《ကံကြမ္မာစေရာ [OC] (Completed)》Extra_1
Advertisement
Uni
"အကို"
"ဗျာ......."
"အကို...သားလေး လိုချင်လား...သမီးလေး လိုချင်လားဟင်"
မှူးလေးရဲ့ မေးခွန်းကြောင့် ဘုန်းမြတ် သဘောကျစွာရယ်မိတော့သည်။အခုက ကိုယ်၀န်ခြောက်လ ကာလကိုရောက်နေပြီမို့ သားလေးလား သမီးလေးလားသိရဖို့အတွက် ultrasound ရိုက်ရန် ဆေးရုံကိုသွားနေသော လမ်းမှာဖြစ်တာကြောင့် မှူး ဒီလိုမေးတော့မယ်ဆိုတာ အစောကြီးကတည်က ကြိုတွေးမိပြီးဖြစ်သည်။
"ကိုယ်က သားလေးပဲဖြစ်ဖြစ် သမီးလေးပဲဖြစ်ဖြစ် ချစ်မှာပဲ"
"မှူးတို့ရဲ့ ကလေးက မှူးနဲ့သိပ်မတူပဲ အကိုနဲ့ ပိုတူရင်သိပ်ကောင်းမှာပဲ"
"ဟမ်...ဘာဖြစ်လို့လဲ....ကိုယ်က မှူးနဲ့ပိုပြီးတူစေချင်တာကို....အဲ့ဒါမှကလေးက အမေတူပြီး ချစ်ဖို့သိပ်ကောင်းနေမှာ"
ကားမောင်းနေရင်းနဲ့ ဘေးနားကမှူးရဲ့ပါးဖောင်းဖောင်းလေးကို တစ်ချက်လှမ်းညှစ်လိုက်သည်။ကိုယ်၀န် တစ်ဖြည်းဖြည်းရင့်လာတာနဲ့ အမေနဲ့အဖေတို့က အားရှိမဲ့အစားအစာတွေစွတ်ကျွေးလိုက် ဘုန်းမြတ်ကလဲ မှူးစားချင်တာမှန်သမျှ၀ယ်ကျွေးလိုက် လုပ်နေကြတာကြောင့် မှူးရဲ့မျက်နှာလေးက ပြည့်ပြည့်ဖောင်းဖောင်းနဲ့ ချစ်ဖို့ကောင်းနေလေသည်။ဗိုက်သာ ထွက်မနေရင် ချစ်ဖို့ကောင်းနေလွန်းလို့ ယောကျာ်းလေးတိုင်းတောင် ငေးကြည့်နေနိုင်လောက်သည်။
"အကိုနဲ့တူမှ ကလေးကဥာဏ်လဲကောင်းမယ် ချောလဲချောမှာပေါ့"
"ဟားးးးဟားးးးမှူးလဲ ဥာဏ်ကောင်းပြီး ချောလဲချော ချစ်ဖို့လဲကောင်းတာပဲကို"
"မတူဘူးလေ ဆရာ၀န်ဦးနှောက်နဲ့ မှူးလို့
သာမာန်ဦးနှောက်နဲ့က မှတ်ဥာဏ်ချင်းတူမှမတူတာ.....အဲ့ဒါကြောင့် မှူးက အကိုနဲ့ပိုတူစေချင်တာ"
"ဘယ်လိုပဲဖြစ်ဖြစ် ကလေးကကိုယ်တို့နှစ်ယောက်လုံးနဲ့ တူမှာပဲကို....ရစ်မနေပါနဲ့ မှူးလေးရယ်"
ဆေးရုံ၀န်းထဲကို ရောက်တာနဲ့ ကားကို
ပါကင်ထိုးပြီး ရပ်လိုက်သည်။ပြီးတာနဲ့ ဘေးကမှူးရဲ့ပါးလေးကို ခပ်ဖွဖွဆွဲညှစ်ပြီး အရစ်စိန်လုပ်နေသော နှုတ်ခမ်းနီနီဖူးဖူးလေးကို
အနမ်းပေးလိုက်သည်။
"သားလေးပဲ ဖြစ်ဖြစ် သမီးလေးပဲ ဖြစ်ဖြစ်ကိစ္စမရှိဘူး...မှူးပဲ ကလေးတွေအများကြီး ထပ်မွေးဦးမှာဆို အဲ့ကြရင် သားလေးတွေရော သမီးလေးရော ရလာမှာပဲလေ"
ကြည်လင်ပြီး ပြောင်ရှင်းနေသော မှူးရဲ့မျက်နှာကို တစိမ့်စိမ့်ကြည့်ရင်းပြောလိုက်သည်။
"အင်း....နောက်ထပ်အများကြီး ထပ်မွေးဦးမှာ အဲ့ဒါမှ မှူးရဲ့ ကလေးလေးက မှူးလို တစ်ယောက်ကြွက် .... မဖြစ်တော့မှာ"
မှူးက ပြုံးရယ်ပြီး ပြောနေပေမဲ့ ဘုန်းမြတ်ကတော့ စိတ်မကောင်းဖြစ်မိသွားသည်။ဆွေမျိုးရင်းချာ တစ်ယောက်မှမရှိတော့တဲ့ မှူးအတွက် တစ်ခါတစ်လေတော့လဲ အားငယ်နေရှာမှာပဲ တွေးမိလိုက်သည်။
"အကို....မှူး တို့သွားကြမယ်လေ....မှူး အရမ်းသိချင်နေပြီ"
"အင်း....သွားကြမယ်လေ....မှူး..ကားပေါ်ကဖြေးဖြေးဆင်းနော်"
"ဟုတ်"
မှူးရဲ့ လက်ကိုတွဲပြီး ဆေးရုံဲကို ဖြေးဖြေးချင်း လမ်းလျှောက်ပြီး ၀င်လာခဲ့သည်။ဆေးရုံကို အိမ်နဲ့ အနီးအနားရှိ စိတ်ချရတဲ့ နာမည်ကြီး ပုဂ္ဂလိကဆေးရုံတစ်ခုမှာ ကိုယ်၀န်အပ်ထားခြင်းဖြစ်သည်။ဒါအပြင် မှူးကိုတာ၀န်ယူပေးထားသော ဆရာမကလဲ ဘုန်းမြတ် ဆေးကျောင်းသားဘ၀တုန်းက ဘုန်းမြတ်ကိုစာသင်ပေးဖူးသော ၀ါရင့်ဆရာမကြီးတစ်ယောက်ဖြစ်တာကြောင့် အစစအရာရာအဆင်ပြေသည်။
