《အတ္တလွန်အချစ် (OC) Completed》Part (14) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(14)
ကားပေါ်မှာ အရုပ်တစ်ရုပ်လိုမလှုပ်မယှက် ပါလာသောသူမက ကြောက်အားလန့်အား သတိလစ်သွားတာများလား။
အတ္တသည် ကားမောင်းရင်းမှ သူမကိုမကြာခဏလှည့်ကြည့်ရင်း
"ဟေ့ မွန်း ဟိတ်..."
ဘရိတ်စောင့်အုပ်လိုက်သည့်အခါမှ
"အမလေး...."
သူမက ကြောင်အမ်းအမ်း ဟိုလှည့်ကြည့်ဒီလှည့်ကြည့်လုပ်နေသည်။
"မင်း ဘာဖြစ်လို့လဲ အရမ်းကြောက်သွားလား"
အတ္တက လွတ်အောင်မောင်းလာပြီးမှ လမ်းတစ်ဝက်မှာ ကားကိုခတ္တဘေးချရပ်ထားသည်။
"ဟင့်အင်း ကျွန်မ ကျွန်မ သေပြီထင်နေတာ သေနတ်သံတွေအခုထိကြားနေရတုန်းပဲ"
သူမက နားထဲက အတ္တတပ်ပေးထားသောနားကြပ်လေးကိုဖြုတ်ပြီးပေးလိုက်ရင်းပြောသည်။
"ဘာမှမဖြစ်ဘူး ကိုယ်တို့အန္တရာယ်ကင်းပြီ "
အတ္တမှ ပေးသောနားကြပ်ကလေးကို ကားဒတ်ရှ်ဘုတ်ပေါ်သို့တင်လိုက်ရင်းပြောသည်။
မွန်းက သူပြောတဲ့စကားတွေထက် ၀ိုင်တွေစိုနေသည့် အမွှေးပွခြံလွှာကြီးကိုသာ ခဏခဏ ကိုင်ကြည့်နေသဖြင့်
"ချွတ်လိုက်"
အတ္တရဲ့စကားကိုကြားတော့ သူမဟာ
"ဟင် "
သူ့ကိုပြူးတူးပြဲတဲ ကြည့်လာလေသည်။
အတ္တက ကားကိုလမ်းဘေးကမှာရပ်ထားရာကနေလမ်းပေါ်သို့တင်ကာ အိမ်ပြန်လမ်းသို့ဆက်မောင်းလာရင်း
"မင်းနေရမခက်ဘူး အဲ့တာကြီးကစိုနေတာ"
မွန်းလည်း စိုစိစိနှင့် နေရတာအဆင်မပြေသောကြောင့် ထိုခြံလွှာကို အသာလေး ချွတ်ပြီးပေါင်ပေါ်သို့တင်ထားလိုက်သည်။
အတ္တသည်သူမကိုလှည့်ကြည့်ပြီး
ကားမောင်းနေရင်းမှ မွန်းပေါင်ပေါ်ကခြုံလွှာကြီးကို ယူ၍ ကားနောက်ခန်းထဲသို့ ပစ်ထည့်လိုက်သည် ။
မွန်းရင်တွေကအခုထိတုန်နေတုန်းဖြစ်ကာ
သေနတ်သံတွေဆူညံနေတဲ့ကြားထဲကနေ ပြေးလာရ ပြီးတော့ အခုကားထဲမှာကသူနဲ့ မွန်း၂ယောက်တည်း
