《အတ္တလွန်အချစ် (OC) Completed》Part (31) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(31)
ခံစားမှုတစ်ခုက အရင်လိုနူးညံခြင်းမရှိ မာဆက်ဆက်ဖြစ်နေသည်။ မြေသင်းနံ့ခပ်သင်းသင်းနဲ့အတူ ချမ်းသလိုလိုရှိပေမဲ့ဖက်ထားပေးတဲ့ရင်ခွင်ကျယ်ကြီးတစ်ခုက အကာအကွယ်ပေးနေသည်။
မပွင့်တပွင့်မျက်လုံးထဲမှာ ထူးထူးခြားခြား သစ်ပင်တွေမြင်နေရသဖြင့်ဖျက်ကနဲပွင့်လာလိုက်ရာ
မွန်းအိပ်နေတာ မြေကြီးပေါ်မှာ။ ဆက်ကနဲ ထထိုင်လိုက်သည့်အခါ ဘေးတွင် နှဖူးပေါ်လက်တင်ပြီး မှေးမှိတ်ထားသေးမျက်၀န်းများနှင့်သူကအေးဆေးစွာရှိနေသည်။
"ကို!"
"Baby နိုးနေပြီလား"
သူက ဖြေးဖြေးချင်းထထိုင်လိုက်ကာ သူမအတွက် တစ်ညလုံးခေါင်းအုံးလုပ်ပေးထားတဲ့လက်မောင်းတစ်ဖက်ကို အကြောလျော့ရင်း မြှောက်ကာဆန့်ထုတ်လိုက်သည်။
"မွန်းတို့ကို ဘယ်တော့လာခေါ်မှာလဲ"
အတ္တက သူမပါးပြင်လေးအားပွတ်သပ်ရင်း
"အလင်းက နောက်၁နာရီလောက်ဆိုရင် Parisမြို့ထဲရောက်လောက်ပြီ ခဏနေရင်လေယာဥ်ဆိုက်တော့မှာ သူ မကြာခင် ကိုယ်တို့ကိုရှာတွေ့မှာပါ"
အတ္တက ဘောင်းဘီအိတ်ထဲက ဖုန်းကို ထုတ်ယူကြည့်လိုက်ပြီး
"၈နာရီ ထိုးပြီ "
ဖုန်းအားကလည်း 23%သာရှိသည်မို့ မနေ့ညက ဓာတ်မီးလိုတာတောင်ထုတ်မသုံးခဲ့ဘူး ဒီဖုန်းမရှိရင် အလင်းကသူတို့ကိုရှာတွေ့မည်မဟုတ်ပါ။ ဖုန်းကိုအိတ်ထောင်ထဲပြန်ထည့်လိုက်ပြီး မွန်းကိုကြည့်လိုက်ရာ ဝတ်ထားသောဂါဝန်က ရင်တစ်ပိုင်းဖြတ်ဖြစ်သဖြင့် ပခုံးသားလေးတွေ လည်ပင်းတွေမှာ မြက်ခြောက်တွေကပ်ငြိနေသည်ကို အတ္တက ပြုံးကြည့်ပြီး အနားတိုးလာကာ ထိုမြက်ခြောက်ဖက်တွေအား အသာလေးဖယ်ပေးသည့်အခါ သူ့ရဲ့၀င်လေထွက်လေတွေက မွန်းရဲ့လည်ပင်းနားမှာ တဝဲလည်လည်။
"က ကု ကို.."
"ဟင်!"
ရင်ခုန်လာလို့ ပခုံးလေးတွန့်ကာ သူ့ကိုသတိပေးသလို ခေါ်လိုက်ပေမဲ့သူထူးလိုက်သည့် အသံကြောင့် ပို၍ပင် ရင်ခုန်သံ ဗြောင်းဆန်ကုန်သည်။
"ငြိမ် ငြိမ် နေ လေကွာ ဒီမှာ အမှိုက်တွေဖယ်ပေးနေတာကို"
မွန်းသည် ကိုယ့်ဟာကိုယ် ခပ်မြန်မြန် ခါချလိုက်ပြီး အတ္တအနားကနေ တင်ပါးလေးအနည်းငယ်ရွေ့ထိုင်လိုက်သည်။
"ရပြီ "
"ဘယ်လိုဖြစ်တာလဲ အနားကို အကပ်မခံဘူး"
အတ္တမှ တစ်ဖက်သို့တိုးကပ်သွားသူမကို
မျက်မှောင်ကုတ်ကာ ကြည့်လိုက်သည့်အခါ
"ဘာ ဘာဖြစ်လို့လဲ"
သူမရဲ့ မျက်နှာကလည်း မအီမသာနှင့် တစ်ခုခုဖြစ်နေပုံရသည်။
"ကိုယ် သိတယ် မင်း တစ်ခုခုပဲ ကိုယ့် အနားပြန် လာခဲ့"
သူကပဲပြော သူကပဲမွန်းအနားဆီသို့တင်ပါးလေးရွှေ့လာသည့်အခါ သူမက တစ်ဖက်သို့ထပ်တိုးသွားပြန်သည်။
"ဗိုက် ဗိုက်နာ နေလို့ပါ"
မွန်းက ဗိုက်ကလေးကိုအနည်းငယ်ဖိပြီးပြောလာတော့
"Toilet သွားချင်လို့လား ခဏ ကိုယ်ရှာပေးမယ်"
အတ္တက မတ်တပ်ထရပ်ပြီးဘောင်းဘီခါကာ သူမကိစ္စရှင်းလို့နေရာမျိုးကို ရှာသည်။
မွန်းမှာ မျက်နှာလေးပိုမို ရှုံ့သွားကာ
"မ မဟုတ်ဘူး မသွားချင်ဘူး"
ထိုင်နေသည့်သူမကို ပြန်ငုံ့ကြည့်ပြီး
"ဟင် အဲ့တာဆိုဘာဖြစ်တာလဲ ဪ ဗိုက်ဆာတာလား?"