ultrasoundရိုက်တဲ့ အခန်းထဲကိုရောက်နဲ့ မှူးကိုကုတင်ပေါ်မှာလှဲခိုင်းလိုက်သည်။မှူး ဘယ်လောက်ထိ ရင်ခုန်နေလဲဆိုတာ မှူးရဲ့ အေးစက်နေသော လက်များမှတဆင့်သိနိုင်သည်။
"မှူးလေး....စိတ်ကိုအေးအေးထားနော်"
"ဟုတ် အကို"
ဆရာမက မှူးရဲ့ ဗိုက်ကို gel တစ်ချို့ တင်ပြီး စက်နဲ့ ပွတ်စမ်းနေတဲ့ အချိန်မှာတော့ ဘုန်းမြတ်လဲ ရင်ခုန်လွန်းလို့ မျက်တောင်မခက်ပဲ ultrasound ပုံရိပ်ပေါ်နေသောscreenကိုသာ ကြည့်နေမိတော့သည်။
ကလေးက ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးနေတာတွေ့ရတော့ စိတ်ထဲမှာ ပိတိဖြစ်ပြီး အလိုလိုပြုံးမိသွားသည်။တစ်ခါultrasound လာရိုက်တိုင်း ပိုပိုပြီး ဖွံဖြိုးလာသောပုံရိပ်ကို အခုကထဲက ချစ်လွန်းလို့ အူပါယားလာသည်။
"ကလေးက ပုံမှန်အတိုင်း ကျန်းကျန်းမာမာနဲ့ ဖွံ့ဖြိုးနေတယ် ဘုန်းမြတ်...ပြီးတော့.......ကလေးက........မိန်းကလေးနော်.....ဂုဏ်ယူပါတယ်သားနဲ့ သမီးတို့ရဲ့ ...... ပထမဆုံးသားဦးက သမီးလေးပါ"
ဆရာမကြီးရဲ့ စကားကြောင့် မှူးမှာ ပျော်လွန်းလို့ မျက်ရည်ပါ၀ဲရသည်။ဗိုက်ထဲက ကလေးလေးက ကျန်းကျန်းမာမာနဲ့ ရှိနေပေးတာလဲ ကျေးဇူးတင်သလို သမီး လေးဆိုတာ သိရတဲ့အတွက်လဲ အရမ်းပျော်ရွှင်မိသည်။
×××××××××××
ဆေးရုံကအပြန် အကိုက ကိတ်မုန့်၀င်စားကြမယ်ဆိုလို့ ကော်ဖီနဲ့ ကိတ်မုန့် ရောင်းတဲဆိုင်ထဲကို ၀င်လာခဲ့ကြသည်။
"မှူးလေး....ဘာစားမှာလဲ"
"မှူးက...Hot chocolateနဲ့ Rainbow cake"
"အဲ့ဒါဆို....ကိုယ်က Latte နဲ့ Macaroon Set"
စားစရာတွေ မှာပြီးမကြာခင်မှာပဲ အငွေ့တထောင်းထောင်း ထနေသော Hot Chocolate နဲ့ Latte ရယ် နောက်ပြီး အရောင်အသွေးစုံလင်သော rainbow cakeနဲ့ တစ်လုတ်စာအရွယ် ရောင်စုံ macaroonလေးတွေ စားပွဲပေါ်ရောက်ရှိလာတော့သည်။
အကိုကတော့အမြဲသူလုပ်နေကြ အလုပ်တစ်ခုလိုပင် မှူးရဲ့ hot chocolateထဲကို brown sugarထုတ် ဖောက်ထည့်ပေးပြီး ဇွန်းနဲ့ မွှေပေးတဲ့ အပြင် အနည်းငယ်နွေးသွားစေရန် နှုတ်ခမ်းဖြင့်လေမှုတ်ပေးသေးသည်။ ကိစ္စသေးသေးလေးက အစ မှူးအပေါ်ဂရုစိုက်ပေးသော အကို့ကို ကြည့်နေရင်း တစ်နေ့တခြားအချစ်တွေတိုးတိုးလာရသည်။
"မှူးလေး...ပူတယ်နော်...ဖြေးဖြေးချင်းသောက်
ဒီနေ့ တစ်နေကုန် အချိန်ရတယ် အေးအေးဆေးဆေးသာစား"
"အင်း"
hot chocolateကို ဖြေးဖြေးချင်း အရသာခံပြီး သောက်နေသော မှူးကိုကြည့်ပြီး သဘောကျနေမိတာ ကိုယ်မှာထားတဲ့ latteကို သောက်ဖို့တောင် မေ့လျော့နေမိသည်။
"အကို..ဘာတွေတွေးပြီး ပြုံးနေတာလဲ"
"ကိုယ် စဥ်းစားမိတာတစ်ခုရှိလို့...အဲ့ဒါကို တွေးပြီးသဘောကျနေတာ"
"ဟင်...ဘာကိုတွေးနေတာလဲ...မှူးကိုလဲ ပြောပြ"
Advertisement
မှူးက သူမှာထားတဲ့ Rainbowကို ထိတောင်မထိသေးပဲ ဘုန်းမြတ်မှာထားတဲ့ macaroonတစ်ခုကို လှမ်းယူပြီး စားလိုက်တာ
ကြောင့်macaroonပန်းကန်ကို မှူးဘက်ကို တိုးပေးလိုက်သည်။အစတည်းက မှူးလေးစားဖို့ အတွက် ပိုမှာပေးထားခြင်းဖြစ်သည်။
