《အတ္တလွန်အချစ် (OC) Completed》Part (34) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(34)
ကိုယ်နေတဲ့နိုင်ငံ ကိုယ်နေတဲ့မြို့ကိုပင် မမြင်ရတာဘယ်လောက်ကြာနေပြီလဲ။
သူ့ရဲ့ချထားတဲ့အကျဥ်းထောင်လိုအိမ်ကြီးထဲမှာ အချိန်ကုန်နေခဲ့ရပြီး တစ်လောလေးက Paris အထိရောက်ခဲ့ပါသော်လည်း ကိုယ့်အမိနိုင်ငံနဲ့အဆက်အသွယ်ပြတ်နေခဲ့တာတော့ကြာနှင့်လေခဲ့ပြီ
မွန်းသည် မေမောင်းတဲ့ကားပေါ်ကနေ ဘေးပတ်၀န်းကျင်ကို အပြုံးအချို့နှင့်ငေးကြည့်နေမိသည် ။
မြို့လည်ခေါင်ရောက်လျှင်ဒီအငွေ့အသက်တွေကို လွမ်းနေတာကြာပြီပေါ့ နဒီ့ကိုသတိရလိုက်တာ တစ်ခါလောက်တော့တွေ့ချင်ပါသေးရဲ့။
"မမမေ ဘယ်ကိုအရင်သွားမှာလဲ"
ကားမောင်းနေသော မေ့ကို လှမ်းမေးရာ
မွန်းကို တစ်ချက်ပြုံးပြပြီး
"ဆေးရုံကိုအရင်သွားမယ်လေ မွန်းရဲ့ မေ့အသိ အရေပြားဆရာ၀န်က ဒီချိန်ဆို ဆေးရုံမှာပဲရှိဦးမှာ"
"ဪ ဟုတ်ကဲ့ ဟို Golden ဆေးရုံလား"
"အွန်း မွန်းက သိနေတာလား"
"ဟင် ဟို ဟုတ်တယ် ဟီးဟီး Golden ဆေးရုံမှာ မွန်း အသိရှိတယ် "
"ဟုတ်လား "
"ဟုတ် မွန်းက မဟုတ်တောင် အဲ့ဒီကိုပဲ ပို့ခိုင်းမလို့"
"ဪ အင်း အဆင်ပြေသွားတာပေါ့ အဟင်း ဟင်း"
ယောက်ျားတစ်ယောက်တည်းကို နှစ်ယောက်စလုံးပတ်သတ်နေခဲ့ကြပေမဲ့ အတ္တရဲ့ချစ်သူအသစ်နဲ့အဟောင်း ဆိုတဲ့ ပတ်သတ်မှုကိုခဏဖယ်ကာ မေ ရော မွန်းပါ ခင်ခင်မင်မင် ရှိခဲ့ကြသည် ။
"မွန်းလာလေ မေ တွဲပေးရမလား ခေါင်းမူးလို့လား"
သားရေစကပ်တွေအ၀တ်များတဲ့ မမမေ ကတကယ်စမတ်ကျတယ်။ ဆံပင်ကိုအမြဲတမ်းမြှောက်စည်းပြီး မျက်နှာကိုရှင်းထားသည် ။
"ဟုတ် ရပါတယ် မမ မွန်း အဆင်ပြေပါတယ် "
သူမတို့ဆေးရုံထဲကို၀င်လာသွားသည်နှင့်
ကားပါကင်ရဲ့တစ်နေရာမှ ချောင်းနေသူ
ဂျော်နီသည် မင်းသ ကို ဆေးရုံထဲသို့ လိုက်ခိုင်းလိုက်၍ သူကားပေါ်မှာသာနေရစ်၏ ။
"မင်္ဂလာပါရှင် ဘာကူညီပေးရမလဲရှင့်"
နက်(စ်)မလေးက နှုတ်ဆက်လျှင်
မေက အပြုံးချိုချိုဖြင့် တုန့်ပြန်ကာ
"ဒေါက်တာ ကျော်စွာ နဲ့တွေ့ချင်လို့ပါ"
"ဟုတ်ကဲ့ ဒေါက်တာ နားနေခန်းမှာ ရှိပါတယ် ရှင့်"
"ကျေးဇူးပဲနော်"
မေက မွန်းကို တွဲခေါ်ကာ နက်(စ်)မလေးညွှန်ပြရာဘက်ဆီသို့လာခဲ့သည် ။
"ဒေါက်တာ"
"အာ... မမေသုခ လာပါ ထိုင်ပါ"
"ဟုတ်ကဲ့ ဒေါက်တာ ကျွန်မ ညီမလေး အလာ့ဂျစ် ဖြစ်သွားတယ် ကြည့်ပေးပါဦး"
မွန်းကအနွေးထည်ချွတ်ပေးလိုက်ရာ လက်ပေါ်ကအနီစက်တွေကို သေချာကြည့်၍
"ရေသတ္တဝါ အချို့နဲ့မတည့်ဘူးထင်တယ်"