အတ္တသည် သူပဲမေး သူပဲအဖြေရှာပြီး
သူမလက်ကို ကောက်ကိုင်လိုက်ကာ
"လာ ကိုယ် စားစရာရှာပေးမယ် ပစ်ထားခဲ့လို့ဆိုပြီး အာဗြဲကြီးနဲ့အော်မငိုနဲ့ လိုက်ခဲ့"
သူမလက်ကို သူ့ဆီကနေပြန်ရုန်းလိုက်၍
"ဟာ...ကို မဟုတ်ပါဘူးဆို ထိုင်နေပါ အေးအေးဆေးဆေး"
သူမပြောတဲ့ပုံစံမှာ ကိုယ့်ကိုပဲစိတ်တိုနေတဲ့ပုံစံနဲ့ ဘာကိုအလိုမကျနေတာလဲ။ အတ္တသည် သူမဘေးမှာ ငုပ်တုပ်ပြန်ထိုင်ပြီးမေးသည်။
"အဲ့တာဆို ဘာဖြစ်တာလဲ ပြောလေ "
"ကျစ်... မွန်း မသေပါဘူး ဒီတိုင်းနေပါ အလင်း သာမြန်မြန်လာခေါ်ပါစေ "
"Baby ပွင့် ပွင့် လင်းလင်းပြောကွာ
ကိုယ့်ကိုစိတ်ပူအောင် မလုပ်နဲ့ မဟုတ်ရင် ဒီမှာ ရူးတော့မယ်"
"မွန်း မပြောချင်ဘူး ဘာမှ မဖြစ်ဘူးလို့"
ဗိုက်ကလေးကိုနှိပ်ကာ မအီမသာ မျက်နှာလေးကြောင့် အတ္တသည် ဘယ်လိုမှမခံသာ။ ဆံပင်တွေကိုလက်နှင့်ထိုးဖွကာ
"ကျစ်....ကွာ...!"
ဘာဖြစ်နေတာလဲမပြောပြတဲ့ သူမကို အားမလိုအားမရဖြစ်ကာ သူမထိုင်နေတဲ့ အနားပိုကပ်လာသဖြင့် မွန်းသည် မရိုးမရွ ဖြစ်ကာ နောက်ယို့သွားသည်။ အတ္တသည် သူမနဲ့အတူပတ်ဝန်ကျင်ကို သေချာစိုက်ကြည့်ရင်း သူမထိုင်နေတဲ့ မြက်ခြောက်ဝါဝါတွေက နီနေသည်။
မျက်မှောင်ကုတ်ကျသွားကာ သူမအနောက်သို့ သေချာလာကြည့်နေသောအတ္တကြောင့် မွန်းမှာ မလုံ မလဲ ဖြစ်ပြီး မတ်တပ်ထရပ်လိုက်သည်။ အတ္တသည် သူမ ခန္ဓာကိုယ်ကို ခါးမှ ဆွဲလှည့်လိုက်ရာ ဂါ၀န်က အနက်မို့ သိပ်မပေါ်လွင်ပေမဲ့ တင်ပါးနေရာမှာ စိုနေတဲ့ အနီရောင်အကွက်ကိုမြင်လိုက်ရပြီး
"Baby မင်း သွေး ... ဟာ ...ရာသီလာနေတာလား!"
သူက မော့ကြည့်၍ မေးလာတော့ မွန်းမှာ မျက်နှာပူလွန်းလို့ ထိုနေရာကို လက်နှင့်အုပ်ကာ သူ့နဲ့ကွယ်သွားအောင်ရှေ့သို့လှည့်လာသည်။ အောက်နှုတ်ခမ်းလေးကိုက်ကာ သူ့ကို မကျေနပ်သလိုကြည့်လိုက်သည်မို့
"ဆော...ဆောရီး..! အဟင်း ကိုယ် ...."
သူမှားတာမို့ ရှက်သွားသည့်သူမကို တောင်းပန်လျှင်
"တော်ပြီ မပြောနဲ့ အဲ့တာကြောင့် အေးဆေးနေပါဆို ဘာမှန်းကိုမသိဘူး"
"Baby ကလည်း မင်းက ဘာမှမပြောဘဲ ကိုယ့်ကိုပါစိတ်တိုနေတော့ စိတ်ပူတာပေါ့ ဒါကရှက်စရာမဟုတ်ပါဘူး လာကိုယ့်အနားမှာပြန်ထိုင်!"
ဒါပေမဲ့ သူမဟာ စကားနားမထောင်ဘဲ သူနဲ့ခပ်ဝေးဝေး သွားထိုင်လျှင် အတ္တက နောက်ကနေ လိုက်တိုးကပ်လာသဖြင့်
"ရှင် ဘာလို့လိုက်ကပ်နေတာလဲ တောက်တဲ့ ကျနေတာပဲ"
"ဘာလို့ အဲ့သလောက်နင်လွှတ်နေတာလဲ
ဘာမှမလုပ်ပါဘူး ဖြစ်ချင်ရင် မနေ့ကတည်းက ပြီးပြီ ကြောက်နေတာသနားလို့လွှတ်ပေးလိုက်တာ"
"ဟာ....ကို! အဲ့တာကြောင့် သွားလို့"
"ဟော်ဗျာ ဘယ်သွားရမှာလဲ ပြီးရင် အော်ငိုဦးမယ် အနားကပ်ထိုင်ရုံလောက်က ဘာမှမဖြစ်ပါဘူး "
Advertisement
"နှာဘူး!!"
"အင်း... ယောက်ျားပဲလေ "
"ဟွန့် ...ရှင်ကိုက သည်း လွန်းပါတယ်
မွန်းဆိုရင် နမ်းဖို့လောက်တွေးနေတာ"
"ဘာလို့ မင်းက ဆွဲဆောင်ထားလဲ "
သူမနဲ့စကားနိုင်လုနေတုန်းမှာ ဘောင်းဘီထဲကဖုန်းက ရုတ်တရက် တုန်ခါလာသည်မို့ အတ္တက ထုတ်ကြည့်လျှင် အလင်းပင်ဖြစ်သည်။
"အင်း မင်းတို့ ရှာတွေ့လား"
"ကားကိုတွေ့ပါပြီသခင်လေး"
"အေး ငါတို့က တောထဲမှာ "
"ဟုတ်ကဲ့ ကျွန်တော်တို့လာနေပါပြီ "
"ဖုန်းမချတော့ဘူး ဘယ်နားရောက်နေလဲသိအောင်"
"ကျွန်တော်တို့ ကျောက်တုံး အကြီးကြီး နားမှာပါ"
"သိပ်မလိုတော့ဘူး ဘယ်ဘက်ကိုကွေ့ခဲ့ တဲစုတ်ထဲမှာ"
"ဟုတ်ကဲ့"
အလင်းတို့ ဘယ်ဘက်သို့ကွေ့လာခဲ့ပြီး ၁၀မိနစ်လောက်လျောက်ခဲ့လျှင်
"ဟယ်လို အလင်း ငါမင်းကိုတွေ့နေရတယ် "
"ဟုတ်ကဲ့ ကျွန်တော်တွေ့ပါပြီ"
ဖုန်းချလိုက်ပြီး အလင်းနှင့် လူ၃ယောက်လောက်ပြေးလာကြသည်။
"သခင်လေး အဆင်ပြေရဲ့လား"
အတ္တ ခေါင်းညိတ်ပြီး
"ဘယ် ခွေးကောင် လက်ချက်လဲ ဒါက!"
