《အတ္တလွန်အချစ် (OC) Completed》Part (21) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(21)
မွန်း မျက်နှာမကောင်းသလို ကြောက်လည်းကြောက်နေသည်။
ခုနက သူမသိအောင်ခိုးကြောင်ခိုးဝှက်အလုပ်တစ်ခုလုပ်ထားမိသည်မဟုတ်လား။
မွန်း သူ့အနားသို့ ခပ်စိတ်စိတ် ခြေလှမ်းတို့နှင့် ရောက်လာပြီး
"ရော့ "
သူ့ဆီသို့အင်္ကျီကိုထိုးပေးလိုက်သည်။
"မေးတာဖြေ ဘာလို့အဲ့လောက်ကြာနေတာလဲ "
သူဟာ အင်္ကျီလဲဝတ်ဖို့ ကြ ယ်သီးတို့ကိုဖြုတ်ရင်း မေးနေသည်။
"အဟွန်း အောက်ဆင်း သေးတယ်လေ စားပြီးသားပန်းကန်တွေသွားပေးရသေးတယ်"
သူက မွန်းယူလာတဲ့လက်ရှည်အဖြူကို ၀တ်ရင်း မသင်္ကာသလိုကြည့်သည် ။
မွန်းသူ့အကြည့်နဲ့မဆုံအောင် မျက်နှာလွှဲထားရင်း ချွေးစေးတွေတောင်ပြန်နေသည်။
"မင်းဘာဖြစ်နေတာလဲ ကိုယ့်ကိုမလိမ်နဲ့နော် မင်းပုံစံကမူမှန်ဘူး"
အလိမ်မကျွမ်းကျင်တဲ့မွန်းခဗျာ သူခိုးလူမိသလိုဖြစ်နေလေတော့
"ကျွန် ကျွန်မ ဘာဖြစ်နေလို့ "
"ကိုယ့် မျက်လုံးတွေကိုတည့်တည့်ကြည့်ပြော မင်း ဘာတွေဖုံးတာလဲ"
အင်္ကျီကြယ်သီးမတပ်ရသေးတဲ့သူကမွန်း ရဲ့တံတောင်ဆစ်ကနေလှမ်းဆွဲ၍ သူ့ဘက်ကိုလှည့်စေ၏ ။
"ဟင့်အင်း ကျွန်မ ဘာမှမလုပ်ဘူး "
သူမရဲ့ မျက်ရည်လေးတွေရစ်သီ နေတဲ့မျက်၀န်းလေးက လိမ်ညာနေလား အမှန်တွေလား ဆိုတာကို အတ္တ အဖြေရှာနေသည်။
"လွှတ်ပါတော့ အရမ်းနာနေပြီ "
အတ္တက မျက်မှောင်ကုတ်ကြည့်နေရင်း ဖြေးဖြေးချင်း လွှတ်ပေးလိုက်တော့သူမက ရေချိုးခန်းထဲ၀င်ပြေးသွားသည် ။
အတ္တသည် ဖွာလက်စ စီးကရက်ကို နှုတ်ခမ်းတွင်ပြန်ချိတ်၍
မင်း ကိုယ်မသိအောင် ဘာတွေလုပ်လုပ် ကိုယ့်ဆီကနေလွတ်လမ်းမရှိတာမို့ ခဏတဖြုတ်တော့ လွှတ်ထားပေးမယ် ဟက် အပျင်းပြေပေါ့။
မွန်းသည် ရေချိုးခန်းတံခါးကို ကျောလေးကပ်မှီရင်း ရင်ဘက်ကိုလက်အစုံနှင့်ဖိကာ အသက်ပြင်းပြင်းရှူနေရသည်။
============================
သူဘယ်မှမသွားပဲ အိမ်မှာပဲရှိနေတာ၁ပတ်ရှိပါပြီ
မွန်းအတွက်တော့ အနေကြပ်နေရသည်။
မွန်းကိုသူ့မျက်စိအောက်ကအပျောက်ခံတာမဟုတ်ဘူး ဒီတစ်ပတ်လုံးမွန်းအခန်းထဲမှာပဲ သူနေသည်။
မွန်းသည် အောက်ထပ်မှအပေါ်ပြန်တက်လာရင်း အခန်းတံခါးဖွင့်လိုက်လျှင်
မတ်တပ်ရပ်နေသည့် အပေါ်ပိုင်းဗလာသူ့ကျောပြင်ကြီးမှာ အတောင်ပံပုံစံ Tattoo ကြီးက အဖြူရောင်ကျောပြင်မှာထင်ရှားစွာ ရှိနေပြီသူနဲ့အရမ်းလိုက်ဖက်နေသည်။
မွန်းသည် ဒီနေ့သူအခန်းပြောင်းတော့မည်ဟုသိထားရတာကြောင့် ၀မ်းသာအားရ ခြေလှမ်းတွေနဲ့ သူ့အတွက် ရှပ်အင်္ကျီတစ်ထည်ကိုကလျှက် အနားတိုးလာခဲ့သည် ။
ရုတ်တရက် နှာခေါင်းထဲသို့ စီးကရက်နံ့၀င်လာသောကြောင့် မျက်နှာမမြင်ရတဲ့ သူ့ကို ဟိုကြည့်ဒီကြည့်နှင့်
"အွန်း"
ဆိုပြီး သူလှည့်လာခဲ့တော့ နှုတ်ခမ်းမှာ စီးကရက်ကိုက်လျှက် မွန်းကိုမြင်တော့ သူ့လက်ထဲသို့ကူးပြောင်းယူလိုက်သည်။
မွန်းမျက်နှာချက်ချင်းပျက်သွားတာကို သူသတိထားမိတာကြောင့်
"မင်း မလာသေးဘူးထင်လို့ ကိုယ်ကမီးညှိလိုက်တာ"
မွန်းက ဆေးလိပ်ငွေ့တွေနဲ့သူ့မျက်နှာကိုမကြည့်ချင်တာမို့ မျက်နှာကိုငုံ့လိုက်လျှင် သူ့ရင်ဘက်က ရောမဂဏန်း5လုံးနဲ့ A&M ဟူသော Tattoo ကြောင့် မျက်နှာကလေးဟာပို၍ညှိုးနွမ်းသွားရလေသည်။
ထိုTattoo ကိုမြင်တိုင်း ရင်ထဲမှာအောင့်သက်သက်နဲ့ခံစားရသည်။
အတ္တက ငုံ့ကျသွားတဲ့ သူမရဲ့မျက်နှာကို သူကပါလိုက်ငုံ့ကြည့်ပြီးလက်ထဲက စီးကရက်ကို စားပွဲပေါ်တင်လိုက်ကာ
"မင်း ကိုယ့်ရင်ဘက်ကိုကြည့်တိုင်း မျက်နှာကညှိုးညှိုးသွားတယ် ဘာဖြစ်ရတာလဲ"
သူ့မျက်နှာကိုကြည့်ရင်း ပျက်သွားတာက စီးကရက်ကြောင့်ဆိုတာ သိပေမဲ့ရင်ဘက်ကိုကြည့်ပြီး၀မ်းနည်းနေတာဘာကြောင့်မှန်း အဖြေမရှာတတ်ပါ။
အတင်းငုံ့ကြည့်နေတဲ့ သူ့ကြောင့် မွန်းလက်ထဲက အင်္ကျီကိုအတင်းထိုးပေးလိုက်သည်။
"ရော့ "
"ကျစ် မွန်း ကိုယ်က မေးရင် ဖြေမှကြိုက်တာနော် "
မွန်းက ခေါင်းလေးပိုငုံ့လို့ မျက်ရည်စလေးတွေကို မျက်တောင်ရှည်ရှည်တို့ဖြင့်ပုတ်ထုတ်ပစ်လိုက်၏ ။
အတ္တသည် သူမလက်ထဲက အင်္ကျီကို လှမ်းယူလိုက်၍ လက်လျှို၀တ်ကာ ကြယ်သီးမတပ်သေးပဲ
ဘာတွေခံစားနေမှန်းမသိတဲ့ သူမရဲ့ မသက်မသာမျက်နှာလေးကြောင့်
"ဟင်း...."
