《ကံကြမ္မာစေရာ [OC] (Completed)》Ep_34 (End)
Advertisement
Uni
"အကို"
"ဗျာ"
"ဘယ်အချိန်လောက်ဆို မှူးရဲ့ဗိုက်က ပူလာတော့မှာလဲဟင်"
ဒီနေ့ အမေတို့ဆီသွားမဲ့ရက်ဖြစ်တာကြောင့် နှစ်ယောက်လုံး သေသေသပ်သပ်၀တ်စားနေချိန် မှူးရဲ့အမေးကြောင့် အင်္ကျီကြယ်သီးတပ်နေရာကနေ မှန်တင်ခုံရှေ့မှာထိုင်နေသော မှူးကိုတစ်ချက်ကြည့်လိုက်သည်။
"၁၂ပတ်လောက်ရောက်မှ နည်းနည်းလေးဗိုက်စထွက်လာလိမ့်မယ်.....မှူးက သားဦးဆိုတော့ ဗိုက်အရမ်းထွက်ဦးမှာမဟုတ်ဘူး....မှူး ဘာဖြစ်လို့လဲ"
"ဘာမှမဖြစ်ပါဘူး......ကလေးရှိတယ်သာပြောတယ် ဗိုက်ထဲကဘာမှမခံစားသေးလို့မေးကြည့်တာ"
"ကလေးကအခုမှ ၃ပတ်သားပဲရှိသေးတာလေ
မှူးရယ်......ဘယ်လိုလုပ် ဗိုက်ထဲကခံစားမိဦးမှာလဲ"
"ဟုတ်တယ်နော် အခုမှ ပဲစေ့လောက်လေးပဲရှိဦးမှာ......ဟီးးးးဟီးးး"
မကြာခင် ကလေးအမေဖြစ်တော့မယ်သူက ဘုန်းမြတ်မျက်လုံးထဲမှာတော့ ကလေးလေးတစ်ယောက်ပင်။
"မှူးလေး ပြင်လို့ပြီးပြီလား"
"အင်း ပြီးသွားပြီ"
"အဲ့ဒါဆိုကိုယ်တို့သွားကြမယ်....အမေတို့အတွက် မုန့်လဲ၀ယ်ရဦးမှာလေ"
"အာ့ဆို...သွားကြမယ်လေ"
×××××××××
Citymart ကိုရောက်တာနဲ့ အကိုက တွန်းလှည်းတွန်းပေးပြီး မှူးကပစ္စည်းတွေတစ်ခုခုပြီးတစ်ခု၀ယ်ထည့်တော့သည်။
"မှူးလေး ဘာစားချင်တာရှိလဲ....ကိုယ်၀န်ဆောင်ချိန်ဆို ချင်ချဥ်းတက်တာတွေရှိတယ်လေ...မှူးရောမဖြစ်ဖူးလား"
"အင်း....ရှိတာပေါ့"
"ဘာလဲ ကိုယ့်ကိုပြော"
"မှူး....ချောကလက်အရမ်းစားချင်တာပဲ"
"မှူးရယ် အဲ့ဒါများ အစောကြီးကတည်းကကိုယ့်ကိုပြောပါလား"
"မှူးက မတည့်မှာစိုးလို့"
"ဘာလို့ မတည့်ရမှာလဲမှူးရဲ့ ကိုယ်၀န်ဆောင်သည်တွေက ချောကလက်စားပေးရတယ် အထူးသဖြင့် dark cohcolate စားပေးရတယ်မှူးရဲ့....အလွန်အကျွံတော့မဟုတ်ဘူးပေါ့...တစ်ခါတစ်လေစားပေးရတယ်...အဲ့ဒါမှ ကလေးနဲ့ မိခင်ဆီကို သွေးစီးဆင်းမှုအားကောင်းစေတာ"
"ဟုတ်လား....အဲ့ဒါဆို ချောကလက်တွေရှိတဲ့ဘက်အမြန်သွားကြမယ်"
အစားအသောက်ဆို အရင်ကဆင်ခြင်ပြီးစားဖို့ သတိပေးတာတောင် နားမထောင်တဲ့မှူးက အခုကျတော့ ကလေးအတွက်အာဟာရ ဖြစ်စေမဲ့ဟာတွေပဲစားမယ်ဆိုပြီး အရင်ကမကြိုက်ခဲ့တဲ့ဟာတွေကိုတောင် ကြိတ်မှိတ်စားနေပြီး အရင်ကအရမ်းကြိုက်ခဲ့တဲ့ အပူအစပ်စာတွေနဲ့ ready made မုန့်တွေကို မစားဘဲ နေနေလေရဲ့။ချောကလက်အတောင့်တွေ တစ်တောင့်ပြီးတစ်တောင့် ခြင်းထဲထည့်ပြီးတဲ့အခါမှာတော့ မှူးကအမေတို့အတွက် မုန်နဲ့ သစ်သီးတွေ ၀ယ်နေသည်။
