《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 10 (🏍️💬🤒)
Advertisement
"အာ...သေစမ်း...ကျောင်းတောင်မမှီတော့ဘူး"
အဲ့ဒီနေ့သူကျောင်းမသွားဖြစ်လိုက်။ဆိုင်ကယ်သွားယူဖို့သာရှိတော့သည်။
ဟိုဘက်လမ်းက ဦးသောင်းတို့အိမ်ကိုရောက်တဲ့အခါ.....
"ဦးလေးရေ"
"ကောင်းမြတ်လား..ဆိုင်ကယ်ယူမလို့မှတ်လား"
"အင်းဟုတ်တယ်"
ခြံထဲကိုသူဝင်လိုက်တာနဲ့ ရပ်ထားတဲ့ ဆိုင်ကယ်လေးကိုသူတွေ့လိုက်ရသည်။ နေရောင်အောက်မှာပြောင်လက်နေတဲ့ kawasaki အစိမ်းရောင်ဆိုင်ကယ်လေး။
"မင်းအဖေကြီးကပြောသွားတယ်...ဒီမှာပဲပြန်လာထားတဲ့ အပြင်သွားရင်ပြန်လာယူပေါ့....ဦးမရှိလည်းဝင်ထားဝင်ယူလို့ ရတယ်သိလား"
"ဟုတ်ကဲ့ ကျွန်တော့်ကိုသူပြောထားပါတယ်"
ဦးသောင်းဆိုတဲ့လူက သူတို့ရဲ့ အရင်ဒရိုင်ဘာဟောင်း။အခုတော့ သူအလုပ်ထွက်သွားပေမယ့် နှစ်တွေအကြာကြီးလုပ်လာခဲ့ပြီး ကျေးဇူးတွေရှိခဲ့တာကြောင့် သူ့ဆိုင်ကယ်ကိုအဲ့ဒီအိမ်မှာပဲ ညသိပ်ဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက်သူစိတ်ပြေလက်ပျောက် မြို့တစ်ပတ်လျှောက်မောင်းလိုက်တော့သည်။
________________________
တောင်ကုန်းလေးနောက်မှာ တောလမ်းသွယ်လေးတစ်ခုရှိသည်။သစ်ပင်ခြုံနွယ်တွေထူထပ်ပြီး လူအရောက်အပေါက်နည်းပုံရသည်။
'ဒီနေရာ ငါတစ်ခါမှရောက်ဖူးပါလား'
ထို့နောက်ဆက်ပြီးမောင်းသွားရင်းနဲ့ လမ်းအဆုံးမှာရေကန်ငယ်လေးတစ်ခုနဲ့ တဲပျက်လေးတစ်လုံးကစောင့်ကြိုနေသည်။
'ဘယ်သူလာဆောက်ထားတာလဲ'
နေရာလေးက လှပေမယ့်ဟောင်းနွမ်းလို့နေပြီ။လူမလာတာကြာပြီထင်သည်။တဲလေးပေါ်ခဏထိုင်လိုက်ပြီး ဝယ်လာတဲ့ cola ဘူးလေးကိုသူဖောက်သောက်လိုက်သည်။
ကန်ရေထက်ကို သစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေကျနေသည်။သစ်ရွက်တွေနဲ့ ပြည့်နေတဲ့ထိုရေကန်လေးကိုရှင်းမည့်သူကမရှိ။
ထို့အပြင်ဖုန်တွေသဲတွေတက်နေတဲ့ တဲပျက်လေးကိုလည်း ဘယ်သူမှလာမရုမစိုက်နိုင်။
သူသာမျက်စိလည်လမ်းမှားပြီးရောက်လာခြင်းဖြစ်သည်။ ထိုနေရာလေးကတော့ သူလာလို့ ဝမ်းသာမိနေမှာပဲလို့သူတွေးလိုက်သည်။မကြာခင် သူပြန်ထွက်သွားရင် အထီးကျန်စွာ ကျန်ရစ်ခဲ့ပေဦးမည်။
