《အတ္တလွန်အချစ် (OC) Completed》Part (2) Uni/Zawgyi
Advertisement
အတ္တလွန် အချစ်
အပိုင်း(2)
အတ္တက သူမကို စူးစူးစိုက်စိုက်ကြည့်လိုက်တော့ သူမက ဒေါသအရှိန်နဲ့ရှူးရှူးရှဲရှဲဖြစ်နေကာ
"ကျွန်မကို ဘယ်လိုမိန်းမစားထင်နေလဲ အလုပ်ပေးမယ်ဆိုပြီး ဒီလိုစော်ကားလို့ရမလား "
ကတ်ကတ်လန် ပြန်ပြောရဲတဲ့သူမရဲ့သတ္တိကို အတ္တအံ့သြနေရသည်။
ငယ်စဉ်ကတည်းက သူ့စကားတစ်ခွန်းဆိုတစ်ခွန်းဘယ်သူမှအတွန့်မတက်ခဲ့ကြပေ။
အခုဒီမိန်းကလေးက ငါဘယ်သူလဲဆိုတာကိုမသိတာလား။
ပြီးတော့ သူမပြောတဲ့ အလုပ်ပေးမယ် ဆိုသည့်စကားကိုလည်းနားမလည်ခဲ့ပါ။
"မင်း ဘာတွေပြောနေတာလဲ "
"တောက် မိုက်ရိုင်းလိုက်တာ!"
သူမက ဖျက်ကနဲ တစ်ဖက်သို့လှည့်ကာ ထွက်သွားမည်အပြု ...
"အ "
လက်ကောက်၀တ်ကို အကြမ်းပရမ်း ဆွဲလှည့်လိုက်သည့်အခါ၀င်တိုက်မိသည်က သူ့ရင်အုပ်ကြီးနှင့်။
"မင်းက အဲ့ဒီလို ပြောချင်တိုင်းပြောပြီးထွက်သွားလို့ရလား ဟက် လာမူမနေနဲ့ မင်းကို အလကားငှားထားတာမဟုတ်ဘူး ပိုက်ဆံပေးပြီးသား "
"ဘာ ရှင် ဘယ်လိုပြောလိုက်တယ် လွန်လာပြီနော် ကျွန်မက အဲ့ဒီလိုမိန်းမ မဟုတ်ဘူး "
နောက်တစ်ချက် ပါးပေါ်ကျရောက်လာမည့် သူမ လက်တွေကို ဆုပ်ကိုင်ခြင်းခံလိုက်ရသည့်အခါ သူမက အတင်းရုန်းလေသည်။
"လွှတ် လွှတ်စမ်း ရှင် ..."
ရုတ်တရက်ကြီး သူမ ငြိမ်ကျသွားသည်မှာ
ခါးသို့ တစ်ခုခုနဲ့ထောက်ထားသလို ခံစားရသည်မို့ ငုံ့ကြည့်မိလျှင် သူမခါးကိုထောက်ထားသည့် သူ့လက်ထဲက ပစ်စတိုသေနတ်လှလှကလေးပင်ဖြစ်သည်။
ဘာစကားမှမပြောနိုင်တော့ဘဲ သူမထက်ခေါင်းတစ်လုံးစာအလုံအလောက်မြင့်မားသော သူ့အရပ်ကြောင့် ရုပ်ဖြောင့်ဖြောင့်နဲ့သူ၏မျက်နှာကိုမော့ကြည့်လိုက်သည်။
"ငါ့ အသားနာအောင် လုပ်တဲ့သူကို ဒီတိုင်းမထားဘူး "
သူမ လှုပ်ပင်မလှုပ်ရဲပေမဲ့ မျက်နှာထားတင်းတင်းကတစ်စက်မှမလျော့ပေ။
အတ္တသည် မျက်နှာထားတင်းတင်းနဲ့ခပ်စွင့်စွင့်အံကြိတ်ထားသောသူမကို မျက်မှောင်ကုတ်ကြည့်ကာ ဒီလိုလွယ်လွယ်နဲ့လက်မခံတဲ့မိန်းမမျိုးကိုမှ ပိုပြီးလိုချင်စိတ်ဖြစ်လာသည်။
"သခင်လေး"
တံခါးပွင့်ခြင်းနဲ့အတူ ၀င်တာတဲ့ အလင်းသည်
မွန်းနဲ့ အတ္တ ကိုမြင်တော့
တကယ်ဆို ဒီအချိန်က သခင်လေး အိပ်ယာပေါ်မှာရှိနေရမှာမဟုတ်လား တံခါးမခေါက်ပဲ၀င်လာမိလို့တောင် မှားပြီလို့ တွက်ထားတာ
