《အတ္တလွန်အချစ် (OC) Completed》Part (7) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(7)
အတ္တသည် သူမနားသို့တိုးကာ သွေးစများကို ကြည့်လိုက် နာကျင်နေသော သူမကိုကြည့်လိုက်ဖြင့် တစ်ခါမှမဖြစ်လာဖူးတဲ့ ခံစားချက်အသစ် ရောက်ရှိလာပြန်သည်။
မင်းနဲ့ကျမှ ဒီရင်ဘက်ကြီးထဲကဘာတွေဖြစ်နေတာလဲ အမည်ဖော်လို့မရတဲ့ခံစားချက်တွေချည်းပဲ။
ရုတ်တရက် သူမခန္ဓာကိုယ်လေးအားဆွဲပွေ့လိုက်သည့်အခါ မွန်းသည် ရှိုက်ငိုနေရာမှာ အသံတိတ်ကျသွား၏။
အလင်းဟာရုပ်တည်ကြီးနဲ့ကြည့်နေပေမဲ့ သက်သက်ကတော့မျက်လုံးပြူးကလေးနှင့်မျက်စိတစ်ဆုံးငေးနေမိသည်။
သူဟာ အေးစက်တဲ့ခြေလှမ်းတွေနဲ့ သူမကို ရင်တွင်ကပ်ကာ ပွေ့ခေါ်သွားရာ၌ မွန်းရုန်းလိုက်ရင် သူ့လက်ထဲကပြုတ်ကျသွားမည်ကိုစိုးရိမ်ပြီး ငြိမ်သက်စွာပါလာခဲ့သည်။
အတ္တသည် အပေါ်ထပ်သို့ဖြေညင်းစွာတက်သွားပြီး သူ့အခန်းထဲအထိလိုက်ပို့ပေးခဲ့သည်။
မွေ့ယာပေါ်တွင် ညင်သာစွာ ချပေးကာ
ဘာမှမပြောပဲ တိတ်တဆိတ် ပြန်လည်ထွက်ခွာသွားခဲ့သည် ။
လှေကားရင်း၌ နံရံကို မှီလိုက်ပြီး မျက်လုံးတွေမှိတ်ချပစ်လိုက်ကာ
"ငါ ဘာတွေလုပ်နေမိပါလိမ့် "
ကိုယ်မသိတဲ့ မသိစိတ်ကနေ သူမအား ဂရုစိုက်ပေးနေမိသည်။
"ငါ့စိတ်တွေဘာဖြစ်နေတာလဲ"
အတ္တဟာ ထမင်းစားခန်းထဲသို့ပြန်သွားကာ
"သက်သက် ဆေးသွားထည့်ပေးလိုက် "
ဟု အပေါ်ထပ်ကိုမေးငေါ့ပြရင်း သူကအေးဆေးစွာပဲပြောလိုက်သည်။
သက်သက်ဟာ ဆေးသေတ္တာလေးကိုင်ကာ ကုတ်ကုတ်လေးအပေါ်တက်သွားသည်။
အတ္တက သေနတ်ကို ခါးကြားထိုးလိုက်ပြီး
စီးကရက်ကိုမီးညှိရင်း
"အလင်း "
"ဘယ်ကိုသွားမလဲ သခင်လေး"
အတ္တကိုကြည့်လိုက်တာနဲ့ဘာလုပ်မယ်ဆိုတာတန်းသိနေသောအလင်းဟာ အတ္တသွားလိုသောနေရာသို့လိုက်ပို့ရန်မေးလိုက်သည်။
"ကာစီနိုရုံ သွားမယ် "
ဆို၍ ကားနောက်ခန်းထဲသို့ ခြေချိတ်ထိုင်လိုက်ကာ စမတ်ကျကျနေရာယူလိုက်၏ ။
အလင်းက ရှေ့ခန်းမှတက်ကာ ကားကို သက်မှတ်ရှိန်အတွင်းသာမောင်း ၍ထွက်ခွာသွားခဲ့သည်။
============================
"ဟင့် ဟင့် ဟွန့် အင့်...ဟင့်"
မွေ့ယာပေါ်တွင် အတ္တ ချပေးခဲ့တဲ့အတိုင်း တရှုံ့ ရှုံ့ ငိုနေသည့် မွန်းအနားသို့ သက်သက် ရောက်လာပြီး ကြမ်းပြင်ပေါ်သို့ထိုင်ချလိုက်ကာ မွန်းရဲ့ ခြေဖဝါးလေးအား ဆွဲယူလိုက်ခါမှ
"ဟွန် သက်သက် "
"သခင်လေး လွှတ်လိုက်တာ ဆေးထည့်ပေးလိုက်ပါတဲ့ "
"ရပါတယ် သက်သက်ရယ် မွန်း ကိုယ့်ဟာကိုယ် ထည့်လိုက်မယ် "
ဟု သက်သက်ကိုင်ထားတဲ့သူမခြေထောက်ကလေးကိုနောက်သို့ယို့လိုက်သည်။
"သက်သက် တာ၀န်ပါ ဒါတွေက "
သူမခြေဖဝါး ထဲက နစ်၀င်နေတဲ့ ဖန်ကွဲစကို ညှပ်ကလေးနဲ့ဆွဲထုတ်လိုက်သည့်အခါ
"အ ....အား..."
"နာသွားလား ဟင် "
"ရ ရပါတယ် သက်သက်ကြောင့်မဟုတ်ပါဘူး သူ့ကြောင့် "
"သခင်လေးကလေ အံ့သြဖို့ကောင်းလိုက်တာ "
"ဟင့်အင်း မုန်းစရာကောင်းတာပါ "
"မဟုတ်ဘူး မမလေးရဲ့ မမလေး ကြမ်းပြင်ပေါ်လဲသွားပြီး အော်ငိုလိုက်တော့လေ သခင်လေး မျက်နှာကြီးက ချက်ချင်းပြောင်းသွားတာသိလား ဘာလုပ်လို့လုပ်ရမှန်းမသိပဲ စိတ်ပူသွားတဲ့ပုံစံနဲ့"
"မဖြစ်နိုင်ပါဘူး သက်သက်ရယ် သူလောက်ရက်စက်နိုင်တာသူပဲရှိတာ "
သပ်သက်က သူမခြေဖဝါးလေးအား ပတ်တီးစည်းပေးပြီး
"တကယ်ပါဆို ပြီးတော့ မမလေးကို ပွေ့ချီပြီး ဒီထိ ပို့ပေးတာကိုပဲကြည့်လေ "
"မိန်းမတွေဒီလောက်ပွေတာ ဒီလောက်ကတော့သူလုပ်နေရာနေမှာပေါ့."
"မတူဘူးမမလေးကလည်း ဘေးကကြည့်တဲ့သူကအသိဆုံး သခင်လေးက သူ့စိတ်သူလည်းနိုင်တာမဟုတ်ပဲ မမလေးအပေါ်ကိုနှိပ်စက်နေတာ"
"သက်သက်ဆိုလိုတာက?..."