"ဒေးဗစ်!"
"ဟက် ဘာလဲ သူသားအတွက်လား "
ဂျော်နီ့အဖေ လက်ချက်ပေမို့ အတ္တပို၍ဒေါသထွက်လာသည် ။
"ဂျော်နီ ငြိမ်နေတယ် သခင်လေး "
"နောက်မှရှင်းမယ် အိမ်ပြန်ဖို့ အရင်စီစဉ်
လေယာဉ်လက်မှတ်ကရလား"
"ကျွန်တော်စီစဉ်ထားပါတယ် ဟိုတယ်ကပစ္စည်းတွေသွားယူပြီး မင်းလူကို လေဆိပ်မှာစောင့်ခိုင်းထားတယ် "
ဟုအလင်းကအဆင်သင့်ဖြစ်နေကြောင်းပြောတဲ့အခါမှာ
"မယူလည်းရရဲ့သားနဲ့"
"အရေးကြီးတဲ့ပစ္စည်းတွေပါနေမှာဆိုးလို့ပါ "
"အရင်ဆုံး ဒီကထွက်မယ်"
အတ္တသည် သူမကိုဆွဲထူကာ အနောက်မှပုခုံးကိုကိုင်ပြီးတည့်တည့်ရပ်လိုက်သည်။ အမြဲတမ်းသခင်လေး၏ အနောက်ကပဲလိုက်ရသည်မို့ အလင်းတို့က ရပ်နေကြသေးသည်။
"မင်းတို့ရှေ့ကသွား"
အတ္တ စကားကြောင့်
"ဗျာ"
"ရှေ့ကသွား "
အလင်းတို့ လှည့်ကြည့် လှည့်ကြည့်နှင့် အရှေ့ကထွက်သွားသည့်အခါ အတ္တက မွန်းရဲ့အနောက်မှ သူမ မလုံမလဲဖြစ်နေသောအရာကို သူ၏ခန္ဓာကိုယ်ဖြင့် ကွယ်ပေးကာ ဖြေးဖြေးလျောက်လာခဲ့သည်။ မွန်းက တင်ပါးကိုလက်ဖြ င့်ကာထားသည်မို့
"မင်း လက်ကရှေ့ထုတ် ကိုယ်ကွယ်ပေးထားတယ်မသိသာဘူး "
မွန်းကသူ့ကိုတစ်ချက်လှည့်ကြည့်အခါ
"ကိုယ့် ကောင်မလေးကို အရှက်မကွဲစေရပါဘူး မျက်နှာကြီးက အဲ့လိုမနေနဲ့ ပြုံးထား"
အလင်းတို့က ကား၄စီးနှင့် တောလမ်းပေါ်မှာ အဆင်သင့်စောင့်နေကြသည်။ သခင်လေးရဲ့ကားကို မောင်းပေးဖို့ စောင့်နေသည့်အလင်းအား အတ္တမှ မေးဆက်၍ သွားဟူသည့်သဘော
"ဗျာ!"
"ငါ့ဟာငါ မောင်းမယ် အနောက်ကားနဲ့လိုက်"
"ဟုတ်ကဲ့"
သူမအား အရင်၀င်စေပြီးမှ အတ္တကကားပေါ်တက်လာသည်။ အတ္တကကားထဲ ရောက်လျှင် ရောက်ချင်း
သူ့ရဲ့သွေးစွန်းနေတဲ့ ရှပ်အင်္ကျီကိုကြယ်သီးတွေဖြုတ်လိုက်သဖြင့်
"ဟင်!! ကို ဘာလုပ်မလို့လဲ"
ကားအနောက်ခန်းထဲကသူမက မျက်လုံးပြူးမျက်ဆံပြူးနဲ့မေးသည့်အခါ
"အင်္ကျီလဲမလို့ ပေးအဲ့ဒီနားက အင်္ကျီ"
မွန်းရဲ့ ဘေးကို ကြည့်လိုက်သည့်အခါ ရှပ်အဖြူကိုတွေ့သဖြင့် ကောက်ပေးလိုက်သည့်အခါ အတ္တ ဆွဲယူ၀တ်ဆင်ပြီး
"မင်း လည်း လဲထား ကျန်တဲ့ကိစ္စ လေဆိပ်ရောက်မှ လုပ် "
"ဘယ်လိုလုပ်လဲမှာလဲ ကားထဲမှာ"
"ကားမှန်တွေကအနက်တွေလေ တင်ပေးထားတယ် ဘာမှမမြင်ရဘူး"
"ရှင်ကရော?"
"ကိုယ့်ကိုရော ရှက်သေးတာလား"
အတ္တက အနောက်လှည့်မေးလိုက်လျှင်
"ရှင်လည်းယောက်ျားပဲ"
"ကိုယ်က ကားမောင်းနေတာ မင်းကိုလှည့်မကြည့်အားဘူး"
မွန်းက ဘေးနားမှ အနက်ရောင်ဘောင်းဘီရှည်နှင့် တီရှပ်အဖြူလေးကို ကြည့်လိုက် သူ့ကိုကြည့်လိုက်နှင့်။
"လုံး၀ အနောက်လှည့်မကြည့်နဲ့နော်"
"စိတ်ချလက်ချလဲ မဟုတ်လည်း မြင်ပြီးနေပြီ"
"ဘာ..ရှင့် ကိုနော်"
အတ္တလည်း ရယ်ရင်း ခေါင်းညိတ်ကာ
"အိုခေ အိုခေ...မကြည့်ဘူး"
မွန်းသည် ဘေးက ဘောင်းဘီကို ကောက်ယူကာ ဂါ၀န်မချွတ်သေးပဲ အောက်မှ လျှို၀တ်လိုက်သည်။
"ဟူး"
အင်္ကျီလဲဖို့ သူမအတွက်အနည်းငယ်ခက်ခဲနေကာ ဂါ၀န်ဇစ်ကို မမှီမကန်းဆွဲဖြုတ်လိုက်ပြီး သူ့ကိုအရိပ်အကဲကြည့်လိုက်တော့ ရှေ့တည့်တည့်သာကြည့်နေသောကြောင့် ဂါ၀န်ကို ဘေးသို့ပုံချလိုက်ကာ တီရှပ်လေးစွပ်လိုက်ရာလက်ထိုးရုံရှိသေး နောက်ကြည့်မှန်ကနေမြင်နေရသည့် သူ့မျက်လုံးတွေ။
"ဟာ....ရှင် ရှင် ညစ်ပတ်တယ် "
အင်္ကျီကို အတင်းဆွဲချပြီး အော်လိုက်တော့
"မမြင်ရဘူး အတည် အတည်မမြင်ရဘူး"
ပြုံးစိစိနဲ့ဗြောင်ငြင်းနေသဖြင့်
"မှန်ထဲကနေတည့်တည့်ပြီးကြည့်နေပြီး ဘာမမြင်ရဘူးလဲ "
"Baby ကလည်း မြင်တော့ဘာလို့လဲ ၂ခါလောက်မြင်ဖူးခဲ့ပြီးပြီကို"
"ဟ..ကို...ရှင် တကယ်ပဲ အမြင်ကပ်လိုက်တာ နှာဘူးကြီး"
"ဟော်ဗျာ ကိုယ့် ကောင်မလေးပဲကို ဘာဖြစ်လဲ"
တစ်လှမ်းလုံးစကားမပြောတော့တဲ့သူမကို နောက်ကြည့်မှန်ထဲကနေ အရိပ်တကြည့်ကြည့်နှင့်သာ။ လေဆိပ်မှာ ကားရပ်ပြီး ပထမဆုံး ပို့ပေးရသည်က သူမကို Toiletရှိရာသို့ ဖြစ်သည်။
"ကိုယ် ဟိုနားမှာရှိမယ် ပြီးရင် ထွက်လာခဲ့"
"အင်း!!"