သူထင်နေသောအခြေအနေမျိုးနဲ့တခြားစီဖြစ်နေသည်မို့ ထူးဆန်းစွာကြည့်နေသည်။
"ဘာလဲ"
အတ္တကသူမလက်တွေကို သူ့လက်တစ်ဖက်တည်းနဲ့ထိန်းချုပ်ကာ ကျန်တစ်ဖက်က သေနတ်ဖြင့်ချိန်ထားဆဲဖြစ်သည်။
သူ့လက်ညှိုးကလေးကစားလိုက်ရုံဖြင့် သူမအသက်ပျောက်သွားနိုင်သည့်အခြေအနေမျိုးမှာရှိနေသဖြင့် မွန်းအနေနဲ့ Air con ခန်းကြီးထဲမှာပင်ချွေးတွေထွက်နေသည်။
"အခြေအနေမကောင်းဘူး ရဲတွေလာစစ်မယ်လို့သတင်းကြားတယ်"
အလင်းစကားကိုကြားသည့်အခါ
"ဖာ့ခ် ဘယ်ခွေးသားကသတင်းပေးလိုက်တာလဲ ကားအသင့်ရှိလား "
ပိုဒေါသထွက်သွားသောကြောင့်သူမလက်တွေကိုချုပ်ထားသည်မှာပိုပြီးတော့တင်းကြပ်သွားစေ၏။
"အားလုံးအသင့်ပါပဲ "
"ကျန်တဲ့ပစ္စည်းတွေကိုသိမ်းပြီး မင်းကိုလတ် ကို သတင်းပေးလိုက် "
ဆိုကာ သေနတ်ကို အလင်းလက်ထဲပစ်ပေးလိုက်ပြီး သူက အင်္ကျီကိုသပ်ရပ်အောင် ပြန်ပြင်ဆင်ပြီးကုတင်ပေါ်ကကုတ်အင်္ကျီကိုလှမ်းယူလိုက်သည်။
မွန်းထွက်ပြေးဖို့ဦးနှောက်ကိုအလုပ်မျိုးစုံပေးနေပေမဲ့ သူ့တပည့်လက်ထဲက သေနတ်ကြီးက မွန်းကိုတည့်တည့်ပေမို့ လုံးဝမလှုပ်ရဲပါ။
တံခါးပေါက်ထောင့်လေးမှာ ကပ်ရပ်နေရင်း
မျက်ရည်များကဝဲတက်လာတော့သည်။
ငါ ငါ သေတော့မှာလား ဘယ်လိုလုပ်ရမလဲ ငါရောက်နေတာ နဒီ့ရဲ့သူဌေးဆီရောက်ဟုတ်ရဲ့လား အရမ်းကြောက်စရာကောင်းတယ်သေနတ်တွေနဲ့ လူဆိုးတွေလားမသိဘူး ငါ့ဘဝတော့ ပြီးပြီထင်ပါတယ်
မျက်နှာဘယ်လောက်တင်းတင်း စိတ်ထဲမှာ အရမ်းကြောက်မိသဖြင့် မျက်ရည်ပေါက်ကလေးတွေကြွေလာ၏ ။
သူမ သုတ်ဖယ်ပစ်လိုက်ပြီး မျက်နှာကိုနည်းနည်းမှလျော့မထား ။
"သွားတော့"
ဟု အတ္တမှအမိန့်ပေးကာ အလင်းရဲ့ လက်ထဲက သေနတ်ကိုသူပြန်ယူလိုက်ပြီး အလင်းကို ကျန်တဲ့ကိစ္စတွေရှင်းခိုင်းလိုက်၏ ။
ထို့နောက် သူ၏ကုတ်အင်္ကျီအရှည်ကြီးကို သူမ အပေါ်မှာ ခြုံပေးလိုက်သည့်အခါ မွန်းကသူ့ကိုမော့ကြည့်လိုက်သည်။
အတ္တသည် ထိုကုပ်ထဲမှသူ၏လက်ကိုထည့်ပြီး သူမရဲ့ခါးကိုဖက်ရင်း သေနတ်ဖြင့်ချိန်ထားလိုက်သည် ။
"အေးဆေးလိုက်ခဲ့ မင်းအော်တာ ရုန်းတာနဲ့ ငါ့လက်ညှိုးက ကစားပြီးသားပဲ "
သူမက နှုတ်ခမ်းကိုတင်းတင်းစိ၍ သူခေါ်ရာ နောက်ကိုပါလာခဲ့သည်။
တစ်ချက်လှုပ်တာနဲ့ သူကိုယ်တိုင်မနှိပ်ရင်တောင် ကိုယ်လှုပ်လို့ ဖိမိသွားရင် ကိုယ်သေမယ့်အနေအထားမျိုးဖြစ်သည်။