သူပြောထားတာကိုမွန်းမှတ်ထားကာ မွန်းရဲ့ဂါ၀န်အကွဲကို ပေါင်သားများမမြင်ရစေရန် ဆွဲစိထားသည် ။
တစ်လှမ်းလုံး သူနောက်ထပ်စကားမပြောတော့ဘဲငြိမ်ငြိမ်ကလေးလိုက်လာခဲ့သည်။
သူသည် မည်မျှပင်အလျင်လိုနေသည်မသိ။
လမ်းဘေးကသစ်ပင်တွေတောင်ပီသစွာမရတော့အောင် အရှိန်များများဖြင့်မောင်းနေသည်ဖြစ်ရာ မွန်းမှာ ခေါင်းတွေတောင်မူးလာရပြီး
"ဖြေးဖြေးမောင်းပါ အရှိန်အရမ်းများနေပြီ"
မွန်းရင်တဖိဖိနဲ့ မနေနိုင်သောကြောင့် ပြောလိုက်သည့်အခါသူကပိုလို့တောင် လီဗာနင်းလိုက်သေးသဖြင့် သူမ မျက်စိစုံမှိတ်ကာလိုက်လာခဲ့ရပါတော့သည်။
အသွားနဲ့အပြန် ခရီးကတခြားစီပင် အသွား
ခရီးကြာချိန်ထက်တစ်ဝက်လောက်မြန်မြန်ရောက်လာခဲ့သည်။
ခြံ၀န်းထဲကား၀င်သည့်အခါ မှသာ အရှိန်လျော့၍ အိမ်ရှေ့မှာဘရိတ်ကိုစောင့်အုပ်လိုက်သည်မို့ မွန်းမှာ ခေါင်းငိုက်စိုက်ကျသွားရ၏။
သူဟာ မွန်းကိုနည်းနည်းမှလှည့်မကြည့်ဘဲတစ်ယောက်တည်း အိမ်ထဲ၀င်သွားသည်။
မွန်းလည်း အခုတစ်မျိုးတော်ကြာတစ်မျိုး နဲ့သူမကိုလျစ်လျူရှုထားသော အတ္တကိုမကျေနပ်ကာ အိမ်အပေါ်ထပ်သို့ခြေစောင့်တက်ရင်း
"သူလိုချင်တာလည်းရရော ပစ်ထားရော သိပ်မုန်းစရာကောင်းတာ ယုံကြည်မိတဲ့ငါ့အမှား"
မွန်းအခန်းထဲ၀င်ရန်အလုပ်မှာ မွန်းလက်ကို လှမ်းဆွဲလိုက်သဖြင့်
"အမလေး"
"မင်း ကိုဘယ်သူကပစ်ထားလို့လဲ"
"ဟင်"
သူသည် မွန်းကိုသူ့အခန်းအထဲဆွဲခေါ်သွား၍ တံခါးကိုပြန်ပိတ်လိုက်သည်။
"ရှင် ဘာလုပ်တာလဲ "
မွန်း ကို တံခါးမှာကပ်ကာ သူက ထိုတံခါးသို့လက်ထောက်ထားပြီး
"မင်းကိုပစ်မထားပါဘူး ယုံကြည်လို့လဲမမှားဘူး"
မွန်းရဲ့ခါးကို သူကလှမ်းဆွဲသဖြင့် မွန်းရဲ့ရင်ဘက်နဲ့သူနဲ့အရမ်းကပ်သွားရပြီး လက်တစ်ကိုင်းဂါဝန်အိအိကလေးကြောင့် သူမရဲ့ဖြူဖွေးဝင်းမွတ်သော မို့မောက်အိစက်နေသည့်အသားစိုင်နှစ်ခုဟာ ပြည့်တင်း၍ အတ္တ၏ရင်ဘက်မှာကပ်နေရသည်။
