်လား?"
မွန်း ခြေလှမ်းတို့ တုန့်ကနဲ ရပ်တန့်သွားပြီး ကျောပေးထားလျက်
"ဟက် မေးတတ်လိုက်တာ ရှင့်လို မူးယစ်ဆေးစွဲနေတဲ့လူ ကျွန်မ အတွက် နာကျင်စရာ စိတ်ဒဏ်ရာတွေပဲပေးတဲ့ သူကို မခွဲနိုင်စရာဘာရှိလို့လဲ ရှင့်ဆီကနေပြေးမလွတ်တာသိတာမို့လို့ ထပ်မပြေးဘူး ဒါပေမဲ့ ရှင် ကိုယ်တိုင်ခွင့်ပြုတဲ့တစ်နေ့ ကျွန်မထွက်သွားမှာ"
ပြောပြီးချက်ချင်း သူမ အခန်းထဲတန်း၀င်သွားသည်။
အတ္တလည်း ၀ရန်တာသို့ထွက်ကာ စီးကရက် တစ်လိပ်ဖြင့် အဖော်ပြု၍ သူမသိပ်သဘောကျတဲ့ မယ်ဇယ်ပင်ကြီးအောက်က အဖြူရောင်ခုံကလေးကိုလှမ်းကြည့်ကာ
"မင်းသိလား Baby မင်းစကားတွေက ကိုယ့်နှလုံးသားကိုစုတ်ပြတ်သွားတဲ့အထိပဲ "
================
သူမရဲ့ အခန်းတံခါးကို အသာဖွင့်လိုက်ရာ သန်းခေါင်ကျော်နေပြီမို့ ထင်တဲ့အတိုင်းပဲ ကွေးကွေးလေးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလိုက်တာ တွေ့လိုက်ရသည်။ အတ္တက မွေ့ယာပေါ်မှာ ထိုင်လိုက်ပြီး ဆံပင်နီတွေကြားထဲကမျက်နှာသေးသေးကလေးကိုကြည့်ရင်း
"မင်းဟာ တကယ်ဖြူစင်တဲ့ကလေးငယ်ပဲ Baby"
တိုးတိုးလေးရေရွတ်မိကာ မျက်တောင်ရှည်ရှည်လေးတွေကို နမ်းရှုံ့လိုက်ပြီး
"ခဏခွဲရမယ် Baby ကိုယ်သိပ်လွမ်းနေတော့မှာပဲ ဒါပေမဲ့ ဒါတွေဟာ မင်းအတွက်ပါပဲ ကိုယ် မရှိတုန်းက ကောင်းကောင်းနေပါ မင်းသတိရရ မရရ ကိုယ့်ကိုလွမ်းဖို့က မင်းတာ၀န်ဆိုတာမမေ့နဲ့!"
သူမနှဖူးလေးမှာ မြတ်နိုးမှုတွေပြည့်နှက်သော အနမ်းတစ်ပွင့်။
============================
မိုးလင်းလျှင် ဒီအချိန်က သူ breakfast စားချိန်မို့ မွန်းကအောက်ဆင်းမလာဘဲ ၀ရန်တာမှာ ထွက်ရပ်နေလိုက်သည်။ သို့သော် ခြံထဲမှာ ကားအသင့်နဲ့ အလင်း
ထို့နောက် စမတ်ကျကျ အနောက်တိုင်း၀တ်စုံနဲ့ ထွက်လာတဲ့သူ ကားထဲသို့၀င်သွားသည်။
"မနေ့ညက အိပ်မက်ထင်နေတာ အဲ့ဒီစကားတွေ သူတကယ်ပြောသွားခဲ့တာလား "
တရွေ့ရွေ့ထွက်သွားတဲ့ ပြောင်လဲ့လဲ့ ကားအနက်လေးကို မျက်စိတစ်ဆုံးလိုက်ကြည့်နေမိသည်။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(37)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(36)
ဘာမွျပန္မေျပာတဲ့ သူမေၾကာင့္ ေနာက္တစ္ႀကိမ္ေျပာဖို႔ထပ္ဆုံးျဖတ္ကာ
"ကိုယ္တို႔လက္ထပ္ရေအာင္ မနက္ပဲ အားလုံးျပင္ဆင္ဖို႔အတြက္ အလင္းကို ေျပာထားတယ္"
"ဘယ္သူက ရွင့္ကိုလက္ထပ္မယ္ေျပာလို႔လဲ"
လက္ပိုက္ထားသည့္သူမက သူ႕ဘက္သို႔မ်က္ႏွာခ်င္းဆိုင္လွည့္လာ၍ ေျပာလိုက္တဲ့အခါ
"ကိုယ္ အဲ့သေလာက္ တာ၀န္မဲ့တဲ့ေယာက္်ားမဟုတ္ဘူး Baby!"
