《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 9 (💙🥃💔)
Advertisement
"ကောင်းမြတ်လို့ ခေါ်တာလား...ဟိဟိ"
"ကိုကြီးကောင်းမြတ်ဟဲ့...ငါတို့ထက်တစ်တန်းကြီးတယ်"
"ဪ...အဲ့တာဆိုကိုကြီးပေါ့"
"နင်..နင်"
"နင်ထင်တာမှန်တယ်"
ကျောင်းရဲ့ အနောက်ဘက်ရှိ တောအုပ်ထဲကို လူသွားလမ်းလေးဖောက်ထားသည်။ထိုလမ်းဘေးက အုတ်ခုံလေးမှာထိုင်ရင် ကျောင်းသူနှစ်ယောက်စကားပြောနေကြခြင်းပင်ဖြစ်သည်။
"သူအကောင့်လေးရှာကြည့်ရင်ကောင်းမလား"
"ရှာကြည့်ပေါ့"
ဖုန်းထုတ်လိုက်သည်။
"တွေ့လားး"
"တွေ့ပြီ...ဟော....profile ကခွေးပုံကြီးနဲ့"
"ဝင်ကြည့်လိုက်လေ"
"မှန်တယ်....ဒါသူ့အကောင့်ပဲ"
ဖုန်းကိုသေချာကြည့်ကာ ပြုံးစိစိဖြစ်နေတဲ့ ကေသွယ်ဝတီ့ ကို သူ့သူငယ်ချင်းကကြည့်မရတော့ပဲ
"နင်တော်တော်ဖြစ်နေပြီလား"
"ဖြစ်နေပြီဟာ...မရတော့ဘူးး...ခိခိ...စတာပါ..အဲ့လောက်လည်းမချောသေးပါဘူး"
"ချောတာတော့ချောပါတယ်....ဒါပေမယ့်သူက ကျော်ကျော်ဆိုတဲ့တစ်ယောက်နဲ့ပေါင်းတာ"
"အဲ့တာဆိုတော့"
"အဲ့ကျော်ကျော်ဆိုတဲ့ဘဲကြီးက womanizer ကြီး"
"အဲ့တာဘာကိုပြောတာလဲ"
"စော်ရှုပ်တယ်...စားဘဲကြီးလို့ပြောတာ"
"ဟော...သူငယ်ချင်းဖြစ်တိုင်း တူချင်မှတူမှာလေ...သူ့ပုံစံကတော့အနေအေးမယ့်ပုံပဲလေ"
"မဟုတ်ပါဘူး..ငါကသိအောင်ပြောပြထားတာ"
"ဟုတ်ပါပြီ...ချင်းဂူးရယ်ငါနားလည်ပါတယ် ငါ့သူငယ်ချင်းရဲ့စေတနာတွေကိုလေ"
ပူလောင်အိုက်စက်နေတဲ့ နေ့တွေဖြတ်သန်းပြီးတဲ့ မိုးအုံ့အုံ့လေးနဲ့ ချမ်းအေးစရာနေ့တွေစဖြတ်သန်းရတော့မည့်အလား ကောင်းကင်ကြီးတစ်ခွင်မဲ မှောင်လို့နေသည်။
_________________
ပြတင်းပေါက်အပြင်ဘက်မှာ မိုးတိမ်တွေညိုမဲလို့ ။ရေနည်းနည်းသာထည့်ထားတဲ့
၊ ခါးတူးနေတဲ့ ကော်ဖီပူပူကြီးကို မမှုတ်ပဲသူသောက်ချပစ်လိုက်သည်။
ကြမ်းတမ်းတဲ့ လေပြင်းတစ်ချက်ကဝှေ့ကနဲ တိုက်ခတ်သွားတော့ အရှေ့က သစ်ပင်ကြီးကသစ်ရွက်တွေတရှပ်ရှပ် မြည်ပြီးလှုပ်ခတ်သွားခဲ့သည်။
ပြတင်းပေါက်နားမှာ ခုံလေးတစ်လုံးချပြီးထိုင်နေတဲ့ ကောင်းမြတ်တစ်ယောက်ဟာ တွေး...ဆွေး...ငေးလျက်။
'တကယ်နားမလည်တော့ဘူးကွာ'