သက်ပြင်းဖွဖွချ၍ သူ့ရဲ့ ဗလာကျင်းရင်ဘက်နဲ့သူမခေါင်း၀င်တိုက်သွားသည်အထိ လက်တစ်ဖက်ကို အရှိန်ပါပါလှမ်းဆွဲလိုက်ကာ သူမခေါင်းလေးအား ရင်ခွင်မှာကပ်စေကာ မှေးစက်စေလိုက်သည်။
သူမကိုမုန်းသည်ဖြစ်စေချစ်သည်ဖြေစေ ဒီလို စိတ်မချမ်းသာတဲ့သူမမျက်နှာလေးကိုမမြင်ချင်တာတော့အမှန်ပါ။
"ဟင့် ဟင့် အဟင့် "
တရှုံ့ ရှုံ့ ငိုသံကြောင့် အတ္တ ပို၍ မျက်မှောင်ကျုံ့သွားရသည်။
မျက်ရည်တွေက သူ့ရဲ့အဖြူရောင်ရင်အုပ်ပေါ်မှာစိုရွှဲနေသည်မို့ သုတ်ပေးရန် သူမမျက်နှာလေးကိုသူ့လက်နှစ်ဖက်ဖြင့်ဆွဲမော့လိုက်လျှင် မဖက်ထားစဖူး သူမရဲ့လက်တွေက ကြယ်သီးမတပ်ရသေးတဲ့အင်္ကျီအဖြူအပေါ်မှ သူ့ရဲ့ခါးကို တင်းတင်းကြပ်ကြပ်ဖက်ထားလေ၏ ။
ရှင် ကျွန်မ မျက်ရည်တစ်ခါမြင်ရင်ကျွန်မတစ်ခါရှုံးတာပဲ မမြင်တာပိုကောင်းလိမ့်မယ်။
"မွန်း ဘာဖြစ်နေတာလဲ ကိုယ့်ကို ပြောလေ"
သူနူးညံ့ပြလေပိုခံစားရလေပဲ ဒီလိုနူးညံ့မှုတွေနဲ့မွန်းကိုအနိုင်ယူနေတာ မွန်းစိတ်ကိုကပျော့လွန်းတာပါ ။
သူ့ရင်ထဲမှာ ရှိတာမွန်းမှမဟုတ်တာ မွန်းကိုကစားနေတာ သူကမုန်းနေတာ မုန်းလို့သတ်သတ်လုပ်နေတာ
အတွေးမျိုးစုံနဲ့သူမက သူ့ရင်ခွင်ထဲရောက်နေသည်ကိုမေ့လျော့စွာ စိတ်တိုင်းကျငိုယိုနေမိတော့သည်။
အတ္တဟာ သူ့ခါးကိုမလွှတ်တမ်းဖက်ထားသဖြင့်
ငိုပါစေတော့ဟူ၍ လက်တစ်ဖက်က သူ့ဘောင်းဘီအိတ်ထောင်ထဲသို့ ထည့်ထားတာ တစ်ဖက်က သူမခေါင်းလေးအားဖွဖွလေးပွတ်သတ်နှစ်သိမ့်နေပြီး
တံခါးကဖွင့်ထားသည်မို့ အလင်းရောက်လာလျှင် သူ့သခင်လေးကို အတင်းဖက်ထားပြီးသခင်လေးက နှစ်သိမ့်ပေးနေတဲ့ ဒီမြင်ကွင်းလေးကို ဓာတ်ပုံရိုက်၍ပင်သိမ်းထားလိုက်ချင်မိသည်။
ဘယ်တုန်းက ဒီလိုနူးညံ့ပြီးနှစ်သိမ့်ပေးဖူးလို့လဲ။
တကယ်ရင်ထဲမှာကြည်နူးသွားရ၏။
အတ္တက အပေါက်၀မှာရပ်ကြည့်နေသည့် အလင်းကိုမြင်လျှင် မေးငေါ့ကာလက်ခါပြ၍ သွားတော့ဆိုသည့်အဓိပ္ပာယ်ကြောင့် အလင်း ခေါင်းညိတ်ပြီး ပြန်ဆင်းလာခဲ့သည်။
ရင်ခွင်ထဲမှာပါးကပ်ပီးငိုနေတဲ့သူမရဲ့လက်တွေက အနည်းငယ်လျော့ရဲလာပြီး မျက်ရည်စိုစိုသူမပါးနဲ့ ရင်ဘက်နဲ့ခွာလိုက်ပြီးမှ ကြောင်ကြည့်နေပြီး
ဟင် ငါ သူ့ရဲ့အ၀တ်မပါနဲ့ရင်ဘက်ပေါ်မှာငိုနေတာလား။
သူမဟာ ခါးပေါ်ကလက်တွေကို ပြန်ရုတ်သိမ်းပြီး သူ့ကိုလည်းမော့မကြည့်ရဲတော့ပါ။
ခေါင်းလေးကို ဖွဖွလေးပုတ်၍
"ငိုလို့၀ရင် ပြောတော့ ဘာလို့ငိုတာလဲ"
လက်ကလေးနှစ်ဖက်ကို အကြောင်းမဲ့ ပွတ်သပ်ပြီးသူ့ကိုရှက်ရှက်ကြောက်ကြောက်ဖြစ်နေတာလေးက သူ့ကိုပိုပြီးအသည်းယားလာစေသည်။
သူမကမော့မကြည့်ပဲ သူ့ရင်ဘက်ကိုပဲကြည့်နေပြန်တာမို့ အတ္တ သူမရဲ့အကြည့်ကို သေချာဖမ်းကြည့်လျှင် Tattooကိုကြည့်နေတာပဲ။
အတ္တက သွားဖွေးဖွေးတွေပေါ်လာအောင် ရယ်လိုက်ပြီး
"ကိုယ်သိပြီ မင်းက အဲ့တာကြောင့်ငိုတာလား"
Advertisement
လက်တစ်ဖက်တည်းနဲ့မွန်းခန္ဓာကိုယ်လေးကို ဂုတ်ကနေပြန်သိမ်းဖက်ပြီး
"ကိုယ်ကတော့ဘာများလဲလို့"
ရင်ခွင်ထဲက ရွစိရွစိနဲ့လှုပ်ရုန်းနေသဖြင့်
"ငြိမ်ငြိမ်နေလေ ကိုယ်ဖက်ပေးတာကို ခုနကတော့ ကိုယ့်ကိုဖက်ချင်တိုင်းဖက်ထားပြီးတော့ "
မငြိမ်တငြိမ်သူမလေးကို
"ကိုယ်က တစ်ခုခုဖြစ်တယ်ထင်နေတာ "
"ကျွန်မ ဘာသာ ဒီတိုင်း..."
