《အတ္တလွန်အချစ် (OC) Completed》Part (11) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(11)
မွန်းသည် မှန်ထဲမှ မွန်းတို့၂ယောက်ပုံရိပ်ကို မယုံကြည်သလိုကြည့်ရင်း
ဟင့်အင်း မွန်း မယုံရဲဘူး သူ မွန်းကိုရင်ခုန်တယ်တဲ့ မွန်း မယုံပါဘူး သူအမြဲ မွန်းကိုနှိပ်စက်နေတာ ဖြစ်နိုင်ပါ့မလား ။
မွန်းဟာ သူ့လက်တွေအပေါ်ကနေဖုံးအုပ်ကိုင်ထားသည့် မွန်းလက်များ ပြေလျော့ကာ သူ့ဘက်သို့လှည့်လိုက်လျှင်
"မင်း ယုံဖို့ပြောတာမဟုတ်ဘူး ကိုယ့် ခံစားချက်ကိုသိအောင်ပြောရုံတင် "
သူဒီလိုပြောလိုက်တဲ့အခါ မွန်းဟာ ခေါင်းငုံ့ချလိုက်ပြီး
အမှန်တကယ်ဆို မွန်းလည်း ရင်ခုန်မိတာပဲ မဟုတ်လား ။
အဲ့တာကို သူသိသွားမှာအကြောက်ဆုံးပဲ ။
မွန်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုပဲ။
သူ့ကိုရင်ခုန်တာသိသွားရင် မွန်း အတွက် အရှုံးသက်သက်ပဲ ။
ဘယ်တော့မှ ရှင့်ကိုမပြောပြဘူး။
"ကျွန်မ အဲ့တာတွေစိတ်မ၀င်စားဘူး ရှင်ဘက်က ဘာတွေပဲပြောပြော ကျွန်မကတော့ ရှင့်ဆီကလွတ်မြောက်ဖို့ပဲစိတ်ဝင်စားတယ် "
ထိုသို့ပြောလိုက်တော့ အတ္တက မဖြစ်နိုင်တာ ဆိုတဲ့မျက်နှာထားမျိုးနှင့်ရယ်သည်။
အတ္တဟာ သူမကိုခါးလေးကော့တက်သွားအောင်ဆွဲဖက်ထားလျှက် သူ၏ရှေ့ကသူ့ကို ခပ်တင်းတင်းမျက်နှာထားဖြင့် ကြည့်နေသည့်သူမရဲ့ နှုတ်ခမ်းတွေကို မထိတထိ ကစားသည့်အခါ ရုန်းထွက်တွန်းကန်နေကျ သူမက ယခုလည်းအလားတူ အတိုင်းပြုမူပါသည်။
ရုန်းရင်ပိုကြမ်းပြချင်တဲ့ အတ္တက သူမ၏ခါးလေးကို အတင်းညှစ်ဖက်ပြီး မွန်းရဲ့ရင်ဘက်နဲ့ သူနဲ့ကြားခံနယ်မရှိအောင် ကပ်သွားစေသည်။
မော့ကြည့်နေသည့်သူမရဲ့ ပြောင်ရှင်းပြီး ကိုယ်ဖက်ထားတာကြောင့်မအီမသာဖြစ်နေသော မျက်နှာလေးအား နှဖူးမှစ၍ မျက်နှာအနှံ့ကို လိုက်နမ်းသည့်အခါ
"ဟင့်အင်း အင်း ကျွန်မမကြိုက်ဘူး အဲ့လိုတွေ မလုပ်နဲ့ ရှင့်ရဲ့အကြင်နာမဲ့အနမ်းတွေကို မခံချင်ဘူး"
ဟု မျက်နှာကိုတစ်ဖက်သို့လှည့်ပြီးရှောင်ပစ်လိုက်သည်။
"ငါက မင်းကျေနပ်အောင် ကြင်နာပြမှာလည်းမဟုတ်ဘူး"
သူဟာ ထိုကဲ့သို့သောအေးစက်သည့်စကားကိုဆိုလိုက်တော့ မွန်းမှာ မျက်ရည်ဝေ့တက်သွားရသည်။
ဟင့် ဒါများ မွန်းကိုရင်ခုန်တယ်တဲ့ မွန်းမယုံမိတာ သိပ်မှန်တာပဲ ။
အမြဲတမ်း အဲ့ဒီမွတ်သိပ်ကြပ်တည်းတဲ့ အနမ်းအကြင်နာမဲ့ အနမ်းတွေနဲ့ ချုပ်ထားတယ်။
