《အိမ်မက်မဟုတ်သောအိမ်မက်》Chapter - 8(🍿🍻😢)
Advertisement
ရေပွက်ပွက်ဆူနေတဲ့ အိုးလေးထဲမှာ အသားလုံးလေးတွေ ပေါလောပေါ်နေသည်။
ဆုရီကအသားတစ်ချို့ကိုယူပြီးခဏအအေးခံထားသည်။ထို့နောက် ကောင်းမြတ်ရဲ့ပန်းကန်ထဲကိုထည့်ပေးသည်။
"အမလည်းစားလေ"
"အင်း..စားပါတယ်"
လို့ဖြေလိုက်ပေမယ့် လည်းအသားတော်တော်များများသူ့ကိုသာထည့်ပေးနေသည်။ထို့အပြင် အသားထုတ်တွေကိုလည်း အကုန်သူမပဲခွာပေးကပြုတ်ပေးနေတဲ့အတွက် မသိရင် ကောင်းမြတ်ကပဲ ဧည့်သည်ပြန်ဖြစ်သွားသလိုလို။
"အမ.."
"ဟင်"
"ကျွန်တော်ကဧည့်သည်ပြန်ဖြစ်နေပြီ"
"ဪ...ဟီးးးဟီး"
"အမစားပါကျွန်တော်က ဗိုက်သိပ်မဆာသေးဘူး"
ထို့နောက်သူမကမေးသည်။
"ကောင်းမြတ် ဒီမှာနေတာကြာပြီလား"
"အင်း...တစ်နှစ်နီးပါးလောက်တော့ရှိပီပေါ့"
"တကယ်"
"အင်းလေ"
"တစ်ယောက်ထဲနေရတော့ မပျင်းဘူးလား"
"ပျင်းတာပေါ့ဗျာ...ဒါပေမယ့်အခုတော့သိပ်မပျင်းတော့ဘူးလေ"
"ဘာလို့လဲ"
လို့သူမကမေးတော့
'အမရောက်လာလို့လေ..'
လို့သူကပြန်ဖြေလိုက်ချင်သည်။သို့ပေမယ့်လည်းကြည့်ကောင်းအောင်သာပြန်ဖြေလိုက်သည်။
"နေသားကျသွားလို့ဖြစ်မှာပါ"
"အင်းပေါ့...ကြာလာတော့လည်းတစ်ယောက်တည်းနေတတ်သွားမှာပေါ့...ဟိုတစ်နေ့က ကောင်းမြတ်ရဲ့သူငယ်ချင်းကရော လာလာမအိပ်ဘူးလား"
"ကျော်ကျော်လား"
"အင်း..ဟိုနေ့ကလေ"
"သူကအဲ့နေ့ကမှ ပထမဆုံးလာအိပ်ဖူးတာ...သူက
ကျောင်းပြောင်းလာတာလေ...အရင်ကဒီမှာမနေဘူး"
"ဪ....အဲ့တာဆိုကျောင်းကတစ်ခြားသူငယ်ချင်းတွေရောမလာကြဘူးလား"
"အင်းးးသူတို့ကလည်း ဂိမ်းပဲဆော့ကြတာများပါတယ် တစ်ခါတစ်လေမှလာတာပါ...ရှားပါတယ်"
သူမရဲ့မေးခွန်းတွေဖြေပြီးတော့ သူ့ရဲ့မေးခွန်း တွေပြန်ဖြေရတော့မယ့် အလှည့်ရောက်ပြီလို့ ကောင်းမြတ်တွေးရင်းစမေးလေသည်။
"အမ..ညနေဘက်တွေစက်ဘီးထွက်စီးတယ်နော်"
"အင်း...စီးတယ်လေ"
"ညနေဘက်တွေပဲစီးတာလား"