အလင်းနှင့်အဖွဲ့သားများကသခင်လေးအားကြည့်ကာ ပြုံးစိပြုံးစိ လုပ်နေကြတော့သည်။
မုန်းပါတယ် မုန်းပါတယ်နှင့် အတ္တကြီးလွန်းပြီး သူများအတွက် ဘာမှဂရုမစိုက်တတ်သောသူက သူ့ကောင်မလေးကိုကျ Toiletရှေ့ထိလိုက်ပို့တယ်တဲ့လား။
အတ္တလည်း အ၀တ်အစားကိုအသပ်ရပ်ဆုံးပြင်၀တ်ကာ သူမကိုစောင့်နေ၏။ လေယာဉ်ပေါ်တက်ရန်သတိပေးနေပြီဖြစ်ရာ သူမက အခုထိ ထွက်မလာ။
"ကျစ် ဘာလုပ်နေပြန်တာလဲ"
အတ္တက Toiletနားပြန်သွားခါမှခေါင်းငိုက်စိုက်နဲ့ထွက်လာတဲ့သူမ
"အမလေး"
"ကြာလိုက်တာ Babyရာ မြန်မြန်လာ အရေးကြီးနေပါတယ်ဆို"
Advertisement
အတ္တသူမလက်ကို ဆွဲကာအလင်းတို့အား လေယာဉ်ပေါ်တက်ရန် မျက်စပစ် အချက်ပေးလိုက်ပြီး သူမနှင့် ခက်သွက်သွက် တက်သွားလိုက်သည်။
"ဖြစ်ရဲ့လား မင်းကလေယာဉ်မူးတတ်တယ်"
အတ္တက သူ ကို ပုခုံးပေါ်မှာ မှီစေကာ
"ဘာမှမကြောက်နဲ့ အိပ်နေလိုက် "
မွန်းသည် မျက်လုံးမှိတ်ထားပြီး သူ့ပုခုံးကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားလိုက်တော့သည်။
အတ္တလည်း မနေ့ညက သူမကိုစိတ်မချလို့ အိပ်မပျော်သည်နှင့် ၁၅နာရီလောက်ပြန်စီးရမယ့်လေကြောင်းခရီးစဥ်မှာ နှစ်ခြိုက်စွာ အိပ်ပျော်သွားသည်။ ဒီကြားထဲ လေယာဥ်ပေါ်မှာပဲ တစ်နေကုန်သွား၍ လေယာဉ်ဆိုက်တာတောင် မသိလိုက်။
"ကို... ကို!"
"ဟင်! sorry ကိုယ်အိပ်ပျော်သွားတာ"
သူမနှိုးလိုက်သည်မို့ အတ္တက နိုးသွားပြီး သူမကိုတွဲခေါ်ထစေ၍ဆင်းလာခဲ့ရာ ဘယ်အချိန်ကဆင်းသွားမှန်းမသိတဲ့ အလင်းတို့က ကားနှင့်အသင့်။
အတ္တက လေယာဉ်လှေကားမှ မဲ့ပြုံးတစ်ပွင့်ခြွေချလိုက်ပြီး လုပ်ကြံသော ပြိုင်ဘက်တွေကိုစိတ်ထဲကနေကြုံးဝါးလိုက်သည်။
============================
အိမ်သို့ပြန်ရောက်ပြီးကာမှ သူနဲ့မွန်း သိပ်မတွေ့ဖြစ်ကြပြန်။ သူက အရမ်းအလုပ်ရှုပ်နေပြီးမနက်ဆိုရင် မွန်းမနိုးခင် ထွက်ထွက်သွား၍ ညနေ ထမင်းစားချိန်လေးခဏသာတွေ့ရသည် ။
အခုဆိုမနေ့ ကတည်းကသွားတာ ညတောင်ပြန်မလာသဖြင့် ပြောရမယ်ဆို ရင်ထဲမှာ တစ်မျိုးကြီး သူ့ရဲ့နွေးထွေးမှုအချို့လိုအပ်နေသည်။ ပြီးတော့ တစ်ခုသတိထားမိတာက သူသည် ဒီပြန်ရောက်မှ စီးကရက်တွေအရမ်းပြန်သောက်လာသည် ။
ရွှီး.....
ပြောရင်းဆိုရင်း ကားဘရိတ်အုပ်သံကြောင့်
အတွေးနယ်လွန်နေသောသူမ
"ကို ပြန်လာပြီ!"
၀မ်းသာအားရအိမ်အောက်သို့ပြေးဆင်းလာကာ တံခါးကနေဝင်လာသော သူ့ရင်ခွင်ထဲတိုး၀င်လိုက်ရာ ကားထဲမှ ထွက် ထွက် လာခြင်း သူ့ရင်ထဲ အင့်ခနဲတိုးလာသည့် သူမကြောင့် အသည်းထဲအထိ နွေးသွားရသည်။
ကျောလေးကိုဖွဖွလေးပုတ်ပေးကာ
"Baby ခဏ လွှတ်ဦး ကိုယ် အလုပ်ရှိသေးတယ်"
"ဟင်!!"
