《အတ္တလွန်အချစ် (OC) Completed》Part (22) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(22)
အတ္တသည် အလင်းရှိတဲ့ကားနားသို့ လျောက်လာခဲ့သည် ။
"သွားစို့ အလင်း "
တကယ်လို့ ဒီနေ့ဂျော်နီနဲ့သာ ချိန်းမထားရင်
အခုလို အပြင်ထွက်ဖြစ်မှာမဟုတ်။ သူမရဲ့ပြုစုယုယမှုတွေကိုနှစ်သက်တာမို့ အိပ်ယာထဲကတောင်ထဖြစ်မည်မထင်ပါ။
=====================
သူချိန်းတဲ့ Bar ကိုရောက်လျှင်သီးသန့် VIP အခန်းထဲမှာ မိန့်မိန့်ကြီး ပုလင်းထောင်၍ထိုင်နေသည့် ဂျော်နီက အတ္တ တံခါးဖွင့်၍ ၀င်လာသည်နှင့် မျက်ခုံးတစ်ချက်ပင့်ပြလိုက်သည်။အတ္တကတည်တံ့လွန်းသည့်မျက်နှာထားနှင့် သူ့ရှေ့မှာ၀င်ထိုင်လိုက်ပြီး
"မင်း မချိန်းတောင် ငါက ချိန်းဖို့စိတ်ကူးထားတယ်"
အတ္တက အရင်ဖွင့်ဟလိုက်သည်။
"ဆိုပါဦး ဘာအတွက် "
အတ္တသည် ဂျော်နီ့ရှေ့က အမှုန့်တွေပါတဲ့ စီးကရက်အဖြူတစ်လိပ်ကို နှုတ်ခမ်းမှာ တပ်ဆင်လိုက်သည့်အခါ ဂျော်နီက မီးခြစ်ထုတ်ပေးလိုက်သည်။
အငွေ့တွေကိုတစ်ချက်ရှိုက်ထုတ်လိုက်လိုက်ကာ လက်ကြားထဲက စီးကရက်ကိုနှစ်သက်စွာတစ်ချက်ကြည့်လိုက်သည်။ဆေးမချရတာကြာပြီမဟုတ်လား။
"မင်းလုပ်တဲ့ကိစ္စ မင်းသိမှာပါ"
အတ္တက ပြောပြီး စီးကရက်ကိုနောက်တစ်ရှိုက်ထပ်ဖွာသည်။
"ငါက မေသုခ ကိစ္စပြောမလို့"
ဂျော်နီဟာ အတ္တရဲ့စကားကိုအသိအမှတ်မပြုဘဲ လမ်းကြောင်းလွှဲလိုက်သည်။
ဂျော်နီ့ပါးစပ်ကထွက်လာသည့် မေသုခဆိုတဲ့နာမည်ကြောင့် အတ္တကစိတ်ဝင်စားစွာနားထောင်နေသည့်အခါ
"ကြည့်ရတာ မင်းမသိသေးဘူးထင်တယ်"
မေက ဘာပဲဖြစ်ဖြစ် သူ့ကိုအားလုံးပြောပြတာပါ။ ဒီတစ်ခါ ဘာလို့ဂျော်နီကအရင်သိနေရတာလဲ။
"မေသုခ မနေ့ကပဲ အိမ်ရာမဲ့ ဖြစ်သွားတယ် "
အတ္တရဲ့မျက်ခုံးတွေကတွန့်ချိုးကျသွားပြီး
"မင်း ကိုဘယ်သူပြောလဲ"
ဒါဘယ်နည်းနဲ့မှ မဖြစ်နိုင်တဲ့ကိစ္စ။
မေ့ လိုဆရာ၀န် တစ်ယောက်က ဘာကိစ္စ အိမ်ရာမဲ့ဖြစ်ရမှာလဲ။အန်ကယ်ဂျွန်ကလည်း မေ့ကိုဒီလိုအဖြစ်ခံမှာမဟုတ်ဘူး။
မေသုခက ဒီလိုဂိုဏ်းတွေအတွက်သီးသန့်ဆရာ၀န်မဟုတ်လား။မေသုခရဲ့ အဖေ ဂျွန် သည်လည်း ဂိုဏ်းခေါင်းဆောင်ပဲလေ။
"ဘာလဲ မင်းကမယုံတာလား "
အတ္တက ငြိမ်နေသောကြောင့် ဂျော်နီကဆက်ပြီး
"မေသုခရဲ့ အဖေ လည်း မနေ့က ကာစီနို မှာအပြတ်အသတ်ထိသွားတာ"
ဒီလိုဆိုတော့လည်း ဂျော်နီပြောတာဟုတ်နေမလားဟုစဥ်းစားမိသည်။အန်ကယ်ဂျွန်က လောင်းကစားမက်မောသူတစ်ယောက်ဖြစ်သည်။
ငါ မွန်းနဲ့အနားယူနေတဲ့ အချိန်၁ပတ်လောက်အတွင်းမှာ ဘာတွေဖြစ်ကုန်တာလဲ။
မေ ငါ့ကိုမဆက်သွယ်ပါဘူး ထင်ထားတာ သူတကယ် ဒုက္ခရောက်နေတာလား။