"ရှင် ဘာလုပ်တာလဲ ကျွန်မကိုလွှတ်ပါ"
မွန်းက သူ့ကိုပြန်တွန်းသည့်အခါ သူသည်
မွန်းရဲ့ နှုတ်ခမ်းလေးကိုအဖျားမှစ၍
တစ်ချက်ချင်းစုပ်ယူနမ်းရှိုက်ပါသည်။
မျက်ခုံးတွေတွန့်ချိုးသွားရကာ သူ့ကိုအားရှိသလောက်တွန်းလေရာ သူက မွန်းရဲ့ခါးကို ဆွဲမပြီး မှန်ပြတင်းပေါက်ရှိသောအခြမ်းသို့လျှောက်သွား၍ နောက်က မှန်ပြတင်းဘောင်ပေါ်သို့တင်ပေးလိုက်သည်။
သူတင်ပေးသည့်ဘောင်ပေါ်တွင်ထိုင်ရပ်ဖြစ်သွားသဖြင့် ကွဲနေသည့် ဂါ၀န်မှာလည်း ပို၍ လှစ်ဟာသွားရလေသည်။
အခုမွန်းဟာ သူ့ထက်၂လက်မလောက်ပိုမြင့်သွားရလေကာ အတ္တသည်သူမကိုရီဝေစွာမော့ကြည့်ပြီး မွန်းကို အလွတ်မပေးသည့်သူက နမ်းလက်စ နှုတ်ခမ်းတွေကို ပိုမိုကြမ်းတမ်းစွာနမ်းရှိုက်ရင်း သူ့ရဲ့ဖြူသွယ်သွယ်လက်ချောင်းတွေရှိသည့်ဘယ်ဘက်လက်ဖြင့်မွန်းရဲ့ခြေထောက်မှစ၍ လှစ်ဟာနေသည့် ပေါင်သားဖွေးဖွေးတွေအထိ ပွတ်သတ်သည့်အခါ မွန်းမှာကြက်သီးများတဖြန်းဖြန်းထသွားရကာ ခန္ဓာကိုယ်လေးကတစ်ချက်တွန့်လူးသွားသည်။
သူဟာ ဖြေးဖြေးချင်းပွတ်သပ်နေသောလက်တွေဟာ သူမရဲ့ပေါင်သွယ်သွယ်ကလေးကို တစ်ချက်ညှစ်ကိုင်လိုက်တော့
" အင့်! "
သူ့အနမ်းတွေကြားကနေ တစ်ချက်ညည်းလိုက်မိ၍ စိတ်ထဲကနေလည်း
သူ့လက်ကို့ရှေ့ဆက်မတိုးပါစေနဲ့ဟု ဆုတောင်းနေပေမဲ့ သူ့ရဲ့လက်တွေဟာသူမရဲ့ပေါင်ရင်းအထိတိုးလာသဖြင့်
"အင်း အင်း...."
မွန်းဟာ နှုတ်ခမ်းတွေကို အတင်းစိပိတ်ကာ ရုန်းလျှင် အတ္တ ခေတ္တရပ်လိုက်သည့်အခါ
"အဲ့လိုတွေ မလုပ်နဲ့ ကျွန်မ မကြိုက်ဘူး ကျွန်မကိုလွှတ်ပါ ဖယ်ပါ"
ပေါင်ပေါ်ကသူ့လက်တွေကို မွန်း ဖယ်လိုက်သည့်အခါ သူက မွန်းရဲ့မေးဖျား လည်ပင်းတွေအထိ ပါ လိုက်နမ်းပါသည် ။
"အ....အင်း..."
