《အတ္တလွန်အချစ် (OC) Completed》Part (24) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(24)
"မွန်း.... ကိုယ် ပြောပြမယ်"
အတ္တက ရှေ့သို့တစ်လှမ်းတိုးတိုင်း သူမက နောက်သို့ ဆုတ်သွားရင်းလက်ကလေးအသွင်သွင်ကာ၍
"ဟင့်အင်း မလာပါနဲ့ "
ခေါင်းတွေလည်းခါရမ်း ပြီးငြင်းဆိုသည်။
"မွန်း... အဲ့လိုကြီး မလုပ်ပါနဲ့ ကိုယ့်စကားကို ခဏလောက်နားထောင်ပါ "
အတ္တက ရှေ့သို့ပို၍တိုးကပ်သွားသည့်အခါ
မွန်းသည် ခေါင်းတွေခါရမ်းပြီး နောက်သို့တဖြည်းဖြည်းဆုတ်ကပ်ရင်း တံခါးနှင့်၀င်တိုက်လေသည်။ နောက်ထပ်ထပ်၍ဆုတ်လို့ပင်မရတော့ပဲ နံရံနှင့်ကျောမှာကြားခံနယ်မရှိအောင် ကပ်နေပြီး မျက်နှာငယ်လေးနဲ့ အတ္တ ကို လက်ဖြင့်ကာကာ ကြည့်နေပုံမှာ မုဆိုးလက်ထဲကလွတ်အောင်မပြေးနိုင်တော့တဲ့သမင်ငယ်လေးသဖွယ်။
အတ္တသည် သူမဘေးတစ်ဖက်တစ်ချက်စီမှာ နံရံသို့လက်ထောက်ချလိုက်သည့်အခါ
"ဟင့်အဟင့် မလာပါနဲ့ ကျွန်မ အနားမကပ်ပါနဲ့ ဟင့် အဟင့် ဟင့် မလုပ်ပါနဲ့ မလာနဲ့ ဟီး..အီး..."
သူမ မျက်ရည်တွေထိန်းမရအောင် လျှံကျလာကာ အကြောက်သည်းနေသည်ဖြစ်ရာ
"မွန်း .... အဲ့လိုမလုပ်ပါနဲ့ကွာ ကိုယ့်ကို ကိုယ့်ကို ခဏလောက်ငြိမ်ပေးပါ ခဏလောက်စကားပြောခွင့်ပေးပါ"
အမိန့်ပေးတာမျိုးမဟုတ်ပဲ ခွင့်တောင်းသည့်သဘောမျိုးနဲ့ပြောဆိုတတ်တာ ကိုယ့် ပုံစံမဟုတ်ပေမဲ့ မင်းအတွက်တော့ လိုအပ်ရင် ကိုယ်ပြုလုပ်ရလိမ့်မယ်။
သူမရဲ့ ပါးပြင်ပေါ်က မျက်ရည်တွေကိုသုတ်ပေးရန် လက်လှမ်းလိုက်လျှင်
"ဟင့်အင်း မထိနဲ့ မထိပါနဲ့ ဟင့် ဟင့် အဟွတ် "
သူမ ငိုရတာပင်မောလာကာ ချောင်းတွေပါဆိုးလာရတော့သည်။
အတ္တသည် သူကိုယ်တိုင်လည်း ခေါင်းထဲကနေထိုးကိုက်ကာ သူမကပါသူ့ကိုဒီလိုတွေလုပ်နေတော့ လုံးဝအဆင်မပြေတော့ပါ။
"ကျစ်..... မွန်း တိတ်တော့ကွာ မင်းကျေနပ်အောင်တောင်းပန်ပေးမယ့် ကိုယ့်ကိုစိတ်ပျက်အောင်မလုပ်နဲ့"
ဘုန်းကြီးကိုခေါင်းခေါက်ပြီးမှ ဆောရီး ပြန်ပြောမလို့လား။
မွန်းကို တကယ်ပဲ တောင်းပန်ချင်တယ်ဆိုရင် ရှင့်ရဲ့အပြုအမူတွေကိုအရင်ပြင်ဆင်သင့်တာပေါ့
မွန်းဟာ ကြမ်းပြင်ပေါ်သို့ ကျုံ့ကျုံ့လေး ထိုင်ရပ်ကျသွားပြီး ရှိုက်သံမထွက်အောင်ပါးစပ်ကိုလက်ဖြင့်အုပ်ထားသည်။
"ဟင်း..."