အရင်ကဆို မေဟာ အတ္တ ဒဏ်ရာရရင် ၁ရက်ခြားတစ်ခါဖုန်းဆက်လေ့ရှိသူဖြစ်သည်။
"အဲ့မှာပဲ အကုန် ပြောင်သွားတာ "
"မင်းကဒီကိစ္စပြောပြချင်လို့ငါ့ကိုသပ်သပ်ချိန်းတာလား "
အတ္တကကုန်သွားတဲ့စီးကရက်အား ဆေးလိပ်ခွက်ထဲသို့ပစ်ထည့်ပြီးပြောလိုက်သည်။
မေဒုက္ခရောက်နေတဲ့ကိစ္စဟာ သူမပြောလည်း တစ်နေ့အတ္တသိရမည့်ကိစ္စဖြစ်သလို ဒီအကြောင်းပြောဖို့သပ်သပ်ရန်သူကိုချိန်းတယ်ဆိုတာကတော့ရုပ်ပေါက်လွန်းသည်။
"ငါက ငါ့ကိုဓားနဲ့ချောင်းပြီးနှောက်ယှက်တဲ့ကိစ္စလာရှင်းတာ "
"အို ဟိုး အဲ့တာငါလို့ပြောချင်တာလား "
"ပြောချင်တာမဟုတ်ဘူး ပြောတာ မင်းဆိုတာ ငါသေချာသိနေတာပဲ"
အတ္တစကားကြောင့် ဂျော်နီ့ မျက်နှာတည်သွားသည်။
"ဆိုပါဦး ဘာအတွက်လဲ "
အတ္တက မျက်ခုံးတစ်ချက်ပင့်ပြီးမေးလိုက်တော့
"ငါရှင်းမပြနိုင်ဘူး ဒါပေမဲ့ အဲ့ဒီအချိန်လေးတွင်းမှာ မင်းရဲ့ လျှို့ဝှက်ချက် အာ... အားနည်းချက်လို့ပြောရင်ပိုကောင်းမယ် ငါသိလိုက်ရတယ်"
ထင်သည့်အတိုင်း ဂျော်နီဟာ အတ္တမသိအောင် တစ်ခုခုစီစဉ်နေခြင်းဖြစ်သည်။
"မင်း က သိပ်လျှိုနေပါလား ဘာလဲ ငါ့ကိုမနိုင်မှာဆိုးလို့လား "
အတ္တက ခနဲ့စွာပြောလိုက်တော့ ဂျော်နီ့မျက်နှာပိုတင်းသွားပြီး
"မေသုခ ဆရာ၀န် ဖြစ်စက ဒီလောကမှာ ဘယ်လောက်နာမည်ကြီးလဲ မေ့တုန်းကလည်း မင်း ငါ့ဆီကလုသွားတာပဲ ...."
ရုတ်တရက်ကြီး အတိတ်ကအကြောင်းအရာတစ်ခုကိုပြန်ဖော်နေသောဂျော်နီပင်ဖြစ်သည်။
"ဟိုး... ငါမေ့ကို မင်းဆီကကိုလုတာမဟုတ်ဘူး မေကိုယ်တိုင်က ငါ့ကိုရွေးခဲ့တာ ငါ မေ့ကိုချစ်တယ်လို့တောင်မပြောခဲ့ဘူး "
အတ္တက ထိုကဲ့သို့ပြန်ပြောလိုက်တော့ဂျော်နီသည် အနာဟောင်းကိုဆွလိုက်သလိုခံစားရသည်။
အန်ကယ်ဂျွန်ဟာ လက်နက်မှောင်ခိုဂိုဏ်းကBossဖြစ်ပြီး ဒီလိုငွေမဲကိုင်နဲ့ ဂိုဏ်းတွေထဲမှာလည်းနာမည်ကြီးကာ သူ၏ သမီးဖြစ်သူ မေသုခဟာ ဆရာဝန်ဖြစ်သည့်အပြင် ချောချောလှလှ စမက်ကျကျမိန်းမလှလေးဖြစ်သဖြင့် ဂိုဏ်းခေါင်းဆောင်အတော်အများကြားမှာနာမည်ကြီး လာသည်။သူမကို လက်ထပ်ဖို့လာကမ်းလှမ်းသူတွေ ချစ်ခွင့်ပန်သူတွေလည်း အများကြီးအပြားရှိပြီး ဂျော်နီဟာလည်း ထိုလူတွေထဲကတစ်ယောက်ဖြစ်သည်။
သို့သော် မေသုခသည် ထိုအချိန်ကအတ္တ၏အစ်ကိုသီဟလွန်နှင့်သူငယ်ချင်းတွေဖြစ်ကာ အိမ်ကိုအဝင်အထွက်များပြီး အတ္တနှင့်သာ ရင်းနှီးကျွမ်းဝင်ကာ ငြိတွယ်ခဲ့၍ တခြားဂိုဏ်းသားအားလုံးဟာ မေတစ်ယောက်ဂျော်နီ့ကိုရွေးမယ်ဟုထင်ထားကြချိန်မှာ မေဟာ ဂျော်နီကိုငြင်းပယ်၍ အတ္တနဲ့အတူနေခဲ့သည်။
ထိုကိစ္စကို ဂျော်နီလွယ်လွယ်နဲ့လည်းမေ့နိုင်မှာမဟုတ်သလို ဘယ်တော့မှလည်းကျေနပ်နိုင်မှာမဟုတ်ပေ။
"တောက်!"
