《ကံကြမ္မာစေရာ [OC] (Completed)》Extra_5
Advertisement
Uni
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေစဥ် ဘေးနားက ငိုသံသဲ့သဲ့ ကြားလိုက်တာကြောင့် ချက်ချင်းလန့်နှိုးလာခဲ့သည်။
ထင်ထားသည့်အတိုင်း မှူးလေး အိပ်မက်ဆိုးတွေ မက်နေခြင်းဖြစ်သည်။
"မှူး.... မှူးလေး.....မှူးလေး...."
လှုပ်နှိုးလိုက်တော့မှ အသိစိတ်ပြန်၀င်ပြီးလန့်နိုးလာခဲ့သည်။ နဖူးမှာလဲ ချွေးစေးတွေ စီးကျနေပြီး ရင်ဘက်နိမ့်ချည် မြင့်ချည်နဲ့ အသက်ကို မနည်းရှူနေရသည်။ ခေါင်းအုံးဆိုသည်မှာလဲ မျက်ရည်များ စီးကျထား၍ စိုစွတ်နေသည်။ တာဝေးအပြေးပြိုင်ပွဲ၀င်ထားတဲ့ သူတစ်ယောက်လို မောဟိုက်နွမ်းလျနေသည်။
"မှူး... အဆင်ပြေရဲ့လား"
ခေါင်းညိမ့်ပြနေပေမဲ့ စိတ်ထဲမှာတော့အဆင်မပြေတဲ့ပုံ။
"ရေသောက်လိုက်ဦး"
ကုတင်ဘေးကမီးအိမ်နားရှိ ရေကရားထဲက ရေကို ဖန်ခွက်ထဲငှဲ့ထည့်ပေးပြီး ရေခွက်ကို မှူးလက်ထဲထည့်ပေးလိုက်သည်။
အကိုပေးသော ရေကို တစ်ခွက်လုံးကုန်အောင် သောက်ချလိုက်တော့မှ ရင်ထဲနည်းနည်းအေးသွားသလိုခံစားရသည်။ အကိုနဲ့ လက်ထပ်ပြီးနောက်ပိုင်းကထဲက ထိုအိပ်မက်ဆိုးတွေ ဒဏ်မှ လွတ်မြောက်ခဲ့ရပေမဲ့ အခုတစ်ဖန် ပြန်လည် နှိပ်စက်ခံနေရတာ တစ်ပတ်နီးပါးရှိနေပြီဖြစ်သည်။
တောင်ပေါ်ဒေသကို ခရီးထွက်ရမယ်ဆိုပြီး ဆုံးဖြတ်ချက်ချပြီးတဲ့ နေ့ကနေ အခုချိန်ထိ ညတိုင်းလိုလို ထိုဝေဒနာကို ခံစားနေရသည်။ ဒါကြောင့် ထို စိတ်ဒဏ်ရာကို အနိုင်ယူဖို့ ဤခရီးကို လိုက်ဖြစ်အောင် လိုက်ရမည်ဆိုသော ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာသွားသည်။
"မှူး... အဆင်မပြေဘူးဆိုရင်လဲ အိမ်မှာပဲနေခဲ့လိုက်ပါတော့လား..... အခုတောင် အိပ်ရေးပျက်တဲ့ ညတွေများနေပြီကို ကြာရင် ကျန်းမာရေး ထိခိုက်လာလိမ့်မယ်"
"ရတယ်.... မှူး... အဆင်ပြေတယ်"
"တောင်းပန်ပါတယ်..... ကိုယ့်ကြောင့် မှူး အခုလိုဝေဒနာတွေ ခံစားနေရတာ"
"အကိုကြောင့် မဟုတ်ပါဘူး.... မှူးကိုက ပျော့ညံ့လွန်းနေတာပါ"
"မှူးကလဲကွာ.... အဲ့လိုမပြောပါနဲ့..... ကိုယ့်အတွက်တော့ မှူးလေးက သတ္တိရှိတဲ့ မိခင်ကောင်း ဇနီးကောင်းပါ"
ကိုယ့်ကိုယ့်ကို အပြစ်တင်ပြီး စိတ်မကောင်းြျစ်နေတဲ့ ကလေးမကို ရင်ခွင်ထဲ ဆွဲသွင်းပြီး ဖက်ထားလိုက်သည်။
"မှူး စိတ်မပူနဲ့နော်... ကားက ကိုယ် ကိုယ်တိုင်မောင်းမှာ..... ကိုယ်တို့မိသားစုကို အန္တရာယ်ကင်းကင်းနဲ့ ရောက်အောင် ပို့ပေးမယ်.... မှူး လုပ်ပေးရမှာက ကိုယ့်ဘေးနားမှာ ထိုင်ပြီး ပျော်ပျော်ရွှင်ရွှင် နေပေးဖို့ပဲ....... အကယ်၍ကြောက်စိတ်၀င်လာခဲ့ရင် အကိုနဲ့ သမီးလေးရဲ့ မျက်နှာကိုကြည့်ပြီး အားတင်းထားလိုက် "
"အင်း..... "
"တော်လိုက်တာ......ကိုယ့်ရဲ့မှူးလေးက"
နဖူးလေးကို အနမ်းပေးကာ နှစ်သိမ့်ပေးလိုက်သည်။
"မှူး ဒီခရီးကိုသွားပြီးရင် အကိုပြောသလို ဒီစိတ်ဒဏ်ရာတွေကြားထဲက ရုန်းထွက်နိုင်မှာလားဟင်"
"အင်း.... ကျိန်းသေပေါက် ရုန်းထွက်လာနိုင်လိမ့်မယ်.... ဒေါက်တာ ဇော်မင်း (စိတ်ရောဂါ အထူးကု) နဲ့ ကိုယ်ဆွေးနွေးကြည့်ပြီးသွားပြီ..... ဒီခရီးက မှူးရဲ့ စိတ်ကို အပြောင်းအလဲ ဖြစ်သွားစေလိမ့်မယ်"
"မှူးကြောင့်... အကို စိတ်မညစ်ရအောင်.... အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်"