"ဟုတ် ဟုတ်ကဲ့ ကျွန်မ ခရုဆန်ပြုတ်သောက်လိုက်တာ"
"အရင်ကရောဖြစ်ဖူးလား"
"ဟို အလယ်တန်းတုန်းကဖြစ်ပြီးနောက် မစားတော့ပါဘူး"
"အင်း သိပ်တော့မစိုးရိမ်ရတော့ပါဘူး ယားတာက လိမ်းဆေးပေးလိုက်မယ် "
"ဟုတ်ကဲ့ ဒေါက်တာ "
"မနက်ဖြန်ဆိုရင်တော့ ပျောက်သွားမှာပါ ဒီညကတော့ အနည်းငယ်ယားလိမ့်ဦးမယ်"
"ကျေးဇူးတင်ပါတယ် ဒေါက်တာ"
ဒေါက်တာက အံဆွဲထဲကထုတ်ပေးတဲ့ ညှစ်ဘူး အဖြူလေးကို ယူကာ ကျေးဇူးတင်စကားဆိုလိုက်သည်။
"ဒေါက်တာ ကျေးဇူးတင်ပါတယ် မေက အရေပြားဆရာဝန်မဟုတ်တော့ ဒေါက်တာ့ဆီခေါ်ခဲ့လိုက်တာပဲပိုကောင်းလို့လေ အိမ်မှာတော့ဆေးထိုးပေးခဲ့သေးတယ် အားတော့နာတယ်ဒေါက်တာရယ် နားချိန်ကြီးလာခဲ့မိတာ"
"မလိုပါဘူး မမေသုခ ရယ် အချင်းချင်းပဲ "
"ဟုတ်ကဲ့ မေ့ကို ပြန်ခွင့်ပြုပါဦး"
"ဟုတ်ပါပြီဗျာ"
ဆေးခန်းထဲကထွက်လာပြီး
"မမ ရယ် ဒေါက်တာ့ကိုအားနာလိုက်တာ"
"ရပါတယ် နောက်တော့မှ မေ တစ်ခုခု၀ယ်ပေးလိုက်ပါ့မယ်"
"ဟုတ်ကဲ့"
"ဪ မွန်းနဲ့အသိရှိတယ်ဆို "
"ဟုတ် ဟုတ်တယ် "
မျက်နှာလေးညှိုးငယ်သွားပြီး
"မမ မွန်း သူနဲ့ခဏတွေ့လို့ရမလားဟင် ဟို မွန်း သူငယ်ချင်း ကိုလည်းပြောစရာရှိလို့ပါ "
မေက နာရီက်ိုငုံ့ကြည့်ပြီးထွက်လာတာလည်းမကြာသေးသည်မို့
"အင်း ကောင်းပြီလေ မေအချိန်ရှိပါတယ် မွန်းအသိက ဘယ်ကလဲ"
"ဟုတ် ဒီဆေးရုံမှာလဲ အလုပ်လုပ်တာပါ ဒေါက်တာနေလင်း "
"ဟင် နေလင်း?"
"မမ သိတယ်လား"
"အင်း သိတယ်"
သိတာပေါ့ လွန်ခဲ့တဲ့ လကပဲ မေ့ကို ချစ်ခွင့်လာပန်သေးတယ် မေ့ထက်၄နှစ်လောက်ငယ်နေလို့ ပြီးတော့ မေ့ဘ၀ ရှုပ်ထွေးတာမို့ ငြင်းလိုက်တာစိတ်ထဲမှာ ပြန်တွေးနေမိသည်။
"မမ "
မွန်းခေါ်လိုက်မှ အသိ၀င်လာပြီး
"အင်း မွန်းနဲ့က ဘယ်လိုသိတာလဲ"
"သူက နဒီ့ရဲ့မောင်တစ်၀မ်းကွဲလေ မွန်းသူငယ်ချင်းရဲ့မောင်ပေါ့"
"အင်း မေ လိုက်ပို့မယ်နော် ဌာနကိုမသိဘူးမဟုတ်လား"
"ဟီး ဟုတ်ကဲ့"
မမမေကအရမ်းအလိုက်သိတာပဲ။ ရုပ်လည်းဖြောင့် ဆရာ၀န်လည်းဖြစ် ပေါင်းသင်းဆက်ဆံရေးလည်းကောင်း တကယ်အားကျတယ်။
မနာလိုနေတာက တစ်ခုပဲ ကိုနဲ့မွန်းထက်ပိုတဲ့ဆက်ဆံရေးတွေရှိခဲ့ကြတာကိုလေ။ ဒါပေမဲ့ ဘယ်တက်နိုင်မလဲ ဖြစ်ခဲ့ကြပြီးပြီပဲ ပြီးတော့ သူက မမမေနဲ့မှမဟုတ်ဘူး မိန်းမပေါင်းသောင်းခြောက်ထောင်နဲ့ ပတ်သတ်ခဲ့တာပဲ။
အရင်တုန်းကဟာကို လည်း ပြဿနာမရှာချင်ပါဘူး
ပြီးတော့ ခု ကို့ကိုမွန်းချစ်တယ် သူလည်းမွန်းကို ဂရုစိုက်တာပဲ အလကား သ၀န်တိုနေပြန်ပြီ။
တွေးချင်ရာတွေးပြီး မေ့ နောက်ကနေ ဖြေးဖြေးချင်းလိုက်ခဲ့သည်။
"နေလင်း!"
