《အတ္တလွန်အချစ် (OC) Completed》Part (18) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(18)
"မေတင် ဟင့် မေတင် "
ဒေါ်မေတင်ရဲ့နာမည်ကိုခေါ်ရင်း လှေကားကနေဝရုန်းသုန်းကားပြေးဆင်းလာသော မွန်းကြောင့် ဒေါ်မေတင်ဟာ အစေခံအားလုံးကိုဆိုဆုံးမနေရင်းမှ မွန်းရှိရာသို့လာရောက်လာခဲ့သည်။
"မေတင် သူ သူဘာဖြစ်တာလဲ မသိဘူး လိုက်ကြည့်ပါဦး ခေါ်လို့မရတော့ဘူး ဟင့် အဟင့်!"
ဒေါ်မေတင်ဟာ မွန်းရဲ့စကားကိုကြားတော့ ဘာကိုဆိုတာလဲဆိုတာသိပ်နားမလည်။
" မေတင်...သူသတိလစ်သွားတာထင်တယ် ဗိုက်ကလည်းဒဏ်ရာကြီးနဲ့ လုပ်ပါဦး မေတင်ရယ်"
ထိုအခါမှဒေါ်မေတင်တစ်ယောက် အတ္တဒဏ်ရာရလာတယ်ဆိုတာသဘောပေါက်ပြီး
"ဟေ ... လာလာ သမီး စိတ်အေးအေးထား မေတင် လိုက်ခဲ့မယ် "
စပ်စုတတ်သူ သက်သက်က နောက်ကလည်းနောက်မှပါလာ၍ မွန်းဟာ မေတင့်လက်ကိုဆွဲကာ အခန်းထဲခေါ်လာပြီး မွေ့ယာပေါ်မှာ ပက်လက်လဲနေသည့်သူ့ကို ပြ၏။
"ဗိုက်ကလည်းသွေးတွေနဲ့ ဟိုလေ ဟို ကိုယ်တွေလည်းပူနေတယ် မေတင်ရယ် ဆေးရုံ ဆေးရုံ ပို့ရမယ်ထင်တယ် ဟင်? "
မေတင်က အတ္တရဲ့ နှဖူးကိုလက်ဖြင့်စမ်း၍
"ဟုတ်ပကွယ် ပူကျစ်နေတာ မိုးတွေလည်းမိလာပြန်ပြီထင်တယ် ဆေးရုံတော့ ပို့လို့မဖြစ်ဘူးသမီးရဲ့ သခင်လေးက ဆေးရုံကိုဘယ်တော့မှမသွားဘူး"
ဆေးရုံသို့ပို့စေချင်နေသော မွန်းကိုဒေါ်မေတင်ကဖြောင်းဖျပြီး အခန်းတံခါးနားမှာရပ်နေသောသက်သက်အား
"မိသက် သွား အလင်းကို ခေါ်လာခဲ့ "
"ဟုတ် ဟုတ် "
သက်သက် ပြာယာပြာယာနဲ့ အလင်းကိုသွားခေါ်သည်။
မွန်းက လက်ဖဝါးနှစ်ဖက်ကိုပွတ်ကာ ဘာလုပ်လို့လုပ်ပေးရမှန်းမသိချေ။
ဒီလိုအခြေအနေမျိုးအခုမှကြုံဖူးတာဖြစ်ပြီး
မွန်းဟာ သူ့ကိုသေသွားရင်ကောင်းမယ် ဒီလိုကောင်မျိုးလူ့လောကထဲမှာမရှိသင့်ဘူး စသည်ဖြင့်မကြာခဏကျိန်ဆဲ မိပေမဲ့ အမှန်တကယ် သူ့အသက်အန္တရာယ်မျိုးအခုလိုကြုံတွေ့လာသည့်အခါ၌ မွန်းသည်တခြားတစ်ယောက်လို ပူထူသွားကာ သူတစ်ခုခုဖြစ်သွားမှာကိုသာစိုးရိမ်နေမိသည်။
အလင်းက သက်သက်နှင့်လိုက်လာပြီး
"ဟို သခင်လေး ဓားထိထားတယ်ဗျ"
ရောက်ရောက်ခြင်းအလင်းပြောသည့်စကားကြောင့်မွန်းက မျက်လုံးပြူးလေးနဲ့ အလင်းကို မော့ကြည့်လိုက်သည်။
"ဘာလို့ အခုမှပြောတာလဲ"
"သခင်လေးက ဘာမှမပြောလို့ပါ လမ်းမှာချောင်းပြီးဓားထိုးခံရတာ အရှောင်ကောင်းလို့ ခြစ်ပဲခြစ်မိတာ "
"ဘယ်လို မိုးရွာကြီးထဲမှာ? "
"ဟုတ်ကဲ့ သခင်လေးက သိပ်ပျော့တဲ့သူမဟုတ်တော့ ဒီလောက်နဲ့ အရင်ကဆိုဘာမှမဖြစ်ဖူးဘူး ဒီတစ်ခါ နက်သွားလို့လား "
"ကျစ် ရှင်တို့တကယ် သွေးအေးကြတာပဲ ခေါင်းဆောင်တင်မကဘူး တပည့်တွေလည်းတူတူပဲ ဓားထိထားတဲ့လူတစ်ယောက်လုံးကို ဆေးရုံတောင်လိုက်မပို့ဘူး ဘာပဲဖြစ်ဖြစ် အိမ်ရောက်ရင်တော့ ပြောသင့်တာပေါ့ "
မွန်းက အလင်းရှေ့မှာ တည့်တည့်ရပ်ကာ ဘယ်သူ့ကိုဒေါသဖြစ်မှန်းမသိတဲ့ ဒေါသအားလုံး အလင်းပေါ်သို့ပုံချမိ၏။
"သခင်လေးက ဆေးရုံမသွားဘူးဗျ "
"ဒါဆိုဘာလုပ်မှာလဲ ဒီလောက် သတိလစ်မေ့မျောနေတာ တစ်ခုခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲ"
မွန်းက မျက်ရည်ပေါက်ပေါက်ကျကာ အော်ပြောသဖြင့် မေတင် အလင်း နှင့်သက်သက်တို့
မမလေးဟာ သခင်လေးအပေါ်ကို လေးလေးနက်နက်ခံစားချက်တွေရှိနေပါလား ဆိုတာ သိလိုက်ကြသည်။
"ကဲပါ အလင်းရယ် သွားဆရာဝန်မြန်မြန်သွားခေါ်လိုက်ပါ "
ဒေါ်မေတင်က အလင်းကိုတွန်းလွှတ်လိုက်တော့
"ဟုတ် ကျွန်တော် အခုပဲ ခေါ်လိုက်ပါ့မယ် "