_________________________
"ဒီအခန်းမှာ ကောင်းမြတ်ဆိုတဲ့အစ်ကို ရှိလားမသိဘူး"
အခန်းဝကနေစောင့်ပြီးထွက်လာတဲ့ ကျောင်းသူတစ်ယောက်ကို ကေသွယ်မေးလိုက်တဲ့အခါ
"ရှိတယ်....ဘာဖြစ်လို့လဲ"
"သူ့ကိုပေးစရာရှိလို့လေ"
"ဒီနေ့တော့ သူမလာဘူး နောက်နေ့မှလာခဲ့ပေါ့"
ထို့နောက်သူမပြန်လှည့်လာခဲ့သည်။
"တွေ့ခဲ့လား"
"ကျောင်းမလာဘူးတဲ့...အခန်းကတော့မှန်တယ်"
"နင်သွား add လိုက်ပါလား"
"ပြောတာတောင်နောက်ကျနေပါပေါ့"
"မြန်လိုက်တာ..ဘယ်တုန်းကလဲ...လက်ခံပြီလား"
"ကြည့်လိုက်ဦးမယ်"
မနက်ကတည်းကသူမ ကောင်းမြတ်ကိုသွား add ထားပြီးလို့အခုဖုန်းထုတ်ကြည့်လိုက်တဲ့အခါ
"လက်မခံသေးဘူး"
"..သူမအားသေးလို့နေမှာပေါ့"
"နေမကောင်းများဖြစ်နေလားမသိဘူးနော်"
"ဟုတ်မှာပေါ့ ညကျတစ်ချက်ထပ်ကြည့်လိုက်လေ"
_______________________
ကျောင်းမသွားပဲ အိမ်မှာပဲတစ်နေ့လုံးဂိမ်းဆော့နေတဲ့ ကောင်းမြတ်တစ်ယောက်ဟာ ညရောက်တော့ ထပြီးဖုန်းပြောင်းပွတ်သည်။
ကေသွယ်ဆိုတဲ့နာမည်လေးနဲ့ request လုပ်ထားတာတွေ့တော့သူလည်း အကောင့်ထဲဝင်ကြည့်လိုက်သည်။
"ကျောင်းကပဲ"
ထို့နောက်လက်ခံလိုက်သည်။
တစ်ဖက်ကကေသွယ်ကတော့
"ဟော...လက်ခံသွားပြီ"
ဟုဆိုကာဝမ်းသာသွားပြီးသူ့သူငယ်ချင်းကို message ပို့သည်။
"ဟဲ့ အစ်ကိုကောင်းမြတ်လက်ခံသွားပြီ"
"လက်ခံသွားတော့"
"ငါစကားသွားပြောရမလား"
"ပြောလေ"
ဟုဆိုတာနဲ့ကောင်းမြတ်ကို ကေသွယ်စကားသွားစပြောလေသည်။
"ဟိုင်း အစ်ကို"
တောင်....။
ကောင်းမြတ်ဖုန်းကိုတစ်ချက်ယူကြည့်လိုက်တော့ ခုနကလက်ခံလိုက်တဲ့ ကေသွယ်ဆိုတဲ့ကောင်မလေးသူကို့ စကားလာပြောတာကိုတွေ့လိုက်တဲ့အခါ သူချက်ချင်းပြန်ပြောလိုက်သည်။
"ဟုတ်"
ထို့နောက်နာရီဝက်လောက်ကြာအောင် စာတွေအပြန်အလှန်ပို့ မိတ်ဆက်စရာမိတ်ဆက်ပြီး တာနဲ့တစ်ပြိုင်နက် ကေသွယ်ဆိုတဲ့ ကောင်မလေးက
"အစ်ကို့မှာ ချစ်သူရှိလားဟင်"
"မရှိပါဘူး ဗျ"
"အဲ့တာဆို ပွင့်ပွင့်လင်းလင်းပဲပြောမယ်နော်"
"ဟုတ်ကဲ့"
"ညီမအစ်ကို့ကိုသဘောကျနေလို့လေ"
"ဗျာ"
"..."
