《အတ္တလွန်အချစ် (OC) Completed》Part (16) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(16)
အတ္တက မျက်ခုံးပင့်ပြ၍ မွန်းရဲ့ မျက်နှာအနားသို့ပြန်ကပ်လာ၏။
မွန်းက နှုတ်ခမ်းလေးကိုလက်ဖြင့်ပိတ်ပြီး သူ့ရင်ဘက်ကိုတွန်းလိုက်၍
"တော်ပြီလေ"
"မင်း နမ်းတတ်သွားပြီပဲ ထပ်နမ်းကြည့်ပါ့လား အဲ့ဒီ Feelingက အရမ်းကောင်းတယ် "
မွန်းမှာတော့ ရှက်လို့ နှုတ်ခမ်းလေးကိုဖိကိုက်ပြီး မျက်နှာကို သူ့ရင်ဘက်နဲ့ကွယ်ထားရသည်။
ပြန်နမ်းလိုက်မိတာကို ရှက်လိုက်တာ။
ရှင် သိပ်ကျွမ်းကျင်လွန်းတာပဲ ။
"ဘာလို့ခေါင်းကြီးမတင်းငုံ့ထားတာလဲ ကိုယ့်ကိုကြည့်ပါဦး"
မွန်းရဲ့ မျက်နှာကိုသူကအတင်းလိုက်ငုံ့ကြည့်နေသောကြောင့် မွန်းကသူမပုခုံးတွေကိုကိုင်ထားသော သူ့လက်တွေကိုဖယ်ချပြီး
"တော်ပြီ ဖယ်တော့ ကျွန်မ အအေးပတ်ပြီးဖျားတော့မှာ အင်္ကျီသွားဝတ်ရဦးမယ်"
"အခုလည်း ကိုယ့်အင်္ကျီဝတ်ထားတာပဲ"
သူက သူမဝတ်ထားတဲ့ သူ၏ရှပ်အင်္ကျီကိုကြယ်သီးတွေလိုက်တပ်ပေး၍ပြောလိုက်သည်။
"မပူပါနဲ့ ရှင့်အင်္ကျီကို ပြန်လျော်ပေးမှာပါ "
ဟု မွန်းကဂျိုကြည့်ကြည့်ကာပြောလိုက်တော့
"မလိုပါဘူး အပိုင်ပေးတယ် "
"ဖယ်ပါတော့ ကျွန်မ အခန်းထဲပြန်တော့မယ် "
"ဒီမှာ ပိုနွေးအောင်လုပ်ပေးမယ် ခုနကလိုမျိုး"
မွန်းကို ခါးကနေပြန်ဆွဲကာ လည်ပင်းနားမှာသူ့နှာခေါင်းတို့ဖြင့် တိုးဝှေ့နေပြန်တော့
"ကျစ် တော်ပါတော့ဆိုနေ နှာဘူးကြီး"
"ဟမ်?"
သူ့ခေါင်းကို တွန်းဖယ်ရုန်းရင်း နှုတ်မှထွက်လာတဲ့ နာမ်စားတစ်ခုကြောင့် အတ္တ ပြုံးစိစိနှင့်...
"ဘာလို့အဲ့လိုကြီးပဲခေါ်နေတာလဲ"
"မဟုတ်လို့လား ကျွန်မတွေ့ရင်ပွတ်သီးပွတ်သပ်နဲ့ နမ်းဖို့လောက်ပဲသိတာ "
"အဲ့တာ မင်းက ကိုယ့်ကိုဆွဲဆောင်နေတာကိုးအခုကိုကြည့်လေ ဒီပုံစံနဲ့ ကိုယ့်အခန်းထဲ၀င်နေတယ် ကိုယ့်စိတ်က မင်းနဲ့ဆိုရင် မခိုင်ဘူး အခုတောင်...."
အတ္တက သူ၏ အောက်နှုတ်ခမ်းကို ကိုက်ကာမွန်းကို ခြေဆုံးခေါင်းဆုံးလိုက်ကြည့်နေသဖြင့်
မွန်းဟာ တံဘက်နဲ့ရှပ်အင်္ကျီရဲ့အောက်မှာလွတ်နေသော ပေါင်တံသွယ်သွယ်လေးတွေကစိသွားပြီး ခြေထောက်လေးနှစ်ချောင်းလိမ်ထားလိုက်သည်။
"ရှင်နော် ဘယ် ဘယ်တွေလိုက်ကြည့်နေတာလဲ တကယ်ကို နှာဘူးကျတာပဲ"
သူ့ကိုစိတ်ညစ်တဲ့ပုံစံနဲ့ပြောနေသော သူမအား
"ကိုယ်မငြင်းပါဘူး ယောကျာ်းပဲလေ ဒီလောက်တော့ရှိမှာပေါ့"
"ဟွန့် ဘယ်သူသိမှာလဲ"
သူမက သူ့ကိုအနိုင်ရချင်စိတ်နဲ့ ပြောလိုက်ပါသော်လည်း
"အိုခေ ပြမယ် ယောက်ျားဆိုတာဘယ်လိုလဲ သိအောင်လုပ်ပြမယ် "
ရုတ်တရက်ကြီး မွန်းကိုသူ့ပုခုံးပေါ်ကောက်ထမ်းလိုက်တော့ မွန်းဟာကို့ရို့ကားယားနှင့် ပါသွားပြီး သူ့ရဲ့ကျောကိုတဗုန်းဗုန်းထုရင်း
"အ....ပြန်ချပေး နှာဘူးကောင် မုန်းတယ် ချပေး"
ထိုအခါ အတ္တသည် သူ၏ပုခုံးပေါ်က သူမရဲ့တင်ပါးကလေးအား ဖျက်ကနဲရိုက်လိုက်တော့ မွန်းဟာသူ့ကို ထုရိုက်နေရာကနေငြိမ်ကျသွားပြီး ရှက်စိတ်နဲ့အတူအံ့သြကာ လူကအရုပ်တစ်ရုပ်လိုဖြစ်သွားသည်။
အတ္တက သူမအားမွေ့ယာပေါ်သို့ ပစ်ချလိုက်ပြီး
အပေါ်ကနေ အုပ်မိုးကာ
"မင်းကိုယ့်ကိုပြင်ခေါ်မလား မင်းပြောတာနဲ့ညီအောင် လုပ်ပြရမလား"
မွန်းဟာ မျက်နှာကိုသူနဲ့ အဝေးဆုံးသို့
လည်ပင်းရိုးတွေထောင်တဲ့အထိ တစ်ဖက်သို့်လှည့်ထားလိုက်သည့်အခါမွန်းရဲ့လည်ပင်းတစ်လျောက်မှာ သူ့ရဲ့ နှုတ်ခမ်းတို့ ပြေးလွှားနေသည်။
ခေါင်းမာနိုင်လွန်းတဲ့ မွန်း သည် နှုတ်ခမ်းကို ပြတ်လုမတက်ကိုက်ထားလိုက်သည်။
သူသည် မွန်းရဲ့ညှပ်ရိုးကလေးကို ကိုက်လိုက်တော့မှ
"အ.......ကို...!"