"အဲ့ဒါဆိုရင် အခုလောလောဆယ်... အိပ်ပျော်အောင်အိပ်.... မှူး နေမကောင်းဖြစ်ရင် အကိုပဲ စိတ်ညစ်ပြီး စိတ်ဆင်းရဲရမှာ..... ဒါကြောင့် အကို့ကို စိတ်မညစ်စေချင်ရင် အခု အိပ်လိုက်နော်.... မနက်ကျရင် မှူးအတွက် ကိုယ် အားဆေး စပ်ထားပေးခဲ့မယ်"
"ဟုတ်"
မှူးရဲ့ လက်ဖ၀ါးနုနုလေးကို ဆုပ်ကိုင်ပေးထားပြီး ခေါင်းကို ဖွဖွလေး ပွတ်ပေးလိုက်တော့ သိပ်မကြာခင်မှာပဲ ပြန်ပြီး အိပ်ပျော်သွားလေသည်။
ဒီခရီးစဥ်ကို တွေးမိရင် မှူးအတွက် စိတ်ပူပြီး ရင်မောရသည်မှာလဲ အခါခါပင်......။
_
_
_
_
_
ခရီးဆောင်အိတ်ထဲ အင်္ကျီတွေ စီထည့်နေပေမဲ့ စိတ်နဲ့ကိုယ်နဲ့ မကပ်။ ခဏနေရင် သွားရတောမဲ့ ခရီးကို စဥ်းစားရင် စိတ်ပူနေမိသည်။ အကိုနဲ့ သမီးနဲ့က တက်ကြွနေပေမဲ့ မှူးကတော့ လေးလံထိုင်းမှိုင်းနေသည်။
မိသားစုနဲ့အတူတူ ပထမဆုံးသွားရမဲ့ ခရီးဖြစ်သသည့်အတွက် ပျော်ရွှင်ပြီး ခုန်ပေါက် မြူးထူးနေတဲ့ သမီးလေးကိုမြင်တော့ မှူး ငယ်ငယ်တုန်းက ပုံရိပ်ကို ပြန်မြင်ယောင်လာရသည်။ အမေနဲ့ အဖေတို့နဲ့ ခရီးမသွားခင်က မှူးလဲ အခုလိုပဲ ပျော်ရွှင်နေခဲ့တာပဲ မဟုတ်လား။ ဒါပေမဲ့ ထိုအဖြစ်ဆိုးက မှူးတစ်ယောက်ထဲမှာ ကြုံချင်ကြုံခဲ့ရမည် သမီးလေးမှာတော့ မကြုံစေရ ဒီခရီးက ကျိန်းသေပေါက် သမီးအတွက်ပျော်ရွှင်စေမဲ့ ခရီးဖြစ်ရမည်။
မိခင်တစ်ယောက်ရဲ့ မေတ္တာကနေ ဖြစ်ပေါ်လာသော အချစ်စွမ်းအားကြောင့်ပဲလားမသိ ချက်ချင်းဆိုသလို မှူး သတ္တိတွေရှိလာသလို ခံစားရသည်။
"မှူးလေး... အဆင်ပြေရဲ့လား"
"အင်း...ပြေပါတယ်"
ဒီခရီးကို လိုက်ဖို့ မှူးကို စည်းရုံးရာမှာ မှူးလဲ စိတ်ရောကိုယ်ပါ ပင်ပန်းသလို ဘုန်းမြတ်လဲ စိတ်ပင်ပန်းရသည်။ ကိုယ်ချစ်ရတဲ့သူ ကြောက်တဲ့အရာကို ရင်ဆိုင်ဖို့အတွက် တွန်းအားပေးရသည်မှာ လွယ်ကူတဲ့အလုပ်တော့မဟုတ်.။ ဒါပေမဲ့ ကာယံကရှင် မှူးက အဆတစ်ရာလောက် ပိုပြီး ပင်ပန်းပါသည်။ ထိုကိစ္စကို ပြောပြီးတဲ့ နေ့ကတည်းက မျက်နှာက အရယ်အပြုံး သိပ်မရှိတော့သလို ငေးငိုင်နေလေသည်။ ညတိုင်းလိုလိုအိပ်မက်ဆိုးတွေရဲ့ နှိပ်စက်မှုဒဏ်ကြောင့် အိပ်ရေးပျက်ပြီး မျက်နှာလေးပင် ချောင်ကျသွားသလိုလို။
"တီ.... တီ..... တီ......"
အိမ်ရှေ့က ကားဟွန်းတီးသံကြောင့် မှူး ကိုကြည့်နေရာကနေ အိမ်ရှေ့ကို ထွက်သွားလိုက်သည်။
ထင်ထားသည့်အတိုင်း အမေနဲ့ အဖေ တို့ရောက်လာခြင်းဖြစ်သည်။
Advertisement
"မေမေ.... ဖိုးဖိုးကြီးနဲ့ ဖွားဖွားကြီးတို့ ရောက်လာကြပြီ"
သမီးရဲ့ အသိပေးမှုကြောင့် ငူငူငိုင်ငိုင်ကြီး ထိုင်နေရာကနေ အသိစိတ်ပြန်၀င်ပြီး အမေတို့ကို နှုတ်ဆက်ဖို့ ထသွားလိုက်သည်။
"အမေတို့ ရောက်လာပြီလား"
"အေး သမီးရေ.... ရန်ကုန်ကနေ မနက်စောစောစီးစီးထွက်မှ ဟိုကို အချိန်မှီရောက်မှာ"
"ဟုတ်အမေ"
"သမီး အဆင်ရောပြေရဲ့လား"
"ဟုတ် ပြေပါတယ်အမေ"
အတတ်နိုင်ဆုံး အားတင်းပြီး ပြုံးပြလိုက်သည်။
"အဲ့ဒါဆို ကားပေါ်ကို အ၀တ်ထုပ်တွေ တင်ကြတော့လေ.... ခဏနေရင် သွားကြတာပေါ့"
"ဟုတ်"
မှူးနဲ့ အကိုနဲ့ အခန်းထဲကို အ၀တ်ထုပ်တွေယူဖို့ ၀င်လာခဲ့ကြသည်။
"အကို.... ကားက ညဘက်ရော မောင်းရမှာလား"
"အင်း....အချိန်မှီ ရောက်ဖို့ဆိုတော့ ညဘက်အထိတောက်လျှောက်မောင်းရမှာပေါ့"
"......"