"ဪ မမလေးကလည်း သခင်လေးက မမလေးကို ကြိုက်နေတာသိလား"
ထိုအခါ မွန်းဟာသက်သက်ကိုမဖြစ်နိုင်ပါဘူးဆိုတဲ့အကြည့်မျိုးနဲ့ကြည့်ပြီး
"မဖြစ်နိုင်တာ သက်သက်ရယ် မွန်းကိုဒီလောက်မုန်းတာကို ထားပါအဲ့တာသူ့အပိုင်း မွန်းကတော့ သူ့ကိုသေမတတ်မုန်းတယ် တစ်နေ့တစ်ခြားပိုပိုပြီးကိုမုန်းလာတာ "
သက်သက်မျက်နှာလေး တော်တော်ညှိုးသွားတာ သိသာပါသည်။
မတက်နိုင်ဘူး မွန်းကတော့ သူ့ကိုမုန်းတာပဲသိတယ်။
"မငိုပါနဲ့တော့ မမလေးရယ် အိပ်လိုက်တော့လေနော် "
"သူ ဘယ်မှာလဲ "
"သခင်လေးလား ကာစီနိုရုံ သွားတယ်ဆိုလား ခုနက ကြားလိုက်တယ် "
"သူက တကယ် ဆိုးတယ်နော် မကောင်းတာတွေ အကုန်လုပ်တယ် "
"ဟင်း... သူ့ကိုတားမည့်သူမရှိတာလေ သခင်လေးကို ပြန်မော့ကြည့်ရဲတဲ့သူမှ မရှိတာ အဲ့ဒီတော့ သူလုပ်ချင်သလိုလုပ်နေတာပေါ့ အတ္တအရမ်းကြီးနေတာ "
"ဟွန့် တစ်ကိုယ်ကောင်းသမားတွေကို မွန်းကသိပ်အမြင်ကတ်တာပဲ"
"ဝှါး..."
သက်သက်က သမ်းလိုက်သဖြင့် မွန်းလည်း သက်သက်ကိုငုံ့ကြည့်ပြီး
"သက်သက် အိပ်ချင်နေပြီလား သွားအိပ်လေ မွန်းကရပါတယ် "
"မမလေးလည်းအိပ်ပါတော့နော် မျက်ကွင်းတွေပြန်ညိုလာလိမ့်မယ် "
"အင်းပါ မွန်းအိပ်မှာပါ"
မွန်းက ခေါင်းအုံးလေးပေါ် ခေါင်းချလိုက်သည့်အခါ သက်သက်က စောင်ပါခြုံပေး၏ ။
"သက်သက် မီးပိတ်လိုက်မယ်နော် "
သက်သက်က တံခါးပိတ် မီးပိတ်၍ ထွက်သွားသည်အထိ မွန်းကငြိမ်ငြိမ်ကလေးလှဲနေခဲ့သည်။
သက်သက် အိပ်ချင်နေပြီမို့ သူသွားအိပ်အောင် ဟန်ဆောင်လိုက်တာ မွန်း အိပ်လို့မရဘူး။
သက်သက်ထွက်သွားပြီး ၁၅မိနစ်လောက်ကြာမှ စောင်ကိုမ၍ အသာထကာ ကုတင်ပေါ်မှာပဲ ကျောမှီပြီး ထိုင်နေလိုက်သည် ။
သူဘာလို့ မွန်းကို ဒီလောက်နှိပ်စက်နေတာလဲ ?
ဒီမေးခွန်းကို ဒီအိမ်ရောက်ကတည်းက ခဏခဏ စဥ်းစားခဲ့သည်။
မွန်းဘယ်လောက်ပဲစဉ်းစားစဉ်းစား
သူ့ကို အရင်ကမပတ်သတ်ဖူးဘူး ဆိုတာသေချာသည် ။
မှောင် မှောင် မဲမဲ အခန်းထဲမှာတစ်ယောက်တည်း ထိုင်နေရင်း
သူ အပြင်သွားတယ်ဆိုတာကိုသတိရကာ
မွန်းကရင်မှာ ပိုက်ထားသည့်ခေါင်းအုံးလေးကို ဘေးချလိုက်ပြီးခြေထောက်တွေကို ကုတင်အောက်ချလိုက်၏။
သူနဲ့ပတ်သတ်တာတွေ အကုန်သိထားမှဖြစ်မယ်ဟု တွေးမိပြီး မွန်းသည် မတ်တပ်ရပ်ဖို့အားပြုတော့
Advertisement
"အ.."
ဘယ်ဘက်ခြေဖဝါးက မထောက်နိုင်ပဲယိုင်သွားသည်။
ညာခြေကိုသာအားပြုပြီး ခပ်ဖွဖွ လေး ဘေးက ကုတင်ကို ကိုင်၍ လျောက်လာသည် ။
ထော့နဲ့ထော့နဲ့ ဖြင့် တံခါးကြီးအနီးသို့ ရောက်အောင်လာခဲ့၍အသံမမြည်အောင်အသာလေးဖွင့်ပြီးအခန်းအပြင် ထွက်လာခဲ့သည် ။
အပြင်ရောက်သည့်အခါမီးကလင်းထိန်မနေပဲ အားလုံးအိပ်ချိန်ဖြစ်သဖြင့် မှိန်ဖျဖျလေးသာ။
မွန်းသည် အပေါ်ထပ်မှာပဲ တစ်ပတ်လည်ကြည့်ရင်း အိမ်ကြီးက ကြီးကျယ်လွန်းသည့်အတွက် ဘယ်ကိုအရင် သွားရမှန်းမသိပါ ။
သို့သော် မွန်းနဲ့ကပ်ရပ်အခန်းက တံခါးကြီးသည် မွန်းအခန်းတံခါးထက်ပိုကြီးပြီး လက်ကိုင်တွေက ရွှေရောင်နဲ့အနားကွပ်ထားသည်။
မွန်းသည် စိတ်၀င်စားစွာ ထိုတံခါးကြီးရှိရာသို့ ရောက်လာခဲ့ပြီး နောက်လှည့်လိုက် ဘေးကြည့်လိုက်ဖြင့် လူရိပ်မတွေ့သည့်အခါလက်ကိုင်ကို လှည့်၍ ဖွင့်လိုက်သည်။
လော့ချထားခြင်းမရှိသဖြင့် တံခါးကို အပြီးပြန်မပိတ်ပဲ စိရုံသာစိလိုက်သည်။
တော်ကြာ သော့ခက်ပြီးသားဖြစ်သွားရင် မွန်းပိတ်မိနေမှာကိုစိုးရိမ်ရသည်။
သူ့ပစ္စည်းတွေလက်ဟန်ခြေဟန်ပျက်လို့လည်းမဖြစ်ပါ။
အခန်းကြီးက အကျယ်ကြီးဖြစ်ပြီး မီးမဖွင့်ပေမဲ့ မွန်းအခန်းလိုမှောင်မဲမနေဘဲမွေ့ယာဖြူဖြူအကျယ်ကြီးဘေးက မီးအိမ်လေးလင်းနေ၏။
မွန်းက လျောက်ကြည့်ရင်း မှန်ပြတင်းနားမှ ဆေးလိပ်ခွက် ထဲတွင် ဆေးလိပ်တိုအပြည့်ကိုတွေ့သည့်အခါ
"ဒါ သူ့အခန်းပေါ့"
သူ့အိပ်ယာရဲ့ဘေးက သိန်းငှက်တစ်ကောင်ပျံဝဲနေသောပုံစံပန်းချီကားတစ်ချပ် တံခါးကြီးတစ်ခုကိုတွေ့တော့ မွန်းဖွင့်ကြည့်ချင်ပေမဲ့ မဖွင့်တတ်ပါ။
ဘေးနံရံက ခလုပ်ကိုတွေ့သဖြင့် မွန်း ထင်သလိုသာဖြစ်မည်ဆို ဒီတံခါးကိုဖွင့်တဲ့ခလုပ်ပဲ
ဒေါက်
ခလုပ်ကို နှိပ်လိုက်သည့်အခါ
ရွှီး....
