《အတ္တလွန်အချစ် (OC) Completed》Part (20) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(20)
"အဲ့တာ ဘယ်လဲ"
မွန်းက သူ့ကိုကျောခိုင်းလိုက်လျှင် သူ့အသံက ယခင်ကထက်ပို၍ခက်ထန်လာ၏ ။
"မနက်စာ သွားစားမလို့"
"ဒေါ်တင် ကိုယူလာခိုင်းလိုက် ဒီမှာစား"
သူမကိုမျက်စိအောက်ကပင်အပျောက်မခံနိုင်။
မွန်းက အောက်နှုတ်ခမ်းလေးကို ကိုက်၍ သူ့ကို မျက်ရည်ကြည်မျက်လုံးတွေနဲ့ကြည့်ပစ်လိုက်သည်။
ထို့နောက်အခန်းတံခါးဖွင့်လိုက်ပြီး ခပ်ကျယ်ကျယ်အော်ပြောလိုက်သည်။
"မေတင် မွန်းတို့၂ယောက်အတွက် မနက်စာလေးယူခဲ့ပေးပါနော် "
အိမ်ကြီးကကြီးမားကျယ်ပြန့်သော်လည်း အရမ်းတိတ်ဆိတ်သည်မို့ ကြားနိုင်လောက်ပါသည် ။
ထို့နောက် သူမသည် သူထိုင်နေသည့်ကုတင်ဘေးက ဗီရိုထဲမှ လည်ပင်းအထိလုံသော ဂါ၀န်တစ်ထည်ကိုထုတ်ယူလိုက်ပါသည်။
မနေ့က သူအားရပါးရကိုက်ထားတဲ့ သွေးခြေဥနေသောအကွက်ကြီးကိုသူများတွေမမြင်စေလိုပါ။
မွန်းက ရေချိုးခန်းဘက်သို့ခြေဦးလှည့်သွားရာ
"ဘာလုပ်မလို့လဲ"
သူ့အမေးကြောင့် သက်ပြင်းရှိုက်လိုက်ပြီး
"ကျွန်မ ဘာလုပ်လုပ် ရှင့်ကိုအားလုံးအစီရင်ခံနေရမှာလား "
"ဖြစ်သင့်တဲ့အရာပဲလေ "
"ကျွန်မဘ၀ကိုရှင်မှမပိုင်တာ"
"အခုချက်ချင်းပိုင်အောင်လုပ်လိုက်လို့ရတယ် မေမီမွန်း ငါဒဏ်ရာရထားလို့ဆိုပြီး ရောင့်တက်မနေနဲ့ "
"ရှင် တကယ်မုန်းဖို့ကောင်းတာပဲ"
"မင်းကိုဘာလုပ်မလို့လဲလို့မေးနေတယ်လေ"
"ရေချိုးမလို့ "
မွန်းက စောင့်အောင့်၍ ရေချိုးခန်းတံခါးကို အသံမြည်အောင်ပိတ်ပစ်လိုက်၏ ။
အတ္တသည် သူမ၀င်သွားပြီးမှ ကိုယ့်အင်္ကျီကို
လှန်ကြည့်မိရာ ဒဏ်ရာချုပ်ရိုးပေါ်က သွေးစို့နေတာ မတိတ်သေးပါ ။
"အ..."
ဒီလောက်နဲ့တော့မသေနိုင်ပါဘူး ဟု တွေး၍ အတ္တ အင်္ကျီကိုပြန်ဖုံးပြီး ဘာမှမဖြစ်သလိုပဲ နေလိုက်၏။
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် အတ္တ မျက်လုံးတွေမှိတ်ထားရာမှ ပွင့်လာသည့်အခါ
"လာပြီ လာပြီ"
ဆိုပြီး ရေချိုးခန်းထဲကနေ ကပိုကရို ပြေးထွက်လာသည့်သူမလေးက ဆံပင်တွေကိုရေသုတ်ရင်းဖြင့် အလည်မလေးက ရင်ဘက်ထိစိနေအောင် လုံတဲ့အင်္ကျီကိုဝတ်ထားသည်။
တံဘက်ကို ပုခုံးပေါ်သို့ တင်၍ တံခါးဖွင့်ပေးလိုက်ရာ သက်သက်က လင်ဗန်းပေါ်မှာ ဆန်ပြုတ်နဲ့ ပေါင်မုန့်ကြက်ဥကြော်၂ခု ယူလာ၏ ။
မွန်းလည်း သက်သက်ပေးတဲ့လင်ဗန်းလေးအား လှမ်းယူလိုက်ပြီး
"ကျေးဇူးနော်သက်သက် မွန်းကအောက်မှာလာစားချင်ပေမယ့် သူက...."