အလင်းကဖုန်းတစ်လုံးနှင့်အပြင်ထွက်သွားလေသည်။
မွန်းကအတ္တဘေးတွင် ထိုင်ချလိုက်ပြီး သူ့နှဖူးနဲ့လက်တွေကိုခဏခဏကိုင်ကြည့်နေသည်။
အလင်းက ပြန်၀င်လာ၍
"ခေါ်ထားပါပြီ အခုချက်ချင်းလာခဲ့မယ်ပြောပါတယ် "
မွန်းက အလင်းကို ကြည့်ပြီး ဖုန်းဆက်ရုံနဲ့ချက်ချင်းလာမယ်ဆိုတော့ ဆရာဝန်ဟာမိသားစုဆရာဝန်ဖြစ်မည်ဟု သိလိုက်ရသည်။
တကယ်လည်း ခဏလေးပါပဲ မိနစ်အနည်းငယ်လောက်နဲ့ ကားသံကြားတော့ အလင်းနဲ့သက်သက်က သွားကြိုကြသည်။
မွန်းနဲ့ဒေါ်မေတင်သာကျန်ရစ်ပြီး သူတို့ပြန်၀င်လာတော့ မွန်းက အတ္တဘေးမှထ၍ ဒေါ်မေတင့်အနားမှာသွားရပ်နေလိုက်သည်။
မိသားစုဆရာ၀န်ဆိုတော့ မွန်းထင်ခဲ့တာက သူလိုမျိုးခန့်ခန့်ထည်ထည်ယောကျာ်းတစ်ယောက် သို့မဟုတ် အသက်ကြီးကြီးအဘိုးကြီးတစ်ယောက်ပေါ့။
အခုတော့တကယ်ကို ထင်ထားတာနဲ့တပ်တပ်စင်အောင်လွဲသော မင်းသမီးရှုံးအောင်ချောတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေသည်။
ဆံပင်နက်နက်တွေကို မြှောက်စည်းထားပြီး
နို့နှစ်ရောင် အင်္ကျီလက်ပြတ်လေးကို သားရေစကပ်အနက်ရောင်ဒူးဖုံးဖြင့် တွဲ၀တ်ထားသည်။
အသက်အားဖြင့်၃၀လောက်ရှိမည်ဟု ခန့်မှန်းရပြီး နှာတံဆင်းဆင်းမျက်အိမ်ရှည်ရှည်နဲ့ စတိုင်ကတော့ အတ္တ အကြိုက်ပဲဟု မွန်းက မှတ်ချက်ချလိုက်သည်။
အထဲ၀င်လာကတည်းက အလင်းနဲ့ရင်းနှီးစွာစကားပြောနေကြသည်ဖြစ်ရာ ဒီမိန်းကလေးဟာ အလင်းလိုစကားကိုလိုတာထက်ပိုမပြောတဲ့လူနဲ့တောင်ရင်းနှီးရင် တော်ရုံမဟုတ်ဘူးဆိုတာ တွေးကြည့်ရုံနဲ့သိသည်။
"ဓားထိတယ်ဟုတ်လား မပြောချင်ပါဘူး အမြဲတမ်းပဲ အခုလည်း ဘာမှမဖြစ်ဘူးဆိုပြီး နေတယ်မဟုတ်လား"
သူဒီလို ဒဏ်ရာရလာတိုင်း သူမကလည်းလာပြီး ကုသပေးရတဲ့ပုံစံနဲ့ပြောလိုက်သည့်စကားများကို နားထောင်၍ မွန်းကသာအခုမှကြုံဖူးလို့အထူးအဆန်းဖြစ်နေတာ အလင်းရော ထိုဆရာဝန်မလေးရောကအေးအေးဆေးဆေးဖြစ်နေကြသည်။
ထို့နောက် ကုတင်ပေါ်ကသူ့ဘေးမှာထိုင်ပြီး
သူ့ရဲ့ရှပ်အင်္ကျီက ကြယ်သီးတွေကို တစ်လုံးချင်းသူမလက်နဲ့ကိုယ်တိုင်ဖြုတ်ပေးနေတာကိုလည်း မွန်းငြိမ်ငြိမ်ကလေးလိုက်ကြည့်နေမိသည်။
"ဒါနဲ့ သူကဘာလို့ဒီအခန်းထဲရောက်နေတာလဲ"
ဒီအခန်းက အတ္တရဲ့အခန်းမဟုတ်ဘူးဆိုတာကစသိနေသော ဆရာဝန်မလေးဟာ သူနဲ့ရိုးသားသောပတ်သတ်မှုမှဟုတ်ရဲ့လားဟု မွန်းခေါင်းထဲမှာအတွေးတစ်ခုဝင်လာရသည်။
"ဟုတ်တယ် ဒီအခန်းထဲမှာသတိလစ်သွားလို့ "
ဟုအလင်းက ဘေးကနေဝင်ဖြေလိုက်သည်။
"ဪ"
အင်္ကျီကို ဖြဲလိုက်သည့်အခါ ရင်ဘက်ပေါ်မှ ရောမဂဏန်းဖြင့်ရေးထားသော Tattoo တစ်ခုကိုကြည့်၍
"ဟင် Tattoo အသစ်ပါလား ဘယ်တုန်းက သွားထိုးထားလဲမသိဘူး"
သူမစကားကြောင့် မွန်းက သိချင်စိတ်နဲ့ခြေဖျားလေးထောက်ပြီး ကြည့်လိုက်ပေမဲ့ သူ့ရင်ဘက်မှာ နှစ်ဖက်လုံးမှာ Tattoo တွေရှိနေတာသဖြင့် သူမဟာဘယ် တစ်ခုကိုအသစ်ဟုရည်ညွှန်းပြောဆိုသလဲဆိုတာမသိပါ။
Tattoo အသစ်နဲ့အဟောင်းနဲ့တောင်ခွဲခြားနိုင်စွမ်းရှိရင် သူမဟာ အတ္တရဲ့ခန္ဓာကိုယ်ကို မွန်းထက်ပိုပြီးရင်းနှီးတဲ့သူဖြစ်လိမ့်မည်။
"အာ..ဒီတစ်ခါနည်းနည်းနက်တယ်"
၀မ်းဗိုက်ရဲ့ဘေးခါးနားက ၆လက်မလောက်ရှိသော ဓားဒဏ်ရာကိုကြည့်ပြီး သူမအပြောကြောင့်မွန်းကတော့ ထိတ်လန့်နေရပေမဲ့သူမက နည်းနည်းမှမတွန့်မဆုတ်ပါ။
သူမပါလာတဲ့သေတ္တာကို ဖွင့်၍ လက်အိတ်တွေစွတ်ကာ ကတ်ကြေး အရက်ပြန် ဂွမ်း အပ်ချည်စသည့်လိုအပ်သောပစ္စည်းများကို ထုတ်လိုက်ပြီးတော့ မေတင့်ဘေးကမွန်းကို လှမ်းကြည့်လိုက်၏။
Advertisement
သူမဟာ ဒီအခန်းထဲဝင်လာကတည်းက မွန်းကိုအခုမှသတိထားမိပုံရသည်။