ထိုပန်းချီကားကြီးမှာ လျောတံခါးကြီးဖြစ်နေ၍ အသံကျယ်ကျယ်မြည်ကာပွင့်သွားသောကြောင့်ခိုးလုပ်နေရတဲ့ မွန်းမှာ လူတစ်ကိုယ်လုံးတုန်သွားအောင်လန့်သွားရသည်။
"အမလေး...."
နောက်သို့ယိုင်နဲ့သွားကာခြေတစ်ဖက်တည်းရပ်နေတာမို့ အရှိန်ကမနိုင်လဲပြီမှတ်ထားတာ
မွန်းခါးကနေ ဖက်ထားတဲ့လက်တစ်စုံကြောင့်
မွန်းမော့ကြည့်လိုက်တော့
"ရှင်!"
မွန်းဟာ ကြောက်ကြောက်လန့်လန့် လူကစောနကထက်နှစ်ဆလောက်တုန်သွားရသည်။
သူဘယ်ချိန်ကပြန်ရောက်နေတာလဲ ကားသံလည်းမကြားဘူး မွန်းပဲ အာရုံမရလို့လား?
အခုမွန်းက သူ့ရင်ခွင်ထဲမှာ ခြေလည်းနာနေတယ် ပြေးလွတ်ပါ့မလား ?
"မင်း ငါ့အခန်းထဲကို ဘာ၀င်လုပ်တာလဲ"
မွန်းက သူ့ကိုသာ မျက်လုံးလေးပေကလပ်ပေကလပ်ဖြင့်ကြည့်နေမိသည်။
မှိန်ဖျဖျမီးရောင်အောက်မှာတောင် ဖြူဖွေးတဲ့သူ့အသားအရေကထင်းနေပြီး သူ့မှာနှာခေါင်းချွန်ချွန်တွေရှိမှန်းအခုမှသတိထားမိသည်။
"ငါ မေးနေတယ်လေ မင်းဘာ၀င်လုပ်တာလဲ "
မွန်းဘာဖြေရမှန်းမသိဘဲ ဆင်ခြေတစ်ခုပေးရန်ဦးနှောက်ကိုမလုပ်ပေးပေမဲ့ထွက်မလာခဲ့သည့်အခါ
"ကျွန်မကိုလွှတ်ပါ ရှင့်ပစ္စည်းတွေတစ်ခုမှ မထိဘူး ကျွန်မ အခန်းပြန်မယ် "
ဟု စကားလွှဲပစ်လိုက်ရသည်။
"ငါ့အခန်းကို၀င်ချင်သလို၀င်ထွက်ချင်သလိုထွက်လို့ရမယ်ထင်နေလား"
"လွှတ်ပါ ဖယ် "
မွန်းက ရုန်းတော့ သူက မွန်းခန္ဓာကိုယ်ကို ပြန်မတ်ပေးကာ ခါးကနေ တင်းနေအောင်ပြန်ဆွဲသည် ။
"ရှင် ....."
"အစကတည်းကမ၀င်ခဲ့သင့်ဘူး"
အတ္တဟာ သူ့ကိုလှည့်ကြည့်နေသည့်မွန်းအား နှုတ်ခမ်းတွေကိုစုပ်သိမ်းပစ်လိုက်သည်။
မွန်းက သူမခါးပေါ်ကအတ္တရဲ့လက်တွေကိုဖြုတ်ဖယ်ရင်း
"အွန်း.... အွန်း... "
အတင်းအကြပ်ရုန်းကာ တွန်းသည့်အခါ
သူသည်နောက်ကမွေ့ယာပေါ်ကိုထိုင်ချလိုက်ပြီး
မွန်းကို သူ့ပေါင်ပေါ်ပွေ့တင်လိုက်၍ တစ်ကိုယ်လုံး သူ့ရင်ခွင်ထဲမြုပ်အောင်ဖက်ထားပြီး
မွန်းရဲ့ အပေါ်နှုတ်ခမ်းလေးကို ဖြေးညှင်းစွာစုပ်ယူနေသည်။
မွန်း သူ့ရင်ဘက်ကိုဘယ်လောက်ထုထု သူကမမှုဘဲခေါင်းကိုလည်းရမ်းခါလို့မရအောင် သူ့လက်တစ်ဖက်နှင့် ထိန်းချုပ်ထားသည် ။
ထို့နောက် အောက်နှုတ်ခမ်းတွေကိုတစ်ခါ စုပ်ယူပစ်လိုက်ပြန်သည် ။
နှုတ်ခမ်းတွေကိုတစ်လွှာချင်း အရင်လိုမကြမ်းတမ်းပဲ ညင်ညင်သာ သိမ်းယူသည့်အခါ
သူ တကယ်အနမ်းကျွမ်းကျင်ပါလား။
မွန်းရင်မခုန်ဘူးဆိုရင် လိမ်ရာကျမယ်။
သူမရဲ့အောက်နှုတ်ခမ်းတစ်လွှာကို သူငုံယူထားသည့်အခါ နှုတ်ခမ်းကလေးမှာပူကျဥ်လာပြီး မွန်းသည် ရုန်းမရသည့်ကြားက ခန္ဓာကိုယ်ကို ရအောင်လှုပ်လိုက်သည်။
ဒါပေမဲ့ သူကဟာမွန်းကိုလွှတ်ပေးမယ့်အခြေအနေမရှိသဖြင့်ခဏအောင့်ကာ ငြိမ်နေပေးလိုက်သည်။
သူဟာ တစ်ချက်ချင်းစည်းချက်ကျကျစုပ်နမ်းနေပါသော်လည်း မွန်းမှာမလှုပ်မယှက်ငြိမ်နေရ၍ အရမ်းအသက်ရှူကြပ်လာသည်။
သူကလည်းမွန်းရဲ့နှုတ်ခမ်းတွေကိုပဲအာရုံရောက်ပြီဖြစ်၍ သူမကိုချုပ်ထားတဲ့လက်တွေကအားမပါတော့တဲ့အခါမှ မွန်းဟာ သူ့ရင်ဘက်တွေကိုအားပါပါထုပစ်လိုက်သဖြင့် သူ့ဆီကနေနှုတ်ခမ်းတို့လွတ်ထွက်သွားပြီး
သူလည်း အားရသလောက်နမ်းခဲ့ပြီးပြီမို့ ထပ်ချုပ်မထားဘဲလွှတ်ပေးလိုက်တော့သည်။