အတင်းပြောရတာဆိုတော့လည်း ခပ်တိုးတိုးပေါ့ ။
သက်သက်က ပြုံးပြပြီး
"ရပါတယ် မမလေးရဲ့ သက်သက်သွားမယ်နော် လိုတာရှိရင် လှမ်းခေါ်လိုက်"
"အင်း အင်း "
မွန်းက တံခါးပြန်ပိတ်ပြီး မနက်စာလင်ဗန်းကိုကိုင်၍ သူ့ဆီသို့ လျောက်လာ၏ ။
ကုတင်ဘေးက စားပွဲလေးအား ရှေ့သို့အနည်းငယ်တိုး၍ မွေ့ယာပေါ်သို့တင်ပေးလိုက်သည် ။
ထို့နောက် လင်ဗန်းထဲက ဆန်ပြုတ်ပန်းကန်ကိုသူ့ရှေ့သို့ချပေးလိုက်၏ ။
သူမရဲ့လှုပ်ရှားမှုအဆင့်ဆင့်ကို မျက်တောင်တစ်ချက်မခက်ပဲ သူကြည့်နေခဲ့တာ ။
သူမဆံပင်ကရေစက်ကလေးတွေ သူ့ရင်ဘက်ပေါ်သို့ကျီဆယ်ကျလာတာတောင်သတိထားမိမည်မထင် ။
သူမဆံပင်ရေစက်စက်ကျနေတာကို သူမ ကိုယ်တိုင်သတိထားမိတာကြောင့်
"ဆော ဆောရီး "
ဆိုပြီး ရေကျရာ သူ့ရင်ဘက်ပေါ်ကို အကြည့်ရောက်သွားစဉ် အင်္ကျီကပါးတာကြောင့် ထိုနေရာက Tattoo ကအထင်းသားမြင်နေရ၏။
မွန်းစိတ်၀င်တစား စိုက်ကြည့်မိသည့်အခါ ရောမဂဏန်းတွေက ရက်စွဲတစ်ခုဆိုတာသေချာပြီး အင်္ဂလိပ်စာလုံး၂လုံးက 'A&M´ တဲ့ ။
အလိုလို၀မ်းနည်းလာမိကာ သူမက ရုတ်တရက်ရပ်တန့်သွားသည်မို့
"အဟမ်း "
အတ္တက ချောင်းဟန့်လိုက်သည့်အခါ
သူမရဲ့ မျက်၀န်းက မျက်ရည်ကြည်တို့ကြောင့်
သူစိတ်ညစ်ရပြန်သည် ။
ပြီးတော့ သူ့ရင်ဘက်ကို စိုက်ကြည့်နေသဖြင့်
"ကိုယ့် ရင်ဘက်မှာ အဲ့သလောက်စိတ်၀င်စရာရှိလား "
မွန်း မျက်ရည်တွေကိုပုတ်ထုတ်လိုက်၍
"ဟင့်အင်း ဆန်ပြုတ်က ပူတယ် အေးမှသောက်ပါ ရှင့်ဒဏ်ရာက အပူတွေစားလို့မရဘူး"
မွန်းတစ်ဖက်သို့လှည့်သွားလျှင်
"ဒီမှာလာထိုင် "
"ဟင်!"
"လာ ကိုယ့်ဘေးမှာလာထိုင် "
မွန်းက ပြန်လှည့်မလာပဲငြိမ်နေသည်။
Tattoo ကရက်စွဲက ဘာလဲဆိုတာမသိပေမဲ့ 'A&M´ ဆိုတာတော့ အတ္တနဲ့မေ ဆိုတဲ့အဓိပ္ပါယ်ဖြစ်လိမ့်မည်ဟု တွေးကာ စိတ်တွေလေးပြီးတစ်ယောက်တည်းဝမ်းနည်းနေရတော့သည်။
"ကိုယ်ညင်ညင်သာသာခေါ်နေတယ်တုန်းလာနော် "
မွန်းက သူ့ကိုမှမလွန်ဆန်နိုင်တာ မုန်းလိုက်တာ။
သူ့ဘေးကို ကျောပေးလျက်သွားထိုင်လိုက်တော့ မွန်းရဲ့ပုခုံးပေါ်က တံဘက်ကို ယူ၍ ခေါင်းကရေတွေသုတ်ပေးသည်။
"ဟင်!"