အတ္တက လိုချင်တာရသွားသည့်အတိုင်း ချက်ချင်းရပ်ပစ်လိုက်ပြီး မွန်းရဲ့မျက်နှာဘေးမှာလက်ဖြင့်ထောက်ထားပြီး
"မင်းက မခေါ်တော့ ခေါ်အောင်လုပ်ပေးရတာပေါ့"
မွန်းသည် မျက်ရည်လေးတွေပြည့်လျှံလာပြီး
"မုန်းတယ် ဟင့် .... မုန်းတယ် ...."
"အဲ့ဒီပါးစပ်ကရော ပိတ်ပေးရမှာလား"
မွန်းက ခေါင်းရမ်းပြီး ကုန်းထလိုက်သည့်အခါ
သူကပြန်ဖိချ၍
"ဒီမျက်လုံးတွေတည့်တည့်ကြည့်ခေါ် "
သူဟာ မွန်းရဲ့မျက်နှာကိုစူးစူးစိုက်စိုက်ကြည့်ပြီးပြောသည်။
မွန်း မခေါ်နိုင်ဘူး ။
သူ့ကိုရဲရဲမကြည့်ရဲဘူး။
မွန်းရဲ့ကျရှုံးမှုတွေ သူ့ကိုမသိစေချင်ဘူး။
ဒီရင်ထဲက ခံစားချက်အစစ်တွေကို မမြင်စေချင်ပါ။
"မွန်း....ကိုယ်ပြောနေတယ်လေ"
မွန်းက မျက်ရည်တလဲ့လဲ့ မျက်၀န်းတို့ဖြင့်
အပေါ်ကသူ့ရဲ့ခဲရောင်မျက်လုံးတွေကို မဝံ့မရဲကြည့်ကာ
"ကို!"
သူမရဲ့ခပ်စိမ်းစိမ်းမျက်ဝန်းတွေက သူ့ကိုဘယ်အချိန်မဆိုဖမ်းစားနိုင်သည်။
အတ္တသည် သူမရဲ့နှလုံးသားကို ထင်ရှားသည့်အပြုံးတစ်ခုဖြင့် လှုပ်ကိုင်လိုက်ပြန်သည်။
သူပြုံးတာကအရမ်းရှားသည်မဟုတ်လား။
ဒီလိုမျိုး နှစ်လိုဖွယ်အပြုံးတွေရှိနေပါလျှက်နဲ့ဘာကြောင့်များ မရယ်မပြုံးပဲ ရက်စက်နေရသလဲ။
"မင်း ထပ်ခေါ်ချင်ရင် ခေါ်လိုက်ပါ ကိုယ် သဘောကျတာမို့လို့ "
မွန်း ထပ်မခေါ်ရဲဘူး ဒါပေမဲ့ သူ့ကို အဲ့လိုခေါ်ရတာသဘောကျတယ်။
"ဟင့်အင်း"
မွန်းက ခေါင်းရမ်းပြီးငြင်းလိုက်တဲ့အခါ အတ္တသည် သူမအပေါ်ကနေဖယ်ပေး၍ သူမဘေးမှာလှဲလိုက်သည်။
"မွန်း"
သူမက ဘေးကအတ္တကိုခေါင်းကလေးလှည့်ကြည့်လိုက်တော့ သူက မျက်နှာကျက်ပေါ်ကမီးဆိုင်းကြီးတွေကိုငေးနေကာ
"ကိုယ်ဘာလို့ မင်းကို စွဲလမ်းမိနေတာလဲ"
မွန်းက သူကိုမကြည့်တော့ဘဲ သူနဲ့အတူမျက်နှာကျက်ကိုပြန်ကြည့်လိုက်ပြီး
"အဲ့တာ ရှင့်ကိုရှင် ပြန်မေးရမယ့်မေးခွန်းမဟုတ်ဘူးလား "
ထိုအခါ အတ္တသည် သူမဘက်သို့လှည့်ပြီ ဆံပင်တွေမှပြန့်လွင့်နေတဲ့shampooနံ့ကိုနှစ်သက်စွာ ရှူရှိုက်လိုက်ကာ
"မင်း ကို ကိုယ့်ကို ဘယ်လိုမြင်လဲ"
ဒါဟာ ပထမဆုံးအနေနဲ့ သူစိမ်းတစ်ယောက်ကို မိမိအပေါ်ဝေဖန်စေခဲ့ခြင်းများဖြစ်ပါလျှင်
"ရှင် ကအခုလို တည်ငြိမ်ပြီး နူးညံ့နေရင် တကယ်ဆွဲဆောင်မှုရှိတဲ့ယောကျာ်းတစ်ယောက်ပါ ဒါပေမဲ့ ရှင်က အရမ်းသွေးအေးရက်စက်လွန်းတယ် "
"ကိုယ်မင်းကို မမုန်းတော့ဘူးဆိုရင်ရော"
မွန်းက ပြန်မဖြေတော့ သူက နှုတ်ခမ်းမဖွင့်ပဲထပ်သတိပေးသည်။
"ဟင်?"