ထို့နောက် ပြေပြေလေးပြုံးပြ၍ ခေါင်းလေးညိတ်ကာ နှုတ်ဆက်လိုက်တော့ မွန်းလည်း ပြူးပြူးဝိုင်းဝိုင်းလေးပြန်ပြုံးပြလိုက်၏ ။
"အလင်း ကူညီဦး"
အလင်းကလည်း သူမအနားမှာထိုင်ပြီး သူမတောင်းတဲ့ဆေးပစ္စည်းတွေတစ်ခုချင်းယူပေး၏ ။
မကြာခင်ပဲ ပြဲနေတဲ့ဒဏ်ရာ အောင်မြင်စွာ ကောင်းကောင်းချုပ်ပေးနိုင်ခဲ့ပြီဖြစ်ကာမွန်းရဲ့အိပ်ယာခင်းတွေလည်း သူ့ရဲ့သွေးတွေစွန်းထင်ကုန်ပြီဖြစ်သည်။
"ကဲ ပြီးသွားပြီ သူသတိရတဲ့အထိ စောင့်ပေးမယ်နော် ဒဏ်ရာကိုသတိထားဖို့လည်း တစ်ခါတည်း သူ့ကိုမှာခဲ့မယ် "
ဟု သူမက အတ္တရှိသောမွန်းရဲ့အိပ်ယာဘေးက ကုလားထိုင်တစ်လုံးမှာ ခြေချိတ်၍ထိုင်ပြီးဒေါ်မေတင့်ဘက်လှည့်၍ ပြောလိုက်သည်။
"အေးကွယ် သမီး ကော်ဖီသောက်ဦးမလား မိသက်ကိုဖျော်ခိုင်းလိုက်မယ်"
ဒေါ်မေတင်ဟာ သမီးလို့ခေါ်လိုက်သောကြောင့် အလင်းနဲ့တင်မကဘဲ ဒေါ်မေတင်နဲ့လည်းရင်းနှီးပုံရသည်။
"ရပါတယ် ဒေါ်ဒေါ်ရယ် ရေတစ်ခွက်တော့သောက်ချင်တယ် "
သက်သက်က အလိုက်တသိ ရေခက်ပေးဖို့ အခန်းထဲကထွက်သွားသည့်အခါ စပ်စုချင်စိတ်ကြောင့် မွန်းလည်း သက်သက်နောက်ကိုလိုက်သွားသည်။
"သက်သက် "
"ရှင်!"
ရေခဲသေတ္တာဖွင့်နေသည့် သက်သက်အနားသို့ကပ်ရင်း
"ဟိုလေ အခုရောက်နေတဲ့ ဆရာ၀န်အစ်မက ဒီအိမ်နဲ့အရမ်းရင်းနှီးတယ်လား"
"မမမေသုခက သခင်လေးရဲ့အစ်ကိုနဲ့သူငယ်ချင်းလေ "
"သူ့မှာအစ်ကိုရှိတယ်?"
"ဟုတ်တယ် ၂နှစ်ကြီး၂နှစ်ငယ်ပြောတာပဲ မေတင်က "
"ဪ အဲ့ဒီတော့ သူနဲ့လည်းရင်းနှီးတယ်ပေါ့"
"ဟုတ် သခင်လေး တစ်ခုခုဖြစ်တိုင်း မမမေသုခကပဲ လာလာကြည့်ပေးတာ အစ်ကိုသီဟ ရှိတုန်းကတည်းကပဲ"
"သီဟ ဆိုတာ သူ့အစ်ကိုလား အခုရော ဘယ်မှာလဲ"
"ဟုတ်တယ် သီဟလွန်တဲ့ဆုံးသွားတာကြာပြီ သခင်လေးက အဲ့တာကြောင့် အထီးကျန်နေတာ"
"ဪ "
မွန်းစိတ်မကောင်းစွာ ငြီးတွားမိလိုက်သည်။
"ဘာလို့လဲ မမလေး "
"ဘာရယ်မဟုတ်ပါဘူး ဆရာ၀န်အစ်မကလှလို့ပါ ပြီးတော့ တစ်အိမ်လုံးနီးပါးနဲ့ ရင်းနှီးနေလို့"
"ဟုတ်တယ် အရင်ကတော့ မကြာမကြာလာတယ် ခုနောက်ပိုင်းမလာတာ တော်တော်ကြာပြီ "
မွန်းနဲ့ သက်သက် ပြန်လာသည့်အခါသက်သက်က သူမလက်ထဲသို့ ရေတစ်ဖန်ခွက်ပေးလိုက်၏။
"မမ ဒီမှာ"
"ကျေးဇူး သက်သက် "
သက်သက်ဆီက ရေတစ်ဖန်ခွက်ကို သူမလက်ဖြူဖြူသွယ်သွယ်ကလေးနဲ့လှမ်းယူလိုက်ပြီး သောက်လိုက်သည်။
ထို့နောက်ဖန်ခွက်ကိုဘေးကစားပွဲပေါ်သို့တင်လိုက်ပြီး
"လုပ်စရာရှိရင် သွားလုပ်ကြလေ မေ စောင့်ပေးလိုက်ပါ့မယ် "
ထိုအခါ သက်သက်နဲ့အလင်း အောက်ပြန်ဆင်းသွားပြီး မေတင်က မွန်းရှိနေသေးတာကြောင့် အဖော်နေပေးသည် ။
ထိုင်နေတာ ၄၅မိနစ် လောက်ရှိပြီ မည်သူ့ကိုမှစကားမပြောကြပါ ။
ထိုစဥ်မှာ သူမကပဲစပြီး
"အင်္ကျီလဲပေးခဲ့ရဦးမလား "
ဟုမေးလိုက်တော့ မွန်းဟာ မေတင်နဲ့အတူဗီရိုရှေ့က အဖြူရောင်သံကုလားထိုင်ပေါ်မှာထိုင်နေရင်း ကိုယ့်လက်သည်းတွေကိုယ်ငုံ့ကြည့်နေရမှ သူတို့ကိုလှမ်းကြည့်လိုက်သည်။
"အင်္ကျီကသွေးတွေစွန်းပြီးညစ်ပတ်နေလို့ "
သူမက ဒေါ်မေတင်နှင့်မွန်းကိုလှမ်းကြည့်ပြီး အတ္တရဲ့အဖြူရောင်ကနေ အနီရောင်ဖြစ်နေသော ရှပ်အင်္ကျီကိုကိုင်ကြည့်၍ပြောနေသည်။
"ရတယ် ထားခဲ့"
ခပ်ရှရှအသံတစ်ခုကြားရသည်မို့ သူမက ငုံ့ကြည့်တော့ သူကမျက်လုံးတွေအားယူဖွင့်နေသည်။
သူ့အသံကြားတော့ မွန်းနဲ့မေတင်ကလည်းလှုပ်လှုပ်ရှားရှားဖြစ်သွားရသည်။
"အသက်ပြင်းသူကြီး နိုးပြီလား "
သူမက မျက်မှောင်ကုပ်ကြည့်ပြီးမေးလိုက်တော့
"မေ!"
