《အတ္တလွန်အချစ် (OC) Completed》Part (13) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(13)
မွန်း မယုံနိုင်ခဲ့ဘူး
သူ သူ ရင်ခုန်နေတယ်
မွန်းရဲ့လက်ဖဝါးကလေးကနေတစ်ဆင့် သူ့ရဲ့နှလုံးခုန်သံတွေကို ခံစားမိသည်။
မွန်းသည် သူ့ကိုမော့ကြည့်ပြီး သူ့ရင်ဘက်ပေါ်ကလက်တွေကို ပြန်ရုတ်သိမ်းလိုက်သည်။
ရှက်တာရယ် ရင်ခုန်တာရယ် ဘာလုပ်ရမှန်းတောင်မသိတော့ဘဲ သူဖက်ထားတဲ့ရင်ခွင်ထဲမှ ရုန်းထွက်နောက်ဆုတ်လိုက်ရာ အတ္တက မွေ့ယာပေါ်က အဖြူရောင်အမွှေးပွခြုံထည်ကြီးကို မွန်းရဲ့ပုခုံးပေါ်သို့ လွှားတင်ပေးလိုက်သည်။
ထို့နောက် ရွှေရောင်ပိုက်ဆံအိတ် သေးသေးလေးကိုလက်ထဲထည့်ပေးကာ မွန်းရဲ့ ပုခုံးနှစ်ဖက်ကိုကိုင်၍
"သွားရအောင် "
မွန်းအတွက် ဘာတွေဘယ်လိုဖြစ်နေမှန်းတောင်မသိတော့ပါ။
သူပဲရက်စက် သူပဲချော့မြူ။
သူ့ရဲ့အစစ်အမှန်ဟာဘာလဲ။
ဒီခရီးကိုမွန်းဘယ်လိုနှင်ရမလဲ။
အခုတထိ မွန်း ဘာတွေလုပ်ရမလဲဆိုတာကိုမသိရသေး။
ဘယ်လောက်ခက်ခဲလိမ့်မယ့် ကိစ္စမျိုးကိုခိုင်းမှာလဲ။
ကားက အရင်လိုသူ မောင်းနေကျ အနက်ရောင်ပြောင်လဲ့နေသောပြိုင်ကားကလေးမဟုတ် မိသားစုကားရှည်ကြီးဖြစ်သည်။
အလင်းကတံခါးလာဖွင့်ပေးတဲ့အခါ အတ္တက အရင်၀င်လိုက်ပြီးမှ သူမရဲ့လက်ကိုလှမ်းပြီးဆွဲခေါ်လိုက်သည်။
သူမက ဂါ၀န်စလေးသိမ်းက ကားပေါ်ရောက်လျှင်ရောက်ချင်း မထိုင်ရသေးခင် အနောက်မှ အလင်းက ကားတံခါးကိုပိတ်လိုက်တော့ မွန်းဟာ ကုန်းကုန်းကွကွနှင့် ဒေါက်ဖိနပ်ကလည်းမြင့်သဖြင့် ဟန်ချက်ပျက်သွားတဲ့ မွန်းရဲ့ခန္ဓာကိုယ်လေးကို အတ္တသည် သူ့ပေါင်ပေါ်ရောက်မတက်ဆွဲချပစ်လိုက်သည်။
"အဲ့..."
ရုန်တရက်ပြိုကျလာသည့် သူမဆံနွယ်တွေက
အတ္တ မျက်နှာပေါ်သို့ ဂပိုဂရို အုပ်ကျသွားပြီး
အတ္တရဲ့လည်တိုင်သို့လည်း ဖက်တွယ်လျှက်သား
အတ္တဟာ အမွှေးပွခြုံလွှာကြီးရဲ့အောက်မှ အကာအကွယ်မရှိသော သူမရဲ့ ကျောပြင်နုနုကလေးကို သူ့လက်ဖဝါးအစုံနှင့်ပွတ်သပ်ဖက်တွယ်ထားသည့်အခါ အလိုက်သိတဲ့အလင်းက ကားနောက်ခန်းနဲ့မောင်းသူနေရာကိုခြားနားထားမည့်တံခါးကို ဆွဲပိတ်လိုက်သည်။
တစ်ယောက်နှင့်တစ်ယောက် လုံး၀လွှဲမသွားသော မျက်၀န်းတွေစုံစေခိုက်မှာကားကိုစောင့်ထွက်သွားသဖြင့်မွန်းခန္ဓာကိုယ်က သူ့အပေါ်သို့ပို၍ကပ်ကျသွား၏။
သူ့လည်တိုင်ကိုပိုတင်းကြပ်စွာဖက်တွယ်မိသည့်အခါ သူက မွန်းရဲ့လစ်ဟာနေသည့်ကျောပြင်ပေါ်သို့ သူ့လက်တွေဖြင့်ပိုဖိဖက်ထားပြီး သူမ၏ ရွှေနားဆွဲအရှည်ကြီးနဲ့ရိုက်ခက်သွားသည့် အတ္တရဲ့နှုတ်ခမ်းတွေက သူမလည်ပင်းသို့ ဖိကပ်လိုက်သည် ။
အနမ်းမဟုတ်ပဲဖိကပ်ခြင်းမို့ သူ့နှုတ်ခမ်းနုနုတွေရဲ့အထိတွေ့က မွန်းရဲ့ရင်တွေကိုလှိုက်ဖိုသွားစေပြန်သည်။
မွန်းသည် သူ့ရင်ခွင်ထဲမှ ခန္ဓာကိုယ်ပြန်မတ်သည့်အခါ သူကမွန်းကျောပြင်ပေါ်ကသူ့လက်တွေကိုဖယ်မပေးပါ။
ဖြူဖြူနုနုချောမွေ့နေသည့်မွန်းရဲ့ကျောပြင်ကို သူလက်ဖဝါးဖြင့်ပွတ်သပ်ထိတွေ့နေရတာ ပြန်၍ပင်မခွာချင်တော့ပါ။
"အဟင်း လွှတ်ပါ ကျွန်မ ထိုင်ပါရစေ"
မွန်းက တောင်းဆိုသလိုမူဖြင့်ပြောလိုက်မို့ အတ္တ လွှတ်ပေးလိုက်ပေးမဲ့မွန်းကိုသူ့ပေါင်ပေါ်ရောက်လုနီးနီး ခါးကိုဆွဲဖက်ထားလိုက်သည်။
လစ်ဟာနေသည့် သူမပေါင်သားတွေက ဒီရင်ကိုခဏခဏလှုပ်ခါစေသည်ဖြစ်လေရာအတ္တဟာ သူကိုယ်တိုင်ပဲ စကပ်အကွဲနှစ်ခုကို ဆွဲစိပေးလိုက်သည်။
"ကိုင်ထား အဲ့ဒီဂါ၀န်စကို နောက်တစ်ခါ ထပ်ပေါ်လာရင် ငါ့စိတ်ကိုငါအာမ မခံဘူး"
မွန်းက သူဖုံးပေးထားတဲ့ဂါ၀န်စလေးကို ခပ်တင်းတင်းလေးဆွဲဖိထားလိုက်ရ၏။
မွန်းမှာ မိသားစုကားအကျယ်ကြီးစီးရပါလျှက်နှင့် ကြပ်ကြပ်တည်းတည်းထိုင်နေရပါသည်။
သူကလည်းဟိုဘက်မတိုးပေးပေမဲ့ ခဏတော့အသက်ရှူချောင်သွားသည် မွန်းရဲ့ခါးပေါ်ကလက်တွေဟာ သူရဲ့ Laptopတစ်လုံးနှင့်အလုပ်ရှုပ်နေရတော့သည်။
ခဏနေတော့ သူက မွန်းရဲ့ ရွှေရောင်ပိုက်ဆံအိတ်သေးသေးကိုဖွင့်ကာ
"ကိုယ်ပြောတာကိုသေချာနားထောင် "
ထိုသို့အမိန့်ပေးလိုက်တော့ မွန်းဟာ သူ့ဘက်သို့လှည့်ပြီး စိတ်၀င်တစားနားထောင်သည့်အခါ ကြောက်ရွံ့မှုကအတော်ထင်ရှားနေသည်။
မွန်းရဲ့ နားထဲကို သူက နားကြပ်သေးသေးတပ်ပေးပြီး ဆံပင်တွေနဲ့ပြန်ဖုံးပေး၏။
"အ"
မွန်း ကိုယ့်နားလေးကိုယ်ပြန်ကိုင်ကြည့်တဲ့အခါ
"ကိုယ်ပြောတဲ့စကားတွေကို အဲ့ဒီကတစ်ဆင့်နားထောင်ပါ "
"........."