"ကျွန်မဘက်ကတော့ ရှင့်ကိုအမြဲတမ်း ကျေနပ်မှာမဟုတ်ဘူး မုန်းနေမိမှာပဲ "
"ဒါဆို အခုဘာလို့ ကိုယ့်ဘေးနားမှာ နေပေးနေရတာလဲ "
သူမဘက်ကမဆိုင်းမတွဖြေလိုက်တဲ့အဖြေဟာ
"ကြောက်လို့"
ကြောက်လို့တဲ့လား ကြောက်စိတ်တစ်ခုတည်းကြောင့်လား ကိုယ့်နဲ့အတူနေချင်တာကြောင့်ရောမဖြစ်နိုင်ဘူးလား။
"ရှင်က အခုနုပြ အခုကြမ်းပြလေ
ရှင့်ရဲ့အကြင်နာမဲ့တဲ့အနမ်းတွေကို ကျွန်မထပ်မလိုချင်ဘူး မွတ်သိပ်အေးစက်တဲ့အနမ်းတွေက ကျွန်မအတွက်အရိုင်းဆန်တယ် အဲ့လိုအနမ်းတွေထပ်မရချင်ဘူး "
Advertisement
အကြင်နာမဲ့တယ်တဲ့လား။
ကိုယ် မင်းအပေါ်မှာ အဲ့သလောက်အကြင်နာမမဲ့ခဲ့ပါဘူး။
နှိပ်စက်ခဲ့တာကိုနောင်တမရပေမဲ့ မင်းအပေါ်မှာ အကြင်နာမမဲ့နိုင်ခဲ့ဘူး။
"ကိုယ်မင်းကိုနမ်းတယ်ဆိုတာ
ရမ္မက်တစ်ခုတည်းကြောင့်မဟုတ်ဘူး"
မွန်းက အတ္တဘက်သို့လှည့်လာခဲ့ပြီး မယုံကြည်တဲ့မျက်၀န်းစိမ်းစိမ်းတွေနဲ့ကြည့်တယ်။
"ကိုယ်ကမင်းယုံအောင်ရှင်းပြနေမှာတော့မဟုတ်ဘူး"
မွန်းက ဒီလိုပြောမယ်ဆိုတဲ့ကြိုသိနေတဲ့အတိုင်း ခပ်မဲ့မဲ့ပြုံးလိုက်တော့
"ဒါပေမဲ့ မင်းသိလာမှာပါ"
မွန်းရဲ့ဘေးကနေ ထထိုင်ပြီး ကုတင်အောက်သို့ခြေထောက်ချလိုက်ကာ အိပ်ယာခေါင်းရင်းစားပွဲပေါ်က စီးကရက်ကို ပါးစပ်တွင်တပ်ကာ မီးညှိပြီး တစ်ချက်ရှိုက်၍
"မင်းအခန်းကိုပြန်တော့
စီးကရက်နံ့မခံနိုင်ဘူးမဟုတ်လား"
မွန်းလည်း သူ့အမိန့်ရတာနဲ့ အိပ်ယာပေါ်ကနေအောက်ဆင်းသွားကာ သူ့ကိုကျောခိုင်းခဲ့ရာမှ တံခါးပြန်ပိတ်သည့်အခါ စတိုင်ကျကျစီးကရက်ဖွာတတ်တဲ့သူ့ကို ခိုးကြည့်မိပြန်၏။
တံခါးပိတ်သံကြားသည့်အခါမှ အတ္တဟာ မွေ့ယာပေါ်သို့လက်ပြန်ထောက်လိုက်၍ နှာခေါင်းထဲကနေအငွေ့တွေရှိုက်ထုတ်ပစ်လိုက်သည်။
အရင်ကဒီလိုအချိန်ဆိုရင် ဆေးချနေမိပြီ။
အခုတလော ထိုအဖြူရောင်အမှုန့်တွေကိုအရင်လိုခဏခဏမရှိုက်ရှူဖြစ်ခဲ့ပါ။
မွန်းမရှိခင်က ကိုယ့်အတွက် အကောင်းဆုံးနဲ့ အသည်းစွဲဖြစ်ခဲ့တဲ့ ဆေးတွေကို တစ်ခါတစ်ရံသူမနဲ့ကြည်နူးမှုတွေဖန်တီးရင်းသုံးဖို့ပင်မေ့နေခဲ့သည်။
============================
ကြည်လင်လှတဲ့ဒီနေ့မနက်ခင်း နိုးထလျှင်ထချင်း စက္ကန့်အတွင်းမှာ သူဟာ မွန်းရဲ့အတွေးထဲ၀င်ရောက်ခဲ့ပြီ။
မနေ့တုန်းကသူ့ရဲ့ယုယမှု နူးညံ့စွာ၀န်ခံခြင်းတွေအောက်မှာ ကိုယ်ကျရှုံးခဲ့တာသူမသိပါ။
ထိုအချင်းအရာသည်သူ့ရှေ့တွင်တော့မွန်းအတွက်၀မ်းနည်းဖွယ်ရာဆိုပေမဲ့
ဒီလိုပြန်တွေးတဲ့အချိန်တွေမှာဆိုရင် ကြည်နူးစရာကောင်းလှသည်။
ကိုယ်ပေါ်ကသူ့အင်္ကျီကို ဗီရိုထဲက မကုန်နိုင်တဲ့ဂါ၀န်တစ်ထည်နဲ့လဲ၀တ်လိုက်ပြီး
သူ့ရဲ့ရှပ်အင်္ကျီပေါ်က ကိုယ်သင်းနံ့က မွန်း၀တ်ထားတာတောင်ပျောက်မသွားပါ။
အကြိမ်ကြိမ်နမ်းရှိုက်ရင်း ရင်မှာပိုက်ထားမိလိုက်ပြီး
"မလိမ်တမ်းပြောမယ်ဆို ရှင့်အပေါ်မှာ ကျွန်မ ခံစားတွေတစ်ပုံကြီးရှိနေလိမ့်မယ်ထင်တယ်"
မွန်းဟယ ဆံပင်တွေအား အထပ်မှာမြှောက်စည်း၍ အနီရောင်ဂါဝန်ကလေးကိုဝတ်ထားပြီး လှေကားတွေကိုညင်သာစွာဖြတ်ကျော်ခဲ့၏။
ဒါပေမဲ့ မွန်းမြင်လိုက်ရသည့် မြင်ကွင်းကြောင့် သက်ပြင်းတစ်ချက်ချလိုက်သည်။
သူထိုင်နေကျ ဆိုဖာခုံမြင့်ကြီးမှာခြေချိတ်ထိုင်ရင်း စီးကရက်ကို နှုတ်ခမ်းမှာခဲထားသည်။
မွန်းကိုမြင်တော့ စီးကရက်ကို လက်၂ချောင်းဖြင့်ပြောင်းယူလိုက်ပြီး ဆေးလိပ်ငွေ့တွေကြားကသူ့အကြည့်တို့သည် မနေ့ညကနဲ့မတူတော့ပါ ။
တစ်ညအတွင်းချက်ချင်းပြောင်းလဲ အေးစက်သွားတဲ့ သူသည် လက်ထဲကစီးကရက်ကိုနောက်တစ်ကြိမ်နှုတ်ခမ်းဆီရောက်အောင်တွန်းပို့နေတော့ မွန်းဟာ သူ့လက်ထဲကစီးကရက်ကို လှမ်းဆွဲယူလိုက်သည်။
မနက်စောစောစီးစီးဒီစီးကရက်တွေပဲ သောက်နေတာ တကယ်ကို ဆိုးဝါးလွန်းနေပြီ။
အတ္တက မျက်မှောင်ကုတ်သွားကာ သူမကိုခပ်စူးစူးမျက်လုံးတို့ဖြင့်မော့ကြည့်သည်။
"မင်း ဘာလုပ်တာလဲ"
"ရှင့်ကို ဒီစီးကရက်တွေမသောက်ပါနဲ့လို့ပြောထားတယ် "
"ငါ့ကိုတားရအောင်မင်းကိုမင်းဘာထင်နေတာလဲ"
ဒီလိုစကားမျိုးမျှော်လင့်မထားဘဲ ကြားလိုက်ရသဖြင့် မွန်းမှာနားမလည်သလို မျက်လုံးတို့နှင့်
"ရှင်ပြောထားတယ်လေ ကျွန်မရှေ့မှာမသောက်ဘူးဆို"
"နောက်တစ်ခါ ကိုယ့်လက်ထဲကပစ္စည်းကို ခွင့်ပြုချက်မရှိပဲမယူနဲ့ လုပ်လက်စအလုပ်တစ်ခုကို ၀င်မဖြတ်နဲ့ ကိုယ်မကြိုက်ဘူး"
မွန်းက ရှင့်ကို ကောင်းစေချင်လို့ပါ။
ဒီစီးကရက်တွေခဏခဏသောက်နေရင်
ရှင်ပဲ ကျန်းမာရေးထိခိုက်မှာ။
"ကျွန်မက....."