ဂျော်နီ မေးရိုးထောင်လာပြီး မေသုခ ကိုရော အတ္တ ကိုပါထိုအချိန်ကတည်းကနေအခုထက်ထိ အခဲမကြေခဲ့ခြင်းဖြစ်သည်။
"ဒါနဲ့ မေအခုလိုဖြစ်တာမင်းပယောဂရောကင်းရဲ့လား ဂျော်နီ"
ဂျော်နီ နှုတ်ခမ်းတစ်ဖက်ရွဲ့လိုက်ပြီး
"ဘာလဲ ငါလက်ချက်လို့ထင်ချင်တာလား ငါ မေသုခလိုမိန်းမမျိုးကိုလှည့်မကြည့်တော့ဘူး "
"မင်းလို အသစ်မြင်အသစ်လိုချင်နေတဲ့ကောင်ကို မေ မရွေးချယ်ခဲ့တာ သိပ်မှန်တယ်"
"ငါ လည်းစဉ်းစားနေတာ ငါသဘောကျတဲ့မိန်းမတိုင်း ဘာကြောင့်မင်းနဲ့ပတ်သတ်နေသလဲ လို့"
အတ္တ ချက်ချင်း စီးကရက်နောက်တစ်လိပ်ကိုမီးညှိနေရင်း ဂျော်နီကိုစူးစူးရဲရဲကြည့်လိုက်သည်။
မိန်းမတိုင်းဆိုတဲ့အတွက် မေတစ်ယောက်တင်မဟုတ်ရင်နောက်တစ်ယောက်ကမွန်းပဲရှိတာမဟုတ်လား။
"စိတ်ကူးမယဉ်နဲ့ ဂျော်နီ မွန်းကငါ့အပိုင် "
"မင်းသာ သိပ်ဘ၀င်မမြင့်နဲ့ မွန်းကိုတော့ ငါကအလျော့မပေးနိုင်ဘူး မင်းကိုယ်တိုင် ငါနဲ့မွန်းကိုတွေ့ဆုံစေခဲ့တာမဟုတ်လား"
အတ္တဟာ စာချုပ်ပြန်ယူတုန်းက ကိစ္စကို သတိရသွား၍ သူမကိုဒီပွဲထဲဆွဲထည့်မိသည်အား ပြန်တွေးကာ စိတ်ထဲမှာ အလိုမကျသလိုဖြစ်လာသည်။
ဒါပေမဲ့ နောင်တဆိုတာ ကိုယ့်ဘ၀မှာ အရေးပါတာမှမဟုတ်တာ။
"မင်း သဘောလေ မွန်းကို ငါ့ရင်ခွင်ထဲကဆွဲထုတ်ဖို့တော့မကြိုးစားနဲ့ ရမှာမဟုတ်သလို မင်းကိုလည်းငါ အရှင်မထားဘူး"
အတ္တက စီးကရက်ကိုတစ်ခါတည်းအကုန်ရှိုက်ယူပစ်လိုက်လိုက်ကာ ကျန်သောစီးကရက်တိုကိုစားပွဲပေါ်မှာဖိချေပစ်လိုက်သည်။
"ရင့်လှချည်းလား ဘာလည်း မင်းလို မိန်းမ မရှားနဲ့ကောင် မွန်းနဲ့မှ အချစ်ကိုတွေ့နေတာလား
Advertisement
Sorryပဲ အတ္တ ငါလည်း မွန်းကိုမှချစ်တာ"
ဗုန်း!