သစ်ရွက်လှုပ်လို့ရင်ခုန်တတ်တဲ့ အရွယ်လည်းကျော်လာပြီ။သစ်ပင်ကြီးတစ်ပင်လုံးပြိုလဲသွားလို့ ရင်ခုန်ခြင်းမျိုးနဲ့ ရင်ခုန်ခဲ့ရတဲ့သူ့အဖို့ ယခုအငြင်းခံလိုက်ရသည်က အိပ်မရညတွေ တိုးသည်ထက် တိုးလာခဲ့ခြင်းရဲ့အကြောင်းပြချက်တစ်ခုပင်။
'ငါထင်ထားတာအကုန်လွဲနေခဲ့တာပဲ....အစကတည်းကသူငါ့ကို....ဟူးးး'
အခုဆို ဆုရီ သူ့အခန်းကိုမလာတော့တာ တစ်ပတ်ကျော်လာခဲ့လေပြီ။ဟိုနေ့ညကခါးသီးတဲ့အနမ်းတစ်ချို့ကတော့ သူ့နှုတ်ဖျားပေါ်မှာ ဆွဲကျန်ရစ်လို့နေဆဲ။
ခဏကြာတော့အိမ်ရှေ့ခန်းက ခုံပေါ်ကိုပက်လက်လှန်အိပ်လိုက်ပြီး နားကျပ်တပ်ကာ အကောင်းဆုံးအဆွေးသီချင်းများဆိုတဲ့ playlist လေးကိုနှိပ်လိုက်သည်။
__________________________
ညနေပြန်နိုးလာတော့....
စိတ်ညစ်စရာ အတွေးတွေက ချက်ချင်းဝင်လာတဲ့အခါ ကော်ဖီထက်ခါးတဲ့ အရာကိုသူတောင့်တလာမိတော့သည်။ဖုန်းထဲက contact တစ်ခုကိုနှိပ်ပြီး ဆက်လိုက်ပြီးတဲ့အခါ
"ဟယ်လို.."
"ဒီညအရက်သွားသောက်ရအောင်"
"ဟေ...ဘယ်လိုဖြစ်လို့လဲ"
"ရောက်မှပြောပြမယ်ကွာ"
______________________
မကြာခင်ပဲ ကျော်ကျော်ကားနဲ့ရောက်ချလာပြီး သူတို့ထိုင်နေကြ bar တစ်ခုကိုခေါ်သွားသည်။
ရှေ့မှာ whisky တစ်ခွက် လာချသည်အထိဘာမှမပြောသေးတဲ့ကောင်းမြတ်ကို ကျော်ကျော်စိတ်မရှည်တော့ပဲမေးလေသည်။
"မင်းကြည့်ရတာလည်းစိတ်မချမ်းသာလိုက်တာ..ဘာဖြစ်နေတာလဲ"
"အေးးကွာ.."
"အိမ်းး...ကြည့်ရတာငါးကောင်ကြီးအသည်းကွဲလာပြီထင်တယ်...ချ...အရင်ချလိုက်ပြီးမှပြောစရာရှိတာဆက်ပြော"
"အေးကွာ"
အရည်လေးတစ်ခွက်နှစ်ခွက်ဝင်လာတဲ့အခါ ကောင်းမြတ် စကားလေးတော့နည်းနည်းသွက်လာသည်။
"မင်းဘေးအခန်းကအမကြီးအကြောင်းလား"
"အေးဟုတ်တယ် သားကြီးရေ..ဟုတ်တယ်"
"ဘာဖြစ်လို့လဲ အဆင်ပြေနေပြီဆို"
"မပြောချင်တော့ပါဘူးကွာ"
စကားကထွက်မလာသေး။
ထို့နောက် အရည်လေးဆယ်ခွက်လောက်ဝင်သွားတော့မှ စကားသွက်ရုံတင်မက ဒလဟောရင်ဖွင့်ချလိုက်တော့သည်။
"ငါလည်းမသိဘူးလေကွာ..ငါ့ကိုအထာပေးနေပြီထင်တာပေါ့ကွ...မင်းဆိုရင်လည်းငါ့နေရာ...မှာအဲ့လိုလုပ်မိမှာပဲ"
"ဟုတ်တယ်မှန်တယ် ငါးကောင်မင်းမှန်တယ်"
"ဒဏ်ရာတွေလာပေးသွားတယ်ကွာ..."
