《အတ္တလွန်အချစ် (OC) Completed》Part (25) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(25)
ဒေါက် ဒေါက်
"သမီး မွန်း မေတင် ၀င်ခဲ့မယ်နော်"
မေတင်က ကြက်စွတ်ပြုတ်ပူပူကလေးထည့်ထားသော ပန်းကန်အုပ်ကလေးနှင့်အတူအခန်းထဲဝင်လာခဲ့သည်။
"ဟယ် မွန်းလေး ငိုနေပြန်ပြီလား"
မွန်း ထထိုင်လိုက်ပြီး
"မေတင် မွန်း သူ့ကိုကြောက်တယ်"
မေတင်က မွန်းကို ပွေ့ဖက်ထားပြီး
"တိတ်ပါ မွန်းရယ် သခင်လေးက သူချစ်တာကိုမပြောပြတတ်တာပါ"
"ဟင့်အင်း သူမွန်းကိုမချစ်ပါဘူး သူမွန်းကိုနှိပ်စက်နေတာ မွန်းသိတာပေါ့"
"သခင်လေးက မွန်းကို ဂရုစိုက်ပေးပါတယ်ကွယ် သူကစိတ်တိုတတ်တာ ပြီးတော့အမြဲတမ်း အေးစက် ရက်စက်လာခဲ့သူဆိုတော့ အသားမကျသေးတာပါကွယ်"
"သူက သူ့အသားကိုသူလည်းနာအောင်လုပ်ထားတယ် မွန်းအပေါ်ကိုလည်း နာကျင်အောင်ဆက်ဆံတယ်"
"မနေ့က သခင်လေးနဲ့ သမီးနဲ့ ဘာတွေဖြစ်ခဲ့ကြလဲဆိုတာမသိပေမဲ့ သခင်လေး သူ့ကိုယ်သူ အရမ်းဒေါသတွေဖြစ်ပြီး မှန်ကြီးကိုလက်သီးတွေနဲ့ပစ်ထိုးတော့တာပဲ မွန်းရယ် မေတင် တောင်တားမရဘူး"
ဒေါ်မေတင်ဟာ အခုထက်ထိမရှင်းရသေးသော ဗီရိုကြီးရှေ့ကမှန်ကွဲစတွေဆီမျက်လုံးရောက်သွားသည်။
"အဲ့တာပြောတာပေါ့ သူကသိပ်ကြောက်ဖို့ကောင်းပါတယ်ဆို မွန်း သူ့ကိုအရင်ကထက်ပိုကြောက်မိတယ် မေတင်ရယ်"
"တ်ိတ်နော် ဒီမှာ စွပ်ပြုတ်ပူပူလေးသောက်လိုက်ဦး"
ဒေါ်မေတင်ယူလာကတည်းက ကြက်စွပ်ပြုတ်နံ့မွှေးမွှေးလေးက ဗိုက်ကိုပိုမိုဆာလောင်အောင်ဆွဲဆောင်နေခဲ့တာဖြစ်သည်။
ကုတင်ပေါ်သို့ စားပွဲခပ်သေးသေးလေးတင်ပြီး စွပ်ပြုတ်ပူပူလေးကိုတဟူးဟူးမှုတ်သောက်နေတုန်း ဒေါ်မေတင်ဟာ အခန်းအပေါက်ဝကနေ သက်သက်ကိုလှမ်းခေါ်ပြီး ဗီရိုရှေ့ကမှန်ကွဲစတွေရှင်းဖို့ပြောသည်။ သက်သက်ကထိုမှန်ကွဲစတွေကို တံမြက်စည်းနှင့်ဂေါ်ကိုအသုံးပြုကာသိမ်းသွားပြီးနောက် ဒေါ်မေတင်ဟာ အခြားယောက်ျားလေးအစေခံတစ်ယောက်အား ဗီရိုကိုမှန်အသစ်ပြန်တပ်ဖို့ရန်သက်သက်မှတစ်ဆင့်ထပ်ပြီးမှာကြားလိုက်သည်။
မွန်းဟာ ဒေါ်မေတင်နှင့်သက်သက်တို့ အမှိုက်ရှင်းရင်းအလုပ်ရှုပ်နေကြတုန်း စွပ်ပြုတ်တစ်ပန်းကန်ကိုကုန်အောင်သောက်လိုက်၍
"စွပ်ပြုတ်သောက် လိုက်လို့ထင်တယ် ချွေးတွေထွက်လာတယ် မေတင် မွန်းရေချိုးချင်တယ်
"
မွန်းရှေ့က စားပွဲလေးကို ဒေါ်မေတင်ကပြန်သိမ်းရင်း
"ဖြစ်ပါ့မလားသမီးရယ် "