"ဘာကိုတွေးနေတာလဲ ဆိုတော့......အခု ကိုယ်တို့ရဲ့ ကလေးလေးက သမီးလေးမလား"
"အင်း...ဟုတ်တယ်လေ"
"အဲ့ဒါ ကိုယ် သမီးလေးအတွက် နာမည်တစ်ခု စဥ်းစားမိလို့"
" ဘာလဲဟင် မှူးကိုပြောကြည့်ပါလား"
"နာမည် မပြောပြခင်မှာ ဘာလို့ အဲ့နာမည်စဥ်းစားမိတာလဲ ဆိုတာ အရင်ပြောပြမယ်"
"အင်း"
"ဒီလိုကွာ...မှူးက ကိုယ်၀န်စရှိကထဲက အခုချိန်ထိ ချောကလက်တစ်ခုထဲကိုပဲ ချဥ်ချင်းတက်ပြီး ခံတွင်းတွေ့နေတာမလား"
"အင်း....ဟုတ်တယ်လေ"
"အဲ့ဒါကြောင့် ကိုယ်က သမီးလေးကို ချစ်စနိုးနဲ့ ခေါ်ဖို့အတွက် စဥ်းစားမိတဲ့ နာမည်က...... Choco(ချိုကို)......အဲ့လို တွေးမိလိုက်လို့ သဘောကျနေတာ"
"Choco တဲ့လား.... မှူး လဲအဲ့နာမည်သဘောကျတယ် အကို"
choco ဆိုတဲ့ နာမည်ကို ကြားမိတာနဲ့တင် သဘောကျလွန်းလို့ ပြုံးမိသွားသည်။အကို စဥ်းစားမိတဲ့ နာမည်နဲ့တင်တော်တော်ချစ်ဖို့ကောင်းနေတာမို့ သမီးလေးနဲ့ ဆိုရင် အရမ်းလိုက်ဖက်မှာပဲ လို့ တွေးမိနေသည်။
"မှူး အရမ်းသဘောကျတာပဲ ....မှူးတို့ သမီးလေးကို အဲ့လိုပဲခေါ်ကြမယ်နော်....နာမည်အရင်းကတော့ အဖေနဲ့အမေတို့ ဘုန်းကြီးကျောင်းမှာ သွားပေးမယ်လို့ ပြောထားတာဆိုတော့"
"အင်း....အဲဒါဆို အခုကထဲက ကျင့်သားရအောင် choco လေးကို ခေါ်ထားရမယ်....ဟုတ်တယ်မလား...chocoလေး"
အကိုက မှူးရဲ့ ဗိုက်ကို ခပ်ဖွဖွ ကိုင်ပြီး chocoလေး..chocoလေးနဲ့ ခေါ်ခေါ်ပြီး သဘောကျနေတော့သည်.......။မှူးလဲ ဗိုက်ထဲကတောင် ထွက်မလာသေးတဲ့ ကလေးကို အပြင်ကနေ chocoလေး ဆိုပြီး တဖွဖွ ခေါ်နေသော အကို့ကိုကြည့်ပြီး သဘောကျကာ ရယ်နေမိတော့သည်။
×××××××××××××××××××××××××××××××××××
၃လခန့်ကြာသော်..........
"ဒေါ်ကြီးငွေ.......ဒေါ်ကြီး......"
နေ့ခင်းနေ့လယ် ထမင်းစားသောက်ပြီး ၀ရံတာမှာ စာထိုင်ဖက်နေရင်း ဗိုက်ထဲက စူးပြီးအောင့်လာတာကြောင့် မှူး အိမ်မှာ အိမ်မှုကိစ္စတွေ လာလုပ်ပေးသော ဒေါ်ကြီးငွေကို အော်ခေါ်ရသည်။
"ဒေါ်ကြီးရေ.....အာ့....အမလေး.....နာလိုက်တာ"
"ဟေ.....မှူးလေး....ဘာဖြစ်လို့လဲ "
ဒေါ်ကြီးငွေမှာ မှူးရဲ့အော်သံကြောင့် အိမ်ပေါ်ထပ်ကို အပြေးတက်လာခဲ့တော့သည်။
"ဒေါ်ကြီး မှူး......မှူး......ဗိုက်နာလာလို့"
"ဟယ်!!မွေးတော့မယ်ထင်တယ်.....ဘယ်လိုလုပ်မလဲ မောင်ဘုန်းမြတ်ကလဲမရှိဘူး"
Due dateက သုံးရက်လိုသေးတာမို့ အကိုက မနက်ဖြန်ရောက်မှ သူပါခွင့်ယူပြီး မှူးကို ဆေးရုံကြိုတင်ထားဖို့ ပြင်ဆင်ထားခြင်းဖြစ်တာကြောင့်ဒီနေ့ အိမ်မှာမရှိခြင်းဖြစ်သည်။
"ဒေါ်ကြီး အမေတို့ကို ဖုန်းလှမ်းဆက်ပေး.....မှူး....အကို့ကို ဖုန်းဆက်လိုက်မယ်"
"အေးအေး....ဒေါ်ကြီး သွားဆက်လိုက်မယ်....မှူးရသေးတယ်မလား"
"အင်း"
"Ring Ring Ring Ring"
ဖုန်း တုန်ခါလာသောအသံကြောင့် ဂျူတီကုတ်အိတ်ကပ်ထဲက ဖုန်းကို ထုတ်ကြည့်လိုက်သည်။screenပေါ်မှာ ပေါ်နေသော မှူးရဲ့ ပုံရိပ်လေးကြောင့် အလိုလိုပြုံးမိသွားသည်။ပုဂံသွားတုန်းက ဘုန်းမြတ်ကိုယ်တိုင် ရိုက်ပေးထား ပုံလေးကို content ထဲမှာ မှူးလေး❤️ ဆိုသောနာမည်နဲ့ အတူ ဖုန်းထဲမှာ မှတ်ထားခြင်းဖြစ်သည်။
"ဟယ်လို.....မှူးလေး....ဘာစားချင်လာလို့လဲ"