"မငြင်းပါနဲ့ ဘာလို့ငိုတာလဲဆိုတာ ကိုယ်သိတယ် အဲ့ဒီTattoo ကမင်းထင်တဲ့အဓိပ္ပာယ်မဟုတ်ဘူး "
"ဟင်!"
သူမကမော့ကြည့်ပြန်တော့ သူက ငုံ့မလာပါ မွန်းရဲ့ခေါ်င်းပေါ်မှာမေးတင်ပြီး
"အခုတော့ အဲ့လောက်ပဲသိထားပါ ကိုယ်မင်းကိုရှင်းပြဖို့အချိန်မကျသေးဘူး နောက်ပြီး အဲ့ဒီ Tattooကြောင့်ဆိုရင်ထပ်မငိုနဲ့တော့"
မွန်းက တွန့်လူးရုန်းထွက်လိုက်ကာ
"ကျွန်မက ဒီအတိုင်းလေ ဟို...."
သူဘာကြောင့်ငိုတာသိတယ်ဆိုလို့ အသဲအသန်ရှင်းပြတော့မယ့်ရုပ်ကလေးကြောင့်
မင်းကဘယ်လိုကြည့်ကြည့်ကိုယ့်မျက်လုံးထဲမှာ ကိုယ်မရှိရင်မဖြစ်ဘူးဆိုတဲ့ကလေးလေးလိုမျိုး။
"ရှူး မရှင်းပြနဲ့ နားငြီးတယ် "
သူမနှုတ်ခမ်းလေးပေါ်သို့သူ့ရဲ့ဖြူဖြူသွယ်သွယ်လက်ညှိုးလေးရောက်လာ၏ ။
"ကဲ မင်းကိုယ့်ကိုရင်ဘက်ငှားခဘယ်လိုရှင်းမလဲ"
"ဟွန်!"
ရင်ဘက်ငှားခတဲ့။
"ခုနကမင်းကိုယ့်ရင်ဘက်တွေမျက်ရည်ရွှဲတဲ့အထိငိုတယ်လေ"
"ဟင်! ကျွန်မက...."
"ကိုယ်လိုချင်တာကတော့...."
သူ့ရဲ့ခဲရောင်မျက်၀န်းတွေက မွန်းရဲ့ပန်းနုရောင်နှုတ်ခမ်းလေးဆီသို့ရောက်လာပြီး မွန်းနှုတ်ခမ်းပေါ်သို့သူ့ရဲ့လက်ညှိုးတို့ဖြင့် တို့ထိဖိကိုင်နေသဖြင့်
"ရှင်.....တော်ပြီနော် ကျွန်မ က ဒီအတိုင်း..."
"အခုမတောင်းသေးပါဘူး အကြွေးမှတ်ထားမယ် ကိုယ်နမ်းခိုင်းတဲ့အခါကျရင်တော့ပြန်နမ်းပေးရမယ်"
မွန်းက သူ့ကိုမျက်စောင်းထိုးပစ်ရင်း
"ရှင့်အင်္ကျီကြ ယ်သီးမတပ်တော့ဘူးလား"
"တပ်ပေးချင်လို့လား မင်းသဘောလေ"
ဆို၍ လက်နှစ်ဖက်ဆန့်ပေးလိုက်သည်။
"ဘယ်သူပြောလဲ "
ဆို၍ ထွက်ပြေးတောမည့်သူမကိုပြန်ဆွဲကာ
"ဘယ်မှမသွားနဲ့ အောက်မှာစောင့်နေ"
"ဟင်"
"ကိုယ် ကုတ်၀တ်ပြီးလာခဲ့မယ်"
ပန်းရောင်ဂါ၀န်တိုလေးနဲ့သူမက သူ့ကိုလှည့်ကြည့်လှည့်ကြည့်နှင့် အောက်ဆင်းသွားလေသည်။
=========
အတ္တသည် ကုတ်အင်္ကျီကို ဆွဲချရင်း ဆင်းလာတော့ သူမက သူထိုင်နေကျ ဆိုဖာခုံမြင့်ကြီးပေါ်မှာ။
အတ္တက သူမလက်ကလေးအား ညင်သာစွာ လှမ်းယူပြီး အိမ်ရှေ့သို့အတူထွက်လာခဲ့သည့်အခါ
"ဘယ်ခေါ်သွားမလို့လဲ"
"စိတ်ချ မင်းစိတ်ညစ်သွားမယ့်နေရာမဟုတ်ဘူး"
ခြံထဲအထိဆွဲခေါ်လာပြီးခြံအလယ်မှ မယ်ဇယိကြီးရဲ့အောက်က မွန်းသွားထိုင်ချင်တယ်မကြာခဏပြောဖူးသော အဖြူရောင်ခုံကလေးဆီသို့ဖြစ်သည်။
"ဟင်"
မွန်း တစ်ပတ်လည်အောင်လှည့်ပတ်ကြည့်ပြီး
"ဒီ ဒီနေရာပဲ"
"သိတယ် မင်းအရမ်းလာချင်နေတာမလား"
"ရှင်က အိမ်ထဲကနေတောင်ထွက်ခွင့်မှမပေးတာ"
မျက်စောင်းတစ်ချက်ကဖျက်ကနဲပဲ။
"ကိုယ်နဲ့အတူလာစေချင်လို့"
ဆိုပြီး မွန်းကို ထိုခုံဖြူလေးပေါ်မှာ ထိုင်စေ၍
သူကဘေးမှ၀င်ထိုင်သည် ။
"မင်းပြောတယ်လေ ဒီခုံလေးက အထီးကျန်နေတယ်ဆို အဲ့တာကြောင့် ၂ယောက်ထိုင်လို့ရအောင်လုပ်ထားတာ ၂ယောက်ထိုင်ခုံမှာမင်းတစ်ယောက်တည်းဖြစ်နေရင်ရော အထီးမကျန်လို့လား"
"........"