မသိရင်တော့ သူမတို့ထွက်လာခဲ့ကြတာ ပါတီတစ်ခုကနေထွက်လာတဲ့ စုံတွဲတွေလိုမျိုးပေါ့။
ဒီလူအကွက်ကျလိုက်တာ။
မွန်းက အခန်းအပြင်ထွက်ကတည်းက နဒီ့ကိုရှာတာ မျက်လုံးတွေတောင်ပြာလာပြီ ။
ကျေးဇူပြုပြီး နဒီ ပေါ်လာပါစေ ။
ဒီချိန်မှာ သူမအတွက်ဆို သူငယ်ချင်းနဒီပဲရှိတာမဟုတ်လား ဆုတောင်းမပြည့်တာပဲလား ဟိုတယ်ရှေ့မှာ သူ့ကားတွေကအသင့်ပဲ ။
ဒီလူက ဘာလုပ်တာလဲဆိုတာကတော့ သိပ်သိချင်မိသောမေးခွန်းပင်ဖြစ်ပါသည်။
"၀င် "
သူမပေကပ်ကပ်လုပ်ပြီး ဟိုတယ်ထဲကိုလှည့်ငေးနေသေးသောကြောင့် အတ္တသည်ခါးကသေနတ်ကို အနည်းငယ်လှုပ်လိုက်သဖြင့် အသာလေးကားထဲဝင်သွားသည်။
ဒီချိန်မှာတော့မွန်းမသေချင်သေးပါ။
သူက ကားအနောက်ခန်း သူမရဲ့ဘေးက ၀င်ထိုင်လိုက်လိုက်တာ ရှေ့ကတပည့်ဖြစ်သည်ကမောင်းလေသည်။
သူမက ကားတံခါးကို လှုပ်ရမ်းဖွင့်ရန်ကြိုးစားပြန်သည်။
"ကျွန်မ ကို ဘယ်ခေါ်သွားမလို့လဲ "
ကားမှန်တွေကိုလည်းတဗုန်းဗုန်းထုပြီး
" အခုကားရပ်ပေးပါ "
သူမဟာအနောက်သို့မျှော်ကြည့်လိုက် ရှေ့က ကားမောင်းသူကိုလှမ်းကြည့်လိုက်နှင့် ပြာယာခက်စွာ ။
" ကျွန်မကို ဟိုတယ်ပြန်ပို့ပါ "
အတ္တ နားရက်မှာ မနားရလို့ ဒေါသထွက်နေကာ
မင်းကိုလတ် ဆီက သူသိချင်တဲ့အဖြေ လည်းမသိခဲ့ရဘဲ ဒီမိန်းကလေးကပါနားပူအောင်လုပ်နေသဖြင့် ဒေါသဒီဂရီကအမြင့်ဆုံးသို့ထိုးတက်သွားပြီး
"တောက်! မင်း စကားသိပ်များတာပဲ နောက်တစ်ခွန်းကို ငါ စကားနဲ့မပြောတော့ဘူး "
ဆိုကာ ခုနက ခါးကြားပြန်ထိုးထားတဲ့သေနတ်ကို ပြန်ထုတ်၍ သူမရဲ့နှဖူးကိုချိန်လိုက်သည် ။
မျက်ရည်စို့စို့ မျက်၀န်းစိမ်းစိမ်းတွေက
ကြောက်ရွံခြင်းမရှိတဲ့ပုံစံနဲ့ သူ့ကိုပဲစိန်ခေါ်နေသလား
"မင်း မျက်လုံးတွေကိုပြင်လိုက်စမ်း"
သူမက တစ်ခွန်းမှပြန်မပြောဘဲနှုတ်ခမ်းကို တင်းတင်းစိကာ ထိုမျက်၀န်းစိမ်းတွေနဲ့သာ ကြည့်လေ၏။
ဘယ်သူ့အကြည့်အောက်မှာမှ မနစ်မျောဖူးသူ အတ္တသည်သူမရဲ့မျက်၀န်းတွေကို ဘယ်လိုမှအဓိပ္ပာယ်မဖော်နိုင်သလို သူကပဲစတင်အကြည့်လွှဲကာ ဖယ်ပစ်လိုက်ရသည် ။
Advertisement
စိတ်၀င်စားစရာတော်တော်ကောင်းမယ့်မိန်းကလေးပဲ ဟုသူမှတ်ချက် ချမိတဲ့ပထမဆုံးမိန်းကလေးပေါ့။
သူ့ကိုမကြောက်တာမဟုတ်ပါဘူး ဒီအခြေအနေမှာ မကြောက်ဘူးဆိုတာ ဘယ်ဖြစ်နိုင်မှာလဲ