"မင်းလက်ထဲကစီးကရက်ပြန်ပေး"
မွန်း ပြန်မပေးချင်ဘူးသူမွန်းကိုကတိပေးထားတယ် မွန်းရှေ့မှာမသောက်ဘူးတဲ့။
"ဟင့်အင်း ရှင်မသောက်ရဘူး ကျွန်မရှေ့မှာမသောက်ဘူးဆို ရှင်ကတိမတည်ဘူးလား"
"ပြန်ပေးလို့ပြောနေတယ်လေ"
အဲ့ဒီစီးကရက်ထဲမှာသာ အဖြူမှုန့်တွေမပါရင် ပြန်တောင်းဖြစ်ချင်မှတောင်းဖြစ်မယ်။
"ဟင့်အင်း"
အတ္တ ခုံမှဆက်ကနဲထလိုက်ကာ
"စောက်လုပ်လာမရှုပ်နဲ့ ငါ စကားကို ခဏခဏမပြောတတ်ဘူး"
မွန်းမှာပါးစပ်အဟောင်းသားဖြစ်သွားကာ မနေ့ညကသူပြောတဲ့စကားတွေနဲ့အခုအခြေအနေဟာလားလားမှမသက်ဆိုင်တော့ပါ။
"ရှင်ကတကယ်တော့ တဒင်္ဂပါပဲ
တဒင်္ဂလေးပဲ ကျွန်မကို နူးညံ့ပြီးပြုစားပြတာ အမှန်တော့ ရှင်ဟာ ဘယ်တုန်းကမှ ကောင်းတဲ့လူမဟုတ်ခဲ့ဘူးပဲ "
"ငါကမင်းယုံအောင် ပြောပြနေရမှာလား
မင်းလက်ထဲကစီးကရက်ပြန်ပေး"
မနေ့က ကိုယ်တကယ်သူ့အပေါ်ခံစားရတာတွေကို ဖွင့်ပြောခဲ့တာ။
သူမ ဘယ်လိုတုန့်ပြန်လိုက်တာလဲ။
"ဟွန့် ရှင့်ကိုလည်းကျွန်မက ဘယ်တော့မှယုံမှာမဟုတ်ဘူး"
"တောက်.....မင်းစကားသိပ်များတာပဲ"
အတ္တက သူမပုခုံးတွေကနေဆွဲပြီးလက်ထဲက စီးကရက်ကိုလုယူကာ တွန်းချိုးပစ်လိုက်သည်က အရှိန်ပါသွားသည့်အခါ သူမဟာ နောက်က နံရံနှင့်တိုက်မိကာ
"အ...."
ထိုအချိန်မှာ သူ့ရဲ့အကြည့်တွေဟာ တကယ်ကိုကြောက်ဖို့ကောင်းနေခဲ့သည်။
"ရှင် ရှင့် မျက်လုံးတွေရဲနေတယ်"
မွန်းက သူ့မျက်နှာကို အတင်းလိုက်ကြည့်မိတော့ အတ္တက မျက်နှာကို တစ်ဖက်သို့လှည့်လိုက်ပြီး အိမ်အပေါ်ကသူ့အခန်း၌သာခိုအောင်းကာ မျက်လွှာချရင်း
"ဟား...."
နံရံကို လက်ဖြင့် တဗုန်းဗုန်းရိုက်လိုက်မိပြီး
ဒီစိတ် ဒီစိတ် ဒီစိတ် ကို ဘယ်လိုလုပ်ရမလဲ။
မင်းအပေါ်မှာ ရက်စက်မိပြန်ပြီ။
ဆေးချထားတဲ့အချိန်ဆို လူကအလိုလိုမိန်းမောနေလျှက် တစ်ခါတစ်ခါဘာမဟုတ်တဲ့ကိစ္စအတွက်လည်းစိတ်တိုတတ်၏ ။
ကိုယ့်စိတ်နဲ့ကိုယ် ခံစားချက်တွေကောင်းနေတုန်းမှာ သူမရဲ့ဟန့်တားမှုကြောင့် စိတ်ကိုမထိန်းချုပ်နိုင်ခဲ့ဘဲ ဒေါသကိုရှေ့တန်းတင်မိလိုက်သည်။
မပြတ်နိုင်သည့် ထိုဆေးကြောင့် သူမကိုနာကျင်စေသလို ဒီရင်ထဲကလည်းနာကျင်ရပြန်သည်။
============================
မွန်းက သူတွန်းလိုက်လို့ နံရံနဲ့တိုက်မိတဲ့ ပုခုံးကိုလက်ဖြင့်အသာဖိရင်း မျက်ရည်တွေကျမိပြန်ပြီ။
အင်းလေ သူက မွန်းကိုကစားချင်ရုံသပ်သပ်ပဲနေမှာပေါ့ သူ့အတွက်မွန်းကဘာမှ မ မဟုတ်တာ ဒီတိုင်းအကျဥ်းသားဖမ်းထားတဲ့ မွန်းက သူ့အတွက်ဘာအရေးပါနေလို့ မွန်းစကားကိုနားထောင်မှာလဲ။
မွန်းကပဲ...မွန်းကသာ သူ့ရဲ့ပြုစားခြင်းတွေအောက်မှာ သာယာနေမိတာ။
အခုနုပြအခုကြမ်းပြ နေတဲ့ ဘီလူးခေါင်းနဲ့မင်းသားလိုမျိုး ရှင့်ကို ချစ်မိသွားမှာအရမ်းကြောက်တယ်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(17)ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(16)
အတၱက မ်က္ခုံးပင့္ျပ၍ မြန္းရဲ႕ မ်က္ႏွာအနားသို႔ျပန္ကပ္လာ၏။
မြန္းက ႏႈတ္ခမ္းေလးကိုလက္ျဖင့္ပိတ္ၿပီး သူ႕ရင္ဘက္ကိုတြန္းလိုက္၍
"ေတာ္ၿပီေလ"
"မင္း နမ္းတတ္သြားၿပီပဲ ထပ္နမ္းၾကည့္ပါ့လား အဲ့ဒီ Feelingက အရမ္းေကာင္းတယ္ "