မွန်းသည် သူမကိုပူပူနွေးနွေးနမ်းစုပ်ထားသော သူ့နှုတ်ခမ်းတွေအား မော့ကြည့်မိတဲ့အခါ
လေကိုင်းသဏ္ဌာန်သူ့နှုတ်ခမ်းက သေသပ်ပိရိနေတဲ့အပြင်
ဒီလောက်စီးကရက်တွေသောက်နေတဲ့ ရှင့်နှုတ်ခမ်းတွေမဲပါတော့လား
ဟုစိတ်ထဲကရေရွတ်မိလိုက်သည်အထိ သူ့နှုတ်ခမ်းတွေဟာရဲစိုနေလေသည်။
မွန်းဟာ အသက်ရှူကြပ်တာကြောင့် ရင်ဖုံမှာနိမ့်ချည်မြင့်ချည်ဖြင့် ခပ်ဟဟနှုတ်ခမ်းတို့ကိုမစိပိတ်နိုင်အောင်ပင် တုန်ရီနေသည် ။
အတ္တက လွှတ်ပေးထားရဲ့နဲ့ သူမ သူ့ဆီမှ မခွာနိုင်သေးသဖြင့်
"မင်း လမ်းမလျောက်နိုင်ဘူးမဟုတ်လား ပြန်ပို့ပေးမယ် "
သူ၏ ပေါင်ပေါ်မှ သူမကို ပွေ့ချီ၍ သူမအခန်းထဲသို့ပြန်ပို့ပေး ခဲ့သည်။
မွေ့ယာပေါ်သို့ သေချာချပေးခဲ့ပြီးမှ ပြန်ထွက်သွားသည့် သူကျောပြင်ကိုကြည့်ကာ လှုပ်ရမ်းနေသည့်ဒီရင်ကို သူမလက်ဖြင့်ဖိရင်း
"မခုန်နဲ့ နင်မခုန်နဲ့ ငါဒီလောက်မပျော့ညံ့ဘူး သူ့ကိုရင်ခုန်မိရင် ငါရူးသွားလို့ပေါ့ ငါမရူးသေးဘူး ရင်မခုန်နဲ့"
သူမက ကျလာတဲ့မျက်ရည်တွေကိုမသုတ်မိပဲ
ရှင် အေးစက်လွန်းတယ် ရက်စက် ပြလိုက် နူးညံ့ပြလိုက် နဲ့ ရှင်ရဲ့ပုံစံအမှန်ကဘာလဲ ။
ကျွန်မ အရှုံးမပေးနိုင်ဘူး ထပ်ပြီးရင်မခုန်စေရဘူး အတ္တ ဆိုတဲ့ရှင့်အတွက် ကျွန်မ နှလုံးသားကိုတံခါးဖွင့်မပေးနိုင်ဘူး။
=======================
အတ္တဟာ အိပ်ယာပေါ်သို့လှဲလိုက်ပြီး
နှဖူးပေါ်လက်တင်ကာ
"မင်းနဲ့ပတ်သတ်ရင် ငါစိတ်တွေက တစ်ချက်ချက် နူးညံ့သွားတာ ဘာ့ကြောင့်လဲ "
ထိန်းချုပ်မှုမဲ့လောက်အောင် ငါ့စိတ်တွေကို မင်းဘာနဲ့ပြုစားထားလဲမုန်းနေရက်နဲ့ မင်းအပေါ်နူးညံ့ချင်နေတဲ့ ကိုယ့်စိတ်တွေကို ဘယ်လိုဖျောက်ပစ်ရမလဲ မင်းနဲ့ပတ်သတ်ရင် ငါ့မှာအဖြေမရှိတဲ့ မေးခွန်းတွေ အများရှိတယ် မေမီမွန်း။
===============================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(8)ဆက်ရန်
Zawgyi version
အတၱလြန္ အခ်စ္
အပိုင္း(7)
အတၱသည္ သူမနားသို႔တိုးကာ ေသြးစမ်ားကို ၾကည့္လိုက္ နာက်င္ေနေသာ သူမကိုၾကည့္လိုက္ျဖင့္ တစ္ခါမွမျဖစ္လာဖူးတဲ့ ခံစားခ်က္အသစ္ ေရာက္ရွိလာျပန္သည္။
မင္းနဲ႕က်မွ ဒီရင္ဘက္ႀကီးထဲကဘာေတြျဖစ္ေနတာလဲ အမည္ေဖာ္လို႔မရတဲ့ခံစားခ်က္ေတြခ်ည္းပဲ။
Advertisement
႐ုတ္တရက္ သူမခႏၶာကိုယ္ေလးအားဆြဲေပြ႕လိုက္သည့္အခါ မြန္းသည္ ရွိုက္ငိုေနရာမွာ အသံတိတ္က်သြား၏။
အလင္းဟာ႐ုပ္တည္ႀကီးနဲ႕ၾကည့္ေနေပမဲ့ သက္သက္ကေတာ့မ်က္လုံးျပဴးကေလးႏွင့္မ်က္စိတစ္ဆုံးေငးေနမိသည္။
သူဟာ ေအးစက္တဲ့ေျခလွမ္းေတြနဲ႕ သူမကို ရင္တြင္ကပ္ကာ ေပြ႕ေခၚသြားရာ၌ မြန္း႐ုန္းလိုက္ရင္ သူ႕လက္ထဲကျပဳတ္က်သြားမည္ကိုစိုးရိမ္ၿပီး ၿငိမ္သက္စြာပါလာခဲ့သည္။
အတၱသည္ အေပၚထပ္သို႔ေျဖညင္းစြာတက္သြားၿပီး သူ႕အခန္းထဲအထိလိုက္ပို႔ေပးခဲ့သည္။
ေမြ႕ယာေပၚတြင္ ညင္သာစြာ ခ်ေပးကာ
ဘာမွမေျပာပဲ တိတ္တဆိတ္ ျပန္လည္ထြက္ခြာသြားခဲ့သည္ ။
ေလွကားရင္း၌ နံရံကို မွီလိုက္ၿပီး မ်က္လုံးေတြမွိတ္ခ်ပစ္လိုက္ကာ
"ငါ ဘာေတြလုပ္ေနမိပါလိမ့္ "
ကိုယ္မသိတဲ့ မသိစိတ္ကေန သူမအား ဂ႐ုစိုက္ေပးေနမိသည္။
"ငါ့စိတ္ေတြဘာျဖစ္ေနတာလဲ"
အတၱဟာ ထမင္းစားခန္းထဲသို႔ျပန္သြားကာ