ပုံမှန်ဆိုရင် စားချင်တာ တစ်ခုခုခေါင်းထဲမှာပေါ်လာရင် ဘုန်းမြတ်ဆီ အမြဲဖုန်းဆက်ပြီး မှာတက်သည်မို့ ဆေးရုံကအပြန် မှူးလေးစားချင်တာ ရှာပြီး၀ယ်ပေးရသည်။
"အကို.......မှူး.......မှူး......ဗိုက်နာလာလို့"
"ဟမ်!!!ဟုတ်လား.....အဲ့ဒါဆို ကိုယ်အခုချက်ချင်းအိမ်ပြန်လာခဲ့မယ်....မှူး ဘာမှလျှောက်မလုပ်နဲ့နော်...ငြိမ်ငြိမ်လေးနေနေ...ကိုယ်အခုချက်ချင်း လာခဲ့မယ်"
အသံကို မနည်းညှစ်ထုတ်ပြီး ပြောနေတဲ့ အသံကြောင့် မှူး မွေးတော့မယ်ဆိုတာသိလိုက်သည်။
"အင်း......အကို....မြန်မြန် လာခဲ့နော်"
"အင်း....အခု ထွက်လာနေပြီ"
ဆေးရုံကို အကျိုးအကြာင်းပြောပြကာ အမြန် ကားမောင်းပြီး မှူးဆီကိုထွက်လာခဲ့သည်။
××××××
ပါးစပ်နဲ့ ပြောပြလို့မရလောက်အောင် ခံစားနေရသော နာကျင်မှုကြောင့် ဇောချွေးပါပြန်လာရသည်။မျက်စိစုံမှိတ်ပြီး ဘုရားရွတ်နေရုံမှတစ်ပါး ဘာမှမစွမ်းဆောင်တော့သည် ခုံပေါ်တွင် မလှုပ်မယှက်ပဲ အကိုနဲ့ အမေတို့ အလာကိုသာစောင့်နေလိုက်သည်။ဒေါ်ကြီးငွေက ဆေးရုံတက်ဖို့အတွက် လိုအပ်တာတွေ ပြင်ဆင်နေတာမို့ မှူး တစ်ယောက်ထဲ အပေါ်ထပ်မှာ ေ၀ဒနာကို ကြိတ်မှိတ်ခံစားနေရသည်။
"မှူး!!!......မှူး......အဆင်ပြေရဲ့လား"
အကိုက ကားကိုဘယ်လိုမောင်းလာလဲတော့ မသိ မိနစ်ပိုင်းအတွင်း မှူးရဲ့ဘေးနားကို အပြေးရောက်လာခဲ့သည်။
"ဟင့်အင်း......မှူး.....ဗိုက်က အရမ်း.....နာနေတယ်"
ငိုမဲ့မဲ့ အသံလေးနဲ့ သူခံစားနေရတာကို ပြောပြနေသော မှူးကိုကြည့်ပြီး ပင်ပန်းလွန်းလို့ သူသာအစား၀င်ခံစားပေးလိုက်ချင်တော့သည်။
"မှူး.....အခုဆေးရုံကို သွားကြမယ်.....အားတင်းထားနော်.....အရာအာလုံးအဆင်ပြေသွားလိုက်မယ်.....ကိုယ့်ကိုယုံတယ်မလား"
မှူးအတွက် နည်းနည်းလေးပဲ ဖြစ်ဖြစ် ခွန်အားဖြစ်စေရန် ချွေးစေးတွေ ထွက်နေသော မှူးရဲ့ လက်ကို ဆုပ်ကိုင်ပေးထားလိုက်သည်။
"အင်း....."
ခေါင်းကို အလျှင်အမြန် တဆက်ဆက် ငြိမ့်ပြလိုက်ပြီး အကို့ရဲ့လက်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်ထားလိုက်သည်။
Advertisement
×××××××××××
ဆေးရုံကို နေ့ခင်း ၃နာရီကတည်းက ရောက်နေပေမဲ့ အခုချိန်ထိ သားအိမ်မပွင့်သေးတာကြောင့် ခွဲခန်းထဲကို မ၀င်ရသေးပေ။နာရီပေါင်း များစွာ နာကျင်မှုကို ခံစားနေရသော မှူးကို ကြည့်လေ စိတ်ထဲမသက်မသာဖြစ်လေဖြစ်နေရသည်။ဘုန်းမြတ်ရော ဒေါ်ချိုမာရော ထိုင်မရ ထမရနဲ့ စိတ်ပူနေကြရသည်။
"မှူးလေး....အားတင်းထားနော်.....မကြာခင်မှာ...မှူးရဲ့ သမီးလေးကို မြင်ရတော့မှာ"
"ဟုတ်...အမေ"
ည ၁၀နာရီလောက်မှာ မှူးကို တာ၀န်ယူထားသော ဆရာမနဲ့ တခြားဆရာ၀န် အချို့ အခန်းထဲကို၀င်လာပြီး လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ကြတော့သည်။
"ရပြီ.....ခွဲခန်းထဲကို ရွေ့လိုက်တော့"
ဆရာမရဲ့ စကားသံအဆုံးမှာတော့ မှူး ကြောက်ရွံ့မှု အနည်းငယ်ဖြစ်မိသွားသည်။အမေနဲ့ အကို့ရဲ့ လက်ကိုသာ တင်းကြပ်စွာဆုပ်ကိုင်မိထားသည်။
"မှူးလေး......အခန်းအပြင်မှာ အကိုရော အမေရော ရှိတယ်.....မကြောက်နဲ့နော်.......ကိုယ့်ရဲ့မှူးလေးကို အရမ်းချစ်တယ် အားတင်းထားနော်..."