ထို့နောက်သူမလိုင်းပေါ်ကနေဆင်းသွားခဲ့လေသည်။
"ဘယ်သူလဲဟ ဟိုကောင်တွေလာနောက်နေတာလားမသိဘူး"
မယုံကြည်နိုင်လို့ သူမအကောင့်ထဲထပ်ဝင်ကြည့်ပြန်တော့ အကောင့်တုမဟုတ်ပဲပုံတစ်ချို့တင်ထားသည်။
"အကောင့်အစစ်ပဲ...ကျောင်းမှာတစ်ခါမှမမြင်ဖူးပါလား"
သူမရဲ့ပုံလေးတွေသူခဏဝင်ကြည့်လိုက်မိသည်။ ပုံထဲမှာ ဂါဝန်အဖြူလေးနဲ့မှို့ ချစ်ဖို့ကောင်းတဲ့ပုံစံလေးလို့သာသူမြင်မိရင်း သူ့ကိုပလိန်းကြီး ရည်းစားစကားလာပြောသွားတဲ့ထိုကောင်မလေးကို သူသတိကြီးကြီးထားမိသွားလေတော့သည်။
နောက်နေ့ကျောင်းမှာလူချင်းစုံကြတဲ့အခါ သူမကပဲလာနှုတ်ဆက်လေသည်။
"ညီမဟိုတစ်နေ့ကအစ်ကို့ကို လာအပ်ထားတဲ့ ကေသွယ်ဆိုတဲ့တစ်ယောက်ပါ"
သူမဟာ မျက်လုံးရှည်ရှည် မှေးမှေးလေးနဲ့ ပြုံးလိုက်ရင် ကွေးပြီးတက်သွားတဲ့ ပါးစပ်ကျယ်ကျယ် နှုတ်ခမ်းပါးပါးလေးတို့ကို ပိုင်ဆိုင်ထားမှန်းသူအပြင်မှတွေ့ဖူးမှ စသတိထားမိတော့သည်။
"ဪဟုတ်..ညီမတစ်ယောက်ထဲလား"
"သူငယ်ချင်းတွေပါတယ်လေ...ဟိုဘက်မှာ"
"ဪအင်း...ဘာစားမလဲ တစ်ခုခုမှာပါလား"
"ရပါတယ်..မစားတော့ဘူး ဟိုဘက်မှာမှာပြီးသားး...ဒီတိုင်းလာနှုတ်ဆက်တာအပြင်မှာတွေ့ဖူးအောင်လို့လေ...သွားပြီ"
သူခေါင်းသာငြိမ့်ပြလိုက်သည်။
ထို့နောက်ကေသွယ်ဆိုတဲ့ ကောင်မလေးပြန်ထွက်သွားတော့ ကျော်ကျော်ဆိုတဲ့ကောင်ကြီး စပ်ဖြီးဖြီး နဲ့ဝင်ချလာသည်။
"ငါးကောင်ကြီးဟိုနေ့ကပဲအသည်းကွဲ ဒီနေ့ဆော်သစ်လေးနဲ့ ထပ်တွဲအယ့်လယ်မိုက်လှချည်လား"
"အေးမိုက်တယ်လုပ်မနေနဲ့ ငါဆိုင်ကယ်ရသွားပြီမင်းသိလား"
"ဟုတ်လား...အခုပါလား"
"ပါတယ်လေ"
"ဘယ်မှာတုန်း"
"အဆောင်မှာထားခဲ့တယ်"
"ဪအေး...ပြီးရင်ငါလိုက်ကြည့်မယ်လေ၊ ဒါနဲ့ ခုနကဆော်လေးကဘယ်သူတုန်း"
"မနေ့ကငါ့ကိုလာadd ထားတဲ့ကောင်မလေးပါ ငါတို့ထက်တစ်တန်းငယ်တယ်"
"အလန်းလေးနော်....ဝိုက်လိုက်တော့ကွာ"
"လုပ်ပြန်ပြီ ဒီတစ်ခါပါးပါအချခံရမလားမသိဘူး"
"ဟားဟားး...မဝိုက်နဲ့မဝိုက်နဲ့ သေချာမှဝိုက်"
ခဏကြာတော့ သူတို့အဆောင်ကိုလာခဲ့လိုက်ပြီး ဆိုင်ကယ်ထုတ်လိုက်သည်။
"Kawasaki ပဲဟ...အစိမ်းလေးလှတယ်"
"သုတ်ချက်ပဲ"
"အေးပေါ့ဟ..သုတ်မှာပေါ့"
"စမ်းမောင်းကြည့်မလား"
"အေး"
သူနောင်တရခဲ့တဲ့စကားများထဲမှာ စမ်းမောင်းကြည့်မလားဆိုတာလဲပါသည်။
"ရှေ့မှာခွေးးးးဟျောင်...ခွေးး"
"....."