သူက မွန်းရဲ့ နှုတ်ခမ်းတွေကို တစ်ချက်စုပ်ယူပစ်လိုက်သည့်အခါ မွန်းရဲ့ မျက်နှာလေးခမျာ ပိုမော့ပါသွားရ၏ ။
မွန်းငြင်းပယ်တိုင်းအရာမရောက်သဖြင့် သူ့လက်မောင်းတွေကိုတင်းနေအောင် ကုတ်ထားလိုက်သည်။
နုဖက်နေတဲ့သူမနှုတ်ခမ်းလေးသည် တစ်ချက်ပြီးတစ်ချက်ဆက်လက်နမ်းချင်လာအောင် အမြဲဆွဲဆောင်သည်။
သူတစ်ရှိုက်နမ်းတိုင်း မျက်ရည်တွေကတစ်စက်ပြီးတစ်စက်နှင့် နှုတ်ခမ်း ၂စုံကြားမှာ ကြားခံနယ်တစ်ခုလို၀င်ရောက်လာတဲ့ သူမရဲ့ မျက်ရည်စက်တွေကြောင့် ငံကျိသောအရသာအချို့ကိုခံစားလိုက်ရပြီး အတ္တက လွှတ်ပေးလိုက်ရင်း မွန်း ရဲ့ပါးပြင်ပေါ် မျက်ရည်တွေကို သူသုတ်ပေးပြီး
"အခု မင်းကိုနမ်းတာ ယုတ်မာချင်တဲ့စိတ်လုံး၀မပါဘူး "
သူ့လက်မောင်းတွေကို ကုတ်ထားတဲ့မွန်းလက်တွေဟယ ပြေလျော့မသွားသေးပါ။
"မင်းရဲ့နှုတ်ခမ်းတွေကို နမ်းရတာကို သဘောကျလို့ ခဏခဏနမ်းချင်မိတာ "
အတ္တကမွန်းရဲ့ စိုဖက်ရဲတက်နေသည့် နှုတ်ခမ်းလေးအား စိုက်ကြည့်ကာ
"မင်းရဲ့မျက်လုံးတွေကိုမုန်းပင်မဲ့ မင်းရဲ့နှုတ်ခမ်းတွေကိုတော့ သဘောကျမိတယ်"
မွန်းဟာ သူသဘောကျပါတယ်ဆိုသော ခဏခဏအနမ်းခံရတော့မည့် မိမိနှုတ်ခမ်းနှစ်လွှာကိုပင်ကိုက်ဖောက်ပစ်ချင်လာသည်။
"ကိုယ် အပြင်သွားစရာရှိတယ် ပြန်လာမှ ညစာစား ကိုယ်မလာခင်စားမထားနဲ့ အမိန့်ပေးထားခဲ့တာမို့လို့ မင်းငြင်းပယ်လို့မရဘူး"
မွန်းကို အနုနည်းနဲ့နှိပ်စက်ခြင်းတစ်ခုပါပဲ
မွန်းက သူ့ပုခုံးတွေကိုလွှတ်ပေးလိုက်ပြီး
ထိုနေရာမှာပဲ ခေါင်းငိုက်စိုက်ကျန်နေခဲ့ရသည်။
အတ္တဟာ သူမအခန်းအပြင်ရောက်သည့်အခါ လှေကားဆင်းရင်း တစ်၀က်တွင် နံရံသို့ မှီပြီး
ရှပ်အင်္ကျီခေါက်လိုက်၍ လက်မောင်းက စက်ဖျင်းဖျင်းနှင့်နာနေသည်မို့ သေချာမိသည့်အခါ
ခုနကသူမ ကုတ်ထားတာ လက်သည်းအရာတွေက သွေးတောင်စို့ချင်နေပြီ ။
"ဟက် "
အသားထိရင် တောင် အရှင် မထားတတ်တဲ့ငါက မင်းနဲ့ကျမှ ပါးချ တာ လက်သည်းနဲ့ ကုတ်တာတောင် သေနတ်နဲ့ချိန်ရုံပဲ တတ်နိုင်ခဲ့တယ်။
လက်က အင်္ကျီစကိုပြန်ဆွဲချပြီး အောက်သို့ဆင်းလာခဲ့၏ ။
"အလင်း "
"ဟုတ်ကဲ့ သခင်လေး "
"ဘယ်လောက် တင်ထားလဲ "
"ဆေးခြောက်များတယ် အမှုန့်ကနည်းတယ် "
"WY မပါဘူးလား"
"အဲ့တာ ရောပါပါတယ်"
"အိုခေ အမှုန့်လိုင်းကြပ်နေတော့ လိုချင်တဲ့သူတွေများနေတယ် "
"ဟုတ် အခု တော့ ဆေးခြောက်တွေပဲများတယ်"
"အင်း ဂျော်နီ ဆီက ပြန်ရအောင်လုပ်ရမှာပဲ "