"သက္သက္ ေဆးသြားထည့္ေပးလိုက္ "
ဟု အေပၚထပ္ကိုေမးေငါ့ျပရင္း သူကေအးေဆးစြာပဲေျပာလိုက္သည္။
သက္သက္ဟာ ေဆးေသတၱာေလးကိုင္ကာ ကုတ္ကုတ္ေလးအေပၚတက္သြားသည္။
အတၱက ေသနတ္ကို ခါးၾကားထိုးလိုက္ၿပီး
စီးကရက္ကိုမီးညွိရင္း
"အလင္း "
"ဘယ္ကိုသြားမလဲ သခင္ေလး"
အတၱကိုၾကည့္လိုက္တာနဲ႕ဘာလုပ္မယ္ဆိုတာတန္းသိေနေသာအလင္းဟာ အတၱသြားလိုေသာေနရာသို႔လိုက္ပို႔ရန္ေမးလိုက္သည္။
"ကာစီနို႐ုံ သြားမယ္ "
ဆို၍ ကားေနာက္ခန္းထဲသို႔ ေျခခ်ိတ္ထိုင္လိုက္ကာ စမတ္က်က်ေနရာယူလိုက္၏ ။
အလင္းက ေရွ႕ခန္းမွတက္ကာ ကားကို သက္မွတ္ရွိန္အတြင္းသာေမာင္း ၍ထြက္ခြာသြားခဲ့သည္။
============================
"ဟင့္ ဟင့္ ဟြန့္ အင့္...ဟင့္"
ေမြ႕ယာေပၚတြင္ အတၱ ခ်ေပးခဲ့တဲ့အတိုင္း တရႈံ႕ ရႈံ႕ ငိုေနသည့္ မြန္းအနားသို႔ သက္သက္ ေရာက္လာၿပီး ၾကမ္းျပင္ေပၚသို႔ထိုင္ခ်လိဳက္ကာ မြန္းရဲ႕ ေျခဖဝါးေလးအား ဆြဲယူလိုက္ခါမွ
"ဟြန္ သက္သက္ "
"သခင္ေလး လႊတ္လိုက္တာ ေဆးထည့္ေပးလိုက္ပါတဲ့ "
"ရပါတယ္ သက္သက္ရယ္ မြန္း ကိုယ့္ဟာကိုယ္ ထည့္လိုက္မယ္ "
ဟု သက္သက္ကိုင္ထားတဲ့သူမေျခေထာက္ကေလးကိုေနာက္သို႔ယို႔လိုက္သည္။
"သက္သက္ တာ၀န္ပါ ဒါေတြက "
သူမေျခဖဝါး ထဲက နစ္၀င္ေနတဲ့ ဖန္ကြဲစကို ညွပ္ကေလးနဲ႕ဆြဲထုတ္လိုက္သည့္အခါ
"အ ....အား..."
"နာသြားလား ဟင္ "
"ရ ရပါတယ္ သက္သက္ေၾကာင့္မဟုတ္ပါဘူး သူ႕ေၾကာင့္ "
"သခင္ေလးကေလ အံ့ၾသဖို႔ေကာင္းလိုက္တာ "
"ဟင့္အင္း မုန္းစရာေကာင္းတာပါ "
"မဟုတ္ဘူး မမေလးရဲ႕ မမေလး ၾကမ္းျပင္ေပၚလဲသြားၿပီး ေအာ္ငိုလိုက္ေတာ့ေလ သခင္ေလး မ်က္ႏွာႀကီးက ခ်က္ခ်င္းေျပာင္းသြားတာသိလား ဘာလုပ္လို႔လုပ္ရမွန္းမသိပဲ စိတ္ပူသြားတဲ့ပုံစံနဲ႕"
"မျဖစ္နိုင္ပါဘူး သက္သက္ရယ္ သူေလာက္ရက္စက္နိုင္တာသူပဲရွိတာ "
သပ္သက္က သူမေျခဖဝါးေလးအား ပတ္တီးစည္းေပးၿပီး
"တကယ္ပါဆို ၿပီးေတာ့ မမေလးကို ေပြ႕ခ်ီၿပီး ဒီထိ ပို႔ေပးတာကိုပဲၾကည့္ေလ "
"မိန္းမေတြဒီေလာက္ေပြတာ ဒီေလာက္ကေတာ့သူလုပ္ေနရာေနမွာေပါ့."
"မတူဘူးမမေလးကလည္း ေဘးကၾကည့္တဲ့သူကအသိဆုံး သခင္ေလးက သူ႕စိတ္သူလည္းနိုင္တာမဟုတ္ပဲ မမေလးအေပၚကိုႏွိပ္စက္ေနတာ"
"သက္သက္ဆိုလိုတာက?..."
"ဪ မမေလးကလည္း သခင္ေလးက မမေလးကို ႀကိဳက္ေနတာသိလား"
ထိုအခါ မြန္းဟာသက္သက္ကိုမျဖစ္နိုင္ပါဘူးဆိုတဲ့အၾကည့္မ်ိဳးနဲ႕ၾကည့္ၿပီး
"မျဖစ္နိုင္တာ သက္သက္ရယ္ မြန္းကိုဒီေလာက္မုန္းတာကို ထားပါအဲ့တာသူ႕အပိုင္း မြန္းကေတာ့ သူ႕ကိုေသမတတ္မုန္းတယ္ တစ္ေန႕တစ္ျခားပိုပိုၿပီးကိုမုန္းလာတာ "
သက္သက္မ်က္ႏွာေလး ေတာ္ေတာ္ညွိုးသြားတာ သိသာပါသည္။
မတက္နိုင္ဘူး မြန္းကေတာ့ သူ႕ကိုမုန္းတာပဲသိတယ္။
"မငိုပါနဲ႕ေတာ့ မမေလးရယ္ အိပ္လိုက္ေတာ့ေလေနာ္ "
"သူ ဘယ္မွာလဲ "
"သခင္ေလးလား ကာစီနို႐ုံ သြားတယ္ဆိုလား ခုနက ၾကားလိုက္တယ္ "
"သူက တကယ္ ဆိုးတယ္ေနာ္ မေကာင္းတာေတြ အကုန္လုပ္တယ္ "
"ဟင္း... သူ႕ကိုတားမည့္သူမရွိတာေလ သခင္ေလးကို ျပန္ေမာ့ၾကည့္ရဲတဲ့သူမွ မရွိတာ အဲ့ဒီေတာ့ သူလုပ္ခ်င္သလိုလုပ္ေနတာေပါ့ အတၱအရမ္းႀကီးေနတာ "
"ဟြန့္ တစ္ကိုယ္ေကာင္းသမားေတြကို မြန္းကသိပ္အျမင္ကတ္တာပဲ"
"ဝွါး..."