အတ္တသည် နှုတ်မှ ညင်သာစွာခေါ်လိုက်သည်။
"အင်း နင် ဓားထိတယ်ပြောလို့ ပြေးလာရတာ "
"အင်း ကျေးဇူး "
ခါးက ဒဏ်ရာကို ထ်ိန်းကာ နောက်က နံရံကိုမှီထိုင်ရန်အားပြုတော့ သူမကပဲတွဲထူပေးလိုက်သည်။
"အင်္ကျီကဘာဖြစ်လို့လဲ ဒီညစ်ပတ်နေတဲ့အဝတ်တွေနဲ့နေလို့လား"
"ရတယ် မွန်း လဲပေးလိမ့်မယ် "
အတ္တက မေသုခကိုကျော်ကာ မွန်းကိုလှမ်းကြည့်လိုက်တော့ မွန်းရဲ့ ခန္ဓာကိုယ်လေးပိုမတ်သွားရသည်။
မေတင်က မွန်းအနားကထ၍
"သခင်လေးသတိရပြီဆိုတော့ မေတင် အောက်ဆင်းလိုက်ဦးမယ် သခင်လေးအတွက် ကြက်စွတ်ပြုတ်လေးလုပ်ပေးမလို့"
ဒေါ်မေတင်က အတ္တကိုရည်ရွယ်ပြီးပြောတယ်ဆိုပေမဲ့
"ဟုတ် "
မွန်းကပင် မေတင့်စကားကိုအသိအမှတ်ပြုတဲ့ပုံစံနဲ့ ဟုတ် ဟုပြောကာ မေတင်နဲ့အတူမတ်တပ်ထရပ်လိုက်သည်။
"ဘာလဲ အသစ်လား"
သူမအမေးက မွန်းရောက်ခါစက သူ့တပည့်တွေပြောတဲ့စကားနဲ့အတူတူပဲဖြစ်သည်။
အတ္တက နှုတ်ခမ်းဖြူဖြူတွေမှ မဲ့ပြုံးလိုက်ရင်း
"မဖြစ်နိုင်ဘူး"
ဟု ပြန်ဖြေတော့
"ဒါဆို အတည်လား"
"မသေချာဘူး"
မွန်းဟာ သူတို့နှစ်ယောက်ကိုကြည့်မနေပေမဲ့ အတ္တဘယ်လိုဖြေသလဲဆိုတာနားစွင့်နေမိသည်။
အတ္တ၏ဝေ့လည်ဂျောင်ပတ်အဖြေကြောင့်
မေသုခက အတ္တကို ရွဲ့သလိုကြည့်လိုက်ပြီး
"ဆေးသောက်နော် အစာမာမစားနဲ့ ဒဏ်ရာချုပ်ရိုးပြေသွားမယ် လှုပ်လှုပ်ရှားရှားမလုပ်နဲ့ Drip ချိတ်ပေးရင်နင်ကပြန်ဖြုတ်မှာမို့လို့မချိတ်ပေးခဲ့တာ အနေအထိုင်ဂရုစိုက်ဦး"
"တော်ပါတော့ မှာနေကျစကားတွေ ကြာတော့အလွတ်ရနေပြီ "
"ဒါတောင် နင်ကဆင်ခြင်လို့လား"
"ဆင်ခြင်ပါ့မယ် မေ့ရဲ့အမိန့်တော်တိုင်း!"
"အံမယ်ရင်ခုန်သွားတယ်"
မေသုခကရင်ဘက်လေးဖိရင်း သွားတန်းလေးတွေပေါ်အောင်ရယ်ပြလိုက်သည် ။
အတ္တသည် ဒီလိုမျိုးဟာသဆန်သောစကားမျိုးမွန်းကိုတစ်ကြိမ်တစ်ခါမျှပင်မပြောဖူးပါ။
အခု သူက မွန်းရှိမှန်းရောသိရဲ့လား
အီနေလိုက်တာများ။
အတ္တသည် မျက်လုံးကိုမသိမသာစွေ၍သူမအားခဏခဏကြည့်နေမိသည်ဖြစ်ရာ
ကိုယ်အခုလို မေ့ကို တမင်တကာ ပိုပိုသာသာပြောလိုက်တဲ့စကားတွေကြောင့် သူမဟာစိတ်ဆိုနေလေမလား။
အတ္တဆိုတာဘယ်တုန်းကဒီလိုစကားတွေ ပြောဖူးလို့လဲ။
"အတ္တ မေ သွားတော့မယ်နော် သတိရပြီဆိုတော့ စိတ်ချပါပြီ"
"ပြန်တော့မလို့လား မေက ?"