မြန္းဟာ ႏႈတ္ခမ္းေတြကို က်က်နနမဲ့ပစ္လိုက္သည္။
"ကြၽန္မ လက္မခံဘူး "
အတၱသည္ မ်က္ခုံးေတြေကြးၫြတ္သြားကာ
"မင္းနဲ႕ကိုယ္နဲ႕ မေန႕ညက ဘယ္အဆင့္ထိေရာက္သြားခဲ့ၿပီးၿပီလဲ မင္းသိတာပဲ"
မြန္းဟာ တစ္ဖက္သို႔ ေငးလိုက္၍
"ရွင္နဲ႕ အဲ့ဒီအဆင့္ထိေရာက္ခဲ့တဲ့မိန္းမေတြကကြၽန္မတစ္ေယာက္တည္းမဟုတ္ဘူးထင္တာပဲ"
"မတူဘူး Baby ! "
ခ်က္ခ်င္းျပန္ေျပာလိုက္၍ ဆံပင္ေတြကိုထိုးဖြလိုက္ၿပီး
"တကယ္လို႔ မင္း မွာ ကိုယ္၀န္ရွိလားခဲ့ရင္ ဘယ္လိုလုပ္မလဲ မင္းနဲ႕ကိုယ္လက္ထပ္မွျဖစ္မယ္"
မြန္းသည္သူ႕စကားေတြကို တကယ္ပဲဟားတိုက္ၿပီးရယ္ပစ္လိုက္ခ်င္သည္။ မြန္းသူ႕ကို တစ္ခ်က္လွည့္ၾကည့္လိုက္ေတာ့ သူ႕မ်က္ႏွာဟာ အရင္ကေလာက္ေသြးေအးေနျခင္းမရွိ။
"ဖ်က္ခ် လိုက္မွာေပါ့!"
မြန္းသည္ ႏႈတ္ကေန ထိုစကားေလးကို ခပ္တိုးတိုးေလးနဲ႕ေအးေဆးစြာေျပာလိုက္ေပမဲ့ အတၱမွာအံ့ၾသမိသလို ယုံလည္းမယုံနိုင္ပါ။ စိတ္ေတြရႈပ္ေထြးသြားကာ
"မင္း ဘယ္လိုေျပာလိုက္တယ္ မြန္း
ဖ်က္ခ်မယ္ ဟုတ္လား?"
မြန္းရဲ႕မ်က္ႏွာကိုလိုက္ၿပီးငုံ႕ၾကည့္၍ေျဖးရွင္းခ်က္ေတာင္းေနတဲ့သူ။
"မၾကားလို႔လား ဟုတ္တယ္ ဖ်က္ခ်မယ္ ကြၽန္မဘက္က မလိုခ်င္ပဲျဖစ္လာတဲ့ကိစၥပဲ ဘာလို႔ရွင့္လိုလူယုတ္မာေဆးသမားတစ္ေယာက္ရဲ႕ ကိုယ္ဝန္ကို ကြၽန္မဝမ္းမွာလြယ္ရမွာလဲ "
ထိုကဲ့သို႔ေသာရက္စက္စြာသူ႕ကိုျပန္ေျပာလာလိမ့္မည္ဟု အတၱသည္တစ္ႀကိမ္တစ္ခါမွမေတြးမိခဲ့ဖူးပါ။
"ဘာ?"