သူက မွန်း၏လည်ပင်းနုနုပေါ်မှာ သူ့နှုတ်ခမ်းတို့ဖြင့်စုပ်သပ်သည့်အခါ သူမဆီကညည်းသံသဲ့သဲ့ကလေးထွက်လာ၍ နှုတ်ခမ်းတို့ကို ဖိကိုက်ထားကာ
"တောင်းပန်ပါတယ် မလုပ်ပါနဲ့ "
သူမ ဆီကငိုသံပါစွတ်ပါနေလေရာ အတ္တကသူမရဲ့ရင်ဘက်ကို နမ်းနေရင်းမော့ကြည့်လိုက်သည်။
သူမဟာ မျက်ရည်တွေဝေ့ဝိုင်းပြီး မျက်နှာငယ်လေးနဲ့ သူရဲ့ပုခုံးတွေကိုတွန်းဖယ်နေတာကိုမြင်ရပြီးနောက်
"ဟုတ်ပါတယ် မင်းပင်ပန်းသွားမှာပေါ့ "
အတ္တဟာ ဒီလိုမျိုးသူမအတွက်စဥ်းစားပေးဖို့ဆန္ဒမရှိပေမဲ့ သူစဥ်းစားထားတာနဲ့ တခြားစီပင်သူမကိုအလွတ်ပေးဖို့ဆုံးဖြတ်နေမိသည်။
" ဒီနေ့ မင်းငါ့ကိုကူညီထားတာဆိုတော့ လွှတ်ပေးလိုက်မယ် "
မွန်းက သူ့ပြောစကားကြောင့်မျက်လုံးကလေးဝိုင်းပြီးဝမ်းသာသွားပုံရသည်။
" နောက်၁၀စက္ကန့်အတွင်း ငါ့ရှေ့ကနေမြန်မြန်ထွက်သွား "
အတ္တက သူမရှေ့ကနေ ဘေးဖယ်ပေးလိုက်တာနဲ့ မွန်းဟာပြတင်းပေါက်ဘောင်ပေါ်ကနေချက်ချင်းဆင်းကာ အတ္တ၏အခန်းထဲမှ အမြန်ဆုံးထွက်ပြေးသွားသည်။
သူမထွက်သွားပြီးမှ အတ္တဟာထိုပြတင်းပေါက်ဘောင်ကိုလက်ဖြင့်ထောက်လိုက်ပြီး သက်ပြင်းတစ်ချက်ချကာ
"မင်းကြောင်း ကိုယ်ရူးတော့မယ် "
အတ္တသည်မှန်ပြတင်းမှတစ်ဆင့် ကောင်းကင်ပေါ်ကကြယ်တွေကိုလှမ်းကြည့်လိုက်သည်အထိ ထိုနေရာမှာ သူမရဲ့အငွေ့အသက်တွေကကျန်ရှိနေဆဲ။
============================
မနေ့ညကရင်တုန်ပန်းတုန်းနဲ့အိပ်ပျော်သွားရသည်ဖြစ်ပြီး မိုးလင်းလင်းချင်း မွန်းဟာရေချိုးပစ်လိုက်သည်။
တံဘက်အဖြူရောင်ကြီးဖြင့် ခန္ဓာကိုယ်ကရေတွေကိုသုတ်ရင်း ရင်လျား၍ပတ်လိုက်ရာ
ဦးနှောက်ထဲမှာ သူ့ကိုနားမလည်နိုင်တဲ့မေးခွန်းတွေကပေါ်လာခဲ့ပြန်သည်။
မွန်းအသိချင်ဆုံးက မွန်းကိုဘာလို့ပြန်မလွှတ်တာလဲ။
သူ့ရဲ့ရယူပိုင်ချင်တဲ့အတ္တတစ်ခုတည်းကြောင့်လား။
ဒါမှမဟုတ် သူ့မှာမွန်းမသိတဲ့အငြိုးအတေးတွေများရှိနေလို့လား။
============================
"မေတင်"
"ဟယ် မမလေး နိုးပြီလား ဒီမှာ မေတင်က နွားနို့ကြိုနေတာ လာလာ မေတင်ထည့်ပေးမယ် "