"နောက်၁၅မိနစ်ဆိုရင်ရောက်တော့မှာ ရောက်တာနဲ့ မင်းနဲ့ကိုယ် အတူ၀င်လို့မရဘူး မင်းနဲ့ကိုယ်အတူလာတာလုံး၀မရိပ်မိစေရဘူးကိုယ်အရင် ဆင်းမယ် ရှေ့နားမှာ မင်းက ရောက်မှဆင်း ကိုယ်ပြောတာကိုသာ နားထောင်ပြီး လိုက်လုပ်ပါ "
"အင်း"
"ပထမဆုံးက မင်းရောက်ရောက်ချင်း ဘယ်သူ့ကိုမှမကြည့်နဲ့ လူကအရမ်းများတယ် ဘယ်သူကြည့်ကြည့်ဂရုမစိုက်နဲ့ ကိုယ်တစ်ခုချင်းအသေးစိတ်ကို ဟိုရောက်ရင်ပြောပြမယ် "
"ဘာလုပ်ပေးရမှာလဲ"
"Piano တီးရမယ် မင်းကို သေချာပေါက်လူတစ်ယောက်လာခေါ်လိမ့်မယ် အဓိက အဲ့ဒီလူပဲ ဂျော်နီတဲ့ မင်းသူနဲ့လိုက်သွားရလိမ့်မယ် "
"ဟင်"
ထိုအခါ မွန်းကမျက်လုံးကလေးဝိုင်းသွားပြီး စိုးရိမ်သွားရသည်။
"စိတ်မပူနဲ့ မင်းကို ကိုယ်ပြန်လာကယ်မှာ
သူ့အိမ်ကိုရောက်ရင်..."
သူက မွန်းရဲ့ အိတ်ကလေးထဲတွင် ဘယ်ချိန်ကထည့်ပေးထားမှန်းမသိတဲ့ သံလိုက်လိုကင်မရာသေးသေးကလေးနှစ်ခုကို ကိုထုတ်ပြီး
သူက မွန်းခြုံထားတဲ့အမွှေးပွခြုံထည်ကြီးကိုရင်ဘက်ကနေဆွဲဖြဲလိုက်သဖြင့် မွန်းရဲ့ရင်ထဲအေးခနဲခံစားလိုက်ရကာ သူဟာ မွန်းရဲ့ရင်ဘက်က ဂါဝန်စကလေးဆီမှာ သံလိုက်သေးသေးကလေးကိုကပ်ပေးနေတော့ သူ့ရဲ့လက်တွေကတစ်ချက်တစ်ချက်မွန်းရဲ့ရင်သားနှင့်ထိကပ်သွားရသည်။
မွန်းဘယ်လောက်စိတ်လှုပ်ရှားနေသလဲဆိုတာ အသက်ရှူသံတွေမမှန်တော့တာကစသိနိုင်ပါသည်။
သူထိုသံလိုက်ကင်မရာလေးကိုရင်ဘက်မှာတပ်ပေးပြီးတော့ ခြုံထည်ကြီးကိုကင်မရာအားမကွယ်စေရန်ခပ်ဟဟကလေးထားလိုက်ပြီး ကျန်သောသံလိုက်ကင်မရာကလေးအား ရွှေရောင်အိတ်ကလေးထဲသို့ပြန်ထည့်ပေးလိုက်သည်။
"သူ့အိမ်ကိုရောက်ရင် ဒီဟာလေးကို သူ့အိမ်ရဲ့တစ်နေရာမှာ ကပ်လိုက်"
"ဒါကဘာလဲ"
"ကင်မရာ မင်းကို ကိုယ်မြင်ရစေမယ့် ကင်မရာ ဒါမှ ကိုယ်လိုချင်တဲ့စာချုပ်ဘယ်မှာရှိမလဲဆိုတာပြောပြလို့ရမှာ အဲ့ဒီစာချုပ်ရတာနဲ့ မင်းရဲ့တာ၀န်ပြီးပြီ ကျန်တာကိုယ့်တာ၀န်"
"ဟင် "
သူပြောနေတာတွေကိုမွန်းဟာ နားဝင်အောင်မနည်းကြိုးစားနေရသည်။
"အင်း ကိုယ်ဆင်းရတော့မယ် ကိုယ်မှာတာတွေမမေ့နဲ့"
အလင်းက ကားရပ်လိုက်သည်နှင့် အတ္တက ကားပေါ်ကဆင်းကာ အခြားတပည့်တစ်ယောက်မောင်းလာပေးသော ဘေးတစ်ဖက်မှာအဆင်သင့်ရှိနေသည့် သူ့ရဲ့ ပြိုင်ကားအနက်ထဲ၀င်သွား၏။
မွန်းအခု ဘာမှမသိတော့ပါ။
ဘေးမှာသူမရှိတော့တာနဲ့ ဒီရင်ထဲမှာလစ်ဟာသွားပြီး ကြောက်စိတ်ကြီးကပေါ်လာတော့သည်။
ခံစားလိုက်မိတာက သူမွန်းကို အရမ်းစိတ်ပူနေတယ်ဆိုတာပါပဲ။
တကယ်ခဏလေးအတွင်းမှာ မွန်း မရောက်ပါစေနဲ့ဆုတောင်းနေတဲ့ နေရာသို့ရောက်လာပါပြီ။
ကားမှန်ထဲကနေ ခြံထဲကိုလှမ်းမြင်နေရသည်မှာ Party တစ်ခုဖြစ် လူတွေလည်းထင်ထားတာထက်ပင်ပိုများနေကြသည်။
"မမလေး ဆင်းလို့ရပြီ"
မွန်းသည်လက်တွေလည်းတုန်နေကာ ဆင်းဖို့ခြေထောက်ပင်မခိုင်တော့ပါ ။
"မွန်း"
ရုတ်တရက် နာမည်ခေါ်လိုက်သည့် သူ့အသံကို နားကြပ်ထဲမှတစ်ဆင့်ကြားလိုက်ရသည်အခါ
မွန်းရင်ထဲမှာနွေးထွေးသွားရသည်။
ကြောက်စိတ်တစ်၀က်လောက်ကိုသူ့အသံလေးတစ်ခုနှင့် လျော့ချသွားနိုင်တာမျိုးဖြစ်သည်။
"မွန်း ကိုယ်ခေါ်နေတာကြားလား"
မွန်းဘက်ကပြန်မထူးတော့ သူကနောက်တစ်ခွန်းထပ်ခေါ်သည်။
"အင်း"
မွန်းက နားလေးတစ်ဖက်ကိုဖိရင်း ထူးလိုက်သည်။
"ဘယ်ကိုမှ မကြည့်နဲ့ လူတွေကသိပ်များတယ် ရှေ့တည့်တည့်ကိုပဲ လာခဲ့ ယုံကြည်မှုရှိတဲ့ခြေလှမ်းတွေနဲ့"
မွန်းဟာ သူပြောသလို ခန္ဓာကိုယ်ကိုမတ်လိုက်ပြီး သူခြုံပေးခဲ့တဲ့အဖြူရောင်ခြုံလွှာပွပွကြီးကို ပုခုံးထိလျောချလိုက်ပြီး ပိုက်ဆံအိတ်ကလေးကိုတင်းတင်းဆုတ်ကာ ရှေ့တည့်တည့်သို့လျောက်လာခဲ့သည်။
Advertisement
ကားထဲကထွက်လာပြီးနောက် လူအုပ်ထဲသို့မရောက်မီ ဆက်ကြားမှာ
"အမလေး.."