"ဟုတ်တယ်..မနက်ပိုင်းက စောစောထဖြစ်မှစီးချင်တာ...စောစောကလည်းမထဖြစ်တာများတယ်လေ နေဖင်ထိုးမှထနေကျဆိုတော့...ဟီးးဟီးး"
ဆုရီလွှတ်ခနဲ ပြောလိုက်တဲ့ "နေဖင်ထိုးတယ်" ဆိုတဲ့စကားလုံးလေးကို ကောင်းမြတ်က သွားပုံဖော်မိသည်။
သူမ ဖင်ပြောင်လေးနဲ့အိပ်နေတာကို နေထိုးလိုက်လို့ကတော့ ပြောင်ပြောင်လက်လက်လေးနဲ့ တော်တော်လှပြီး ကြည့်ကောင်းမှာပဲဆိုပြီးမြင်ယောင်မိလိုက်ခြင်းပင်။
'အဟိ...တော်တော်လှမှာ...အဲ...ဘာတွေတွေးမိနေတာလဲ'
ထို့နောက်စကားဆက်သည်။
"အဲ့တာ စီးပြီးဘယ်အချိန်လောက်မှပြန်လဲ"
"ည၆လောက်ဆိုပြန်ပြီလေ..၅ခွဲလောက်ကစတယ်..နာရီဝက်လောက်ပေါ့"
"၆နာရီဆို ဟိုဘက်ရပ်ကွက်လမ်းတွေကနည်းနည်းအန္တာရယ်များတယ်..အမရဲ့..မှောင်ပြီဆိုတာနဲ့ အဲ့မှာအလုအယက်တွေပေါတယ်.."
"ဟုတ်လား.."
"အင်း...သူခိုးဂျပိုးတွေ အလစ်သုတ်တဲ့သူတွေပေါလာတယ်အခုတလော"
"ကောင်းမြတ်က..အမကိုတစ်ခုခုဖြစ်မှာစိုးရိမ်လို့လား"
"အဲ"
သူ့ကအသေအချာကြီးပြောနေတော့ သူမကအနည်းငယ်ရိပ်မိသလိုဖြစ်ပြီး ထိုသို့မေးသည်။ထိုအခါ.
"စိုးရိမ်ပါတယ်...စိုးရိမ်တယ်ဆိုတာက ကျွန်တော်ကဒီမှာနေတာကြာလာတော့ သတင်းတွေကြားလို့ပါ"
"ဪ...အင်းအင်း အဲ့တာဆို စောစောပြန်တာကောင်းမယ်နော်"
"ဟုတ်တယ်အဲ့တာကောင်းတယ်"
ထို့နောက်စကားစပြတ်သွားပြီး အအေးခံထားတဲ့ အသားလုံးတွေကို ခေါက်ဆွဲနဲ့ရောကာ သူတို့နှစ်ယောက် စားလိုက်ကြသည်။
ထိုစဉ်
"တီ...တီ"
စားပွဲပေါ်က ဆုရီရဲ့ဖုန်းသံမြည်လာသည်။ထိုအခါ သူမကဖုန်းကိုလှမ်းယူလိုက်ပြီး တစ်ချက်ကြည့်လိုက်သည်။ထို့နောက်မျက်နာတစ်ချက်ပျက်သွားပြီး အသံပိတ်ကာ ပြန်ချထားလိုက်သည်။
ထိုအရာကို ခေါက်ဆွဲစားနေရင်းတန်းလန်း နဲ့ ကောင်းမြတ်မသိမသာရှိုးနေသည်။
'ဘယ်သူ့ဖုန်းပါလိမ့်'
အရေးမကြီးလို့မကိုင်တာပဲဖြစ်မှာပါလေ ဆိုပြီး
သူအဲ့အကြောင်းကိုဆက်မတွေးဖြစ်တော့ပေ။
____________________
"တာ့တာနော်"
"ဟုတ်.."