သက္သက္က သမ္းလိုက္သျဖင့္ မြန္းလည္း သက္သက္ကိုငုံ႕ၾကည့္ၿပီး
"သက္သက္ အိပ္ခ်င္ေနၿပီလား သြားအိပ္ေလ မြန္းကရပါတယ္ "
"မမေလးလည္းအိပ္ပါေတာ့ေနာ္ မ်က္ကြင္းေတြျပန္ညိုလာလိမ့္မယ္ "
"အင္းပါ မြန္းအိပ္မွာပါ"
မြန္းက ေခါင္းအုံးေလးေပၚ ေခါင္းခ်လိဳက္သည့္အခါ သက္သက္က ေစာင္ပါၿခဳံေပး၏ ။
"သက္သက္ မီးပိတ္လိုက္မယ္ေနာ္ "
သက္သက္က တံခါးပိတ္ မီးပိတ္၍ ထြက္သြားသည္အထိ မြန္းကၿငိမ္ၿငိမ္ကေလးလွဲေနခဲ့သည္။
သက္သက္ အိပ္ခ်င္ေနၿပီမို႔ သူသြားအိပ္ေအာင္ ဟန္ေဆာင္လိုက္တာ မြန္း အိပ္လို႔မရဘူး။
သက္သက္ထြက္သြားၿပီး ၁၅မိနစ္ေလာက္ၾကာမွ ေစာင္ကိုမ၍ အသာထကာ ကုတင္ေပၚမွာပဲ ေက်ာမွီၿပီး ထိုင္ေနလိုက္သည္ ။
သူဘာလို႔ မြန္းကို ဒီေလာက္ႏွိပ္စက္ေနတာလဲ ?
ဒီေမးခြန္းကို ဒီအိမ္ေရာက္ကတည္းက ခဏခဏ စဥ္းစားခဲ့သည္။
မြန္းဘယ္ေလာက္ပဲစဥ္းစားစဥ္းစား
သူ႕ကို အရင္ကမပတ္သတ္ဖူးဘူး ဆိုတာေသခ်ာသည္ ။
ေမွာင္ ေမွာင္ မဲမဲ အခန္းထဲမွာတစ္ေယာက္တည္း ထိုင္ေနရင္း
သူ အျပင္သြားတယ္ဆိုတာကိုသတိရကာ
မြန္းကရင္မွာ ပိုက္ထားသည့္ေခါင္းအုံးေလးကို ေဘးခ်လိဳက္ၿပီးေျခေထာက္ေတြကို ကုတင္ေအာက္ခ်လိဳက္၏။
သူနဲ႕ပတ္သတ္တာေတြ အကုန္သိထားမွျဖစ္မယ္ဟု ေတြးမိၿပီး မြန္းသည္ မတ္တပ္ရပ္ဖို႔အားျပဳေတာ့
"အ.."
ဘယ္ဘက္ေျခဖဝါးက မေထာက္နိုင္ပဲယိုင္သြားသည္။
ညာေျခကိုသာအားျပဳၿပီး ခပ္ဖြဖြ ေလး ေဘးက ကုတင္ကို ကိုင္၍ ေလ်ာက္လာသည္ ။
ေထာ့နဲ႕ေထာ့နဲ႕ ျဖင့္ တံခါးႀကီးအနီးသို႔ ေရာက္ေအာင္လာခဲ့၍အသံမျမည္ေအာင္အသာေလးဖြင့္ၿပီးအခန္းအျပင္ ထြက္လာခဲ့သည္ ။
အျပင္ေရာက္သည့္အခါမီးကလင္းထိန္မေနပဲ အားလုံးအိပ္ခ်ိန္ျဖစ္သျဖင့္ မွိန္ဖ်ဖ်ေလးသာ။
မြန္းသည္ အေပၚထပ္မွာပဲ တစ္ပတ္လည္ၾကည့္ရင္း အိမ္ႀကီးက ႀကီးက်ယ္လြန္းသည့္အတြက္ ဘယ္ကိုအရင္ သြားရမွန္းမသိပါ ။
သို႔ေသာ္ မြန္းနဲ႕ကပ္ရပ္အခန္းက တံခါးႀကီးသည္ မြန္းအခန္းတံခါးထက္ပိုႀကီးၿပီး လက္ကိုင္ေတြက ေ႐ႊေရာင္နဲ႕အနားကြပ္ထားသည္။
မြန္းသည္ စိတ္၀င္စားစြာ ထိုတံခါးႀကီးရွိရာသို႔ ေရာက္လာခဲ့ၿပီး ေနာက္လွည့္လိုက္ ေဘးၾကည့္လိုက္ျဖင့္ လူရိပ္မေတြ႕သည့္အခါလက္ကိုင္ကို လွည့္၍ ဖြင့္လိုက္သည္။
ေလာ့ခ်ထားျခင္းမရွိသျဖင့္ တံခါးကို အၿပီးျပန္မပိတ္ပဲ စိ႐ုံသာစိလိုက္သည္။
ေတာ္ၾကာ ေသာ့ခက္ၿပီးသားျဖစ္သြားရင္ မြန္းပိတ္မိေနမွာကိုစိုးရိမ္ရသည္။
သူ႕ပစၥည္းေတြလက္ဟန္ေျခဟန္ပ်က္လို႔လည္းမျဖစ္ပါ။
အခန္းႀကီးက အက်ယ္ႀကီးျဖစ္ၿပီး မီးမဖြင့္ေပမဲ့ မြန္းအခန္းလိုေမွာင္မဲမေနဘဲေမြ႕ယာျဖဴျဖဴအက်ယ္ႀကီးေဘးက မီးအိမ္ေလးလင္းေန၏။
မြန္းက ေလ်ာက္ၾကည့္ရင္း မွန္ျပတင္းနားမွ ေဆးလိပ္ခြက္ ထဲတြင္ ေဆးလိပ္တိုအျပည့္ကိုေတြ႕သည့္အခါ
"ဒါ သူ႕အခန္းေပါ့"
သူ႕အိပ္ယာရဲ႕ေဘးက သိန္းငွက္တစ္ေကာင္ပ်ံဝဲေနေသာပုံစံပန္းခ်ီကားတစ္ခ်ပ္ တံခါးႀကီးတစ္ခုကိုေတြ႕ေတာ့ မြန္းဖြင့္ၾကည့္ခ်င္ေပမဲ့ မဖြင့္တတ္ပါ။
ေဘးနံရံက ခလုပ္ကိုေတြ႕သျဖင့္ မြန္း ထင္သလိုသာျဖစ္မည္ဆို ဒီတံခါးကိုဖြင့္တဲ့ခလုပ္ပဲ
ေဒါက္
ခလုပ္ကို ႏွိပ္လိုက္သည့္အခါ
႐ႊီး....