ဒါပေမဲ့ မွန်းက ပျော့ညံ့တဲ့မိန်းမမဟုတ်ဘူး
အရှုံးမပေးပဲ လွတ်အောင်ကြိုးစားကြည့်ရမှာပဲ
မွန်းဟာ သူမ၏ဘေးကလူ၏အခြေအနေကိုအကဲခက်ရင်း သူမလွယ်လာသောခပ်သေးသေးအိတ်ကလေးထဲသို့ မသိမသာလက်နှိုက်ပြီး ဖုန်းခေါ်ရန်ကြိုးစားသည်။
ကံတရားကသူမဘက်ကိုလုံးဝမရှိဘူးထင်ပါရဲ့ ။
ရုတ်တရက် ဘယ်သူခေါ်မှန်းမသိတဲ့အဝင်ဖုန်းတစ်ခုနဲ့အတူ Vibration ကစတင်တုန်ခါသဖြင့် အတူထိုင်နေသော ဘေးကအတ္တသည်ချက်ချင်းပဲသူမရဲ့အိတ်ကိုဆွဲလုလိုက်သည်။
" ပြန်ပေး...ကျွန်မအိတ်ကိုပြန်ပေး! "
မွန်းကသူမအိတ်ကိုအတင်းပြန်ဆွဲတဲ့အခါ အတ္တကအိတ်ထဲကဖုန်းကိုထုတ်ကြည့်လိုက်သည်။
[Nadi😘] ဆိုတဲ့နာမည်ကလေးက Screen ပေါ်မှာရှိနေသဖြင့် မွန်းဟာပိုပြီးတော့အားတက်သွားကာ သူ၏လက်ထဲကနေဇွတ်လိုက်လုသည်။
" ပြန်ပေး....ပြန်ပေးလို့...."
အတ္တဟာ
" မင်း စောက်ပါးစပ်ပိတ်ထား! "
ဟုဆို၍ ခေါင်းစည်းကွင်းကလေးပြေလျော့နေသည့်သူမဆံပင်တွေကိုတစ်ချက်ဆွဲစောင့်ကာအံကြိတ်သံနှင့်ပြောပြီး သူ့ဘေးကားမှန်ကိုခလုပ်ဆွဲကာဖွင့်ချလိုက်၍ လက်ထဲက သူမရဲ့အိတ်နှင့်ဖုန်းကို လွှင့်ပစ်လိုက်သည်။
မွန်းကသူ့ဆံပင်တွေကိုဆွဲထားတဲ့အတ္တ၏လက်တွေကိုကုပ်ဖဲ့တော့ အတ္တကလွှတ်ပေးလိုက်ပြီး သူမကိုတစ်ဖက်သို့ပြန်တွန်းကာ
" အေးဆေးနေ အသံမထွက်နဲ့ "
မွန်းမှာဖုန်းလည်းမရှိတော့သဖြင့် မျှော်လင့်ချက်တစ်ခုထပ်ပြီးပျောက်ဆုံးသွား၍ ငိုချင်စိတ်တွေလုံးဝထိန်းမထားနိုင်တော့ပါ။
===========================
"Boss "
မင်းကိုလတ်တို့လည်း အရမ်းအလုပ်ရှုပ်နေကြသည်။
"၀င်သွားလို့မရပါဘူးဗျ "
အခန်းရှေ့က မင်းကိုလတ်ရဲ့တပည့်ကတားထားပါသော်လည်း
"ကျွန်မ Bossနဲ့တွေ့မှဖြစ်မယ် ကျွန်မ သူငယ်ချင်း Bossနဲ့သွားတွေ့တာ အရမ်းကြာနေပြီ "
အရှေ့ကပူညံပူညံနှင့်မို့ မင်းကိုလတ်တံခါးဖွင့်ပေးလိုက်၏။
"ဪ မနက်က ၀န်ထမ်းအသစ် မနဒီ "
"ကျွန်မ သူငယ်ချင်း ဘယ်မှာလဲဟင် "
"သူမလာဘူး ကျွန်တော်လည်းစောင့်နေတာ "
"ရှင်! သူက Bossကိုတွေ့ဖို့ဆိုပြီး သွားတာ အရမ်းကြာနေလို့ ကျွန်မလိုက်လာတာ ဖုန်းကလည်းခေါ်လို့မရတော့ဘူး ကိုင်လည်းမကိုင်ဘူး"
ပါတီလည်းပြီးလေပြီ သူငယ်ချင်းမေမီမွန်းကလုံးဝပြန်ပေါ်မလာသောကြောင့်နဒီ့မှာခေါင်းပူနေရပြီ ။
"သူဒီကိုမလာဘူး "