"မှူး စိတ်ပူနေတာလား "
"မပူပဲနေမလား အကိုရယ်..... "
"စိတ်မပူပါနဲ့...... အကို့ကိုယုံတယ်မလား.... ဟိုတစ်ခါကိုယ်တို့နှစ်ယောက်ထဲ ခရီးသွားတုန်းကတောင် ကိုယ်တစ်ညလုံး မောင်းတာပဲလေ"
"အဲ့တုန်းက မြေပြန့်လေ.... အခုက တောင်ပေါ်ကားလမ်းကြီးကို"
"သြော်.... မှူးက အဲ့ဒါကို စိတ်ပူနေတာကိုး..... အဲ့ဒါဆို ဆက်ပြီး စိတ်မပူနဲ့တော့ အခုစပြီး ခရီးထွက်တာနဲ့ ညပိုင်းတွေက မြေပြန့်ဒေသတွေပဲ မောင်းရမှာ.... မနက်စောစောမှ တောင်တက်လမ်းကို တက်မှာပါ စိတ်ပူမနေတော့နဲ့နော်"
အကိုရှင်းပြတော့မှ မှူးနည်းနည်းစိတ်သက်သာရရသွားသည်။ တောင်တက်လမ်းသည် ညပိုင်းထက် မနက်ပိုင်းက ပိုပြီး အန္တရာယ်ကင်းသည်မဟုတ်လား။
_
_
_
_
အိမ်ကနေ စပြီး ထွက်လာကတည်းက အကိုက မနားစတမ်း တောက်လျှောက်မောင်းခဲ့တာဆိုရင် အခုဆိုနေပြည်တော်လမ်းခွဲအထိ ခရီးတွင်ခဲ့ပြီဖြစ်သည်။ သမီးကတော့ မိသားစုလိုက် ပထမဆုံး သွားရတဲ့ခရီးဖြစ်တာကြောင့် ပျော်ရွှင်မြူးထူးနေသည်။ အာရာဖက် ကားအဖြူရောင်နဲ့ သွားတာဖြစ်၍ ကားက ချောင်ချိနေပြီး သက်တောင့်သက်သာ ဖြစ်နေသည်။
မှူးက ကားခေါင်းခန်းမှာထိုင်ပြီး တိုးဂိတ်တွေကို လမ်းကြေးထုတ်ပေးရသည်။ အနောက်ခန်းမှာ အမေနဲ့ အဖေ ထိုင်ပြီး နောက်ဆုံး တန်းမှာတော့ ဒေါ်ကြီးဝေ တစ်ယောက်ထဲ လွတ်လွတ်လပ်လပ်ထိုင်စီးစေသည်။ သမီးကတော့ အမေတို့နဲ့ ဒေါ်ကြီးဝေတို့ဆီ တစ်လှည့်ဆီ လိုက်ထိုင်နေသည်။
မှူးကတော့ အကို အိပ်မငိုက်စေဖို့ ဘေးနားကနေ စကားပြောပေးလိုက် ကော်ဖီ ငှဲ့တိုက်လိုက် ကားကူကြည့်ပေးလိုက်နဲ့ အလုပ်ရှုပ်နေတော့သည်။ အခုလောလောဆယ်က ဖြောင့်ဖြူးနေသောမြေပြန့်ဒေသပဲရှိသေး၍ မှူး တက်ကြွပျော်ရွှင်နေဆဲ။
"မှူး အိပ်ချင်ရင်အိပ်နော်"
"ဟင့်အင်း... မအိပ်ချင်ပါဘူး"
အကိုစိတ်ချမ်းသာဖို့အတွက် အတတ်နိုင်ဆုံး ပြုံးပြလိုက်သည်။
မအိပ်ချင်ဘူးလို့သာ ပြောနေပေမဲ့ လူက ခေါင်းထဲနောက်ကျိကျိဖြစ်နေသည်။ တစ်ပတ်လုံးလုံး stress တွေများပြီး အိပ်ရေးပျက်ခဲ့ရသည့် ဒဏ်တွေကြောင့်ပဲဖြစ်သည်။
ဒီတောင်ကို ကျော်သွားနိုင်ရင် အရာအားလုံး အဆင်ပြေသွားနိုင်မှာမို့ စိတ်ကို အားတင်းထားလိုက်သည်။
အကိုကတော့ ကားမောင်းနေရင်းနဲ့ တစ်ချက်ချက် မှူးကိုကြည့်ပြီး အကဲခတ်နေသည်။
အရိပ်တကြည့်ကြည့်နဲ့ အကိုက စောင့်ကြည့်နေတာမို့ မှူး မျက်နှာကို တစ်ချက်မှ မပျက်အောင် ထိန်းထားလိုက်သည်။
ယာဥ်ရပ်နား စခန်းမှာ နားပြီး သန့်စင်ခန်းသွား မျက်နှာသစ် သွားတိုက်တာ အဆာပြေမုန့်စားတာတွေလုပ်ပြီး တောက်လျှောက်ပြန်မောင်းပြန်တော့ မနက်၄နာရီလောက်မှာ ပျော်ဘွယ်ကိုရောက်ရှိခဲ့သည်။
မနက်၄နာရီပျော်ဘွယ်ကနေမောင်းလာရင်း မနက်ခင်းအလင်းရောင်ထွက်လာတော့ တောင်ပေါ်ဒေသထဲ တဖြည်းဖြည်း၀င်ရောက်လာသည်ကို စတင်ခံစားမိလာသည်။
ဘုရားငါးဆူဆိုတဲ့ နေရာကနေ စတင်ပြီးတော့ မှူး မျက်နှာ တစ်ဖြေးဖြေးနဲ့ ပျက်ယွင်းလာရသည်။
ကားလမ်းနံဘေးကချောက်ကြီးတွေကို ကြည့်ပြီး အတိတ်ကပုံရိပ်တွေက အမြန်ပြကွက်ဖြင့် မျက်လုံးထဲမှာ ထပ်တလဲလဲ မြင်လာရသည်။
စိတ်ထဲမှာ ဘုရားစာတွေသာ အထပ်ထပ်အခါခါ ရွတ်နေပေမဲ့ လူကတော့ အေးခဲသွားတော့မဲ အတိုင်း ခြေဖျားလက်ဖျားတွေ အေးစက်လာခဲ့သည်။
ရာသီဥတု အအေးဒဏ်ကိုလဲ မမှုနိုင်။ ထို့အပြင် ကားဘေးနာကနေ တစ်စီးပြီးတစ်စီး ဖြတ်ဖြတ်သွားတဲ့ ကုန်တင်ကားတွေကြောင့် ပိုပြီး စိတ်ကျဥ်းကျပ်လာရသည်။ ကားမောင်းနေတဲ့ အကို့ကိုလဲ စိတ်မချဖြစ်လာရ၍ မျက်ရည်များပါ ၀ဲတက်လာခဲ့သည်။
၀ဲတက်လာသော မျက်ရည်စတွေကြောင့် အကိုစိတ်မကောင်းဖြစ်မှာစိုး၍ အကို့ကို မကြည့်ရဲတော့ပဲ အပြင်ဘက်ကိုကြည့်ပြီးတော့သာ တစ်ယောက်ထဲ ကြိတ်ခံစားနေလိုက်သည်။
"အမေ... အေးသာယာကို မောင်းရမှာမလား"
"အေး.. အေးသာယာက နန်းချယ်ရီတို့ ဆီသာမောင်း...အဲ့မှာ ခဏနားပြီးတော့မှ အင်းလေးကို သွားကြတာပေါ့"
"ဟုတ်"
"မှူးလေး...... ဟိုဘက်ကိုကြည့်ပါဦး... ပန်းခင်းတွေ လှလိုက်တာ"
"......"