ထိုပန္းခ်ီကားႀကီးမွာ ေလ်ာတံခါးႀကီးျဖစ္ေန၍ အသံက်ယ္က်ယ္ျမည္ကာပြင့္သြားေသာေၾကာင့္ခိုးလုပ္ေနရတဲ့ မြန္းမွာ လူတစ္ကိုယ္လုံးတုန္သြားေအာင္လန့္သြားရသည္။
"အမေလး...."
ေနာက္သို႔ယိုင္နဲ႕သြားကာေျခတစ္ဖက္တည္းရပ္ေနတာမို႔ အရွိန္ကမနိုင္လဲၿပီမွတ္ထားတာ
မြန္းခါးကေန ဖက္ထားတဲ့လက္တစ္စုံေၾကာင့္
မြန္းေမာ့ၾကည့္လိုက္ေတာ့
"ရွင္!"
မြန္းဟာ ေၾကာက္ေၾကာက္လန့္လန့္ လူကေစာနကထက္ႏွစ္ဆေလာက္တုန္သြားရသည္။
သူဘယ္ခ်ိန္ကျပန္ေရာက္ေနတာလဲ ကားသံလည္းမၾကားဘူး မြန္းပဲ အာ႐ုံမရလို႔လား?
အခုမြန္းက သူ႕ရင္ခြင္ထဲမွာ ေျခလည္းနာေနတယ္ ေျပးလြတ္ပါ့မလား ?
"မင္း ငါ့အခန္းထဲကို ဘာ၀င္လုပ္တာလဲ"
မြန္းက သူ႕ကိုသာ မ်က္လုံးေလးေပကလပ္ေပကလပ္ျဖင့္ၾကည့္ေနမိသည္။
မွိန္ဖ်ဖ်မီးေရာင္ေအာက္မွာေတာင္ ျဖဴေဖြးတဲ့သူ႕အသားအေရကထင္းေနၿပီး သူ႕မွာႏွာေခါင္းခြၽန္ခြၽန္ေတြရွိမွန္းအခုမွသတိထားမိသည္။
"ငါ ေမးေနတယ္ေလ မင္းဘာ၀င္လုပ္တာလဲ "
မြန္းဘာေျဖရမွန္းမသိဘဲ ဆင္ေျခတစ္ခုေပးရန္ဦးႏွောက္ကိုမလုပ္ေပးေပမဲ့ထြက္မလာခဲ့သည့္အခါ
"ကြၽန္မကိုလႊတ္ပါ ရွင့္ပစၥည္းေတြတစ္ခုမွ မထိဘူး ကြၽန္မ အခန္းျပန္မယ္ "
ဟု စကားလႊဲပစ္လိုက္ရသည္။
"ငါ့အခန္းကို၀င္ခ်င္သလို၀င္ထြက္ခ်င္သလိုထြက္လို႔ရမယ္ထင္ေနလား"
"လႊတ္ပါ ဖယ္ "
မြန္းက ႐ုန္းေတာ့ သူက မြန္းခႏၶာကိုယ္ကို ျပန္မတ္ေပးကာ ခါးကေန တင္းေနေအာင္ျပန္ဆြဲသည္ ။
"ရွင္ ....."
"အစကတည္းကမ၀င္ခဲ့သင့္ဘူး"
အတၱဟာ သူ႕ကိုလွည့္ၾကည့္ေနသည့္မြန္းအား ႏႈတ္ခမ္းေတြကိုစုပ္သိမ္းပစ္လိုက္သည္။
မြန္းက သူမခါးေပၚကအတၱရဲ႕လက္ေတြကိုျဖဳတ္ဖယ္ရင္း
"အြန္း.... အြန္း... "
အတင္းအၾကပ္႐ုန္းကာ တြန္းသည့္အခါ
သူသည္ေနာက္ကေမြ႕ယာေပၚကိုထိုင္ခ်လိဳက္ၿပီး
မြန္းကို သူ႕ေပါင္ေပၚေပြ႕တင္လိုက္၍ တစ္ကိုယ္လုံး သူ႕ရင္ခြင္ထဲျမဳပ္ေအာင္ဖက္ထားၿပီး
မြန္းရဲ႕ အေပၚႏႈတ္ခမ္းေလးကို ေျဖးညွင္းစြာစုပ္ယူေနသည္။
မြန္း သူ႕ရင္ဘက္ကိုဘယ္ေလာက္ထုထု သူကမမႈဘဲေခါင္းကိုလည္းရမ္းခါလို႔မရေအာင္ သူ႕လက္တစ္ဖက္ႏွင့္ ထိန္းခ်ဳပ္ထားသည္ ။
ထို႔ေနာက္ ေအာက္ႏႈတ္ခမ္းေတြကိုတစ္ခါ စုပ္ယူပစ္လိုက္ျပန္သည္ ။
ႏႈတ္ခမ္းေတြကိုတစ္လႊာခ်င္း အရင္လိုမၾကမ္းတမ္းပဲ ညင္ညင္သာ သိမ္းယူသည့္အခါ
သူ တကယ္အနမ္းကြၽမ္းက်င္ပါလား။
မြန္းရင္မခုန္ဘူးဆိုရင္ လိမ္ရာက်မယ္။
သူမရဲ႕ေအာက္ႏႈတ္ခမ္းတစ္လႊာကို သူငုံယူထားသည့္အခါ ႏႈတ္ခမ္းကေလးမွာပူက်ဥ္လာၿပီး မြန္းသည္ ႐ုန္းမရသည့္ၾကားက ခႏၶာကိုယ္ကို ရေအာင္လႈပ္လိုက္သည္။
ဒါေပမဲ့ သူကဟာမြန္းကိုလႊတ္ေပးမယ့္အေျခအေနမရွိသျဖင့္ခဏေအာင့္ကာ ၿငိမ္ေနေပးလိုက္သည္။
သူဟာ တစ္ခ်က္ခ်င္းစည္းခ်က္က်က်စဳပ္နမ္းေနပါေသာ္လည္း မြန္းမွာမလႈပ္မယွက္ၿငိမ္ေနရ၍ အရမ္းအသက္ရႉၾကပ္လာသည္။
သူကလည္းမြန္းရဲ႕ႏႈတ္ခမ္းေတြကိုပဲအာ႐ုံေရာက္ၿပီျဖစ္၍ သူမကိုခ်ဳပ္ထားတဲ့လက္ေတြကအားမပါေတာ့တဲ့အခါမွ မြန္းဟာ သူ႕ရင္ဘက္ေတြကိုအားပါပါထုပစ္လိုက္သျဖင့္ သူ႕ဆီကေနႏႈတ္ခမ္းတို႔လြတ္ထြက္သြားၿပီး
သူလည္း အားရသေလာက္နမ္းခဲ့ၿပီးၿပီမို႔ ထပ္ခ်ဳပ္မထားဘဲလႊတ္ေပးလိုက္ေတာ့သည္။
မြန္းသည္ သူမကိုပူပူႏြေးႏြေးနမ္းစုပ္ထားေသာ သူ႕ႏႈတ္ခမ္းေတြအား ေမာ့ၾကည့္မိတဲ့အခါ
ေလကိုင္းသဏၭာန္သူ႕ႏႈတ္ခမ္းက ေသသပ္ပိရိေနတဲ့အျပင္
ဒီေလာက္စီးကရက္ေတြေသာက္ေနတဲ့ ရွင့္ႏႈတ္ခမ္းေတြမဲပါေတာ့လား
ဟုစိတ္ထဲကေရ႐ြတ္မိလိုက္သည္အထိ သူ႕ႏႈတ္ခမ္းေတြဟာရဲစိုေနေလသည္။
မြန္းဟာ အသက္ရႉၾကပ္တာေၾကာင့္ ရင္ဖုံမွာနိမ့္ခ်ည္ျမင့္ခ်ည္ျဖင့္ ခပ္ဟဟႏႈတ္ခမ္းတို႔ကိုမစိပိတ္နိုင္ေအာင္ပင္ တုန္ရီေနသည္ ။
အတၱက လႊတ္ေပးထားရဲ႕နဲ႕ သူမ သူ႕ဆီမွ မခြာနိုင္ေသးသျဖင့္
"မင္း လမ္းမေလ်ာက္နိုင္ဘူးမဟုတ္လား ျပန္ပို႔ေပးမယ္ "
သူ၏ ေပါင္ေပၚမွ သူမကို ေပြ႕ခ်ီ၍ သူမအခန္းထဲသို႔ျပန္ပို႔ေပး ခဲ့သည္။
ေမြ႕ယာေပၚသို႔ ေသခ်ာခ်ေပးခဲ့ၿပီးမွ ျပန္ထြက္သြားသည့္ သူေက်ာျပင္ကိုၾကည့္ကာ လႈပ္ရမ္းေနသည့္ဒီရင္ကို သူမလက္ျဖင့္ဖိရင္း
"မခုန္နဲ႕ နင္မခုန္နဲ႕ ငါဒီေလာက္မေပ်ာ့ညံ့ဘူး သူ႕ကိုရင္ခုန္မိရင္ ငါ႐ူးသြားလို႔ေပါ့ ငါမ႐ူးေသးဘူး ရင္မခုန္နဲ႕"
သူမက က်လာတဲ့မ်က္ရည္ေတြကိုမသုတ္မိပဲ
ရွင္ ေအးစက္လြန္းတယ္ ရက္စက္ ျပလိုက္ ႏူးညံ့ျပလိုက္ နဲ႕ ရွင္ရဲ႕ပုံစံအမွန္ကဘာလဲ ။
ကြၽန္မ အရႈံးမေပးနိုင္ဘူး ထပ္ၿပီးရင္မခုန္ေစရဘူး အတၱ ဆိုတဲ့ရွင့္အတြက္ ကြၽန္မ ႏွလုံးသားကိုတံခါးဖြင့္မေပးနိုင္ဘူး။
=======================
Advertisement
- In Serial98 Chapters
Naruto: Child Of Chakra
The cycle of hatred. The will of fire. The curse of hatred.
8 1203 - In Serial12 Chapters