"တကယ် အိုက်လာလို့ပါမေတင် "
"ကဲကဲ မကြာစေနဲ့နော် သခင်လေးပြန်လာရင် ပြောနေလိမ့်မယ်"
"ဟုတ်"
မေတင် အခန်းထဲကထွက်သွားသည်နှင့် မွန်းလည်း တစ်ကိုယ်လုံး နုံးချိနေတာမို့ရေချိုးခန်းထဲ၀င်လိုက်သည် ။ ဂါဝန်ကလေးကိုချွတ်ချပြီး ရေဗန်းကိုဖွင့်လိုက်သည်နှင့် အေးသွားပြီး လူလည်းလန်းဆန်းသွားရသည် ။ ရေထဲမှာ အေးစက်သောအရသာကိုခံစားနေတုန်း မနေ့ကပုံရိပ်အချို့ကမျက်လုံးထဲမှာတရိပ်ရ်ိပ်ပေါ်လာပြန်သဖြင့် မွန်းခေါင်းခါရမ်းပစ်လိုက်ပြီး shampooတွေနှင့်ခေါင်းကို ကုတ်လျော်ပစ်လိုက်တော့သည်။
သူမသည် ရေပြောင်အောင်သုတ်လိုက်ပြီး
ဗီရိုကိုဖွင့်လိုက်ကာ ခရမ်းရောင် ဂါ၀န်တိုလေးအား ထုတ်၀တ်လိုက်၏။ ဒီနေ့ဒီအခန်းထဲက ထွက်ဖို့စိတ်ကူးမရှိတော့တာမို့ တိုလည်းအဆင်ပြေသည်ဟု ယူဆလိုက်သည်။ လက်ဖောင်းဖြစ်၍ ထောင့်ကျတဲ့လည်ပင်းပေါက်ကြောင့် လည်ပင်းရိုးနဲ့ရင်ညွန့်ရိုးတွေကိုမြင်ရသည်။
===========
အ်ိမ်ထဲ၀င်လာသည့်လူရိပ်ကြောင့်
မေတင်ထွက်ကြည့်လျှင်
"ဪ သား မင်းကို လာလေ သခင်လေးကအပြင်သွားတယ်"
"ဟုတ် ကျွန်တော်သိပါတယ် သူကဒီကစောင့်လို့ပြောလို့"
မွန်းသည် အောက်ထပ်မှစကားသံလိုက်ရ၍
"ဟင် ကိုမင်းလတ် ရောက်နေတာလား"
ရုတ်တရက် တံခါးဖွင့်ကာထွက်လာခဲ့ပြီးမှ
ကိုယ့်ပုံစံကိုယ်ပြန်ကြည့်ကာ အထဲပြန်ဝင်မလို့လုပ်ခါမှ လှေကားရင်းက သက်သက်က မော့ကြည့်ပြီး
"ဝါး မမလေး လှလှချည်လား" တဲ့။
ထွက်လာပြီးမှ ပြန်ဝင်ရအောင်လည်း အောက်မှာရှိနေသော ကိုမင်းကိုလတ်အတွက်လည်းမကောင်း။ မွန်းဟာ လည်ပင်းလေးကို ပွတ်သတ်ပြီး တစ်လှမ်းချင်းဆင်းလာခဲ့ရတော့သည်။
"ဟာ မွန်းက ဒီနေ့လှနေပါလား"
ဘာမှမလိမ်းထားတဲ့ မျက်နှာပြောင်ပြောင်လေး ရေကောင်းကောင်းမခြောက်သေးသောဆံပင် တွေနဲ့ ခရမ်းရောင် ဂါ၀န်လေးက သူမရဲ့ အဖြူရောင်အသားအရေနဲ့ သိပ်လိုက်ဖက်သည်။
အကျည်းတန်စေတာက သူနမ်းခဲ့တဲ့ အနီရောင်သွေးခြေဥတွေပင်ဖြစ်ကာ ဖုံးဖိဖို့မေ့နေခဲ့သည်။
"ဟင်း ဟင်း ဟုတ် ကျေးဇူး"
တကယ်ဆို ဟိုတစ်နေ့က လို နဒီ့အကြောင်းတွေအများကြီးသိချင်သေးတာ။ ငယ်ငယ်ထဲက အတူနေခဲ့တဲ့ သူငယ်ချင်း တစ်ခါမှ ဒီလောက်ကြီးမခွဲနေဖူးဘူး။
"ဘာမေးချင်လို့လဲ မေးလေ မနေ့ကလို နဒီ့အကြောင်းတွေလား ကိုယ်ပြောလိုက်ပါသေတယ် မွန်းက နဒီ့ကိုသတိရတယ်ဆိုတဲ့အကြောင်း "