မြန္းမွာေတာ့ ရွက္လို႔ ႏႈတ္ခမ္းေလးကိုဖိကိုက္ၿပီး မ်က္ႏွာကို သူ႕ရင္ဘက္နဲ႕ကြယ္ထားရသည္။
ျပန္နမ္းလိုက္မိတာကို ရွက္လိုက္တာ။
ရွင္ သိပ္ကြၽမ္းက်င္လြန္းတာပဲ ။
"ဘာလို႔ေခါင္းႀကီးမတင္းငုံ႕ထားတာလဲ ကိုယ့္ကိုၾကည့္ပါဦး"
မြန္းရဲ႕ မ်က္ႏွာကိုသူကအတင္းလိုက္ငုံ႕ၾကည့္ေနေသာေၾကာင့္ မြန္းကသူမပုခုံးေတြကိုကိုင္ထားေသာ သူ႕လက္ေတြကိုဖယ္ခ်ၿပီး
"ေတာ္ၿပီ ဖယ္ေတာ့ ကြၽန္မ အေအးပတ္ၿပီးဖ်ားေတာ့မွာ အကၤ်ီသြားဝတ္ရဦးမယ္"
"အခုလည္း ကိုယ့္အကၤ်ီဝတ္ထားတာပဲ"
သူက သူမဝတ္ထားတဲ့ သူ၏ရွပ္အကၤ်ီကိုၾကယ္သီးေတြလိုက္တပ္ေပး၍ေျပာလိုက္သည္။
"မပူပါနဲ႕ ရွင့္အကၤ်ီကို ျပန္ေလ်ာ္ေပးမွာပါ "
Advertisement
ဟု မြန္းကဂ်ိဳၾကည့္ၾကည့္ကာေျပာလိုက္ေတာ့
"မလိုပါဘူး အပိုင္ေပးတယ္ "
"ဖယ္ပါေတာ့ ကြၽန္မ အခန္းထဲျပန္ေတာ့မယ္ "
"ဒီမွာ ပိုႏြေးေအာင္လုပ္ေပးမယ္ ခုနကလိုမ်ိဳး"
မြန္းကို ခါးကေနျပန္ဆြဲကာ လည္ပင္းနားမွာသူ႕ႏွာေခါင္းတို႔ျဖင့္ တိုးေဝွ႕ေနျပန္ေတာ့
"က်စ္ ေတာ္ပါေတာ့ဆိုေန ႏွာဘူးႀကီး"
"ဟမ္?"
သူ႕ေခါင္းကို တြန္းဖယ္႐ုန္းရင္း ႏႈတ္မွထြက္လာတဲ့ နာမ္စားတစ္ခုေၾကာင့္ အတၱ ၿပဳံးစိစိႏွင့္...
"ဘာလို႔အဲ့လိုႀကီးပဲေခၚေနတာလဲ"
"မဟုတ္လို႔လား ကြၽန္မေတြ႕ရင္ပြတ္သီးပြတ္သပ္နဲ႕ နမ္းဖို႔ေလာက္ပဲသိတာ "
"အဲ့တာ မင္းက ကိုယ့္ကိုဆြဲေဆာင္ေနတာကိုးအခုကိုၾကည့္ေလ ဒီပုံစံနဲ႕ ကိုယ့္အခန္းထဲ၀င္ေနတယ္ ကိုယ့္စိတ္က မင္းနဲ႕ဆိုရင္ မခိုင္ဘူး အခုေတာင္...."
အတၱက သူ၏ ေအာက္ႏႈတ္ခမ္းကို ကိုက္ကာမြန္းကို ေျခဆုံးေခါင္းဆုံးလိုက္ၾကည့္ေနသျဖင့္
မြန္းဟာ တံဘက္နဲ႕ရွပ္အကၤ်ီရဲ႕ေအာက္မွာလြတ္ေနေသာ ေပါင္တံသြယ္သြယ္ေလးေတြကစိသြားၿပီး ေျခေထာက္ေလးႏွစ္ေခ်ာင္းလိမ္ထားလိုက္သည္။
"ရွင္ေနာ္ ဘယ္ ဘယ္ေတြလိုက္ၾကည့္ေနတာလဲ တကယ္ကို ႏွာဘူးက်တာပဲ"
သူ႕ကိုစိတ္ညစ္တဲ့ပုံစံနဲ႕ေျပာေနေသာ သူမအား
"ကိုယ္မျငင္းပါဘူး ေယာက်ာ္းပဲေလ ဒီေလာက္ေတာ့ရွိမွာေပါ့"
"ဟြန့္ ဘယ္သူသိမွာလဲ"
သူမက သူ႕ကိုအနိုင္ရခ်င္စိတ္နဲ႕ ေျပာလိုက္ပါေသာ္လည္း
"အိုေခ ျပမယ္ ေယာက္်ားဆိုတာဘယ္လိုလဲ သိေအာင္လုပ္ျပမယ္ "
႐ုတ္တရက္ႀကီး မြန္းကိုသူ႕ပုခုံးေပၚေကာက္ထမ္းလိုက္ေတာ့ မြန္းဟာကို႔ရို႔ကားယားႏွင့္ ပါသြားၿပီး သူ႕ရဲ႕ေက်ာကိုတဗုန္းဗုန္းထုရင္း
"အ....ျပန္ခ်ေပး ႏွာဘူးေကာင္ မုန္းတယ္ ခ်ေပး"
ထိုအခါ အတၱသည္ သူ၏ပုခုံးေပၚက သူမရဲ႕တင္ပါးကေလးအား ဖ်က္ကနဲရိုက္လိုက္ေတာ့ မြန္းဟာသူ႕ကို ထုရိုက္ေနရာကေနၿငိမ္က်သြားၿပီး ရွက္စိတ္နဲ႕အတူအံ့ၾသကာ လူကအ႐ုပ္တစ္႐ုပ္လိုျဖစ္သြားသည္။
အတၱက သူမအားေမြ႕ယာေပၚသို႔ ပစ္ခ်လိဳက္ၿပီး
အေပၚကေန အုပ္မိုးကာ
"မင္းကိုယ့္ကိုျပင္ေခၚမလား မင္းေျပာတာနဲ႕ညီေအာင္ လုပ္ျပရမလား"
မြန္းဟာ မ်က္ႏွာကိုသူနဲ႕ အေဝးဆုံးသို႔
လည္ပင္းရိုးေတြေထာင္တဲ့အထိ တစ္ဖက္သို႔္လွည့္ထားလိုက္သည့္အခါမြန္းရဲ႕လည္ပင္းတစ္ေလ်ာက္မွာ သူ႕ရဲ႕ ႏႈတ္ခမ္းတို႔ ေျပးလႊားေနသည္။
ေခါင္းမာနိုင္လြန္းတဲ့ မြန္း သည္ ႏႈတ္ခမ္းကို ျပတ္လုမတက္ကိုက္ထားလိုက္သည္။
သူသည္ မြန္းရဲ႕ညွပ္ရိုးကေလးကို ကိုက္လိုက္ေတာ့မွ
"အ.......ကို...!"