မွန်းရဲဘ ရင်ထဲမှာ ဟာ တာတာကြီးဖြစ်သွားရသည်။
ဘယ်လိုကြီးလဲ ကိုရယ်
အလွမ်းပြေအောင်တောင် အဖက်မခံတော့ဘူးလား။
အပစ်ထားခံရသလိုတွေးနေမိတုန်းမှာ သူ့ဘက်ကဒီလိုထပ်ပြောလာတော့ မျက်ရည်ကချက်ချင်းဝဲဝေ့လာပြီး ဖြေးဖြေးလေးလွှတ်ပေးလိုက်သည် ။
မွန်းက လကြိုတာကို ကို့ ဘက်ကတုန့်ပြန်မှုက ဒီလိုပဲလား။
အတ္တက အိမ်ပေါ်သို့ ပြေးတက်သွားပြီး ဖိုင်တစ်ခုယူကာ ပြန်ဆင်းလာသည်။ တစ်ဖက်လက်က စီးကရက်ကိုညှပ်ထားကာ လှေကားမှာ တစ်ချက်ရှိုက်လိုက်ပြီး
အငွေ့တွေပြန်ထုတ်၍ ကားဆီသို့တန်းနေအောင်လျောက်မည့်ခြေလှမ်းတွေက ငိုတော့မဲ့ သူမ မျက်နှာလေးကြောင့် ပြန်ကွေ့ပြီး တံခါးမှာ မှီထားသည့် သူမ ကို လည်ပင်းမှဆွဲကာ နှုတ်ခမ်းတို့ကို စုပ်ယူပစ်လိုက်သည်။
အလွမ်းရှိန်ကြောင့်လားမသိ။ သူမဟာ သူ့ရဲ့ ကုတ်အင်္ကျီစကိုဆွဲထားပါသော်လည်း သူ့အနမ်းကအရင်မဟုတ်တာ မွန်းသိပါသည် ။
"Baby စောစောအိပ်နော် ကိုယ်နောက်ကျမယ်"
ဆေးလိပ်တိုကို ခြေထောက်နှင့်နင်းခြေရင်းပြောသွားသည် ။ မွန်းက သူ့ရဲ့ ကုတ်အင်္ကျီအစလေးကို မျက်ရည်စအချို့နဲ့ လွှတ်ပေးလိုက်ရ၏ ။
ဒီလောက်ပဲလား
ဒီလောက်ပဲလား ကို။
၂ရက်မတွေ့ရတာကို ကိုကမွန်းကို လွမ်းမနေဘူးလား
'စောစောအိပ်´ အပြင်တခြားစကားမျိုးပြောစရာမရှိတော့ဘူးလား။
ကို ဒီပြန်ရောက်ကတည်းက မွန်း အပေါ်မှာမနွေးထွေးတော့ဘူး။
ကို မွန်းကိုမချစ်တော့ဘူးလားလို့ မေးရအောင်လည်း အစကတည်းက သူက မွန်းကိုချစ်တယ်လို့ ပြောခဲ့တာမှမဟုတ်တာ။
မွန်းကသာ.........
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(32)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(31)
ခံစားမႈတစ္ခုက အရင္လိုႏူးညံျခင္းမရွိ မာဆက္ဆက္ျဖစ္ေနသည္။ ေျမသင္းနံ႕ခပ္သင္းသင္းနဲ႕အတူ ခ်မ္းသလိုလိုရွိေပမဲ့ဖက္ထားေပးတဲ့ရင္ခြင္က်ယ္ႀကီးတစ္ခုက အကာအကြယ္ေပးေနသည္။
မပြင့္တပြင့္မ်က္လုံးထဲမွာ ထူးထူးျခားျခား သစ္ပင္ေတြျမင္ေနရသျဖင့္ဖ်က္ကနဲပြင့္လာလိုက္ရာ
မြန္းအိပ္ေနတာ ေျမႀကီးေပၚမွာ။ ဆက္ကနဲ ထထိုင္လိုက္သည့္အခါ ေဘးတြင္ ႏွဖူးေပၚလက္တင္ၿပီး ေမွးမွိတ္ထားေသးမ်က္၀န္းမ်ားႏွင့္သူကေအးေဆးစြာရွိေနသည္။
"ကို!"
"Baby နိုးေနၿပီလား"
သူက ေျဖးေျဖးခ်င္းထထိုင္လိုက္ကာ သူမအတြက္ တစ္ညလုံးေခါင္းအုံးလုပ္ေပးထားတဲ့လက္ေမာင္းတစ္ဖက္ကို အေၾကာေလ်ာ့ရင္း ျမႇောက္ကာဆန့္ထုတ္လိုက္သည္။
"မြန္းတို႔ကို ဘယ္ေတာ့လာေခၚမွာလဲ"
အတၱက သူမပါးျပင္ေလးအားပြတ္သပ္ရင္း
"အလင္းက ေနာက္၁နာရီေလာက္ဆိုရင္ Parisၿမိဳ႕ထဲေရာက္ေလာက္ၿပီ ခဏေနရင္ေလယာဥ္ဆိုက္ေတာ့မွာ သူ မၾကာခင္ ကိုယ္တို႔ကိုရွာေတြ႕မွာပါ"
အတၱက ေဘာင္းဘီအိတ္ထဲက ဖုန္းကို ထုတ္ယူၾကည့္လိုက္ၿပီး
"၈နာရီ ထိုးၿပီ "
ဖုန္းအားကလည္း 23%သာရွိသည္မို႔ မေန႕ညက ဓာတ္မီးလိုတာေတာင္ထုတ္မသုံးခဲ့ဘူး ဒီဖုန္းမရွိရင္ အလင္းကသူတို႔ကိုရွာေတြ႕မည္မဟုတ္ပါ။ ဖုန္းကိုအိတ္ေထာင္ထဲျပန္ထည့္လိုက္ၿပီး မြန္းကိုၾကည့္လိုက္ရာ ဝတ္ထားေသာဂါဝန္က ရင္တစ္ပိုင္းျဖတ္ျဖစ္သျဖင့္ ပခုံးသားေလးေတြ လည္ပင္းေတြမွာ ျမက္ေျခာက္ေတြကပ္ၿငိေနသည္ကို အတၱက ၿပဳံးၾကည့္ၿပီး အနားတိုးလာကာ ထိုျမက္ေျခာက္ဖက္ေတြအား အသာေလးဖယ္ေပးသည့္အခါ သူ႕ရဲ႕၀င္ေလထြက္ေလေတြက မြန္းရဲ႕လည္ပင္းနားမွာ တဝဲလည္လည္။
"က ကု ကို.."
"ဟင္!"