ဘုန်းမြတ်ကတော့ ဘာမှမပြောပဲ အိမ်ထောင်ရှင်မကြီး မှူး လုပ်သမျှကိုသာ ပြုံးပြီးလိုက်ကြည့်နေတော့သည်။
"အကို ၀ယ်ရမဲ့ပစ္စည်းတွေ အကုန်စုံပြီ ပိုက်ဆံရှင်းပြီးရင် သွားကြမယ်"
"အင်း ကိုယ်ရှင်းပြီးရင် လာခဲ့မယ် ..မှူး ကားထဲမှာသွားစောင့်နေလိုက်....ကောင်တာမှာ တန်းစီရမဆိုတော့ မှူးခြေထောက်ညောင်းနေမှာစိုးလို့"
"အင်း...အဲ့ဒါဆို မှူး ကားထဲကပဲစောင့်နေလိုက်မယ်"
×××××××××
"အဖေနဲ့ အမေ သားတို့ရောက်ပြီ"
"အေး...လာပြီသားရေ"
နောက်ဖေးမီးဖိုချောင်ကနေ ပြုံးပြီးထွက်လာသောအမေ့မျက်နှာကိုကြည့်တာနဲ့ ဘယ်လောက်တောင်ပျော်နေလဲဆိုတာ အကဲခတ်ကြည့်လို့ရသည်။
"မှူးလေး....အမလေး.....အမေသမီးလေး ဒီရက်ပိုင်းအစားအသောက်ပျက်နေရှာမှာပဲ...မျက်နှာလေးတောင်ချောင်ကျသွားတယ်"
"ဟုတ်တယ် အမေ...မှူး....အစားသိပ်မ၀င်ဘူးဖြစ်နေတယ်"
"ကိုယ်၀န်ရှိကာစဆိုတော့ ဒီလိုပဲ မှူးလေးရေ....အရင်ဆုံး အမေ့တို့ ထမင်းစားကြရအောင်...အမေဟင်းတွေအစုံ ချက်ထားတယ်.....နောက်မှ ကိုယ်၀န်ဆောင်ချိန် ရှောင်ရန် ဆောင်ရန်တွေ
အမေ သမီးကိုပြောပြမယ်"
"ဟုတ် အမေ....ဒါနဲ့ အဖေရောဟင်"
"သမီးအဖေ အပေါ်ထပ်မှာ ပုတီးစိတ်နေတယ် ....
ခဏနေရင် ထမင်းစားဖို့ ဆင်းလာလိမ့်မယ်....သမီးအဖေက တော်တော်ပျော်နေရှာတာ မြေးချီရတော့မယ်ဆိုပြီးတော့လေ"
"ဟုတ်လား...သမီးလေ အမေတို့အတွက် မြေးတွေအများကြီးထပ်မွေးပေးမယ်သိလား...အမေနဲဲ့အဖေနဲ့ အသက်ရှည်ရှည်နေရမယ်နော်"
ဘုန်းမြတ် မကြားအောင် နား နားကပ်ပြီးပြောသော မှူးလေးကြောင့် ဒေါ်ချိုမာ အားရပါးရ သဘောကျစွာရယ်မိတော့သည်။
"ဟုတ်ပါပြီ မှူးရယ် မွေးသာမွေး မြေးတွေရမှ အမေတို့လဲ စိတ်ချမ်းသာပြီး အသက်ရှည်မှာ"
ချွေးမနဲ့ ယောက္ခမ တိုးတိုး တိုးတိုးနဲ့ ကြိတ်ပြောပြီး ပွဲကျနေသောမြင်ကွင်းကို ကြည့်ပြီး ဘုန်းမြတ်ရင်ထဲကြည်နူးမိရသည်။သိပ်မကြာခင်မှာပဲ အပေါ်ထပ်ကနေ အဖေဆင်းတာကြောင့် စကားတပြောပြောနဲ့ ထမင်းလက်ဆုံစားကြတော့သည်။