"အခု ကျွန်တော်တို့ ပစ္စည်းပို့ပြီးတာနဲ့ မစ္စတာဂျော်နီ ဆီသွားဖို့ စီစဉ်ထားပါတယ်"
"လူ ပို ခေါ်ခဲ့ ဂျော်နီ့ အကြောင်းသိတယ်မဟုတ်လား "
"အားလုံး ပြင်ဆင်ပြီးပါပြီ သခင်လေး "
"တော်တယ် "
============================
ဂျော်နီဆိုတာ အတ္တတို့ဂိုဏ်းရဲ့ ပြိုင်ဘက်
ဒီလောကမှာ သူက ဆရာတစ်ဆူ အားနားချက်က မိန်းမပွေခြင်းပေါ့ ။
လွန်ခဲ့တဲ့ ၂ပတ်လောက်က သင်္ဘောချလာတဲ့ အမှုန့်တွေကို သူအပိုင်သိမ်းသွားတာ။
အတ္တရဲ့စာချုပ်ကလည်း သူဟာလိမ်လည်ပြီးယူသွားခဲ့တာဖြစ်သည်။
အခုက အမှုန့်လိုင်းကြပ်နေတော့ သူ့ဆီကအလိမ်ခံလိုက်ရတဲ့ ပစ္စည်းတွေ ပြန်ယူရမှာပဲဖြစ်သည်။
အတ္တတို့ပါလာတဲ့ ပစ္စည်းတွေကို မင်းကိုလတ် မိတ်ဆက်ပေးတဲ့ လူဆီသို့ ရောင်းချပြီးလျှင်
ဂျော်နီ ရှိတဲ့ Club ကိုရောက်လာခဲ့ကြသည်။
အလင်းတစ်ယောက်တည်းကိုသာ clubအတွင်းသို့ လိုက်စေခဲ့ပြီး ထို clubအပြင်မှ အစောင့်၂ဦးသည် အတ္တကိုမြင်လျှင် ချက်ချင်းပဲတံခါးဖွင့်ပေး၏ ။
ဒီလောကမှာ အတ္တကိုမသိသူမရှိ နာမည်ကြီးမှောင်ခိုဂိုဏ်းတစ်ခုပင်မဟုတ်ပါလော။
အတွင်းထဲတွင် လူချမ်းသာနှင့် ဒီလိုလူမိုက်ဂိုဏ်းသားများသာ ရှိကြပြီး အတ္တ ဒီclub အထဲကိုရောက်တာနဲ့ မလုံမခြုံအ၀တ်အစားနှင့်မိန်းကလေးများ ပြီးလျှင် သူတို့အနားက ဆေးမှိန်းနေသည့်ကောင်များ စသည်ဖြင့်အထိုမငွေ့အသက်များနဲ့ ဝေးကွာနေခဲ့တာကြာပြီဖြစ်သည်။
Advertisement
အတ္တကိုယ်တိုင် ဆေးသုံးသည် မိန်းမပွေသည်ဆိုပေမဲ့ ဂျော်နီလောက်မဟုတ်ပါ။
အတ္တရဲ့အကျင့်သည် အေးအေးဆေးဆေး နားပူမခံနိုင်သည့်အတွက် မင်းကိုလတ်၏ ဟိုတယ်လိုနေရာမျိုး တစ်ခါတစ်ရံအိမ်သို့မိန်းမများခေါ်လာပြီးအနားယူခြင်းဖြစ်သည်။
ဂျော်နီဟာ ဒီ club ကိုဝယ်ထားတာဖြစ်၍ အမြဲတမ်းလည်း ဒီလိုအားနေသည့်အချိန်မျိုးဆိုလျှင် ဒီနေရာမှာပဲရှိတတ်သောကြောင့်
အတ္တဟာ ဂျော်နီကို သာလိုက်ရှာနေရင်း
ဒီနေ့အကဲခတ်ရုံသာ လာခဲ့ခြင်းဖြစ်သည်။
Stageပေါ်က တင်ပါးဖုံးရုံစကပ်တိုကလေးနှင့် ဘရာဇီယာသာဝတ်ထားပြီး ဒေါက်ဖိနပ်အမြင့်ကြီးနှင့် တိုင်ပွတ်အက ကနေသည့် အကမယ်ကလေးကို ရှေ့တည့်တည့်ဆိုဖာကြီးမှာ ထိုင်ကြည့်နေသည့် ကတုံးဆံထောက်ကေနှင့် ဆေးခြောက်ရှူနေသော အသားခပ်လတ်လတ်လူကိုမြင်လျှင်မြင်ချင်း အတ္တမှ ထိုနေရာသို့ တစ်လှမ်းချင်းလှမ်းလာ၏။