အတ္တက သက်ပြင်းချလိုက်ကာ မင်းအဲ့သလောက်ထိတောင်ကြောက်သွားတာလား။
သူမက မော့ကြည့်လျှင်သူ့ရဲ့အသားတွေစုတ်လန်နေတဲ့ ညာဘက်လက်တစ်ဖက်ကို ကြည့်ပြီး လူတစ်ကိုယ်လုံးတုန်ရီသွားသည်။
ဒဏ်ရာက ဘယ်လောက်တောင်ကြောက်ဖို့ကောင်းလဲ။
မွန်းက ပျက်စီးနေတဲ့သူမရဲ့အဝတ်ဗီရိုအောက်ကမှန်ကွဲစတွေကိုမြင်ကာ သူလက်သီးနဲ့အချက်ပေါင်းများစွာထိုးထားသည်ဖြစ်ကြောင်း ခန့်မှန်းသိရှိခဲ့ရသည်။
အတ္တက ငုပ်တုပ်ထိုင်ချလိုက်သည့်အခါ
သူမက နောက်သို့ကပ်သွားပြန်သည်။ ပြူးကြောင်ကြောက်ရွံ့နေသည့် သူမကို သနားသလိုကြည့်ပြီး သူမမျက်နှာလေးကို ကိုင်ဖို့အပြင်မှာ တစ်ဖက်သို့လှည့်သွားသည့် မွန်းကို
"ကိုယ် တောင်းပန်ပါတယ် "
သူတကယ်တောင်းပန်လိမ့်မည်လို့လုံးဝမထင်ထားခဲ့ပါ။ တစ်သက်လုံး သူသာအာဏာအရှိဆုံးသခင်လေးတစ်ယောက်လိုနေလာရသည့် အတ္တအတွက် တောင်းပန်ပါတယ်ဆိုတဲ့စကားမျိုး နှုတ်မှထွက်လာဖို့ဆိုတာ မလွယ်ကူလှပါ။
"ကိုယ် မနေ့ညက တကယ်လွန်သွားခဲ့တာ ထိန်းချုပ်ဖို့သတိလွတ်သွားခဲ့တာ ....."
ဆေးအရှိန်ကြောင့် လို့ပြောဖို့ အတ္တ နှုတ်မှ မထွက်လာခဲ့။
အကြောက်တရားဆိုတာမရှိခဲ့တဲ့ အတ္တမှာ
သူမအထင်သေးသွားမှာကိုကြောက်တတ်လာခဲ့သည်။
ဒီဆေး တွေစွဲနေတာသိရင် ကိုယ့်ကိုမင်းသိပ်အထင်သေးသွားမှာလား။
"ထားပါတော့ မနေ့က ကိုယ်စိတ်လွတ်သွားတယ် အဲ့တာလည်း မင်းကို ကိုယ်တစ်ယောက်တည်း ပိုင်ဆိုင်ချင်တာကြောင့်ပါ"
အကိုင်မခံတဲ့သူမမျက်နှာလေးကို အမိအရဖမ်းယူလိုက်ပြီး
"မင်းကို သ၀န်တိုသွားလို့ ဖြစ်ခဲ့တဲ့ကိစ္စတွေချည်းပဲ"
"ဟွန့် ဟင့် ကျွန်မကိုမထိနဲ့ ရှင်ကတကယ် မကောင်းဆိုးဝါးပဲ အရမ်းကြောက်ဖို့ကောင်းတယ် "
အတ္တသည် သူမကို ဂရုဏာသက်သည့်အကြည့်မျိုးဖြင့်
"ကိုယ့်ကိုအဲ့လိုကြီး မလုပ်ပါနဲ့ ကိုယ် မကြိုက်ဘူး "
"ဟင့်အင်း ရှင် ရှင့်ကို ကြောက်တယ် "
အတ္တဟာ သူမရဲ့ကိုယ်လေးကို ပွေ့ယူလိုက်လျှင်
"အ...."