ခွဲစိတ်ခန်းထဲ မ၀င်ခင် မှူးရဲ့ နဖူးကို ညင်သာစွာ နမ်းရှိုက်လိုက်သည်။စိတ်ရှိတိုင်းသာဆိုရင် ခွဲခန်းထဲအထိ လိုက်သွားချင်ပေမဲ့ ကိုယ်တာ၀န်ထမ်းဆောင်နေသော ဆေးရုံမဟုတ်တာကြောင့် အပြင်မှာသာ အင်္ဂုလိမာလသုတ် ရွတ်ရင်း စောင့်နေရသည်။
ခွဲမွေးတာမဟုတ်ပဲ ရိုးရိုးမွေးတာ ဖြစ်တဲ့ အတွက်ကြောင့် ခွဲခန်းထဲက မှူးရဲ့ အော်သံကြားတိုင်း ရင်ထဲမှာ နာကျင်နေရသည်။၁၀နာရီကထဲက ခွဲခန်းထဲ၀င်သွားတာ အခု ၁၁နာရီထိုးခါနီးနေပြီ ကလေးကထွက်မလာသေးတာကြောင့် စိတ်ပူရလွန်းလို့ ရူးချင်စိတ်ပါပေါက်လာရသည်။
"သမီးလေးရေ....သမီးအမေ ပင်ပန်းနေပြီ........ထွက်လာခဲ့ပါတော့......."
ခွဲခန်းရှေ့ကနေ အခန်းတံခါး၀ကို ကြည့်ရင်း တီးတိုးရေရွတ်မိလိုက်သည်။ဘုန်းမြတ်လဲ မှူးရဲ့ အော်သံပဲ နားထဲမှာကြားနေရ၍ စိတ်ပင်ပန်းလွန်းလို့ မျက်ရည်ပင် ၀ဲလာရသည်။
ရှိသမျှ အားကုန်သုံးပြီး ညှစ်နေရတာကြောင့် လူလဲပင်ပန်း နွမ်းလျနေပြီး တစ်ကိုယ်လုံးလဲ ချွေးများက ရေချိုးထားသလို စီးကျနေသည်။
"သမီး....အားတင်းထားမယ်နော်......ကလေးက ကိုယ်လုံးတစ်၀က်ပဲ ထွက်ဖို့ကျန်တော့တယ်.......ရှိသမျှအား အကုန်သုံးပြီး ညှစ်ချလိုက်သမီး"
ဆရာမရဲ့ စကားကြောင့် မှူးကို နှုတ်ခမ်းကို ကိုက်ပြီး အံကိုကြိတ်ကာ အစွမ်းကုန် ညှစ်ချလိုက်သည်။
"အားးးးးးးးး"
"အင့်......အူ...၀ဲ....."
မှူးရဲ့ အော်သံနဲ့ အတူ ကလေးငိုသံပါ ကြားလိုက်ရတာမို့ ဘုန်းမြတ် ပျော်ပြီး အခန်းပေါက်၀ကနေ ရင်တလျှပ်လျှပ်နဲ့ စောင့်နေလိုက်သည်။နာရီကိုကြည့်လိုက်တော့ ည၁၁နာရီအတိ။ ၁၁ လပိုင်း ၁၁ရက်နေ့ ည၁၁နာရီမွေးပြီး တနင်္လာ သမီးလေးဖြစ်သည်။
"သမီးရဲ့ ကလေးလေးက ချစ်စရာလေး အမေတူလို့ဖြစ်မယ်"
ကလေးကို သန့်စင်ပေးပြီး အနှီးနဲ့ထုပ်ကာ မှူးရဲ့ လက်ထဲ ထည့်ပေးတာကြောင့် ပင်ပန်းနေတဲ့ကြားထဲက အားယူပြီးကြည့်လိုက်သည်။ကလေးလေးက နီတာရဲလေးနဲ့ အရမ်းကို ချစ်ဖို့ကောင်းနေသည်။နှုတ်ခမ်း ပါးပါးလေးနဲ့ အော်ငိုနေပုံက အသဲယားစရာကောင်းလှသည်။နာကျင်မှုတွေတောင် ဘယ်ဆီရောက်လို့ ရောက်သွားမှန်းမသိ စိတ်ထဲ၀မ်းသာလွန်းလို့ မျက်ရည်ပင်ကျမိသည်။
"ကလေးထွက်လာပါပြီ......မိခင်ရော ကလေးရော ကျန်းမာပါတယ်.....ခဏနေရင် ကလေးရော မိခင်ရော အခန်းထဲကို ရွေ့ပေးပါမယ်"
အခုမှပဲ ဘုန်းမြတ်တို့သားအမိရဲ့ ရင်ထဲမှာ တစ်ဆို့နေသော အလုံးကြီးကျသွားသလိုပင် ။
××××××
မှူးလေးကိုရော သမီးလေးကိုရော မြင်ချင်လွန်းလို့ စောင့်နေရသည်မှာ လည်ပင်းပင်ရှည်ထွက်တော့မည်။နာရီ၀က်လောက်နေမှ သူနာပြုတစ်ယောက်က ကလေးကို ချီပြီးထွက်လာသည်မို့ အပြေးတပိုင်း သွားကြည့်လိုက်သည်။
ကလေးက တစ်တစ်တုတ်တုတ် လေးမို့ချစ်ဖို့ကောင်းပြီး အသဲယားစရာကောင်းနေသည်။ပါးမို့ရဲရဲလေးက ဆွဲညှစ်ပစ်ချင်စရာကောင်းပြီး ခြေလက် သေးသေးလေးတွေက နူးညံ့အိဖက်ပြီး ထိရက်စရာမရှိပေ။
"မှူး.......ဘယ်လိုလဲ နေရထိုင်ရတာ သက်သာရဲ့လား"
အနောက်ကနေ လူနာတင်ကုတင်နဲ့ ထွက်လာသော မှူးကိုလက်ကို ခပ်ဖွဖွ ဆုပ်ကိုင်လိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။
"အင်း"
ဖြူဖျော့နေသော နှုတ်ခမ်းဖျားဆီက အသံပင်မထွက်နိုင်တော့တာမို့ ခေါင်းသာဖြေးဖြေးလေးငြိမ့်ပြလိုက်သည်။
"ကိုယ့်ရဲ့မှူးလေးက...အရမ်းတော်တာပဲ....."