ထိုအခါ မွန်းသည်စိတ်ဝင်စားသွားပြီး မင်းကိုလတ်နဲ့မျက်နှာချင်းဆိုင်ကဆိုဖာမှာဝင်ထိုင်လိုက်သည်။
" ဟုတ်လား သူဘာပြန်ပြောလဲဟင်"
"သူက မျက်ရည်တွေလည်သေးတယ် မွန်းကိုလွမ်းလို့တဲ့"
မွန်းလည်း ဝေ့၀ဲလာတဲ့မျက်ရည်တွေကို ပုတ်ခက်ထုတ်လိုက်ပြီး
"ဟွန့် သူ့နဲ့တွေ့ချင်လိုက်တာ"
ကျွှီ...
ကားရပ်သံကြောင့် မေပါလာမယ်ဟု အတ္တကပြောထားသဖြင့် မင်းကိုလတ်ရဲ့ခန္ဓာကိုယ်မတ်သွားရသည်။
အတ္တကမေ့ရဲ့ လက်ကိုဆွဲပြီး ၀င်လာလျှင်
မင်းကိုလတ် နဲ့မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ သူမကို မြင်၍ မှင်သက်သွားရသည်။ သူမဟာ ဘယ်တုန်းကမှ ဒီလောက်တိုတဲ့ဂါ၀န်မျိုးမ၀တ်ဖူးပါ။ ဒူးအထက်ဂါ၀န်လေးက ထိုင်နေတာမို့ ပေါင်တံဖြူဖြူလေးတွေပေါ်နေပြီးလေးထောင့်ပုံစံလည်ပင်းပေါက်ကြောင့် သူ့ရဲ့ကိုက်ရာတွေကလည်းအထင်းသား မြင်နေရ၏။
"အဟင်း"
အတ္တက မေ့ လက်ကိုလွှတ်လိုက်ပြီး မွန်းရဲ့ ဘေးသို့သွားထိုင်သည်။ မေလည်း အနီးဆုံးထောင့်ကဆိုဖာခုံမှာဝင်ထိုင်လိုက်သည်။
"မေ အဆင်ပြေရဲ့လား "
မင်းကိုလတ်က မေ့မျက်နှာကိုကြည့်၍ စိတ်ဝင်တစားမေးလေသည်။
"အင်း အခုအဆင်ပြေပါပြီ အတ္တ ကြောင့်"
"ဘာလို့ဒီလိုဖြစ်တာ ကိုယ့်ကို အကူအညီ မတောင်းတာလဲ"
မင်းကိုလတ်ဟာ အားမလိုအားမရမေးလာတဲ့အခါ
"မေ ဘယ်သူ့ကိုမှအပူမကပ်ချင်လို့ အခုတောင် အတ္တက အတင်းဆွဲခေါ်လာတာ "
အတ္တကမေ့ကို ကြည့်လိုက်ပြီး
"မင်းကို တည်းခိုခန်းမှာထားခဲ့ရအောင် ငါက အရူးမဟုတ်ဘူး မေ "
"အဲ့တာဆို ငါလည်း နင့် အိမ်မှာနေရအောင် အရူးမဟုတ်ဘူး"
မေ့စကားကြောင့် မွန်းက နားမလည်သလို ဟိုကြည့်ဒီကြည့်နှင့် ဘေးက အတ္တကိုမော့ကြည့်မိတော့ သူကမွန်းအနားပိုတိုးကပ်လာသည်။ မွန်းကိုပြုံးပြရင်း ရင်ဘက်ပေါ်က အင်္ကျီစလေးကို သွေးခြေဥလေးတွေ ဖုံးအောင် ဆွဲတင်ပေးနေသည်။
မွန်းက ခေါင်းပြန်ငုံ့သွားသည့်အခါ ပေါင်ဖွေးဖွေးလေးတွေပေါ်က ဂါ၀န်စကို ဆွဲချပေးကာ ပေါင်ပေါ်က ဂါ၀န်စကို အထက်သို့ပြန်မလန်သွားအောင် အတ္တ ကလက်ဖြင့်ဖိပေးထား၏။
Advertisement
"အဟင်း"
မင်းကိုလတ် ကချောင်းဟမ့်ကာ သတိပေးလိုက်လျှင် မွန်းကသူ့ဘေးကနေ ခွာထိုင်ဖို့ပြင်ရာ၌ သူက ပခုံးမှပြန်ဆွဲဖက်လိုက်သည်။
"ဘယ်သွားမှာလဲ ကိုယ့်ဘေးမှာပဲနေပါ"
မင်းကိုလတ် က မေ့ကိုကြည့်ပြီး
"မေ အခု ဘယ်မှာနေမှာလဲ"
မေက အတ္တကိုတစ်ချက် ကြည့်လိုက်ကာ "မေ ......"