"ကိုယ်မပါပဲ ဒီခုံမှာ ဘယ်တော့မှလာမထိုင်နဲ့ ၂ယောက်အတူထိုင်နေကျပဲဖြစ်စေချင်တယ်"
မွန်းမျက်လုံးလေကဝိုင်းကနဲ ဖြစ်သွားကာ
သူ့စကားတွေက မွန်းအပေါ်မှာလေးနက်နေသလိုခံစားရသည်။
မွန်းနဲ့အမြဲနေမယ်လို့ဆိုလိုလိုက်တာလား တစ်သက်လုံးမခွဲကြေး အဲ့လိုလား။
မွန်းက မျက်နှာလွှဲလိုက်ပြီး ရှေ့တည့်တည့်ကိုကြည့်တော့ သူ့ရဲ့အဖြူတစ်၀က်အမဲတစ်၀က်အိမ်ကြီးကို ကောင်းကောင်းမြင်နိုင်သည် ။
"ဒီခုံလေးကို မွန်းအခန်းကနေကျမြင်ရတယ်နော် ဒီကနေကျ ရှင့်အခန်းပဲမြင်ရတယ်"
ထိုအခါ သူကပြုံးနေသည်။
"အင်း မင်းအခန်းက ကိုယ့်အခန်းနဲ့ကွယ်သွားတာကိုး"
မွန်းသည် သူ့ကိုအာရုံမထားဘဲ အခုမှလေကောင်းလေသန့်ရစွာအိမ်ထဲကနေအပြင်ထွက်လာရတာမို့ လေကိုဝဝရှူပြီး ခြံထဲကနေမြင်နေရသမျှကိုသာလိုက်ကြည့်နေသည်။
"မွန်း"
"အမလေး"
ကိုယ့်အာရုံနဲ့ကိုယ်ငေးနေတုန်း သူ့မျက်နှာကြီးကအရမ်းနီးလာသည်မို့ မွန်းလန့်သွားရလေသည်။
"မင်းကိုယ်မင်း မွန်းလို့သုံးနှုန်းလိုက်တဲ့အခါကိုယ်သဘောကျတယ်"
အမြဲတမ်း ကျွန်မ,ကျွန်မနဲ့ရန်တွေ့နေတတ်သောသူမက စောနက သူမကိုယ်သူမ မွန်းဟုသုံးနှုန်းပြောဆိုလိုက်တာကိုကောင်းကောင်းကြီးကြားလိုက်ပေမဲ့ သူမကတော့လိမ်ချင်သေးသည်။
"ဘယ်သူကပြောလို့လဲ"
"ကိုယ့်နားကအကောင်းကြီးပါ"
"ဖယ်ပါ ဘာလို့အနားကိုအရမ်းကပ်နေရတာလဲ"
မွန်းက သူ့ရင်ဘက်ကိုတွန်းသည့်အခါ
"ကိုယ်ခုနကအကြွေးမှတ်ထားတာ အခုတောင်းတော့မယ်"
မွန်းသည် သူ့ကိုတွန်းနေသည့်လက်များ ငြိမ်သွားပြီး
သူမွန်းကိုမနမ်းတာကြာပြီ အခုကျတော့ အကြွေးတောင်းမယ်ဆိုတော့ သူဆိုလိုတာက........
"ကိုယ့်ကိုပြန်နမ်း"
စကားအဆုံးမှာ မွန်း နှုတ်ခမ်းပါးလေးအား ပွင့်ဟသွားအောင် သူ့နှုတ်ခမ်းတို့ကကြားမှတိုးလာ၏။
ဖြေးဖြေးချင်းလေးညင်သာစွာစုပ်ယူသည့်အခါ
သူပြောသလို မွန်းဘက်မှတုန့်ပြန်အနမ်းအချို့ဖြစ်ထွန်းလာခဲ့သည်။ မွန်းရဲ့နှင်းဆီဖူးလိုနှုတ်ခမ်းလေးကိုသိမ်းပိုက်နေကျ သူ့နှုတ်ခမ်းတို့ကို မွန်းဘက်ကစုပ်ယူစပြုလာ၍အရှိန်ပါလာသည့်အခါ မွန်းရဲ့လည်ပင်းလေးကို သူထိန်းကိုင်လာလေသည်။
မွန်းမျက်လုံးလေးစုံမှိတ်ချထားရင်းမှ ပါးစပ်ထဲမှာခိုးလို့ခိုးလု ဖြစ်လာသည်မို့ မျက်လုံးလေးဖွင့်မိတော့
လျှာ...သူ့လျှာကထိုး၀င်လာသဖြင့် မျက်လုံးတွေကို ချက်ချင်းပြန်မှိတ်ချလိုက်ကာ ရင်ထဲမှာ ရေဆူဆေးပြားတစ်ခုထည့်ထားသလိုပွက်ပွက်ဆူလာတော့သည်။ သူ့လျှာဟာ သူမရဲ့လျှာကိုဖိဆွဲနေပြီး တစ်ချက်တစ်ချက် သူဟာနှုတ်ခမ်းတွေအပြင်မွန်းရဲ့လျှာကိုပါစုပ်ယူနေလိုခံစားရကာ လူက ကျဥ်တက်သွားရတော့သည်။
မွန်းဘက်က သူ့ရဲ့လျှာတိုးဝင်လာကတည်းက ဆက်မနမ်းရဲတော့ဘဲမျက်စိစုံမှိတ်ငြိမ်နေပေမဲ့အနမ်းအမျိုးမျိုးကိုပိုင်နိုင်ကျွမ်းတဲ့အတ္တကတော့ မွန်းဘက်ကရပ်တန့်သွားလဲ ဆက်လက်နမ်းယူနေဆဲဖြစ်သည်။ မွန်းမှာတော့ ဝိဉာဉ်ရှိသေးရဲ့လားတောင်မသိတော့ဘဲ စိတ်နဲ့ခန္ဓာကတခြားစီပင်ဖြစ်သွားသလိုခံစားနေရတော့၏။
မွန်းသည် နားထဲမှာကားသံကြားသဖြင့် မျက်လုံးဖွင့်၍လှမ်းကြည့်တော့ ကားထုတ်လာတဲ့အလင်းနှင့်အတူ သူ့တပည့်အချို့က မွန်းနဲ့သူတို့သခင်လေးဆီကို မျက်လုံးတွေရောက်ရောက်လာကြသည်အား မွန်းက မြင်လိုက်သည်သူတို့သတိထားမိပုံပင် ချက်ချင်းခေါင်းငုံ့သွားကြလေသည်။
မွန်းက ရှက်ကန်ကန်ကာ အတင်းရုန်းထွက်ပြီး
"အင်း အွန်း..အင်း..."
သူ့ရင်ဘက်ကို တဗုန်းဗုန်းထုတော့ သူက မွန်းအောက်နှုတ်ခမ်းလေးကို ပေါက်အောင်ကိုက်ချလိုက်သည်။
"အ..."
ပြီးမှလွှတ်ပေးပြီး သူ့နှုတ်ခမ်းကိုလက်မဖြင့်ဖိပွတ်သုတ်ပစ်လိုက်သည်။
"ဟွန့် လူတွေကြည့်နေတာကိုမရှက်ဘူးလား"
"မင်းရှက်ရင်နောက်တစ်ခါ အခန်းထဲသွားမယ်"
"ဘာရှင့်..."
သူမရှက်လည်း မွန်းရှက်တယ်လူကြားသူကြားအနမ်းခံရတာပထမဆုံးပဲ။
"ဘာလို့အဲ့လိုမျိုးကြီးနမ်းရတာလဲ "
"မင်းက ဒီလိုအနမ်းမျိုးမကြိုက်ဘူးလား"
"ကြိုက်စရာလား လျှာ...."