နဖူးတစ်၀ိုက်မှ စီးကျနေသော ချွေးနဲ့ကပ်နေသော ဆံစတစ်ချို့ကို သပ်တင်ပေးလိုက်ပြီး အားအင်ချိနဲ့နေသော လက်ကို နှုတ်ခမ်းဖြင့် ဖိကပ်နမ်းလိုက်သည်။
အခန်းထဲမှာလိုအပ်တာတွေပြင်ဆင်ပြီး စောင့်နေတဲ့ ဒေါ်ချိုမာလဲ ချွေးမနဲ့ မြေးဖြစ်သူ အခန်းထဲကို ၀င်လာတာနဲ့ အပြေးသွားကြိုလိုက်သည်။
"ဟယ်....ချစ်ဖို့ကောင်းလိုက်ကွယ်.....မျက်နှာလေးက ၀ိုင်းပြီး နှုတ်ခမ်းပါးပါးလေးနဲ့ ချစ်ဖို့ သိပ်ကောင်းတာပဲ......မှူးလေး....အမေ့သမီးလေး ပင်ပန်းသွားပြီ.....နေရတာရော အဆင်ပြေရဲ့လား"
"မှူး ..အဆင်ပြေပါတယ်အမေ"
အမေနဲ့အကိုကတော့ သူ့မြေးလေးကို ချီပြီး မြူနေလေသည်။ဘာကြောင့်မှန်းမသိ အခုချိန်မှာ မှူး ရဲ့အမေနဲ့ အဖေရယ် အဘွားရယ်ရှိရင် သိပ်ကောင်းမှာပဲလို့ တွေးမိနေသည်။အမေတို့ရဲ့ မှူးရဲ့ကလေးလေးကို မြင်ရင် အကိုတို့လိုပဲ အရမ်းချစ်ကြမှာပဲလို့ တွေးမိရင်း မျက်၀န်းထဲ မျက်ရည်တွေ ဆို့လာရသည်။
"မှူး.....ခဏလောက် လှဲပြီး အနားယူလိုက်ဦး...
မှူးလဲ ပင်ပန်းနေမှာပေါ့"
"အင်း....အဲ့ဒါဆို မှူး ခဏလောက် အိပ်လိုက်ဦးမယ်"
"စိတ်ချလက်ချ အိပ်ပြီး အနားယူလိုက်....ကိုယ် မှူးဘေးမှာ ရှိနေပေးမယ်"
"အင်း"
ဘုန်းမြတ်ကတော့ ကလေးကို ထကြည့်လိုက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့ မှူးလေးကို ထိုင်ကြည့်လိုက်နဲ့ တစ်ယောက်ထဲ အလုပ်ရှုပ်နေတော့သည်။
×××××××××
တစ်ရေးလောက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပြီးချိန်မှာတော့ မှူး နိုးလာခဲ့သည်။နံရံက နာရီကိုကြည့်လိုက်တော့ မနက် ၃နာရီထိုးပဲရှိသေးသည်။အကို့ကို လိုက်ရှာကြည့်တော့ ကလေး ထည့်ထားတဲ့ ပုခက်ဘေးနားကနေ ကလေးလေးကို တစိမ့်စိမ့်ပြုံးပြီးကြည့်နေတာမို့ မှူးလဲပြုံးမိသွားသည်။
"အကို....အခုချိန်ထိ မအိပ်ရသေးဘူးလား"
"သြော်....မှူး...နိုးပြီလား...အိပ်ရေးရော၀ရဲ့လား"
"အင်း...မှူးအိပ်ရေး၀ပါတယ်...ဒါနဲ့ အမေရော"
"အမေ အ၀တ်အစားနဲ့ လိုအပ်တာတွေ ပြန်ယူတယ်....မနက်စောစောပြန်လာခဲ့မယ်ပြောသွားတယ်....မှူး စားဖို့လဲ ဟင်းချက်ပြီးယူလာခဲ့မယ်တဲ့"
"အမေကတော့ ပင်ပင်ပန်းပန်းတွေ လျှောက်လုပ်ပြန်ပြီ.....ကလေးရော ...အိပ်နေတာလား"
"အင်း အိပ်နေတယ်....choco လေးက မှူးအတိုင်းပဲ အိပ်နေတာတောင် တော်တော် ချစ်ဖို့ကောင်းတယ်"
"အမေနဲ့ တူတော့လဲ ဒီလိုပဲ ချစ်ဖို့ကောင်းမှာပေါ့"
"ဒါပေါ့.....ပြီးတော့ ကိုယ့်ရဲ့မှူးလေးအတွက် ဟောဒီ့ ကအကိုက ပေးစရာတစ်ခုရှိတယ်"
"ဘာပေးမလို့လဲ"
"ကိုယ့်မှူးလေးက ပင်ပန်းထားတာဆိုတော့ ကိုယ်က လက်ဆောင်ပေးမလို့"
မှူးကတော့ မျက်လုံး၀ိုင်းလေးနဲ့ ပြူးပြီးကြည့်နေလေသည်။အကိုက မှူးရဲ့ မျက်လုံးရှေ့မှာ လက်သီးကို ဆုပ်ထားပြီး ဖြေးဖြေးချင်း လက်သီးဆုပ်ကို ဖြေလျော့လိုက်သည်။လက်ခနဲ ကြိုးတစ်ခု လက်ထဲက တွဲလောင်းကျလာပြီးမှူးရဲ့ မျက်လုံးရှေ့မှာ လှုပ်ရမ်းနေတော့သည်။