ထို့နောက် နောက်တစ်ခွက်ထပ်မော့လိုက်သည်။
"ငါ့ဆီမလာတာတစ်ပတ်တောင်ရှိပြီကွာ...
မနက်ဆိုဝန်ရံတာကထွက်ကြည့်ရင်တော့တွေ့တယ် ငါစကားသွားမပြောတာ"
ထို့နောက်ကျော်ကျော်က မျက်မှောင်ကြီးကျုံ့ကာ အသေအချာစဉ်းစားလိုက်ပြီး
"kissing မဆွဲခင်မင်းသွားရောတိုက်ထားရဲ့လား"
"အာ..ပူရှိန်းပီကေပါဝါးထားတာ.....အေ့...."
"ငါ့အထင် စောများစောသွားလားမသိဘူး"
"မစောပါဘူးကွာ...အဲ့တုန်းက ည၁၂ခွဲကျော်နေပြီကွ"
"နွားရေ...ဇာတ်လမ်းစပြီး သွားနမ်းပစ်လိုက်တာ စောသွားလာမသိဘူးပြောတာဟ"
"မင်းပဲငါ့ကို လုပ်...ချ...ဆို"
"ငါ့အပြစ်တွေလည်းမကင်းပါဘူး...လာလာ...ကြေကွဲလူငယ်လေးမောင်ကောင်းမြတ်အတွက်...ချီးယားစ်"
"ချီးယားစ်"
"တိန်"
"ဂလု...ဂလု...ဂလု"
"ဂလု"
ထို့နောက်ကျော်ကျော်က သူ့ဖုန်းထဲကကောင်းမြတ်နာမည်နဲ့ contact ကို *ကြေကွဲလူငယ်* လို့ပြောင်းထားလိုက်သည်။
"ဒီမှာပြောင်းလိုက်ပြီ"
"ဟျောင်...မင်းမစနဲ့ကွာ...ငါငိုချင်လာပြီ"
"ဟားးးးဟားးး"
"ဟားဟားးးး"
တစ်ယောက်နဲ့တစ်ယောက်အတိုင်ဖောက်ညီညီနောက်ပြောင်ရင်းက အတည်ပေါက်ကြီးနဲ့ ကောင်းမြတ်ကထမေးပြန်သည်။
"အေ့...သူ့ကိုငါ ပြန်သွားတောင်းပန်ရင်ကောင်းမယ်ထင်တယ်"
"ကောင်းတယ်...ဒါမှအခြေအနေတွေ ထပ်မဆိုးမှာ...လမ်းတွေ့ရင်လည်းမျက်နာပူစရာဖြစ်မယ်...အကျိုးအကြောင်းပြောပြပြီး ပြန်သွားတောင်းပန်လိုက်"
"အေး"
_________________________
မူးကွဲနေအောင်သောက်ပြီး လမ်းမှာတောက်လျှောက်အန်လာတဲ့ ကောင်းမြတ်တစ်ယောက် အိမ်ရောက်တာတောင် မနိုးသေးပဲ ကားပေါ်မှာ ကျိုးနေတုန်း။
"ဟျောင်...ရောက်ပြီ"
"......ဟေ...အေးး"
မျက်လုံးက မှေးစင်းနေတာကို အတင်းအားပြုပြီး ဖွင့်လိုက်တဲ့အခါ သူ့ရှေ့မှာမြင်လိုက်ရတာက...