ရုတ်တရက်ကြီး လူကွယ်ရာသို့ အဆွဲခံလိုက်ရသဖြင့် မွန်းလန့်ဖြန့်ပြီး မော့တောင်မကြည့်ရဲပါ။
"ကိုယ်ပါ"
မွန်းကိုပါးလေးနှစ်ဖက်ကနေဆွဲမော့ပြီး
"မင်းကို ကိုယ်ယုံတယ် မင်းလုပ်နိုင်တယ် ဘာကိုမှစိတ်မပူနဲ့ "
"........"
"ကိုယ့်အသံကိုပဲနားထောင်ပြီး ကိုယ်ပြောတာတွေကိုပဲတစ်ခုချင်းလိုက်လုပ်ပါ ကိုယ့်ကိုယုံတယ်မဟုတ်လား မင်းကို ကိုယ်လာကယ်မှာ"
မွန်းသည် ဒီအချိန်မှာ ခေါင်းညိတ်ရုံမှအပမတတ်နိုင်ခဲ့တော့ပါ။
အတ္တသည် မွန်းရဲ့နှုတ်ခမ်းကလေးကို ငုံ့နမ်းလိုက်သဖြင့် သူကသာ ဒီလိုအနမ်းမျိုးကိုဖန်တီးနိုင်တာ မွန်းမှာတော့တစ်ယောက်ယောက် မြင်သွားမှာလားဆိုတဲ့ စိုးရိမ်မှုတွေကြားက သူ့အနမ်းတွေကိုခံယူနေရသည်။
မွန်းရဲ့ အပေါ်နှုတ်ခမ်းလေးမှာ သူ့အနမ်းတွေ နိဂုံးချုပ်ကာ
"ကိုယ့်ကိုယုံပါ ကိုယ်သွားမယ်"
ဆို၍ သူကမွန်းရဲ့ပါးပေါ်ကလက်တွေဖယ်ကာ ထွက်သွားသဖြင့် မွန်းဟာ သူ့ထွက်သွားတာကို မျက်စိတစ်ဆုံးလိုက်နေသောကြောင့်
"ရှေ့ဆက်လျောက်"
သူ့အမိန့်ဆန်သည့်အသံကြောင့် မွန်းအသိ၀င်ကာ လူအုပ်အလယ်သို့ တိုးရပါသည်။
လူတွေအလယ်မှာ ရွှေရောင်မင်းသမီးကထင်ရှားလွန်းနေသည်။
ဟက်... အလင်းကိုချီးကျူးရမလား။
အရောင်ရွေးထားတာတော်တယ်ပြောရမယ်။
"မင်း ဘေးက၃ယောက်မြောက်လူကိုကြည့်လိုက် "
သူမရင်ဘက်မှာတပ်ထားသောကင်မရာမှတစ်ဆင့် အတ္တဟာ ပါတီထဲမှာလူတွေကိုမြင်နေရသည်။
အတ္တရဲ့အေးစက်လွန်းတဲ့ ပြောဆိုပုံက ယခုအချိန်မှာတည်ကြည်ပြတ်သားလွန်းသည်။
"အင်း ကုတ်အနီနဲ့လူလား"
မွန်းက အတ္တပြောတဲ့၃ယောက်ကိုကြည့်ပြီး ခပ်တိုးတိုးပြန်မေးလိုက်သည်။
"ဟုတ် သူ့ကို သေချာပေါက်၀င်တိုက်ခဲ့ မင်း မာယာ နည်းနည်းသုံးလိုက် အဲ့ဒီလူဆီက Attention ကိုရအောင်ယူရမယ် "
"အင်....."
သူမဟာ တွန့်ဆုတ်နေသေးတော့
"မင်းကိုယ်မင်းယုံကြည်လိုက်ပါ"
သူဘယ်နားကကြည့်နေလဲတော့မသိဘူး မွန်းကိုမြင်ရမယ်ထင်လို့ ခေါင်းညိတ်ပြလိုက်မိသည်။
မွန်းသည် သိပ်မဝေးတော့တဲ့ထိုလူအနားသို့ လျောက်သွားကာ
"အို.....ဆောရီး "
အတ္တပြောသလို၀င်တိုက်မိသည့်အခါ ထိုလူက မွန်းရဲ့ဆောရီး ဆိုသည့် အသံအောက်မှာ မြောပါသွားလေသလား။
ဂျော်နီသည် ဝိုင်စွန်းသွားသည့်မိမိအင်္ကျီထက် သူမရဲ့အလှအပကိုပို၍အာရုံစိုက်မိနေသည်။
"ပြုံးလိုက်"
အမိန့်သံကြောင့် မွန်းမျက်တောင်တစ်ချက်ခက်ကာ နှစ်လိုဖွယ်ကောင်းအောင်ပြုံးလိုက်သည့်အခါ ဂျော်နီ့ အတွက်တော့ ကမ္ဘာသစ်တစ်ခုဖြစ်ပေါ်လာသလိုပင်။
မြင်မြင်ချင်းကြွေတယ်ဆိုတာဒါမျိုးလား။
ဂျော်နီ ရဲ့အတွေးမှာ သူမ ပုံရိပ်တွေငြိစွန်းခဲ့ပြီ။
"မင်း ရှေ့ကStageပေါ်မှာ pianoတီးရမယ်"
"ကျွန်မ...."