"ဟင် !ဆွဲကြိုးလေး"
"ဟုတ်တယ် ဒီဆွဲကြိုးက ဒီကမ္ဘာပေါ်မှာ တစ်ခုထဲ ရှိတဲ့ဆွဲကြိုး....ကိုယ်ကိုယ်တိုင် ဒီဇိုင်းဆွဲပြီးမှာထားတာ"
မှူး အံသြမှု အပြည့်နဲ့ ဆွဲကြိုးကို အနီးကပ်ကြည့်လိုက်သည်။ကြိုးက ပလက်တီနမ် ကြိုးဖြစ်ပြီး အလယ်က ဆွဲသီးက စိန်အဖြူ အပြည့်ဖြင့် စီခြယ်ထားသော ပန်းပွင့်အသေးလေးရဲ့အလယ်မှာ မိုးစက်ပုံစံ စိန်အ၀ါပွင့်လေးနဲ့ ရိုးရိုးရှင်းရှင်း လူငယ်ဆန်ဆန် လေးဖြစ်သည်။ဒီ ဆွဲသီးလေးပုံက ကြည့်လိုက်တာနဲ့တင် မှူး သိပ်ကြိုက်တဲ့ ပန်းနဲ့ တူနေမှန်းသိသာသည်။
"ဒီဆွဲသီးလေးရဲ့ပုံက မှူး ကြိုက်တဲ့ ပန်းပုံစံလေးလေ.....ပြီးတော့ အလယ်က မိုးစက်ပုံလေးက ကိုယ်တို့မိုးရေထဲမှာ တွေ့ခဲ့တုန်းက အချိန်ကို ကိုယ်စားပြုတယ်......မှူး မှတ်မိတယ်မလား....ကိုယ် မှူးကို ထီးဆောင်းပေးခဲ့တဲ့ အချိန်ကိုလေ....... အမှန်တိုင်း ၀န်ခံရရင် အဲ့နေ့တုန်းက မှူးကို ကြည့်နေရင်း ကိုယ့်ရင်တွေခုန်လာခဲ့ဖူးတယ်.....အဲ့ဒါကြောင့် အဲ့ဒီ့မိုးစက်လေးကို အမှတ်တရအနေနဲ့ ထည့်ပေးထားတာ ....ကိုယ်မှူးကို ပထမဆုံး ရင်ခုန်ခဲ့ဖူးတဲ့ အချိန်ဖြစ်လို့...ပြီးတော့ အဲ့ဒီ့နေက မှူးအ၀ါရောင် ၀မ်းဆက်၀တ်ထားတာမလား....အဲ့ဒါကြောင့် စိန်အ၀ါ လေးထည့်ထားတာ.....ဘယ်လိုလဲ သဘောကျရဲ့လား"
"မှူး အရမ်းကြိုက်တယ်.... ပြီးတော့... မှူးမထင်ထားဘူး....အကို အဲ့ဒီ့နေ့ကိုအခုထိ မှတ်မိနေမယ်လို့"
"မေ့ဖို့နေနေသာသာ မှူးရဲ့ပုံရိပ်ကို အခုချိန်ထိ အကို့မျက်လုံးထဲကို မထွက်သေးတာ......."
မှူးမှာ ပျော်လွန်းလို့ မျက်ရည်ပင်၀ဲတက်လာရသည်။
"ကိုယ် ဒီဆွဲကြိုးလေးကို ဆွဲပေးမယ်နော်"
"အင်း"
မှူးရဲ့ ကျော့ရှင်းနေသော လည်တိုင်ထက်မှာ ဆွဲကြိုးလေးက နေရာယူသွားတဲ့ အခါမှာတော့ အရင်ကထက်တောင် လင်းလက်နေတော့သည်။
"မှူး....ဒီ ဆွဲကြိုးကို တစ်သက်လုံး မြတ်မြတ်နိုးနိုး ထားပါ့မယ် အကို"
မှူးရဲ့ မျက်၀န်းဆီက စီးကျလာသော မျက်ရည်များကို လက်ဖြင့်အသာအယာ သုတ်ပေးလိုက်ပြီး ဘယ်လောက်ကြည့်ကြည့် ကြည့်လို့မ၀သော မျက်နှာလေးကို သဘောကျစွာ ကြည့်နေမိသည်။အားအင် မပြည့်သေးသဖြင့် ဖြူလျော့နေသော နှုတ်ခမ်းဖျားလေးကို လက်မနဲ့ ဖြည်းဖြည်းချင်း ပွတ်လိုက်ပြီးတဲ့ နောက်မှာ ဖေးဖျားလေးကို ဆွဲယူမော့လိုက်ပြီး နှုတ်ခမ်းအစုံကို ဖိကပ်နမ်းရှိုက်လိုက်သည်။ဘယ်လောက်နမ်းနမ်း နမ်းလို့မ၀တဲ့ ဒီနှုတ်ခမ်းဖူးဖူးလေးကို ဘယ်တော့မှ ရိုးသွားမှာ မဟုတ်ပါ။ညင်ညင်သာသာဖြင့်အပေါ်နှုတ်ခမ်းနဲ့ အောက်နှုတ်ခမ်းကို တစ်လှည့်စီစုပ်ယူလိုက်ပြီး လျှာဖျားလေးပါ ဖြေးဖြေးချင်းတိုး၀င်လိုက်သည်။
"အင့်.....ဟင့်......အဲ......အူ၀ဲ..........."