ထမင်းစားပြီးတော့ အချိုပွဲမျိုးစုံနဲ့ ဧည့်ခန်းမှာ မထစတမ်း စကား၀ိုင်းဖွဲ့ပြောကြသည်။အမေနဲ့ မှူးနဲ့က မိန်းကလေးနဲ့ ပတ်သက်တဲ့ ကိစ္စတွေပြောနေကြပြီး အဖေနဲ့ ဘုန်းမြတ်နဲ့က နိုင်ငံရေးအကြောင်း ဘောလုံးပွဲအကြောင်း ကျန်းမားရေးစီးပွားရေး အကြောင်းစုံအောင် ပြောနေကြတာဆိုရင်ဖြင့် ညနေစောင်းမှသာ စကား၀ိုင်းကလူစုခွဲပြီး ပြန်ရန် ပြင်ကြတော့သည်။
ညနေစောင်းဘက် အိမ်ကို ပြန်တော့ နေ၀င်ချိန်အလှကို သီချင်းသံတိုးတိုးလေးဖွင့်ပြီး အေးအေးဆေးဆေးပြန်လာခဲ့သည်။
"အကို....ဒီအချိန်ဆိုရင် ပုဂံက နေ၀င်ချိန်က အရမ်းလှမှာပဲနော်.....မှူးလေ နေ၀င်ချိန်အလှကို အရမ်းသဘောကျတာပဲ အထူးသဖြင့် အခုလိုအကိုနဲ့ အတူရှိနေတဲ့အချိန်ဆိုရင် ပိုသဘောကျတယ်"
"မှူးက ပုဂံကိုသွားချင်လို့လား"
"အင်း...အကို နဲ့အတူ ပုဂံကနေ၀င်ချိန်အလှကို အတူတူကြည့်ချင်တယ်"
"အဲ့ဒါဆို ကိုယ်တို့ပုဂံကိုသွားကြမလား"
"ဟမ်"
အတည်ပေါက်ကြီးနဲ့ကြည့်ပြီးပြောနေသော အကို့ကြောင့် မှူး ဒါကတကယ်ပြောနေတာလားဆိုပြီး စိတ်ထဲမှာမေးမိသွားသည်။
"ဗိုက်ထဲက ကလေးလေး ထွက်မလာခင် ကိုယ်တို့နှစ်ယောက်ထဲ အမှတ်တရဖြစ်အောင်သွားကြမလား"
"အကို တကယ်ပြောနေတာလား.....အဲ့ဒါဆို မှူးတို့ဘယ်နေ့သွားကြမလဲဟင်"
မှူးရဲ မျက်နှာပေါ်မှာ ပျော်ရွှင်မှုများဖြင့် ပြည့်နှက်နေသည်။
"အခုပဲ"
"ရှင်"
အကိုက ချက်ချင်းဆိုသလို ကားကိုကွေ့ လိုက်ပြီး အေ၀းပြေးလမ်းမ သို့ဦးတည်လိုက်သည်။
"အကို....ဒါပေမဲ့ မှူးတို့ ဘာမှ မပြင်မဆင်ရသေးဘဲနဲ့....ပြီးတော့ အ၀တ်အစားတွေလဲ မပါလာဘူးလေ"
"မှူးရယ် ကိုယ်တို့မှာ ပိုက်ဆံနဲ့ ဘဏ်ကဒ်တွေပါတာပဲ ဘာကိုစိတ်ပူနေတာလဲ....မှူးသာ စိတ်လွတ်ကိုယ်လွတ် သက်တောင့်သက်သာနဲ့ အိပ်ပြီးလိုက်....ဟုတ်ပြီလား"
Advertisement
"အင်း"
မှူးက ချက်ချင်းဆိုသလို သီချင်းကို အသံချဲ့လိုက်ပြီး ကားမောင်းနေတဲ့ ဘုန်းမြတ်ရဲ့ ပုခုံးကိုမှီလိုက် မုန့်စားလိုက် သီချင်းဆိုလိုက်နဲ့ ပျော်ပျော်ရွှင်ရွှင် နဲ့စိတ်ချမ်းသာမှုအပြည့်ဖြစ်နေသည်။ဘုန်းမြတ်မှာ အိပ်ရေးပျက်ခံပြီးကားမောင်းနေပေမဲ့ ဘေးနားက မှူးလေးကို ကြည့်လိုက်တာနဲ့ စိတ်ထဲလန်းဆန်းသွားရသည်။လမ်းတောက်လျောက် ယာဥ်ရပ်နားစခန်းတွေမှာ ဆင်းပြီး မုန့်စား အပေါ့အပါးသွားချိန်မှ လွဲ၍ ကားကို တောက်လျောက်မောင်းလာခဲ့သည်။မှူးကိုတော့ မရရအောင် အိပ်ရေး၀၀အိပ်စေသည်။