Advertisement
ဒေါ်မေတင်ဟာ ဖန်ခွက်အပြည့်နွားနို့ဖြူဖြူတွေထည့်ကာ မွန်းရှိသောစားပွဲပေါ်သို့လာချပေးသည်။
စီးကရက်တစ်လိပ်အဖော်ပြုကာ မွန်းရှိရာသို့လျောက်လာသော အတ္တက စီးကရက်ကို ထမင်းစားခန်းအပေါက်၀မှာပဲ လက်စသိမ်းခဲ့သည် ။
သူဒီထမင်းစားခန်းထဲဝင်လာသည်မှစ စားပွဲထိပ်မှာဝင်ထိုင်လိုက်သည်အထိ မွန်းဟာ သူ့ကိုဆက်တိုက်ကြည့်နေခဲ့ပေမဲ့ သူကတော့ မွန်းကို တစ်ချက်မှမကြည့်ပါ ။
မနေ့က ဘာတွေဘယ်လောက်ဖြစ်သွားလို့လဲ။
သူ့ကိစ္စတွေလည်းပြီးရော မွန်းကို လှည့်တောင်မကြည့်တော့ဘူး ။
မနေ့ကပြဿနာကဘာတွေဖြစ်သွားလဲ အောင်မြင်သွားရဲ့လားဆိုတာ
ကိုယ်တိုင်ကြိုးစားပြီး ပါ၀င်စွန့်စားပေးခဲ့ရသော မွန်းလည်းသိချင်တာပေါ့။
မွန်းမှာရောသိခွင့်မရှိဘူးလား။
အခုမွန်းကို လှည့်တောင်မကြည့်ဘူး။
ရှင်က တစ်ကယ်မျက်နှာ၂မျိုးနဲ့လူပဲ ။
မွန်းကထိုအတွေးနဲ့ဝမ်းနည်းသွားကာမျက်ရည်တွေဝေ့တက်လာသည်။
"မနေ့ညက ကောင်းကောင်းအိပ်ပျော်ရဲ့လား"
မမျော်လင့်တဲ့စကားတစ်ခွန်းက မွန်းရဲ့နားထဲသို့ ရုတ်တရက်၀င်လာသည်။
"ဟင် "
မွန်းသည် ငိုတော့မည့်အသံလေးနှင့် သူ့ကိုလှည့်ကြည့်သည့်အခါ သူက ထထွက်သွား၏။
မွန်းလည်း သူ့နောက်သို့လိုက်သွားရင်း
"ဒီမှာ မနေ့ကကိစ္စကို ကျွန်မလည်းသိသင့်တာပဲ မဟုတ်လား ဘယ်လိုဆက်ဖြစ်သွားလဲ အောင်မြင်ရဲ့လား "
"အဲ့တာ မင်းသိစရာမလိုဘူး"
ဒီလို မူးယစ်ဆေးမှောင်ခိုရောင်းဝယ်ခြင်းကိစ္စတွေကိုသူမကိုမသိစေချင်ပါ။
ထပ်ပြီးတော့လည်း ဒီလိုကိစ္စတွေနဲ့သူမကို မပတ်သတ်စေချင်တော့ပါ။
မွန်းရဲ့ မျက်ရည်လေးတွေက ပါးပေါ်မှာစီးကျကာ
"ရှင်က အဟင့် ရှင်က တကယ် မျက်နှာ၂မျိုးနဲ့လူ ကျွန်မကို အသုံးချဖို့အတွက်ပဲသိတာ ပြီးတော့ ပြီးတော့ ရှင် မနေ့ညကလည်း ကျွန်မအပေါ်မှာ......ရှင့်ကို သိပ်မုန်းတာ မုန်းတယ်"
သူ့ရင်ဘက်ကို တဒုန်းဒုန်းထုနေသည့် သူမလက်တွေကို ဆွဲယူလိုက်ပြီး
"မနေ့ကငါမင်းကို အေးဆေးလွှတ်ပေးလိုက်ပြီးသားပဲ ထပ်ပြီး အစပြန်မဖော်ချင်နဲ့ "
မွန်းက သူ့ဆီက မွန်းလက်တွေကို ရုန်းလိုက်ပြီး