အတ္တက ထူးထူးဆန်းဆန်းထိုကဲ့သို့မေးလေတော့ မေကသူ့ရဲ့ဆေးသေတ္တာကလေးကိုကောက်ယူပြီး
"ဘာလို့ နေပေးရဦးမှာလား ဟိုမှကောင်မလေးရှိနေတယ်မလား မေအလုပ်ရှိသေးတယ် "
မွန်းကို မျက်စပစ်ကာပြောကြတော့
"မဟုတ်တာ မွန်းကရပါတယ် အေးဆေးစကားပြောကြပါ "
မွန်းက ထွက်သွားမည်ပြုလျှင်
"ဘယ်ကိုလဲ ဒီပြန်လာခဲ့"
Advertisement
သူ့အသံကြောင့် နှုတ်ခမ်းလေးကိုက်လိုက်ရင်း
ခုနကတော့ မွန်းရှိမှန်းတောင်မသိပဲ။
မွန်းကလည်းသူ့ကိုစိတ်ပူပေးရတဲ့သူပါ။
ခုသူ့ရဲ့ဆရာ၀န်မမမေ ပြန်တော့မယ်ဆိုမှ သတိရနေတာ မုန်းလိုက်တာ။
"ကဲ အတ္တ မေပြန်ပြီနော် "
"အင်း ဂရုစိုက်ပြန်နော် ကားသေချာမောင်း"
မေသုခ သူ့ကို ခေါင်းညိတ်ပြီးနှုတ်ဆက်၍ထွက်သွားသည်။
မွန်းသည် အခန်းရဲ့အလယ်မှ ရှေ့ဆက်တိုးတော့
"ဒီကိုလာ ဘယ်မှမသွားနဲ့"
အသံကိုက စောနကနဲ့ တခြားဆီ မွန်းဆိုရင် အမိန့်သံကြီးနဲ့။
"မင်းသိတယ်နော် မင်းမလာလို့ ကိုယ်လာရရင် ...."
ဒဏ်ရာကြီးနဲ့ထလာရင်လည်း မွန်းပဲ မကောင်းရာကျဦးမယ်။
သူ့အနားသို့ လျောက်သွားရင်း မကျေနပ်သော မျက်နှာထားနှင့် ကြည့်နေသည့်သူမအား
"အဲ့မျက်နှာကဘာဖြစ်နေတာလဲ အင်္ကျီတစ်ထည်ယူခဲ့"
"ဘာကိစ္စယူရမှာလဲ"
"မင်း ငါ့ကို အင်္ကျီလဲပေးရမယ်လေ "
"ရှင့်ကို ဟိုမမက လဲပေးမယ်ပြောသားပဲ သူ့ကိုပြန်လဲခိုင်းပေါ့"
အလကားမွန်းကိုသတ်သတ်ခိုင်းချင်လို့
သူ့မမလဲပေးမယ်လို့ပြောတာကိုလက်မခံပဲ ။
"ကိုယ့်အခန်းထဲက ရှပ်တစ်ထည်ယူခဲ့ မဟုတ်ရင် မင်းအခန်းထဲမှာ ဒီအတိုင်းအိပ်မှာ"
ရင်ဘက်ဟောင်းလောင်းနဲ့ သူ့ခန္ဓာကိုယ်ရဲ့တောင့်တင်းမှုအရ ဗိုက်ကြွက်သွားတွေဟာလည်း အမြှောင်းလိုက်ရှိနေသည့်အပြင် သူ့အင်္ကျီဆီကနေလည်း သွေးညှီနံ့တွေရနေတာမို့မွန်းသည် ချက်ချင်းပဲ လှည့်ထွက်သွား၏ ။
သူ့အခန်းထဲ၀င်ရင်းနဲ့ ဒီအ၀တ်ခန်းကြီးကိုဖွင့်ရမှာ အရင်တစ်ခါလို ပိတ်မိနေမှာကြောက်မိသည်။
သက်ပြင်းချရင်း ခလုပ်ကိုဆွဲလိုက်၍
အပြင်ကနေ မှီတဲ့အင်္ကျီကိုဆွဲဖြုတ်လာခဲ့၏ ။
သူ့ဆီသို့ခပ်စောင့်စောင့်ခြေလှမ်းနဲ့သွားပြီး
"ရော့"
အဖြူရောင် ရှပ်အင်္ကျီတစ်ထည်ကိုထိုးပေးလိုက်သည်။
"လာ၀တ်ပေးလေ"
သူက သူ့ကိုယ်သူငုံ့ကြည့်ပြီး မွန်းကိုပြန် မော့ကြည့်၍ ပြောတော့
"ရှင့်မှာလက်မပါလို့လား"
"ကိုယ့်မှာ ဒဏ်ရာကြီးနဲ့လေ "
အခုမှဖြစ်ပြနေလိုက်တာ ။
စောနကဖြင့် တမေ မေ နဲ့ မွှန်နေပြီး
မွန်းမဲ့ပြ၍ ဘေးသို့၀င်ထိုင်လိုက်သည်။
သူ့ကိုအင်္ကျီဝတ်ပေးရင်းသူ့ခန္ဓာကိုယ်နဲ့ ညာဘက်ရင်ဘက်ပေါ်က နှင်းဆီပန်းကိုဆူးနွယ်တွေရစ်ပတ်ထားသော Tattoo ပုံရယ်
ထိုအောက်က တစ်ဖန်မြှားတွေကနုတ်ပန်းတွေကြားမှသံလိုက်အိမ်မြောင်ပုံ Tattoo ရယ်
ဘက်ဘက်ရင်ဘက်ပေါ်က ရောမဂဏန်းတွေအတန်းလိုက်ရေးထားသော Tattooရယ်
ဒဏ်ရာမရှိသော ညာဘက်ခါးပေါ်က နတ်သမီးလိုလို နတ်ဆိုးမလိုလိုအတောင်ပံ တွေနဲ့Sexyကျကျရှိနေသော Tattooရယ်
မွန်းသည် သူ၏ခန္ဓာကိုယ်ကိုအခုမှသေချာမြင်ဖူးခဲ့တာဖြစ်၍ သူ့မှာဒီလောက် Tattooတွေအများကြီးရှိနေလိမ့်မည်ဟုမထင်ထားခဲ့ပါ။
Tattoo အနက်ရောင်တွေဟာ သူ့အသားဖြူဖြူပေါ်မှာထင်ရှားစွာရှိနေပြီး အတော်လေးကြည့်လို့ကောင်းနေသည်။
မေသုခပြောသွားတဲ့Tattooအသစ်ဆိုတာဘယ်တစ်ခုလဲသိချင်မိတာကြောင့်တစ်ခုချင်းလိုက်ကြည့်ရင်း မွန်းရဲ့မျက်လုံးတွေဟာ ခပ်လျောလျောဝတ်ထားတဲ့ သူ၏ဘောင်းဘီကြောင့် ခါးကအရိုးတွေကိုထင်းနေအောင်မြင်နေသည့်အပြင်
အဲ့ဒီခါးရိုးအနားကစလို့ ကနုတ်ပန်းတွေကြားကနေရစ်ပတ်ရှုပ်ထွေးနေသော နဂါးပုံ Tattoo ကြီးသည် တစ်ဝက်သာမြင်ရပြီး ကျန်တစ်ဝက်မှာဘောင်းဘီနှင့်အုပ်နေသည်ဖြစ်ရာ မွန်းဟာ ထို Tattooကိုကြည့်ပြီးမျက်နှာမှာရဲတက်သွားရသည်။