အတ္တသည် ရှေ့ကစားပွဲကြီးကို ဗုန်းကနဲထုရိုက်ကာ မတ်တပ်ရပ်လိုက်သည်။
"စောက်ပါးစပ်ပိတ်ထားလိုက် ဂျော်နီ မင်းအဲ့ဒီလိုပြောခွင့်မရှိဘူး"
ကိုယ်တောင် ချစ်တယ် လို့မပြောရသေးတဲ့ သူမကို သူများနှုတ်မှလည်းချစ်ပါတယ်လို့ပြောဆိုတာလုံးဝမကြိုက်ပါ။
မင်းကငါ့အတွက်ပဲ မွန်း ဘယ်သူ့ကိုမှမပေးနိုင်ဘူး
မျက်လုံးတွေက ဒေါသကြောင့် နီရဲလာပြီး
ဒီချိန်မှာ ဒေါသဖြစ်သူသာအရှုံးမို့ အတ္တက အခန်းအပြင်သို့ထွက်လာလိုက်သည် ။
မဟုတ်ရင် ဂျော်နီ့ကို သူထိုးမိတော့မည်။နောက်ဆက်တွဲပြသနာတွေကမနည်းတာကြောင့် အိမ်ပြန်ဖို့သာစိတ်ကူးလိုက်သည် ။
အတ္တသည် အပြင်ရောက်တာနဲ့ ကားရှေ့ခန်းထဲက ဒက်ရှ်ဘုတ်ကို အကြမ်းပတမ်းဖွင့်ကာ အဖြူရောင်အမှုန့်ထုပ်ကိုရှာပါသည်။
ဂျော်နီရှေ့မှာတုန်းကစီးကရက်ထဲကနေ မစို့မပို့ဘဲလုပ်လိုက်ရကာ အားမရသဖြင့် အနည်းငယ်ပဲပါသည့် ရေစိုခံအိတ်နှင့်ထည့်ထားသော အမှုန့်အနည်းငယ်ကို ကားဒက်ရှ်ဘုတ်ပေါ်ဖြန့်ချလိုက်ပြီး တွေ့တဲ့ပိုက်နှင့်နှာခေါင်းတစ်ဖက်ပိတ်ကာရှိုက်ရှူပစ်လိုက်သည်။
" အား...."
ခေါင်းကိုမော့လိုက်ကာ တစ်ချက်ခေါင်းကိုရမ်းခါလိုက်ပြီးနောက် ဒက်ရှ်ဘုတ်ပေါ်က အမှုန့်အမြှောင်းလေး၃ မြှောင်းကိုလည်း ထပ်ပြီးရှိုက်ရှူပစ်လိုက်သည်။
ကားထဲမှာ အတ္တဘာလုပ်နေသလဲဆိုတာသိပြီးသားအလင်းဟာ အပြင်မှာ ဘော်ဒီဂတ်တစ်ယောက်ပီပီ မတ်တပ်ရပ်ပြီးစောင့်နေရသည်။
အတ္တသည် ခတ္တအကြာမှာ ရှေ့ခန်းထဲကနေပြန်ထွက်ပြီး ကားနောက်ခန်းဆီသို့ပြန်၀င်၍ ကူရှင်မှာ ခပ်လျောလျောမှီကာ နှဖူးပေါ် လက်တင်ထားလိုက်သည်။
သခင်လေး၀င်ထိုင်လိုက်သည်နှင့် အလင်းလည်းမောင်းသူနေရာတွင် နေရာယူလိုက်လေသည် ။
အတ္တ မျက်လုံးတွေမှိတ်ထားပေမဲ့ အတွေးထဲမှာ မေ အဆင်ပြေရဲ့လားဆိုတာကပေါ်လာပြန်သဖြင့်
"အာ ...."
ငါဒီတိုင်းနေလို့မဖြစ်သေးပါဘူး။
အတ္တက ဖုန်းထုတ်၍ contanct list ထဲက 'May´ ဟူသည့်နာမည်လေးကိုနှိပ်လိုက်ပြီးဖုန်းကိုနားနဲ့အနီးဆုံးသို့ကပ်လိုက်သည်။
"လူကြီးမင်းခေါ်ဆိုသောတယ်လီဖုန်းမှာ ဆက်သွယ်၍ မရနိုင်ပါ"
"ကျစ်....."
အတ္တသည် နောက်တစ်ကြိမ် ထပ်ခေါ်ပါသေးသည်။
"လူကြီးမင်း...."
ဖုန်းချပစ်လိုက်ပြီး
"အလင်း"
"ဟုတ်ကဲ့ သခင်လေး"
"မေ ဘာတွေလုပ်နေလဲ စုံစမ်းပါ "
"ဟုတ် ကျွန်တော် စုံစမ်းထားလိုက်ပါ့မယ် "
မေ မင်း ဘာတွေလုပ်နေတာလဲ တစ်ခုခုဖြစ်ရင် ငါ့ဆီကိုလာလို့ရရဲ့သားနဲ့။
အတ္တ စိတ်ထဲမှရေရွတ်ရင်း ရုတ်တရက်မျက်နှာကတင်းသွားပြန်သည်။
"ဆောရီးပဲ အတ္တ ငါလည်း မွန်းကိုမှချစ်တာ"
"တောက်!"