"ကိုယ်ပြောပြီးသားမင်းကိုယုံကြည်တယ် ရှေ့ကိုဆက်လိုက်"
အတ္တ စကားအတိုင်း သူမက ဂျော်နီကိုထားခဲ့၍ Stage ပေါ်တက်သည့်အခါ လူတိုင်းရဲ့ အကြည့်တွေကိုသူမတစ်ဦးတည်းကသိမ်းပိုက်နိုင်ခဲ့သည် ။
မွန်းသည် သူမတီးနေကျ A thousand yearsသီချင်းကိုသာ နားစဉ်ခံစားစေလိုသည်။
ဂျော်နီဟာ သူမကိုတစိမ့်စိမ့်ကြည့်ရင်း
"မင်းကိုတော့ ငါပိုင်ဆိုင်မှဖြစ်တော့မယ် နတ်သမီးလေး "
တစ်ခါမှမတွေ့ခဲ့ဖူးသော မျက်နှာစိမ်းမိန်းကလေးဖြစ်လေရာ Attention ပိုပြီးရလာခဲ့သည်။
တခြားသူလက်ဦးမှာစိုးရိမ်နေသူ ဂျော်နီသည် pianoတီးနေသည့် သူမအနားသို့ ရောက်လာပြီး
"မိန်းကလေး..."
ဒီလို ဂိုဏ်းပေါင်းစုံစုံတဲ့ညစာစားပွဲမျိုးကိုတက်လာနိုင်တယ်ဆိုမှတော့
သေချာပေါက် ဒီဂိုဏ်းကမလွတ်တဲ့သူဖြစ်ရမယ်။
အဖေဖြစ်သူက အမွေပေးရန်နှင့် မိန်းမပွေတတ်သည့်သားကို အခြေကျစေရန် မိန်းမအမြန်ယူခိုင်းနေသည့်အချိန်မှာ
မထင်မှတ်ပဲ ရင်ထဲထိပါကြွေတဲ့သူမကိုတွေ့ခဲ့ရသည်မို့ ဘယ်သူ့ဆီကိုမှအပါမခံနိုင်။
ဘယ်ကပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ကျန်တာနောက်မှရှင်းမယ် မင်းကိုငါရဖို့သာအဓိက
မွန်းမော့ကြည့်လျှင်
"ကိုယ်နဲ့ ကနိုင်မလား"
မွန်းက အတ္တအသံကိုနားစွင့်နေသောကြောင့်
"ခေါင်းညိတ်လိုက်"
ဆိုတဲ့ အမိန့်ကိုကြားတာနဲ့ မွန်းတစ်ချက်ခေါင်းဆက်ပြလိုက်ကာ သူကမ်းပေးတဲ့လက်ပေါ်သူမလက်ကလေးတင်လိုက်သည်။
ကနိုင်မလား ဟူသည်အမည်ခံတစ်ခုသာ
သူမ ပါသွားတာက အခြားတစ်ဖက်က အိမ်ကြီးတစ်ခုထဲသို့ဖြစ်သည်။
"မွန်း ကိုယ်ပြောတာမမေ့နဲ့ သူ မင်းကို လုံး၀မထိစေရဘူး ကိုယ်လာမယ်"
နားထဲကသူ့အသံတွေစေခိုင်းသည့်အတိုင်း
မွန်းဟာ သူခေါ်သွားရာ အိမ်ကြီးထဲမှအခန်း ထဲရောက်လျှင်ရောက်ချင်း
"ခဏ နော် ကိုယ် သောက်စရာတစ်ခုယူခဲ့မယ်"
မွန်းကခေါင်းညိတ်လိုက်ပြီး ဂျော်နီသူမအနားကနေထွက်သွားပါလျှင် ပိုက်ဆံအိတ်ဖွင့်ကာ
သံလိုက်သေးသေးလေးကို တံခါးရဲ့ဘေးက သတ္တုလက်ကိုင်တွင်ကပ်လိုက်သည်။
အတ္တဟာ သူ၏ကားကို ထိုအိမ်ဘက်သို့မောင်းလာကာ ကင်မရာကနေတစ်ဆင့် Laptopထဲမှာမြင်နေရသည့် မွန်းနဲ့ ဂျော်နီ့အခန်းကိုစူးစိုက်ကာကြည့်ရင်း
"မင်းရဲ့ ဘယ်ဘက်က စားပွဲပေါ်မှာ သေတ္တာလေးရှိတယ် ဖွင့်ကြည့်လိုက်"
ဂျော်နီပြန်ထွက်လာမည့်အခန်းတစ်ခုကိုလည်း ရင်တုန်စွာလှမ်းကြည့်လိုက်ပြီး
မွန်းသညိ ခက်သွက်သွက် သေတ္တာကိုဖွင့်လိုက်သည့်အခါ မီးခြစ်တစ်ခုနှင့် သေနတ်တစ်လတ်ကြောင့် လန့်သွားရသည်။
"အဲ့တာမဟုတ်သေးဘူး ပြန်ပိတ်လိုက်"
အတ္တက သူ့အခန်းကို အကျယ်ချဲ့ကြည့်ရင်း
"မွေ့ယာဘေးက အံဆွဲကိုဖွင့်ကြည့်"
"သူလာတော့မယ်"
မွန်းရဲ့ခပ်တိုးတိုးအသံလေးက တုန်ရီနေသည်။
"မင်းဘေးက ပန်းအိုးကိုချခွဲလိုက်"
အတ္တခိုင်းတဲ့အတိုင်းမျက်လုံးစုံမှိတ်ကာ ဘေးကစားပွဲပေါ်ကပန်းအိုးကို ပစ်ချလိုက်ပြီး
"အား!"