၁၀နာရီနီးပါး ကားမောင်းပြီးချိန်မှာတော့ ပုဂံမြို့ထဲကိုရောက်လာခဲ့ပြီဖြစ်သည်။ပုဂံကိုရောက်တော့ မနက်၄နာရီပဲရှိသေးတာမို့လို့ ဟိုတယ်အခန်းတစ်ခုယူပြီး မှူးကိုရင်ခွင်ထဲထည့်ပြီး တစ်ညလုံး အိပ်ရေးပျက်ထားသမျှ အပြည့်အ၀ အနားယူလိုက်သည်။အပျင်းမလေး ကလေးတစ်ညလုံးအိပ်ထားတာတောင် အိပ်မောကျပြီး အိပ်နေလေသည်။နှစ်ဦးသား အနားယူလိုက်ကြတာ နေ့လယ် ၁နာရီကျော်မှသာ နိုးလာခဲ့ကြသည်။
နိုးလာတာနဲ့ ရေမိုးချိုးပြီး ဟိုတယ်က အစားအသောက်တွေ စားလိုက်ကြသည်။ပြီးတော့ ဟိုတယ်နားက စျေးတန်းမှာ အင်္ကျီတွေနဲ့ အသုံအဆောင်ပစ္စည်းတွေ တူတူ၀ယ်ပြီး ဟိုတယ်ကိုပြန်ခဲ့ကျရသည်။အညာနေက ပူပြင်းလွန်းတာကြောင့် ညနေစောင်းမှသာ ဘုရားဖူးရင်း လျှောက်လည်ဖို့ ဆုံးဖြတ်ပြီး အဆင့်သင့် ပြင်ဆင်ထားလိုက်ကြသည်။
ပုဂံကိုရောက်ပြီဆိုကတည်းက ပုဂံအဆင် အင်္ကျီတွေပဲ ၀တ်စားထားကြသည်။အကို့အတွက်က ချည်အင်္ကျီအဖြူလွလွ လက်ရှည်ကို အောက်က ချည်ပေါင်းသား ပုဆိုးနဲ့ တွဲ၀တ်စေပြီး မှူးက စပန့်သား အဖြူလက်ရှည် အပွကို ပုဂံအဆင် ပတ်ထဘီနဲ့အတူ တွဲ၀တ်ထားပြီး ဆံပင်ကို ကျစ်ဆံမြီးဘေးတစ်စောင်းကျစ်ထားလိုက်သည်။
"ကိုယ့်မိန်းမက အညာမြေက အ၀တ်အစားတွေနဲ့လဲ လိုက်တာပဲနော်"
"မှူးက လှပြီးသားပဲ ဘာ၀တ်၀တ်လှမှာပဲ"
"အဲ့ဒါကြောင့်ပဲ ကိုယ်ကစိတ်မချဖြစ်နေရတာ"
မေးစေ့ကို လက်ဖြင့် ဆွဲညှစ်ရင်း ပြောနေသော အကိုကလဲ မှူးအတွက်တော့စိတ်မချစရာပင်။နဂိုကတည်းက ချောနေပါတယ်ဆိုမှ အင်္ကျီအဖြူနဲ့ ပုဆိုးနဲ့၀တ်ထားတော့ ရုပ်က သန့်ပြန့်ပြီး ပြေးဖက်ချင်စရာကောင်းနေသည်။
ဟိုတယ်က ကောင်လေးတစ်ယောက်ရဲ့ အကူအညီနဲ့ ဘက်ထရီဆိုင်ကယ်တစ်စီးငှားကာ ပုဂံမြို့တခွင် ဘုရားတွေဖူးရင်းလျှောက်လည်တော့သည်။အကို့ရဲ့ ခါးကို ဖက်ကာ ဆိုင်ကယ်စီးနေရတဲ့ အရသာက မှူးကို အကိုနဲ့စတွေ့တုန်းက ရင်ခုန်သံအတိုင်း ပြန်လည်ဖြစ်ပေါ်စေသည်။လမ်းရှင်းတဲ့နေရာတွေရောက်ရင် ကိုယ်တော်ချောက လက်တစ်ဖက်လွှတ်ပြီး သူ့ခါးကိုဖက်ထားတဲ့ မှူးရဲ့ လက်ကို လာပြီး