စားသောက်ပြီးသွားတဲ့အခါ သူမအခန်းထဲကိုပြန်သွားဖို့လုပ်သည်။အဝမှာ တာ့တာပြတော့ သူလည်းပြန်ပြလိုက်သည်။ထိုစဉ် ကောင်းမြတ်က
"အမ"
"ရှင်"
"ဟိုလေ...နောက်ရုပ်ရှင်..ကျွန်တော်နဲ့..အဲ"
စိတ်လှုပ်ရှားပြီးထွက်လာတဲ့ သူ့စကားတွေထစ်ထစ်ငေါ့ငေါ့။သူမကို ရုပ်ရှင်ကြည့်ဖို့ခေါ် နေခြင်းဖြစ်သည်။
"နောက်နေ့တွေရုပ်ရှင်လာကြည့်ပါလား.."
"ကောင်းမြတ်ဆီမှာလား"
"ဟုတ် ကျွန်တော် netflix ကစီးရီးအသစ်တွေတွေ့ထားလို့..အမပျင်းတယ်ဆိုမှပါ"
ထို့နောက်သူမ စက္ကန့်အနည်းငယ်လောက် နည်းနည်းစဉ်းစားလိုက်သေးသည်။ပြီးမှ
"အင်းလာခဲ့မယ်...ဒီနေ့အတွက်လည်းကျေးဇူးနော်"
လို့ပြန်ပြောလိုက်သည်။
"ဟုတ်..အမ"
ထို့နောက် နှုတ်ဆက်ပြီးတဲ့အခါ တံခါးလေးကိုဖြည်းဖြည်းချင်းပြန်ပိတ်လိုက်သည်။
ပိတ်ပြီးတာနဲ့တစ်ပြိုင်နက်
"ရေးးးးးးးး"
ဆိုပြီး ခုန်ကာတိုးတိုးလေးအော်လိုက်မိသည်အထိ သူဝမ်းသာသွားသည်။
____________________________________
ချိန်ခွင်ရဲ့ဟိုဘက်ဒီဘက် ဘယ်ဘက်သာမလဲ သူအဖြေရှာရင်း တဖြည်းဖြည်းတော့ ရုပ်လုံးပေါ်လာခဲ့ပြီ။
ကောင်းမြတ်ကိုဆုရီပန်ပန်လည်း ကြိုက်နေတာသေချာသလောက်ရှိပြီဆိုတဲ့ အဖြေအတွက် သက်သေကိုပြပါဆိုလျှင် ညတိုင်းနီးပါး သူ့ဆီကိုရုပ်ရှင်လာလာကြည့်ခြင်းကိုပြရလိမ့်မည်။ထို့အပြင်...
"ဒီကားကောင်းမယ်ထင်တယ်နော်..အမ"
"အဲ့တာသရဲကားကြီးလား"
"အင်းလေ..သရဲဆိုပေမယ့် ကြောက်စရာမကောင်းလောက်ပါဘူး.."
"..."
"အမကြောက်တတ်လို့လား"
"နည်းနည်းပါ....ရပါတယ်ကောင်းမြတ်ကြည့်ချင်ကြည့်လေ"
"ဟုတ်"
ဆိုပြီးဖွင့်ကြည့်ပြီးတဲ့နောက် တောက်လျှောက်မျက်လုံးကိုလက်ကြီးနဲ့အုပ်ထားသူက တစ်ခြားမဟုတ် ဆုရီပန်ပန်ဆိုတဲ့ "နည်းနည်းပါ" ဆိုတဲ့အမကြီး။
"ပေါ်လာပြီလား"
"မပေါ်သေးဘူး....သူတို့စကားပြောဦးမှာ"
"ဟုတ်လား"
ထို့နောက်သူမမျက်လုံးပြန်ဖွင့်ပြီးကြည့်လိုက်တော့
"ဝါးးးးးးးး"
ခနဲသရဲက ရုတ်တရက်ထွက်လာသည်။
"အားးး"
ဆိုပြီးထအော်ကာ သူလက်မောင်းကို သူမအတင်းဆွဲထားလေသည်။
ထိုအခါကောင်းမြတ်ကမသိမသာလေး ရယ်သည်။
"ဟီးးးဟီးးး"
"မပေါ်လာဘူးဆို...တမင်လုပ်တာမလား"
"ဗျာ...မဟုတ်ပါဘူးအမရယ်...ကျွန်တော်လည်းအခုမှကြည့်ဖူးတာပါ....သရဲဘယ်အချိန်လာမှန်းဘယ်လိုသိမှာလဲ"
တစ်ချို့ညတွေကျတော့ လည်းဟာသကားလေးကြည့်ရင်းရယ်ကြမောကြပေါ့။
"ဟားးဟားး"
"ဟီးးးးဟီးးးခစ်ခစ်.."