အတ္တလို မင်းသားရှုံးအောင်ချောသူမျိုး မဟုတ်ပေမဲ့ အရပ်အမောင်းနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံရောဟာ ခပ်တောင့်တောင့်ဖြစ်၍ ရုပ်ရည်ဟာလည်း ဘောလိဝုဒ်မင်းသားတွေကိုခပ်ဖြောင့်ဖြောင့်ပင်ဖြစ်သည်။
အဖြူရောင် ရှပ်အင်္ကျီနှင့် နက်(ခ်)တိုင် ဖြုတ်မထားသည့် ဂျော်နီ ကို အကဲခတ်ပြီး သူဆေးကွဲနေသည့်အခြေအနေမဟုတ်ကြောင်းသိလိုက်ရသည်။
"Long time no see! "
ဟုဆိုကာ အတ္တသည် ဂျော်နီ ရှေ့သို့၀င်ထိုင်လိုက်ရာ မျက်ခုံးရှုံ့သွားသည်က Stage ပေါ်ကမိန်းကလေးကိုမမြင်ရခြင်းကြောင့်လား။
"သိပ်မကြာသေးပါဘူး အတ္တရ"
ဂျော်နီဟာ ဝီစကီပုလင်းထဲကနေ ဖန်ခွက်နှစ်ခွက်ထဲသို့ငှဲ့ထည့်လိုက်ပြီး တစ်ခွက်ကိုအတ္တရှေ့သို့တိုးပေးလိုက်သည်။
"ဘယ်လိုလဲ အခြေအနေကရော"
အတ္တဟာ ထိုဝီစကီခွက်ကို ဂျော်နီခွက်နှင့် တိုက်ပြီး လက်ကနေကိုင်ထားလိုက်သည်။
"မင်းတို့ လိုင်းတွေကြပ်နေတယ်ကြားတယ်"
မင်းဆွဲသွားလို့ကြပ်နေတာ
ဘယ်နည်းနဲ့ဖြစ်ဖြစ်ရအောင်ပြန်ယူမှ ဖြစ်မယ်
ဟုအတ္တဟာစိတ်ထဲကနေကြုံးဝါးလိုက်ပါသည်။
"အင်း ဒါပေမဲ့ ဆေးခြောက်နဲ့ဘိန်းဖြူတွေ အရမ်းကောင်းနေတော့ သိပ်မပူရပါဘူး"
ခဏတိတ်ဆိတ်သွားပြီးမှ Stage ပေါ်က အကမယ် မိန်းကလေးက ဆင်းလာပြီး ဂျော်နီ့ ဘေးတွင် လာထိုင်သည့်အခါ ဂျော်နီဟာသူမရဲ့ တင်ပါးကိုတစ်ချက်ပုတ်လိုက်၍ သူမက ဂျော်နီ့ရင်ဘက်နဲ့ပါးကိုလက်သည်းရှည်တွေရှိသောသူမလက်ဖြင့်ပွတ်လိုက်သည်။
ဂျော်နီဟာသူကိုဂုတ်ကနေဖက်ထားလိုက်ပြီး အတ္တနဲ့စကားပြောနေခြင်းကိုသာအာရုံစိုက်နေသည်။
အတ္တသည် ထိုမိန်းကလေးကို သေချာကြည့်မိတော့မှ
လွန်ခဲ့သော၃လလောက်က သူမ အကမယ်မဖြစ်ခင် ဒီလောကထဲစရောက်တုန်းက သူမအလုပ်လုပ်တဲ့ ဘားမှာ သွားသောက်ရင်း အရပ်ခပ်မြင့်မြင့် နိုင်ငံခြားရုပ်နဲ့ချောချောလှလှဘားမယ်ကလေးသူမကိုမျက်စိကျပြီး ပြန်စရာအိမ်မရှိဘူးဆိုတဲ့ သူမအား စျေးညှိ၍အိမ်ခေါ်လာခဲ့ရာ
အတ္တကိုသဘောကျပါချည်ရဲ့ဆိုပြီး မနက်ကျပိုက်ဆံပေးတာကိုမယူပဲ ရစ်နေသေးလို့ သေနတ် နဲ့တောင်ချိန်းခြောက်လိုက်ရသေးတဲ့အတွက် သေသေချာချာမှတ်မိနေသည်။
"ဟင်"
ထိုမိန်းကလေးလည်း ဘာမို့နေမလဲ ကိုယ့်ကိုသေချာပေါက်မှတ်မိတာပေါ့။
ဂျော်နီ့ ဘေးနားမှ လှမ်းနှုတ်ဆက်မလို့ပြင်နေသည့် သူမကို အတ္တဟာ ခေါင်းအသာရမ်းပြလိုက်ပြီး အချက်ပြလိုက်သည်မို့ ငြိမ်သွားသည်။
"ဒါနဲ့ မင်းရဲ့ လာရင်းကိစ္စက?"