ဆုပ်ကိုင်နေတာကြောင့် မှူးရဲ့ ရင်ခုန်သံတွေက အတိုင်းအဆမဲ့ဖြစ်နေသည်။ဘုရားတွေ ပတ်ဖူးရင်း ဘုရားတစ်ဆူပေါ်က ကလေးတွေက မှူးတို့နှစ်ယောက်ကို သစ်ရွက်ပုံ သနပ်ခါးဆင်တူ လူးပေးတဲ့အပြင် အမှတ်တရဓာတ်ပုံတွေ အများကြီးကို လှလှလေးရိုက်ပေးတသေးသည်။ထိုဘုရားက မပြန်ခင် အဲ့ဒီ့ကလေးတွေနဲ့ အတူ ဓာတ်ပုံတွဲရိုက်ပြီး မုန့်ဖိုးတွေလဲ ပေးခဲ့သေးသည်။
နောက်ဆုံးမှာတော့ မှူး စောင့်မျော်နေခဲ့ရတဲ့ အချိန်ကိုရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။အကိုက မှူး အရမ်းကို မြင်ချင်နေတဲ့ ပုဂံနဲ့ နေ၀င်ချိန်အလှကို အလှဆုံးမြင်ရမဲ့ နေရာကို စုံစမ်းပြီး ဆိုင်ကယ်နဲ့ ခေါ်သွားခဲ့သည်။အကိုကတကယ့်ကို တော်တယ်လို့ ချီးကျူးရလောက်တဲ့ အထိိက််ိုနေရာရှာလာခဲ့ခြင်းဖြစ်သည်။နေ၀င်ချိန်ကို နီးကပ်စွာ ကြည်ကြည်လင်လင် မြင်ရတဲ့အပြင် အနားမှာလဲ လူရှုပ် ရှုပ်ရှက်ရှက်မရှိပဲအေးချမ်းနေသည်။တရွေ့ရွေ့နဲ့ အနောက်ဖက်ယွန်းယွန်းဆီ တိမ်၀င်နေသော နေမင်းကြီးရဲ့လှပမှုက အရာအားလုံးကိုမေ့လျော့သွားစေသည်။
နေ၀င်ချိန် ပုဇွန်ဆီရောင် နေရောင်အောက်မှာ သစ်ရွက်ပုံ သနပ်ခါးလေးနဲ့ အတိုင်းအဆမဲ့စွာ လှပနေသော အမျိုးသမီးလေးက ရင်ထဲကိုအေးချမ်းနေသည်။ဘုန်းမြတ်အတွက်က နေ၀င်ချိန်အလှထက် မှူးရဲ့အလှက ပိုပြီးတော့ စိတ်ကိုဖမ်းစားထားသည်။မှူးကို လက်တစ်ဖက်ကို နူးညံ့စွာဆုပ်ကိုင်လိုက်တော့ မှူးက ပြုံးပြီးကြည့်လာလေသည်။
"မှူးလေး......ကိုယ်လေ ကိုယ်တ်ို့နှစ်ယောက်ကို ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်တာပဲ......ဘ၀မှာ ဒီလောက်အထိ ချစ်ရလိမ့်မယ်လို့ မတွေးထားခဲ့မိဖူးဘူး......
ကိုယ် ဟောဒီကနေမင်းကြီးကိုရော ပုဂံမြေကိုရော သက်သေထားပြီး သစ္စာဆိုရဲတယ် တစ်သက်လုံး မှူးရဲ့ဘေးနားမှာပဲ သစ္စာရှိရှိနဲ့နေသွားပါ့မယ်လို့ ကိုယ်ပြောရဲတယ်"
အကို့ရဲ့ စိတ်ထဲကနေ လေးလေးနက်နက်နဲ့ ပြောနေသော စကားများကြောင့် မှူး မျက်ရည်များပါ၀ဲတက်လာရသည်။
"မှူးလဲ အကို့ကို ကတိပေးတယ်......အကို့အနားမှာပဲ သစ္စာရှိရှိနဲ့ သက်ဆုံးတိုင်ရှိနေသွားပါ့မယ်လို့ မှူး သစ္စာဆိုတယ်.....မှူး အကို့ကို အရမ်းချစ်တယ်"
"ကိုယ်လဲမှူးကို အရမ်းချစ်တယ်......."