အတၱက လိုခ်င္တာရသြားသည့္အတိုင္း ခ်က္ခ်င္းရပ္ပစ္လိုက္ၿပီး မြန္းရဲ႕မ်က္ႏွာေဘးမွာလက္ျဖင့္ေထာက္ထားၿပီး
"မင္းက မေခၚေတာ့ ေခၚေအာင္လုပ္ေပးရတာေပါ့"
မြန္းသည္ မ်က္ရည္ေလးေတြျပည့္လွ်ံလာၿပီး
"မုန္းတယ္ ဟင့္ .... မုန္းတယ္ ...."
"အဲ့ဒီပါးစပ္ကေရာ ပိတ္ေပးရမွာလား"
မြန္းက ေခါင္းရမ္းၿပီး ကုန္းထလိုက္သည့္အခါ
သူကျပန္ဖိခ်၍
"ဒီမ်က္လုံးေတြတည့္တည့္ၾကည့္ေခၚ "
သူဟာ မြန္းရဲ႕မ်က္ႏွာကိုစူးစူးစိုက္စိုက္ၾကည့္ၿပီးေျပာသည္။
မြန္း မေခၚနိုင္ဘူး ။
သူ႕ကိုရဲရဲမၾကည့္ရဲဘူး။
မြန္းရဲ႕က်ရႈံးမႈေတြ သူ႕ကိုမသိေစခ်င္ဘူး။
ဒီရင္ထဲက ခံစားခ်က္အစစ္ေတြကို မျမင္ေစခ်င္ပါ။
"မြန္း....ကိုယ္ေျပာေနတယ္ေလ"
မြန္းက မ်က္ရည္တလဲ့လဲ့ မ်က္၀န္းတို႔ျဖင့္
အေပၚကသူ႕ရဲ႕ခဲေရာင္မ်က္လုံးေတြကို မဝံ့မရဲၾကည့္ကာ
"ကို!"
သူမရဲ႕ခပ္စိမ္းစိမ္းမ်က္ဝန္းေတြက သူ႕ကိုဘယ္အခ်ိန္မဆိုဖမ္းစားနိုင္သည္။
အတၱသည္ သူမရဲ႕ႏွလုံးသားကို ထင္ရွားသည့္အၿပဳံးတစ္ခုျဖင့္ လႈပ္ကိုင္လိုက္ျပန္သည္။
သူၿပဳံးတာကအရမ္းရွားသည္မဟုတ္လား။
ဒီလိုမ်ိဳး ႏွစ္လိုဖြယ္အၿပဳံးေတြရွိေနပါလွ်က္နဲ႕ဘာေၾကာင့္မ်ား မရယ္မၿပဳံးပဲ ရက္စက္ေနရသလဲ။
"မင္း ထပ္ေခၚခ်င္ရင္ ေခၚလိုက္ပါ ကိုယ္ သေဘာက်တာမို႔လို႔ "
မြန္း ထပ္မေခၚရဲဘူး ဒါေပမဲ့ သူ႕ကို အဲ့လိုေခၚရတာသေဘာက်တယ္။
"ဟင့္အင္း"
မြန္းက ေခါင္းရမ္းၿပီးျငင္းလိုက္တဲ့အခါ အတၱသည္ သူမအေပၚကေနဖယ္ေပး၍ သူမေဘးမွာလွဲလိုက္သည္။
"မြန္း"
သူမက ေဘးကအတၱကိုေခါင္းကေလးလွည့္ၾကည့္လိုက္ေတာ့ သူက မ်က္ႏွာက်က္ေပၚကမီးဆိုင္းႀကီးေတြကိုေငးေနကာ
"ကိုယ္ဘာလို႔ မင္းကို စြဲလမ္းမိေနတာလဲ"
မြန္းက သူကိုမၾကည့္ေတာ့ဘဲ သူနဲ႕အတူမ်က္ႏွာက်က္ကိုျပန္ၾကည့္လိုက္ၿပီး
"အဲ့တာ ရွင့္ကိုရွင္ ျပန္ေမးရမယ့္ေမးခြန္းမဟုတ္ဘူးလား "
ထိုအခါ အတၱသည္ သူမဘက္သို႔လွည့္ၿပီ ဆံပင္ေတြမွျပန့္လြင့္ေနတဲ့shampooနံ႕ကိုႏွစ္သက္စြာ ရႉရွိုက္လိုက္ကာ
"မင္း ကို ကိုယ့္ကို ဘယ္လိုျမင္လဲ"
ဒါဟာ ပထမဆုံးအေနနဲ႕ သူစိမ္းတစ္ေယာက္ကို မိမိအေပၚေဝဖန္ေစခဲ့ျခင္းမ်ားျဖစ္ပါလွ်င္
"ရွင္ ကအခုလို တည္ၿငိမ္ၿပီး ႏူးညံ့ေနရင္ တကယ္ဆြဲေဆာင္မႈရွိတဲ့ေယာက်ာ္းတစ္ေယာက္ပါ ဒါေပမဲ့ ရွင္က အရမ္းေသြးေအးရက္စက္လြန္းတယ္ "
"ကိုယ္မင္းကို မမုန္းေတာ့ဘူးဆိုရင္ေရာ"
မြန္းက ျပန္မေျဖေတာ့ သူက ႏႈတ္ခမ္းမဖြင့္ပဲထပ္သတိေပးသည္။
"ဟင္?"