တစ်ခါတစ်လေကျတော့ ဆုရီက သူမ သဘောကျတဲ့ဇာတ်ကားလေးတွေကို ကောင်းမြတ်ကိုပြောပြသည်။
ထို့နောက်သူတို့ နှစ်ယောက်အတူကြည့်ကြသည်။အဲ့ဒီအချိန်မှာ သူမက ဇာတ်ကားးကိုတောက်လျှောက်ရှင်းပြသည်။
"အဲ့မင်းသမီးက ဒီကားမှာ ငယ်သေးတယ်၊ သူကသေမှာလေ.."
"အဲ...အင်းး"
"ဪဆောရီးးးspoil လိုက်မိပြီ"
ဆိုပြီး spoil တာလည်းခဏခဏ။ပြီးရင်သူမက ဆောရီးဆိုပြန်တောင်းပန်တတ်သေးသည်။
တစ်ချို့ညတွေဆို....
"အဲ့ထဲကမင်းသားကချောတယ်...ကောင်းမြတ်နဲ့တူတယ်"
"ဗျာ...ဟုတ်လို့လား ချောတယ်ဆိုရင်တော့မတူလောက်ပါဘူး"
"ရှာကြည့်လိုက်လေ"
ထို့နောက် သူမပြောတဲ့ဇာတ်ကားကိုရှာပြီးကြည့်လိုက် သည်။တူသလိုတော့ရှိတာတော့သူလက်ခံသည်။သို့ပေမယ့်
"မတူပါဘူးဗျ ကျွန်တော်က သူ့လောက်ဘယ်ချောပါ့မလဲ"
"ချောပါတယ်...ဒီဘက်လှည့်ကြည့်စမ်း"
ဆိုပြီးသူမရဲ့ လက်လေးနဲ့ ကောင်းမြတ်မျက်နာကိုကိုင်ပြီးဆွဲလှည့်လိုက်သည်။
ထိုအခါ သူရှက်ပြီး မျက်နာတပြင်လုံးအနီရောင်သန်းသွားသည်။
သူမကလည်း သူ့ကိုသေချာကြည့်ပြီးမှ သတိရသွားပြီး လက်ကိုပြန်ရုတ်လိုက်သည်။ရယ်ရယ်မောမောနဲ့ပြောနေရမှာ နည်းနည်းကြောင်အမ်းအမ်း အခြေအနေပြန်ဖြစ်သွားရပြန်သည်။
သူမလည်း မျက်နာကလေးနီဖြန်းပြီးရှက်သွားခဲ့သည်။
ထို့နောက်ကောင်းမြတ်ကပဲ စကားပြန်စပြောရသည်။
"ဒီကားပဲကြည့်မလား"
"ရတယ်..ထားလိုက်တော့အဲ့ကားသိပ်မကောင်းဘူး တစ်ခြားဟာပဲကြည့်တော့မယ်"
"ဟုတ်"
ဆိုပြီးပတ်ဝန်းကျင်လေးတိတ်တိတ်ဆိတ်ဆိတ်ပြန်ဖြစ်သွားကာ ဇာတ်ကားထဲပဲအာရုံပြန်ထည့်ထားလိုက်ကြသည်။
_________________________
"အခြေအနေကောင်းနေပြီပဲ"
"အေးဟုတ်တယ်"
ဘီယာဆိုင်ထောင့်လေးမှာထိုင်နေတဲ့ ကောင်းမြတ်နဲ့ကျော်ကျော်တို့နှစ်ယောက်။
" အဲ့တာငါဘာဆက်လုပ်ရမလဲ"