ကိုယ်တိုင်လည်းအော်ကာ ထိုင်ချလိုက်သည့်အခါ ဂျော်နီက ပြန်ထွက်လာပြီး ပန်းအိုးအကွဲစတွေဘေးမှာ ပုံရပ်ကလေးထိုင်နေသော မြင်ကွင်းကြောင့်
"အဆင်ပြေရဲ့လား "
"ကျွန်မ လက်"
"နာသွားလား"
"ဟို တောင်းပန်ပါတယ်နော် ကျွန်မက မမြင်လိုက်ရလို့လေ မရည်ရွယ်ပါဘူးနော်"
"ရပါတယ် အဲ့တာကိစ္စမရှိဘူး အဓိကက မင်းဘာဖြစ်သွားသေးလဲ "
"ကျွန်မလက်ခေါက်သွားတာ သိပ်တော့ မနာပါဘူး"
မွန်းကိုသူကဆွဲထူပြီး သူ့မွေ့ယာပေါ်တွင်ထိုင်စေ၏။
"ကိုယ် ဆေးသွားယူပေးမယ် "
ဂျော်နီက အထဲ ပြန်၀င်သွားသည့်အခါ
အတ္တက Laptopထဲကသူမကိုကြည့်ကာ ပြုံးမိသည် ။
ကိုယ့်ရှေ့မှာဆိုသိပ်ပြီးတည်တံ့ကာ ဂျစ်တိုက်တတ်သည့်မိန်းကလေးက မာယာတွေသုံးပြနေသည်။
မွန်းသည်အိပ်ယာခေါင်းရင်းသို့တိုးပြီးအံဆွဲကိုဆွဲထုတ်လိုက်သည်။
"တွေ့လား"
မွန်းစာရွက်တွေ ဆွဲထုတ်ပြပေမဲ့ သူကအချက်မပြသဖြင့် မွန်းအံဆွဲပြန်ပိတ်လိုက်သည်။
"အောက်တစ်ဆင့်မှာ သေချာပေါက်ရှိလိမ့်မယ်"
အတ္တရဲ့ စကားအရ သူမနောက်တစ်ဆင့်ဖွင့်လိုက်သည့်အခါ သူမ တစ်ခုချင်းထုတ်ပြသည်။
၄ခုမြောက်မှာ
"ခဏ ခဏလေး အဲ့တာ အဲ့တာ "
Advertisement
"သေချာလား "
"မမြင်ဘူးလား ကိုယ့်လက်မှတ်ကို"
မွန်းသေချာပြန်ကြည့်တော့မှ
Atta ဆိုသည့် English စာလုံးတွေကို လက်ရေးဆက်ရေးထားတာတွေ့လိုက်ရသည်။
"ကိုယ်လာနေပြီ မွန်း မင်း တံခါးနားမှာစောင့်"
အတ္တလည်း Laptop ကိုပိတ်လိုက်ပြီးကားနောက်ခန်းထဲသို့ပစ်ထည့်လိုက်ကာ ခါးနောက်မှာထိုးထားတဲ့သေနတ်ကိုသေချာပြန်စမ်းကြည့်ပြီး ကားထဲကထွက်လာခဲ့၏ ။
မွန်းဟာ စာရွက်ကို ခေါက်လိုက်ပြီး ဆုပ်ကိုင်ထား၍ ဂါ၀န်ကိုမကာ တံခါးအနားသို့ရပ်လိုက်သည့်အခါ ဝိုင်တစ်ခွက်နှင့်အတူ ဆေးသေတ္တာကိုင်ပြီးရောက်လာတဲ့ဂျော်နီက မွန်းကိုစိုက်ကြည့်ပြီး
"မင်း ဘာလုပ်တာလဲ"
မွန်းက ရုတ်တရက်မို့ လူကတုန်ကာလန့်သွားရသည်။
သူဟာ မွန်းအနားသို့ဆက်တိုးလာပြီး
"မင်းကဓားလျှိုလား"
မွန်းဘာမှ ကြောက်တာပဲသိတော့သဖြင့် မပြောပဲတံခါးကိုဖွင့်သည့်အခါ သူကဆေးသေတ္တာကိုပစ်ချကာ နောက်မှဆွဲလှည့်ပြီး မွန်းကိုချုပ်လိုက်သည်။
ပြီးတော့ ပါးစပ်ထဲကို ယူလာတဲ့ဝိုင်တွေ လောင်းထည့်ရာ မွန်းက ခေါင်းတွေရမ်းခါသဖြင့် ပါးစပ်ထဲသို့အနည်းငယ်လောက်သာဝင်သွားပြီး ခြုံလွှာဖြူဖြူကြီးသာ စွန့်ထင်းကုန်၏။
ဒိုင်း ဒိုင်း
သေနတ်သံကြောင့် ဂျော်နီက နားစွင့်ခိုက်မှာ သူမကအတင်းရုန်းထွက်သည်။
လက်ထဲကစာရွက်မပြဲအောင် သေချာကိုင်ထားပြီး တံခါးဖွင့်သည့်အခါ ဂျော်နီဟာ တံခါးလက် လက်ကိုင်ကိုသူမနောက်ကနေလှမ်းတွန်းထားသဖြင့် ပွင့်မလာပေ။
ရုတ်တရက်ကြီး တံခါးသည်အပြင်ကနေ စောင့်တွန်းခြင်းခံရ၍ ဂျော်နီနဲ့တံခါးကြားမှာညပ်နေသော မွန်းဟာ ဂျော်နီရင်ခွင်ထဲပစ်ကျသွားတော့မည့်အချိန်မှာ
သေနတ်ကိုင်မထားသောလက်တို့ဖြင့်
သူမလက်ကိုလှမ်းဆွဲလိုက်လေသည်။
ထိုအခါ ဂျော်နီအငိုက်မိပြီး အတ္တရဲ့သေနတ်တို့ဖြင့်အချိန်ခံလိုက်ရပေမဲ့ ဒီ Party ဟာ ဂျော်နီ့ပိုင်နက်အတွင်းမှဖြစ်လေရာ သူ့လူတွေကနောက်ကနေရောက်လာကြသောကြောင့် အတ္တမှာမွန်းရဲ့လက်ကိုဆွဲကိုင်ပြီးထွက်ပြေးရလေတော့သည်။
ဂျော်နီဟာ အံဆွဲထဲကသူ့သေနတ်ကိုယူကာ ပြေးလိုက်လာ၍ သူ့၏တပည့်များကိုလည်း လမ်းပိတ်ဖို့အမိန့်ပေးသည်။
အလင်းက လမ်းရှင်းပေးသဖြင့် အတ္တဟာ ကျည်ဆံမိုးတွေကြားကသူမလက်ကိုတင်းကြပ်စွာဆွဲကိုင်းရင်း လက်ထဲကသေနတ်ကိုလည်း တဒိုင်းဒိုင်းအဆက်မပြတ်မြည်စေကာ သူ့ကားရှိတဲ့နေရာသို့အမြန်ဆုံးပြေးထွက်လာခဲ့ရသည်။
ကျန်ကိစ္စနောက်မှရှင်းမည် ဆိိုကာ အလင်းကို တပ်ရှင်းဖို့ပြောပြီး သူကိုယ်တိုင်က မွန်းနဲ့၂ယောက်တည်းပြန်လာခဲ့သည်။
==============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း (14) ဆက်ရန်
Zawgyi Version
အတၱလြန္ အခ်စ္
အပိုင္း(13)
မြန္း မယုံနိုင္ခဲ့ဘူး
သူ သူ ရင္ခုန္ေနတယ္
မြန္းရဲ႕လက္ဖဝါးကေလးကေနတစ္ဆင့္ သူ႕ရဲ႕ႏွလုံးခုန္သံေတြကို ခံစားမိသည္။