စကားလုံးများရဲ့ အဆုံးများတော့ နူးညံ့ညင်သာစွာ နမ်းရှိုက်လိုက်သော အကို့ရဲ့နှုတ်ခမ်းဖျားဆီမှ အထိအတွေ့ကို မှူး မျက်စိစုံမှိတ်ကာ ကျေကျေနပ်နပ်ဖြင့်ခံယူလိုက်သည်။နှစ်လရာသီတွေဘယ်လိုပဲ ပြောင်းလဲပါနေပါစေ ဤပုဂံမြေကိုသက်သေထားကာ ကတိသစ္စာဆိုထားသော အကိုနဲ့ မှူးရဲ့ ချစ်ခြင်းတရားဟာ အသက်ရှင်နေသရွေ့ ဆက်လက်ပြီးတည်မြဲသွားတော့မှာပါ..................။
×××××××××××××××××××××××××××××××××××
ပထမဆုံး Fic လေးကအခုဆိုရင် အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ရပါပြီ
လိုအပ်ချက်တွေအများကြီးရှိတယ်ဆိုတာ
သိပေမဲ့ ongoing မှာ အတူတူလိုက်ပါစီးမျောပေးခဲ့ကြတဲ့လူတစ်ဦး တစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အထူးတင်ပါတယ်ရှင်
တစ်ယောက်ချင်းစီတိုင်းရဲ့ Vote တွေ commentတွေကြောင့် အားတွေရှိပြီး အခုလို အဆင်ပြေပြေနဲ့ ပြီးမြောက်သွားခဲ့ရတာပါ
Extra တွေထပ်လာဖို့ ရှိသေးတာမို့ အားလုံးစောင့်မျှော်ပေးကြပါဦးလို့ ပြောချင်ပါတယ်
ပထမဆုံးရေးတာဖြစ်လို့ အဆင်မပြေတာလေးတွေရှိရင် ထောက်ပြပေးလို့ရပါတယ် အဲ့ဒါမှနောက်ထပ်ရေးမဲ့ ficတွေမှာ လိုအပ်ချက်တွေကိုပြင်ဆင်မှရမှာပါ
အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့ လူတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူး အများကြီး အများကြီးတင်ပါတယ်ရှင်😙😙😙😙❤️❤️❤️❤️❤️❤️❤️
Zawgyi
"အကို"
"ဗ်ာ"
"၁၂ပတ်လောက်ရောက်မှ နည်းနည်းလေးဗိုက်စထွက်လာလိမ့်မယ်.....မှူးက သားဉီးဆိုတော့ ဗိုက်အရမ်းထွက်ဉီးမှာမဟုတ်ဘူး....မှူး ဘာဖြစ်လို့လဲ"
Advertisement
မှူးရယ်......ဘယ်လိုလုပ် ဗိုက်ထဲကခံစားမိဉီးမှာလဲ"
"ဟုတ်တယ်နော် အခုမှ ပဲစေ့လောက်လေးပဲရှိဉီးမှာ......ဟီးးးးဟီးးး"
"အင်း ပြီးသွားပြီ"
"အဲ့ဒါဆိုကိုယ်တို့သွားကြမယ်....အမေတို့အတွက် မုန့်လဲဝယ်ရဉီးမှာလေ"
"အာ့ဆို...သွားကြမယ်လေ"
×××××××××
"အင်း....ရှိတာပေါ့"
"ဘာလဲ ကိုယ့်ကိုပြော"
"ဘာလို့ မတည့်ရမှာလဲမှူးရဲ့ ကိုယ်ဝန်ဆောင်သည်တွေက ချောကလက်စားပေးရတယ် အထူးသဖြင့် dark cohcolate စားပေးရတယ်မှူးရဲ့....အလန်အကျွံတော့မဟုတ်ဘူးပေါ့...တစ်ခါတစ်လေစားပေးရတယ်...အဲ့ဒါမှ ကလေးနဲ့ မိခင်ဆီကို သွေးစီးဆင်းမှုအားကောင်းစေတာ"
×××××××××
"အေး...လာပြီသားရေ"
အမေ သမီးကိုပြောပြမယ်"
"ဟုတ်လား...သမီးလေ အမေတို့အတွက် မြေးတွေအများကြီးထပ်မွေးပေးမယ်သိလား...အမေနဲ့အဖေနဲ့ အသက်ရှည်ရှည်နေရမယ်နော်"
"ဟမ်"
"အခုပဲ"
"ရှင်"
အကိုက ချက်ချင်းဆိုသလို ကားကိုကွေ့ လိုက်ပြီး အဝေးပြေးလမ်းမ သို့ဉီးတည်လိုက်သည်။
"အင်း"
"မှူးလေး......ကိုယ်လေ ကိုယ်တို့နှစ်ယောက်ကို ဆုံစည်းခွင့်ပေးခဲ့တဲ့ ကံကြမ္မာကို အရမ်းကျေးဇူးတင်တာပဲ......ဘ၀မှာ ဒီလောက်အထိ ချစ်ရလိမ့်မယ်လို့ မတွေးထားခဲ့မိဖူးဘူး......