"ဘာလုပ်ရမှာလဲ ကျုံးတော့လေ"
"အေးအဲ့တာဘယ်လိုစရမလဲ"
"ဘာမှစဉ်းစားမနေနဲ့ kissing သာပိတ်ဆွဲပစ်လိုက်"
"အာ...ဖြစ်ပါ့မလား"
"ဖြစ်တယ်"
ရှေ့မှချထားတဲ့ဘီယာခွက်ကို ကျော်ကျော်ကတစ်ငုံမော့လိုက်သည်။ကောင်းမြတ်ရှေ့က ဘီယာခွက်ကတော့ နှုတ်ခမ်းစပ်နားလေးကပင် မလျော့သေး။လာချကတည်းကသူမသောက်ရသေးပေ။
"မင်းနဲ့ပြောတုန်းကတော့ လုပ်မယ်ဆိုပြီး သတ္တိတွေအပြည့်ရှိတယ်ကွ...တကယ်တမ်း နဖူးတွေ့ဒူးတွေ့လည်းကျရော...လက်တွေပါတုန်လာတယ်"
"အဲ့တာကမင်းမစရသေးလို့ကွာ ငါလည်းပထမအဲ့လိုပဲ...ဒါပေမယ့်မင်းစပြီးနမ်းလိုက်ပြီဆိုတာနဲ့ အဲ့စိတ်လှုပ်ရှားတာတွေပျောက်သွားမယ်...မစရသေးတုန်းလှုပ်ရှားတာ"
"အေး ကြိုးစားကြည့်မယ်ကွာ"
လို့ပြောပြီးတစ်ပြိုင်နက်ထဲ ဘီယာခွက်ကိုတစ်ကြိုက်ထဲ ကောင်းမြတ်အကုန်မော့ချပစ်လိုက်တော့သည်။
"တပ်ထွက်တော့...မလုပ်နဲ့ဦးနော်ငါးကောင်...တစ်ကြောင်းလောက်လျှော့ထားဦး"
"အေးဟုတ်တယ်နော်"
"ကြိုလျှော့ထား အပြည့်ကြီးနဲ့သွားမလုပ်နဲ့"
_________________________
ဒီညမှ ဆုရီကိုမလုပ်ရရင်ဘယ်ညငါလုပ်ရမလဲ ဆိုပြီးကောင်းမြတ်တစ်ယောက် ညနေဘီယာဆိုင်က ပြန်ရောက်ကတည်းက ကြိမ်းထားသည်။
'ဒီညတော့ငါတကယ်...လုပ်တော့မယ်'
အစီအစဉ်တကျပဲ ဖြစ်ခဲ့သည်။အရာအားလုံးကတော့ အခုအချိန်ထိ အဆင်ပြေနေဆဲ။
သူတို့ ဒီညမုန့်စားရင် ရုပ်ရှင်ကြည့်ကြမယ်လို့ ချိန်းထားကြတာ ည၁၁လောက်ကတည်းက သူမရောက်လာလို့ ရုပ်ရှင်ကြည့်နေကြသည်။
ယခု ၁၂ခွဲနီးပါးလောက်ရှိပြီ။
'ဘယ်လိုစရမလဲ...တစ်ခါတည်းပိတ်နမ်းပစ်လိုက်ရင်ကောင်းမလား'
သူမကိုကြည့်လိုက်တော့ အပြစ်ကင်းသလိုပုံစံလေး ရုပ်ရှင်ကိုစိတ်ဝင်တစားကြည့်ရင်း ရယ်နေသည်။မကြာခင် ကောင်းမြတ်စားတာခံရတော့မည်ကိုသူမ မသိရှာပေ။
"ဟီးးးဟီးးးဟားးဟားး"
"...."