အတၱသည္ သူမကိုပုခုံးကေနဆြဲလွည့္ကာ
"မင္းမို႔လို႔ ေျပာထြက္တယ္ ဖ်က္ခ်မယ္? မေန႕က ျဖစ္ခဲ့တာေတြအားလုံးက မင္းကို ခ်စ္လို႔ ႐ူးမတက္ခ်စ္ေနမိလို႔ကြ မင္းသိလား"
သူဟာ ပူေလာင္စြာႏွင့္ထိုကဲ့သို႔ပုခုံးႏွစ္ဖက္ကိုကိုင္လႈပ္ေျပာဆိုလိုက္တဲ့အခါ မြန္းသည္ မ်က္ရည္စက္တို႔ပါးျပင္သို႔မေရာက္ခင္ပဲ သုတ္ဖယ္ရင္း
ခ်စ္လို႔? ဒီစကားေလးကိုမြန္းသူ႕ဆီက ဘယ္ေလာက္ေတာင္ၾကားခဲ့ခ်င္လိုက္သလဲ ဘယ္ေလာက္ေတာင္မ်ားေမွ်ာ္လင့္ခဲ့ရသလဲ။ ဒါေပမဲ့ မြန္းၾကားခ်င္ခဲ့တာ ဒီလိုအခ်ိန္မ်ိဳးမွာေတာ့မဟုတ္ပါ။
သူ ဆုတ္ကိုင္ထားတဲ့ ပုခုံးေပၚကလက္ေတြကို မြန္း ႐ုန္းဖယ္ပစ္လိုက္ရင္း
"အဲ့တာဆို ကြၽန္မကလည္းျပန္ေျပာမယ္ ရွင္မို႔လုပ္ရက္တယ္ မေန႕က ကြၽန္မရွင့္ကိုဘယ္ေလာက္ေတာင္ အသနားခံၿပီးေတာင္းပန္ခဲ့သလဲ မွတ္မိမယ္လဲမထင္ပါဘူး လူမွန္းမသိေအာင္ၿပဲကြဲေနတာဆိုေတာ့!"
ဒီလိုေျပာလိုက္တဲ့အတြက္ အတၱသည္မရဖူးတဲ့ေနာင္တမ်ားေတာင္ရခ်င္သလိုျဖစ္လာရသည္။
မေန႕ညကတကယ္ပဲသူမဟာ သူ႕ကိုအႀကိမ္ႀကိမ္ေတာင္းပန္ခဲ့ပါလား။
"ကြၽန္မဘဝ ကြၽန္မခႏၶာကို ရွင္အလိုမတူဘဲ ယူခ်င္သလိုယူ ခူးဆြတ္ခ်င္သလိုခူးဆြတ္ၿပီးမွ ခ်စ္လို႔ပါဆိုေတာ့ ကြၽန္မကယုံေပးရမွာလား"
"မြန္း!"
အတၱသည္ အသံဟိန္းထြက္ေနေအာင္ေအာ္ပစ္လိုက္ရာ
"ကြၽန္မကိုမေအာ္နဲ႕ အတၱလြန္ !
ရွင္လုပ္ရပ္ေတြ မွန္တယ္ထင္ေနလို႔လား ရွင္ ကြၽန္မခံစားခ်က္ေတြကိုနည္းနည္းေလးေလာက္မွ ထည့္တြက္ခဲ့လို႔လား ရွင္ခဏေလာက္ ေခ်ာ့လိုက္ရင္ကြၽန္မကျပန္ေပ်ာ့သြားမွာဆိုၿပီး ရွင္လုပ္ခ်င္သလိုဇြတ္လုပ္ခဲ့တာ..အဟင့္...ဟီး..အီး..."
ဘယ္လိုမထိန္းနိုင္ပဲ သူ႕ေရွ႕မွာငိုမိျပန္ၿပီ။ အတၱသည္ မ်က္လုံးမွိတ္ခ်လိဳက္ၿပီး သက္ျပင္းရွိုက္ကာ မ်က္ႏွာကို လက္ျဖင့္ပြတ္သပ္လိုက္၍ သူမကို ရင္ခြင္ထဲသို႔ ပစ္ထည့္ေထြးေပြ႕လိုက္ရာ သူမ ခ်က္ခ်င္းပဲျပန္႐ုန္းထြက္၏ ။
"ဟင့္အင္း လႊတ္ ကြၽန္မ ငိုေနရင္ေတာင္ ရွင့္ ရင္ခြင္ထဲမွာ ဘယ္ေတာ့မွ မနားခိုဘူး ခဏေလးေတာင္ပဲ!"