မေ ဘာပြောရမလဲမသိပါ။
"ကိုယ် မေ့ ကိုနေစရာစီစဉ်ပေးမယ်"
မင်းကိုလတ် စကားကြောင့် မေက သူမကိုပဲမျက်လုံးမလွှဲတမ်းကြည့်နေသော မင်းကိုလတ်အား လှည့်ကြည့်တော့ သူကပြုံးပြသည်။
မေ သိပါတယ် သူမေ့ ကိုစိတ်၀င်စားနေတာ အတ္တ နဲ့ပြတ်ဆဲ ကတည်းက မေ့အပေါ်စိတ်၀င်စားနေခဲ့တယ်ဆိုတာ။
"မေ မင်း ငါ့ကိုငြင်းတယ်ဆိုရင်တောင် မင်းကိုလတ် ကိုတော့ မငြင်းပါနဲ့ မင်းကိုသူနေစရာစီစဉ်ပေးတာကို လက်ခံလိုက်ပါ"
အတ္တကဝင်ပြောလိုက်တဲ့အခါ
"မေက....."
"ကိုယ် မင်းကို ကူညီချင်ရုံသပ်သပ်ပါ မေ"
မင်းကိုလတ်က ဆိုလျှင် မေ စဉ်းစားရင်း
"မေ လက်ခံပါ့မယ် အမြန်ဆုံး နေစရာရှာပြီးရင် ပြန်ထွက်သွားပါ့မယ်"
အတ္တက မင်းကိုလတ် အား ဟက် ကနဲရယ်ပြလိုက်သည်။
မင်းကိုလတ်ကမဲ့ပြရင်း
"ဒါဆို မေ ကိုယ် နဲ့လိုက်ခဲ့နော်"
"အင်း"
မေစဉ်းစားမိတာက
အတ္တရဲ့ကောင်မလေးကိုသနားတယ် မေသာအတ္တနားမှာနေရင် ကိုယ့်ကိုယ်ကိုယ်လည်း မထိန်းချုပ်နိုင်ဘူး။
အတ္တ ဘယ်လောက် ဆွဲဆောင်မှုရှိတာ မေအသိဆုံးမဟုတ်လား သူနဲ့ထပ်ပြီး မငြိစွန်းချင်တော့ပါ။ မေ ပဲခံစားရမှာမြင်ယောင်နေ သည်။
သူ့ရင်ထဲမှာ တခြားတစ်ယောက်ရှိနေပြီ။
=================
မင်းကိုလတ် နှင့် မေ ထွက်သွားလျှင် သွားချင်း
မွန်းက အတ္တဘေးမှ ချက်ချင်းထလိုက်သော်လည်း
"အ!"