သူမကရယ်နေတော့ သူလည်းစရမလိုမစရမလိုနဲ့။နာရီကိုတစ်ချက်ကြည့်လိုက် သူမကိုတစ်ချက်ကြည့်လိုက်နဲ့ ကြောင်ပျောက်နေသည်။
ထို့နောက်သူအသက်ကိုတစ်ချက် ဝဝရှုလိုက်ပြီးးး
"အမ"
ဆိုပြီးခေါ်လိုက်ပြီး တီဗီကိုပိတ်လိုက်သည်။
"ဟင်"
သူမကသူ့ကိုဘာလုပ်တာလဲ နားမလည်တဲ့ပုံစံမျိုး နဲ့ကြည့်နေတုန်းးး
"အု...အု...ပြွတ်စ်...ပြွတ်စ်"
သူမရဲ့ပါးနှစ်ဖက်ကိုဖိကိုင်လိုက်ပြီး နှုတ်ခမ်းလေးကို သူအားရပါးရစုပ်နမ်းပစ်လိုက်သည်။
အိမ်မက်မဟုတ်တဲ့ သူ့အိမ်မက်တော့ဒီညအကောင်အထည်ဖော်နိုင်ခဲ့ပြီ။သို့ပေမယ့်.....ဘယ်လောက်ထိသူဖော်နိုင်မှာလဲ။
"အု...အု...ကောင်းမြတ်...ခဏ...ပြွတ်...ပြွတ်..."
"အင်းး...အင်းး...ပြွတ်.."
"ကောင်းး.. အု...ပြွတ်စ်"
သူမက သူ့နာမည်ကိုခေါ်ပြီး စကားပြောဖို့ကြိုစားပေမယ့်လည်း သူကအလွှတ်မပေးပဲ အတင်းဖိနမ်းထားသည်။ထို့နောက်ပါးစပ်အတွင်းထဲကိုပါ လျှာလေးနဲ့ထိုးကလိသည်။
သူမကအားသုံးပြီးသူ့ကို အတင်းခွာဖို့ကြိုးစားတဲ့အခါ အားပါတော့နည်းနည်းသိသာသွားပြီး ကောင်းမြတ်နမ်းနေတာ ရပ်လိုက်ရတော့သည်။
"အမ..ကျွန်တော်"
စကားပင်မဆုံးသေး သူမက ပါးစပ်လေးကို လက်နဲ့အုပ်ကာပြေးထွက်သွားလေတော့သည်။
'သွားပြီ...ကွာ'
သူရဲ့အခန်းလေးဟာ စိတ်အလိုမကျမှုတွေ ဝမ်းနည်းမှုတွေ အံ့ဩမှင်သက်ခြင်းတွေ ပေါင်းစုံနဲ့ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တော့သည်။
_______________________
Advertisement
- In Serial41 Chapters
A Love found in Affliction
With in the four walls of Wentworth East Hospital, Manhattan, two people found their life's turned upside down at the same time. Had fate planned this affliction so they would meet and fall in love? Join the story of Aaron Wade Clark, a hot shot billionaire and Dr. Elaine Sparks, a neuro surgeon, as they try to find love amidst their own grief.●COMPLETE●
8 138 - In Serial60 Chapters
Remember Self-Control: Bossy Husband Loves Me Deep to Soul
Having been married for two years, he only takes her as an enemy. He never touches her, and even insult her in front of other women, "Si Wan, you are the most disgusting woman in the world." Facing his ruthlessness, she decides to leave, "Gong Siming, if you don't love, just let me go." But he replied dominantly, "Si Wan, of course I love you." Si Wan is caught in a trance. And he goes on, "I want to love you tenderly every night."