စကားလုံးတိုင္းက ကိုယ့္ႏွလုံးသားကို နည္းအမ်ိဳးမ်ိဳးျဖင့္ ထိုးႏွပ္ေနတာ မင္းသိဖို႔ေကာင္းတယ္ Baby။
"Baby! "
"မေခၚနဲ႕ ရွင္ေျပာသလို ကြၽန္မရွင့္ကိုသစၥာေဖာက္မွာ "
"ေတာ္ပါေတာ့ ကိုယ္သိပါတယ္ ေမ ကကိုယ့္ဆီကို ဖုန္းဆက္ၿပီးပါၿပီ အဲ့ဒီဆရာ၀န္နဲ႕ မင္းနဲ႕ဘာမွမပတ္ေၾကာင္း ကိုယ္သိၿပီးၿပီ "
"ရွင္ သိတာမသိတာ ကြၽန္မ အတြက္အေရးပါလို႔လား အဓိက က...."
အတၱက မ်က္ရည္စက္လက္ သူမမ်က္ႏွာေလးကို ပါးႏွစ္ဖက္မွ ညင္သာစြာ ကိုင္ယူလွ်င္ ခ်က္ခ်င္းပဲ လွည့္ထြက္႐ုန္းပစ္လိုက္သည္။
"ကိုယ္မွားပါတယ္ ကိုယ္မွားခဲ့တယ္ မင္းကိုပိုင္ဆိုင္ခ်င္တဲ့စိတ္တစ္ခုတည္းနဲ႕ ကိုယ့္အတၱေတြကိုေရွ႕တန္းတင္မိတာ အျပစ္ျဖစ္သြားရင္ မင္းကို ႏွလုံးသားထဲမွာေနရာအျပည့္ေပးထားၿပီး ႐ူး႐ူးမူးမူး အသည္းနင့္ေအာင္ ခ်စ္ေနမိတာလည္း အျပစ္ပဲလား "
"ေတာ္စမ္းပါ! အဲ့ဒီလိုစကားေတြနဲ႕ လာခ်ဳပ္လို႔ေပ်ာ့က်ေတာ့မယ့္ ေမမီမြန္း မဟုတ္ေတာ့ဘူး"
"ကိုယ့္ ႏွလုံးသားကိုအလိမ္အညာတစ္ခုလို႔ဆိုလိုလိုက္တာလား "
အတၱက တစ္ဖက္သို႔လွည့္သြားရင္း ေခါင္းငုံလိုက္ၿပီး
"ေတာင္းပန္ပါတယ္ ကိုယ္ ေတာင္းပန္ပါတယ္ မြန္းရယ္ ကိုယ့္အျပစ္ဆိုတာကို၀န္ခံပါတယ္ တကယ္ပါ အားလုံးက မင္းကို ခ်စ္လြန္းလို႔ျဖစ္သြားတာ မင္း ကိုယ့္ရင္ခြင္ထဲက ထြက္သြားမွာစိုးလို႔တစ္ေယာက္ေယာက္က ဆြဲထုတ္သြားမွာစိုးလို႔"
"သိတယ္! ကြၽန္မ ဘယ္လိုေျပးေျပး ရွင့္ဆီကလြတ္မွာ မဟုတ္ဘူး ကြၽန္မသိတယ္ ဒါေပမဲ့ မေမွ်ာ္လင့္နဲ႕ ရွင့္ကို အရမ္းစိတ္နာတယ္ ကြၽန္မ ရင္ထဲမွာ ခ်စ္ဖို႔ႀကိဳးစားခဲ့မိတဲ့ 'ကို ဆိုတာ ေသသြားၿပီ အတၱလြန္ "
ႏွလုံးသားကို စကားတစ္လုံးခ်င္းစီနဲ႕ ေလာင္ၿမိဳက္ေစတာ မင္းသိသင့္တယ္။
အတၱ သူမဘက္သို႔လွည့္လာကာအတက္နိုင္ဆုံး သူမအတြက္ အၿပဳံးတစ္ခုကိုတက္ဆင္ရင္း
"ကိုယ္နားလည္ပါတယ္ မင္း ဒီအခ်ိန္မွာေသြးပူေနမွာ ကိုယ့္ကိုအရမ္းေဒါသျဖစ္ေနမွာ ခဏကိုယ္လႊတ္ေပးထားပါ့မယ္ လက္ထပ္ဖို႔ကို ေနာက္မွေျဖးေျဖးခ်င္းစီစဥ္ၾကတာေပါ့ မင္းကိုယ္၀န္လြယ္ရရင္ ..."