ရှက်စိတ်ကြောင့် တစ်ဖက်သို့လှည့်သွားလျှင်
သူကပြန်ဆွဲလိုက်ပြီး
" နောက်ထပ်မင်းကို ဘယ်ကောင်ကိုမှမမြူဆွယ်ခိုင်းတော့ဘူး ကိုယ်ကလွဲရင်ပေါ့"
သူမနေ့က ဟိုလူကိုမာယာတွေနဲ့လှည့်စားခိုင်းမိတာကိုနောင်တရနေတာလား ။
သူကအမြဲ ချုပ်နှောင်ထားတာ မွန်းက ဘယ်သူ့ကိုထပ်ပြီးမြူဆွယ်နေဦးမှာမို့လို့လဲ။
"အပြင်သွားစရာရှိသေးတယ် "
သူအခုလိုနူးညံ့နေတဲ့အချိန်တွေဆိုရင် မွန်း သူ့အပေါ်မှာရင်တွေတစ်ချက်ချက်ခုန်လာမိသည်။
ဒါဟာ သူ့အပေါ်မှာရှုံးနိမ့်ခြင်းတစ်ခု ။
"မင်းဒီအိမ်ရဲ့အပြင်ကိုခြေတစ်လှမ်းချရင် သေနတ်တစ်ချက်ပဲ ဒါမှမဟုတ် မင်းဘ၀တစ်ခုပေါ့"
သူဟာ အမှန်တော့ ဒီလိုမျိုး သိပ်အမိန့်ဆန်လွန်းပြီး လူကိုအကျဉ်းသားတစ်ယောက်လိုဆက်ဆံတတ်တဲ့လူပါ။
မွန်း သူ့ကိုကြည့်နေတဲ့မျက်၀န်းကချက်ချင်း
ပြောင်းလဲသွားပြီး သူ့ဆီကလက်တွေကိုရုန်းထွက်ကာ
"ရှင် ပြောလို့ပြီးပြီ မဟုတ်လား ကျွန်မကိုလွှတ် "
သူမကျောခိုင်းသွားသည်နှင့် အတ္တ စီးကရက်တစ်လိပ်ကိုထုတ်ကာ ပါးစပ်တွင်တပ်ဆင်မီးညှိပြီးအလင်းအသင့်စောင့်နေသည့်ကားထဲသို့၀င်သွားသည်။
မွန်းက သူ၀င်သွားသည့်ကားအနက်ရောင်လေး ခြံ၀န်းထဲကပျောက်ကွယ်သွားသည်အထိ သူမအခန်းထဲမှ ကြည့်နေမိသည် ။
"ရှင် ဘာလို့ကျွန်မကိုပိတ်လှောင်ထားတာလဲ
ဘယ်ချိန်မှ ရှင့်ရဲ့ပုံစံအမှန်ကို သိခွင့်ရမလဲ "
============================
ဒီနေရာကို ရောက်နေတာ ၁၅မိနစ်ရှိပြီ
အတ္တကို အထဲမ၀င်ဖို့တားရဲတယ်ဆိုတော့
ဂျော်နီ ဒီကောင်တွေကိုဘာကျွေးထားတာလဲ။
အတ္တ သေနတ်ထုတ်လိုက်သည့်အခါ
"ဟိုး ဒါက ငါ့ပိုင်နက်နော် အတ္တ"
ဂျော်နီက အေးဆေးစွာနဲ့ သင်္ဘောဆိပ်ကမ်းကဂိုထောင်ထဲကနေထွက်လာသည်။
"ဟက် မနေ့ကပဲ မင်းရဲ့ပိုင်နက်ထဲမှာ ဝင်တိုက်ခဲ့တာငါမဟုတ်ဘူးလား မင်းမေ့သွားတာလား"
ဂျော်နီက မျက်နှာပြန်တင်းရင်း
အဖေချင်းလည်းရန်သူဖြစ်ခဲ့ကြသလို
သားတွေလက်ထက်ကျလည်း ပြိုင်ဘက်တွေတဲ့ ။
"ဘာကိစ္စလဲ"
"မင်းမသိလို့မေးတာမဖြစ်နိုင်ဘူး အေးဆေးပြန်ပေးလိုက်"