လက်ကဒဏ်ရာကအရမ်းနက်လွန်းတာကြောင့် သူမရဲ့ကိုယ်ကိုပေါ့ပါးစွာမနိုင်ပါ။
မွန်း ကသူ့လက်ပေါ်ကနေရုန်းကန်သည့်အခါ
"ငြိမ်ငြိမ်နေပါ ကိုယ့်လက်နာနေတယ် "
"နာရင် မချီနဲ့....ချ...ချပေး...ရှင်နဲ့မထိချင်ဘူး "
"ကိုယ့်ဒဏ်ရာထက် မင်းကိုယ့်ကို ဒီလို လုပ်နေလို့ ရင်ဘက်ထဲကပိုနာတယ်"
မွန်းက သူ့ကို သူမုန်းတဲ့ မျက်လုံးစိမ်းတွေနဲ့ ကြည့်ပစ်လိုက်သည်။ အတ္တသည် သူမကို မွေ့ယာပေါ်သို့အသာချပေးလိုက်ပြီး မွန်းက ပြန်ထ၍ ထွက်ပြေးရန်ပြုတော့
"အမေ့ ဟင့် ဖယ် လွှတ် ရှင်နဲ့မနေဘူး ရှင့်ကိုသိပ်မုန်းတယ်"
သူမကို လှဲချစေကာ အပေါ်ကနေအုပ်မိုးပစ်လိုက်ရင်း
"အဲ့လို မလုပ်နဲ့ ကိုယ့်စိတ်ကိုထပ်မစွနဲ့"
"ဟွန့် ဟင့် အဟင့် "
တဖန် မျက်ရည်တွေက စီးကျလာသည်မှာ
လည်ပင်းတွေထိပါစိုရွှဲလာသည်။
"ကိုယ်မင်းကို တောင်းပန်ပါတယ်
မင်းရဲ့ခွင့်လွှတ်ခြင်းကိုရရှိဖို့မဟုတ်ဘူး
ကိုယ်မှားခဲ့လို့ တောင်းပန်တဲ့တောင်းပန်ခြင်းသတ်သတ်ပဲ ကိုယ်ဘက်ကတက်နိုင်သလောက် မင်းကိုကျေနပ်အောင်ချော့ပေးဖို့စိတ်ကူးထားတယ် နောက်ထပ်ကိုယ်မကြိုက်တာထပ်မလုပ်ရင်ပေါ့"
"ဟွန့် ခွင့်လွှတ်ရမှာပဲ ဆိုတဲ့သဘောလား ကျွန်မ ဒီထက်ပိုပြီးမပျော့ညံ့နိုင်တော့ဘူး အတ္တလွန် "
အပေါ်ကနေအုပ်မိုးထားတဲ့ သူ့ ရင်ဘက်မှာ မွန်းကုတ်ထားတဲ့ကုတ်ခြစ်ရာတွေကအတော်များများနေရာယူထားသည်ကိုအနီးကပ်မြင်နေသည်။ မွန်းရဲ့ အာရုံက သူ့ရင်ဘက်ကိုရောက်နေချိန် နှဖူးလေးတစ်ချက်ပူနွေးသွားသည်။
"I'm Really Sorry my Sweet Heart
Sleep well...Baby"
သူဒီလိုပြောလိုက်ချိန် မွန်းရဲ့မျက်လုံးတွေမှေးမှိတ်ထားလိုက်သည်။ အတ္တဟာ သူမအပေါ်ကနေထပြီး ရေချိုးခန်းထဲ ၀င်သွား၏။
သူမ ရဲ့ရေချိုးခန်းက ကိုယ်ဇိမ်ခံနေကျရေချိုးခန်းကြီးလောက်မသားနားပေမဲ့ သူမဆီကရနေကျ shampooနဲ့ဆပ်ပြာနံ့လေးတွေကြောင့် ကြည်နူးနေရသည်။ ရေဗန်းကိုဖွင့်ချလိုက်သည်နှင့် ရင်ဘက်က သူမရဲ့ကုတ်ခြစ်ရာတွေက ရေနှင့်ထိတွေ့တိုင်း စပ်ဖျင်းဖျင်းနဲ့ခံရခက်လှသည်။