First Draft
Taking care of someone was hard. Harder still when the only job you can find is a graveyard shift at your brother's school, which is apparently haunted by a man claiming to be the devil. Oh, no, how horrific. I'm so scared. So, terribly, horribly, atrociously scared. Whatever shall I do? My life as a janitor is a simple one, and that clingy asshole won't leave me alone, so forgive me if I don't put enough gravitas into the situation. The only really scary prospect to this whole thing is that the KKK is in town, and I really don't want to deal with their bull. The gang activity is enough, why do we need to have an all-out war on school grounds? That will be too much for me to clean as a poor, lonely graveyard janitor. Old Summary: My gaze raised, and I observed the darkened face of the ghost, only visible feature being glowing red eyes. They faded into darkness, and I thought the offer over even as the body seemed to grow heavier in my arms. My first friend since this whole thing started, a few years ago. My brother needed to survive. That didn't mean I did. "What's the price?"
8 251 - In Serial30 Chapters
Sleeping With My Best Friend (Complete)
Berkley and Dean grew up side by side because their Dads were best friends and owned a fishing boat company together. They were so close they could finish each other's sentences and read each other's minds. He had always looked out for her and tried to protect her from getting hurt by guys that had bad intentions. She trusted him more than anyone else in the world. That's why when they went off to college together and she decided she wanted to experience sex for the first time, she couldn't imagine having her first time with anyone else but Dean. She wanted it to be with someone special that meant a lot to her that she could trust. Dean refused at first because he was afraid it would mess up their friendship until he found out that refusing meant she was going to do it with a guy that he hated instead. He was so protective of her that he gave in. The problem was, they didn't think through all the consequences that came along with having sex with your best friend.**** Warning! Very mature themes & sexual content - 18+ *****Highest Rankings:#1 in TeenRomance out of 94,000 stories#6 in Romance out of 1.9 million stories.#4 in Love out of 2.2 million stories#1 in Friends to Lovers out of 19,000 stories#1 in BestFriends out of 112,000 stories.#1 in Romance-Friendship out of 13,000 stories.#1 in Eroticromance out of 11,000 stories
8 458 - In Serial39 Chapters
Intoxicated
I squeezed my eyes shut waiting for pain but nothing happen. He froze smelling me. He pulled away with his eyes wide. He looked my over in shock and I looked at him confused. What was going on? "It's you" he stated. "You're the one"
8 327 - In Serial70 Chapters
My Brothers Best Friend
Annabelle was your average teenage girl who didn't believe in keeping up appearances or boys. Till one day she comes back from camp and that all changes. Unfound love is exposed and heartbreak is on the cards. With a forbidden love playing at her hand can she keep it under wraps or will she have to give it all up?
8 139 - In Serial38 Chapters
Bestfriend's Dad| lrh
❝Luke? What if someone sees us..❞❝Then let them baby, I need you right now.❞It isn't easy to hide an affair, but it becomes harder when it's none other than your best friends dad.Highest ranking:#2 in romance ~#1 in hemmings ~#1 in luke~~~~~~
8 202