မေ့အသံကြားသည်နှင့် ဆေးရုံကန်တင်းမှာ ထမင်းယူဖို့တန်းစီနေရင်း ထိုဆရာဝန်ပေါက်စလေးက လှည့်ကြည့်လိုက်သည်။
"ဟာ မမ"
"အွန်း ထမင်းစားမလို့လား "
"ဟုတ် ကျွန်တော်ကအခုမှဂျူတီထွက်တာ"
"ဟုတ်လား ဒီမှာ နေလင်းကိုတွေ့ချင်လို့တဲ့ "
Advertisement
မွန်းက အနောက်မှ ထွက်လာပြီး
"နေလင်း"
"ဟာ မမွန်း "
"အွန်း ဟိုလေ အချိန်ရရင် ငါနဲ့ခဏစကားပြောလို့ရမလား"
"အချိန်ကရတယ် ဒါဆို လည်း ဒီနားလေးက ဆိုင်တစ်ဆိုင်သွားကြမယ်လေ ဒီမှာကလူရှုပ်တယ်"
မေရောမွန်းပါခေါင်းညိတ်လိုက်ပြီး နေလင်းနဲ့အတူ ဆေးရုံထဲကနေ ထွက်လာကြသည် ။
===============
"ဘယ်လို အခြေအနေလဲ မင်းသ"
မင်းသ ကကားထဲပြန်၀င်လာပြီး
"ဟုတ်ကဲ့ Boss မေမီမွန်း ကဆေးပြလာတာ "
"သူဘာဖြစ်တာလဲ စိုးရိမ်ရလား"
"အရေးပြားဆရာ၀န်နဲ့ပြတာပဲ အခုလည်း ဆရာ၀န်ပေါက်စလေးတစ်ယောက်နဲ့ ဒီနားလေးက ဆိုင်ကို သွားတယ်"
"ဟက် အဲ့တာ အချိန်ကောင်းပဲ အဲ့ဆိုင်ကို လိုက်မယ် "
===============
"ကဲ ဆိုပါဦး ကျွန်တော့်ဆီဘယ်လိုလှည့်လာတာလဲ ပျောက်နေတာကြာပြီနော် မမွန်းသူငယ်ချင်း ကလည်း စိတ်ပူနေတယ် "
"နဒီ နဒီ ကငါ့ကိုစ်ိတ်ပူနေတုန်းပဲလား"
မွန်းကလှုပ်လှုပ်ရှားရှားနဲ့မေးလိုက်တဲ့အခါ နေလင်းကခေါင်းညိတ်ပြသည်။
နေလင်းနေတဲ့တိုက်ခန်းနဲ့ မွန်းနဲ့နဒီတို့နေတဲ့အိမ်က သိပ်မဝေးသဖြင့် တစ်ခါတစ်ရံအလည်လာလေ့ရှိသည် ။
"အင်း ကျွန်တော့်ဆီကိုရောက်ရောက်လာတယ် ဒါနဲ့ မမွန်းက ဘန်ကောက်မှာဆိုဘယ်တုန်းကပြန်ရောက်လာတာလဲ"
မွန်းမျက်ရည်ဝဲသွားကာ
"အင်း ပြန်ရောက်တာမကြာသေးဘူး ဒါပေမဲ့အလုပ်လေးတွေရှိနေလို့အိမ်ပြန်ခွင့်မရသေးတာ တောင်းပန်ပါတယ် နင်တို့ကိုစိတ်ပူအောင်လုပ်မိလို့ ပြီးတော့ နဒီ့ကိုပြောပေးပါနော် ငါ့ကိုစိတ်ချပါလို့ ပြီးတော့ သူ့ကိုလည်းအရမ်းလွမ်းတာပဲ"
မွန်း နဲ့ နေလင်းတို့စကားပြောနေသည်ဖြစ်သဖြင့်
"နေလင်း ထမင်းမစားရသေးဘူးမဟုတ်လား မေတစ်ခုခုဝယ်ကျွေးမယ်လေ ခဏ ဒီဆိုင်ကဘာဂါကောင်းတယ် မေသွားယူပေးမယ် စကားပြောကြဦးနော် "
"ဟာ အားနာစရာကြီး"
"ရပါတယ်"
မေ ကထသွားသဖြင့် မွန်းနဲနေလင်း၂ယောက်တည်းသာကျန်ခဲ့သည်။
မွန်းရဲ့အနွေးထည်ကော်လံလေးက လှန်နေသဖြင့်
"ဟင် မမွန်း လည်ပင်းက အနီတွေက..."
ပြောလည်းပြော နေလင်းက ထ၍ မွန်းလည်ပင်းကိုကိုင်ကြည့်လိုက်လျှင်
====
ကားထဲမှ ကြည့်နေသည့် ဂျော်နီက ခပ်ထေ့ထေ့ပြုံးလိုက်ပြီး
"ဟက် ငါကိုယ်တိုင်တောင်မကြိုးစားလိုက်ရဘူး အကွက်ထဲတန်း၀င်တာပဲ မင်းသ "
ခေါ်လိုက်တာနဲ့ မင်းသက ကင်မရာထုတ်ကာ မွန်းတို့ကို ဓာတ်ပုံလှမ်းရိုက်လိုက်သည် ။
============
"အင်း ငါ အလာ့ဂျစ်ဖြစ်လို့ "
နေလင်းက မွန်းရဲ့အနွေးထည်ကိုခေါက်တင်ကာ လက်တွေကိုလည်း ကိုင်ကြည့်ရင်း
"ဟင် ဆရာ၀န်ပြပြီးပြီလား ဆေးလ်ိမ်းလေ"
"ငါပြခဲ့ပါပြီ ရပါတယ်"