ဂျော်နီက အတ္တကိုမေးဆက်ပြရင်းမေးလိုက်သည်။
"ဘာရယ်မဟုတ်ဘူး လမ်းကြုံလို့ အသစ်တွေများရှိမလားလို့ ဝင်လာတာ "
ဂျော်နီ ရိပ်မိပါသည်။
အတ္တဆိုတာ ဒီလိုမျိုး clubထိမိန်းမလာရှာတာမျိုးမဟုတ်ဘူး။ ပြီးတော့ အိမ်တွင်းအောင်းနေတာကြာလို့ မော်ဒယ်အသစ်တင်တဲ့ သူဌေး ကတောင် ပြောနေသေးတယ်။
"အိုခေ "
"မနက်ဖြန် ထပ်တွေ့တာပေါ့"
အတ္တက လက်ပြ၍ ထွက်လာခဲ့သည်။
ဒါဟာစိန်ခေါ်ခြင်းတစ်မျိုးဟု မည်သူသိလိမ့်အံ့နည်း။
သက်ဆိုင်သူဂျော်နီနှင့်အတ္တသာ အပြန်အလည်နားလည်ကြပါလိမ့်မည်။
အတ္တ ထွက်သွားသည့်အခါ
"ခဏလေးနော် ဆွိ သန့်စင်ခန်းခဏ"
အကမယ်မိန်းကလေးက ဂျော်နီကိုခွင့်တောင်း၍ အတ္တနောက်သို့လိုက်လာခဲ့သည်။
စီးကရက်တစ်လိပ်နှင့် အပြင်ကတိုက်နံရံမှာမှီ၍ရပ်နေသော အတ္တအားတွေ့လိုက်တာနဲ့ သူမဟာ ပြေးလာပြီး
"ဟေး မေ့နေပြီလား"
"ဆွိ "
အတ္တ ဆေးလိပ်ငွေ့တွေ ရှိုက်ထုတ်ရင်းပြောလိုက်ရာ
"ဟက် ဟက် ရှင်မမှတ်မိမှာကိုစိတ်ပူနေတာ ဒါနဲ့ဒီမှာဘာရပ်လုပ်နေတာလဲ "
အတ္တသည် ဆွိရဲ့လက်ကိုလှမ်းဆွဲလိုက်လျှင်
လိုသည်ထက်ပိုပြီး သူ့ရင်ခွင်ထဲပျော့၍ပါလာလေသည်။
"မင်းလိုက်လာမယ်ဆိုတာသိလို့ စောင့်နေတာပေါ့ "
အတ္တ ရဲ့ အင်္ကျီကြယ်သီးတွေကို သူမလိုက်ကစားရင်း
"ဆွိ ကို ဘာလို့စောင့်?"
"ကိုယ် မေးစရာရှိလို့"
အတ္တက သူမကိုငုံ၍ ပြောလိုက်ရာ မျက်နှာချောချောကို အကြိမ်ကြိမ်ကြွေခဲ့ဖူးသလိုအခုလည်း အောက်နှုတ်ခမ်းလေးကိုကိုက်ပြီး
"What?"
"ဂျော်နီ အခုဘာလိုချင်နေလဲ"
"ထုံးစံအတိုင်းပေါ့ ဆွိ ကိုတောင်သူက အသစ်လဲ ချင်နေပြီ သူ့အကြိုက်မတွေ့သေးလို့ "
"ဟက်......."