"စိတ္ကူးမယဥ္စမ္းပါနဲ႕ အတၱ ကြၽန္မေျပာၿပီးၿပီ လုံး၀ မေမြးဘူး ဖ်က္ခ်ပစ္မွာ တကယ္ရလာရင္ဖ်က္ခ်ပစ္မွာ!"
အတၱ ခ်က္ရင္း မ်က္လုံးေတြက စူးရဲသြားကာ
"ပိတ္ထား ေတာ္ေတာ့ မြန္း မင္းထပ္ေျပာရင္ ကိုယ္လူသတ္မိလိမ့္မယ္ "
လက္သီးနဲ႕ နံရံကို႐ြယ္လိုက္ၿပီးမွ သူမ ကိုယ့္ကို ပိုေၾကာက္႐ြံ႕သြားမည္စိုး၍သူမ ေခါင္းေလးကို အသာကိုင္ကာ အသက္မပါတဲ့အၿပဳံးတစ္ခုနဲ႕
"ေအးေဆး နားလိုက္ပါ Baby ေနာက္မွ ထပ္ေျပာၾကမယ္ !"
ႏွဖူးကို ဖြဖြေလးဖိကပ္နမ္းလိုက္ၿပီး ေျခလွမ္းက်ဲက်ဲနဲ႕ အခန္းထဲကေနထြက္သြား၏ ။ အခန္းတံခါးကို ပိတ္ၿပီးၿပီးခ်င္း ေက်ာမွီလိုက္ကာ မ်က္လုံးေတြမွိတ္ထားလိုက္သည္။
"မင္း ဘယ္လိုေတြေျပာထြက္နိုင္ရတာလဲ မြန္းရယ္"
ေအာင့္သက္သက္ ဘယ္ဘက္ရင္အုံကို ဖိလိုက္ရင္း
"ဒီရင္ကို တည့္တည့္ထိတယ္ "
မင္းစကားေတြ ဆက္နားေထာင္ရင္ တကယ္ကိုယ္လူသတ္မိေတာ့မယ္။
=================
"အဟင့္ အဟင့္ ဟီးးး အီးးး ဟင့္ အင့္..."
မြန္းသည္ စိတ္လြတ္လက္လြတ္ ေအာ္ငိုပစ္လိုက္ကာ ထိုေနရာမွာပဲ ၾကမ္းျပင္ေပၚသို႔ ထိုင္ခ်ပစ္လိုက္၏ ။
ဒါဟာ ေနာက္ဆုံးငိုတာ သူ႕အတြက္ ေနာက္ဆုံးငိုတာပဲ ထပ္မငိုေတာ့ဘူး သူ႕အတြက္နဲ႕ ငါ့မ်က္ရည္ေတြကိုအရႈံးမေပးေတာ့ဘူး။
=================
သူ ဘယ္မွမသြားဘူး။
မြန္းအတြက္စိတ္၀င္စားစရာမဟုတ္ေပမဲ့သတိထားမိသည္။
ဒါေပမဲ့ မြန္းဆီကိုမလာဘူး ပိုေကာင္းတယ္မွတ္ယူေပမဲ့သူေျပာတဲ့ ခဏလႊတ္ေပးမယ္ဆိုတာဒါလား
အဟက္ ရယ္စရာေကာင္းတယ္ေျပာရင္ယုံမလား
ဆုံးျဖတ္ခ်က္ကိုျပင္ဆင္မယ္ထင္ေနရင္ ရွင္ပဲမွားလိမ့္မယ္အတၱလြန္။
==============
စကားမေျပာပဲေနရတဲ့ ၂ရက္ဆိုတဲ့အခ်ိန္က မင္းအတြက္ ခဏတာနဲ႕ ေပ်ာ္ရတဲ့အခ်ိန္ျဖစ္ခ်င္ျဖစ္ေနလိမ့္မယ္။