နေလင်းက ပြန်လွှတ်ပေးလိုက်ပြီး
"မပြရသေးရင် ကျွန်တော်က လိုက်ပြပေးမလို့"
"ပြခဲ့ပါပြီ ဆေးလာပြရင်းနင့်ကိုသတိရလို့ မမမေကိုပို့ခိုင်းလိုက်တာပဲလေ ဟို နဒီ့ကို သေချာပေါက်ပြောပေးနော်"
"ဒါနဲ့ မမွန်း အခုဘယ်မှာ နေတာလဲ"
"ဟို အဲ့တာက ပြောပြလို့မဖြစ်ဘူး"
အဖြေခက်နေသည့်အချိန်မှာ အချိန်မှီမေရောက်လာသည်ပဲပြောရမလား။
"အဟင်း နေလင်း ဒီမှာ"
Self service ဆိုင်မို့ဘာဂါတစ်ခုကို မေကယူလာပေးသည်။
"ကျေးဇူးပဲ မမ....ကျွန်တော် အစ်မကိုပြောလိုက်ပါ့မယ်"
ဟု မေ့ကိုလည်းကျေးဇူးတင်စကားပြော မွန်းကိုလည်းနဒီ့ကိုပြောပြလိုက်မယ့်အကြောင်းကိုပါဆက်ပြောလိုက်သည်။
"ပြီးတော့ ငါဆေးရုံလာတယ်လို့မပြောနဲ့နော် သူစိတ်ပူနေမှာစိုးလို့ ဒီတိုင်း မမမေနဲ့တွေ့လို့ ပြောပြတာလို့ပြောလိုက်"
နေလင်းခေါင်းတညိတ်ညိတ်နှင့်
"မမွန်းရောအဆင်ပြေရဲ့လား အခုနေရတဲ့ဆီမှာရော"
" အင်းပြေပါတယ် ဟိုနေလင်း နောက်မှတွေ့မယ်နော်"
မေကလည်း နာရီကြည့်နေသည်မို့ မွန်းအလိုက်တသိ စကားဖြတ်လိုက်သည်။
"ဟုတ်ကဲ့ပါ ကျွန်တော် ဆက်ဆက်အစ်မနဒီကိုပြောလိုက်ပါ့မယ် "
"အင်း ကျေးဇူးပါ နေလင်းရယ်"
"နေလင်း မေတို့ပြန်ပြီနော် "
==========
"Boss ဒီတိုင်းကြည့်နေမှာလား ဒီချိန်မှာ မေသုခနဲ့၂ယောက်တည်းလေ Boss၂ယောက်လုံးကိုလိုချင်နေတာပဲ "
မင်းသအပြောကို စီးကရက် တစ်ချက်ရှိုက်ယူရင်း
"နိုး နိုး နိုး ခုချိန်မှာ ငါသွားဆွဲရင် အတ္တ ကချက်ချင်းပြန်ကယ်မှာပဲ ပြဿနာကို ငါမပါပဲ သူတို့အချင်းချင်းပြန်ဖြစ်စေချင်တာ ဟက် တစ်ယောက်ကိုတစ်ယောက်နာကျည်းသွားစေချင်တာ "
"Boss ဆိုလိုတာက?"
မင်းသ ကကင်မရာကို ကြည့်ရင်းမေးလိုက်တော့
"အဲ့သလောက်ဆို လုံလောက်တယ် မေမီမွန်းကို လက်ဖျားနဲ့တို့တာတောင် မခံချင်တဲ့ကောင် ဒေါသကိုငါအသိဆုံး ဟဟဟ"
============================
"ကျေးဇူးတင်ပါတယ် မမမေ ဒီနေ့အတွက် မွန်းကြောင့် ပင်ပန်းသွားပြီ "
"မဟုတ်ပါဘူး မေ ကမပင်ပန်းပါဘူး မွန်းပဲနေကောင်းအောင်နေနော် "
"ဟုတ်ကဲ့"
"မေ ပြန်တော့မယ်"
"ဟုတ်မမ ဂရုစိုက်ပြန်ပါ"
မေက အိမ်ထဲမဝင်တော့ဘဲ ကားထဲကနေပဲလှမ်းနှုတ်ဆက်လိုက်ကာ အပြုံးတစ်ပွင့်နဲ့ ကားပြန်ခေါက်လာခဲ့သည်။
"သမီးမွန်းလေး အဆင်ပြေရဲ့လားကွယ် မေတင်ကြောင့် ဖြစ်သွားတာ "
"အို မဟုတ်တာ မေတင်ကလည်း မွန်း ဘာမှမဖြစ်ပါဘူး ဆေးလိမ်းလိုက်ရင် ပျောက်သွားမှာတဲ့"
အပေါက်၀အထိလာကြိုတဲ့မေတင်နဲ့သက်သက်ကြောင့် မွန်းစိတ်ထဲမှာနွေးထွေးသွားသည် ။
============================
အတ္တသည် ညသင်္ဘောဖြင့် ပြန်လာခဲ့ခြင်းဖြစ်သည်။
အမှန်ဆို ညသင်္ဘောတွေကအန္တရာယ်များတာသိသော်လည်း သူမကိုလွမ်းနေပြီ တွေ့ချင်လှပြီ ဒီစိတ်တွေကြောင့် မြန်မြန်ရောက်ချင်ဇောနဲ့ မနက်မှလိုက်မယ်ဆိုသော သင်္ဘောလက်မှတ်ဖြတ်ပြီးသားတောင် လျစ်လျူရှုထားခဲ့၏ ။