လျင်မြန်လွန်းတဲ့သူက သူ့ပေါင်ပေါ်သို့ ပြန်ဆွဲချလိုက်သည်။
မွန်းသည် မျက်နှာကိုတင်းနိုင်သလောက်တင်းထား ပြီးပြန်ထဖို့ကြံစည်ပါသည်။ သူ့ကို စကားလည်းမပြောချင်သလို သူနဲ့လည်းမထိတွေ့ချင်တော့ပါ။ သူကခါးကို ကြပ်နေအောင်ဖက်ထားပြီး သူ့မျက်နှာက မွန်း လည်တိုင်နားမှာ တိုးဝေ့ကာ
"ဆံပင်တွေလည်း ခြောက်အောင် မသုတ်ဘူး"
"ရှင်နဲ့မဆိုင်ဘူး"
သူမ ခပ်ပြတ်ပြတ်ပြန်ပြောလိုက်တဲ့အခါ
"ဆိုင်တာပေါ့ မင်းက ကိုယ့်နှလုံးသားတစ်ခုလုံးကို သိမ်းပိုက်ထားတဲ့သူပဲ"
မွန်းက အလိမ်အညာစကားတွေမယုံဘူးဆိုတဲ့အကြည့်မျိုးနဲ့ မျက်နှာကိုမဲ့ချပစ်လိုက်သည်။
"ဒီနေ့ ကိုယ့်ကောင်မလေးက သိပ်လှနေတယ် "
မွန်းသည် သူပြောစကားတွေကိုနားမထောင်ဘဲ လက်နှစ်ဖက်နှင့် သူ့ကိုတွန်းဖယ်ဖို့ပဲကြိုးစားနေသည်။
"ဒီဂါ၀န်လေးနဲ့ လိုက်တယ် ဘာလို့ကိုယ်မရှိတဲ့အချိန်ကျမှ ရွေး၀တ်တာလဲ"
မွန်းက သူ့အပေါ်ကနေထဖို့ တင်ပါးလေးကြွလိုက်တော့ သူက မွန်းရဲ့ ဒူးခေါက်ကွေးကနေ ခြေထောက်တွေပါသူ့ပေါင်ပေါ်ရောက်အောင် ဆွဲပွေ့လိုက်သည်။
"အမလေး ရှင့်ကိုလွှတ်လို့ ပြောနေတယ်နော်"
"ဘာလို့လဲ ကိုယ့်ကို အခုထိ စိတ်ကောက်တုန်းလား"
"နောက်မှ ကျွန်မ အဆိုးမဆိုနဲ့"
အတ္တက ပြုံးလိုက်ပြီး
"မင်းက ဘာလုပ်မှာမို့လို့လဲ"
မွန်း သူ့ရဲ့ ရှပ်ကော်လံအထက်မှပေါ်နေသည့် သွေးကြောတွေယှက်ဖြာနေသောလည်ပင်းအား အားရပါးရ ကုန်းကိုက်ပစ်လိုက်သည်။
"အ..အား..."
အတ္တရဲ့ အော်သံကြောင့် နောက်ဖေးမှ ဒေါ်မေတင်နှင့် သက်သက် ထမင်းစားခန်းအပေါက်၀သို့ရောက်လာကြပြီးမှ မွန်းနဲ့အတ္တရဲ့ပုံစံကို မြင်တော့ သက်ပြင်းချလိုက်ကြသည်။
"ကိုက်တယ်ပေါ့"
လည်ပင်းက ပေါက်သွားတဲ့ ကိုက်ရာကိုကြည့်ပြီး မွန်းကျေနပ်စွာပြုံးလိုက်သည်။
"မလွှတ်သေးဘူးလား"
အခုထိခေါင်းမာစွာဆက်ပြီးပွေ့ယူထားသဖြင့်
သူမက တစ်ဖန်ထပ် ကိုက်ဖို့ခေါင်းပြန်ငုံလာသည့်အခါ နှုတ်ခမ်းလေးကို ဖမ်းယူ နမ်းပစ်လိုက်သည်။ မနေ့ကကြမ်းတမ်းထားသမျှနဲ့ လုံး၀မတူအောင် နူးညံ့စွာ နမ်းရှိုက်ပေးနေသည့်သူက တကယ်ပင် ပြုစားတတ်လွန်းလှသည်။
မလွှတ်တမ်း ဖိကပ်ဆဲ နှုတ်ခမ်းလေးအား တစ်ချက်စုပ်ယူပြီးပွေ့ထားလျှက် မတ်တပ်ထရပ်သည်။ ပြုတ်ကျမှာစိုးရိမ်ပြီး သူမလက်တွေကသူ့လည်တိုင်မှာဖက်တွယ်လျက်သား။
အတ္တက အိမ်အပေါ်သို့တစ်လှမ်းချင်း တက်လာပြီး သူ့အခန်းထဲသို့၀င်လာခဲ့သည်။ ထို့နောက် မွေ့ယာပေါ်မှာ ညင်သာစွာချပေးပြီး နှုတ်ခမ်းလေးကိုလွှတ်ပေးလိုက်သည့်အခါ စိုလူးနီရဲနေသည့် သူမနှုတ်ခမ်းလေးက စတော်ဘယ်ရီသီးလေးလို အူယားစဖွယ်။
"နောက်ဆို ကိုက်ဦးမလား "
မွန်းက သူ့ရင်ဘက်ကြီးကို အားပါပါတွန်းချိုးပစ်လိုက်ရာ