သူ့ကိုလှည့်ကြည့်မလိုပြင်တော့
"လှည့်လာရင် ဖက်နမ်းမယ် "
မွန်းမှာ ငြိမ်ငြိမ်ကလေးထိုင်နေရပြီး နှုတ်ခမ်းလေးကိုအသာကိုက်ထားသည် ။
"ဘာကို၀မ်းနည်းနေတာလဲ ခဏခဏ ငိုနေတယ် "
သူ့လေသံသည် မာမာထန်ထန်မဟုတ်တော့ဘဲ အေးစက်ညင်သာနေပြန်သည်။
မွန်း မဖြေခဲ့ပါ ။
ဒါက မွန်းအတွက် အရှုံးမဟုတ်လား ။
သူ့ရဲ့Tattoo ပေါ်ကနာမည်တစ်ခုကြောင့် မွန်း၀မ်းနည်းသွားတယ်ဆိုတာ မွန်းသိပ်ပျော့လွန်းလို့ ။
အတ္တဟာ သူမဆံပင်တွေကို တံဘက်ဖြင့် ရေပြောင်အောင်သုတ်ပေးနေတာ မိနစ်အနည်းငယ်လည်းရှိနေပြီမို့
"ရပါပြီ ရှင် ဆန်ပြုတ်သောက်လိုက်တော့ အေးနေလောက်ပြီ "
မွန်းက ထတော့မည်အပြုမှာ ပြန်ဆွဲ၍ မွန်းရဲ့ ဂုတ်ကို အနောက်မှ လှမ်းဖက်ကာ ပုခုံးပေါ်ကိုမေးတင်ပြီး
"မင်းနဲ့အတူစားချင်လို့ အပေါ်ကိုလာပို့ခိုင်းတာလေ "
သူ့ရဲ့ပွေ့ဖက်မှုတိုင်းမှာ မွန်းရဲ့နှလုံးသားသည်အငြိမ်မနေပါ။
"ကျွန်မ ခေါင်းဖြီးလိုက်ဦးမယ် "
"ဘီးယူခဲ့ ကိုယ်ဖြီးပေးမယ် "
စကားတွေကိုရက်စက်စွာပြောလိုက် နူးညံ့ညင်သာစွာပြောလိုက် သူ့ကို ဘယ်ပုံစံနဲ့အမှန်ယူရမလဲ။
"ရပါတယ် "
"ရွှတ် "
မွန်းခန္ဓာကိုယ်လေးတွန့်သွားအောင် မှီရာမေးရိုးလေးအား ရွှတ်ခနဲ နမ်းရှိုက်လိုက်ပြီး
Advertisement
"မင်းရေချိုးပြီးရင် မင်းဆီရတဲ့ဆပ်ပြာနံ့လေး ကိုတောင်စွဲလမ်းနေပြီ"
ရင်ခုန်လွန်းလို့ ရူးတော့မှာပဲ။
မွန်းက ဆက်ကနဲထရပ်၍
"ဘီး ဘီး သွားယူခဲ့မယ် "
ကပြာကယာ ထသွားသည့်သူမကိုကြည့်ပြီး အတ္တရယ်ချင်လာသည်။
သူမကဘီးလေးတစ်ချောင်းယူလာပြီး
သူ့ရှေ့မှာ တန့်တန့်လေးရပ်နေ၏ ။
"ထိုင်လေ ရှေ့မှာ"
ပြူးပြူးလေး၀င်ထိုင်တော့ လက်ထဲကဘီးကိုယူပြီး ရှုပ်ပွနေတဲ့ ဆံပင်တွေကို စိတ်ရှည်ရှည်နဲ့ ရှင်းပေးသည်။
"မင်းသိလားမွန်း ကိုယ်ဘီးကိုင်ဖူးတာ ဒါပထမဆုံးပဲ "
မွန်း၀မ်းနည်းရမလိုပျော်ရမလိုနှင့်။
"ဟုတ်တယ် ကိုယ် ဘယ်မိန်းကလေးကိုမှ ကိုယ်တိုင်ရေသုတ်ပေးတာ ခေါင်းဖြီးပေးတာမလုပ်ခဲ့ဖူးဘူး"
"မမမေကိုရော"
"မင်းပထမဆုံးပဲ"
မွန်းကသူမမြင်နိုင်တဲ့ရှေ့ကနေတစ်ချက်ပြုံးလိုက်မိပြီး