တစ်ညလုံး စီးရသည်မို့ ရေပြင်ကြီးကိုကြည့်ရသည်မှာလည်း ငြီးငွေ့စရာ မင်းကိုလတ် ကမနက်မှလိုက်မည်ဆိုသောကြောင့် စကားပြောဖော်လည်းမပါသဖြင့် ၀ိုင်ချိုချိုတွေနဲ့သာအဖော်ပြုလာခဲ့သည်။
============================
၁၀နာရီဆိုတဲ့ နံနက်ခင်းအချိန်ဟာ သင်္ဘောစိုက်ပြီမို့ အတ္တလည်း ကုတ်အင်္ကျီကိုခါတီးကာ မတ်တပ်ထလိုက်လျှင်
Advertisement
"သခင်လေး သခင်လေး"
ခက်သွက်သွက် ရောက်လာသည့်အလင်းကြောင့်
"ဘာဖြစ်တာလဲ "
"ဂျော်နီ ရောက်နေတယ် "
"ဘာ? ဒီအထိ သူက ဘာလုပ်တာလဲ "
"ဒီသင်္ဘောမှာ ဂျော်နီနဲ့ပတ်သတ်တာဆိုလို့ သခင်လေးပဲပါတာ"
အတ္တသည် စိတ်မရှည်သလို ချက်ချင်း ဆင်းလာခဲ့သည်။
စီးကရက်ဖွာရင်း စောင့်နေသည့် ကားအနက်နားက ဂျော်နီက
"ဟိုး မတွေ့တာကြာပြီ အတ္တလွန် "
ဟုရွှင်မြူးစွာနှုတ်ဆက်လေသည်။
အတ္တက ပြန်နှုတ်မဆက်ဘဲ သူ့ကိုမြင်ရတာဟာ
စောစောစီးစီး ကျက်သရေတုံးရခြင်းတစ်ခုဖြစ်လေသည်။
မွန်းကို တွေ့ချင်လို့စောစောပြန်လာတာ ကြားထဲက လဒတွေကိုရှင်းရဦးမယ်။
"အချိန်မရှိဘူး ဘာအတွက်စောင့်နေတာလဲ"
"ဘာလဲ ကောင်မလေးကိုလွမ်းလှပြီလား ဟဟဟ "
လှောင်ရယ်သံ နဲ့ဂျော်နီမျက်နှာကိုလက်သီးနဲ့ဆင့်ထိုးပစ်လိုက်ချင်သည်။
"တစ်နေရာသွားရအောင် အေးဆေးပေါ့ "
"ကျစ်!"
အရစ်ရှည်နေသေးတဲ့အတွက် အတ္တမှာစိတ်မရှည်စွာကျစ်စုပ်သပ်လိုက်သည်။
ဂျော်နီက အရှေ့ကထွက်သွားလျှင်
"သခင်လေး "
ကားအသင့်နဲ့လှမ်းခေါ်လိုက်တဲ့အလင်းနဲ့အတူ
အတ္တကားထဲ၀င်၍ ဂျော်နီတို့ကားနောက်မှလိုက်ခဲ့သည်။
====
Ring
ဖုန်းလာနေသဖြင့် မေတင်က ကိုင်ဖို့အရွယ်တွင်
"နေနေ မေတင် မွန်းကိုင်လိုက်မယ် "
ကို ဆက်တာဖြစ်မယ် ပြန်ရောက်ပြီဆိုတာဆက်တာဖြစ်မယ်။ မွန်းကိုယ့်အတွေးနဲ့ကိုယ် ဖုန်းကိုနားသို့ကပ်လိုက်သည်။
"ဟယ်လို"
"ဟယ်လို..အသံလေးမကြားရတာတောင်ကြာပေါ့ မွန်းလေး"
"ရှင် ရှင် နက္ခတ်ဆိုတဲ့လူလား"
"မှတ်မိသားပဲ "
"ကျွန်မ တစ်ခါတည်းပြောထားမယ် နောက်ထပ် ဖုန်းထပ်မဆက်ပါနဲ့ ရှင့်ကိုလည်းမယုံဘူး ရှင်နဲ့ပတ်သတ်စရာအကြောင်းလည်းမရှိဘူး ကျွန်မ အတ္တနဲ့ပဲနေမယ် သူနဲ့ကျွန်မရဲ့ပတ်သတ်မှုကိုသိချင်တယ်လို့ပြောခဲ့တယ်မဟုတ်လား ကျွန်မတို့က ချစ်သူတွေ "
တစ်ခါတည်းအပြတ်ပြောလိုက်ပြီး မွန်း ဖုန်းချဖို့ အပြင်မှာ
"အိုခေ! ဒါပေမဲ့ ကိုယ်က နောက်ထပ်ဖုန်းတစ်ခါခေါ်ရဦးမယ် "
"......."
"မင်းသိချင်တယ်ဆိုရင်ပေါ့ အတ္တက မင်းကို ဖုံးကွယ်ထားတဲ့လျှို့ဝှက်ချက်ရှိတယ်"
မွန်းက မျက်မှောင်ကုတ်ကျသွားကာ ဖုန်းချဖို့ပင်တုန့်ဆိုင်းသွားသည်။
"မင်း အတ္တဘာလုပ်သလဲ ဘယ်လိုလူလဲ ဆိုတာမသိသေးဘူးနော် "
မွန်းရင်ထဲမှာ တဒိတ်ဒိတ်နှင့် သူပြောတာကိုနားထောင်နေပေမဲ့
"သိချင်ရင် နောက်တစ်ခါ ကိုယ် ဖုန်းခေါ်တဲ့အခါ ကိုင်လိုက်!"