"ကြၽန္မဘက္ကေတာ့ ရွင့္ကိုအၿမဲတမ္း ေက်နပ္မွာမဟုတ္ဘူး မုန္းေနမိမွာပဲ "
"ဒါဆို အခုဘာလို႔ ကိုယ့္ေဘးနားမွာ ေနေပးေနရတာလဲ "
သူမဘက္ကမဆိုင္းမတြေျဖလိုက္တဲ့အေျဖဟာ
"ေၾကာက္လို႔"
ေၾကာက္လို႔တဲ့လား ေၾကာက္စိတ္တစ္ခုတည္းေၾကာင့္လား ကိုယ့္နဲ႕အတူေနခ်င္တာေၾကာင့္ေရာမျဖစ္နိုင္ဘူးလား။
"ရွင္က အခုႏုျပ အခုၾကမ္းျပေလ
ရွင့္ရဲ႕အၾကင္နာမဲ့တဲ့အနမ္းေတြကို ကြၽန္မထပ္မလိုခ်င္ဘူး မြတ္သိပ္ေအးစက္တဲ့အနမ္းေတြက ကြၽန္မအတြက္အရိုင္းဆန္တယ္ အဲ့လိုအနမ္းေတြထပ္မရခ်င္ဘူး "
အၾကင္နာမဲ့တယ္တဲ့လား။
ကိုယ္ မင္းအေပၚမွာ အဲ့သေလာက္အၾကင္နာမမဲ့ခဲ့ပါဘူး။
ႏွိပ္စက္ခဲ့တာကိုေနာင္တမရေပမဲ့ မင္းအေပၚမွာ အၾကင္နာမမဲ့နိုင္ခဲ့ဘူး။
"ကိုယ္မင္းကိုနမ္းတယ္ဆိုတာ
ရမၼက္တစ္ခုတည္းေၾကာင့္မဟုတ္ဘူး"
မြန္းက အတၱဘက္သို႔လွည့္လာခဲ့ၿပီး မယုံၾကည္တဲ့မ်က္၀န္းစိမ္းစိမ္းေတြနဲ႕ၾကည့္တယ္။
"ကိုယ္ကမင္းယုံေအာင္ရွင္းျပေနမွာေတာ့မဟုတ္ဘူး"
မြန္းက ဒီလိုေျပာမယ္ဆိုတဲ့ႀကိဳသိေနတဲ့အတိုင္း ခပ္မဲ့မဲ့ၿပဳံးလိုက္ေတာ့
"ဒါေပမဲ့ မင္းသိလာမွာပါ"
မြန္းရဲ႕ေဘးကေန ထထိုင္ၿပီး ကုတင္ေအာက္သို႔ေျခေထာက္ခ်လိဳက္ကာ အိပ္ယာေခါင္းရင္းစားပြဲေပၚက စီးကရက္ကို ပါးစပ္တြင္တပ္ကာ မီးညွိၿပီး တစ္ခ်က္ရွိုက္၍
"မင္းအခန္းကိုျပန္ေတာ့
စီးကရက္နံ႕မခံနိုင္ဘူးမဟုတ္လား"
မြန္းလည္း သူ႕အမိန့္ရတာနဲ႕ အိပ္ယာေပၚကေနေအာက္ဆင္းသြားကာ သူ႕ကိုေက်ာခိုင္းခဲ့ရာမွ တံခါးျပန္ပိတ္သည့္အခါ စတိုင္က်က်စီးကရက္ဖြာတတ္တဲ့သူ႕ကို ခိုးၾကည့္မိျပန္၏။
တံခါးပိတ္သံၾကားသည့္အခါမွ အတၱဟာ ေမြ႕ယာေပၚသို႔လက္ျပန္ေထာက္လိုက္၍ ႏွာေခါင္းထဲကေနအေငြ႕ေတြရွိုက္ထုတ္ပစ္လိုက္သည္။
အရင္ကဒီလိုအခ်ိန္ဆိုရင္ ေဆးခ်ေနမိၿပီ။
အခုတေလာ ထိုအျဖဴေရာင္အမႈန့္ေတြကိုအရင္လိုခဏခဏမရွိုက္ရႉျဖစ္ခဲ့ပါ။
မြန္းမရွိခင္က ကိုယ့္အတြက္ အေကာင္းဆုံးနဲ႕ အသည္းစြဲျဖစ္ခဲ့တဲ့ ေဆးေတြကို တစ္ခါတစ္ရံသူမနဲ႕ၾကည္ႏူးမႈေတြဖန္တီးရင္းသုံးဖို႔ပင္ေမ့ေနခဲ့သည္။
============================
ၾကည္လင္လွတဲ့ဒီေန႕မနက္ခင္း နိုးထလွ်င္ထခ်င္း စကၠန့္အတြင္းမွာ သူဟာ မြန္းရဲ႕အေတြးထဲ၀င္ေရာက္ခဲ့ၿပီ။
မေန႕တုန္းကသူ႕ရဲ႕ယုယမႈ ႏူးညံ့စြာ၀န္ခံျခင္းေတြေအာက္မွာ ကိုယ္က်ရႈံးခဲ့တာသူမသိပါ။
ထိုအခ်င္းအရာသည္သူ႕ေရွ႕တြင္ေတာ့မြန္းအတြက္၀မ္းနည္းဖြယ္ရာဆိုေပမဲ့
ဒီလိုျပန္ေတြးတဲ့အခ်ိန္ေတြမွာဆိုရင္ ၾကည္ႏူးစရာေကာင္းလွသည္။
ကိုယ္ေပၚကသူ႕အကၤ်ီကို ဗီရိုထဲက မကုန္နိုင္တဲ့ဂါ၀န္တစ္ထည္နဲ႕လဲ၀တ္လိုက္ၿပီး
သူ႕ရဲ႕ရွပ္အကၤ်ီေပၚက ကိုယ္သင္းနံ႕က မြန္း၀တ္ထားတာေတာင္ေပ်ာက္မသြားပါ။
အႀကိမ္ႀကိမ္နမ္းရွိုက္ရင္း ရင္မွာပိုက္ထားမိလိုက္ၿပီး
"မလိမ္တမ္းေျပာမယ္ဆို ရွင့္အေပၚမွာ ကြၽန္မ ခံစားေတြတစ္ပုံႀကီးရွိေနလိမ့္မယ္ထင္တယ္"
မြန္းဟယ ဆံပင္ေတြအား အထပ္မွာျမႇောက္စည္း၍ အနီေရာင္ဂါဝန္ကေလးကိုဝတ္ထားၿပီး ေလွကားေတြကိုညင္သာစြာျဖတ္ေက်ာ္ခဲ့၏။
ဒါေပမဲ့ မြန္းျမင္လိုက္ရသည့္ ျမင္ကြင္းေၾကာင့္ သက္ျပင္းတစ္ခ်က္ခ်လိဳက္သည္။
သူထိုင္ေနက် ဆိုဖာခုံျမင့္ႀကီးမွာေျခခ်ိတ္ထိုင္ရင္း စီးကရက္ကို ႏႈတ္ခမ္းမွာခဲထားသည္။
မြန္းကိုျမင္ေတာ့ စီးကရက္ကို လက္၂ေခ်ာင္းျဖင့္ေျပာင္းယူလိုက္ၿပီး ေဆးလိပ္ေငြ႕ေတြၾကားကသူ႕အၾကည့္တို႔သည္ မေန႕ညကနဲ႕မတူေတာ့ပါ ။
တစ္ညအတြင္းခ်က္ခ်င္းေျပာင္းလဲ ေအးစက္သြားတဲ့ သူသည္ လက္ထဲကစီးကရက္ကိုေနာက္တစ္ႀကိမ္ႏႈတ္ခမ္းဆီေရာက္ေအာင္တြန္းပို႔ေနေတာ့ မြန္းဟာ သူ႕လက္ထဲကစီးကရက္ကို လွမ္းဆြဲယူလိုက္သည္။
မနက္ေစာေစာစီးစီးဒီစီးကရက္ေတြပဲ ေသာက္ေနတာ တကယ္ကို ဆိုးဝါးလြန္းေနၿပီ။
အတၱက မ်က္ေမွာင္ကုတ္သြားကာ သူမကိုခပ္စူးစူးမ်က္လုံးတို႔ျဖင့္ေမာ့ၾကည့္သည္။
"မင္း ဘာလုပ္တာလဲ"
"ရွင့္ကို ဒီစီးကရက္ေတြမေသာက္ပါနဲ႕လို႔ေျပာထားတယ္ "
"ငါ့ကိုတားရေအာင္မင္းကိုမင္းဘာထင္ေနတာလဲ"
ဒီလိုစကားမ်ိဳးေမွ်ာ္လင့္မထားဘဲ ၾကားလိုက္ရသျဖင့္ မြန္းမွာနားမလည္သလို မ်က္လုံးတို႔ႏွင့္
"ရွင္ေျပာထားတယ္ေလ ကြၽန္မေရွ႕မွာမေသာက္ဘူးဆို"
"ေနာက္တစ္ခါ ကိုယ့္လက္ထဲကပစၥည္းကို ခြင့္ျပဳခ်က္မရွိပဲမယူနဲ႕ လုပ္လက္စအလုပ္တစ္ခုကို ၀င်မဖြတ်နဲ့ ကိုယ္မႀကိဳက္ဘူး"
မြန္းက ရွင့္ကို ေကာင္းေစခ်င္လို႔ပါ။
ဒီစီးကရက္ေတြခဏခဏေသာက္ေနရင္
ရွင္ပဲ က်န္းမာေရးထိခိုက္မွာ။
"ကြၽန္မက....."