အတ္တက သူ့ဆီက ယူထားတဲ့ အမှုန့်တွေပြန်လာတောင်းတယ်ဆိုတာ ဂျော်နီသိပါသည် ။
"စာချုပ်နဲ့သက်သေကငါ့ဆီမှာ "
အစက သက်သေမရှိဘဲပြန်တောင်းရင် တခြားဂိုဏ်းတွေကပါ ဂျော်နီ့ဘက်ကပါသွားနိုင်တာကြောင့် အခုလိုမျိုးသူ့ဆီကစာချုပ်ကိုကြိုးစားပြီးယူထားရခြင်းဖြစ်သည်။
ဂျော်နီဟာ စိတ်ရှုပ်သွားရကာဒီကိစ္စသာအဖေသိရင် တစ်ဖန်အပြောခံရဦးမည် ။
ဒီအမှုန့်တွေ အတ္တဆီကလိမ်ထားတယ်ဆိုတာမသိပေမဲ့ လိုင်းကြပ်နေချိန်မှာရထားသည်မို့ ချီးကျူးခံခဲ့ရသည် ။
"ဂျော်နီ ကြာတယ် "
"ဒီတစ်ခါ မင်းဘက်က အကွက်ချထားတာဆိုတော့ ငါ့ဘက်ကလျော့လိုက်မယ် နောက်ဆို ဂျော်နီဆိုတဲ့ကောင်က အကျောမခံဘူး"
အတ္တက မဲ့ပြုံးတစ်ပွင့်နဲ့ တုန့်ပြန်ကာ အလင်းကို အချက်ပြလျှင် လူအနည်းငယ်နဲ့ဂျော်နီတို့ဂိုထောင်ထဲ၀င်သွားကြသည်။
ဂိုထောင်ရှေ့မှာခါးထောက်ရပ်နေသောဂျော်နီဟာ မျက်နှာချင်းဆိုင် ခြေလှမ်း ၁၀ လှမ်းစာလောက်အကွာအဝေးမှာကားကိုမှီကာ စီးကရက်ဖွာနေသည့်အတ္တကို မကျေနပ်ချက်ဖြင့်ကြည့်ရင်း
"တောက်!"
ဟိုမိန်းကလေးကမင်းနဲ့ပတ်သတ်နေတာ ကံဆိုးခြင်းပဲ အတ္တငါလုံး၀ခိုက်သွားတယ် မင်းပိုင်တယ်ဆိုရင်တောင် အဲ့ဒီပိုင်ဆိုင်မှုကို ငါရယူဖို့ကြိုးစားဖို့ဆုံးဖြတ်လိုက်ပြီ။
အတ္တက စီးကရက်ကိုတစ်ချက်ရှိုက်လိုက်ပြီး
ဂျော်နီ ကိုစူးရှစွာကြည့်လိုက်၍
မွန်းကို ဂျော်နီ တကယ်ကြွေသွားတယ်ဆိုတာဆိုလိုက်ရတာကြောင့် သူမကိုဒီအန္တရာယ်စက်ကွင်းထဲသွင်းမိတဲ့ ကိုယ့်ကိုယ်ကိုအပြစ်တင်နေမိသည်။
မေမီမွန်းကို ငါ့ရင်ခွင်ထဲကဆွဲထုတ်ဖို့မကြိုးစားရင် သူ့ကိုဆွဲထုတ်သွားတဲ့နေ့ မင်းကိုငါရှင်းထုတ်ပစ်မယ့်နေ့ပဲ။
အတ္တ စီးကရက်ငွေ့တို့အား နှာခေါင်းထဲမှလေထဲသို့ကူးပြောင်းစေရင်း
ငါသိပ်မုန်းတဲ့မင်းကငါ့အတွက် ဘယ်တုန်းကအဲ့လောက်ထိအရေးပါသွားခဲ့တာလဲ မေမီမွန်း။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(15)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(14)
"ဟေ့ မွန်း ဟိတ်..."
"အမလေး...."