ရင္ခုန္လာလို႔ ပခုံးေလးတြန့္ကာ သူ႕ကိုသတိေပးသလို ေခၚလိုက္ေပမဲ့သူထူးလိုက္သည့္ အသံေၾကာင့္ ပို၍ပင္ ရင္ခုန္သံ ေျဗာင္းဆန္ကုန္သည္။
"ၿငိမ္ ၿငိမ္ ေန ေလကြာ ဒီမွာ အမွိုက္ေတြဖယ္ေပးေနတာကို"
မြန္းသည္ ကိုယ့္ဟာကိုယ္ ခပ္ျမန္ျမန္ ခါခ်လိဳက္ၿပီး အတၱအနားကေန တင္ပါးေလးအနည္းငယ္ေ႐ြ႕ထိုင္လိုက္သည္။
"ရၿပီ "
"ဘယ္လိုျဖစ္တာလဲ အနားကို အကပ္မခံဘူး"
အတၱမွ တစ္ဖက္သို႔တိုးကပ္သြားသူမကို
မ်က္ေမွာင္ကုတ္ကာ ၾကည့္လိုက္သည့္အခါ
"ဘာ ဘာျဖစ္လို႔လဲ"
သူမရဲ႕ မ်က္ႏွာကလည္း မအီမသာႏွင့္ တစ္ခုခုျဖစ္ေနပုံရသည္။
"ကိုယ္ သိတယ္ မင္း တစ္ခုခုပဲ ကိုယ့္ အနားျပန္ လာခဲ့"
သူကပဲေျပာ သူကပဲမြန္းအနားဆီသို႔တင္ပါးေလးေ႐ႊ႕လာသည့္အခါ သူမက တစ္ဖက္သို႔ထပ္တိုးသြားျပန္သည္။
"ဗိုက္ ဗိုက္နာ ေနလို႔ပါ"
မြန္းက ဗိုက္ကေလးကိုအနည္းငယ္ဖိၿပီးေျပာလာေတာ့
"Toilet သြားခ်င္လို႔လား ခဏ ကိုယ္ရွာေပးမယ္"
အတၱက မတ္တပ္ထရပ္ၿပီးေဘာင္းဘီခါကာ သူမကိစၥရွင္းလို႔ေနရာမ်ိဳးကို ရွာသည္။
မြန္းမွာ မ်က္ႏွာေလးပိုမို ရႈံ႕သြားကာ
"မ မဟုတ္ဘူး မသြားခ်င္ဘူး"
ထိုင္ေနသည့္သူမကို ျပန္ငုံ႕ၾကည့္ၿပီး
"ဟင္ အဲ့တာဆိုဘာျဖစ္တာလဲ ဪ ဗိုက္ဆာတာလား?"
အတၱသည္ သူပဲေမး သူပဲအေျဖရွာၿပီး
သူမလက္ကို ေကာက္ကိုင္လိုက္ကာ
"လာ ကိုယ္ စားစရာရွာေပးမယ္ ပစ္ထားခဲ့လို႔ဆိုၿပီး အာၿဗဲႀကီးနဲ႕ေအာ္မငိုနဲ႕ လိုက္ခဲ့"
သူမလက္ကို သူ႕ဆီကေနျပန္႐ုန္းလိုက္၍
"ဟာ...ကို မဟုတ္ပါဘူးဆို ထိုင္ေနပါ ေအးေအးေဆးေဆး"
သူမေျပာတဲ့ပုံစံမွာ ကိုယ့္ကိုပဲစိတ္တိုေနတဲ့ပုံစံနဲ႕ ဘာကိုအလိုမက်ေနတာလဲ။ အတၱသည္ သူမေဘးမွာ ငုပ္တုပ္ျပန္ထိုင္ၿပီးေမးသည္။
"အဲ့တာဆို ဘာျဖစ္တာလဲ ေျပာေလ "
"က်စ္... မြန္း မေသပါဘူး ဒီတိုင္းေနပါ အလင္း သာျမန္ျမန္လာေခၚပါေစ "
"Baby ပြင့္ ပြင့္ လင္းလင္းေျပာကြာ
ကိုယ့္ကိုစိတ္ပူေအာင္ မလုပ္နဲ႕ မဟုတ္ရင္ ဒီမွာ ႐ူးေတာ့မယ္"
"မြန္း မေျပာခ်င္ဘူး ဘာမွ မျဖစ္ဘူးလို႔"
ဗိုက္ကေလးကိုႏွိပ္ကာ မအီမသာ မ်က္ႏွာေလးေၾကာင့္ အတၱသည္ ဘယ္လိုမွမခံသာ။ ဆံပင္ေတြကိုလက္ႏွင့္ထိုးဖြကာ
"က်စ္....ကြာ...!"
ဘာျဖစ္ေနတာလဲမေျပာျပတဲ့ သူမကို အားမလိုအားမရျဖစ္ကာ သူမထိုင္ေနတဲ့ အနားပိုကပ္လာသျဖင့္ မြန္းသည္ မရိုးမ႐ြ ျဖစ္ကာ ေနာက္ယို႔သြားသည္။ အတၱသည္ သူမနဲ႕အတူပတ္ဝန္က်င္ကို ေသခ်ာစိုက္ၾကည့္ရင္း သူမထိုင္ေနတဲ့ ျမက္ေျခာက္ဝါဝါေတြက နီေနသည္။
မ်က္ေမွာင္ကုတ္က်သြားကာ သူမအေနာက္သို႔ ေသခ်ာလာၾကည့္ေနေသာအတၱေၾကာင့္ မြန္းမွာ မလုံ မလဲ ျဖစ္ၿပီး မတ္တပ္ထရပ္လိုက္သည္။ အတၱသည္ သူမ ခႏၶာကိုယ္ကို ခါးမွ ဆြဲလွည့္လိုက္ရာ ဂါ၀န္က အနက္မို႔ သိပ္မေပၚလြင္ေပမဲ့ တင္ပါးေနရာမွာ စိုေနတဲ့ အနီေရာင္အကြက္ကိုျမင္လိုက္ရၿပီး
"Baby မင္း ေသြး ... ဟာ ...ရာသီလာေနတာလား!"
သူက ေမာ့ၾကည့္၍ ေမးလာေတာ့ မြန္းမွာ မ်က္ႏွာပူလြန္းလို႔ ထိုေနရာကို လက္ႏွင့္အုပ္ကာ သူ႕နဲ႕ကြယ္သြားေအာင္ေရွ႕သို႔လွည့္လာသည္။ ေအာက္ႏႈတ္ခမ္းေလးကိုက္ကာ သူ႕ကို မေက်နပ္သလိုၾကည့္လိုက္သည္မို႔
"ေဆာ...ေဆာရီး..! အဟင္း ကိုယ္ ...."
သူမွားတာမို႔ ရွက္သြားသည့္သူမကို ေတာင္းပန္လွ်င္
"ေတာ္ၿပီ မေျပာနဲ႕ အဲ့တာေၾကာင့္ ေအးေဆးေနပါဆို ဘာမွန္းကိုမသိဘူး"
"Baby ကလည္း မင္းက ဘာမွမေျပာဘဲ ကိုယ့္ကိုပါစိတ္တိုေနေတာ့ စိတ္ပူတာေပါ့ ဒါကရွက္စရာမဟုတ္ပါဘူး လာကိုယ့္အနားမွာျပန္ထိုင္!"