"ဒါပေမဲ့ မိန်းကလေးပေါင်းများစွာကိုနမ်းဖူးတယ်မဟုတ်လား"
"ဟက် "
အတ္တက အသံထွက်အောင်ရယ်လိုက်ပြီး
"မင်းယုံချင်မှတော့ယုံမယ်"
မွန်းမျက်နှာကိုဆွဲလှည့်ပြီး နှုတ်ခမ်းဖျားလေးအား ညင်သာစွာ စုပ်ထွေးနမ်းရှိုက်သည့်အခါ
မွန်း မျက်လုံးတွေကိုမှိတ်ချထားလိုက်ရသည်။
သူ့အနမ်းကဒီတစ်ခါ သိပ်နူးညံ့လွန်းတယ် ဖြေးဖြေးချင်းနမ်းယူတာမို့ အရင်ကထက်ပို၍ရင်ခုန်နေရသည်။
သူက မွန်းရဲ့အောက်နှုတ်ခမ်းကို စုပ်ယူ၍တစ်ချက်တစ်ချက် ရှေ့သွားတို့ဖြင့် မနာအောင်အသာကိုက်၏ ။
သူတစ်ချက်ကိုက်လျှင် မွန်းမျက်လုံးဖွင့်ကြည့်တော့ သူကမွန်းမျက်လုံးတွေကိုစိုက်ကြည့်ရင်း သူ့ရဲ့ခေါင်းကိုညာဘက်သို့စောင်းလိုက်ပြီး မွန်းရဲ့အပေါ်နှုတ်ခမ်းသားလေးအားဆွဲယူကာ မျက်စိတစ်ဖက်မှိတ်ပြတော့ မွန်းမှာ ချက်ချင်းမျက်လုံးပြန်မှိတ်ပြီး
လက်ကလေးကဂါ၀န်စကို တင်းနေအောင်ဆွဲကိုင်ထားလိုက်မိသည်။
စိတ်နဲ့ခန္ဓာကတခြားစီဖြစ်သွားသလို သူမမတုန်မလှုပ် ငြိမ်နေတော့သည်။သူကတော့သူကျွမ်းကျင်နဲ့ အနမ်းတစ်မျိုးနဲ့မွန်းကိုပြုစားသွားပြန်ပြီ။
မွန်းမရုန်းပဲပြန်လွှတ်ပေး၍
"အဲ့လို ညင်ညင်သာသာ နမ်းဖူးတာလည်း မင်းတစ်ယောက်တည်း" တဲ့။
မွန်းရဲ့အသက်ရှူသံပုံမှန်မဟုတ်တော့တာ သူသတိထားမိပါသည်။တစက်စက်တုန်နေသည့်နှုတ်ခမ်းပါးတို့ ကိုမျက်မှောင်ကုတ်ကြည့်၍
"ကိုယ် ထပ်နမ်းပေးဖို့လိုနေပြီမဟုတ်လား"
သူကမွန်းရဲ့လည်တိုင်လေးကိုပြန်ဆွဲသည့်အခါ
မွန်းခေါင်းခါရမ်း၍ သူ့ရင်ခွင်ထဲကနေရုန်းထွက်ကာ
ရှက်ဖို့ကောင်းလိုက်တာ ငါဘာတွေဖြစ်နေတာလဲ။
အတ္တ ကမျက်ခုံးတစ်ချက်ပင့်ပြကာ
"ပြန်ထိုင်လေ ရှက်မနေနဲ့ ပထမဆုံးလည်းမဟုတ်ပဲ "
ရှင့်လို မိန်းကလေးတိုင်းနဲ့ထိတွေ့နေတဲ့သူမှမဟုတ်တာ ပြီးတော့ ဒီတစ်ခါ သူနမ်းတာ ဝိဉာဉ်တောင်လွင့်မတက်ပဲ ရှက်တာပေါ့ ။
"မင်းကို မနက်စားဖို့ ထိုင်ခိုင်းတာနော် လျောက်မတွေးနဲ့ "
မွန်းမှာ အံ့ကြိတ်ကာ မျက်နှာလေးရဲတက်သွားသည်။
သူကအောင်နိုင်သူအပြုံးနဲ့ ရှေ့ကဆန်ပြုတ်ကိုတစ်ဇွန်းချင်းသောက်၏ ။