ခွက် ....ဗုတ်
ဂျော်နီ စကားကိုပြန်ကြားကာ ဒေါသကထိပ်ဆုံးသို့ထိုးတက်၍ လက်ထဲကဖုန်းအား ကားထဲမှာ လက်နဲ့တည့်ရာသို့လွှင့်ပစ်လိုက်သည်။
"တောက်!!"
ရာရာစစကွာ...
ငါကိုယ်တိုင်တောင် ချစ်ကြောင်းမဖွင့်ဟရသေးတဲ့ မိန်းကလေး ကို သူ့ပါးစပ်ကချစ်တယ်တဲ့
ဘယ်လိုမှ မကျေနပ်နိုင်ဘူး။
မွန်း မင်းလည်းကြပ်ကြပ်သတိထားနေ မင်းမှာဖုံးကွယ်ထားတာတစ်ခုခုရှိကြောင်းငါသိနေတယ်။
အလင်းက နောက်ကြည့်မှန်မှ သခင်လေးရဲ့ ဒေါသတကြီး လူသတ်ချင်နေတဲ့ပုံကိုကြည့်၍
အိမ်သို့ပင်မရောက်စေချင်တော့ပေ ။
============================
ခြံထဲသို့ ကားတစီးရောက်လာသဖြင့် မွန်း အခန်းထဲကနေလှမ်းကြည့်လိုက်သည်။
"ဟင် သူ့ကားလည်းမဟုတ်ဘူး"
ကားသည် အဖြူရောင်ဖြစ်နေသဖြင့် ဘယ်သူများလဲသိချင်စိတ်နဲ့ လှေကားကနေဆင်းလာခဲ့သည်။
"ဟယ် သား မင်းကို"
မေတင်က နောက်ဖေးမှ ထွက်လာ၍ မင်းကိုလတ်ကိုကြိုသည်။
"ဒေါ်တင် အတ္တ အတ္တ ဘယ်မှာလဲ"
"သခင်လေးမရှိဘူး သားရဲ့"
သူ့သူငယ်ချင်းထင်တယ်။
လူကတော့ခပ်သန့်သန့်ပင်ဖြစ်၍ အသက်ကလည်းခပ်ငယ်ငယ်ပင်ရှိဦးမယ်ဆိုပေမဲ့ အတ္တထက်ပင်လူကြီးဆန်သည့်ပုံစံမျိုးရှိသည်။မွန်းသည် လှေကားပေါ်ကနေ ပြူးပြူးလေးကြည့်နေရာမှ သိချင်စိတ်ကြောင့် မေတင်နောက်မှာသွားရပ်လိုက်သည်။
"ကျစ် ဒီကောင်ကအရေးအကြောင်းဆို မရှိဘူး "
"ဖုန်းမဆက်ကြည့်ဘူးလား သားက"
မင်းကိုလတ် တစ်ယောက် ဖုန်းကိုထုတ်လိုက်ပြီး
"စိတ်ကလောပြီးထွက်လာတာ ဖုန်းဆက်ဖို့ကိုသတိမရဘူး"
"အရေးကြီးလို့လား သား "
မင်းကိုလတ်သည် သက်ပြင်းချလိုက်ပြီး
"ရပါတယ် သူသွားတာကြာပြီလား လာမှပြောလိုက်မယ်"
"ကြာပြီကွယ့် လာတော့မယ်ထင်တယ်"
"ကျွန်တော် စောင့်လိုက်ပါ့မယ်"
"အေးကွယ် ဒေါ်တင် အလုပ်ရှိသေးလို့နော် ထိုင်ဦးနော်"
ဒေါ်မေတင်သည် မင်းကိုလတ်ဟာ ဧည်ခံနေရမည့် ဧည့်သည်မဟုတ်တာကြောင့် နောက်ဖေးပြန်၀င်သွားလျှင် မွန်းဟာ အိမ်အလည်ခေါင်မှာ မတ်တပ်ကလေးသူ့ကိုကြည့်နေတော့
"မင်းကမေမီမွန်း မဟုတ်လား"
သူကတည်တည်တံ့တံ့ပင်မေးလေ၏။
ကိုယ့်ဆီကိုအလုပ်လာလျှောက်တယ်သာပြောတာ အတ္တလက်ချက်နဲ့လူကိုအခုမှမြင်ဖူးရသည်။
"ဟင် မွန်းကိုသိတယ်!"
မင်းကိုလတ် ကရယ်ပြပြီး
"သိတာပေါ့ မင်း အတ္တ နဲ့တွေ့ခွင့်ရတာ ငါ့ကြောင့်"
အံမယ် သူ့လူ အတ္တ နဲ့တွေ့ရတာများ ဂုဏ်ယူရဦးမယ့်ပုံနဲ့။ အတ္တ ကသူတော်ကောင်းကြီးဆိုတော့ မွန်းကိုမြင်ရင် နမ်းဖို့သိတဲ့လူကြီး နှိပ်စက်ဖို့ပဲစဉ်းစားနေတဲ့လူကြီး မုန်းလိုက်တာ။
မွန်းစိတ်ထဲကနေ ပြန်ပြောလိုက်သည်။
"ရှင့်ကြောင့် ဆိုတာက? အာ... အဲ့တာဆို မွန်းကိုအလုပ်ပေးမယ်လို့ပြောတာရှင်လား"
သူ့ကပြုံးကြည့်ပြီး
"ဟုတ်တာပေါ့ "
"လူလိမ်!"