မွန်းသည် ဆက်ပြောရမှာပင်ရှက်ရွံ့စွာ ရပ်တန့်သွားရသည့်အခါ
"ဒါဆို နောက်တစ်ခါ ဘယ်အနမ်းမျိုးနဲ့နမ်းရမလဲ ကြိုပြောထား"
မွန်းကိုမျက်လုံးများမှေးစင်းစွာနဲ့ကြည့်ပြီး ပြောတော့ သူ့မျက်လုံးတွေဟာ ဘယ်အဓိပ္ပါယ်မျိုးကိုဆိုလိုနေတာလဲဆိုတာ ချက်ချင်းသိလိုက်၍
"ညစ်ပတ်လိုက်တာ....မုန်းစရာကြီး!"
သူမဟာ သူ့အနားကနေထပြီး အိမ်ထဲသို့ဝင်ပြေးသွားလေသည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
Advertisement
အပိုင်း(22)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(21)
မြန္း မ်က္ႏွာမေကာင္းသလို ေၾကာက္လည္းေၾကာက္ေနသည္။
ခုနက သူမသိေအာင္ခိုးေၾကာင္ခိုးဝွက္အလုပ္တစ္ခုလုပ္ထားမိသည္မဟုတ္လား။
မြန္း သူ႕အနားသို႔ ခပ္စိတ္စိတ္ ေျခလွမ္းတို႔ႏွင့္ ေရာက္လာၿပီး
"ေရာ့ "
သူ႕ဆီသို႔အကၤ်ီကိုထိုးေပးလိုက္သည္။
"ေမးတာေျဖ ဘာလို႔အဲ့ေလာက္ၾကာေနတာလဲ "
သူဟာ အကၤ်ီလဲဝတ္ဖို႔ ၾက ယ္သီးတို႔ကိုျဖဳတ္ရင္း ေမးေနသည္။
"အဟြန္း ေအာက္ဆင္း ေသးတယ္ေလ စားၿပီးသားပန္းကန္ေတြသြားေပးရေသးတယ္"
သူက မြန္းယူလာတဲ့လက္ရွည္အျဖဴကို ၀တ်ရင်း မသကၤာသလိုၾကည့္သည္ ။
မြန္းသူ႕အၾကည့္နဲ႕မဆုံေအာင္ မ်က္ႏွာလႊဲထားရင္း ေခြၽးေစးေတြေတာင္ျပန္ေနသည္။
"မင္းဘာျဖစ္ေနတာလဲ ကိုယ့္ကိုမလိမ္နဲ႕ေနာ္ မင္းပုံစံကမူမွန္ဘူး"
အလိမ္မကြၽမ္းက်င္တဲ့မြန္းခဗ်ာ သူခိုးလူမိသလိုျဖစ္ေနေလေတာ့
"ကြၽန္ ကြၽန္မ ဘာျဖစ္ေနလို႔ "
"ကိုယ့္ မ်က္လုံးေတြကိုတည့္တည့္ၾကည့္ေျပာ မင္း ဘာေတြဖုံးတာလဲ"
အကၤ်ီၾကယ္သီးမတပ္ရေသးတဲ့သူကမြန္း ရဲ႕တံေတာင္ဆစ္ကေနလွမ္းဆြဲ၍ သူ႕ဘက္ကိုလွည့္ေစ၏ ။
"ဟင့္အင္း ကြၽန္မ ဘာမွမလုပ္ဘူး "
သူမရဲ႕ မ်က္ရည္ေလးေတြရစ္သီ ေနတဲ့မ်က္၀န္းေလးက လိမ္ညာေနလား အမွန္ေတြလား ဆိုတာကို အတၱ အေျဖရွာေနသည္။
"လႊတ္ပါေတာ့ အရမ္းနာေနၿပီ "
အတၱက မ်က္ေမွာင္ကုတ္ၾကည့္ေနရင္း ေျဖးေျဖးခ်င္း လႊတ္ေပးလိုက္ေတာ့သူမက ေရခ်ိဳးခန္းထဲ၀င္ေျပးသြားသည္ ။
အတၱသည္ ဖြာလက္စ စီးကရက္ကို ႏႈတ္ခမ္းတြင္ျပန္ခ်ိတ္၍
မင္း ကိုယ္မသိေအာင္ ဘာေတြလုပ္လုပ္ ကိုယ့္ဆီကေနလြတ္လမ္းမရွိတာမို႔ ခဏတျဖဳတ္ေတာ့ လႊတ္ထားေပးမယ္ ဟက္ အပ်င္းေျပေပါ့။
မြန္းသည္ ေရခ်ိဳးခန္းတံခါးကို ေက်ာေလးကပ္မွီရင္း ရင္ဘက္ကိုလက္အစုံႏွင့္ဖိကာ အသက္ျပင္းျပင္းရႉေနရသည္။
============================
သူဘယ္မွမသြားပဲ အိမ္မွာပဲရွိေနတာ၁ပတ္ရွိပါၿပီ
မြန္းအတြက္ေတာ့ အေနၾကပ္ေနရသည္။
မြန္းကိုသူ႕မ်က္စိေအာက္ကအေပ်ာက္ခံတာမဟုတ္ဘူး ဒီတစ္ပတ္လုံးမြန္းအခန္းထဲမွာပဲ သူေနသည္။
မြန္းသည္ ေအာက္ထပ္မွအေပၚျပန္တက္လာရင္း အခန္းတံခါးဖြင့္လိုက္လွ်င္
မတ္တပ္ရပ္ေနသည့္ အေပၚပိုင္းဗလာသူ႕ေက်ာျပင္ႀကီးမွာ အေတာင္ပံပုံစံ Tattoo ႀကီးက အျဖဴေရာင္ေက်ာျပင္မွာထင္ရွားစြာ ရွိေနၿပီသူနဲ႕အရမ္းလိုက္ဖက္ေနသည္။
မြန္းသည္ ဒီေန႕သူအခန္းေျပာင္းေတာ့မည္ဟုသိထားရတာေၾကာင့္ ၀မ်းသာအားရ ေျခလွမ္းေတြနဲ႕ သူ႕အတြက္ ရွပ္အကၤ်ီတစ္ထည္ကိုကလွ်က္ အနားတိုးလာခဲ့သည္ ။