သူ့ဘက်အရင်ဖုန်းချသွားကာ မွန်းကိုကြိုးရှည်ရှည်နဲ့ဆွဲထားသလိုလုပ်နေသည်။
==========
ဂိုထောင်ပျက်ကြီးကို အရင်ရောက်နှင့်တဲ့ ဂျော်နီက ဖုန်းချလိုက်ကာ ဟန်မပျက်ထိုင်နေသည် ။
အတ္တက ဂျော်နီနှင့်မျက်နှာချင်းဆိုင် ၀င်ထိုင်လိုက်ပြီး
"ငါအချိန်မရှိဘူးလို့ ပြောပြီးပြီ ဂျော်နီ "
"ငါလည်း လိုရင်းပဲပြောမယ် မနေ့က မင်းရဲ့ချစ်လှစွာသောမေမီမွန်း အပြင်သွားတယ်မဟုတ်လား"
အတ္တမျက်ခုံးတို့ကွေးညွတ်သွားပြီး စူးစူးရှရှကြည့်လိုက်သည် ။
"မင်း မွန်းနောက်ကို နောက်ယောင်ခံလိုက်နေတာလား "
ဂျော်နီက ဓာတ်ပုံ ၁၀ပုံလောက်ကို ပစ်ပေးလိုက်၍
"မင်းငါ့ကိုကျေးဇူးတင်သင့်တယ် "
အတ္တက ဓာတ်ပုံကို တစ်ပုံချင်းကြည့်ရာ ခပ်ချောချောကောင်လေးတစ်ယောက်က မွန်းလည်ပင်းကို ထိကိုင်နေပုံ။ အဝေးကမြင်ရ၍ တစ်ချို့ပုံက လည်ပင်းကိုပဲ နမ်းနေသလိုလို လက်တွေကို ကိုင်နေပုံ။ ထို့နောက် အကြည့်တွေကတရင်းတနှီး။
အတ္တ ထိုဓာတ်ပုံတွေကို ကြည့်ပီးချက်ချင်းဖြဲပစ်လိုက်ပြီး လုံးချေပစ်ပေါက်လိုက်၏။ ရင်ထဲကဒေါသမီးအပူရှိန်က ဒီဂရီအမြင့်ဆုံးမှာရောက်နေပြီဖြစ်သည်။
"အာ..ကျန်သေးတယ်နော် "
ဂျော်နီက ဖုန်းခေါ်ကာ speaker ဖွင့်လိုက်ပြီး
"ဟယ်လို"
တစ်ဖက်မှ မွန်းသည်စိတ်မရှည်သောအသံနှင့်
"ဟယ်လို ကိုနက္ခတ်ပဲလား"
ဂျော်နီကဖုန်းကိုချက်ချင်းချပစ်လိုက်ပြီး
"ဘယ်လိုလဲ အတ္တ မင်းမွေးထားတာက ယုန်ဖြူလေးမဟုတ်ဘူး ကျားပေါက်လေးနော် "
ကိုနက္ခတ်တဲ့လား။
မွန်း မင်းက ဂျော်နီနဲ့အဆက်အသွယ်လုပ်နေတာလား
အတ္တ မတ်တပ်ထရပ်ပြီး
ဗုန်း
စားပွဲလက်ဖြင့် ရိုက်ကာ ဂျော်နီ့ကို စူးနစ်စွာ ဒေါသမျက်လုံးတို့နှင့်ကြည့်ပစ်လိုက်ပြီး
"တောက် မင်း မွန်းကိုမထိနဲ့လို့ငါပြေခဲ့တယ်နော် အသက်ပျောက်ချင်နေတာလား ခွေးကောင်"
ကော်လံစကိုလာစွဲတဲ့အတ္တလက်ကိုအပေါ်ကနေထပ်ကိုင်ပြီး
"ငါမထိရသေးပါဘူး အတ္တရ သူ့ဟာသူအဆက်ဟောင်းဆရာဝန်လေးနဲ့အဆင်ပြေနေတာပါ"
အတ္တသည် လည်ပင်းကကော်လံစကိုပြန်လွှတ်ပေး၍
" ဟ ဟား...မင်းက မွန်းကို ဂျော်နီမှန်းမသိအောင်နက္ခတ်လို့ပြောပြီးချည်းကပ်နေတယ်ပေါ့ လွယ်လွယ်နဲ့မင်းဆီကိုပါလာမယ်ထင်နေလား မင်းရဲ့ အရည်မရအဖက်မရ ဓာတ်ပုံတွေကိုလည်းငါကလွယ်လွယ်နဲ့ယုံရမှာမဟုတ်ဘူး ပြီးတော့ မွန်းကိုငါ့ဆီနေဘယ်သူမှလာလုယူလို့မရဘူး "
ထိုအခါ ဂျော်နီက ဟက်ခနဲရယ်လိုက်ကာ
" ကိုယ့်ကိုယ်ကို အပိုင်သိပ်မတွက်နဲ့ အတ္တ ပုံထဲမှာမင်းမြင်ပြီးပြီဘဲ မွန်းကို မင်းမပိုင်ဘူးဆိုတာ"
"အေး မင်း နဲ့ ငါ နောက်မှ ရှင်းမယ် "
အတ္တ ပြန်ထွက်လာခဲ့သည်။
အတ္တဆိုတာ ကြားလူသွေးထိုးတိုင်း ယုံမယ့်ကောင်မဟုတ်ပေမဲ့ ပုံကိုလည်းကိုယ်တိုင်မြင်လာရတဲ့အပြင် အသံဟာလည်းမွန်းအသံဆိုတာကောင်းကောင်းမှတ်မိနေတာကြောင့် ဒီ့ထက်ဒေါသတို့မဆူပွက်ခင် အမြန်ထွက်လာခဲ့ခြင်းဖြစ်သည်။
မင်းက ငါ့ယုံကြည်မှုကိုအလွဲသုံးစားလုပ်တာပဲ
မင်းကိုသစ္စာမဖောက်နဲ့ ငါပြောထားခဲ့ပြီးသား။
=========
အတ္တသည် အိမ်ရောက်လျှင် အလင်းပင် ကားတံခါးမဖွင့်ပေးလိုက်ရဘဲ တစ်ယောက်တည်းအရင် ဝင်သွားသည်။ ဧည့်ခန်းထဲမှာဘယ်သူမှရှိမနေ သူမကိုလည်း
အတ္တမရှာပဲ သူ့အခန်းထဲ၀င်သွားသည်။ မဟုတ်ရင် တွေ့တွေ့ချင်း ဘာလုပ်မိမလဲဆိုတာ ကိုယ့်ကိုယ်ကိုလည်းမသိဘူး။
ကုပ်အင်္ကျီကိုချွတ်ကာ လွှင့်ပစ်လိုက်ပြီး ရှပ်အင်္ကျီကြယ်သီးတွေကိုအပေါ်က သုံးလုံးဖြုတ်ပစ်လိုက်၍
အိပ်ယာဘေးစားပွဲအံဆွဲထဲက အဖြူအမှုန့်ထုပ်ကိုထုတ်ကာ မှန်စားပွဲပေါ်မှာ ဖွင့်ချလိုက်ပြီး အပုံလိုက်ဖြစ်နေသော ထိုအဖြူရောင်အမှုန့်တွေက ဘေးမှာရှိနေသော ခရက်ဒစ်ကဒ်ပြားနှင့် အမြှောင်းလိုက် ၅ပိုင်းပိုင်းချလိုက်သည်။
ထို့နောက် အံဆွဲထဲကနေ ဖန် ပိုက်သေးသေးလေးကို ထိုအမှုန့်တွေရဲ့အစမှာထောင်လိုက်ပြီး နှာခေါင်းကိုလက်တစ်ဖက်ဖြင့်ဖိပိုက်ကာ ရှူရှိုက်ပစ်လိုက်သည်။
"အား....."