လက်ကဒဏ်ရာကတစ်ဆစ်ဆစ်နဲ့ကိုက်တာကြောင့် နံရံသို့ထောက်ထားလိုက်ပြီး ဒဏ်ရာမရှိတဲ့ဘယ်ဘက်လက်ဖြင့် ဆံပင်တွေကိုထိုးသပ်ကာ မျက်နှာမော့ထားလိုက်သည်။ ခေါင်းကိုက်တာတွေပြေပျောက်သွားပြီး လန်းဆန်းမှုတွေအစားထိုး၀င်ရောက်လာသည်။
ရေချိုးခန်းထဲမှတံဘက်ဖြူဖြူကိုခါးမှာ ပတ်ပြီး ပြန်ထွက်လာလျှင် သူမရဲ့ အိပ်ယာအနားတိုးကပ်ကြည့်လိုက်တော့ သူရေချိုးတာကြာသွားပုံပဲ သူမက အိပ်ပျော်နေပြီဖြစ်သည်။
Advertisement
သူမအနားသို့ တက်လာပြီး ငိုထားတဲ့ မျက်ရည်တွေ ရွှဲနေသည့် လည်ပင်းလေးမှာ သူစုပ်နမ်းထားသည့် အနီကွက်များ ပေါ်သို့ ခပ်ဖွဖွ အနမ်း လေးခြွေချလိုက်ပြီး အနည်းငယ်သိမ့်ကျုံ့သွားတဲ့ သူမ ခန္ဓာကိုယ်လေးကြောင့် ရင်ဘက်ပေါ်မှာ အနမ်းတို့ကိုရပ်တန့်လိုက်ကာ
"ကိုယ် မင်းကိုရူးရူးမူးမူးစွဲလမ်းနေပြီ မွန်းရယ် "
ပေါက်နေတဲ့သူမနှုတ်ခမ်းထောင့်လေးကို သူ့နှုတ်ခမ်းတစ်စုံဖြင့် ဖိကပ်လိုက်သည့်အခါ
သွေးစလေးတွေကြောင့် ငံကျိကျိဖြစ်နေသည့်အရသာကိုတောင် နှစ်သက်နေမိတာပါလား
ကိုယ့်အတွက်ကိုယ် တစ်ချက်ရယ်လိုက်မိသည်။
ကိုယ်ဟာအရမ်းပြောင်းလဲသွားပါလား
သူမအပေါ်မှာထားရှိတဲ့ခံစားချက်တွေဟာအရမ်းနုနယ်နေပါလား ဆိုတာ သိလိုက်ရသည်။
အတ္တသည် သူမအပေါ်ကနေ ထဖယ်လိုက်ပြီး
ထိုအခန်းထဲမှ ထွက်လာခဲ့သည့်အခါ အလင်းကအသင့်စောင့်နေသည်။ သခင်လေးရဲ့ ခန္ဓာကိုယ်မှ ကုတ်ခြစ်ရာများနှင့် လက်ကစိုစိစိဒဏ်ရာကြီးကိုကြည့်ပြီး
"ဟာ သခင်လေး ဆေးမထည့်ရသေးဘူးလား"
အတ္တ သူ့လက်ခုံကိုပြုံးကြည့်လိုက်၍
"အင်း မထည့်ဘူး မနေ့ကသူ့အပေါ်ငါပြုမူမိတဲ့ အပြုအမူအတွက် အပြစ်ဒဏ်လို့ပဲ မှတ်ယူထားတယ် "
အလင်းလည်းဆက်မပြောတော့ပဲ အနောက်မှ ကပ်လိုက်လာခဲ့သည်။
"ဘာပြောစရာရှိလို့လဲ"
"ဟို မမေသုခ အကြောင်း ပြောမလိုပါ"
အတ္တ အင်္ကျီဝတ်ဖို့ ရွေးနေ ရင်း နောက်သို့လှည့်လာခဲ့သည် ။
"ဘာလဲ သူဘယ်မှာလဲ"
"အန်ကယ်ဂျွန် ဆုံးပြီ သခင်လေး"
"ဘာ?"