တစ်ဖက်လမ်းက ကားကိုရှောင်ရင်း ခွေးကဖြတ်ကူးတော့ ကျော်ကျော်ရုတ်တရက်ဘရိတ်ကိုအုပ်လိုက်တာ စလစ်ရိုက်ပြီး ဆိုင်ကယ်ကြီးထိုးမှောက်သွားလေတော့သည်။
"ရွှီးးးး"
"ဖုန်းးးး...."
"ခွပ်..."
"ဂျလွတ်..."
"အားးးးး"
"အ..သေပါပြီကွာ"
ထို့နောက် ကျောင်းဆေးခန်းကို ပြန်လာခဲ့ရုံမှအပသူတို့ရွေးချယ်စရာမရှိ။
တစ်ကောင်က ဒူးတွေလက်တွေပွန်းပဲ့စုတ်ပြတ်သွားပြီး နောက်တစ်ကောင်ကတော့ ပွန်းပဲ့ရုံမက လက်ပါကျိုးသွားပြီလားမသိ လက်ကောက်ဝတ်ကြီးလှုပ်လို့မရတော့ပေ။
"အားးအီးးး"
"ဟျောင်...ရလား"
"အေးနာတော့နာနေတယ် ကျိုးသွားတာလားမသိဘူး"
ထို့နောက်ဆရာဝန်လေးရောက်လာပြီးဆေးပေးစရာရှိတာပေး ဆေးခန်းသွားဖို့ ပြောလိုက်သည်။
"အဆစ်လွဲသွားတာနေမှာပါ"
"ဟုတ်ကဲ့ဆရာ"
"ဟိုတစ်ယောက်ကတော့ ပတ်တီးမဖြည်နဲ့ဦးနော်အိမ်ရောက်ရင် ဆေးထပ်လိမ်း"
"ဟုတ်"
ဆရာဝန်ထွက်သွားတဲ့အခါ သူတို့အခန်းထဲကိုကေသွယ်ရောက်ချလာသည်။သတင်းကပြန့်တာမြန်သွားလို့ သူမသိသွားတာဖြစ်မည်။
"အစ်ကိုကောင်းမြတ်"
"ဟင်...ညီမ"
"ဆိုင်ကယ်မှောက်တယ်ဆို"
"အင်း"
"ဘာဖြစ်သွားသေးလဲဟင်....လက်ထိသွားတာလား"
"ဟုတ်တယ်..အဆစ်နည်းနည်းလွဲသွားတာ"
"ဟော..သနားပါတယ်...နာနေမှာပဲလေ"
ဆိုပြီးလက်ကိုကောက်ကိုင်တော့
"အားးးဖြည်းဖြည်းလုပ်ပါ"
"ဪ...ဆောရီးးဆောရီး"
ဆိုပြီးလက်ကိုပြန်ပစ်ချလိုက်သည်။
"ဂေါက်"
"အားးသေပါပြီဗျာ"
"ဟော...ဆောရီး.. ဆောရီးး.ညီမလုပ်မှပိုစိုးကုန်ပြီထင်တယ်"
"ရတယ် ဒီတိုင်းလေးပဲထားလိုက်ပါတော့"
ထို့နောက်လက်လေးကိုဖွဖွလေးကိုင်ပြီး ဖောင်းနေတဲ့နေရာကို ခါးလေးကိုင်းပြီး သူမကြည့်သည်။ထိုအခါ သူမရဲ့နို့လေးနှစ်လုံးကို သူမြင်လိုက်ရသည်။ဘရာအဖြူရောင်လေးပါ အပါပေါ့။
"အဲ"
ဆိုပြီးသူနှစ်စက္ကန့်လောက်ကြည့်ပြီးမှ အကြည့်လွှဲ
လိုက်သည်။သူမကစိတ်ဝင်တစားကြည့်နေသည်။
ဘေးနားက စုတ်ပြတ်သတ်နေတဲ့ ကျော်ကျော်ကိုတော့ ရှိတယ်လို့တောင်သူမ မထင်။ခဏကြာတော့
"အအေးသောက်ဦးမလားအစ်ကို..သွားဝယ်လိုက်မယ်"
"မသောက်တော့ပါဘူး ကျေးဇူးပါ"
"အဲ့တာဆို ညီမသွားလိုက်ဦးမယ်နော် အတန်းရှိလို့လေ"
"ဟုတ်ကဲ့"
ထို့နောက်သူမထွက်သွားတဲ့အခါ ကျော်ကျော်က
"ငါးကောင်တို့များကံကောင်းချက်ကွာ... ဟမ်...လာကြည့်ပေးတဲ့ဆော်လေးနဲ့ ငါ့မှာတော့"
"မင်းဆော်တွေခေါ်လိုက်လေ"
"တစ်ယောက်မှအဲ့လိုလာကြည့်ပေးမယ့်လူမရှိဘူးဟ"
"ဟားဟားး"
ထို့နောက်ကျော်ကျော်ရုပ်တည်ကြီးနဲ့ ပြောသည်။
"ဟျောင်...မင်းသိအောင်ပြောရဦးမယ်"
"အေးဘာလဲ"
"ဟိုနေ့က ငါတို့တွေ့ခဲ့တဲ့ ဘဲကိုငါသိတယ်"
"ဘယ်သူလဲ"
"မင်းအခန်းဘေးက အမကြီးရဲ့ ရည်းစားလားဘာလား...အဲ့တစ်ယောက်ကိုပြောတာ"
"ဪအေး"