မွန်းသည် မျက်နှာကိုမဲ့ပြီးဆိုလျှင်
သူက မွန်းကိုပါးစပ်ဟောင်းလောင်းနဲ့ကြည့်ရင်း
"မင်းကအပြင်မှာကြည့်တော့ ပိုလှတာပဲ မင်းသူငယ်ချင်းစိတ်ပူချင်စရာပဲ"
"သူငယ်ချင်း? အာ နဒီ နဒီ ကိုပြောတာမလား"
"အင်း "
ဟုတ်သားပဲ နဒီက သူ့ဆီမှာ အလုပ်လုပ်တာ
"ရှင့်ကို ကျွန်မ မေးစရာတွေရှိတယ် "
ဆို၍ မင်းကိုလတ် အားဆိုဖာတွင် ထိုင်စေပြီး
သူမ နဒီ အဆင်ပြေလား နဒီ နေကောင်းစသည့် မေးခွန်းပေါင်းစုံကိုမေးလေတော့သည်။ သူတို့စကားကောင်းနေကြတုန်း ကားသံကြားသဖြင့် သူပြန်လာပြီဆိုတာသိလိုက်ရသည်။
"ဟ ဟ ဟား ဟား ဟုတ်လား နဒီ ကအဲ့လောက်တောင်စိတ်ပူနေတာလား"
အတ္တသည် ကားထဲကထံက်လာကတည်းက ရယ်သံအချို့ကြားနေရပြီး အိမ်ထဲ၀င်လာလျှင်ဝင်လာချင်း သူမနဲ့ မင်းကိုလတ်သည် တဟားဟား ရယ်မောနေကြတာတွေ့လိုက်ရသည့်အခါ ရင်ထဲမှာ ကိုကာကိုလာဘူးကိုလှုပ်ပြီး ဖောက်ထားသလို ဒေါသအမြှုပ်တွေ ပလုံစီလာသည်။
Advertisement
သူမဟာ သူ့ရှေ့မှာပင်ဒါမျိုးရယ်ရယ်မောမောရှိဖူးတာမဟုတ်ဘဲ သူစိမ်းယောက်ျားတစ်ယောက်နဲ့ ထိုကဲ့သို့ရယ်မောပြောဆိုနေကိုမြင်ရတာကလုံးဝအဆင်မပြေပါ။
"ဪ အတ္တ ငါမင်းကို မေးစရာရှိလို့"
အိမ်အပေါက်ဝကနေ သူတို့၂ယောက်ကိုစူးစူးရဲရဲကြည့်နေသည့် အတွက် မင်းကိုလတ် ကထလာပြီး အတ္တရှေ့ရောက်လာသည်။
"ဘာမေးမလို့လဲ"
မင်းကိုလတ်က သူ့ကို ခြံထဲပြန်ဆွဲခေါ်ရာ
မွန်းလည်း ထပြီးအိမ်ပေါ်ပြန်တက်သွားတော့သည်။
===============
မင်းကိုလတ်ပြန်သွားပြီးနောက်မှာအတ္တဟာ လှေကားအောက်ကနေဝင်ရသောမြေအောက်ခန်းထဲမှာ ဝိုင်နီတစ်ပုလင်းယူပြီး မင်းကိုလတ် ပြောသည့်စကားကို စဉ်းစားရင်း သူ့အခန်းထဲသူထဲ၀င်လာခဲ့သည်။
ကားပေါ်မှာ ကမန်းကတန်းလုပ်လိုက်တာမို့
ဆေးအရှိန်ကအခုမှတက်လာကာ လူကရစ်တစ်တစ်ဖြစ်နေပြီး မှိန်းချင်တာပဲသိသည်။
======
မွန်းဟာ ၀ရန်တာမှထွက်ကြည့်လျှင်
ကားမရှိတော့ဘူးဆိုတော့ ဟိုသူဌေးပြန်သွားပြီဆိုတာသိလိုက်ရသည်။
မွန်းသည် သူ့အခန်းရှေ့ခြေစုံရပ်ရင်း
ဒေါက် ဒေါက်
ဒေါက် ဒေါက်
"ကျွန်မ ၀င်ခဲ့မယ်နော်"
တံခါးခေါက်ပေမဲ့ အသံမကြားတာကြောင့် ဖွင့်၀င်လာခဲ့သည်။
အခန်းကြီးဟာတိတ်ဆိတ်နေပြီးသူ့ကိုမတွေ့သဖြင့်
"ရှင် ဘယ်မှာလဲ.... မရှိဘူးလား"
မွန်းဟာ အခန်းထဲသို့လျှောက်ကြည့်ရင်း
"ကျွန်မ ပြောစရာရှိလို့"
ရေချိုးခန်းဘက် ခြေလှမ်းတွေရောက်သွားလျှင်
ရေချိုးခန်းတံခါးက စိရုံသာစိထားသောကြောင့် သူမချောင်းကြည့်လိုက်သည့်အခါ Bath tubကြီးထဲမှာ သူကရေစိမ်ရင်း မျက်လုံးတွေမှိတ်ထားကာ မှိန်းနေသည်။ Bath tub ဘောင်ပေါ်မှာလဲ ဝိုင်တစ်ပုလင်းနှင့်ဖန်ခွက်တစ်ခုရှိနေသည်။ မွန်း ကြည့်လိုက်ရင်း ထိတ်လန့်သွားသည်။
သူ့ကိုကြည့်ရတာ အနားယူနေပုံစံမို့အခန်းထဲကနေပြန်ထွက်ဖို့ဆုံးဖြတ်လိုက်ကာ သူမက ပြန်လှည့်ရန်ကြိုးစားစဉ်
"၀င်ခဲ့!!"