႐ုတ္တရက္ ႏွာေခါင္းထဲသို႔ စီးကရက္နံ႕၀င္လာေသာေၾကာင့္ မ်က္ႏွာမျမင္ရတဲ့ သူ႕ကို ဟိုၾကည့္ဒီၾကည့္ႏွင့္
"အြန္း"
ဆိုၿပီး သူလွည့္လာခဲ့ေတာ့ ႏႈတ္ခမ္းမွာ စီးကရက္ကိုက္လွ်က္ မြန္းကိုျမင္ေတာ့ သူ႕လက္ထဲသို႔ကူးေျပာင္းယူလိုက္သည္။
မြန္းမ်က္ႏွာခ်က္ခ်င္းပ်က္သြားတာကို သူသတိထားမိတာေၾကာင့္
"မင္း မလာေသးဘူးထင္လို႔ ကိုယ္ကမီးညွိလိုက္တာ"
မြန္းက ေဆးလိပ္ေငြ႕ေတြနဲ႕သူ႕မ်က္ႏွာကိုမၾကည့္ခ်င္တာမို႔ မ်က္ႏွာကိုငုံ႕လိုက္လွ်င္ သူ႕ရင္ဘက္က ေရာမဂဏန္း5လုံးနဲ႕ A&M ဟူေသာ Tattoo ေၾကာင့္ မ်က္ႏွာကေလးဟာပို၍ညွိုးႏြမ္းသြားရေလသည္။
ထိုTattoo ကိုျမင္တိုင္း ရင္ထဲမွာေအာင့္သက္သက္နဲ႕ခံစားရသည္။
အတၱက ငုံ႕က်သြားတဲ့ သူမရဲ႕မ်က္ႏွာကို သူကပါလိုက္ငုံ႕ၾကည့္ၿပီးလက္ထဲက စီးကရက္ကို စားပြဲေပၚတင္လိုက္ကာ
"မင္း ကိုယ့္ရင္ဘက္ကိုၾကည့္တိုင္း မ်က္ႏွာကညွိုးညွိုးသြားတယ္ ဘာျဖစ္ရတာလဲ"
သူ႕မ်က္ႏွာကိုၾကည့္ရင္း ပ်က္သြားတာက စီးကရက္ေၾကာင့္ဆိုတာ သိေပမဲ့ရင္ဘက္ကိုၾကည့္ၿပီး၀မ္းနည္းေနတာဘာေၾကာင့္မွန္း အေျဖမရွာတတ္ပါ။
အတင္းငုံ႕ၾကည့္ေနတဲ့ သူ႕ေၾကာင့္ မြန္းလက္ထဲက အကၤ်ီကိုအတင္းထိုးေပးလိုက္သည္။
"ေရာ့ "
"က်စ္ မြန္း ကိုယ္က ေမးရင္ ေျဖမွႀကိဳက္တာေနာ္ "
မြန္းက ေခါင္းေလးပိုငုံ႕လို႔ မ်က္ရည္စေလးေတြကို မ်က္ေတာင္ရွည္ရွည္တို႔ျဖင့္ပုတ္ထုတ္ပစ္လိုက္၏ ။
အတၱသည္ သူမလက္ထဲက အကၤ်ီကို လွမ္းယူလိုက္၍ လက္လွ်ို၀တ္ကာ ၾကယ္သီးမတပ္ေသးပဲ
ဘာေတြခံစားေနမွန္းမသိတဲ့ သူမရဲ႕ မသက္မသာမ်က္ႏွာေလးေၾကာင့္
"ဟင္း...."
သက္ျပင္းဖြဖြခ်၍ သူ႕ရဲ႕ ဗလာက်င္းရင္ဘက္နဲ႕သူမေခါင္း၀င္တိုက္သြားသည္အထိ လက္တစ္ဖက္ကို အရွိန္ပါပါလွမ္းဆြဲလိုက္ကာ သူမေခါင္းေလးအား ရင္ခြင္မွာကပ္ေစကာ ေမွးစက္ေစလိုက္သည္။
သူမကိုမုန္းသည္ျဖစ္ေစခ်စ္သည္ေျဖေစ ဒီလို စိတ္မခ်မ္းသာတဲ့သူမမ်က္ႏွာေလးကိုမျမင္ခ်င္တာေတာ့အမွန္ပါ။
"ဟင့္ ဟင့္ အဟင့္ "
တရႈံ႕ ရႈံ႕ ငိုသံေၾကာင့္ အတၱ ပို၍ မ်က္ေမွာင္က်ဳံ႕သြားရသည္။
မ်က္ရည္ေတြက သူ႕ရဲ႕အျဖဴေရာင္ရင္အုပ္ေပၚမွာစို႐ႊဲေနသည္မို႔ သုတ္ေပးရန္ သူမမ်က္ႏွာေလးကိုသူ႕လက္ႏွစ္ဖက္ျဖင့္ဆြဲေမာ့လိုက္လွ်င္ မဖက္ထားစဖူး သူမရဲ႕လက္ေတြက ၾကယ္သီးမတပ္ရေသးတဲ့အကၤ်ီအျဖဴအေပၚမွ သူ႕ရဲ႕ခါးကို တင္းတင္းၾကပ္ၾကပ္ဖက္ထားေလ၏ ။
ရွင္ ကြၽန္မ မ်က္ရည္တစ္ခါျမင္ရင္ကြၽန္မတစ္ခါရႈံးတာပဲ မျမင္တာပိုေကာင္းလိမ့္မယ္။
"မြန္း ဘာျဖစ္ေနတာလဲ ကိုယ့္ကို ေျပာေလ"
သူႏူးညံ့ျပေလပိုခံစားရေလပဲ ဒီလိုႏူးညံ့မႈေတြနဲ႕မြန္းကိုအနိုင္ယူေနတာ မြန္းစိတ္ကိုကေပ်ာ့လြန္းတာပါ ။
သူ႕ရင္ထဲမွာ ရွိတာမြန္းမွမဟုတ္တာ မြန္းကိုကစားေနတာ သူကမုန္းေနတာ မုန္းလို႔သတ္သတ္လုပ္ေနတာ
အေတြးမ်ိဳးစုံနဲ႕သူမက သူ႕ရင္ခြင္ထဲေရာက္ေနသည္ကိုေမ့ေလ်ာ့စြာ စိတ္တိုင္းက်ငိဳယိုေနမိေတာ့သည္။
အတၱဟာ သူ႕ခါးကိုမလႊတ္တမ္းဖက္ထားသျဖင့္
ငိုပါေစေတာ့ဟူ၍ လက္တစ္ဖက္က သူ႕ေဘာင္းဘီအိတ္ေထာင္ထဲသို႔ ထည့္ထားတာ တစ္ဖက္က သူမေခါင္းေလးအားဖြဖြေလးပြတ္သတ္ႏွစ္သိမ့္ေနၿပီး