မွန်းလည်း မုန့်စားနေသည်မို့ မခွံ့ခိုင်းဘဲ စားပြီးလျှင် စားပွဲကိုဘေးမှာပြန်ရွှေ့ပြီး ဆေးသောက်ရန် မွန်းဆေးထုတ်ပေးသည့်အခါ သူယူသောက်သည်။
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် သူမက အတ္တကို ကြည့်လိုက်သည့်အခါ
"၀င်ခဲ့"
သူက အလင်း မှန်းကြိုသိပုံရသည်။
"သခင်လေး သိခဲ့ပါပြီ "
အလင်းက သူမကို မျက်စပစ်လိုက်သည့်အခါ
အတ္တက မွန်းကို
"ကိုယ့်အတွက် အင်္ကျီတစ်ထည်ယူလာပေး "
မွန်းလည်း သူတို့မွန်းမသိစေချင်တဲ့အကြောင်းအရာအချို့ကို ပြောကြမည်ဆိုတဲ့ အရိပ်အခြေ နားလည်သည်မို့ စားပြီးသားပန်းကန်တွေပါယူ၍ အောက်ဆင်းသွားသည်။
"ပြောလို့ရပြီ "
အလင်းက အတ္တအနားသို့ ပိုတိုးကပ်ပြီး
"သခင်လေးပြန်အလာကိုကြိုသိနေတဲ့သူပဲဖြစ်ရမယ် သေချာဟန့်တားချင်လို့ ချောင်းတိုက်တာပဲ "
"ဟက်... ကြည့်ရတာ ငါ့ကိုအသေသတ်ဖို့စိတ်ကူးရှိပုံမပေါ်ဘူး တစ်ခုခုကြောင့် အပြန်ခရီးနင့်အောင် လုပ်တာပဲ"
အတ္တက လက်ပိုက်၍ သူ့ရဲ့အတွေးအထင်ကို ချက်ကျနက်ကျ အလင်းအားရှင်းပြ၏။
အတ္တ တစ်ချက် မျက်မှောင်ကုတ်သွားပြီး
"မင်းသတိထားမိလား အလင်း အဲ့ဒီနေရာမှာ ဂိုဏ်းတော်တော်များများကခေါင်းဆောင်တွေရှိတယ် တစ်ယောက်လိုနေတယ်"
အလင်းသေချာစဉ်းစားကြည့်ရင်း
"သခင်လေးဆိုလိုချင်တာဂျော်နီလား"
အတ္တ နှုတ်ခမ်းကို ခပ်ထေ့ထေ့ပြုံးပြီး
ခေါင်းညိတ်လိုက်သည်။
"တကယ်ဆိုရင် သူ့လိုကောင်က ချောင်းတိုက်မယ့်ကောင်မျိုးမဟုတ်ဘူး အသေမသတ်ပဲ သေချာ လုပ်သွားပုံအရတစ်ခုခုလိုချင်တာသေချာတယ်"
"သခင်လေးမသိအောင် သူတစ်ခုခုစီစဉ်နေမလား"
=================
"မေတင်"
"ဟေ သမီးမွန်း ပေးပေး မေတင့်ကိုပေး"
လက်ထဲက လင်းပန်းလေးအားလွှဲပြောင်းယူလိုက်ပြီး
"ဘာလိုချင်သေးလဲ သမီးသခင်လေးရော သက်သာပြီလား"
"ဟုတ် သူ....."
ဟွန့် သက်သာသလားတော့မမေးနဲ့ နေမကောင်းလို့သာပေါ့ လူကိုနမ်းလွှတ်လိုက်တာများ အခုထိတောင် ရှိန်းတိမ်းတိမ်းနဲ့ ရင်ခုန်နေတုန်း ဘယ်လိုတွေများ ကျွမ်းကျွမ်းကျင်ကျင်နမ်းတတ်နိုင်လွန်းတာလဲ။
"သမီးမွန်း..."