"သူ့ကိုကြည့်ရတာ သိပ်မလန်းဘူး ခုရက်ပိုင်းဆို သူ့ဖားသား ကြီးက မိန်းမယူခိုင်းနေပြီ လို့ကြားတယ် "
"အခြေအနေကမကောင်းတာပဲ"
ဂိုဏ်းခေါင်းဆောင် ဒေးဗစ်ဆိုတဲ့ ဂျော်နီ့ အဖေက သိပ်ကြောက်ဖို့ကောင်းတာအမှန် ။
အတ္တ အဖေနဲ့လည်းပြိုင်ဘက်ဆိုရင် မမှားဘူး ။
"အွန်း... အဲ့ဒီတော့ အလိုအပ်ဆုံးကတော့ မိန်းမပဲ ဆွိ လည်းအဲ့လောက်ပဲသိတယ် "
"Thanks မင်း သိပ်သိတတ်တယ် "
အတ္တက သူမရဲ့ဆံပင်တွေကိုပွတ်သပ်ပြီးချီးကျူးစကားဆိုတော့
"ဒီတိုင်းပြန်လို့မရတာလဲ သိမှာပါနော် "
ဆွိက အတ္တရဲ့ လည်တိုင်သို့ ဖက်တွယ်လိုက်ရာ
သူမဘာလိုချင်လဲဆိုတာ အတ္တ သိလိုက်ပါသည်။
သူမရဲ့ပါးကိုဆွဲမော့ရင်း မျက်နှာချင်းကပ်နေချိန်မှာ ရှေသို့ ဆက်မတိုးနိုင်ခဲ့ ။
အရင်က အတ္တအတွက် အနမ်းတစ်ချက်ပေးဖို့ဆိုတာ သိပ်လွယ်ကူလွန်းခဲ့တဲ့ ကိစ္စမဟုတ်လား ။
ဆွိလို အနမ်းကျွမ်းကျင်နဲ့မိန်းကလေးအတွက်ဆိုရင် ပိုပြီးတော့တောင်ပေးဖြစ်သေးသည်။
ဒါပေမဲ့အခု မေမီမွန်း ရဲ့ နှုတ်ခမ်းတွေကြောင့် အခြားတစ်ယောက်ကိုနမ်းဖို့၀န်လေးလာသည်။
တုန့်ပြန်အနမ်းမရှိတဲ့သူမနှုတ်ခမ်းတွေကိုပဲစွဲလမ်းနေခဲ့သည်။
သူမပါးကိုကိုင်ထားတဲ့လက်တွေရုတ်သိမ်းလိုက်လျှင် ဆွိ ကမျက်မှောင်ကုပ်လျှက်ကြည့်ပြီး သူအချိုးတွေပြောင်းနေပါလား။
"ကိုယ်မနမ်းပေးနိုင်ဘူး"
ဆိုပြီး သူ့ကုတ်အင်္ကျီအိတ်ထောင်ထဲက အဖြူရောင်အမှုန့်အချို့ထည့်ထားသည့် ရေစိုခံအိတ်သေးသေးလေးကိုထုတ်ပေးလိုက်သည်။
Advertisement
"အို..မိုင်..ဂေါ့ထ်! "
ဒီလောကမှာကျင်လည်နေသည့်မိန်းကလေးပဲ အတ္တစွဲလမ်းနှစ်သက်ရတဲ့ ကိုကင်းတွေကို သူမလည်းနှစ်သက်ရသည်။
အတ္တ ဆီက ထို အမှုန့်ထုတ်ကို လှမ်းယူလိုက်ပြီး အတော်ပျော်သွားပုံရ၏။
ဒါလည်းဆွိလိုချင်တဲ့အရာတစ်ခုပဲမဟုတ်လား။
"ကိုယ်သွားပြီ ဆွိ ဂျော်နီ့လက်ကနေ မြန်မြန်လွတ်အောင်ရှောင်ပါ "
ထိုအခါ သူမက အတ္တရဲ့ လက်ကို လှမ်းဆွဲကာ
ပါးတစ်ဖက်သို့ အနမ်းတစ်ချက်ရောက်လာပြီး
"ဆွိ ကတော့ ရှင့်အတွက် Everပဲနော် ဆွိဘက်ကိုကြည့်ပေးတဲ့ ဂိုဏ်းခေါင်းဆောင်ဆိုလို့ရှင်ပဲရှိတာ "
သူများအတွက်သိပ်မကြည့်ပေးတတ်ပေမဲ့
တစ်ခါတစ်ခါ စိတ်ကောင်း၀င်ချိန်ကျရင်လည်း တစ်မျိုး ။
ကိုယ့်ကို သိပ်သဘောကျပြီး ဘာဖြစ်ဖြစ်လုပ်ပေးတတ်တဲ့ ဆွိ ကိုတော့ အခုလိုပြန်ကြည့်ပေးရတာ ကျေနပ်ပါသည် ။
===========================
မွန်းကို ပြန်လာမှ ညစာ စားမယ်ဆိုပြီး မှာသွားတာညနေစောင်းပြီးသွားပြီ သူကအခုထိပြန်မလာသေးပါ။
မွန်း သူ့ကိုမျှော်နေတာက ဗိုက်ဆာလို့ဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းဆိုရင် မွန်းလိမ်ပြောသလိုဖြစ်သွားမလား ။
တစ်ယောက်တည်း အိမ်ကြီး၏ ဒုတိယထပ်ကမွန်းနဲ့သူ့ရဲ့အခန်းတွေရှေ့မှာလမ်းလျောက်နေသည်။
ဒီဝရန်တာမှာ ထွက်ရပ်နေရင်း ၁၀မိနစ်နီးပါးရှိပြီ သူ့ကိုမျှော်မနေချင်တာနဲ့ အိမ်ထဲပြန်ဝင်လာရင်း မွန်းစိတ်၀င်တစားသော ဝရန်တာ၏ ဘယ်ဘက်သို့၀င်ကြည့်ရာ အ၀တ်ဖြူဖြူနဲ့အုပ်ထားသည့်အရာတစ်ခု
မွန်းက ထိုအ၀တ်စကြီးက ဆွဲဖယ်လိုက်ရာ၌
စန္ဒယားကြီးက ကြီးမားခန့်ထည်စွာ ။
အနုပညာသွေးလေးက ထလာတယ်ပဲပြောရမလား။
မွန်းသည် ဖုံတက်နေတဲ့ ခုန်မှာထိုင်လိုက်ပြီး
စန္ဒယား ပေါ်ကဖုံတွေကို လက်လှမ်းမှီသလောက လက်ဖြင့်ချ၍ လေမှုတ်ထုတ်ရင်း ထိုစန္ဒယားပေါ်သို့ သူမရဲ့ ဖြူဖြူသွယ်သွယ် လက်ကလေးတွေ တင်လိုက်သည့်အခါ သာယာဖွယ်အသံလေးက ထွက်လာသည် ။
ပထမတော့ တီးလုံးသံတွေသာ ဘာသီချင်းမှန်းမသိပေမဲ့ နောက်ပိုင်းမှ
Twlight ရုပ်ရှင်ကားကြီးရဲ့ ဇာတ်၀င်သချင်း