"အ... မင်းကုတ်ထားတာတွေရှိတယ် Baby ရဲ့ အဲ့သလောက်မတွန်းနဲ့ နာတယ်"
ဓားထိလို့တောင်မသေတဲ့လူက အခုမှ မွန်းရဲ့ကုတ်ရာလောက်နဲ့ နုနေလိုက်တာ အမြင်ကိုကပ်ပါတယ်။
"မုန်းတယ် အရမ်းမုန်းတယ် "
မွန်းက သူ့ကို ထုရင်းရိုက်ရင်း ပြောလိုက်သည်။
မွန်းထုရိုက်တဲ့ လက်ကလေးနှစ်ဖက်ကို သူကဆွဲချုပ်ပြီး မွန်းနဲ့ မျက်လုံးချင်းဆုံအောင် ပြုလုပ်လိုက်သည်။ အမြင်ကတ်ကတ်နဲ့ မျက်လုံးစိမ်းများနှင့် မကျေနပ်စွာကြည့်နေသည့်အခါ သူချက်ချင်းလွှဲပစ်လိုက်ပြီး
"အဲ့လိုမကြည့်နဲ့ ကိုယ်ခဏခဏပြောထားတယ်မလား"
သူမက သူချပေးတဲ့မွေ့ယာကနေ ထထိုင်ပြီး
ထွက်သွားလျှင်
"ဘယ်လဲ ပြန်လာခဲ့"
အတ္တက ထရပ်ပြီး သူမကိုအနောက်မှ လှမ်းဖက်လိုက်ကာ
"မရှောင်ပါနဲ့ ကိုယ့်ကို"
"လွှတ်ပါ ခုနကလည်းရှင့်စိတ်ကြိုက်ကျွန်မကိုနမ်းပြီးသွားပြီမဟုတ်လား ကျေနပ်လိုက်ပါ"
သူမအတင်းရုန်းထွက်သည်။
"အဲ့လို မဟုတ်ဘူး Baby ကိုယ်က မင်းအရမ်းလှနေလို့ ....."
"တော်ပါတော့ကျွန်မကို ဒီစကားတွေနဲ့ လာမပြုစားပါနဲ့တော့ ပြီးရင် ရှင့်စိတ်ကြိုက်ပဲ ကျွန်မအပေါ်ပြုမူတာပဲမဟုတ်လား"
သူမက အတင်းရုန်းထွက်ပြီး သူ့ဘက်ကို တည့်တည့် လှည့်လာလိုက်သည်။
"မဟုတ်ဘူး အဲ့လိုမဟုတ်ဘူး ကျစ်...... ကိုယ်ရှင်းပြနေရတာကို အရမ်းမုန်းတယ် ချွင်းချက်အနေနဲ့ မင်းယုံဖို့ ကိုယ်ရှင်းခဲ့တာ ဒါဒုတိယအကြိမ်ပဲ"
"ရှင်ဘယ်လိုပဲရှင်းပြ ရှင်းပြ ကျွန်မက မယုံတေ့ာဘူး ရှင့်အနမ်းတွေ ရှင့်စကားတွေအောက်မှာ ကျွန်မ ယစ်မူးအရည်ပျော်နေတော့မှာမဟုတ်ဘူး ကျွန်မ တတ်နိုင်သလောက်ရှင့်ဆီကလွှတ်မြောက်ခွင့်ရအောင်ကြိုးစားပြီး ထွက်သွားတော့မယ် "
Advertisement
"တော်စမ်း မွန်း အဲ့စကားထပ်မပြောနဲ့
မင်း ကိုယ့်ကိုစိတ်တိုအောင်မလုပ်နဲ့ကွာ ကိုယ်မဆိုးချင်ဘူး"
"ဟင့်အင်း ကျွန်မ လည်း မလျော့ဘူး"
"မင်းနောက်ထပ် ထပ်မပြောနဲ့လို့ပြောထားတယ် ပြီးရင် ကိုယ့်အဆိုးမဆိုနဲ့"
သူမက ဘာမှ ထပ်မပြောပဲ သူ့အခန်းထဲက ထွက်သွားဖို့ ရှေ့ဆက်လျှောက်တော့
"မင်း ကို သွားလို့ကိုယ်မပြောသေးဘူး မွန်း"
သူကပြန်ဆွဲထားသဖြင့်
"ကျွန်မ ရှင်နဲ့ ခဏလေးတောင် အတူမနေချင်ဘူး လွှတ်ပါ "
"ဘာ?..ဘယ်လို....ထပ်ပြောကြည့်စမ်း"
=========================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (26) ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(25)
ဒေါက် ဒေါက်
"သမီး မွန်း မေတင် ၀င်ခဲ့မယ်နော်"
"
"ဖြစ်ပါ့မလားသမီးရယ် "
"ဟုတ်"
===========
အ်ိမ်ထဲ၀င်လာသည့်လူရိပ်ကြောင့်
မေတင်ထွက်ကြည့်လျှင်
"ဟင်း ဟင်း ဟုတ် ကျေးဇူး"
မွန်းလည်း ဝဝေဲ့လာတဲ့မကျြရညျတှကေို ပုတ်ခက်ထုတ်လိုက်ပြီး
ကျွှီ...