မြန္းသည္ သူ႕ကိုေမာ့ၾကည့္ၿပီး သူ႕ရင္ဘက္ေပၚကလက္ေတြကို ျပန္႐ုတ္သိမ္းလိုက္သည္။
ရွက္တာရယ္ ရင္ခုန္တာရယ္ ဘာလုပ္ရမွန္းေတာင္မသိေတာ့ဘဲ သူဖက္ထားတဲ့ရင္ခြင္ထဲမွ ႐ုန္းထြက္ေနာက္ဆုတ္လိုက္ရာ အတၱက ေမြ႕ယာေပၚက အျဖဴေရာင္အေမႊးပြၿခဳံထည္ႀကီးကို မြန္းရဲ႕ပုခုံးေပၚသို႔ လႊားတင္ေပးလိုက္သည္။
ထို႔ေနာက္ ေ႐ႊေရာင္ပိုက္ဆံအိတ္ ေသးေသးေလးကိုလက္ထဲထည့္ေပးကာ မြန္းရဲ႕ ပုခုံးႏွစ္ဖက္ကိုကိုင္၍
"သြားရေအာင္ "
မြန္းအတြက္ ဘာေတြဘယ္လိုျဖစ္ေနမွန္းေတာင္မသိေတာ့ပါ။
သူပဲရက္စက္ သူပဲေခ်ာ့ျမဴ။
သူ႕ရဲ႕အစစ္အမွန္ဟာဘာလဲ။
ဒီခရီးကိုမြန္းဘယ္လိုႏွင္ရမလဲ။
အခုတထိ မြန္း ဘာေတြလုပ္ရမလဲဆိုတာကိုမသိရေသး။
ဘယ္ေလာက္ခက္ခဲလိမ့္မယ့္ ကိစၥမ်ိဳးကိုခိုင္းမွာလဲ။
ကားက အရင္လိုသူ ေမာင္းေနက် အနက္ေရာင္ေျပာင္လဲ့ေနေသာၿပိဳင္ကားကေလးမဟုတ္ မိသားစုကားရွည္ႀကီးျဖစ္သည္။
အလင္းကတံခါးလာဖြင့္ေပးတဲ့အခါ အတၱက အရင္၀င္လိုက္ၿပီးမွ သူမရဲ႕လက္ကိုလွမ္းၿပီးဆြဲေခၚလိုက္သည္။
သူမက ဂါ၀န္စေလးသိမ္းက ကားေပၚေရာက္လွ်င္ေရာက္ခ်င္း မထိုင္ရေသးခင္ အေနာက္မွ အလင္းက ကားတံခါးကိုပိတ္လိုက္ေတာ့ မြန္းဟာ ကုန္းကုန္းကြကြႏွင့္ ေဒါက္ဖိနပ္ကလည္းျမင့္သျဖင့္ ဟန္ခ်က္ပ်က္သြားတဲ့ မြန္းရဲ႕ခႏၶာကိုယ္ေလးကို အတၱသည္ သူ႕ေပါင္ေပၚေရာက္မတက္ဆြဲခ်ပစ္လိုက္သည္။
"အဲ့..."
႐ုန္တရက္ၿပိဳက်လာသည့္ သူမဆံႏြယ္ေတြက
အတၱ မ်က္ႏွာေပၚသို႔ ဂပိုဂရို အုပ္က်သြားၿပီး
အတၱရဲ႕လည္တိုင္သို႔လည္း ဖက္တြယ္လွ်က္သား
အတၱဟာ အေမႊးပြၿခဳံလႊာႀကီးရဲ႕ေအာက္မွ အကာအကြယ္မရွိေသာ သူမရဲ႕ ေက်ာျပင္ႏုႏုကေလးကို သူ႕လက္ဖဝါးအစုံႏွင့္ပြတ္သပ္ဖက္တြယ္ထားသည့္အခါ အလိုက္သိတဲ့အလင္းက ကားေနာက္ခန္းနဲ႕ေမာင္းသူေနရာကိုျခားနားထားမည့္တံခါးကို ဆြဲပိတ္လိုက္သည္။
တစ္ေယာက္ႏွင့္တစ္ေယာက္ လုံး၀လႊဲမသြားေသာ မ်က္၀န္းေတြစုံေစခိုက္မွာကားကိုေစာင့္ထြက္သြားသျဖင့္မြန္းခႏၶာကိုယ္က သူ႕အေပၚသို႔ပို၍ကပ္က်သြား၏။
သူ႕လည္တိုင္ကိုပိုတင္းၾကပ္စြာဖက္တြယ္မိသည့္အခါ သူက မြန္းရဲ႕လစ္ဟာေနသည့္ေက်ာျပင္ေပၚသို႔ သူ႕လက္ေတြျဖင့္ပိုဖိဖက္ထားၿပီး သူမ၏ ေ႐ႊနားဆြဲအရွည္ႀကီးနဲ႕ရိုက္ခက္သြားသည့္ အတၱရဲ႕ႏႈတ္ခမ္းေတြက သူမလည္ပင္းသို႔ ဖိကပ္လိုက္သည္ ။
အနမ္းမဟုတ္ပဲဖိကပ္ျခင္းမို႔ သူ႕ႏႈတ္ခမ္းႏုႏုေတြရဲ႕အထိေတြ႕က မြန္းရဲ႕ရင္ေတြကိုလွိုက္ဖိုသြားေစျပန္သည္။
မြန္းသည္ သူ႕ရင္ခြင္ထဲမွ ခႏၶာကိုယ္ျပန္မတ္သည့္အခါ သူကမြန္းေက်ာျပင္ေပၚကသူ႕လက္ေတြကိုဖယ္မေပးပါ။
ျဖဴျဖဴႏုႏုေခ်ာေမြ႕ေနသည့္မြန္းရဲ႕ေက်ာျပင္ကို သူလက္ဖဝါးျဖင့္ပြတ္သပ္ထိေတြ႕ေနရတာ ျပန္၍ပင္မခြာခ်င္ေတာ့ပါ။
"အဟင္း လႊတ္ပါ ကြၽန္မ ထိုင္ပါရေစ"
မြန္းက ေတာင္းဆိုသလိုမူျဖင့္ေျပာလိုက္မို႔ အတၱ လႊတ္ေပးလိုက္ေပးမဲ့မြန္းကိုသူ႕ေပါင္ေပၚေရာက္လုနီးနီး ခါးကိုဆြဲဖက္ထားလိုက္သည္။
လစ္ဟာေနသည့္ သူမေပါင္သားေတြက ဒီရင္ကိုခဏခဏလႈပ္ခါေစသည္ျဖစ္ေလရာအတၱဟာ သူကိုယ္တိုင္ပဲ စကပ္အကြဲႏွစ္ခုကို ဆြဲစိေပးလိုက္သည္။
"ကိုင္ထား အဲ့ဒီဂါ၀န္စကို ေနာက္တစ္ခါ ထပ္ေပၚလာရင္ ငါ့စိတ္ကိုငါအာမ မခံဘူး"
မြန္းက သူဖုံးေပးထားတဲ့ဂါ၀န္စေလးကို ခပ္တင္းတင္းေလးဆြဲဖိထားလိုက္ရ၏။
မြန္းမွာ မိသားစုကားအက်ယ္ႀကီးစီးရပါလွ်က္ႏွင့္ ၾကပ္ၾကပ္တည္းတည္းထိုင္ေနရပါသည္။
သူကလည္းဟိုဘက္မတိုးေပးေပမဲ့ ခဏေတာ့အသက္ရႉေခ်ာင္သြားသည္ မြန္းရဲ႕ခါးေပၚကလက္ေတြဟာ သူရဲ႕ Laptopတစ္လုံးႏွင့္အလုပ္ရႈပ္ေနရေတာ့သည္။
ခဏေနေတာ့ သူက မြန္းရဲ႕ ေ႐ႊေရာင္ပိုက္ဆံအိတ္ေသးေသးကိုဖြင့္ကာ
"ကိုယ္ေျပာတာကိုေသခ်ာနားေထာင္ "
ထိုသို႔အမိန့္ေပးလိုက္ေတာ့ မြန္းဟာ သူ႕ဘက္သို႔လွည့္ၿပီး စိတ္၀င္တစားနားေထာင္သည့္အခါ ေၾကာက္႐ြံ႕မႈကအေတာ္ထင္ရွားေနသည္။
မြန္းရဲ႕ နားထဲကို သူက နားၾကပ္ေသးေသးတပ္ေပးၿပီး ဆံပင္ေတြနဲ႕ျပန္ဖုံးေပး၏။
"အ"
မြန္း ကိုယ့္နားေလးကိုယ္ျပန္ကိုင္ၾကည့္တဲ့အခါ
"ကိုယ္ေျပာတဲ့စကားေတြကို အဲ့ဒီကတစ္ဆင့္နားေထာင္ပါ "
"........."