"အပြန်ကျမှ မှူးကို ဓာတ်ပုံလှလှလေးတွေ ရိုက်ပေးမယ်"
"အင်း"
မှူး အဆင်မပြေဖြစ်နေသည်ဆိုတာ ရိပ်မိပေမဲ့ တောင့်ခံထားနိုင်သည့်ပုံမို့ စိတ်ပြေလက်ပျောက်စကားများသာ ပြောပေးလိုက်သည်။
အခုချိန်မှာ အားကိုးအားထားရာအဖြစ် မှူးရဲ့ လက်ကို ဆုပ်ကိုင်ပေးထားချင်ပေမဲ့ ကားက တောင်တက်လမ်းကို မောင်းနေရသည်မို့ နည်းနည်းဘေးမှ သတိလွတ်လို့မရ။
မှူး အကို့ကို ကားရပ်ပေးဖို့ ပြောလိုက်ချင်ပေမဲ့ မှူးကြောင့် တခြားသူတွေကို အနှောက်အယှက် မဖြစ်စေချင်၍ မြိုသိပ်ထားလိုက်ရသည်။
ပျော့ညံ့လွန်းသော မှူးရဲပုံစံကို တခြားသူတွေကို မမြင်စေချင်တာမို့ ကိုယ့်ရဲ့ စိတ်ကိုထိန်းချုပ်ကြည့်ဖို့ စတင်ကြိုးစားလိုက်သည်။
ကားလမ်းမပေါ်က ကုန်တင်ကားတွေကို လိုက်ကြည့်နေမဲ့အစား တိမ်ဆိုင်ဖြူဖြူတွေနဲ့ ကောင်းကင်ပြာကြီးကိုသာ ကြည့်လိုက်သည်။ လမ်းဘေးက ချောက်နက်ကြီးတွေကို ကြည့်ပြီး စိတ်ပူနေရမဲ့ အစား တောင်ပေါ်က နေကြာပန်းခင်းတွေနဲ့ ဟင်းသီးဟင်းရွက် စိုက်ခင်းတွေကို ကြည့်နေလိုက်သည်။ အရင်တုန်းက အတိတ်တွေကို တွေးနေမဲ့ အစား အခု လက်ရှိ အကိုနဲ့ သမီးလေး တို့အကြောင်း စဥ်းစားနေလိုက်သည်။
Advertisement
မှူးရဲ့ ကြိုးစားမှုက ထိရောက်ခဲ့ပါသည်။ အကို့ကို အပြည့်အ၀ယုံကြည်ထားတာမို့ ထိုနည်းလမ်းကြောင့်ပဲ တောင်ကြီးမြို့က အေးသာယာအထိ ချောချောမွေ့မွေ့ ရောက်လာခဲ့သည်။
အဖေတို့ရဲ့ မိတ်ဆွေ ပိုင်သည့် Hotel ကို ရောက်ရှိလာချိန်မှာတော့ မှူး စိတ်ချလက်ချနဲ့ သက်ပြင်းချနိုင်တော့သည်။
"မှူးလေး.... အဆင်ပြေတယ်မလား"
"အင်း"
ပြုံးပြီး ပြန်ဖြေလိုက်တဲ့ မှူးရဲ့ အဖြေကို အကိုက သဘောကျသွားဟန်နဲ့ ပြုံးနေသည်။
ဟိုတယ်ကို ကြိုပြီးအကြောင်းကြားထားတာမို့ မှူးတို့ ကားရောက်လာတာနဲ့ ကြိုဆိုတဲ့သူတွေ ရောက်ချလာတော့သည်။
အဖေနဲ့ အမေတို့က ကားပေါ်က အရင်ဆင်းသွားပြီး မိတ်ဆွေတွေနဲ့ သွားနှုတ်ဆက်ကြသည်။ အကိုနဲ့ မှူးနဲ့က ချရမဲ့ ပစ္စည်းတွေကို ၀န်ထမ်းတွေကို ပြပြီး ကားတံခါးပိတ် ကားနေရာချတာတွေ လုပ်လိုက်သည်။
လေးလံနေသော စိတ်တွေကို လွှတ်ချလိုက်ပြီးမှ ခန္ဓာကိုယ်က ဝေဒနာတွေကို စတင်သတိထားမိလာသည်။ ခေါင်းတစ်ခုလုံးက မူးေ၀နေပြီး တစ်ညလုံးကားစီးလာရသည့် ဒဏ်ကြောင့် ထင်သည်။
ကားတံခါးလော့ချပြီး မှူးဆီကို လျှောက်လာနေတဲ့ အကို့ပုံရိပ်တွေက တဖြည်းဖြည်းနဲ့ ဝေ၀ါးလာပြီး အရာအားလုံးက အမှောင်အတိ ဖြစ်သွားခဲ့သည်...........။
_
_
_
_
_
ခေါင်းထဲက မူးဝေနေသော ခံစားချက်ချက်နဲ့အတူ
စူးအောင့်နေသော လက်ခုံထက်မှ နာကျင်မှုကြောင့် မျက်လုံးအစုံက ဖြေးဖြေးချင်း ပွင့်လာခဲ့သည်။
"မှူး.... သတိရလာပြီလား"
မှူးလှဲအိပ်နေတဲ့ ကုတင်ဘေးမှာ လူတွေ၀ိုင်းအုံနေတာကြောင့် စိတ်ထဲမွန်းကျပ်သွားရသည်။
ခုဏတုန်းက မေ့လဲကျသွားတာဖြစ်မယ်ဆိုတာ ပတ်၀န်းကျင် အခြေအနေကို ကြည့်တာနဲ့ တန်းပြီးသဘောပေါက်သွားရသည်။
အကို့ရဲ့အမေးစကားကို ခေါင်းညိမ့်ပြပြီးသာ ပြန်ဖြေလိုက်သည်။
"မှူး... စိတ်ကျဥ်းကျပ်နေဦးမယ်.... အားလုံး အပြင်ခဏထွက်ပေးပါလား"
အလိုက်တသိ ဆိုလိုက်တဲ့ အကို့စကားကြောင့် မှူး ၀မ်းသာမိသွားသည်။
အားလုံးအပြင်ကို ထွက်သွားပြီးတော့မှ အကိုက မှူးရဲ့ ကုတင်ဘေးက ခုံမှာ ထိုင်ပြီး မှူးလက်ကို ဆုပ်ကိုင်ရင်းနဲ့......