အဖြူရောင် BMW ကားလေးတစ်စီးပေါ်ကဆင်းလာတဲ့ လူနှစ်ယောက်။
တစ်ယောက်ကတော့ သူ့ကိုအခုလိုမူးရူးစေခြင်းရဲ့တရားခံ......ဆုရီပန်ပန်။
နောက်တစ်ယောက်ကတော့ သူ့ကိုထပ်မူးရူးကွဲပြဲလောက် ထပ်လုပ်မယ့်သူပေါ့။သူမ အသက်အရွယ်ဝန်းကျင်လောက်ရှိမယ့် အမျိုးသားတစ်ယောက်။ရုံးဝတ်စုံကို ကျကျနနဝတ်ထားပြီး ရည်လည်းသန့်သန့်ပြန့်ပြန့်ရှိသည်။
"ရှေ့က သူမှတ်လား.."
"အေးဟုတ်တယ်.."
မှေးနေတဲ့မျက်လုံးများကိုကျယ်သွားစေတဲ့ မြင်ကွင်းဟာတစ်ခြားတော့မဟုတ်....
"ဟာ..."
ထိုအမျိုးသားက ဆုရီရဲ့နှုတ်ခမ်းကို တစ်ချက် နမ်းကာနှုတ်ဆက်လိုက်ခြင်းပင်ဖြစ်လေသည်။ထို့နောက်သူတို့နှစ်ယောက်စကားတွေ ပြောနေတာကို ကားထဲကနေ ကောင်းမြတ်ရော ကျော်ကျော်ရောမြင်နေရသည်။
"အဆင်ပြေရဲ့လား"
"ပြေပါတယ်"
"ငါလိုက်ပို့ပေးရဦးမလား အပေါ်ကို"
"ရတယ်...နေနေ...ငါ့ဘာသာဖြည်းဖြည်းချင်းတက်သွားလိုက်မယ်"
ထို့နောက် ဆုရီနဲ့ ထိုအမျိုးသားတို့ဘက်ကိုလှည့်မကြည့်ပဲ သူတက်လာခဲ့တော့သည်။
ကျော်ကျော်ကလည်းကိစ္စပြီးပြီမို့ပြန်ဖို့ ကားကိုအကွေ့မှာ ကောင်းမြတ်ရဲ့အဖေဖြစ်သူရဲ့ကားလည်းရပ်ထားကို အမှတ်မထင်သွားတွေ့လိုက်ရသည်။
"အ...သောက်ပြဿနာတွေတော့ကြီးပြီးး"
ဆိုပြီးတစ်ချက်ပြောကာမောင်းထွက်သွားတော့သည်။
____________________
ခုနကတွေ့ခဲ့တဲ့မြင်ကွင်းကြောင့် ရင်ထဲမှာဗလောင်ဆူပြီး လှေကားကနေတက်လာတဲ့ ကောင်းမြတ်တစ်ယောက်....အခန်းဝမှာရပ်နေတဲ့ သူ့အဖေကိုတွေ့သွားတဲ့အခါ...
"ဟင်...မလာစဖူးအထူးဆန်းပါလား"
"ပြန်လာပြီလား...မင်းကိုငါဖုန်းတွေခေါ်နေတာ ညနေကတည်းက...ဘာလို့မကိုင်လဲ"
သူ့အဖေမေးတာကိုပြန်မဖြေပဲ ပြန်မေးလိုက်သည်။
"ဘယ်အချိန်ထဲကရောက်နေတာလဲ"
ထို့နောက်အရက်နံ့က ထောင်းခနဲထွက်လာတော့ သူ့အဖေဖြစ်သူ ဒေါသကလည်းထောင်းခနဲထွက်သွားသည်။
"သောက်လာတာလား..မင်း"