စကားအဆက်ပြတ်သွားပြီး မေတင်လှမ်းခေါ်လိုက်မှ
"ရှင် အဲ..."
ငါဘာတွေတွေးနေတာလဲ။
မျက်နှာလေးရဲတက်သွားပြီး
"ဟို သူ သက်သာပါတယ်လို့"
"ဪ အေးပါကွယ် "
"မေတင် မွန်းသွားတော့မယ်နော်"
မွန်း ရှက်ခိုးရှက်ကန်းနဲ့ ထွက်လာရာ ဧည့်ခန်းထဲမှ ဖုန်းကထမြည်၏။
ကလင်........ကလင်.......
မွန်း ရင်ဘက်ကလေးဖိရင်း လန့်သွားပေမဲ့
ဟိုလူ ပဲလား။
မေတင်ထွက်မလာသေးသည်မို့မွန်းရဲ့ ခြေလှမ်းများကတစ်လှမ်းချင်း တယ်လီဖုန်းအနားသို့ရောက်လာပြီး ဆွဲကောက်ယူ၍ နားနားသို့ကပ်လိုက်၏။
"ဟယ်လို"
"မင်း ကိုင်လိမ့်မယ်လို့ ကိုယ်သိပြီးသား မွန်း"
"ဟင်! ရှင်ပဲလား"
"အင်း မင်းကိုယ့်ကိုမှတ်မိတယ်ပေါ့"
"ကိုနက္ခတ်"
"သိပ်မှန်တာပေါ့ "
"............."
"ဟိုနေ့က ကိုယ်မေးတာကို မဖြေခဲ့ဘူးနော် မင်းနဲ့အတ္တ ဘယ်လိုပတ်သတ်လဲ"
"မဖြေနိုင်ဘူး ရှင့်ကို ကျွန်မကဘယ်လိုယုံကြည်ရမလဲ ရှင်နဲ့လည်းမသက်ဆိုင်ဘူး"
"ကိုယ့်ဘက်ကဆိုင်နေတယ်မွန်း မင်းနဲ့ပတ်သတ်တဲ့အရာမှန်သမျှ ကိုယ်နဲ့ဆိုင်တယ် မင်းကို ကယ်တင်ပေးမယ့်လူလို့ကိုယ်ပြောခဲ့တယ်လေ"
"ရှင်က ကယ်ပေးမယ်လို့ပြောရအောင်ကျွန်မကဘာဖြစ်နေလို့လဲ"
"မင်းကိုမင်းပိုသိမှာပေါ့ "
မွန်းမပြောပြရဲဘူး သူ့ရဲ့ရန်သူများလား ။
တကယ်ပဲ မွန်းကို သူ့ဆီကနေကယ်ထုတ်ပေးမလို့လား။
"ကိုယ်သိသလောက်တော့မင်းကအတ္တဆီမှာရှိမနေသင့်ဘူးဆိုတာပဲ မင်းလိုဖြူဖြူစင်စင် အလုပ်ရှာနေတဲ့မိန်းကလေးတစ်ယောက်က ဘယ်နည်းနဲ့မှအတ္တနဲ့ဆုံနိုင်စရာမရှိသလို ဒီလိုလောကမှာလည်းကျင်လည်စရာလည်းမလိုဘူး"
သူ့စကားတွက်မွန်းနားလည်ရခက်သလို စိတ်၀င်စားဖို့လည်းကောင်းသည်။
မွန်းကအလုပ်ရှာရင်း အတ္တနဲ့တွေ့တယ်ဆိုတာလည်းသူသိနေသည်။
"ဒီလောက? "
Advertisement
"အင်း မင်းအခုရှိနေတဲ့ လောက ကမင်းထင်သလောက်မရိုးရှင်းတာ မင်းသိမှာပါ"
"......."