"ကိုယ်တောင်းပန်ပါတယ်.... ကိုယ့်ကြောင့်မှူး အခုလို စိတ်ဖိစီးသွားရတာ"
ရုတ်တရက်ကြီး ထငိုတဲ့ အကို့ကြောင့် မှူး ဘာလုပ်လို့ ဘာကိုင်ရမလဲ မသိဖြစ်သွားရသည်။
"အကိုကလဲ..... ကလေးကျနေတာပဲ ဘာလို့ငိုနေတာလဲ.... မှူးမှ ဘာမှမဖြစ်တာကို"
မှူး ချော့ပြီးပြောလဲမရ မှူးလက်ကို ဆုပ်ကိုင်ထားပြီး ခေါင်းငုံ့ပြီးသာ ငိုနေသည်။
"ကံကောင်းလို့ ဘာမှမဖြစ်ခဲ့ပေမဲ့.... ကံဆိုးခဲ့ရင် မှူးရော ကလေးရော အကို့ကြောင့် ထိခိုက်သွားတော့မလို့လေ"
"သမီးက ဘာဖြစ်လို့လဲ"
"သမီးကိုပြောနေတာမဟုတ်ဘူး.... မှူး ဗိုက်ထဲက ကလေးကိုပြောနေတာ"
"ဟင်!!"
"အခုမှူးရဲ့ဗိုက်ထဲမှာ ကိုယ့်တို့ရဲ့ ဒုတိယမြောက် ကလေးလေးရှိနေပြီ"
"အကို တကယ်ပြောနေတာလား"
"တကယ်ပြောနေတာပေါ့..... ကိုယ့်ကမှူးကို ဖိအားတွေအများကြီး ပေးမိခဲ့လို့ ကလေးလေး ရှိနေမှန်းမှူး သတိမထားမိခဲ့ဘူးမလား"
"ဟင့်အင်း.... မှူး က စိတ်ဖိစီးလို့ အားနည်းနေသလို ခံစားရနေတယ်ပဲထင်နေတာ.... ထမင်းစားချင်စိတ်မရှိတာလဲ အိပ်ရေးပျက်လို့ အစားစားချင်စိတ်မရှိတာ လို့ပဲထင်နေတာ"
"ကိုယ်က တကယ် မကောင်းတဲ့ သူပဲ... အမြဲတမ်း ကိုယ့်ကလေး နှစ်ယောက်လုံးကို အန္တရာယ်ထဲကျရောက်အောင် လုပ်မိတယ်....
Choco တုန်းကလဲ ကိုယ့်ကြောင့် မှူးရော ကလေး ထိခိုက်မိတော့မလို့.... အခုကျတော့လဲ ကလေးရှိနေမှန်းတောင်မသိဘဲ မှူးကို စိတ်ဖိစီးမှုများအောင် လုပ်ခဲ့မိလို့... မှူးရော ကလေးရော ဒုက္ခရောက်တော့မလို့ နည်းနည်းပဲလိုတယ်"
သူ့ကိုယ့်သူ အပြစ်တင်နေတဲ့ အကို့ကို တကယ်ပဲ ဘယ်လိုဖြေသိမ့်ပေးရမလဲမသိ။
"အကိုကလဲ....အကို အဲ့လိုပြောကြေးဆိုရင် မှူးကရော....မှူးလဲ ဗိုက်ထဲမှာ ကလေးရှိလို့ ရှိနေမှန်းတောင် နှစ်ခါစလုံး သတိမထားမိခဲ့ဘူးမလား"
"မှူးရဲ့ ဗိုက်ထဲမှာ ကလေးရှိလို့ ရှိနေမှန်း မသိခဲ့တာက နှစ်ခါစလုံး ကိုယ့်ကြောင့် စိတ်ဆင်းရဲနေလို့မလား.....အားလုံးက ကိုယ့်အပြစ်တွေကြောင့်ပဲ"
ကလေးတစ်ယောက်လို ၀မ်းနည်းနေသော အကို့ကို နွေးထွေးစွာ ပွေ့ဖက်ပေးပြီးတော့သာ နှစ်သိမ့်ပေးနိုင်တော့သည်။
_
_
_
_
_
"congratulation ပါ မမ"
ညနေခင်းပိုင်း ဟိုတယ်၀န်းထဲက မြက်ခင်းပြင်မှာ လမ်းလျှောက်နေရင်း ပေါ်ထွက်လာသော မာအသံအေးအေးလေးကြောင့် လှည့်ကြည့်မိလိုက်သည်။
"မမ အကြောင်း ကိုဘုန်းမြတ်ဆီက ကြားပြီးသွားပြီ....ကလေးလေးရှိနေပြီဆို .... ၀မ်းသာပါတယ်နော်"
ကိုရီးယား မင်းသမီးလေးလို ဖြူဖြူဖွေးဖွေး ခပ်ချောချောကောင်မလေးကနှုတ်ဆက်လာတော့ မှူး ပြန်ပြီး ရီပြလိုက်သည်။
"ကျေးဇူးပါ ညီမလေးရေ"
"သြော်.... အရင်ဆုံး မိတ်ဆက်ရဦးမှာပဲ.... နန်း နာမည်က နန်းချယ်ရီမွှေးပါ ဒီဟော်တယ် ပိုင်ရှင်ရဲ့ သမီးပေါ့ "
"ဟုတ်လား... တွေ့ရတာ၀မ်းသာပါတယ် ညီမလေး.... မနက်က ကိုယ့်အကြောင်းကိစ္စနဲ့ ကိုယ်ဆိုတော့ ထွက်မနှုတ်ဆက်လိုက်ရဘူး"
"ရပါတယ်...မမရဲ့....ဒီနေ့ ရော နောက်နေ့ရော စကားပြောလို့ရတာပဲ.... နန်းက မမတို့ကို အင်းလေးကို လိုက်ပို့ပေးမှာ... ပြီးတော့ ရှမ်းပြည်က လည်ပတ်စရာနေရာတွေကိုလဲ guide လိုက်လုပ်ပေးမှာ"
ကောင်မလေးက သွက်သွက်လက်လက်နဲ့ ချစ်စရာလေးမို့ မှူး သဘောကျနေမိတော့သည်။
အသက်အရွယ်ကတော့ မှူးထက် နည်းနည်းလေးပဲ ငယ်လောက်သည်။
"ဟုတ်လား... ညီမလေးက guide လဲလုပ်တာပဲလား"
"အမြဲတမ်းတော့မဟုတ်ပါဘူး..... မေမေ့ရဲ့ အထူးဧည့်သည်တွေပဲ လိုက်လုပ်ပေးတာ"