"မင္းလက္ထဲကစီးကရက္ျပန္ေပး"
မြန္း ျပန္မေပးခ်င္ဘူးသူမြန္းကိုကတိေပးထားတယ္ မြန္းေရွ႕မွာမေသာက္ဘူးတဲ့။
"ဟင့္အင္း ရွင္မေသာက္ရဘူး ကြၽန္မေရွ႕မွာမေသာက္ဘူးဆို ရွင္ကတိမတည္ဘူးလား"
"ျပန္ေပးလို႔ေျပာေနတယ္ေလ"
အဲ့ဒီစီးကရက္ထဲမွာသာ အျဖဴမႈန့္ေတြမပါရင္ ျပန္ေတာင္းျဖစ္ခ်င္မွေတာင္းျဖစ္မယ္။
"ဟင့္အင္း"
အတၱ ခုံမွဆက္ကနဲထလိုက္ကာ
"ေစာက္လုပ္လာမရႈပ္နဲ႕ ငါ စကားကို ခဏခဏမေျပာတတ္ဘူး"
မြန္းမွာပါးစပ္အေဟာင္းသားျဖစ္သြားကာ မေန႕ညကသူေျပာတဲ့စကားေတြနဲ႕အခုအေျခအေနဟာလားလားမွမသက္ဆိုင္ေတာ့ပါ။
"ရွင္ကတကယ္ေတာ့ တဒဂၤပါပဲ
တဒဂၤေလးပဲ ကြၽန္မကို ႏူးညံ့ၿပီးျပဳစားျပတာ အမွန္ေတာ့ ရွင္ဟာ ဘယ္တုန္းကမွ ေကာင္းတဲ့လူမဟုတ္ခဲ့ဘူးပဲ "
"ငါကမင္းယုံေအာင္ ေျပာျပေနရမွာလား
မင္းလက္ထဲကစီးကရက္ျပန္ေပး"
မေန႕က ကိုယ္တကယ္သူ႕အေပၚခံစားရတာေတြကို ဖြင့္ေျပာခဲ့တာ။
သူမ ဘယ္လိုတုန့္ျပန္လိုက္တာလဲ။
"ဟြန့္ ရွင့္ကိုလည္းကြၽန္မက ဘယ္ေတာ့မွယုံမွာမဟုတ္ဘူး"
"ေတာက္.....မင္းစကားသိပ္မ်ားတာပဲ"
Advertisement
- End256 Chapters
Fortunately, I Met You
Cheng Xi, a guileless psychiatrist with a heart of gold, who would do anything for her patients. Lu Chenzhou, a frigid businessman who refuses treatment for his emotional detachment.This is the story of a man’s stubborn frozen heart and a woman’s fiery determination to thaw it.
8 1113 - In Serial34 Chapters
Bowstrings & Velvet (Spellbound #1)
Shae, the High Queen of Erya, has one rule:Not to fall in love with her husband.Three years into their arranged marriage, Shae is still ignoring her attraction to the handsome king. A simple task when everyone knows the rumours of his love affair with the Sorceress Isobel; the woman he helped save the world, but was not allowed to marry.Felix, the High King of Erya, has one goal:To charm his wife.When an attack forces the couple into forced proximity to reach home safely, Felix sees the opportunity to finally get close to the queen. Defeating the Dark Disciple and his followers was nothing compared to his most challenging task yet; convincing his wife to give him a chance.
8 271 - In Serial60 Chapters
TML? IDWH
credit to og author - i'm only MTLing the storysynposis:I reincarnated as Luna, a supporting character who is accused of ruining the heroine and hero's relationship, and is murdered.I'm not interested in someone else's man, but the heroine's friends bully me every day."Why are you trying to get close to someone who's already taken?""That's right, please stop! Why are doing this?""Stop doing such terrible things!"So Luna decides to announce it in front of everyone."I don't want someone like Fersen even if you beg me to take him so stop bothering me. I'd rather date Anthes Vincent, who's rumored to be insane."And soon she meets someone who she never expected to meet......"I heard you have an interest in me? The truth is, I do too. Is it a coincidence?"
8 96 - In Serial44 Chapters
Kaisi yeh yaariyan: together forever
This is my version of kaisi yeh yaariyan and I promise that it would be a good one. Manik and Nandini will together find the mystery of Nandini's past. So walk in !
8 128 - In Serial26 Chapters
12:22
-When two strangers, a fashion designer crosses paths with a model, they always find their way back to one another.
8 245 - In Serial40 Chapters
Ouran Host Club X Reader: A Little Bit Crazy
(Choose your host style.) (Y/N) (L/N) is an old friend of Tamaki's who moves to Japan. She's quite odd, but the Host club comes to love her. She even ends up dating one of the members. But she has a dark secret in her past. One she thought no one knew. (Ends in fluff.)
8 154