"အင်း...နည်းနည်းပါ"
"ငါ့လက်အောက်ကလွတ်တာနဲ့ ပျက်စီးချင်တိုင်းပျက်စီးနေတာပေါ့ဟုတ်လား....မင်းအချိန်ပြည့်ဒီလိုပဲမူးနေတာလား"
ထိုအခါ တစ်နေ့လုံးစိတ်ညစ်စရာ တွေပဲကြုံလာရတဲ့ ကောင်းမြတ်မှာ သူ့အဖေကိုကောင်းမွန်စွာ ပြန်ပြောနိုင်ဖို့မလွယ်တော့ပေ။
"အဖေ့လက်အောက်ကလွတ်အောင် အဖေပဲလုပ်ခဲ့တာပဲလေ...အခုမှတော့နောင်တရမနေနဲ့တော့..ကျွန်တော့်ဘာသာ မူးချင်မူး ရူးချင်ရူးမယ် အဖေနဲ့မဆိုင်ဘူး"
"ခွပ်"
ခနဲဆိုလက်သီးတစ်ချက်က စကားဆုံးတာနဲ့လျှင်မြန်စွာ ဝင်သွားခဲ့သည်။
"အ"
ဆိုပြီးကောင်းမြတ်ပစ်လဲကျသွားသည်။
အောက်ကတက်လာတဲ့ ဆုရီလည်း သူအထိုးခံလိုက်ရတာကိုတွေ့လိုက်ရလေသည်။
"ရော့...ဆိုင်ကယ်သော့လာပေးတာ...မနက်ကျရင်ဦးသောင်းတို့ခြံထဲမှာသွားကြည့်လိုက်"
ဆိုပြီးသူ့ရင်ဘတ်ပေါ်ကို ဆိုင်ကယ်သော့ပစ်ချပေးကာသူ့အဖေကပြန်ဆင်းအလာ လှေကားမှာ ခေါင်းလေးငုံ့ကာရပ်နေတဲ့ ဆုရီကိုတွေ့သွားသည်။ထို့နောက်ဆက်ဆင်းသွားသည်။
"အ...ကျွတ်...ကျွတ်"
ကုန်းရုံးထပြီးဆိုင်ကယ်သော့ကို သူကျစ်ကျစ်ပါအောင်ဆုပ်လိုက်သည်။ထို့နောက်အခန်းထဲကိုသာ ဝင်လာခဲ့လိုက်တော့သည်။
တံခါးတောင်သော့မခတ်လိုက်မိခဲ့။
သူအဖေကအောက်ပြန်ရောက်တဲ့အခါ ကားထဲကိုဝင်လိုက်တော့ ကားထဲကဒရိုင်ဘာက...
"အဆင်ပြေလား ကိုသိန်းအောင်"
"တစ်ချက်ဆွဲထိုးပေးခဲ့တယ်"
"ဗျာ"
"ကဲမောင်းတော့ဗျာ ကျွန်တော်နားချင်ပြီ"
"ဟုတ်ကဲ့"
_________________________
ညသန်းခေါင်းယံ.....
တစ်ဝက်သာရှိတဲ့ လခြမ်းလေးက အပါ်စီးကနေတစ်နိုင်တစ်ပိုင်လေး အလင်းပေးနေတဲ့အချိန်.......
အိမ်ရှေ့ခန်းထဲမှာ အဝတ်အစားတောင်မလဲနိုင်ပဲ ပလပ်ကျွတ်နေတဲ့ကောင်းမြတ်တစ်ယောက် တော့ ဆင်အော်တောင်နိုးမည်မထင်။
လူပင်ပန်းစိတ်ပင်ပန်း နဲ့ဟောက်ပြီးခုံကြီးပေါ်မှာအိပ်ပျော်နေသည်။
"ချလောက်.....ကျွီ....."