ခေါင်းကိုဖြေးဖြေးချင်းမော့ပြီး နောက်ထပ် တစ်ကြိမ်ထပ်ရှူရှိုက်လိုက်ကာနှာခေါင်းကိုလည်း လက်ခလယ်ဖြင့်မွှန်ထူမသွားအောင်ပွတ်ပစ်လိုက်သည်။
" အင်း..."
ကျန်တဲ့အမှုန့်အချို့ကိုလည်းခပ်ပြင်းပြင်းရှူရှိုက်လိုက်၍ မွေ့ယာဘေးကြမ်းပြင်မှာ ဒူးတစ်ဖက်ထောင်ကာ ခြေဆင်းထိုင်လိုက်ပြီး ထိုစားပွဲအားမှီ၍ ခေါင်းမော့ထားလိုက်သည်။
=====
"ကားသံ ကြားပါတယ် ဘယ်ရောက်သွားတာလဲ "
မွန်းသည် ဒီနေ့သူပြန်လာမယ်ဟုပြောထားတာနဲ့ ကိုယ့်ကိုယ်ကိုလှနေအောင် သူအကြိုက်တွေ့စေမယ့် နို့နှစ်ရောင်လက်ဖောင်းဂါဝန်တိုကလေးကိုဝတ်ဆင်ထားကာ အောက်ထပ်ဆင်းလာခဲ့သည့်အခါ တဖန်မြည်လာသည့်တယ်လီဖုန်းကြောင့် မွန်းလည်း မဝံ့မရဲ နားထောင်လိုက်ပြန်သည် ။
"ဟယ်လို"
"အတ္တအကြောင်းကို အရမ်းသိချင်တာပဲလား ဖုန်းခေါ်တိုင်းတန်းကိုင်တယ်ဆိုတော့"
အမှန်တိုင်းဆို မွန်းရူးမတက်သိချင်နေပါသည်။
"အတ္တက မူးယစ်ဆေးမှောင်ခိုဂိုဏ်းခေါင်းဆောင်တစ်ယောက် "
မွန်းဟာ သူ့ရဲ့အလုပ်အကိုင်ကိုသေချာမသိပေမဲ့ သူဟာဂန်းစတားတစ်ယောက်ဖြစ်တာကြောင့် ဒီလိုလုပ်ငန်းမျိုးနှင့်ကင်းဝေးမည်မဟုတ်ကြောင်း အရင်ကတည်းကတွေးကြည့်ဖူးပေမဲ့ အတိအကျကြီးသိလိုက်ရတဲ့အခါ ရင်ထဲမှာတစ်မျိုးတော့ဖြစ်သွားသည်။
"သူ ကိုယ်တိုင်လည်းဆေးစွဲနေတာ"
ဒီတစ်ချက်ကိုကြားတဲ့အခါမှာတော့ မွန်းရဲ့မျက်လုံးကလေးဝိုင်းသွားသည်။ သူစီးကရက်တွေအလွန်အကျွံသောက်တာကိုသိပေမဲ့ မူးယစ်ဆေးစွဲနေမယ်လို့တော့ထင်မထားခဲ့ပါ။
"မင်းက အခုဆေးသမားတစ်ယောက်ရဲ့ အကျဥ်းသားပဲ မွန်း "
မွန်းသည် နှုတ်ခမ်းဟသွားကာ ဆက်ပြီးလည်းနားမထောင်ချင်သလို ဒီလူနဲ့လည်းထပ်ပြီးပတ်သက်စရာအကြောင်းမရှိသောကြောင့်ဖုန်းကိုကဂွက်ကနဲမြည်အောင်ချပစ်လိုက်ကာ
' သူ ကိုယ်တိုင်လည်းဆေးစွဲနေတာ..ဆေးသမား'
ပြန်ကြားယောင်ပြီး မွန်း အရမ်းစိတ်ညစ်လေသည်။
မခိုင်တော့တဲ့ ခြေလှမ်းတွေနဲ့ သူ့အခန်းရှေ့မှာခြေစုံရပ်ပြီး
"သူကိုယ်တိုင်၀န်ခံမှ ငါယုံမယ် "
ဒီဆုံးဖြတ်ချက်နဲ့ တံခါးကိုဆွဲဖွင့်လိုက်သည်။
တံခါးသံကြောင့် မှိန်းနေတဲ့ အတ္တဟာ ခေါင်းထောင်ကြည့်လိုက်သည့်အခါ သူ့မျက်လုံးတွေကရဲနီနေကာ ရီဝေမှေးစင်းနေသည်။ ထို့အပြင် သူ့နောက်ကမှန်စားပွဲအနက်ရောင်ပေါ်မှာလည်း အဖြူရောင်အမှုန့်တွေကပြန့်ကျဲလျှက်ရှိနေသည်။
"ရှင် ဆေးချ နေတာလား"
မဟုတ်ဘူးလို့ဖြေပေးပါ မဟုတ်ဘူးလို့ပြောလိုက်ပါ ကျွန်မမြင်နေရလည်း ရှင့်နှုတ်ကဘာပြောပြောယုံဖို့ ဆုံးဖြတ်ထားလိုက်ပြီ ကျွန်မ ရှင့်ကို ထပ်မမုန်းချင်ဘူး ကို မမုန်းချင်တော့ဘူး ကိုရယ်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(35)ဆက်ရန်
မူးယစ်ဆေးကိုလက်တွေ့ဘဝမှာလုံးဝစမ်းသပ်သင့်ပါ။
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(34)
"ဟုတ်လား "
"ကျေးဇူးပဲနော်"
"ဒေါက်တာ"
"အာ... မမေသုခ လာပါ ထိုင်ပါ"
"အရင်ကရောဖြစ်ဖူးလား"
"ဟုတ်ကဲ့ ဒေါက်တာ "
"ဟုတ်ပါပြီဗျာ"
"ဟုတ်ကဲ့"
"ဟုတ် ဟုတ်တယ် "
မေက နာရီက်ိုငုံ့ကြည့်ပြီးထွက်လာတာလည်းမကြာသေးသည်မို့
"ဟင် နေလင်း?"
"မမ သိတယ်လား"
"အင်း သိတယ်"
သိတာပေါ့ လွန်ခဲ့တဲ့ လကပဲ မေ့ကို ချစ်ခွင့်လာပန်သေးတယ် မေ့ထက်၎နှစ်လောက်ငယ်နေလို့ ပြီးတော့ မေ့ဘ၀ ရှုပ်ထွေးတာမို့ ငြင်းလိုက်တာစိတ်ထဲမှာ ပြန်တွေးနေမိသည်။
"မမ "
"ဟီး ဟုတ်ကဲ့"
Advertisement
- In Serial306 Chapters
The Revenge Turned To Love
Mishi Xin is a girl with a soft and kind heart who lives with her two younger twin siblings. After her parents' death, she has lost faith in other relations as her own uncle threw them out of the house. Mishi works hard to end her and her siblings' miserable life. But then she meets Xian Zhang who makes her life more miserable than ever.