"ဘာဖြစ်နေတာလဲ မင်းမျက်နှာကမအီမသာနဲ့ရဲနေတာ ရှက်လို့လား "
အလိုက်မသိမေးတဲ့ သူ့ကို ထုပစ်လိုက်ချင်တော့သည်။
ကြယ်သီးတွေကိုခပ်မြန်မြန်တပ်ပေးပြီး
သူမတာဝန်လည်းပြီးပြီမို့နေရာကနေထလိုက်ကာ
"ရပြီမလား ကျွန်မသွားတော့မယ်"
"ဘယ်လိုလဲ ဒီကိုလာလေ ကိုယ်ကတစ်ယောက်တည်းနေရမှာလား"
"ရှင့်မမမေ ကိုခေါ်ထားလိုက်လေ"
"ဟက်"
အတ္တက တစ်ချက်ရယ်သည့်အခါမုန်းလိုက်တာ အဲ့ဒီရယ်သံကို လှောင်သလိုလိုနဲ့ မွန်းကအောက်နှုတ်ခမ်းလေးကိုဖိကိုက်လိုက်သည်။
အတ္တသည် သူမရဲ့မကျေနပ်နေတဲ့မျက်နှာကိုအကဲခက်ကာ သူမ မေသုခကိုမနာလိုသွားတယ်ဆိုတာသိနေသည်။
ဒေါက် ဒေါက်
မွန်းက တံခါးသွားဖွင့်တော့ သက်သက်ဖြစ်သည်။
"စွတ်ပြုတ်ရပါပြီမမလေး"
"ဪ အင်း မွန်းယူသွားလိုက်မယ်နော်"
မွန်းက သူ့ဘေးကစားပွဲမှာပန်းကန်ကိုချပေးလိုက်သည်။
"ဘာတွေလဲ"
"ကြက်စွတ်ပြုတ်"
"ဘာလုပ်ရမှာလဲ"
ဘုဂလန့်မေးတွေလာမေးတော့ မွန်းကမျက်မှောင်ကုတ်ပြီး ဖြေလိုက်သည်။
"စားဖို့ပေါ့ရှင့်"
"အဲ့တာဆိုမင်းကဘာလုပ်နေတာလဲ"
မွန်းသည် သူ့ရဲ့ ကို့ယို့ကားယားမေးခွန်းတွေကြောင့် အမြင်ကပ်သလို မျက်စောင်းထိုးပစ်လိုက်ပြီး
"ကျွန်မကဘာလုပ်ရမှာလဲ ရှင်စားဖို့ယူလာပြီးပြီလေ စားပေါ့ ပြီးတော့ ရှင့်မမမေမှာတဲ့ဆေးသောက်"
"မင်းခွံ့ရမှာလေ"
"ဘာ အားအားယားယားမခွံ့ပါဘူး"
"အဲ့တာဆိုမစားဘူး"
အတ္တလွန်မှဟုတ်ရဲ့လားဟုတောင်တွေးနေရသည့် စကားမျိုးကိုမှရွေးပြောနေ၍ မွန်းမှာတကယ်ကိုအံ့အားသင့်နေရသည်။
"ရှင် ဘာဖြစ်နေတာလဲ"
"မခွံ့ရင်မစားတော့ဘူး"
သူ့မှာလက်ပါလျှက်နဲ့ စားလို့ရရဲ့သားနဲ့
မွန်းကိုတမင်သပ်သပ်လာခိုင်းနေတာ။
မွန်းက အံကြိတ်ကာဘေးသို့၀င်ထိုင်ရင်း
စိတ်မပါလက်မပါနှင့် တစ်ဇွန်းချင်းခွံ့တိုက်သည်။
"ပူတယ် မင်းမပြုစုတတ်ဘူးလား"
"ရှင့်မမမေ ကိုသွားပြုစုခိုင်းလေ"
အတ္တက မျက်နှာချင်းဆိုင်ကသူမကို ခါးမှလှမ်းဆွဲ၍ သူ့ဘေးသို့ရောက်စေသည်။
စွတ်ပြုတ်ပန်းကန်မမှောက်ကျစေရန် ထိန်းကိုင်ပြီး စားပွဲပေါ်မှာချ၍
"ရှင် ဘာဖြစ်တာလဲ"
"တစ်ချိန်လုံး ရှင့်မမမေ ရှင့်မမမေ နဲ့မမောဘူးလား"
မွန်းက မျက်မှောင်ကုတ်ကာ သူ့ရင်ဘက်ကိုတွန်းလိုက်တော့
"မင်းကိုယ့်ကို မေ နဲ့သ၀န်တိုနေတာလား"
"သ၀န်တိုရအောင် ကျွန်မနဲ့ရှင်ကချစ်သူမှမဟုတ်တာ"
"အဲ့တာဆိုမင်းကဘာလို့ အခုလိုအလိုမကျဖြစ်နေတာလဲ ကိုယ်မင်းကိုဂရုမစိုက်လို့လား"
မွန်းမဖြေပဲ ငြိမ်နေသဖြင့် အတ္တဟာ သူပြောတာမှန်သည်ဟုယုံမှတ်လိုက်သည်။
"ခေါ်တာကလည်း မေ တဲ့အရမ်းရင်းနှီးပုံပဲ ရှင့်ချစ်သူလား"
မွန်းသည်သူမွန်းရဲ့ပုခုံးကိုဖက်ထားသည့်အတိုင်းငြိမ်ငြိမ်နေပြီးကိုယ့်လက်သည်းတွေကိူယ်ပြန်ကြည့်၍မေးလိုက်ပါသည်။
"မဟုတ်ပါဘူး"
သူ့အဖြေဟာတုန့်ဆိုင်းမနေဘဲချက်ချင်းငြင်းလိုက်၏။
"မဟုတ်ဘူးဆိုတာဖြစ်မှ မဖြစ်နိုင်တာ ဒီလောက်လန်းတာကို အဲ့ဒီအစ်မက ရှင့်Tattooတွေဘယ်ဟာကအသစ်ဘယ်ဟာကအဟောင်းလဲဆိုတာတောင်သိတယ်"
မွန်းက အချက်ကျကျပြန်ပြောလိုက်တော့
"အင်း အရင်ကဟုတ်ခဲ့တယ်"
မွန်းမဲ့ပြရင်း
"ရည်းစားဟောင်းဆိုပါတော့"
" ဆိုပါတော့ မေနဲ့ကိုယ်နဲ့ဒီလောက်နီးစပ်နေတာ မပတ်သတ်ခဲ့ဘူးပြောရင်ဘယ်သူကယုံမှာလဲ"
"ဟုတ်နေတာပဲမဟုတ်လား"
"အခုမှ မဟုတ်ပဲ ဘာဖြစ်နေတာလဲ အရမ်းစကားမများနဲ့ ကိုယ်မဖြေချင်တော့ဘူး"
မွန်းမို့လို့သာဒီလို ကိုယ်ရေးကိုယ်တာမေးခွန်းတွေတစ်ခုပြီးတစ်ခုမေးနေတာကို ကောင်းကောင်းဖြေပေးနေခဲ့တာ ဒီလိုမျိုးအတိတ်က ကိစ္စတွေကိုပြန်မေးတာ အတ္တလုံးဝမကြိုက်ပါ။
"ဘယ်သူကစကားများ...အင့်.."