"ဧကန္တ အတ္တ ဘာလုပ်သလဲဆိုတာမင်း မသိတာလား"
"ဟင့်အင်း"
ဂျောနီ တစ်ချက်ပြုံးလိုက်ပြီး
မင်းရဲ့အားနည်းချက်ဖြစ်လာမည့်အချက်တစ်ခု ငါရသွားပြီ အတ္တ။
တကယ်တော့ မွန်းက မင်းရဲ့မှောင်မိုက်နေတဲ့လောကကြီးအကြောင်းသေချာမသိသေးဘူးပဲ။
မွန်းဟာ မီးဖိုခန်းထဲကလူရိပ်ကြောင့် ဖုန်းမြန်မြန်ချပစ်လိုက်သည်။ထို့နောက် အပေါ်သို့ ခြေလှမ်းသွက်သွက်ဖြင့်တက်လာခဲ့ပြီးမွန်းအတွက်စဉ်းစားစရာတွေ များလာပြီ။လှေကားမှာ အလင်းနှင့်တွေ့တော့မွန်းကိုအလင်းက ခေါင်းငုံ့နှုတ်ဆက်သော်လည်း မွန်းသတိမထားမိပါ။
သူ့အခန်းထဲသို့သွားပြီးအ၀တ်ထားတဲ့အခန်းကိုဖွင့်၍ အရင်လိုပဲ ရှေ့နားမှာရှိတဲ့ အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကိုဆွဲဖြုတ်ယူလာခဲ့သည်။
သူ့အခန်းရဲ့မှန်ပြတင်းနားကဆေးလိပ်ခွက်ကိုမြင်လျှင်
"သူ စီးကရက်မသောက်တာကြာပြီ၀မ်းသာပါတယ် ရှင် အခုလို မွန်းအနားမှာနေတုန်း ဆင်ခြင်ပေးတာ"
မွန်းဟာ ကျေနပ်ပြုံးကလေးနဲ့ သူမအခန်းတံခါးဖွင့်လိုက်ရုံဖြင့် အပြုံးတွေပျောက်ကွယ်ကုန်ပါသည်။
စီးကရက်မီးညှိနေတဲ့သူက မွန်းကို လှမ်းကြည့်လိုက်သည်။
အလင်းပေးသွားတာပဲဖြစ်မှာ မွန်းအခန်းထဲမှာစီးကရက်မှမရှိတာ။
"အင်္ကျီတစ်ထည်သွားယူတာ အဲ့သလောက်ကြာရသလား"
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(21)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(20)
"အဲ့တာ ဘယ်လဲ"
"မနက်စာ သွားစားမလို့"
"ဘာလုပ်မလို့လဲ"
"ဖြစ်သင့်တဲ့အရာပဲလေ "
"ရေချိုးမလို့ "
"အ..."
ဒေါက် ဒေါက်
"လာပြီ လာပြီ"
သက်သက်က ပြုံးပြပြီး
"အင်း အင်း "
"ဆော ဆောရီး "
"အဟမ်း "
သူစိတ်ညစ်ရပြန်သည် ။
"ဒီမှာလာထိုင် "
"ဟင်!"
"ဟင်!"
မွန်း မဖြေခဲ့ပါ ။
"ရပါတယ် "
"ရွှတ် "
မွန်းက ဆက်ကနဲထရပ်၍
"ဘီး ဘီး သွားယူခဲ့မယ် "
"ထိုင်လေ ရှေ့မှာ"
"မမမေကိုရော"
"မင်းပထမဆုံးပဲ"
"ဟက် "
ဒေါက် ဒေါက်
"၀ငျခဲ့"
"သခင်လေး သိခဲ့ပါပြီ "
အတ္တက မွန်းကို
"ပြောလို့ရပြီ "
ခေါင်းညိတ်လိုက်သည်။
=================
"မေတင်"
Advertisement
- In Serial34 Chapters
In Sign Language, I Hear You
It was only when the bloodshed through her face, and the sirene sound went wild. At that moment, she then know the happiness she was searching for... only At that moment, the regrets come to her. Then, in her last breath if she has a chance to ask God to give her a second life, will she do that? ' No. I am too sinful.' It was terrifying to approach the sin. her sin. It will be better to just leave everything behind, isn't it? Then maybe, this is how God punishes her. To be a deaf and muted girl in the unknown fantasy world that she does not know. To be some disabilities in the world that adores patriarchy and hierarchy... it is surely better to kill herself as she already died once. but, her baby sister was too cute. too lovely. too pure to feel the death that was full of disgusting and disturbing blood aroma. It will be great if she could see the beauty of the world that she never once had. so that's why...with sign language she said. [ My name is Irisha, Irisha Spes. I am deaf and muted, how can I help you?] Average words per part : 1700-3000 words
8 262 - In Serial34 Chapters
Dominantly Yours (Book 1, Dominantly Yours Series)
As an Omega, the lowest-rank werewolf in any pack, Claire is confident her smoking hot Alpha can't be her mate. But she's wrong -- not just about him, but also about her place in the werewolf world. *****Adopted into a family of Omegas, the lowest-ranking werewolves in the Mistwood Valley pack, eighteen-year-old Claire Masters is more concerned with her schoolwork and her adorable little brother than pandering to pack politics. But when Nathanial Groves, the pack's inescapably attractive Alpha, steps into her life, her entire world is thrown into disarray. Because Claire can't help feeling drawn to him -- irresistibly so -- and it's distracting her from the growing danger looming over her town and her family. A mate is the last thing she has time for, but can Nate be ignored? [[word count: 70,000-80,000 words]]
8 882 - In Serial11 Chapters
The Shadow Lover