အတ္တ မျက်မှောင်ကုတ်သွားပြီး မေ့အတွက်စိတ်ပူသွားသည်။
"အခုဘယ်မှာလဲ"
"အန်ကယ်ဂျွန်ဆုံးတာက လွန်ခဲ့တဲ့၂ရက်က ကာစီနိုမှာပဲ သမားရိုးကျမဖြစ်နိုင်ပေမဲ့တကယ် ရှုံးခဲ့တာပါတဲ့ အိမ်ရော သူ့စည်းစိမ်အားလုံပဲ"
"ကျစ်......ကွာ မေ ဘယ်မှာလဲ အရေးကြီးတာ မေ့ကိုရှာဖို့"
အတ္တ အင်္ကျီဖြူတစ်ထည်ကောက်လျှို၍
ကုတ်အင်္ကျီအနက်ကိုထပ်၀တ်လိုက်ကာ ပြောလျှင်
"လောလောဆယ် သင်္ချိုင်းကုန်း မှာသခင်လေး"
"အခု ချက်ချင်းသွားမယ် "
အလင်းက ကားသွားပြင်သည့်အခါ
အတ္တသည် နောက်ဖေးသို့၀င်သွားရင်း
"ဒေါ်မေတင်"
"ဟုတ်ကဲ့ သခင်လေး"
"မွန်း သိပ်နေမကောင်းတာသိတယ်မဟုတ်လား ဂရုစိုက်ပေးလိုက်ပါ "
"ဟုတ်ကဲ့ ကျွန်မ ပြုစုပေးပါ့မယ်"
"အင်း "
အတ္တက ဒေါ်မေတင်ကိုမှာကြားပြီးနောက်အလင်းမောင်းတဲ့ကားနှင့်အတူ မေသုခ ရှိသောနေရာသို့အရောက်သွားခဲ့သည်။
°°°°°°°°°°°°°°°°°°°°°°
"အလင်း ဒီမှာပဲစောင့်ခဲ့ ငါပဲသွားရှာလိုက်မယ် "
အတ္တက အလင်းအားကားနားမှာပဲနေခဲ့ရန်ပြောပြီး သူကအထဲသို့ဝင်သွားသည်။
အတ္တသည် အုပ်ဂူဖြူဖြူတွေကြားထဲမှာ အန်ကယ်ဂျွန့်အုပ်ဂူနဲ့ မေသုခကိုလိုက်ရှာရင်း အနက်ရောင်ဒူးအထက်ကိုယ်ကပ်ဂါဝန်ကလေးနှင့် အုပ်ဂူဘေးမှာ ခပ်ငိုင်ငိုင်ထိုင်နေ သည့်သူမသည် ဆံပင်ရှည်တွေကိုအမြဲမြှောက်စီးထားတတ်သော်လည်း အခုတော့စီးဖို့ပင်အင်အားရှိဟန်မတူ။
အတ္တက ဘောင်းဘီအိတ်ထောင်ထဲကနေ ဖုန်းကိုထုတ်၍ တစ်စုံတစ်ယောက်အား ဖုန်းခေါ်လိုက်၏။
"အင်း မင်းကို"
"အေး အတ္တ"
"ငါ မေ့ကိုတွေ့ပြီ "
"ဘယ်မှာလဲ ဘယ်နေရာမှာလဲ ငါအခုချက်ချင်းလာခဲ့မယ်"
"မလာနဲ့ မင်းလာလို့မဖြစ်ဘူး ငါခေါ်ခဲ့မယ် မင်း ငါ့အိမ်ကစောင့်"
အတ္တက ဖုန်းချလိုက်ပြီး သူမရှိရာသို့ အေးစက်တဲ့ခြေလှမ်းတို့ဖြင့်လျောက်လာ၍ သူမရဲ့ရှေ့တည့်တည့်မှာ ခြေစုံရပ်လိုက်သည့်အခါ ပြောင်လဲ့နေသည့် ရှူးဖိနပ်တစ်ရံကြောင့် မော့ကြည့်လျှင် ဘောင်းဘီအိတ်ထောင်ထဲသို့လက်ထည့်ကာ မရယ်မပြုံးမျက်နှာနဲ့ တည်တံ့လွန်းသည့် အတ္တပင်ဖြစ်နေသည်။ မေက မတ်တပ်ထရပ်ပြီး အတ္တ၏ ရင်ခွင်ထဲသို့တိုး၀င်လိုက်သည်။
"ဟင့် ဟင့် ဟီး... အီး.... ဟင့် အဟင့်"
အတ္တသည် ဘာစကားတစ်ခွန်းမှ မပြောပဲ
သူ့ကိုဖက်ငိုနေသည့်သူမကျောကိုပြန်ဖက်ကာနှစ်သိမ့်ပေးလိုက်သည်။ အတန်ကြာအောင်နေပြီးမှ သူမက မော့ကြည့်ပြီး