အသံက မကျယ်ပေမဲ့အေးစက်မာကျောနေသည်။
သူမ မ၀င်ပဲ ခြေစုံရပ်ကာ တကယ်ပဲဝင်သွားရမလား မဝင်ပဲထွက်သွားရမလဲဟုအတွေးများဝေဝါးနေရသည်။
"မင်း နားမကြားလို့လား"
နောက်တစ်ခွန်းဟာပို၍ပင် ခက်ထန်နေသဖြင်း
မနက်ကတောင်မွန်းကိုခြံထဲအထိခေါ်ပြီး အေးအေးဆေးဆေး စကားပြောခဲ့ကြတာမဟုတ်လား။ အဲ့တာကြောင့် မွန်းဟာ စကားပြောလို့ရမယ်ထင်ပြီး သူ့ကိုလာရှာခဲ့မိတာ အခုသူ့ပုံစံဟာမနက်နဲ့မတူတော့ပါ။
မွန်းက တံခါးဖွင့်လိုက်ပြီး အထဲထိမဝင်ပဲရပ်နေသည်ဖြစ်ရာ
" ရှေ့တိုး"
သူမ ၂လှမ်းလောက်ပဲတိုးလာတော့
"အနားအထိလာလေ! "
မွန်းဟာရှေ့သို့ ၃လှမ်းလောက်ဆက်တိုးလာရင်း
"ကျွန် ကျွန်မ က နေ့လည်က ကိုမင်းကိုလတ် အကြောင်းပြောလို့ပါ သူ့ကို နဒီ့အကြောင်းတွေအကုန်မေးလိုက်တယ်သူက စိတ်ရှည်ရှည်နဲ့ ပြောပြတယ်သဘောကောင်းတယ်နော် နောက်ဆိုရင် နဒီ့အကြောင်းသိချင်ရင် သူ့ကိုဖုန်းဆက်ဖို့ ဖုန်းနံပါတ်တောင်ပေးခဲ့သေး...."
"အမလေး. .!"
ရုတ်တရက်သူ့လက်အေးကြီးနဲ့ သူမတံတောင်ဆစ်ကိုအကိုင်ခြင်းခံရလိုက်ရကာ
"မင်း ငါ့ရှေ့မှာ တခြားယောက်ျားအကြောင်းပြောရတာပျော်နေလား"
ဗုန်း...
"အ...."
အရှိန်နဲ့ ဆွဲချလိုက်တာမို့ကို့ရို့ကားယားနိုင်လွန်းစွာရေထဲသို့ပစ်ကျသွားရပြီး
"ဘာလုပ်တာလဲ ဒီမှာစိုရွှဲကုန်ပြီ!"
သူ သူ့ကိုမော့ကြည့်မိတော့ မွန်းကိုစိုက်ကြည့်နေတဲ့မျက်လုံးရဲရဲတွေက ပြင်းရှလွန်းသည် ။
မွန်းချက်ချင်း သူ့ကိုကျောပေးလိုက်သည့်အခါ
သူက သူ့ရင်ခွင်ထဲရောက်အောင် နောက်မှ ဆွဲဖက်၍
"မင်းငါ့ကိုဖုံးကွယ်ထားတာတစ်ခုခုရှိတယ်မလား "
မွန်းက အတင်းရုန်းရင်း
"ဟင့်အင်း ကျွန်မကိုလွှတ်ပါ"
သူ့ရဲ့အ၀တ်မပါတဲ့ခန္ဓာကိုယ်နဲ့ မွန်းနဲ့ကြားမှာ ကြားခံနယ်မရှိအောင်ကပါလွန်းနေသည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(23)ဆက်ရန်
မူးယစ်ဆေးကိုလက်တွေ့ဘဝမှာလုံးဝမစမ်းသပ်သင့်ပါ။
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(22)
"သွားစို့ အလင်း "
=====================
"ဆိုပါဦး ဘာအတွက် "
"မင်း ကိုဘယ်သူပြောလဲ"
"ဘာလဲ မင်းကမယုံတာလား "
"ဆိုပါဦး ဘာအတွက်လဲ "
"တောက်!"