ဒါေပမဲ့ သူမဟာ စကားနားမေထာင္ဘဲ သူနဲ႕ခပ္ေဝးေဝး သြားထိုင္လွ်င္ အတၱက ေနာက္ကေန လိုက္တိုးကပ္လာသျဖင့္
"ရွင္ ဘာလို႔လိုက္ကပ္ေနတာလဲ ေတာက္တဲ့ က်ေနတာပဲ"
"ဘာလို႔ အဲ့သေလာက္နင္လႊတ္ေနတာလဲ
ဘာမွမလုပ္ပါဘူး ျဖစ္ခ်င္ရင္ မေန႕ကတည္းက ၿပီးၿပီ ေၾကာက္ေနတာသနားလို႔လႊတ္ေပးလိုက္တာ"
"ဟာ....ကို! အဲ့တာေၾကာင့္ သြားလို႔"
"ေဟာ္ဗ်ာ ဘယ္သြားရမွာလဲ ၿပီးရင္ ေအာ္ငိုဦးမယ္ အနားကပ္ထိုင္႐ုံေလာက္က ဘာမွမျဖစ္ပါဘူး "
"ႏွာဘူး!!"
"အင္း... ေယာက္်ားပဲေလ "
"ဟြန့္ ...ရွင္ကိုက သည္း လြန္းပါတယ္
မြန္းဆိုရင္ နမ္းဖို႔ေလာက္ေတြးေနတာ"
"ဘာလို႔ မင္းက ဆြဲေဆာင္ထားလဲ "
သူမနဲ႕စကားနိုင္လုေနတုန္းမွာ ေဘာင္းဘီထဲကဖုန္းက ႐ုတ္တရက္ တုန္ခါလာသည္မို႔ အတၱက ထုတ္ၾကည့္လွ်င္ အလင္းပင္ျဖစ္သည္။
"အင္း မင္းတို႔ ရွာေတြ႕လား"
"ကားကိုေတြ႕ပါၿပီသခင္ေလး"
"ေအး ငါတို႔က ေတာထဲမွာ "
"ဟုတ္ကဲ့ ကြၽန္ေတာ္တို႔လာေနပါၿပီ "
"ဖုန္းမခ်ေတာ့ဘူး ဘယ္နားေရာက္ေနလဲသိေအာင္"
"ကြၽန္ေတာ္တို႔ ေက်ာက္တုံး အႀကီးႀကီး နားမွာပါ"
"သိပ္မလိုေတာ့ဘူး ဘယ္ဘက္ကိုေကြ႕ခဲ့ တဲစုတ္ထဲမွာ"
"ဟုတ္ကဲ့"
အလင္းတို႔ ဘယ္ဘက္သို႔ေကြ႕လာခဲ့ၿပီး ၁၀မိနစ္ေလာက္ေလ်ာက္ခဲ့လွ်င္
"ဟယ္လို အလင္း ငါမင္းကိုေတြ႕ေနရတယ္ "
"ဟုတ္ကဲ့ ကြၽန္ေတာ္ေတြ႕ပါၿပီ"
ဖုန္းခ်လိဳက္ၿပီး အလင္းႏွင့္ လူ၃ေယာက္ေလာက္ေျပးလာၾကသည္။
"သခင္ေလး အဆင္ေျပရဲ႕လား"
အတၱ ေခါင္းညိတ္ၿပီး
"ဘယ္ ေခြးေကာင္ လက္ခ်က္လဲ ဒါက!"
"ေဒးဗစ္!"
"ဟက္ ဘာလဲ သူသားအတြက္လား "
ေဂ်ာ္နီ႕အေဖ လက္ခ်က္ေပမို႔ အတၱပို၍ေဒါသထြက္လာသည္ ။
"ေဂ်ာ္နီ ၿငိမ္ေနတယ္ သခင္ေလး "
"ေနာက္မွရွင္းမယ္ အိမ္ျပန္ဖို႔ အရင္စီစဥ္
ေလယာဥ္လက္မွတ္ကရလား"
"ကြၽန္ေတာ္စီစဥ္ထားပါတယ္ ဟိုတယ္ကပစၥည္းေတြသြားယူၿပီး မင္းလူကို ေလဆိပ္မွာေစာင့္ခိုင္းထားတယ္ "
ဟုအလင္းကအဆင္သင့္ျဖစ္ေနေၾကာင္းေျပာတဲ့အခါမွာ
"မယူလည္းရရဲ႕သားနဲ႕"
"အေရးႀကီးတဲ့ပစၥည္းေတြပါေနမွာဆိုးလို႔ပါ "
"အရင္ဆုံး ဒီကထြက္မယ္"
အတၱသည္ သူမကိုဆြဲထူကာ အေနာက္မွပုခုံးကိုကိုင္ၿပီးတည့္တည့္ရပ္လိုက္သည္။ အၿမဲတမ္းသခင္ေလး၏ အေနာက္ကပဲလိုက္ရသည္မို႔ အလင္းတို႔က ရပ္ေနၾကေသးသည္။
"မင္းတို႔ေရွ႕ကသြား"
အတၱ စကားေၾကာင့္
"ဗ်ာ"
"ေရွ႕ကသြား "
အလင္းတို႔ လွည့္ၾကည့္ လွည့္ၾကည့္ႏွင့္ အေရွ႕ကထြက္သြားသည့္အခါ အတၱက မြန္းရဲ႕အေနာက္မွ သူမ မလုံမလဲျဖစ္ေနေသာအရာကို သူ၏ခႏၶာကိုယ္ျဖင့္ ကြယ္ေပးကာ ေျဖးေျဖးေလ်ာက္လာခဲ့သည္။ မြန္းက တင္ပါးကိုလက္ျဖ င့္ကာထားသည္မို႔
"မင္း လက္ကေရွ႕ထုတ္ ကိုယ္ကြယ္ေပးထားတယ္မသိသာဘူး "
မြန္းကသူ႕ကိုတစ္ခ်က္လွည့္ၾကည့္အခါ
"ကိုယ့္ ေကာင္မေလးကို အရွက္မကြဲေစရပါဘူး မ်က္ႏွာႀကီးက အဲ့လိုမေနနဲ႕ ၿပဳံးထား"
အလင္းတို႔က ကား၄စီးႏွင့္ ေတာလမ္းေပၚမွာ အဆင္သင့္ေစာင့္ေနၾကသည္။ သခင္ေလးရဲ႕ကားကို ေမာင္းေပးဖို႔ ေစာင့္ေနသည့္အလင္းအား အတၱမွ ေမးဆက္၍ သြားဟူသည့္သေဘာ
"ဗ်ာ!"