×××××××××××××××××××××××××××××××××××
Advertisement
- In Serial426 Chapters
Belle Adams' Butler
Waking up from a nightmare several hours before dawn, Belle fetched a drink of water.
8 648 - In Serial49 Chapters
Corrupted, Damaged, And Beautiful
Daisy is the soft-hearted mother of one with a dark past and an ex husband she's running from. She's spent the past six months building a new life for her and her daughter, Hope, trying to blend into the world around them. Her memories are tainted, her delicate heart is shattered, and her innocence took advantage of. She doesn't want to be found, she doesn't want to be recognised, and she certainly isn't interested in falling in love again. Especially with the hot, panty-melting, toe-curling irresistible CEO Nate. A spontaneous coffee trip has her heart thumping, shattering, and aching in a whirlwind of emotions after coming face to face with him. He makes her panties wet, but her body sweat with panic. She doesn't believe her jaded, corrupted, damaged self is worthy of love, never mind with a gorgeous as sin man like Nate. Yet, she can't stop thinking about him.Nate has been heartbroken once before, betrayed by those he loves, and secretly desperate to find that one woman who can turn his world upside down for the better. He's practically a billionaire with his own confectionary company, but he still feels like a damaged puzzle with lost pieces. Until he meets her. Her sapphire blue eyes were mesmerizing pulling him in a trance, her petite curvy body was delicious, and that sweet angelic voice was a melody to his ears. Damn he wanted her, and he intended to make sure he did. However, the closer he gets the more he learns about the fragile Daisy, can they both survive a rollercoaster of events, emotions and get their happy ever after?Runner up in romance in imperial scribe awards!First place Romance in the blue poppy awards!
8 146 - In Serial13 Chapters
God of The Criminal's world
We don't need a new world order. We don't need one world government. What we need to do is act like a family, one family of mankind, help one another, bring the most disadvantaged into health and wellbeing. P.S*cover not mine, google on web.
8 192 - In Serial57 Chapters
Saved By a Gangleader ✔️
19 year old Ray gets abused by her foster parents that don't want anything to do with her. She's in her fourth year of university planning to become a doctor. Ray is extremely smart, known for her kindness and most of all, she's very shy.21 year old Ace is a quiet and dangerous gangleader. He's never been seen with friends, smiling, or even talking. He's majoring in business, but everyone knows about his most known gang in the country, therefor he is feared by everyone.What happens when Ray bumps into a walking wall named Ace King in her vulnerable state? What causes Ace to start questioning this 19 year old?
8 208 - In Serial12 Chapters
Bully To A Lover
Elle Rose. Known as the introvert girl in a high school in New Orleans. She has always been teased by Ethan Rudd and the rest of his gang.But behind those big round glasses there's an angelic beautiful face.One day, the school announces something about a masquerade ball. Her bestfriend, Lily tried to convince her to go to the masquerade ball. But the thing is,Is she willing to go the masquerade ball just for her bestfriend? or is it because of Ethan?**Editing**
8 221 - In Serial27 Chapters
notes on a boy ⇒ yeonbin
soobin begins to keep a journal on his classmate, yeonjun, detailing the boy's personality as well as his own emerging feelings.
8 198