"အဲ့ဒါဆို...မေမေက အကူအညီတောင်းမှ လုပ်ပေးတာပေါ့ဟုတ်လား"
"အင်း... အဲလိုပဲဆိုပါတော့"
ကောင်မလေးနဲ့ စကားတွေဖောင်ဖွဲ့နေတုန်း အကိုကလဲ တခြားကောင်လေးတစ်ယောက်နဲ့ စကားပြောနေတာတွေ့တော့ အကြည့်တွေက ထိုဆီရောက်သွားမိသည်။
"အဲ့ဒီ့တစ်ယောက်က ထိုင်းကနေ ဒီကို လာလည်တာ.... ဓာတ်ပုံဆရာလေ"
"အကိုနဲ့က ဘယ်လိုလုပ်ပြီး သိသွားတာလဲ"
"ခုဏကပဲ နန်းမိတ်ဆက်ပေးထားတာ....ကိုမဟာက ထိုင်းလိုရော အင်္ဂလိပ်လိုရောပြောတတ်တယ်လေ.... ကြည့်ရတာ ကိုဘုန်းမြတ်နဲ့ အချင်းချင်းအင်္ဂလိပ်လိုပြောနေတာဖြစ်မယ်....မဟုတ်ရင် နန်းက ကြားထဲကထိုင်းလို ဘာသာသွားပြန်ပေးနေရဦးမယ်"
"နန်းက ထိုင်းစကားပြောတတ်တာလား"
"ကျွမ်းကျင်အဆင့်လေ... ထိုင်းလူမျိုး နီးပါးပြောတတ်တယ်"
"ဟုတ်လား... ငယ်ငယ်လေးနဲ့ တော်လိုက်တာ"
"ပြောတတ်ဆို နန်းက ထိုင်းနယ်စပ်မှာပဲ မွေးပြီး အဲ့မှာပဲ ကြီးလာတာလေ... နန်း ဖေဖေက ထိုင်း နဲ့ မြန်မာကို ကူးလူးပြီး စီးပွားရေး လုပ်တော့ နန်းက ငယ်ငယ်ကတည်းက ထိုင်းစကားကို သင်ယူခဲ့ရတာ"
"သြော်... အဲ့လိုကိုး"
ဒီလိုနဲ့ပဲ စကားတွေဖောင်ဖွဲ့ရင်း ခင်မင်ရင်းနှီးခဲ့ကြသည်။ နန်းပြောတဲ့ ထိုင်းလူမျိုး ဆိုတဲ့ ကောင်လေးနဲ့လဲ ရင်းနှီးခွင့်ရခဲ့ပြီး နောက်နေ့ အင်းလေးကို သွားတဲ့ ခရီးမှာ နန်းနဲ့ အတူ ထိုကောင်လေးပါ ပါလာခဲ့သည်။ မြန်မာတွေရဲ့ အလှူကို လေ့လာချင်တယ်ဆိုလို့ အကိုက ခေါ်လာခဲ့သည် လို့ပြောသည်။ မှူးရဲ့ စိတ်ထဲမှာတော့ နန်းနဲ့ ထို ထိုင်းကောင်လေးနဲ့ကြားမှာ တစ်ခုခုတော့ရှိနေသည်လို့ ခံစားမိသည်။
အင်းလေးကိုရောက်တော့ ဘုန်းကြီးကျောင်းကို အရင်ဦးဆုံးသွားခဲ့ကြသည်။ ကျောင်းဆောင်လှူဒါန်းထားတာကြောင့် အရင်ဆုံး ရေစက်ချ တရားနာဖို့ ပြင်ဆင်ကြသည်။ မှူးကိုတော့ သားအိမ်အားနည်းနေလို့ဆိုပြီး အကိုက လှုပ်လှုပ်ရှားရှားမနေခိုင်း။
တရားနာရေစက်ချချိန်ရောက်တော့ မှူးနဲ့ အကိုနဲ့ အတူတူ ရေစက်ခွက်ကိုင်ကာ ရေစက်ချခဲ့ကြသည်။ ဘ၀ဆက်တိုင်း ဆက်တိုင်းမှာ အကိုနဲ့ အတူတူ ရေစက်ဆုံဖို့ အတွက် ဆုတောင်းရင်းနဲ့ ကုသိုလ်ပြုခဲ့ကြသည်။
အလှူကိစ္စတွေအကုန် ပြီးစီးသွားတော့ နန်းရဲ့ ဦးဆောင်မှုဖြင့် အင်းလေးက လည်ပတ်စရာ နေရာတွေအစုံရောက်ခဲ့သည်။ ဘုရားတွေ အစုံဖူးရသလို ဓာတ်ပုံဆရာကောင်းမှုကြောင့် အကိုနဲ့ အတူတူ အမှတ်တရ ဓာတ်ပုံတွေအများကြီးရိုက်ခဲ့သည်။ သူများမြင်လျှင် pre-wedding ရိုက်နေတယ်လို့တောင် ထင်နိုင်သည်။
အင်းလေးမှာ တစ်ညအိပ် ပြီး အေးသာယာကို ပြန်ရောက်လာပြန်တော့လဲ နေရာအစုံ ကိုလိုက်ပို့ပေးပြန်သည်။ အမေတို့က ပင်ပန်းလို့ မလိုက်နိုင်တော့ဘူးဆို၍ မှူးရယ် အကိုရယ်က တစ်တွဲ နန်းနဲ့မဟာနဲ့က တစ်တွဲ အတွဲနှစ်တွဲ လျှောက်လည်ပတ်ကြတော့သည်။
ညဘက်ရောက်တော့ တောင်ကြီးမြို့ရဲ့ အမြင့်ဆုံး တောင်ဖြစ်တဲ့ view point နေရာကို သွားခဲ့ကြသည်။
view point ဆိုသည့်အတိုင်း တောင်ကြီးမြို့တစ်မြို့လုံးကို အပေါ်စီးကနေမြင်တွေ့နေရသည်။ ညဘက်ရှုခင်းဖြစ်သည့်အတွက် မီးရောင်စုံ ထိန်ထိန်ကျဲကာ လှပနေသည်။ နန်းတို့က လမ်းလျှောက်ရင်း စကားပြောနေကြပြီး မှူးတို့က ထိုတောင်ထိပ်က သစ်သားခုံတန်းမှာ ထိုင်ရင်း ညအလှကို အပြည့်အ၀ခံစားနေသည်။
"ဒီနေ့က ကိုယ့်ဘ၀မှာ အပျော်ဆုံးနေ့ထဲက တစ်နေ့ဖြစ်လိမ့်မယ်"
"ဘာဖြစ်လို့ ?"