"နင် ငါ့ကိုလာရှာတယ်နော် "
"ငါပစ်မထားပါဘူး"
"ကျေးဇူးတင်ပါတယ် ငါတကယ်သေချင်နေပြီ ဒီဘဝကြီးကနေထွက်သွားချင်နေပြီ"
"ဘာလို့ထွက်သွားမှာလဲ ဒီလောက်လေးနဲ့ပျော့ညံ့တဲ့ဒီလိုစကားတွေပြောတာ ငါ သိတဲ့မေ မဟုတ်ဘူး ငါသိတဲ့မေက ရင့်ကျက်တည်ကြည်ပြီး ဘာကိုမှမရှုံးမပေးဘဲထက်မြတ်တဲ့ မေ"
အတ္တက သူမကိုပုခုံးကနေကိုင်ပြီးပြောလိုက်သည့်အခါ
"ငါလည်းပြိုလဲတဲ့အချိန်ရှိတာပဲအတ္တ အခုငါ့ဘ၀မှာဘာမှာမရှိတော့ဘူး"
"မင်းဘ၀မှာမင်းရှိသေးတယ် မေ"
"ငါသိပ်ချစ်ရတဲ့ ဒယ်ဒီလည်းငါ့ကိုထားသွားပြီ ငါ့အတွက်နေစရာတောင်မချန်ထားခဲ့ပဲထားသွားတာ"
"မင်းအခုဘယ်မှာနေနေလဲ "
"တည်းခိုခန်း"
"မင်းက အဲ့လိုနေရာမှနေရမယ့်သူမှမဟုတ်တာ ငါနဲ့လိုက်ခဲ့"
မေက အတ္တကိုကျောခိုင်းကာ တစ်ဖက်သို့လှည့်သွားပြီး ခေါင်းရမ်းသည်။
"အခု နင်နဲ့ငါက အဲ့လိုပတ်သတ်မှုမျိုးမှမဟုတ်တော့တာ နင့်နောက်ကို လိုက်ချင်တိုင်းလိုက်ပြီး အားလုံးနင့်ဆန္ဒတိုင်းဖြည့်ဆည်းပေးလို့ရတဲ့ ပတ်သတ်မှုမျိုးမဟုတ်တော့ဘူး"
အတ္တ ငြိမ်နေမိသည်။ အရင်ကလိုသာဆိုရင် အခုမင်းနဲ့ငါ အဲ့ဒီလိုပြန်ပတ်သတ်လို့ရတာပဲလို့ပြောလိုက်မိမှာ။
အခုတော့ အဲ့ဒီစကားလုံးတွေက ပါးစပ်ကနေတစ်ခွန်းမှထွက်မလာခဲ့ဘဲ မွန်းရှိတယ်ဆိုပြီးနှလုံးသားကအသိပေးနေသလိုခံစားနေရသည်။
"နင့်မှာ အခုကောင်မလေးရှိနေတယ်မလား နင့်အတွက် အရင်လို one night stand မျိုးမဟုတ်ပဲ ငါ့ထက်တောင်အရေးပါတဲ့ မိန်းကလေးလို့ငါသိထားတယ်"
အတ္တ တွေတွေကြီးရပ်နေပြီး တကယ်ဆို မွန်းနဲ့ ကိုယ့်ရဲ့ ပတ်သတ်မှုက ရုပ်ပိုင်းဆိုင်ရာအရာဆိုလျှင် မေနဲ့ပတ်သတ်မှုလောက်ပင်မနက်နဲသေးပေ။
မွန်းနဲ့ကိုယ်နဲ့ကြားမှာ အနမ်းနဲ့အထိအတွေအချို့သာရှိသေးတာဖြစ်ပြီး
မေနဲ့တုန်းကဆို ဒီ့ထက်အများကြီးပိုတဲ့ အထိအတွေ့ပက်သက်မှုတွေရှိခဲ့ကြတာ။
ဒါပေမဲ့ ဒီရင်ထဲမှာ ဘယ်သူ့ကိုမှထပ်ထည့်လို့မရလောက်အောင် မင်းကအပြည့်နေရာယူထားတယ်မွန်း။
အတ္တဟာ မေ့အနားသို့ တိုးကပ်၍ လက်တစ်ဖက်ကိုဆွဲလိုက်ကာ
"လောလောဆယ်တော့ မင်း လိုက်ခဲ့မှကိုဖြစ်လိမ့်မယ်မင်းတည်းခိုခန်းမှာဆက်နေရင် နောက်ဆက်တွဲမှာကောင်းကျိုးတစ်ခုမှဖြစ်လာမှာမဟုတ်ဘူး "
မေသည် သူမလက်ကိုလာကိုင်တဲ့အတ္တ၏လက်ခုံပေါ်က နီရဲပြီးအရေခွံစုတ်နေသောဒဏ်ရာကြီးအားမြင်လျှင်မြင်ချင်း
"နေဦး နင့်လက်ကဒဏ်ရာ?"