ကိုယ္ကေတာ့ အဲ့ဒီ၂ရက္လုံးေဆာက္တည္ရာမရျဖစ္ေနခဲ့ရတယ္ဆိုတာ မင္းယုံ။
ေရခ်ိဳးခန္းထဲမွာ ေရဗန္းဖြင့္ထားေပမဲ့ အေတြးေတြကသူမဆီမွာ ၂ရက္ဆိုေပမဲ့ ေက်ာကသူမရဲ႕ကုတ္ျခစ္ရာေတြကနက္နဲလြန္းသည္မို႔ မေပ်ာက္ေသးသည့္အျပင္ စပ္ဖ်င္းဖ်င္းနဲ႕ ခံစားရခက္လွသည္။ ေရစက္စက္ဆံပင္ေတြကို လက္ျဖင့္ထိုးဖြ သပ္တင္ၿပီး ေရဗန္းကို ပိတ္ကာ ထြက္လာခဲ့၏။ ေဘာင္းဘီအနက္ကို ၀တ်ဆင်ပြီး အကၤ်ီ ရွာစဥ္
ေဒါက္ ေဒါက္
"သခင္ေလး "
အလင္းအသံေၾကာင့္ အတၱ တံခါးေလာ့ခ်ထားသည္မို႔ အရင္ဆုံးသြားဖြင့္ေပးသည္။
"ဘာကိစၥလဲ အလင္း "
"သခင္ေလး စီစဥ္ခိုင္းထားတဲ့အတိုင္း အားလုံးအဆင္သင့္ျဖစ္ပါၿပီ သြားမယ့္ရက္ကို သတ္မွတ္လို႔ရပါၿပီ"
"အင္း ေတာ္တယ္ သိပ္မၾကာခင္သြားမယ္"
"သခင္ေလး ကြၽန္ေတာ္တစ္ခုေလာက္ေမးလို႔ရမလား "
"ဘာလဲ"
"မမေလး ကို ဘယ္လိုလုပ္မလဲ သခင္ေလးစိတ္ခ်ရဲ႕လား "
"မင္းကိုထားခဲ့မွာ "
"ဗ်ာ!! အဲ့တာဆို သခင္ေလးတစ္ေယာက္တည္း ဘယ္လိုလုပ္ျဖစ္မွာလဲ"
အတၱ လက္ပိုက္ကာ တံခါးေဘာင္မွာ မွီလိုက္ရင္း
"အင္း ဒီလိုလုပ္မယ္ေလ မင္း တစ္ပတ္တစ္ခါ ဒီကိုျပန္လာေပါ့ ဒီမွာက်န္ေနတဲ့ ပစၥည္းေတြအကုန္ ထုတ္ရမွာ မင္းတာ၀န္ ေနာက္ၿပီး မြန္း ဘာျဖစ္ျဖစ္ ငါ့ကိုသတင္းပို႔ရမယ္ ေဒၚေမတင္ ကိုလည္းမွာထားခဲ့ရမယ္ "
"ဟုတ္ကဲ့ သခင္ေလး ကြၽန္ေတာ္ မွာထားပါ့မယ္ "
အတၱက အလင္းေနာက္မွ ျမင္လိုက္ရသည့္ ေလွကားမွ တက္လာေသာ သူမဟာ ညေနစာ စားၿပီး ျပန္တက္လာတယ္ဆိုတာသိလိုက္သည္။
"မင္းသြားလို႔ရၿပီ "
အတၱသည္ အလင္းကို ေက်ာ္ကာ ေလွကားရင္းသို႔ ေလ်ာက္လာၿပီး သူမကိုလက္ဆြဲလိုက္သည့္အခါ
"ဘာလုပ္တာလဲ !!"