မွန်းရဲ့ နှုတ်ခမ်းလေးကိုငုံ့နမ်းလိုက်တဲ့အခါ
သူနမ်းရင် ရင်ထဲမှာ လှပ်ကနဲဖြစ်သွားရသည်။
အသာအယာဖြေးဖြေးချင်းနမ်းရှိုက်ရင်းမှ
ငြိမ်နေတဲ့မွန်းကို ရီဝေတဲ့အကြည့်မျိုးနဲ့
"ပြန်နမ်းလေ ဘာလို့ ငြိမ်နေတာလဲ"
ရန်ထောင်မလို့ပြင်ဆင်ရန် ဖွင့်ဟလိုက်သည့်
နှုတ်ခမ်းနှစ်လွှာကြားကိုသူ့နှုတ်ခမ်းတစ်စုံက ၀င်ရောက်လာပြီး စုပ်ယူပစ်လိုက်သည့်အခါ
မွန်းမျက်လုံးတွေ မှိတ်ချမိလိုက်ကာ ပြန်နမ်းရမလို သူ့ကိုပဲတွန်းလွှတ်လိုက်ရမလို အာရုံတွေဝေဝါးနေခဲ့ရပေမဲ့သူကတော့ ခေါင်းကိုဘယ်ညာတိမ်းစောင်းရင်း
မွန်းလည်ပင်းလေးကိုအသာပွတ်ဆွဲနေသည်။
မွန်းဟာ မျက်မှောင်ကုတ်သွား၍ မွန်းရဲ့နှုတ်ခမ်းနှစ်လွှာကြားက သူ့အောက်နှုတ်ခမ်းကိုးရှေ့သွားကလေးဖြင့်ကိုက်ချလိုက်တော့သူကမွန်းကိုရုတ်တရက်လွှတ်ပေး၏။
"အ....ကိုက်တာလား"
အတ္တက သူ့နှုတ်ခမ်းပေါက်သွားတဲ့နေရာကိုလက်ဖြင့်တို့ထိရင်းပြောသည်။
"ရှင် နမ်းခိုင်းတိုင်း ကျွန်မကပြန်နမ်းပေးရမှာလား"
"အဲ့ဒီတော့ ကိုက်တာပေါ့"
"ရှင့်ရဲ့မေကို သွားနမ်းခိုင်း"
မွန်းကမျက်နှာကလေးစွင့်ကာပြောလိုက်လျှင်
"မင်းနှုတ်ခမ်းလောက်အရသာမရှိဘူး"
"ဟွန်.....နမ်းဖူးတယ်ပေါ့"
မွန်း အံ့သြသလိုမေးတော့
"အင်း မင်းပြောသလိုရည်းစားဟောင်းလေ နမ်းတာတင်ဘယ်ကမလဲ"
"တော်တော့ ..ဆက်မပြောနဲ့ "
မွန်း မျက်ရည်တွေဝဲလာကာဒီလောက်လှတဲ့မေသုခတောင် ခဏနဲ့ပြတ်ဆဲခဲ့တယ်ဆိုရင် မွန်းက သူဝါးပြီးထွေးထုတ်လိုက်မယ့်ပီကေသာသာလောက်သာဖြစ်လိမ့်မည်။
"ဘာဖြစ်သွားတာလဲ "
"အဟင့် ဟင့် ဟင့် အီး မုန်းတယ် ရှင့်ကို ပိုပြီးမုန်းတယ် မိန်းကလေးတစ်ယောက်ကိုမချစ်ပဲနမ်းတယ် ပြီးတော့ ပြီးတော့ ရှင် လွန်တယ်... ဟီး အီး ကျွန်မကိုလည်း ဒီလိုပဲမဟုတ်လား ရှင်ပျင်းသွားရင်အသစ်ပြောင်းမှာပဲ "
သူမက ဝမ်းနည်းတကြီးငိုနေသည်မို့
အတ္တမှာ စိတ်မကောင်းရပြန်။
"ဘာလို့အဲ့လောက်ငိုနေတာလဲ တိတ်တော့ မင်းကို ပစ်မထားပါဘူး ကိုယ့်အိမ်မှာ ဒီလောက်ကြာကြာခေါ်ထားဖူးတဲ့သူမရှိဘူး "
ပါးပေါ်ကမျက်ရည်လေးတွေကိုညင်ညင်သာသာသုတ်ပေးရင်း သူချော့နေမိသည်။
"အင့် ဟင့် အဲ့တာဆို ဟိုမမကရော ဘယ်လောက်ကြာလဲ"
"မေ က တစ်ခါတစ်လေ မှဒီမှာအိပ်တာ အိမ်ပြန်တာများတယ်"
"ရှင်ကတကယ့် လူရှုပ် လူပွေ အမြင်ကပ်စရာကြီး ဟင့် အဟင့် မုန်းချင်စရာကြီး "
ရှင်းပြလိုက်ခါမှ ပိုဆိုးသွားဟန်ရှိသောအခြေအနေကြောင့် အတ္တဟာသူ၏မျက်ခုံးကိုလက်မဖြင့်ဖိခြစ်ရင်း
"ကိုယ်တို့က တွဲခဲ့တာပဲရှိတာ မေ့ကိုလည်းမချစ်ဘူး ချစ်တယ်လို့လည်းမပြောခဲ့ဘူး"
မွန်းကိုရော ရှင်ပြောခဲ့လို့လား။
စိတ်ထဲကနေရန်တွေ့ကာတအင့်အင့်ရှိုက်နေမိတော့
"ရှူး မငိုနဲ့ တိတ်တော့ အခုမဟုတ်ဘူး တိတ်တော့ မငိုနဲ့ အဲ့တာတေအကုန်အရင်က အခုမင်းနဲ့တွေ့မှ ဘယ်မိန်းမမှဒီရင်ထဲမတိုးဘူး ရပြီလား"
"ဟင့် အဟင့် ..."