တံခါးကဖြင့္ထားသည္မို႔ အလင္းေရာက္လာလွ်င္ သူ႕သခင္ေလးကို အတင္းဖက္ထားၿပီးသခင္ေလးက ႏွစ္သိမ့္ေပးေနတဲ့ ဒီျမင္ကြင္းေလးကို ဓာတ္ပုံရိုက္၍ပင္သိမ္းထားလိုက္ခ်င္မိသည္။
ဘယ္တုန္းက ဒီလိုႏူးညံ့ၿပီးႏွစ္သိမ့္ေပးဖူးလို႔လဲ။
တကယ္ရင္ထဲမွာၾကည္ႏူးသြားရ၏။
အတၱက အေပါက္၀မွာရပ္ၾကည့္ေနသည့္ အလင္းကိုျမင္လွ်င္ ေမးေငါ့ကာလက္ခါျပ၍ သြားေတာ့ဆိုသည့္အဓိပၸာယ္ေၾကာင့္ အလင္း ေခါင္းညိတ္ၿပီး ျပန္ဆင္းလာခဲ့သည္။
ရင္ခြင္ထဲမွာပါးကပ္ပီးငိုေနတဲ့သူမရဲ႕လက္ေတြက အနည္းငယ္ေလ်ာ့ရဲလာၿပီး မ်က္ရည္စိုစိုသူမပါးနဲ႕ ရင္ဘက္နဲ႕ခြာလိုက္ၿပီးမွ ေၾကာင္ၾကည့္ေနၿပီး
ဟင္ ငါ သူ႕ရဲ႕အ၀တ္မပါနဲ႕ရင္ဘက္ေပၚမွာငိုေနတာလား။
သူမဟာ ခါးေပၚကလက္ေတြကို ျပန္႐ုတ္သိမ္းၿပီး သူ႕ကိုလည္းေမာ့မၾကည့္ရဲေတာ့ပါ။
ေခါင္းေလးကို ဖြဖြေလးပုတ္၍
"ငိုလို႔၀ရင္ ေျပာေတာ့ ဘာလို႔ငိုတာလဲ"
လက္ကေလးႏွစ္ဖက္ကို အေၾကာင္းမဲ့ ပြတ္သပ္ၿပီးသူ႕ကိုရွက္ရွက္ေၾကာက္ေၾကာက္ျဖစ္ေနတာေလးက သူ႕ကိုပိုၿပီးအသည္းယားလာေစသည္။
သူမကေမာ့မၾကည့္ပဲ သူ႕ရင္ဘက္ကိုပဲၾကည့္ေနျပန္တာမို႔ အတၱ သူမရဲ႕အၾကည့္ကို ေသခ်ာဖမ္းၾကည့္လွ်င္ Tattooကိုၾကည့္ေနတာပဲ။
အတၱက သြားေဖြးေဖြးေတြေပၚလာေအာင္ ရယ္လိုက္ၿပီး
"ကိုယ္သိၿပီ မင္းက အဲ့တာေၾကာင့္ငိုတာလား"
လက္တစ္ဖက္တည္းနဲ႕မြန္းခႏၶာကိုယ္ေလးကို ဂုတ္ကေနျပန္သိမ္းဖက္ၿပီး
"ကိုယ္ကေတာ့ဘာမ်ားလဲလို႔"
ရင္ခြင္ထဲက ႐ြစိ႐ြစိနဲ႕လႈပ္႐ုန္းေနသျဖင့္
"ၿငိမ္ၿငိမ္ေနေလ ကိုယ္ဖက္ေပးတာကို ခုနကေတာ့ ကိုယ့္ကိုဖက္ခ်င္တိုင္းဖက္ထားၿပီးေတာ့ "
မၿငိမ္တၿငိမ္သူမေလးကို
"ကိုယ္က တစ္ခုခုျဖစ္တယ္ထင္ေနတာ "
"ကြၽန္မ ဘာသာ ဒီတိုင္း..."
"မျငင္းပါနဲ႕ ဘာလို႔ငိုတာလဲဆိုတာ ကိုယ္သိတယ္ အဲ့ဒီTattoo ကမင္းထင္တဲ့အဓိပၸာယ္မဟုတ္ဘူး "
"ဟင္!"
သူမကေမာ့ၾကည့္ျပန္ေတာ့ သူက ငုံ႕မလာပါ မြန္းရဲ႕ေခၚင္းေပၚမွာေမးတင္ၿပီး
"အခုေတာ့ အဲ့ေလာက္ပဲသိထားပါ ကိုယ္မင္းကိုရွင္းျပဖို႔အခ်ိန္မက်ေသးဘူး ေနာက္ၿပီး အဲ့ဒီ Tattooေၾကာင့္ဆိုရင္ထပ္မငိုနဲ႕ေတာ့"
မြန္းက တြန့္လူး႐ုန္းထြက္လိုက္ကာ
"ကြၽန္မက ဒီအတိုင္းေလ ဟို...."
သူဘာေၾကာင့္ငိုတာသိတယ္ဆိုလို႔ အသဲအသန္ရွင္းျပေတာ့မယ့္႐ုပ္ကေလးေၾကာင့္
မင္းကဘယ္လိုၾကည့္ၾကည့္ကိုယ့္မ်က္လုံးထဲမွာ ကိုယ္မရွိရင္မျဖစ္ဘူးဆိုတဲ့ကေလးေလးလိုမ်ိဳး။
"ရႉး မရွင္းျပနဲ႕ နားၿငီးတယ္ "
သူမႏႈတ္ခမ္းေလးေပၚသို႔သူ႕ရဲ႕ျဖဴျဖဴသြယ္သြယ္လက္ညွိုးေလးေရာက္လာ၏ ။
"ကဲ မင္းကိုယ့္ကိုရင္ဘက္ငွားခဘယ္လိုရွင္းမလဲ"
"ဟြန္!"
ရင္ဘက္ငွားခတဲ့။
"ခုနကမင္းကိုယ့္ရင္ဘက္ေတြမ်က္ရည္႐ႊဲတဲ့အထိငိုတယ္ေလ"
"ဟင္! ကြၽန္မက...."
"ကိုယ္လိုခ်င္တာကေတာ့...."
သူ႕ရဲ႕ခဲေရာင္မ်က္၀န္းေတြက မြန္းရဲ႕ပန္းႏုေရာင္ႏႈတ္ခမ္းေလးဆီသို႔ေရာက္လာၿပီး မြန္းႏႈတ္ခမ္းေပၚသို႔သူ႕ရဲ႕လက္ညွိုးတို႔ျဖင့္ တို႔ထိဖိကိုင္ေနသျဖင့္
"ရွင္.....ေတာ္ၿပီေနာ္ ကြၽန္မ က ဒီအတိုင္း..."