"အဲ့ဘဲကို ငါ club မှာတွေ့ဖူးတယ် ခဏခဏပဲ အဲ့နေ့ကသေချာသတိထားပြီးမကြည့်လိုက်လို့"
"ပိုက်ဆံရှိတဲ့ပုံပေါ်ပါတယ် သူလည်း club တွေဘာတွေတက်မှာပေါ့"
"မဟုတ်ဘူး ငါးကောင် ဆော်တွေနဲ့လာတာကွ ဒီတိုင်းလာတာမဟုတ်ဘူး"
"ဟေ...သေချာလို့လား"
"သေချာတယ်ဟ...မယုံရင်မင်းလိုက်ကြည့်မလား"
ထိုမေးခွန်းကိုသူ ပြန်မဖြေနိုင်လောက်အောင် သူ့အတွေးတွေနက်နဲသွားခဲ့သည်။
________________
နောက်နေ့တွေမှာ ကျောင်းတွေထပ်ပြီး မသွားနိုင်အောင် အဖျားကသူ့ကိုနှိပ်စက်လေပြီ။
"အားးးအီးးးး"
ကုတင်ပေါ်မှာစောင်လေးခြုံရင်း အကိုက်အခဲ တွေကြား သူငြီးနေရသည်။အနာတွေအရှိန်ကြောင့် သူဖျားမှာကို ဆရာဝန်ကကြိုသိနေလို့ သူ့ကိုသောက်ဆေးကြိုပေးထားသည်။
ယခုသောက်ထားလို့နည်းနည်းသက်သာသလိုတော့ရှိလာပြီ။
"တီ...တီ..တီ"
"ဟယ်လို"
"ညီမ...ကေသွယ်ပါ"
"ဟုတ်...ပြောညီမ"
"ညီမ အစ်ကို့အိမ်ရှေ့ရောက်နေလို့လေ"
"အယ် ဘာလာလုပ်တာလဲဗျ"
"အစ်ကိုဖျားနေတယ်ဆိုလို့လေ ဒီမှာကြက်သားဆန်ပြုတ်လာပို့တာ"
"ဪ....အားနာစရာကြီးဗျာ"
"အားနာမနေပါနဲ့လေ ဘယ်အထပ်မှာလဲတက်လာခဲ့မယ်"
"နေနေ အစ်ကိုဆင်းလာခဲ့မယ်"
ထို့နောက်သူအောက်ကိုဆင်းပြီးသွားယူလိုက်သည်။သူ့အိမ်နဲ့ဖုန်းနံပါတ်ကို သူမဘယ်လိုသိသွားလဲတော့ သူစဉ်းစားမရ။
"ရော့...ပူတုန်းလေးသောက်လိုက်နော်"
"ဟုတ်ကဲ့ကျေးဇူးပါ...ဒါနဲ့ အိမ်ကဘယ်လိုသိတာလဲ ..ဖုန်းရောပဲ"
"အစ်ကို့သူငယ်ချင်း အစ်ကိုကျော်ကျော်ကိုမေးလိုက်တာလေ...သူဒီနေ့ကျောင်းလာတယ်...အစ်ကိုပဲမလာတာအဲ့တာကြောင့် ဘာဖြစ်လို့လဲလို့မေးတော့ ဖျားနေတာတဲ့....အဲ့တာကြောင့်လာပို့တာလေ"
"ဪဟုတ်..ဟုတ်"
ထို့နောက်သူမကတာ့တာပြပြီး ပြန်ထွက်သွားတဲ့အခါ
သူလည်းတာ့တာပြန်ပြလိုက်သည်။
ထိုမြင်ကွင်းကို အပေါ်ထပ်ဝန်ရံတာကနေ အသေအချာကြည့်နေတဲ့သူကတော့ ဆုရီပန်ပန်။
Advertisement
- In Serial59 Chapters
Splattered Paint - Dan Howell
Darcy Thompson, kidnapped for four years. The painter, orphan, with memories haunting her from the back of her mind. But when she finally snaps, paint will splatter, hearts will be broken and a new life ruined. Can a young man and his friend with matching fringes help Darcy rebuild her life? Start again, a new beginning. Who will mend her, and who will break her?
8 103 - In Serial26 Chapters
I Fell in Love with the Bad Boy