8 299 - In Serial27 Chapters
The Feelings • Harry Styles
"I'm here, I'm yours" he said " I love you, all you have to do is let me "I stare at him, " it's not that easy , you can't just stand there and tell me to accept your love" he stares into my blue eyes Copyright 2018/2021. All rights reserved. This material may not be reproduced, displayed, modified or distributed with out express prior written permission of copyright holder, for permission, contact @addictmuke on wattpad.com
8 82 - In Serial27 Chapters
How Did This Happen? | OurSecondLife Fanfic |
While Laura was growing up she looked up to her two older brothers: Ricky Dillon who is two years older then her and Jacob Dillon who is five years older then her. Well that was before they both left to move to California which was two years ago.Their mom has recently died..But when Laura is reunited with Ricky at their mom funeral, dad decides that it is the best if they move to Los Angeles to be closer with Ricky and Jacob.And when Ricky introduce Laura to his YouTube collab friends; Sam, Connor, Kian, Jc and Trevor which is also known as Our Second Life or o2l, two of them starts to fall for her but she has some anxiety and some people get in the way from having a happy ending...(Oursecondlife doesn't come until chapter six.)
8 217 - In Serial13 Chapters
Teasing maid-sama
After spending his whole life in solitude and misery Dan is reincarnated as Alphard beathauxen the 1st, richest man alive(after his dad of course). But he isn't interested in the kingdom's prosperity or gaining power. He wants to be with his one true love. But, much to his surprise, his one true love is....A Maid! A youthful love comedy begins!
8 175 - In Serial35 Chapters
NEIGHBORS ✓ ⚠️ UNDER EDITING ⚠️
BOOK 1: NEIGHBORSWhen Xiao zhan Happens to be Wang Yibo's new Neighbor.STATUS: COMPLETED | uneditedBOOK 2: OBSESSIONENTRIES: Prologue, 32 ChaptersSTARTED: May 9, 2020ENDED: May 22, 2020
8 154 - In Serial51 Chapters
Tanya x Female!Reader (youjo senki/ the saga of Tanya the evil fanfiction)
•Yes this is gay.•Yes this is yuri.•Yes this might disappoint you.•Yes this is a fanfiction too.Amidst all the chaos in the air, she flew like an angel, for empirial soldiers who see her.But everyone knew she was a hot headed one when it comes to getting irritated. With having to listen to spewed nonsensical words towards them as she makes them kneel and beg her for mercy.That's how everyone saw her.A graduate of the military academy, a silver winged Major, a Captain, and even a strategist for peculiar reasons. She was a prodigy to the military and government I tell you.Created by: G
8 206