"အခုမေတာင္းေသးပါဘူး အေႂကြးမွတ္ထားမယ္ ကိုယ္နမ္းခိုင္းတဲ့အခါက်ရင္ေတာ့ျပန္နမ္းေပးရမယ္"
မြန္းက သူ႕ကိုမ်က္ေစာင္းထိုးပစ္ရင္း
"ရွင့္အကၤ်ီၾက ယ္သီးမတပ္ေတာ့ဘူးလား"
"တပ္ေပးခ်င္လို႔လား မင္းသေဘာေလ"
ဆို၍ လက္ႏွစ္ဖက္ဆန့္ေပးလိုက္သည္။
"ဘယ္သူေျပာလဲ "
ဆို၍ ထြက္ေျပးေတာမည့္သူမကိုျပန္ဆြဲကာ
"ဘယ္မွမသြားနဲ႕ ေအာက္မွာေစာင့္ေန"
"ဟင္"
"ကိုယ္ ကုတ္၀တ္ၿပီးလာခဲ့မယ္"
ပန္းေရာင္ဂါ၀န္တိုေလးနဲ႕သူမက သူ႕ကိုလွည့္ၾကည့္လွည့္ၾကည့္ႏွင့္ ေအာက္ဆင္းသြားေလသည္။
=========
အတၱသည္ ကုတ္အကၤ်ီကို ဆြဲခ်ရင္း ဆင္းလာေတာ့ သူမက သူထိုင္ေနက် ဆိုဖာခုံျမင့္ႀကီးေပၚမွာ။
အတၱက သူမလက္ကေလးအား ညင္သာစြာ လွမ္းယူၿပီး အိမ္ေရွ႕သို႔အတူထြက္လာခဲ့သည့္အခါ
"ဘယ္ေခၚသြားမလို႔လဲ"
"စိတ္ခ် မင္းစိတ္ညစ္သြားမယ့္ေနရာမဟုတ္ဘူး"
ၿခံထဲအထိဆြဲေခၚလာၿပီးၿခံအလယ္မွ မယ္ဇယိႀကီးရဲ႕ေအာက္က မြန္းသြားထိုင္ခ်င္တယ္မၾကာခဏေျပာဖူးေသာ အျဖဴေရာင္ခုံကေလးဆီသို႔ျဖစ္သည္။
"ဟင္"
မြန္း တစ္ပတ္လည္ေအာင္လွည့္ပတ္ၾကည့္ၿပီး
"ဒီ ဒီေနရာပဲ"
"သိတယ္ မင္းအရမ္းလာခ်င္ေနတာမလား"
"ရွင္က အိမ္ထဲကေနေတာင္ထြက္ခြင့္မွမေပးတာ"
မ်က္ေစာင္းတစ္ခ်က္ကဖ်က္ကနဲပဲ။
"ကိုယ္နဲ႕အတူလာေစခ်င္လို႔"
ဆိုၿပီး မြန္းကို ထိုခုံျဖဴေလးေပၚမွာ ထိုင္ေစ၍
သူကေဘးမွ၀င္ထိုင္သည္ ။
"မင္းေျပာတယ္ေလ ဒီခုံေလးက အထီးက်န္ေနတယ္ဆို အဲ့တာေၾကာင့္ ၂ေယာက္ထိုင္လို႔ရေအာင္လုပ္ထားတာ ၂ေယာက္ထိုင္ခုံမွာမင္းတစ္ေယာက္တည္းျဖစ္ေနရင္ေရာ အထီးမက်န္လို႔လား"
"........"
Advertisement
- In Serial85 Chapters
Surviving Zombies One Day At Time
Jenny was a dreamer and book worm. Her normal life consisted of work in a normal store, had few friends and family that never cared about her.One day she had a bad dream and as things started happenin...
8 504 - In Serial53 Chapters
Goody Two Shoes #Wattys2017
He married her to please his dad. It was just another business deal for him. He had a girlfriend from the start and wasn't willing to give her up. He hated his wife Sophia with a passion even though she hardly crossed his way. She is a goody two shoes and never gave him a solid reason to hate her. She cooked for him and noticed his likes and dislikes even though they didn't share a meal or a room. One day, when his mother fell sick and was waiting for a donor Sophia is the one to step forward. She saved his mother even though the latter used to bully her. So what will happen when his mum starts to side with Sophia ? What will happen when his mum demands them to give her a grandchild? When did his younger brother became so close and flirty with Sophia ? Will he break free from this unwanted marriage or will the unwanted make him fall ?#highest Rank in Romance till today 1/5/2017 is 26Ranked #22 IN ROMANCE in 1/5/2017Highest ranked 12 in romance
8 98 - In Serial10 Chapters
Forever - Wang Yibo x Xiao Zhan fanfic
Summary: They had always been in an ambiguous relationship. When the rumors reached its peak, Xiao Zhan was confronted by Wang Yibo about their relationship to fight for it. What he expected to be a happy end for them turned to a bad end when Xiao Zhan told him his announced leave in the entertainment is actually his escape in this glamorous but vain life. (A/N: my first ever YiZhan fanfic! Kiyaaaa! This is also my first time to ship in real life people!
8 109 - In Serial7 Chapters
Yes! Mr. Husband [Season 2]
🚫𝐊𝐀𝐋𝐀𝐔 𝐌𝐀𝐔 𝐇𝐄𝐁𝐀𝐓, 𝐉𝐀𝐍𝐆𝐀𝐍 𝐉𝐀𝐃𝐈 𝐏𝐋𝐀𝐆𝐈𝐀𝐓🚫Menikah dan memiliki dua orang anak tidak menghalangi jiwa-jiwa kpopers dalam diri Shella. Istri dari Bapak Dosen yang satu ini tetap aktif mereog setiap kali bujang-bujang pujaan hatinya Update sosial media.Tidak ada yang bisa menghalangi kesenangannya, sekalipun itu suaminya sendiri. Ia bahkan sudah mendapatkan SIM J dari Pak Arkan, yakni Surat Izin Mencintai Jaemin.Kebahagiaan istri ialah hak segala bangsa, dan oleh sebab itu, Bapak Arkan Dirgantara harus siap menderita apabila istri fokus dengan bujang-bujang Korea.Beli berlian sama Pak KiminSekian, terima Na JaeminStart : 16 Juni 2022End :
8 107 - In Serial44 Chapters
Living With Them || StrayKids ff
'Um- how did this happen? I look around my house and see suitcases all around my place. And to top it all off, StrayKids is with me...trying to get in touch with their entertainment and find a solution.'~~~[This is NOT a Y/N book]When StrayKids goes on hiatus and decide to go on vocation to another country. But things take a different turn... Rosalynn is a 20 year-old girl and a foreigner Stay. Something surprising happens in her peaceful life, when she meets her favourite boy band outside her house. Not only that, but she also has to accommodate these 8 crackheads in her house for the time being. How can she manage all 8 boys in her house? Will they get attached with each other? Will they be friends with her and maybe more than that? {A light-hearted and comedic book to put a smile on your face:)}|UNEDITED|____________________________Published: January 12th 2021Completed: April 19th 2021Highest rankings:#3 in Fanfiction#3 in Romance#1 in kpop#1 in hyunjin#1 in jisung#1 in leefelix#1 in leeknow#1 in skz#1 in ff#1 in straykids#1 in minho#1 in kpopidols#1 in kpopfanfic#1 in hwanghyunjin#1 in kpopfanfiction#1 in bangchan#1 in leeminho#1 in hanjisung#1 in kimseungmin#1 in seochangbin#1 in yangjeongin#1 in felix
8 246 - In Serial44 Chapters
While the Sun Shines
What do you get when you put a neurotic failed jock and the guy he used to bully in high school in one apartment? Well, an interesting situation. That's for sure. ***Twenty-one-year-old Nick Walsh was used to being overlooked. His parents were always busy. He had never been as bold and outgoing as his friends. He couldn't seem to get lucky in love, and, after failing to get the attention of scouts for years, he can add 'failed soccer player' to the list.There was nothing keeping Nick home. So, what's a 'loser' with no plan in life to do, except flee abroad and escape having to think about life for a while? Nick had no idea what he'd find in the Netherlands. But he never thought it would be Blake Passant, a boy he has a long, troubled history with, sleeping in the bedroom opposite his in his student dorm.
8 234