ထိုစဉ်တံခါးကိုအသာယာလေးဖွင့်ပြီး သူမဝင်လာသည်။ထို့နောက်သူမ ကောင်းမြတ်ဘေးနားလေး ဆောင့်ကြောင့်လေးဝင်ထိုင်လိုက်သည်။
သူမကသူ့ကို သေချာကြည့်နေသည်။သူ့ရဲ့ဆံပင်လေးတွေကို အသာလေးပွတ်သပ်ကာ မျက်လုံးပေါ်အုပ်နေတဲ့ ဆံပင်တစ်ချို့ကိုဖယ်လိုက်သည်။
"ခူးးးးး....ခေါ"
မျက်လုံးအောက်က အထိုးခံထားရလို့ရောင်နေတဲ့ ဒဏ်ရာလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်နေမိသည်။သို့ပေမယ့်လည်း သူမဘာမှမလုပ်ပေးနိုင်ပေ။
၁၀ မိနစ်လောက်သူ့ကိုထိုင်ကြည့်လို့အပြီးမှာတော့ သူမလည်းထလာပြီး တံခါးအသာလေးပြန်ပိတ်ကာ ပြန်ထွက်သွားတော့သည်။
"ကျွီ.....ချလောက်"
____________________________
နာရီကိုတစ်ချက်ကြည့်လိုက်တော့ သူ့ကိုပဲလိမ်နေသလိုလို။၁၁နာရီတဲ့လေ။အပြင်မှာမိုးကအုံ့နေတော့ မနက်အစောကြီးလို မှုန်ဝါးဝါးနဲ့။
"အားးးး"
ခနဲ တိုးငြင်းစွာအော်လိုက်ပြီး ခေါင်းကိုတစ်ချက်ကိုင်မိလိုက်သည်။ပတ်ဝန်းကျင်နဲ့ လိုက်ဖက်သည်ဟုပြောရမလား သူ့ပုံစံကလည်းငြင်းသိုးသိုးနဲ့။
ဘေးမှာချထားတဲ့ဖုန်းကိုယူပြီး ဆုရီပန်ပန်ဆိုတဲ့နာမည်နဲ့အကောင့်ကို သူလိုက်ရှာကြည့်မိသည်။
"ဪ.....မနေ့ကတွေ့ခဲ့တာမမှားဘူးပဲ"
သူမရဲ့ profile ထဲကပုံတစ်ချို့ကိုသူတွေ့လိုက်မှပဲ သူမမှာရည်စားရှိမှန်းသူအတည်ပြုနိုင်တော့သည်။
In a relationship ဆိုတဲ့စာတန်းလေးကသူ့ကိုဘယ်တုန်းကမှ အခုထက်ပိုပြီးမနာကျင်စေခဲ့ဘူးပေ။
Advertisement
- In Serial10 Chapters
The Princess And The Demon
Warning: This book contains mature content
8 148 - In Serial15 Chapters
My Little Sunshine
Adam Levinson was the CEO of a big corporation which dealt in a number of different businesses. Behind the rushing and flourishing business, was his hard work. But his life was monotonous, without any kind of enjoyment. He spent his days handling meetings and the usual office work. That was all he did. He never got to understand the true meaning of how to live his life… until a girl stumbled into his life, turning his world upside down. Stella Martin, a girl who applied to be his assistant, somehow managed to charm her way into his heart, but will they be able to live a happy life together? Join them on their emotional rollercoaster ride as they unfold some secrets related to their pasts and how Adam helps Stella to get back everything which was supposed to be hers in the first place.
8 137 - In Serial15 Chapters
Musings
This is being used as a place to post, some thoughts of mine, mostly old stuff from my past, my feelings or observations or just fiction (most likely fiction). It most likely will not take normal story format and I am sure this site will let me know if that outside the lines.
8 162 - In Serial58 Chapters
Breathe Princess (Daryl Dixon Love Story)
Growing up with health problems in a normal world is hard, but it's even harder when medicine is lacking and people are pretty much gone. Annora has never found it easy to breathe, but a certain crossbow wielding redneck makes it just that little bit harder.
8 183 - In Serial41 Chapters
Onyx Blues (Completed)
(THIS IS A MAFIA STORY)Onyx Smit was living with his uncle until he royally messed up. Forced to be placed in the care of his real father, he was shipped off to a boarding school; a well known school known for the students from elite families.Due to personal problems Onyx knew he had to lay low, but when he ends up having to room with the king of the school, who's actions are unpredictable, things don't go as planned.(BXB STORY)(WILL BE SMUT AFTER CH 22)
8 171 - In Serial35 Chapters
The Spanish teacher (gxg)
*** before you read***this book has mention of drug abuse, abusive relationships, suicide and rape that might trigger viewers.The 18 year old Rachel is having a hard time. She's in a very toxic relationship and to cope with everything she's drawn to drugs. After spring break she gets a new Spanish teacher who completely turns her world around. A forbidden love that changes everything for both women. Will they choose love?[drugs, abuse, sexual assault, depression, heavy language]there is smut.best rankings: #2 forbidden love#1 forbidden#1 student#1 depression#1 miss#2 school#1 women#1 drugs#1 teenromancegxg & teacherxstudent[completed]
8 85