"ေနာက္၁၅မိနစ္ဆိုရင္ေရာက္ေတာ့မွာ ေရာက္တာနဲ႕ မင္းနဲ႕ကိုယ္ အတူ၀င္လို႔မရဘူး မင္းနဲ႕ကိုယ္အတူလာတာလုံး၀မရိပ္မိေစရဘူးကိုယ္အရင္ ဆင္းမယ္ ေရွ႕နားမွာ မင္းက ေရာက္မွဆင္း ကိုယ္ေျပာတာကိုသာ နားေထာင္ၿပီး လိုက္လုပ္ပါ "
"အင္း"
"ပထမဆုံးက မင္းေရာက္ေရာက္ခ်င္း ဘယ္သူ႕ကိုမွမၾကည့္နဲ႕ လူကအရမ္းမ်ားတယ္ ဘယ္သူၾကည့္ၾကည့္ဂ႐ုမစိုက္နဲ႕ ကိုယ္တစ္ခုခ်င္းအေသးစိတ္ကို ဟိုေရာက္ရင္ေျပာျပမယ္ "
"ဘာလုပ္ေပးရမွာလဲ"
"Piano တီးရမယ္ မင္းကို ေသခ်ာေပါက္လူတစ္ေယာက္လာေခၚလိမ့္မယ္ အဓိက အဲ့ဒီလူပဲ ေဂ်ာ္နီတဲ့ မင္းသူနဲ႕လိုက္သြားရလိမ့္မယ္ "
"ဟင္"
ထိုအခါ မြန္းကမ်က္လုံးကေလးဝိုင္းသြားၿပီး စိုးရိမ္သြားရသည္။
"စိတ္မပူနဲ႕ မင္းကို ကိုယ္ျပန္လာကယ္မွာ
သူ႕အိမ္ကိုေရာက္ရင္..."
သူက မြန္းရဲ႕ အိတ္ကေလးထဲတြင္ ဘယ္ခ်ိန္ကထည့္ေပးထားမွန္းမသိတဲ့ သံလိုက္လိုကင္မရာေသးေသးကေလးႏွစ္ခုကို ကိုထုတ္ၿပီး
သူက မြန္းၿခဳံထားတဲ့အေမႊးပြၿခဳံထည္ႀကီးကိုရင္ဘက္ကေနဆြဲၿဖဲလိုက္သျဖင့္ မြန္းရဲ႕ရင္ထဲေအးခနဲခံစားလိုက္ရကာ သူဟာ မြန္းရဲ႕ရင္ဘက္က ဂါဝန္စကေလးဆီမွာ သံလိုက္ေသးေသးကေလးကိုကပ္ေပးေနေတာ့ သူ႕ရဲ႕လက္ေတြကတစ္ခ်က္တစ္ခ်က္မြန္းရဲ႕ရင္သားႏွင့္ထိကပ္သြားရသည္။
မြန္းဘယ္ေလာက္စိတ္လႈပ္ရွားေနသလဲဆိုတာ အသက္ရႉသံေတြမမွန္ေတာ့တာကစသိနိုင္ပါသည္။
သူထိုသံလိုက္ကင္မရာေလးကိုရင္ဘက္မွာတပ္ေပးၿပီးေတာ့ ၿခဳံထည္ႀကီးကိုကင္မရာအားမကြယ္ေစရန္ခပ္ဟဟကေလးထားလိုက္ၿပီး က်န္ေသာသံလိုက္ကင္မရာကေလးအား ေ႐ႊေရာင္အိတ္ကေလးထဲသို႔ျပန္ထည့္ေပးလိုက္သည္။
"သူ႕အိမ္ကိုေရာက္ရင္ ဒီဟာေလးကို သူ႕အိမ္ရဲ႕တစ္ေနရာမွာ ကပ္လိုက္"
"ဒါကဘာလဲ"
"ကင္မရာ မင္းကို ကိုယ္ျမင္ရေစမယ့္ ကင္မရာ ဒါမွ ကိုယ္လိုခ်င္တဲ့စာခ်ဳပ္ဘယ္မွာရွိမလဲဆိုတာေျပာျပလို႔ရမွာ အဲ့ဒီစာခ်ဳပ္ရတာနဲ႕ မင္းရဲ႕တာ၀န္ၿပီးၿပီ က်န္တာကိုယ့္တာ၀န္"
"ဟင္ "
သူေျပာေနတာေတြကိုမြန္းဟာ နားဝင္ေအာင္မနည္းႀကိဳးစားေနရသည္။
"အင္း ကိုယ္ဆင္းရေတာ့မယ္ ကိုယ္မွာတာေတြမေမ့နဲ႕"
အလင္းက ကားရပ္လိုက္သည္ႏွင့္ အတၱက ကားေပၚကဆင္းကာ အျခားတပည့္တစ္ေယာက္ေမာင္းလာေပးေသာ ေဘးတစ္ဖက္မွာအဆင္သင့္ရွိေနသည့္ သူ႕ရဲ႕ ၿပိဳင္ကားအနက္ထဲ၀င္သြား၏။
မြန္းအခု ဘာမွမသိေတာ့ပါ။
ေဘးမွာသူမရွိေတာ့တာနဲ႕ ဒီရင္ထဲမွာလစ္ဟာသြားၿပီး ေၾကာက္စိတ္ႀကီးကေပၚလာေတာ့သည္။
ခံစားလိုက္မိတာက သူမြန္းကို အရမ္းစိတ္ပူေနတယ္ဆိုတာပါပဲ။
တကယ္ခဏေလးအတြင္းမွာ မြန္း မေရာက္ပါေစနဲ႕ဆုေတာင္းေနတဲ့ ေနရာသို႔ေရာက္လာပါၿပီ။
ကားမွန္ထဲကေန ၿခံထဲကိုလွမ္းျမင္ေနရသည္မွာ Party တစ္ခုျဖစ္ လူေတြလည္းထင္ထားတာထက္ပင္ပိုမ်ားေနၾကသည္။
"မမေလး ဆင္းလို႔ရၿပီ"
မြန္းသည္လက္ေတြလည္းတုန္ေနကာ ဆင္းဖို႔ေျခေထာက္ပင္မခိုင္ေတာ့ပါ ။
"မြန္း"
႐ုတ္တရက္ နာမည္ေခၚလိုက္သည့္ သူ႕အသံကို နားၾကပ္ထဲမွတစ္ဆင့္ၾကားလိုက္ရသည္အခါ
မြန္းရင္ထဲမွာႏြေးေထြးသြားရသည္။
ေၾကာက္စိတ္တစ္၀က္ေလာက္ကိုသူ႕အသံေလးတစ္ခုႏွင့္ ေလ်ာ့ခ်သြားနိုင္တာမ်ိဳးျဖစ္သည္။
"မြန္း ကိုယ္ေခၚေနတာၾကားလား"
မြန္းဘက္ကျပန္မထူးေတာ့ သူကေနာက္တစ္ခြန္းထပ္ေခၚသည္။
"အင္း"
မြန္းက နားေလးတစ္ဖက္ကိုဖိရင္း ထူးလိုက္သည္။
"ဘယ္ကိုမွ မၾကည့္နဲ႕ လူေတြကသိပ္မ်ားတယ္ ေရွ႕တည့္တည့္ကိုပဲ လာခဲ့ ယုံၾကည္မႈရွိတဲ့ေျခလွမ္းေတြနဲ႕"
Advertisement
- In Serial40 Chapters
Mermaids And The Vampires Who Love Them
This book is FREE with paid BONUS chapters!Everyone knows mermaids and vampires can't date. But when a mermaid ends up at a boarding school with a smoking hot vampire for a roommate, will love take a bite? *****Just before her senior year of high school, mermaid Waverly Fishwater learns she's being transferred to a cross-cultural boarding school for supernaturals. But reckless gods, single-minded werewolves, and virtuous fairies are the least of her troubles! West Marin Heights has vampires, and mermaid blood is their favorite snack. So Waverly has to learn who to trust, and fast -- especially since one of her new roommates is a vampire who's way too hot for her to handle! But just when she's starting to fit in, she discovers a dark plot that could destroy the school and the oceans beyond. If Waverly is to expose the evil scheme and get back to her normal teenage problems--overprotective parents, math homework-avoidance, and maybe, just maybe, getting a boyfriend--she's going to have to accept the help of a ragtag group of classmates. Will her plans be a supernatural catastrophe, or can Waverly rally this eccentric band of heroes to save the day? [[Word Count: 90,000-100,000 words]] Cover designed by Natasha ShaikhThree chapters updated every Wednesday and Saturday starting April 6th!
8 175 - In Serial53 Chapters
Dear Mr.CEO {COMPLETED}