*WARNING: Cliche and cringy story ahead Elora, aka Ellie, is a normal 17 year old and a typical good girl/nerd, and everyone totally loves her. She's always lost in her own world, easy-going, clumsy, and carefree, and doesn't even glance at a person when she passes them. But what happens when the Nerd meets the School's totally irresistible Bad boy who isn't exactly a bad boy from the inside? Does she finally find someone worth her feelings? Or is he just like her worst nightmare, her ex-boyfriend, who's left her with unwanted memories that still haunt her up to this day? Read another cliché story of a bad boy and a good girl.
8 424 - In Serial36 Chapters
Silver Silence
Siles follows the Queen like a shadow, protecting her from the many dangers that arise from ruling a treacherous hierarchy of magicians. He doesn't have magic like the other members of the ruling class, but his ability to resist their magic allows him to enjoy their luxurious lifestyle.After the Queen's death, a new magician with an almost obsessive interest in Siles takes her place. Meanwhile, a commoner rebellion begins to build that, for the first time, Siles might not be able to or want to suppress.
8 303 - In Serial29 Chapters
Into the Dark (Completed)
It was dark until he lit the match. I thought he was lighting the way, but little did I know he was leading me to my death.****Luna Ludwig is one of the most average girls that you will ever meet.Tate Marks is one of the most dangerous guys that you will ever meet.They hate each other right away. They fight. They prank each other. They are just plain mean.When Luna's ex moves back into town... well let's just say all men are territorial, even over their enemy.Gangs, Lust. Betrayal, and Secrets lead to someone's untimely death.
8 420 - In Serial43 Chapters
The Marrying of ZIM
Can you learn to love someone that is the complete opposite of what you consider your type? Zim's life gets flipped upside down when her parents decided on an arranged marriage.
8 270 - In Serial57 Chapters
Kingly Desire (BWWM) (on hiatus)
A story in which a king becomes infatuated with a young girl who is supposed to serve solely as the queen's womb.
8 285