Christina Perri ရဲ့ A thousand years
ဆိုတဲ့သချင်းမှန်း သေချာစွာသိလိုက်ရသည်။
"မေတင် သီချင်းသံကြားလား စန္ဒယားသံပဲ"
"ဟေ ...... အေး ဟုတ်သားပဲ "
မေတင်ရော သက်သက်ရော နားစွင့်ပြီး အိမ်ရှေ့ထွက်လာကြရာ၌ စီးကရက်ဖွာရင်းအိမ်ထဲသို့၀င်လာသည့် အတ္တ ကြောင့် ခြေလှမ်းတွေရပ်သွား၏။
အတ္တလည်း အိမ်ထဲခြေချကတည်းက မျက်ခုံးတွေတွန့်ချိုးသွား၍ စန္ဒယားသံနောက်မှာ စီးမြောသွားရာ
နားထောင်လို့သိပ်ကောင်းတာမှန်ပေမဲ့ ဘယ်သူတီးနေသလဲမသိပါ။
ဒီအိမ်မှာ စန္ဒယားတီးတတ်တဲ့လူမရှိတော့ဘူးမဟုတ်လား။
အတ္တဟာ သိချင်စိတ်နှင့် အိမ်ပေါ်သို့ခပ်မြန်မြန်တက်သွားလိုက်ကာ စန္ဒယားရှိသည့်နေရာသို့ရောက်လာခဲ့ပါလျှင်
အနီရောင်ဆံပင်တွေဖြန့်ချထားသည့် သူမက မျက်လုံးတွေ မှိတ်ထားပြီး သံစဉ်ထဲမှာ စီးမြောနေတာ အတ္တ မပြုံးဖူးတဲ့ နှစ်သက်ခြင်းအပြုံးကိုအသုံးပြုလိုက်သည်။
သူမအနားသို့ အသာလျောက်သွားပြီး ဘေးကနေ၀င်ထိုင်ကာ သူမကို ခါးကနေ ဖက်၍
ဆံပင်တွေကို တစ်ဖက်သို့ပို့ကာ ပုခုံးနဲ့ဂုတ်ပေါ်မှာ အတ္တခေါင်းမှီလိုက်သည့်အခါ စီးကရက်နံ့ကြောင့် မွန်း လက်ကလေး ရပ်သွားသလို သံစဉ်များလည်းရပ်တန့်သွား၏။
"မင်းက Piano တီးတတ်တယ်လား "
မွန်း ငြိမ်နေသည့်အခါ ခါးကိုလက်တစ်ဖက်ကဖက်ထားပြီး တစ်ဖက်က ဆေးလိပ်ကိုင်ထားရာ
"ရှင် စီးကရက်တွေသောက်ပါနဲ့လား"
အတ္တက တစ်ရှိုက်ဖွာရန် နှုတ်ခမ်းနားသို့တိုးလာသည့် စီးကရက်ကိုင်ထားသည့် လက်က သူမစကားကြောင့် လေပေါ်တွင် ရပ်တန့်သွားသည်။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(12)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(11)
"ဟက် "
"အလင်း "
"ဟုတ်ကဲ့ သခင်လေး "
"ဘယ်လောက် တင်ထားလဲ "
"WY မပါဘူးလား"
"အဲ့တာ ရောပါပါတယ်"
"တော်တယ် "
============================
"Long time no see! "
"ဘယ်လိုလဲ အခြေအနေကရော"
Advertisement
- In Serial46 Chapters
Fallen So Deep (Sidnaaz)
#Sidnaaz - 1st RankSana and Sid are two poles apart.If she is as pure as water, he is as feisty as fire. If she is as innocent as a baby, he is as smoky as chicken.She is a fragile doll.He is a lusty playboy.They were arranged by destiny to be The One. The saying "The opposite attracts" turned out to be true once again.They had never dreamt of being together.Yet they met and fell.Fell So Deep, they couldn't rise again. Her innocence pulled him hard.His super sexy stance annoyed her the most.They hated each other yet they fell.Fell so deep that they couldn't rise again.Have a tour of their life. You will Hate them.You will Love them too.They will annoy you.They will entertain you too.#Sidnaaz##FanFiction##LoveStory##MatureContent##BillionairePlayboy##InnocentDoll#
8 191 - In Serial11 Chapters
I'll Become Stronger, My Duke
Laura, a young woman victim of bullying throughout her whole life found herself at peace in the novels she read. But what happens when she reincarnates as the villainess of her favorite novel "Mille Occhi"? Will she be able to survive her death and live peacefully? This publication is a creative work fully protected by all applicable copyright laws.