The boy who fell in love for a girl in an age where he's too young to understand his feelings, but by the time when he's able to understand his feelings he's no longer with her. Let's see what's written in his destiny, whether he'll meet her or will lose her? And if he meets her then what happens next? -------------------------- * Note: This is a project that I am doing as side work for relief and enjoyment. I don't work on it daily, hence the updates may not be fast enough. If you like the story, then rate it and vote.This can act as a motivation for me to work so then you people can get faster updates. * I am not a professional writer, not a native English speaker, hence do tell in comments for any error you find * ENJOY !!! Author : amanasci
8 133 - In Serial61 Chapters
The Unspoken Heart
[ Completed ]Zoha's life has been weaved with tragical fate. Her parents died in a tragic car crash, when she was four. Her Dadi, or grandma, raised her with relentless love and care. She bloomed into an ambitious girl, studying to become an architect. Opposite of her was her cousin, Manal, daughter of her Zafar uncle, who lived in California, owning a restaurant. Manal always resented Zoha since the time she was really little. She is a conceited, spoiled girl, always proving to be better than Zoha.One day when Dadi leaves her too, Zoha feels she is forever left alone. There is no one who is close to her as her Dadi was. She feels weak and discouraged without support. And as much she tried to come out of the grief of loss, Manal's enmity intensifies and she has planned to kick her out of the house, by taunting and demeaning her self-esteem. But Manal's brother Shehryaar who comes to Pakistan from California, is a generous, kind person. He treats Zoha rather warmly. When Manal pressurizes Zoha to leave her house, because she stands as a problem to her, Zoha is all broken from inside. She can't move away from a house in which she grew up. She has memories of her childhood with dadi there. She doesn't realize when Manal's hate is that strong to throw her out of the house, so there is a strong pull of Shehryaar's kindness and love that keeps bringing her back. ******************************************************This book is a work of fiction. Names, characters, places, and incidents either are the product of the author's imagination or are used fictiously and any resemblance to actual persons, living or dead, business establishment, events, or locales is entirely coincidental.
8 207 - In Serial49 Chapters
What's wrong with Secretary Kim? |TAETZU| |Completed|
Chou Tzuyu a very successful, young and beautiful CEO of one of the big companies of Asia. She never trust anyone easily, it's really difficult to pass her vibe check. People always consider her as rude, arrogant boss based on her cold look. But she is much more than what people think. She is in search for a Secretary who is trustable and is sincere in his work. Then comes bubbly, handsome looking Kim Taehyung who seems to be very cute and sweet but the reason why he is here to be Tzuyu's secretary is what he is hiding. Tzuyu feels their is something that he is hiding while working with him. Then their the question arises in her mind 'What's wrong with Secretary Kim?' Please forgive me if any grammatical and typo errors. Or just notify me so I can correct it.Highest ranking! #1 Taetzu #1 ChouTzuyu#1 Dahmin#3 Sakook#10 Bangtwice#1 Jinmina#9 NamsooStarted 24/07/2021 - 18/09/2021 CompletedSo here I come again with my second story. Hope you all like this and support me.
8 237 - In Serial51 Chapters
JonDami: Oneshot Book
This is a book for all my JonDami one shots. Warning: I make Jon act more 'dom' than Damian because that's what I like, hence the ship name'JONdami'. I will have the book set as complete but that doesn't mean it will be. It's just so if I get bored with it it's already completed haha.
8 106