"အဟင်း"
"မေ အဆင်ပြေရဲ့လား "
"အဟင်း"
"မေ အခု ဘယ်မှာနေမှာလဲ"
မေ ဘာပြောရမလဲမသိပါ။
"မေက....."
"အင်း"
မေစဉ်းစားမိတာက
=================
"အ!"
"ရှင်နဲ့မဆိုင်ဘူး"
အတ္တက ပြုံးလိုက်ပြီး
"အ..အား..."
"ကိုက်တယ်ပေါ့"
"မလွှတ်သေးဘူးလား"
"နောက်ဆို ကိုက်ဦးမလား "
Advertisement
- In Serial11 Chapters
Since I Met You (Sun x Lillie)
Sun is a Pokemon trainer that has just moved into the Alola region, and is ready to meet many new people and Pokemon! But, just as his adventure is about to start he is saved by Tapu Koko and meets... Her. For some reason Sun just can't stop thinking about her after their first encounter. There's just something about her that make Sun want to... Get closer to her.Lillie strives to protect her Cosmog, Nebby, but isn't even a trainer. She dislikes battles and isn't very trusting of new people. Despite that, a trainer she meets changes her whole perspective on trainers and battles. Lillie wants to be like him, she wants to be just as confident and outgoing as he is, she wants to... Get closer to him... Underlined words will be actual dialogue from the gamescover art by pomarrillo on tumblrAll characters owned by Pokemon/NintendoThe story will consist of highlights of Lillie and Sun's point of views and their interactions. This story will be taking story aspects from both SM and USUM aswell as the anime with some modifications to fit the narrative. I hope you enjoy!
8 216 - In Serial16 Chapters
Crossdress. // l.s.
-completed-Louis liked dressing in girls clothes like dresses and skirts.Growing up with a mother and lots of sisters, he often played dress up in their clothing. When he has to move school, he meets a boy who he falls for.Will everything work out happily every after?---#551 michaelclifford#581 younglove
8 93 - In Serial29 Chapters
Old Work
-
8 192 - In Serial11 Chapters
Stephano
It wasn't planned for..... Stephano de Luca was the head of the Sicilian mafia.He was ruthless, he was feardHe got whatever he wanted and now, he wanted herShe was innocent, young and naiveLeila O'Neil, daughter if the great Sebastian O'Neil, head of. the Irish Mob. she didn't have a. clue about what was. going on around herbut she still wasn't safe... she had to be protected That was when the deal was made...
8 195 - In Serial29 Chapters
His Love
COMPLETE: Arthur and Merlin finally are just starting to realise their feelings for one another - near fatal accidents and Gwaine's dubious intentions aside - when a beautiful princess arrives with desperate plea to help save her kingdom from the beast that terrorises it. How will their new relationship survive the chaos of a quest against a deadly foe and the temptations of the fairer sex?....Word count: 40k~Mpreg....
8 65 - In Serial30 Chapters
Sontails: Truth Of The Heart
Sonic the hedgehog and Miles "Tails" Prower have fallen in love with each other, but are scared to confess their feelings. Once they do, how will their friends react? How well will they handle the pressure towards them?And how far will their life together go?
8 77