"ငါ့ဟာငါ ေမာင္းမယ္ အေနာက္ကားနဲ႕လိုက္"
"ဟုတ္ကဲ့"
သူမအား အရင္၀င္ေစၿပီးမွ အတၱကကားေပၚတက္လာသည္။ အတၱကကားထဲ ေရာက္လွ်င္ ေရာက္ခ်င္း
သူ႕ရဲ႕ေသြးစြန္းေနတဲ့ ရွပ္အကၤ်ီကိုၾကယ္သီးေတြျဖဳတ္လိုက္သျဖင့္
"ဟင္!! ကို ဘာလုပ္မလို႔လဲ"
ကားအေနာက္ခန္းထဲကသူမက မ်က္လုံးျပဴးမ်က္ဆံျပဴးနဲ႕ေမးသည့္အခါ
"အကၤ်ီလဲမလို႔ ေပးအဲ့ဒီနားက အကၤ်ီ"
မြန္းရဲ႕ ေဘးကို ၾကည့္လိုက္သည့္အခါ ရွပ္အျဖဴကိုေတြ႕သျဖင့္ ေကာက္ေပးလိုက္သည့္အခါ အတၱ ဆြဲယူ၀တ္ဆင္ၿပီး
"မင္း လည္း လဲထား က်န္တဲ့ကိစၥ ေလဆိပ္ေရာက္မွ လုပ္ "
"ဘယ္လိုလုပ္လဲမွာလဲ ကားထဲမွာ"
"ကားမွန္ေတြကအနက္ေတြေလ တင္ေပးထားတယ္ ဘာမွမျမင္ရဘူး"
"ရွင္ကေရာ?"
"ကိုယ့္ကိုေရာ ရွက္ေသးတာလား"
အတၱက အေနာက္လွည့္ေမးလိုက္လွ်င္
"ရွင္လည္းေယာက္်ားပဲ"
"ကိုယ္က ကားေမာင္းေနတာ မင္းကိုလွည့္မၾကည့္အားဘူး"
မြန္းက ေဘးနားမွ အနက္ေရာင္ေဘာင္းဘီရွည္ႏွင့္ တီရွပ္အျဖဴေလးကို ၾကည့္လိုက္ သူ႕ကိုၾကည့္လိုက္ႏွင့္။
"လုံး၀ အေနာက္လွည့္မၾကည့္နဲ႕ေနာ္"
"စိတ္ခ်လက္ခ်လဲ မဟုတ္လည္း ျမင္ၿပီးေနၿပီ"
"ဘာ..ရွင့္ ကိုေနာ္"
အတၱလည္း ရယ္ရင္း ေခါင္းညိတ္ကာ
"အိုေခ အိုေခ...မၾကည့္ဘူး"
မြန္းသည္ ေဘးက ေဘာင္းဘီကို ေကာက္ယူကာ ဂါ၀န္မခြၽတ္ေသးပဲ ေအာက္မွ လွ်ို၀တ္လိုက္သည္။
"ဟူး"
အကၤ်ီလဲဖို႔ သူမအတြက္အနည္းငယ္ခက္ခဲေနကာ ဂါ၀န္ဇစ္ကို မမွီမကန္းဆြဲျဖဳတ္လိုက္ၿပီး သူ႕ကိုအရိပ္အကဲၾကည့္လိုက္ေတာ့ ေရွ႕တည့္တည့္သာၾကည့္ေနေသာေၾကာင့္ ဂါ၀န္ကို ေဘးသို႔ပုံခ်လိဳက္ကာ တီရွပ္ေလးစြပ္လိုက္ရာလက္ထိုး႐ုံရွိေသး ေနာက္ၾကည့္မွန္ကေနျမင္ေနရသည့္ သူ႕မ်က္လုံးေတြ။
"ဟာ....ရွင္ ရွင္ ညစ္ပတ္တယ္ "
အကၤ်ီကို အတင္းဆြဲခ်ၿပီး ေအာ္လိုက္ေတာ့
Advertisement
- In Serial41 Chapters
Neko Yandere X Reader
You're new to a school. Not very popular and bad relationship with your parents. You bump into a new face. Will you remain strangers? Will you find out a hidden secret to this stranger?
8 182 - In Serial10 Chapters
I Want You to Remember Me
A simple romantic tale of a... girl meeting a... boy. Trust and love both take time to grow, but growing together is also a lot of fun. A handful of disclaimers and claims: First, this is fan fiction, set in the “Amaranthine Saga” universe written by Forthright. The story and characters, on the other hand, are wholly my own (fault). I highly encourage you to read the stories from the “Amaranthine Saga” before reading this; the latter half of this story will make a whole lot more sense if you do. Second, this is a relatively short and stand-alone story. The completed story should clock in around 10,000 words, so please do not expect a novel, let alone a series. Third, while this is a romantic story, I’ve never been a fan of the usual romance “misunderstanding” tropes. Think of this as more of a romantic slice-of-life story than an action or traditional romance story. Finally, thank you for reading. :)
8 331 - In Serial13 Chapters
Imperfect Remnants
A book filled of unfinished stories. Some dating back to 2017. Others coming into now. Some coming from the future.
8 65 - In Serial17 Chapters
A degree of Fancy
I was born into the perfect family. Were wealth, glory, and power were handed to me on a golden platter. Were pretend could become reality. After my mother disappeared my perfect 8-year old life start deteriorating. My father remarried this uncanny woman with a strange daughter. Just as I thought this could get weirder, I have a quirk.
8 195 - In Serial51 Chapters
SANDHIR DARK FF : HIS INNOCENT WIFE (✔️)
Randhir Singh Shekhawat, an embodiment of a play.Sanyukta Agarwal, an epitome of innocence.Poles apart right? But what will happen when destiny will bring them together? What will happen when Randhir will be forced to abandon his bachelorhood and get married to Sanyukta? What will happen when He will use her innocence for his own benefit? What will happen when his own karma will hit him in the most unexpected way? Will he ever realize the worth of Sanyukta's love in his life? Will she ever be able to recognize his true colors?Let's join the Hot-Shot Billonaire Randhir and sweet-innocent Sanyukta in their journey, a journey of one sided love, faith, heart breaks and redemption.AUTHOR NOTE: Though it is a fanfiction, but the story and characters role has no association with the Show. Those who haven't seen the show may also read it, as a romance genre.
8 188 - In Serial8 Chapters
New Rules
They say that revenge is a dish best served cold. That is exactly what Neha Sharma wants. And Neha she wants...she always gets.
8 90