"အင်း အချစ်ကြောင့်ရတဲ့ဒဏ်ရာလို့ထင်တာပဲ"
=====================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (25) ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(24)
"မွန်း.... ကိုယ် ပြောပြမယ်"
Advertisement
"ဟင့်အင်း မလာပါနဲ့ "
"ဟင်း..."
"ကိုယ် တောင်းပန်ပါတယ် "
"အ...."
"ဟွန့် ဟင့် အဟင့် "
Sleep well...Baby"
"ဘာပြောစရာရှိလို့လဲ"
"ဘာလဲ သူဘယ်မှာလဲ"
"ဘာ?"
"အခုဘယ်မှာလဲ"
"အခု ချက်ချင်းသွားမယ် "
"ဒေါ်မေတင်"
"ဟုတ်ကဲ့ သခင်လေး"
"အင်း "
"အင်း မင်းကို"
"အေး အတ္တ"
"ငါ မေ့ကိုတွေ့ပြီ "
"ငါပစ်မထားပါဘူး"
"မင်းအခုဘယ်မှာနေနေလဲ "
"တည်းခိုခန်း"
Advertisement
- In Serial30 Chapters
Opposites Attract
John Johnson, the youngest of the Johnson siblings in the castle. His sister being THE Luna of all Luna's, being married to the Alpha king and all, he was well known at his highschool with all werewolves in his pack. Being the football quarterback and the hottest senior at Royal High School, it wasn't hard for him to catch the eye of every female in the school, well at least not the female he was looking for. His mate was the only female he wanted his life, to be with, to love, and to cherish.Even though many female wolves wanted him he continued to look for her, and he never stopped. Little did he know his mate was hiding from him because she was the total opposite of what he was at school. Vivian Tran. A sass mouthed, always hungry,book worm, and school nerd of a wolf. She was the type of person to never understand why the moon goddess had to choose who you fall in love with if you can just fall in love with someone you've known for a long time. Like a best friend. Which was some thing she had before, a guy best friend. The downfall that broke her heart was that sadly her best friend found his mate and left her all alone at school having to deal with bullying, stress, and no friends. She never wanted anything to do with a guy for the rest of her life since then, but could the heart filled, love hungry, kind wolf John change her mind? (Story based on the character John John from my book 'The Beast and Me')...Highest Rankings: #3 Short story (1.24.22)#2 Nerd girl (1.24.22)
8 109 - In Serial51 Chapters
My Best Friends Baby
Autumn Grace Smithton is in love with her best friend Ace Tyrell Hunter, she has been since she was 9. She hasn't told him for many many reasons. She's what you would call a nerd. She prefers reading books and doing homework then going to parties every weekend to which she thinks is a waste of space. Ace Tyrell Hunter is dating the star queen B aka most popular girl in school, but there's a twist he doesn't actually like Katie, he's only dating her so she stops tormenting Autumn. He's also in love with his best friend but won't tell her because he's scared he'll loose her and things will become awkward. He's also what you call the popular kid in school, goes to parties, captain of the soccer team. So what happens when their parents have to go on a business trip for 2 months? One night things lead one to another. Will this ruin their friendship? Bring them closer? Find out in My Best Friends Baby ❤️ Check out the sequel called 'Losing & Expecting'! Chapter 1 is now out :)
8 162 - In Serial35 Chapters
Craving Him | Completed
Sam:Being in love with a guy who is nine years older than you is not easy, especially if he all but ignores you and thinks of you as a kid. Roaming around your crush like a love sick puppy is pathetic but Sam couldn't help himself, Rick was the only one he ever craved.Rick:Trying to nurture his wounded heart, Rick has focused only on his training and work for the past three years. Being in love with your best friend who did not return the feeling was painful but Rick had managed to move on.Things take a turn when he starts to develop feeling for a 18 year old. The boy who was outcasted from his pack for his sexuality has returned. Now, Rick's broken heart is starting to mend but the question is will he let himself fall in love again. **Moved To Webnovelbook 4 of Yoda Pack**contains strong language and sexual content**-gay sex-nine years age gap