"ဒုက္ခပါပဲ ဘယ်လိုလုပ်ရမလဲ Bossရယ် ကူညီပါဦး"
"ကျွန်တော်လည်း ဘယ်လိုလုပ်ပေးရမလဲ မသိဘူး ခဏတော့စောင့်ကြည့်လိုက်ပါ အနည်းဆုံး၁ရက်ပေါ့ အခုချိန်ကလူပျောက်တိုင်ဖို့လည်းစောသေးတာပဲ မင်းသူငယ်ချင်းသွားတတ်တဲ့နေရာမျိုးတွေရှာကြည့်ပါဦး "
"ဟုတ် ဟုတ် ကဲ့ Boss လည်းတွေ့ခဲ့ရင်လေ နဒီ့ကို အကြောင်းကြားပေးပါနော် တောင်းဆိုပါတယ် "
ဒီလိုသာပြောခဲ့တာ မွန်းမှာသွားစရာမရှိဘူးဆိုတာ နဒီအသိဆုံးဖြစ်သည်။
သူငယ်ချင်းဆိုလို့လည်းနဒီတစ်ယောက်ပဲရှိတာမဟုတ်လား ။
ဒီဟိုတယ်ထဲကနေဘယ်လိုပျောက်သွားသလဲဆိုတာသူမဘယ်လိုမှစဥ်းစားလို့မရပါ။
"ကျွန်တော် လည်းစုံစမ်းကြည့်ပါ့မယ် "
မင်းကိုလတ်ကကြည့်ကောင်းအောင်သာပြောလိုက်တာဖြစ်ပြီး အတ္တရဲ့လက်ချက်ဖြစ်မည်ဆိုတာ ယုံကြည်ပြီးသားဖြစ်သည်။
============================
ခြံတံခါးကနေ နေအိမ်အထိ အတော်ဝေးပုံရသည် ။
မွန်းလည်း ခြံတံခါးကိုကျော်လာခဲ့တာပဲသိတယ် ကျန်တာစိတ်မ၀င်စားပါ ။
အဓိက က ဘေးကလူ ဆီက လွတ်ဖို့ပဲ
ထိုလူနဲ့ ခွာနိုင်သမျှ ခွာ ၍ ထိုင်သဖြင့်
ကားတံခါးကိုပင် ကပ်နေလေပြီ ။
သူ့ကိုလည်း တစ်ခါတစ်ခါလှည့်ကြည့်လိုက်
ရှေ့တည့်တည့်ကိုလှည့်သွားလိုက်နှင့်
နေအိမ်အပေါက်ဝရောက်ခဲ့တာတောင် မသိခဲ့ ။
ကားကို တံခါးလာဖွင့်ပေးသူကလည်း အဆင်သင့်
ဒီလူက ဘာများဖြစ်မလဲ ။
ဂန်းစတားလား မာဖီးယားလား သေချာတာကတော့လူကောင်းလုံးဝမဖြစ်နိုင်ပါ။
"ဆင်းခဲ့ "
တစ်ခွန်းပဲပြောပြီး မွန်းရဲ့ဘေးက သူ့ ကုပ်အင်္ကျီကိုကောက်ယူကာ ထွက်သွားသည် ။
မွန်းလည်း ကားထဲမှာဆက်ထိုင်နေလို့ဘာမှအကျိုးထူးမှာမဟုတ်သောကြောင့် ကားထဲကနေထွက်လာခဲ့၏။
တကယ် အံ့သြစရာပဲ ။
အိမ်ကြီးကအမြင့်ကြီးအဖြူနဲ့အနက် ကွက်ကျားနဲ့ ရုပ်ရှင်ထဲကလိုပဲ ။
မွန်းဆင်းလာကတည်းက ဟိုလူ့ကို အရိုအသေပေးနေကြတဲ့ လူအတော်အများက ဝိုင်းကြည့်နေတာ ဒါပေမဲ့ ထူးစမ်းပုံမရဘူး ။
အဲ့ဒီလူ အိမ်ထဲ၀င်သွားတော့မှ မွန်းကို ကြည့်နေတဲ့ ယောကျာ်းတွေက
"အဲ့တာအသစ်လား"
"ဒီတစ်ညပဲနေမှာပါ"
"ဟက် အိမ်ခေါ်လာမှတော့ အနည်းဆုံး၂ရက်ပဲ "တဲ့
သူတို့စကားတွေဟာ မွန်းကိုဘယ်လိုအတန်းအစားမျိုးအထိတွန်းပို့နေသလဲဆိုတာတွေးမကြည့်ဘဲသိနိုင်သည်။
မွန်းဟာ အိမ်ထဲလည်းမ၀င်ရဲ သဖြင့်
အိမ်ပေါက်၀မှာသာရပ်နေ၏ ။
ဘယ်နည်းနဲ့ လွတ်အောင်ပြေးရမလဲ ?