"မှူးက စိတ်ဒဏ်ရာတွေ အကြောက်တရားတွေထဲက ရုန်းထွက်နိုင်ခဲ့သလို... ကိုယ့်တို့ဆီကိုလဲ ကလေးလေးနောက်တစ်ယောက်ပါ ထပ်ရောက်လာခဲ့တာကြောင့်လေ"
"မှူးလဲ အကို့လိုပါပဲ... ဒီနေ့ အရမ်းပျော်ဖို့ကောင်းခဲ့တယ်...မှူးတို့ နောက်ကျရင် အခုလိုပဲ ခရီးတွေလျှောက်သွားကြရအောင်နော်"
"အင်း... ထပ်သွားကြမယ်... နိုင်ငံခြားကိုလဲ ခရီးထွက်ကြမယ်"
တောင်ကြီးမြို့ရဲ့ ညရှုခင်းကို မှူးက ကြည့်နေပေမဲ့ ကိုယ်ကတော့ ညရှုခင်းထက်ပိုလှတဲ့ မှူးလေးရဲ့ အပြုံးတွေကို ငေးမောကြည့်နေမိသည်။
"အေးလိုက်တာ"
"အေးရင် ကိုယ့်အနွေးထည်ပါ ထပ်၀တ်ထားလိုက်...ဗိုက်ထဲက ကလေးလေး အအေးမိသွားဦးမယ်"
အကိုက ချက်ချင်းဆိုသလို သူ၀တ်ထားတဲ့ အနွေးထည်ကို ချွတ်နေတော့သည်။
"ခန္ဓာကိုယ်ကအေးတာမဟုတ်ဘူး"
"အဲ့ဒါဆို ခြေဖျား လက်ဖျားတွေ အေးနေလို့လား..မှူး အေးနေရင် ပြန်ကြမယ်လေ"
"မဟုတ်ဘူး...နှုတ်ခမ်းကအေးနေတာ"
မျက်လွှာချရင်း ရှက်ခိုးရှက်ခမ်းပြောလိုက်တော့မှ ဆိုလိုရင်း အဓိပ္ပာယ်ကို သဘောပေါက်သွားပြီး ကိုယ်ပါ ပြုံးစိစိဖြစ်သွားမိသည်။
"ကိုယ့်မိန်းမက အေးနေတယ်ဆိုတော့လဲ နွေးအောင်လုပ်ပေးရမှာပေါ့"
ရှက်ပြီး ငုံ့ထားတဲ့ ခေါင်းကို မေးဖျားကနေ ဖြေးဖြေးချင်း ဆွဲမော့လိုက်ကာ အေးနေတယ်ဆိုသော ထိုနှုတ်ခမ်းဖျားလေးကို စတင်ပြီး အနွေးဓာတ်ပေးလိုက်သည်။
နှစ်ယောက်လုံးရဲ့ နှုတ်ခမ်းတွေ ထူပူပြီး မီးပွင့်ထွက်မတတ် အကန့်အသတ်မရှိ အနမ်းတွေဖလှယ်နေကြသည်။ ကိုယ့်ဘက်ကနေစပြီး ရပ်တန့်ဖို့စိတ်ကူးလုံး၀မရှိ။ မှူးဘက်က ရပ်တန့်မှသာရပ်ပေးမည်ဖြစ်ပြီး ထိုအချိန်မတိုင်ခင်အထိတော့ သူမရဲ့ နှုတ်ခမ်းဖူးဖူးလေးကို တစ်စက္ကန့်တောင် အလွတ်မပေးချင်ပါ။
လူတစ်ချို့ကပြောကြတယ် အိမ်ထောင်သက်ကြာလာတာနဲ့ အမျှ အိမ်ကမိန်းမကို အချစ်လျော့လာကြတယ်တဲ့။ ဘုန်းမြတ် အတွက်တော့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ အသည်းနင့်အောင် ပိုပိုပြီးချစ်လာလေသည်။ တစ်ရက်လောက် ညဂျူတီဆင်းရလျှင် မိန်းမနဲ့ခွဲနေရတဲ့ ထိုတစ်ရက် တစ်သက်လောက်ကြာတယ် ထင်ရသည်အထိ လွမ်းရလေသည်။
ဖြတ်သန်းလာခဲ့တဲ့ ဘ၀တစ်လျှောက်မှာ အမှန်ကန်ဆုံး လုပ်ရပ်ကိုပြောပါဆိုလျှင် မှူးလေးကို လက်ထပ်ခဲ့တာက ထိပ်ဆုံးကနေ ရပ်တည်နေလိမ့်မည်။ ထိုလုပ်ရပ်က အရင်ကလဲ မှန်ခဲ့သလို အခုလဲ မှန်ကန်နေပြီး နောက်လဲ အမှန်ကန်ဆုံးရွေးချယ်မှုပဲဖြစ်လိမ့်မည်။ ထိုမိန်းကလေးနဲ့ အိမ်ထောင်တစ်ခု တည်ထောင်နေရသည့်အတွက် အလွန်ပျော်ရွှင်ပြီး စိတ်ချမ်းသာနေသလို ဘ၀သက်ဆုံးတိုင်အထိ ချစ်ရတဲ့ ထိုအမျိုးသမီးလေးကို မျက်ရည်တစ်စက်မကျစေပဲ အမြဲတမ်းပျော်ရွင်အောင်ထားပါ့မယ်လို့ သစ္စာပြုပါသည်....
.......။
××××××××××××××××××××××××××××××××××
(A/N) ဒီအပိုင်းမှပါတဲ့ နန်းနဲ့ မဟာ တို့က နောက်ထပ်ရေးမဲ့ fic ရဲ့အဓိက ဇာတ်ကောင်တွေပါ။ အရင်ဆုံး Intro တင်ပေးထားပါတယ် စိတ်၀င်စားရင် ဖတ်ကြည့်ကြပါ။
Zawgyi
"မှူး.... မှူးလေး.....မှူးလေး...."
"မှူး... အဆင်ပြေရဲ့လား"
"ရေသောက်လိုက်ဉီး"
Advertisement
-
In Serial37 Chapters
Love is Blind
Akira washes up on a small island with no memories-or clothes. He also finds himself without his eyesight. Dahlia happens upon him, and the two find that in short time love can blossom.But is love truly blind? Akira has secrets that cannot stay hidden. Will they be able to fall in love? Or will the parts of Akira and Dahlia come to light, and prevent love from blooming?