ရုတ်တရက် ထငိုသော ကလေးရဲ့ အသံကြောင့် ဇာတ်ရှိန်တက်နေကာမှ လန့်ဖြန့်သွားတော့သည်။မှူးကလဲ လန့်ပြီး ဘုန်းမြတ်ကို တွန်းထုတ်လိုက်တာမို့ ဘုန်းမြတ် ခဗျာ မျက်နှာငယ်ဖြင့်
ဆန့်တငင့်ငင့်နဲ့ တန်းလန်းကြီးကျန်ခဲ့တော့သည်။
မှူးက ချက်ချင်းဆိုသလို ကုတင်ပေါ်က ဆင်းကာကလေးဆီ အမြန်သွားပြီး ပွေ့ချီလိုက်သည်။
"သမီးလေး ဗိုက်ဆာနေပြီလား....ခဏလေး
အမေနို့တိုက်မယ်နော်"
မှူးက ဘာမှမဖြစ်သလို အေးအေးဆေးဆေး ကုတင်ပေါ်မှာ ကလေးကိုနို့တိုက်နေပေမဲ့ ဘုန်းမြတ်ကတော့ နှုတ်ခမ်းတသပ်သပ်နဲ့ ဘာဆက်လုပ်လို့ လုပ်ရမလဲ မသိဖြစ်နေလေသည်။ကောင်းခန်းရောက်မှ ထငိုရတယ်လို့။အဘွားက ကောင်းခန်းရောက်မှ ဖုန်းထဆက်လိုက် မြေးက ကောင်းခန်းရောက်မှ ထငိုလိုက်နဲ့ ဘုန်းမြတ်ကို တမင်လုပ်နေသလားလို့တောင် ထင်နေရသည်။မွေးတာမှ တစ်ရက်တောင် မပြည့်သေးဘူး အခုကထဲက ပညာပြနေပြီမို့ ကိုယ့်အဖြစ်ကိုကြိုတွေးပြီး သက်ပြင်းချမိလိုက်သည်။
×××××××××××××××××××××××××××××××××××
အမှန်က extraကိုဒီနေ့တင်ဖို့ အစီအစဥ်လုံး၀မရှိခဲ့ပါဘူး....ရေးပြီးသားဖြစ်ပေမဲ့ မupသေးပဲ ဥထားတာပါ....ဒါပေမဲ့ ဒီနေ့က အမေများနေ့ဆိုတော့ တင်ရမလား မတင်မလား မနက်ကတည်းက စဥ်းစားနေတာပါ....နောက်ဆုံးတော့လဲ တင်လိုက်ပါတယ်ပေါ့ရှင်....မှူးလေးလဲ အမေတစ်ယောက်ဖြစ်သွားပြီဆိုတော့ အမှတ်တရလဲဖြစ်အောင်လို့ပါ
extra နောက်တစ်ပိုင်းက daddy ဒေါက်တာကြီးနဲ့ chocoလေးနဲ့ မေမေမှူးလေးကို လုစားကြတော့မှာပါ။နောက်တစ်ပိုင်းက အချိုတွေရှယ်ပလန်နဲ့ကိုကျွေးမှာပါ။ဘယ်နေ့ကျွေးမှာလဲ ဆိုတာတော့ မပြောသေးပါဘူးရှင်🤭🤭🤭
Zawgyi
"အကို"
"ဗ်ာ......."
Advertisement
- In Serial28 Chapters
The Bad Man System Collapse
616 feel that as a 24-carat pure Bad Man System, bad men’s tasks are much better than being a goody two shoes. It can be completed by just pulling any passer-by. However, it pulled Lu Ze. 616, “Ahhhhh why you are doing this? Why are you spoiling her?! You’re a bad man, it’s just a matter of letting her die !!!” Lu Ze had an innocent expression: “Yes ah… I’m a bad man. Didn’t you hear my wife scolded me for being naughty last night?” #who said a man can’t be pampered by his wife’s family# #how the scum man doesn’t collapse; but spoil his wife, younger sister and parents# #the proud man spoils his wife daily
8 508 - In Serial46 Chapters
Breaking up, No Joke
The most fucked-up separation in the world, is that there is a baby in your belly when you break up with someone. Bo Yu draws on his cigarette, slowly puffing out the smoke, and looks at the little boy lying in bed with deep eyes. Two years later, he finally comes back. Welcome to read the whole Breaking up, No Joke on Flying Lines.
8 121 - In Serial11 Chapters
The Boy That Was there For Me
A love story about a Baptist girl and a werewolf boy is she a werewolf too?
8 142 - In Serial19 Chapters
Bemanzil Safar
Completed ✓He's the son of a businessman but works as an RJ as he's interested in that and then destiny made him fall for a girl who he don't know but he know her just for her writings and he loved her immensely.She's too the daughter of a businessman but a medical student and writes her feelings, leading her messy life.As we all know then she falls for RJ who gave her courage in tough times.What happens when they too know about their love for each other? Will they unite? Or else separated by the very same destiny who made them meet?
8 129 - In Serial64 Chapters
Her Darkness, His Light (Book 1)
"Come here" he said motioning for me to step closer.I knew that I had to obey his every word. It was just that my body decided not to move. "I will not repeat this again. Come. Here. Now!" he commanded me this time. That's when my legs decided to wobble themselves towards my biggest nightmare. I stopped when I was about a feet away from where he was sitting. I had to keep my hands together to prevent them from shaking too much. To make things worse, there was only this dead silence that surrounded us. Then, before I could even prosses what was happening, he grabbed my hand and brought my wrist up to his lips.I whimpered, waiting for the pain to come."You have every right to fear me. This is going to be painful."Without warning, I felt an excruciating pain all over my body. A sharp cry escaped my mouth as his fangs ripped through my tender skin. ~~~~~~~~~~~~~~~~~~~~~~~~ She A simple girl forcefully taken from her home and separated from her small family to serve the Royal Pure Bloods. Him The Dark Prince, the most powerful hybrid on earth. Known to the world as a monster, an abomination. A creature unable to control his powers and is trapped within his own darkness.
8 98 - In Serial7 Chapters
smut. pure filthy disgusting repulsive smut.Tbh mostly teacher x readersproof reading is for pussies
8 183