သူမစိတ်ထဲတွင် ထိုအတွေးသာကြီးစိုးနေပြီး
အထဲမ၀င်သေးပဲ အနောက်ပြန်လှည့်လာသဖြင့်
အဲ့ဒီလူတွေက ကြောက်စရာကောင်းစွာ ရှေ့တိုးလာကြသည်။
မွန်းလည်း လက်သီးနှစ်ဖက်ကျစ်ကျစ်ဆုပ်ပြီး
ထွက်ပြေးရင် လွတ်မလား ဟုမိုက်မဲစွာတွေးမိနေသေးသည်။
မဖြစ်နိုင်ပါဘူး သူတို့လူတွေက အများကြီး ။
"မိန်းကလေး "
အိမ်ထဲဘက်က အသံကြောင့် သူမက နောက်လှည့် ကြည့်လိုက်တော့
"ဟင် "
ဟိုတယ်တုန်းက အခန်းထဲ၀င်လာတဲ့လူ သူ၏တပည့်ဖြစ်သည်။
အလင်းက သူမ အနားသို့ကပ်ကာ
"သခင်လေး ခေါ်နေပါတယ် "
"ဟင့်အင်း ကျွန်မ မသွားဘူး ကျွန်မ အိမ်ပြန်မယ် "
"သခင်လေး ခေါ်နေပါတယ် "
အတ္တတို့ဂိုဏ်းရဲ့ပုံသေနိယာမတစ်ခုမှာ
သတိ ၃ခါပေးပါသည် ၃ခါ ပြောလို့မရရင် သတ်လေ့ရှိကြသည် ။
"ဟင့် အင်း ကျွန်မ ကိုပြန်ပို့ပေး"
အလင်း ခါးကြားက သေနတ် ထုတ်ကာ နောက်တစ်ခွန်းပြောရန် ပြင်ဆင်၏။
"သခင်လေး ခေါ်......."
"မင်း သေနတ်ချလိုက် "
အတ္တက စီးကရက်တစ်လိပ်ကို လက်၂ချောင်းကြားတွင် ညှပ်ကာ နှာခေါင်းမှ အငွေ့တွေရှိုက်ထုတ်ရင်း ကိုယ်တိုင် သူမရှေ့သို့ ထွက်လာခဲ့သည် ။
အလင်းက သေနတ်ဖြင့်မချိန်တော့ပဲ ဘေးတွင်သာရပ်နေလိုက်သည်။
"ကျန်တဲ့သူတွေ ကိုယ့်အလုပ်ကိုယ် သွားလုပ် "
Advertisement
သူ့အမိန့် နောက်မှာ ခုနက မွန်းကို ဝိုင်းကြည့်တဲ့ လူတွေမရှိတော့ပါ ။
ဒါပေမဲ့ အဲ့ဒီလူတွေထက် ကြောက်ဖို့ကောင်းတဲ့ လူက မွန်း အနားကို ဖြေးဖြေးချင်းလျောက်လာသည်။
"မင်း က ဘာလဲ ငါခေါ်နေတာကို ငြင်းတာလား "
"ကျွန်မ ကို အိမ်ပြန်ပို့ပါ "
"ဟက် မင်းရဲ့သူဌေးက အစကတည်းက မပြောလိုက်ဘူးလား ဘာလဲ အသစ်ဆိုပြီး ပိုက်ဆံပိုလိုချင်လို့ကပ်နေတာလား "
"ရှင် ပြောတာတွေ တစ်ခုမှ မဟုတ်ဘူး ကျွန်မ ပြောပြီးပြီ ကျွန်မက ရှင်ပြောသလိုမိန်းမမဟုတ်ဘူး "
"အဲ့တာဆို ဘာကိစ္စ ငါ့အခန်းထဲ၀င်လာသေးလဲ မင်းကြောင့် ငါ့အလုပ် တွေ ပျက်သွားတယ် နားလည်လား"
သူ အော်သော်လည်း သူမ မျက်နှာ တစ်ချက်မှ ငယ်မသွား ခပ်တင်းတင်းသာပြန်ကြည့်ရင်း
"ရှင်ကရော အလုပ်ကို ပြပြီး ကျွန်မ ကိုစော်ကားဖို့ ကြံနေတာ မဟုတ်လား အောက်တန်းကျလွန်းတယ်"
"ဘာ?"