မြန္းက ႐ုန္းေသာ္လည္း အတင္းအၾကပ္ဆြဲေခၚၿပီး
"ကိုယ္ ေျပာစရာရွိတယ္ "
ဆက္ဆြဲလို႔မရေသာေၾကာင့္ ေရာက္ေနတဲ့ သူ႕အခန္းနဲ႕ မြန္းအခန္းတို႔ၾကား နံရံမွာ ဆြဲကပ္လိုက္ကာ နံရံကိုလက္ေထာက္လိုက္၍ အေပၚပိုင္းဗလာနဲ႕သူက သူမကို မိုးၾကည့္ေနသျဖင့္
"ကြၽန္မ မွာေျပာစရာမရွိဘူး"
"ကိုယ့္မွာရွိတယ္ ကိုယ္တို႔လက္ထပ္ရေအာင္ "
Advertisement
- In Serial55 Chapters
Red is the Color of You
**Previously known as Under the Oak Tree** **Spacing finally fixed! Only some long paragraphs aren't spaced just for pacing/tension's sake** As a child, Izumi was always fascinated with the revenant: a mysterious apparition that appears when one is at their lowest with the promise of salvation, only to devour them as consequence. Never did he doubt his existence, and his devotion to the tale would soon see light when encounters the specter in a field, albeit for a moment. Ever since that day, Izumi gained the ability to see ghosts, something that no one else possessed, causing his obsession with finding out the truth of the revenant to dominate his life. Overtime, his connection with the revenant would go beyond mere curiosity, as it grew into something he would never have expected: love.
8 211 - In Serial57 Chapters
Sewing Bullets (Sorrentino Mafia 1)
They should never have met. Each one of them lived in different parts of the world. She lived in the light, an ordinary existence while he kept to the shadows, the underworld. But one fate encounter brought them together and no matter how hard they tried, they couldn't deny the pull they felt towards the other. They thought they could make it casual, to take comfort in the other's bodies and then walk away. But any hope of that ended when the strip turned blue and if he knows anything about his world; once you're in it there is no leaving.
8 190 - In Serial52 Chapters
Submission
When twenty-five-year-old nurse, Lorelei Collins suffers a bad breakup, her friends convince her to try out a new dating app. But all of the profiles are boring and discouraging until she matches with Jesse. His profile doesn't include the usual display of muscles and sunsets and pets. His pictures are of masked strangers in leather with sex toys Lorelei did not even know existed. She knows she should be scared, but she has to find out more about this man. Because even though up till now Lorelei has led an ordinary life, something about him feels right. Lorelei embarks on a dark sexual exploration and only time will prove whether Jesse is a waking fantasy or a nightmare.
8 321 - In Serial86 Chapters
FALLING HEART
The red string of fate that connects the two soul mates was broken by him, not me, never me.The fate that was decided by the moon goddess..he tried to change it ,not me.Why then, was I punished..?Zairiya grew up believing herself a curse and an outcast to the people she belonged to.She was banished by her pack as she entered this world.Mother Nature took pity on her and granted her only wish, Aeran as her mate, but even that was a cruel joke played on her by the fate.She loved and loved from the very core of her being ,she gave everything for that love,for Aeran, crossing all boundaries to acquire the unattainable love of her mate.But maybe that was not enough.Then something disastrous happened and her very soul blackened, turning all that love to hatred so cruel that nothing mattered to her anymore.Finally she gave in and lost herself forever....Let me tell you a story of love, a story of betrayal, a story of death, a story of Zairi and Aeran.
8 171 - In Serial38 Chapters
Blondie
"hey! Blondie!""don't call me that"extended synopsis inside
8 130 - In Serial79 Chapters
Christmas Wish (Completed)
Holly Calista is in the final stages of her internship to becoming a Doctor. With three months left until her boards and Christmas right there at her too, Holly struggles to find a field that calls to her the most. Holly wonders over working in a primary care office or should she find a field within the hospital? Holly makes her choice but not before saving the life of a young boy who has cancer. Jack Winters is a single father trying to be with his son through treatments and manage his photography business. He has only one wish for Christmas and that is for his son to get the help he needs. What will he do when he gets an added bonus to his Christmas Wish? #1 in miraclesindecember 08/21/22#1 in sexualcontent 09/14/22#1 in miracle 09/15/22#7 in wish 09/28/22#1 in cancersurvivor 10/22/22#1 in christmas-romance 11/04/22#7 in holiday 11/05/22#1 in christmas 11/05/22#9 in romance 11/11/22#1 in chicklit 11/13/22#5 in photography 11/13/22#1 in lovestory 11/21/22#2 in doctor 11/21/22Beautiful cover photo made by Lissasysnop!The story is my own so please do not steal my work!!!!!Copyrighted 2022©All Rights Reserved
8 95