What is he doing?"Embre." I'm still pressed up against him, my breath quickening by the second."Yes?" I ask breathlessly, he placed his hand in my hair. "Do you honestly think I give a fuck about what's professional or not?" I shake my head this must be a dream I has to be. "Mr. Hal-." I start but he cuts me off. "Landon."I take a deep breath. "L-Landon." I stutter out, knowing he wants to be called his name.He presses me closer if even possible, a sign of approval. "So do you understand what I'm asking you?" "I-I don't know." I stutter out again. His hand still in my hair, he pulls it,but not painfully, for me to look at him.His eyes are dark filled with an emotion I didn't understand. His eyes locked in on my full lips.My inner self is chanting Kiss Me! KISS ME!But my inner thoughts are shouting: Don't do it, DON'T.I'm torn between two things I need to make a decision but it doesn't come quick enough. He slowly leans in and everything just seems to disconnect. My eyes flutter close. I can feel his lips hovering over my lips, waiting for something? My approval? I don't know but right before his lips could be sealed with mine...A knock interrupts us. ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~||Embre Daniels.||Is on the look out for a job but it seems useless at this point, she doesn't think she has much going for herself until she meets him.. her life could change forever. For better or worse.••||Landon Hale.||Is a successful millionaire , but nobody knows what goes on behind closed doors, his past follows him no matter how hard he tries to get rid of it... he's not sure if he's capable of love until he stumbles upon her.Ranked #1 in Romance. 12/19/17
8 364 - In Serial38 Chapters
A Second Chance ✔ (The Alpha's Mate)
Alpha Zach had long since forgotten about finding a mate. He was satisfied with how his life had turned out. Only things didn't go as planned when he suddenly found himself caught between a rock and a hard place. He now had to make a decision that will change his life for better or for worse. Katie's eighteenth birthday wasn't supposed to go the way it did. Out of all the scenarios she had thought of, what happened was the worst. Yet what she didn't know was that every love-story needed a memorable detail to make it special. And hers was full of them.--------** Copyright © 2021 by Farah Fekry. All rights reserved. No part of this document may be reproduced or transmitted in any form or by any means, electronic, mechanical, photocopying, recording, or otherwise, without prior written and signed permission by Farah Fekry (FanoshkaFlippo). **
8 544 - In Serial30 Chapters
The Ride to Love
Corina Hamilton - biker chick. That's how I'm labeled by anyone and everyone. I mean, they're not wrong. I treat my Harley's like they're babies; baths everyday, buy new parts to make them happy, give them endless love and affection. Hell, I even up and left my entire life, moving from Ohio to Florida one winter because I got fed up with leaving my bikes in the garage. Florida gave me more than just unlimited Harley riding though. It gave me Ryder Cunningham.
8 110 - In Serial29 Chapters
The Cuddling Game
'The Cuddling Game is easy. Cuddle with your special someone for as long as possible. Why? To win $10K! Rules are simple. You must always be touching your partner. No separating for ANY reason. Bring any meds and items you need throughout the day to the contest. This event will take place on Saturday, May 27th and will last until there is one couple left! So if you have a special someone you want to spend an entire day in bed with, feel free to sign up for this fun contest! See you then!'Abigail Michaels wasn't too thrilled to hear about a contest dedicated to cuddling. Until she heard about the prize of $10K. When her uptight boyfriend, Jonathan Mathers, refuses to participate in such a foolish waste of time, Abby is left to dream of winning that money.Or is she?Highest Ranking:#432 in ChickLit (12/3/17)#343 in ChickLit (12 /6/17)#335 in ChickLit (12/8/17)#278 in ChickLit (12/9/17)#256 in ChickLit (12/10/17)#215 in ChickLit (12/11/17)#1 in College Romance 8/17/18
8 184 - In Serial70 Chapters
Magi : 平和 & 調和 [ Reader Insert ]
Follow (Y/N) on a adventure as the story slowly progress into a change. It will be full of harmony, happiness, hope, sadness and most of all...PEACE.[ Inspired by Renka-Senpai ][ Support me at Quotev ][ Magi belongs to the Creators ][ Ocs belong to me ][ Pictures belongs to their creators ]
8 274