သူမ နောက်ထပ် ဘာမှ ထပ်မပြောပဲ သူ့မျက်လုံးကိုသာ ခပ်စူးစူးကြည့်ပစ်လိုက်သည်။
"မင်း ကို ငါ့ဆီ ဘယ်သူလွှတ်လိုက်တာလဲ "
"ကျွန်မ သူငယ်ချင်း ကတစ်ဆင့် ရှင် ကျွန်မ ကို အလုပ်ပေးမယ်ဆိုပြီး ခေါ်ခိုင်းတာမဟုတ်လား"
"ဟက် "
စီးကရက်တိုကလေးကို သူ့ရဲ့ ရှူးဖိနပ်ဖြင့် ဖိသတ်လိုက်ပြီး နှုတ်ခမ်း ကို မဲ့ပစ်လိုက်သည် ။
စီးကရက်တစ်လိပ် ကို ဘယ်လိုတောင် သောက်လိုက်တာလဲ စကားတောင်၁၀ခွန်းပြည့်အောင် မပြောလိုက်ရဘူး တစ်လိပ်ကုန်သွားသည်ကို သူမ သတိထားလိုက်မိသည်။
"မင်း အကြီး ကြီး မှားသွားပြီ မင်းပြောတဲ့ သူဌေးက ငါ မဟုတ်ဘူး "
သူမ ခေါင်းငုံ့နေရာမှ တအံ့တသြ မော့ကြည့်လိုက်တဲ့အခါ သူကစီးကရက်အသစ်တစ်လိပ်ကို နှုတ်ခမ်းမှာတေ့ကာ မျက်မှောင်ကုတ်လျက်မီးညှိနေသည်။
ငါ ငါ မှားတာပေါ့ ငါအခန်းမှား၀င်မိတာပေါ့ ။
မွန်းမှာ ကိုယ့်အတွေးနဲ့ကိုယ်ထိတ်လန့်သွားလျှက်
"အဲ့တာဆို ရှင်က ဘယ်သူလဲ "
သိပ်ကြောက်ဖို့ကောင်းတဲ့ဂန်းစတားတစ်ယောက်များလား ။
သူက မျက်ခုံးတစ်ဖက်ပင့်ကာ မွန်းကို စိုက်ကြည့်ပြီး
"ငါ ဘယ်သူလဲ ဆိုတာထက် မင်း ဘယ်သူလဲဆိုတာ သိဖို့ ပိုအရေးကြီးတယ်"
အနားကို တစ်လှမ်းချင်းတိုးကပ်လာလေရာ
မွန်းလည်း နောက်ဆုတ်ရင်း ဆုတ်ရင်း သူမ၏ကျောသည် မကြာခင်ကမွန်းတို့စီးလာတဲ့ကားကြီးနှင့်ပင်ဝင်တိုက်မိလေသည်။
ကားနဲ့ သူနဲ့ကြားမှာ ညပ်နေသောသူမရဲ့ပုံစံက သိပ်သနားဖို့ကောင်းတဲ့ ယုန်ငယ်လေးသဖွယ် ။
"ငါ့စက်ကွင်းထဲကို ငါ့ခွင့်ချက်မရှိပဲ ရောက်လာတဲ့သူက အသက်ရှင်ခွင့်မရှိဘူး"
စကားအဆုံးမှာ သူ့လက်ထဲသို့ အလင်းက သေနတ် တစ်လက်ပစ်ပေးလိုက်ရာ မွန်းရဲ့ နဖူးတည့်တည့်မှာ ထိုသေနတ် တည်ငြိမ်နေလေသည်။
"ငါ နောက်ဆုံးမေးမယ် မင်း ဘယ်သူလဲ"
သူမရဲ့ မျက်လုံးစိမ်းစိမ်းတွေထဲမှာ မျက်ရည်တွေအပြည့်နဲ့သူ့ရဲ့ခဲရောင်မျက်ဆန်ရှိသော မျက်လုံးတွေကို စိုက်ကြည့်ပစ်လိုက်သည်။
ပထမဆုံး ရင်ထဲကို ထိမိတဲ့ မျက်၀န်းပိုင်ရှင်အကြောတင်းတင်းဒီမိန်းကလေးကိုဘယ်သူလဲဆိုတာသေချာပေါက်သိရမှဖြစ်မယ် ။
"မေးခွန်းတစ်ခုကိုနှစ်ခါမမေးချင်ဘူး"
"1"
"2"
"........."