8 124 - In Serial6 Chapters
He Was Mine
This takes place in the werewolf universe. At the age of eight, Arthit was forcefully removed from his mate via ritual. "Two men cannot be together." Forced apart not only for being a man but for being of the lowest rank and omega Arthit must hide away his love from Kongpob who seems to have already forgotten who he is. (I do not own these characters simply the plot. 2moons characters belong to ChiffonCake Sotus Characters belong to BitterSweet. Any pictures, art or music shown are not owned by me and are found online)*Happy Ending Story*Arthit x KongpobSlight Forth x Beam & Ming x Kit. Mentions of PhaxYoDisclaimer: If you are reading this story on a site that is not wattpad. Chances are you are seeing my plagiarized work. Please do not support these sites as they harm authors who have worked hard on their craft. You are also at high risk of viruses by using these sites. Please got to my wattpad page where you can read my stories. https://www.wattpad.com/user/boyslovefanfics
8 230 - In Serial64 Chapters
Balotelli-Bale Series Book #4: THE OTHER MAN PART 1
"You don't have to keep reminding me that I'm a mistake and that I ruined your life. I'm not sorry for meeting you that day. I needed to. My life was frozen in time and the clock started ticking when we met. Because if you I realized that I deserved better... thank you. But you forget that I almost lost my life twice in the name of this relationship..." "I gave you everything Kei! You don't understand what I have lost! You never will understand the sacrifices I have made for you!" He took a deep breath, sighing out in frustration. "I foolishly loved you and you lied."The tale of a forbidden love marred by consequence... *Nicko has his laundry list of personality flaws but not once did he ever think that his biggest flaw would be to fall in love with a married woman. After he meets Keira, he embarks on a self destructive journey that does more harm than good. *Surviving a bad marriage is the only box Kei wants to check until she meets Nickolas Bale. The uneventful housewife is drawn into a torrid affair. She is in search of love and she finds it with a man who does not belong to her.©all rights reserved. This document is a product of my own imagination and should not be copied or reproduced in any form without my consent. All the characters and events in the story are fictional and not based on actual people or events.
8 96 - In Serial42 Chapters
Hiding Out in Hollywood (Celebrity Love / ChickLit) ✔
☆ FEATURED BY WATTPAD AND COSMOPOLITAN ☆After her romance with superstar singer Cory Sampson nearly cost Emily Watts her career, she's determined to never make tabloid headlines again. So when her flirtatious new yoga classmate, Raine Kingston, asks Emily on a date, she isn't sure what to do. Raine is funny, madly attractive, and he's one of the most charming men Emily has ever met. He's also a sought-after actor who tops Hollywood's A-list, and Emily knows being seen with him will destroy the privacy she's worked so hard to get back.She can't deny their connection, though, and Raine is willing to spend time together in places they won't be seen. Just when Emily is on top of the world with her new romance, her past finds its way back into the tabloids. With all eyes back on her, it gets harder to keep her dates with Raine a secret, and Emily is forced to choose: stay with Raine, who makes her the happiest she's ever been, and have her life back in the headlines, or give up the best relationship she's ever had to keep the privacy and normal life she craves.Featured on Cosmopolitan.com and called "an absolute must read!" by Fangirlish.
8 463 - In Serial15 Chapters
The arrangement : The encounter
This is a story with Scarlett Johasson and the reader.Kinda of enemies to lovers storyThere is gonna be a lot of drama.If you want more read the book 😌G!P readerThat description sucks.
8 110