သူ့အပြောတွေကြောင့် စိတ်ထဲမှာကျေနပ်ပေမဲ့
လိမ်ပြောတာများဖြစ်နေမလားလို့ကြောက်မိပါသည်။
"ကျစ် ကိုယ်အကြာကြီး မချော့ချင်ဘူးကွာ ဆက်ငိုနေရင် မင်းနှုတ်ခမ်းတွေပေါက်သွားတဲ့အထိနမ်းပစ်မိတော့မယ်"
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(19)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(18)
"မေတင် ဟင့် မေတင် "
"ဟုတ် ဟုတ် "
Advertisement
- In Serial11 Chapters
Must Protect The Saintess' Chastity! (BL)
"How about I make them gay instead..?" ~ Warning: YAOI, harem, and MC is top/seme. ~ Arata Yoshida gets reincarnated as Alovera, a half elf who just regained all his past memories. Moreover, he recognizes this world as a carbon copy of the universe from the adult (ero) otome game that his past twin sister was obsessed in, "The Saintess' Prayer Ascends The Sky"... The way to return to his past world is closely tied to the ending of the original otome game, and if he wants to go back there, he must ensure that the game's MC, the saintess, stays chaste until the world end cataclysm. With only half-baked knowledge of the game's love interests, Arata has to hinder their progress with the saintess until the game ending arrives! •°•°•°•°• As the teaser suggested, it contains orientation play, where there are characters whose sexual orientation will be changed in the course of the story. If you don't like the aforementioned warning, please refrain from reading. This is purely for the enjoyment of the writer and readers who like those themes, which may cause unrealistic situations/outcomes. Any suggestion/recommendation other than the warned content will be appreciated! ^^ ? This title is crossposted to wattpad (+ tapas and wordpress?) under the same username.
8 217 - In Serial37 Chapters
VOWS THAT BIND US ✔️
Nov, 09, 2020 : #1 in romanceMay, 14, 2021 : #1in respectMay, 14, 2021 : #4 in lovestory"Don't try and act all nice to me. I know girls like you. I don't know what spell you casted on my parents but I won't ever fall for it. And get one thing straight & clear, I don't want anyone to know about this marriage. We will act like a couple only infront of my parents. Don't expect anything more from me and neither do you knock at my door unless it's important." He spoke menacingly and turned to leave but the moment those words left his mouth, I felt as if someone dumped freezing water over my head.If he hates me so much, then why did he marry me and what does he mean by.. "What do you mean by 'girls like me' ?" I asked.He turned around and walked even closer, all my confidence began to fade. He leaned in, I could feel his breath on my ears. His closeness was doing things to me I have never felt before.I was on the verge of losing my senses, until he spoke.."A gold digging, desperate brat." His words pierced my heart, moreover his tone, his words reminded me of people I have been fighting all my life.ZACH KNIGHT FUTURE HIER OF THE KNIGHT'S CORPORATION.HOTSHOT BILLIONAIRE, A LOVING SON WORKAHOLIC, SLIGHTLY ARROGANT. CONFIDENT & ENTHUSIASTIC.CURRENTLY IN A RELATIONSHIP !! AVA ANDERSONCO-OWNER OF THE RAE CORPORATIONBEAUTIFUL, LOVING, CARING, INNOCENT, CONFIDENT, ALSO WORKAHOLIC AND ENTHUSIASTIC NEVER BEEN IN A RELATIONSHIP.WHAT HAPPENS WHEN ZACH IS FORCED TO MARRY AN OBLIVIOUS AVA.MOREOVER, WHAT HAPPENS WHEN HE REALISES THAT THERE IS MORE TO HER THAN SHE SHOWS.WILL THEY BE ABLE TO FIND LOVE OR FALL APART ? READ TO KNOW !!
8 199 - In Serial6 Chapters
Celestine
A young future duchess known to be villainous with a bright future finds the life she expected take a turn when the hero who saved the lands takes everything from her. ---- The story is short and all chapters are complete.
8 116 - In Serial9 Chapters
Foolish (TomHolland x Reader)
Tom Holland, the movie star you watched grow up from a two year old kindergartener to the aspiring actor he is now. It was always you and Tom until Harrison came in and the trio never split. From cheating in tests to going to the same university, you always stuck together but you tended stay away from the spot lights and celebrity life.When Tom came back from his press tour for your birthday and decided to spend the week with you before going back, a stupid game of spin the bottle seemed to have made you and Tom realise your buried feelings for each other.。。。。。At that moment, neither of you or Tom hesitated to turn to each other with drunk and slurry grins and started leaning in. Yes, it was the first time you kissed each other but neither of you realised it or cared. As Tom's hand cupped your cheek, you let yourself lean into his touch and lean closer to his lips. At that moment, Tom didn't think it was anything serious until it was already too late and your lips touched.His feelings hit him like a truck with a ton of bricks- enough to sober him up. The feeling of butterflies in his stomach and his heart and body aching to be closer to the girl he called his best friend. It felt so right to him and his feelings started surfacing and it felt like heaven but he felt so guilty and all his senses blocked the whistles, hollers and cheers from everyone else and focused on you and he wanted to stay beside you forever. As more than friends.
8 82 - In Serial40 Chapters
Forever Heart♡ | ✓
||BOOK ONE IN FOREVER SERIES♡||•Stand-alone•A simple story to knock your hearts with love.Abhimaan and Sameera loved each other with their imperfections and flaws. They were each other's sanity and made them not just fall in love with one another but also to themselves.▪️Cover Credit - @meha-kStarted on: 25th October 2021Finished on: 6th February 2022Most Impressive Ranking#1 in sunset category out of 3.5k#14 in wattpad2021 category out of 556#44 in heart category out of 45.8k#2 in wattpadindia out of 3.12k
8 67 - In Serial29 Chapters
My pup [ taekook]
Kim Taehyung a rare omega and his parents got kicked out of their previous pack and have no longer a pack. They move to a new city in faith of restarting a new life and finding a new pack.But taehyung have faith in finding his true mate instead.Jeon Jungkook's parents are both powerfull alphas, which is why jungkook was blessed by the moon and dedicated the special gift of being born as a true blood alpha. Despite this dedicated gift, his parents makes a shocking decision and claims that Jungkook is just an ordinary alpha wolf.Only Jungkook's parents and his friends knows about this secret and why. And they better keep it that way.Started: 2022-01-11Ended:
8 199