မင်းနာမည် မသိပဲ မင်းကို ဖျောက်ပစ်ရမှာတော့ နှမျောမိတယ် ။
==================================
အမှားပါရင်ခွင့်လွှတ်ပါ
အပိုင်း(3)ဆက်ရန်
Zawgyi Version
အတ္တလွန် အချစ်
အပိုင်း(2)
"မင်း ဘာတွေပြောနေတာလဲ "
"အ "
"လွှတ် လွှတ်စမ်း ရှင် ..."
"သခင်လေး"
တံခါးပွင့်ခြင်းနဲ့အတူ ၀ငျတာတဲ့ အလင်းသည်
"ဘာလဲ"
"အားလုံးအသင့်ပါပဲ "
"သွားတော့"
ဒီလူအကွက်ကျလိုက်တာ။
"၀ငျ "
သူက ကားအနောက်ခန်း သူမရဲ့ဘေးက ၀ငျထိုငျလိုကျလိုကျတာ ရှေ့ကတပည့်ဖြစ်သည်ကမောင်းလေသည်။
" အခုကားရပ်ပေးပါ "
" ပြန်ပေး....ပြန်ပေးလို့...."
အတ္တဟာ
" အေးဆေးနေ အသံမထွက်နဲ့ "
===========================
"Boss "
"၀င်သွားလို့မရပါဘူးဗျ "
"ဪ မနက္က ၀န်ထမ်းအသစ် မနဒီ "
Advertisement
- In Serial24 Chapters
Unwind
An LGBT+ mystery/horror time loop story set in the world of The Legend of Zelda: Majora's Mask. The characters and story are my own. Lance Wisteria is a young man that never imagined himself to amount to much of anything in his life. When his mother falls gravely ill he takes it upon himself to pursue a rumored cure lurking in the Woods of Mystery. It is here he has a life changing encounter with a darkness that made its home in the depths. His soul is nearly stolen, but not before being interrupted by a mysterious white-haired being who takes pity on him. The next time he opens his eyes he's in his bed, and it's two days prior to the incident in the woods. Mystified by dreams of a forgotten time, Lance sets out on a journey to understand the meaning behind his death. Cover artwork by @the_jdk_art on Twitter.
8 93 - In Serial17 Chapters
A Tribute from Imruk
Tired of waiting for the continuation of the Tusirios family line, a grandchild, Aleci's father presents him with a tribute from Imruk’s recently conquered city.
8 95 - In Serial11 Chapters
Fractured Horizons
I am discontinuing this story, it is not fully baked and I want to full rewrite it. However as it stands I do no recommend this, It will a poor incomplete experience, I will have other fictions and will eventually rewrite this one, but I am not deleting it as to me I am still proud that I did this, I am just not proud of the outcome. Thank's yall for understanding Zara, a princess, is set to be wed in three days to a beautiful prince. However the royalty is corrupt, and the prince is repulsive. Her life was destined for unfulfillment and suffering. On her wedding day, when all looked lost, she is captured by a dragon. Waking up in an unfamiliar place, she learns that this dragon wants to change the world. To unify the nations. They begin a Journey of unifying the nations of the world no matter how long it takes, and how hard it is. This is my first serious writing project so any feedback is welcome and appreciated! Go hard, even if it hurts it will make me better, and the story stronger.
8 142 - In Serial25 Chapters
Love In Twenty And Five
Keeping a date with death might prove impossible for Mike Stacks when a nosy, hot doctor keeps getting in his way. *After losing his only daughter to cancer a year ago, Mike Stacks is too devastated to go on with life. And so, he formulates a plan to kill himself on the exact same day his daughter died. But as the day draws near and his community service forces him to come in constant contact with the same doctor who failed at her job of saving his daughter's life, Mike soon finds that keeping a date with death is not as easy as it seems when that doctor seems determined to save his life. ***Follow this heartwarming, sweet love story of two people whose lives threaten to fall apart in twenty, and five days.TW: This story contains mentions of suicide.A/N: This book was literally written in 25days.
8 137 - In Serial19 Chapters
Ouran Host Club Imagines/oneshots
Just a collection of imagines Please read because it makes me happy *Complete*
8 198 - In Serial14 Chapters
BEN Drowned x Reader
(Cover art is mine. Please do not steal)You've been alone for a couple of months now. You're parents left on a 'business trip' and haven't returned, leaving you all alone in a big house in the middle of the woods, but you don't care. The only thing that's bothering you is your quickly increasing level of boredom. All you have left is to watch television and use your laptop, but eventually your television stops working and your laptop starts to glitch. Normally, you'd get upset and walk away, but this time you're frozen in place as a person appears on the screen, slowly walking closer and closer. Your heart stops when its fingers start to reach out from the screen.
8 105