8 138 -
In Serial40 Chapters
The CEO. (W|W)
"I don't understand what else you want from me." I hissed. She smirked, rolling her ice blue eyes that were filled with nothing but her ego and it made me want to choke her. "How about you come find out, hm?"Cover by @herparamour
8 193 -
In Serial17 Chapters
ADJOURNMENT || benny watts x reader
"You're his daughter." Benny stated to himself."Bingo.""Do you play?" He asked, and you shot him a stare."Bingo?" You replied, sarcastically. He smiled at the board, before tipping his hat and head upwards."Chess."Life wasn't easy growing up with a chess Grandmaster as a father; it's even more difficult when you find out you could be better than him at his own game.Benny helps you realise that potential.
8 139 -
In Serial10 Chapters
vampire haven | tlb imagines • on hold
the lost boys imagines. <>| cover edited 6.6.22 |
8 207 -
In Serial8 Chapters
Two For You
Intended for 18+ only! / MFM/ daddy kink /praise kink / dirty talk / theesome / insta lust / throuple/ smut with heart----'𝐄𝐯𝐞𝐫𝐲 𝐢𝐧𝐜𝐡, 𝐬𝐰𝐞𝐞𝐭𝐡𝐞𝐚𝐫𝐭,' 𝐃𝐞𝐯 𝐞𝐧𝐜𝐨𝐮𝐫𝐚𝐠𝐞𝐝, 𝐡𝐢𝐬 𝐡𝐚𝐧𝐝 𝐜𝐨𝐦𝐢𝐧𝐠 𝐭𝐨 𝐫𝐮𝐛 𝐨𝐯𝐞𝐫 𝐡𝐞𝐫 𝐬𝐞𝐧𝐬𝐢𝐭𝐢𝐯𝐞 𝐜𝐥𝐢𝐭, 𝐬𝐞𝐧𝐝𝐢𝐧𝐠 𝐣𝐨𝐥𝐭𝐬 𝐨𝐟 𝐞𝐥𝐞𝐜𝐭𝐫𝐢𝐜𝐢𝐭𝐲 𝐢𝐧 𝐞𝐯𝐞𝐫𝐲 𝐜𝐨𝐫𝐧𝐞𝐫 𝐨𝐟 𝐡𝐞𝐫 𝐛𝐨𝐝𝐲. '𝐘𝐨𝐮 𝐥𝐞𝐭 𝐑𝐨𝐰𝐚𝐧'𝐬 𝐛𝐢𝐠 𝐜𝐨𝐜𝐤 𝐚𝐬 𝐝𝐞𝐞𝐩 𝐚𝐬 𝐩𝐨𝐬𝐬𝐢𝐛𝐥𝐞, 𝐚𝐥𝐫𝐢𝐠𝐡𝐭?''𝐓𝐡𝐚𝐭'𝐬 𝐫𝐢𝐠𝐡𝐭, 𝐛𝐚𝐛𝐲,' 𝐑𝐨𝐰𝐚𝐧 𝐩𝐚𝐧𝐭𝐞𝐝 𝐚𝐬 𝐡𝐞 𝐛𝐞𝐠𝐚𝐧 𝐦𝐨𝐯𝐢𝐧𝐠 𝐢𝐧 𝐞𝐚𝐫𝐧𝐞𝐬𝐭. 𝐃𝐚𝐝𝐝𝐲 𝐜𝐨𝐧𝐭𝐢𝐧𝐮𝐞𝐝 𝐭𝐨 𝐩𝐥𝐚𝐲 𝐡𝐞𝐫 𝐞𝐯𝐞𝐫𝐲 𝐛𝐮𝐭𝐭𝐨𝐧, 𝐮𝐧𝐭𝐢𝐥 𝐬𝐡𝐞 𝐟𝐞𝐥𝐭 𝐚 𝐧𝐞𝐰 𝐭𝐢𝐝𝐞 𝐨𝐟 𝐩𝐥𝐞𝐚𝐬𝐮𝐫𝐞 𝐮𝐧𝐟𝐮𝐫𝐥𝐢𝐧𝐠 as 𝐡𝐢𝐬 𝐟𝐫𝐢𝐞𝐧𝐝 𝐰𝐚𝐬 𝐩𝐮𝐦𝐩𝐢𝐧𝐠 𝐢𝐧 𝐚𝐧𝐝 𝐨𝐮𝐭 𝐨𝐟 𝐡𝐞𝐫. '𝐈 𝐟𝐞𝐞𝐥 𝐲𝐨𝐮𝐫 𝐃𝐚𝐝𝐝𝐲'𝐬 𝐜𝐮𝐦 𝐚𝐥𝐥 𝐚𝐫𝐨𝐮𝐧𝐝 𝐦𝐲 𝐜𝐨𝐜𝐤. 𝐀𝐧𝐝 𝐲𝐨𝐮𝐫 𝐩𝐮𝐬𝐬𝐲, 𝐟𝐮𝐜𝐤 𝐭𝐡𝐢𝐬 𝐩𝐮𝐬𝐬𝐲 𝐢𝐬 𝐬𝐨 𝐟𝐮𝐜𝐤𝐢𝐧𝐠 𝐭𝐢𝐠𝐡𝐭.'𝐄𝐲𝐞𝐬 𝐫𝐨𝐥𝐥𝐢𝐧𝐠 𝐛𝐚𝐜𝐤, 𝐋𝐮𝐜𝐲 𝐭𝐨𝐨𝐤 𝐞𝐯𝐞𝐫𝐲𝐭𝐡𝐢𝐧𝐠 𝐭𝐡𝐞𝐬𝐞 𝐦𝐞𝐧 𝐰𝐞𝐫𝐞 𝐠𝐢𝐯𝐢𝐧
8 208 -
In Serial40 Chapters
Hermaphrodite: Two Bodies (Lesbian Stories) [Major Editing]
Updated every Two Days. I was bullied. Everyone thinks I'm a species that no one wants to have. Known for having two genetalia in one body whose hormones keep fighting who will dominant mine when I reached 18 years of my existence. No one wants me. No one wants to be near me. Everyone thinks I'm a monster especially my own father but, one day, a girl changed my life and turned me into a human again. But its not easy as it seems.Life is complicated. Mine is worser than what everyone has.This is my story, I, Julian Mitchell.I am Hermaphrodite.(semi-nonfiction/fiction)All rights Reserved iloveshin22
8 100