ဗုန်း!
Advertisement
- In Serial6 Chapters
Mark of a Witch (Black Butler/Kuroshitsuji Fanfic)
Revenge drove her to make a bargain with a demon, to change and save herself. For better or worse, she didn't know. However, now her fate was entwined with that of an alluring demon, Sebastian Michaelis. He held claim to her soul and perhaps in time... her body. Note: This is set prior to the events in Black Butler/Kuroshitsuji. I hope you enjoy.
8 162 - In Serial17 Chapters
Gotham, I'm Back
Okay, fuck the description. I don't have an idea on how to write it soo... yeah. Anyways, I might write it later on. The only thing that I know is that Mari is Ivy's daughter.
8 141 - In Serial49 Chapters
His Mate {Alpha Hoseok} (Complete)
A Hoseok FF (JHope x Reader)Highest Ranking: #1 - btsjhope out of 22.1K books.~He moves his face closer to her neck. His mouth parts open and he aggressively licks her skin. She could feel his sharp canines on her neck. It was tempting, too tempting for him to control. "MARK HER!" his wolf said. "MARK HER! SHE'S OUR MATE!!" "Fuck!" He cursed before giving in the temptation.
8 86 - In Serial65 Chapters
The Secrets of The Reverence Pack
"You're bruised," the boy came up to him slowly. His calculated demeanor melted as he walked and for once, Jett saw the eighteen-year-old behind the princely mask he always hid behind."It'll heal," he assured him. "You look a bit beat yourself.""I took it too far," he gently held his arm where the bruise was. Every touch left a tingling sensation. "I'm sorry. My father. He..." he trailed off. The brown eyes that Jett had quickly fallen for wandered off into the distance. Jett wished he could read them better."What's the matter with your father?""I don't want to talk about that," he shook his head."Then what do you want to talk about?""Us," those dark eyes met with his again, showing Jett something he hadn't seen before in him."What about us?" Jett grinned.The boy caught him by surprise. He kissed him with a passion that Jett hadn't known he had.Oh Shiro, the next in line to the Reverence Pack.What was he going to do with him?***BlackCreek was a beautiful city well-known for it's foggy weather, amazing scenery, and the werewolves that guard it.Four packs surround the city, but none compare to the mysterious Reverence Pack and their secretive ways. The only thing that sparks Jett's interest in them now is a new coming-of-age Alpha. The princely young man was as quiet as the forest that surrounded them. And he finds himself pulled to the man in a way he can't describe.Shiro's spent years preparing to take leadership of his pack. He trained both his body and mind to their greatest potential.He prepared for it all.Except for his mate being the Alpha of the Valor pack.Shiro was a master at keeping his secrets hidden to the world. But there was only so much time before the Alpha found out; before the news would spread.Only so much time before the curse took its toll on them.With so much against them, and secrets that most took to their grave, can a love between two Alphas be strong enough to last all the hate that's sure to follow?COMPLETED
8 109 - In Serial57 Chapters
Fix my Heart || Percy Jackson x Reader [COMPLETED]
Y/N has survived 10 years alone on the run from monsters.It's a wonder how she was able to defend herself for such a long time.But eventually, the monster that would kill her was dominated by a quiet, handsome stranger.She was saved by Percy Jackson.So she would save him too.~~~~~~~~~~But maybe I should findA way to let you knowThat even thought you're goneYou have left me here aloneWell baby, you should tryTo fix my heart before you goBecause my heart will always be your second home~~~~~~~~~~Annabeth Chase died 2 years ago on the quest without Percy.But instead of joining her in Elysium, Percy lives.Why does he live?Because that's what Annabeth would want him to do.
8 151 - In Serial21 Chapters
devoid love • tate langdon
Her name is Callie Rose. She lives with her aunt and to her dissatisfaction, she was moving. Moving to LA California from the place she had lived her whole life. Ripped away in a heartbeat. Not only that but the house they move into isn't normal. Being named Murder House to the rest of the town. But things starts to become a bit better when she meets a certain boy. A boy with mystery thick in his eyes. Her house is haywire. Random people pop up. Secrets are revealed. Callie realizes she is going to have a harder time moving than she thinks.This is based off the first season of American Horror Story: Murder House. This is before the Harmon family moved in. This family instead. Please comment your thoughts below. Enjoy!Ranked number 2# in AHSMURDERHOUSE
8 214