8 408 - In Serial61 Chapters
Emperor's Pampered Cannon fodder
Being a modern free spirited girl, Gongsun Li couldn't accept her fate as a cannon fodder concubine when she found herself transmigrate into her favorite novel. So, she decided to ask the emperor for divorce and live a carefree life.But why does the icy cold emperor seems to explode like a raging volcano everytime she asks for a divorce?!Snippets:Gongsun Li was actually sleeping like a pig.A warm smile appeared in Zhu Zhen's face as he wrapped his arms around her tiny figure and pulled her closer ever so gently.Finding a sudden warmth, G.Li snuggled closer to the source in her deep slumber. She was so obediently lying in his arms, neither struggling nor cursing. Zhu Zhen wanted to stop the flow of time, then and there!"Silly stubborn wife, Why won't you obediently lie in my arms every night? Why won't you let me always hold you like this?", he whispered his complaints while nuzzling his nose in her hair.Suppressing the lump formed in his throat with a bitter smile he murmured,"Only if you would let me,Then I wouldn't be so desperate,Then I wouldn't be so hurt."Oh btw,this is my original story and all rights are reserved...😏
8 201 - In Serial42 Chapters
OUR JOURNEY OF LOVE
SHE HATED HIM ,HE HATED HER LOVE WAS SOMETHING WHICH WAS NOT THEY CUP OF TEA BUT GOD BEING A CRAZY ONE HICHED THEM TOGETHER LETS SEE WHAT HAPPENS SHRUTI:A PURE BEAUTY, VERY CRAZY HER LIFE WAS A BEST HAVING A LOVEABLE PARENTS ,CRAZY SISTER AND A BUNCH OF NAUGHTY FRIENDS SHE IS A HARD NUT TO CRACK SHE IS DOING HER MASTER DEGREE SHREYAS:A HANDSOME HULK, HE IS A POSSESSIVE, COLD ATTITUDED ,ARROGANT MAN HE HATES SHAREING HIS THINGS WITH OTHERS HE HAS A SECRET NO ONE KNOWS EXCEPT HIS BEST FRIEND. WILL THE HATE BETWEEN THEM CHANGE INTO LOVE ??WILL THEY FIND LOVE !!WHAT IS THE SECRET??NOT WASTING MUCH TIME LETS JUMP INTO THE STORY RANKED 1st :Tamil On 23rd February 2020RANKED 7TH :COLLEGE ON 3RD MARCH 2020RANKED 1RD :EARNING On 5TH MARCH 2020RANKED 1RD ON :CHENNAI ON 5TH MARCH 2020⚠️ WARING:I DON'T OWN THE PICTURES or the Cover ,EVERYHING IS FROM GOOGLE AND INSTAGRAM⚠️some romantic sceans may occur 🤷♀️
8 124 - In Serial31 Chapters
He saved me... ~Dabideku~
Ditfferent scenarios, different people. Most people would have ran away or called the cops if they were in the situation Izuku Midoriya was caught up in. Izuku Midoriya, a fearless 17 year old with a will to help others, no matter what. Izuku swore he would always help others, no matter who they were. So when Izuku is face with a difficult choice, what will he choice, save a person who needs help or do what everyone says is right? Let's find out!Dabi is aged down, he is 20 right now so it is legal. Everyone in class 1A is 17 or 18. They are in there third year and they are six months away from graduation. If you don't like the ship then please leave. I am relatively new to writing so please no hate, I'm just trying my best and having some fun! ^_^13+ please if your are younger then 13 get off this story! I really don't wanna be band! ⚠️TW warning! ⚠️There will most likely be some stuff some people will be uncomfortable with. General warningLgbt contentSlight smutSwearingDepression suicidle behaviour mention of rapeEndeavor I'm sorry if you are sensitive to any of the above please feel free to click off at any time! ^_^ First update: 9-1-2022Finally update: unknown!The cover art or any photos are not mine!!! OR THE CHARACTERS!!! PLEASE DONT SAY THIS WAS DONE BY ME! MY ART IS NOT AS GOOD AS THAT!!! Also if by any small chance the artist is reading this the please know that this is great and sorry I didn't get permission lol 😂
8 236 - In Serial50 Chapters
My Sisters Boyfriend | Yeonbin | Completed
**NO TRANSLATIONS ALLOWED** "..I cheated on your sister with you.. I'm.. I'm the worst.." He started crying. Tears rolling down his cheeks as he tried to breathe in between his bawling."And I feel even worse because.. I-I'd do it again!" Started: January 11, 2020 (Officially published on the 18th)Ended: April 6, 2020#1 TomorrowxTogether#1 Txt#1 Yeonbin#1 Taegyu#2 Yeonbin#19 Taegyu#28 Soft
8 146