8 166 - In Serial25 Chapters
komorebi - a naruto uzumaki love story
DISCLAIMER-> TAKE THE FANFIC LIGHTLY ! writing this after a year (?) or two. THIS IS my first fanfiction, i never post my stuff but since i wrote this during quarantine, i thought of publishing it just to check off a task/bullet in my bucketlist. there are some parts that probably don't make much sense + are not that accurate to the plot of naruto (considering that i havent watched that show in YEARS) basically, after absorbing so many naruto fanfictions since i was in elementary, i wanted to make one for myself to please my 12-year-old self with atleast decent writing and character (bare minimum, i just want fluff in canon) THANK U SO MUCH FOR READING THIS ?! i never expected it to get attention so i sincerely apologize for some stupid parts ! i don't want to try and edit the parts since i would always find it ugly then i would delete the whole thing, and i dont want to regret writing this !!! tysm again and ily all ! 𝓴𝓸𝓶𝓸𝓻𝓮𝓫𝓲 - sunlight filtered through tree leaves.Light blue hair along with the girl's eyes. The same girl who has forgotten about her origin. The girl who does not remember her capabilities. The girl who would unfold the mysteries of a clan. The girl with the light blue hair who would cross her path with a blonde knucklehead.-"ʏᴏᴜ ᴍᴀᴋᴇ ᴍᴇ ꜰᴇᴇʟ ʟɪᴋᴇ ᴍʏꜱᴇʟꜰ""ʏᴏᴜ'ʀᴇ ɴᴏᴛ ɢᴏɪɴɢ ᴛᴏ ᴅɪᴇ ᴛᴏᴏ, ʀɪɢʜᴛ?""ɪ ᴄᴀʀᴇ ᴀʙᴏᴜᴛ ʏᴏᴜ ᴀ ʟᴏᴛ.""ɪ'ʟʟ ᴘʀᴏᴛᴇᴄᴛ ʏᴏᴜ ᴡɪᴛʜ ᴍʏ ʟɪꜰᴇ."- a naruto uzumaki love story, completed (pain arc, unedited)
8 119 - In Serial5 Chapters
It Started With A Story
Im taking a break from my other stories. I feel this is a necessary story that needs to be written. Those who don't believe in forever afters. Don't believe in Mr. Right. This is a story for you.
8 111 - In Serial138 Chapters
[BL] Transmigrated into a Heartthrob Novel and Went OOC
Transmigrated into a Heartthrob Novel and Went OOC穿進萬人迷文的我人設崩了Author(s)東施娘Status in COOCompleted138 Chapters DescriptionFang Chaozhou found himself transmigrating into a Danmei novel, as a character who had the exact same name as himself. He became the Second Brother of the Protagonist and he had no clue who the ML was.In the original book, Fang Chaozhou loves the Protagonist and is madly in love with his Junior Brother; as he blocks swords for him, kills monsters for him, and bangs against any wall for him.And now...Fang Chaozhou: Forget it, there are too many suitors, I'd better wash up and sleep.Since Fang Chaozhou gave up on pursuing his Junior Brother, the Protagonist's other suitors saw that Fang Chaozhou had become enlightened. They became good friends with him, sharing their little secrets with him from time to time.Suitor No. 1: Last time I picked celestial grass for Junior Brother and he said thank you.Fang Chaozhou (surprised): Junior Brother must like you!Suitor No. 2: Junior Brother went on a mission with me last time, and asked me to pay attention to my safety.Fang Chaozhou (confirming): He absolutely likes you, as he didn't run away.Suitor No. 3: His clothes were torn when he fought the monster last time. I lent him my coat, but he didn't want it.Fang Chaozhou (touching his chin): I'm sure it must be because he likes you. He's too shy....Later, the Junior Brother came to his door.His Junior Brother who has a beautiful face coldly asks: Second Brother, someone has been spreading rumors every day that I like others, does this mean he likes me?Fang Chaozhou coughed twice: Junior Brother, if you have something to say, can you untie the immortal rope on my body first?
8 121