Advertisement
မွန်းက သူပြောတဲ့စကားတွေထက် ၀ိုငျတှစေိုနသေညျ့ အမွှေးပွခြံလွှာကြီးကိုသာ ခဏခဏ ကိုင်ကြည့်နေသဖြင့်
"ချွတ်လိုက်"
"ဟင် "
"အမလေး"
"ဟင်"
"ရှင် ဘာလုပ်တာလဲ "
" အင့်! "
"အင်း အင်း...."
"အ....အင်း..."
============================
============================
"မေတင်"
"ဟင် "
သူကပြန်ဆွဲလိုက်ပြီး
============================
Advertisement
- In Serial219 Chapters
The Broken Angel & Her Overprotective Brothers
"Why do you even bring her here? Other than creating problems and running away, she has nothing better to do! I already told Domenic that she doesn't deserve to be here, she can't be a part of this family."
8 6152 - In Serial392 Chapters
Loved By A Vampire King
Part 1 – LOVED BY A VAMPIRE KING { Volume 1- Volume 5 }
8 1006 - In Serial81 Chapters
Hands Held in the Snow
Aspiring priest Beatrice dreams of saving the world. Delinquent debutante Emi dreads her looming engagement to a distant noblewoman. A chance meeting in a library ignites a flame of love in their hearts. But, as the pair explore the wintery city of Balarand and each other, they must contend with their relationship’s uncertain future. Only by walking together hand-in-hand can they face these obstacles for the sake of their futures. Hands Held in the Snow is an LGBT+ fantasy romance about a bookworm and a brat at the cusp of adulthood. Read all 70 chapters today. -- Featuring artwork by Mikayla Buan. https://twitter.com/mikayla_buan You can also read Hands Held in the Snow on its official website: http://handsheld.quinlancircle.com/ And follow Hands Held on Twitter: https://twitter.com/hands_held Please vote on Top Web Fiction! You can vote once a week on each device for this story (and any others you enjoy!).
8 253 - In Serial65 Chapters
The Workaholic's Wife
Scarlet Ray and Evan Parker are polar opposites of each other.She is a bubbly bakery-owner while he is a workaholic businessman.She is a hopeless romantic while he has no time for love in his busy life.She is an optimist who believes in the healing power of a warm smile. He is a realist who has a permanent frown etched on his face. She has never been in a relationship before while he is a widower and a single parent.So what what will happen when these two totally different people will be stuck with each other in a loveless marriage? Will Scarlet ever succeed in melting the ice between Evan and herself? Let's find out.--------#6 in Romance (18-04-20)#4 in Romance (19-04-20)#3 in Romance (20-04-20)#1 in Romance (05-05-20)
8 362 - In Serial35 Chapters
MC's Viking Warriors- Rogue #5
When Liam's little sister bests him at being named heir of their biker club, Liam is jealous, bitter and vengeful. He expected the presidency to fall into his lap, as is his birth right, one small problem. He forgot about his ice queen little sister, Eira. Now Liam feels displaced in the world, like he doesn't have a home. He goes rogue and travels around Canada looking for a new place to call home.Katie is the daughter to a dangerous president, leader to the most feared and powerful club of eastern Canada, the Black Wolves. After he lost Katie's mother in childbirth, he became so protective of his daughter that she has yet to really live.Innocent and naive, Katie is all too vulnerable to the real world until she meets Liam. The very thing her father swore to keep her safe from, boys.To make matters worse, he's a biker too, but a biker from a rival club. But Liam knows as soon as he lays eyes on the doe eyed girl that he has finally found a home.The risk of death at the hands of her father seems a fair price to pay to earn the love of the sweet girl.
8 152 - In Serial29 Chapters
Into the Dark (Completed)
It was dark until he lit the match. I thought he was lighting the way, but little did I know he was leading me to my death.****Luna Ludwig is one of the most average girls that you will ever meet.Tate Marks is one of the most dangerous guys that you will ever meet.They hate each other right away. They fight. They prank each other. They are just plain mean.When Luna's ex moves back into town... well let's just say all men are territorial, even over their enemy.Gangs, Lust. Betrayal, and Secrets lead to someone's untimely death.
8 420

