《ကံကြမ္မာစေရာ [OC] (Completed)》Ep_31
Advertisement
Uni
"ယွန်းမီ နင်ဒီကိစ္စကိုဘယ်လိုထင်လဲ"
ဒီနေ့တစ်နေ့လုံး အတန်းချိန် တစ်ချိန်မှမတက်ပဲ
ယွန်းမီကို ရွန်းလဲ့ယမုံနဲ့ အကို့အကြောင်းပြောပြပြီး ဘာဆက်လုပ်ရမလဲဆိုတာ တိုင်ပင်နေလေသည်။
"ငါ့အထင် သူတို့အဆက်အသွယ်ရှိနေတယ်
ဆေးရုံကို လာတယ်ဆိုကထဲက သူကကိုဘုန်းမြတ်ကိုတွေ့ဖို့လာတာပဲဖြစ်ရမယ်။မဟုတ်ရင် ဒီအတိုင်းသူ့ကိစ္စနဲ့သူ ဆေးရုံကို လာတာဆိုရင် ကိုဘုန်းမြတ်ကို ဖုန်းဆက်စရာအကြောင်းရှိလို့လား"
"ဟုတ်တယ်နော်.....အကိုနဲ့ သူနဲ့ကဘယ်လောက်ပဲလမ်းခွဲပြီးပြီပြောပြော သူတို့ပတ်သတ်ခဲ့တဲ့ ဆက်ဆံရေးက တော်ရုံဆက်ဆံရေးမျိုးမှမဟုတ်တာ ၁၀ကျော်တဲ့သူတို့သံယောဇဥ်ကို ငါ့လိုတွေ့တာ၁နှစ်တောင်မပြည့်သေးတဲ့ လူကဘယ်လိုယှဥ်နိုင်မှာလဲ"
"ဒါပေမဲ့ ကိုဘုန်းမြတ်က အဲ့လောက်ထိတော့နွားမကျလောက်ပါဘူး နင့်ကိုလဲဒီလောက်ထိချစ်နေတာ ငါလဲမြင်တွေ့နေရတာပဲ တခြားအကြောင်းကိစ္စတစ်ခုခုရှိလို့ လဲဖြစ်နိုင်တာပဲ"
"အကိုက ငါ့ကိုချစ်တာမဟုတ်ပဲ သနားနေတာဆိုရင်ရော.......ငါ့ဘ၀ကို သနားပြီးလက်ထပ်ခဲ့တာကို ချစ်တာဆိုပြီးအထင်မှားနေခဲ့တာဆိုရင် ဘယ်လိုလုပ်မလဲ......"
"မြမှူး အခုလိုနင်ထိုင်ပြီးစိတ်ရှုပ်နေမဲ့အစား နင်ကိုဘုန်းမြတ်ကို ပွင့်ပွင့်လင်းလင်းမေးကြည့်လိုက်"
"ငါမမေးရဲဘူး.....အဖြေက ငါထင်ထားသလိုမျိုးတကယ်ဖြစ်နေမယ်ဆိုရင် ငါခံနိုင်ရည်ရှိမှာမဟုတ်ဘူး"
"အဲ့ဒါဆိုလဲ ငါတို့ကိုဘုန်းမြတ်ကို နောက်ယောင်ခံလိုက်မယ်ဆိုရင်ရော......နင်ဒီအကြံကိုတော့ မငြင်းနဲ့မြမှူး......အကယ်၍ သူတို့နှစ်ယောက်က နင်စိတ်ထဲကထင်နေသလိုမျိုး ဖြစ်နေတယ်ဆိုရင် ဒဲ့ရှင်းပစ်ကွာ ငါတစ်ယောက်လုံးရှိတယ်......မဟုတ်ဘူးဆိုရင်တော့ နင်အရင်အတိုင်းစိတ်ဖြောင့်ဖြောင့်နဲ့နေလို့ရပြီ"
"အင်း......ငါအကို့ကိုယုံတယ်.....ငါ့မသိစိတ်ထဲမှာ သံသယဖြစ်နေတာတွေက တကယ်မဟုတ်လောက်ဘူး....."
"အဲ့ဒါဆို သွားကြမယ် ....ဒီနေ့ကိုဘုန်းမြတ် ဘယ်မှာရှိနေမှာတဲ့လဲ"
"ညနေ၄နာရီအထိ ဆေးရုံမှာရှိမှာ ပြီးရင် ဆေးခန်းကိုသွားမှာ"
"အဲ့ဒါဆို အခုဆေးရုံမှာရှိလောက်တယ်....လာသွားကြမယ်"
ယွန်းမီခေါ်ဆောင်ရာနောက်ကို လိုက်နေပေမဲ့ ရင်ထဲမှာ အပူမီးကတဟုန်းဟုန်းတောက်လောက်နေသည်။ကျေးဇူးပြု၍ မှူးထင်ထားသလိုမဖြစ်ပါစေနဲ့လိုသာ အခါခါဆုတောင်းနေမိသည်။
××××××××××××××××××
ဒီနေ့ဆိုရင် ယွန်းမီနဲ့ မှူးနဲ့ အကို့နောက်ကိုနောက်ယောင်ခံလိုက်တာ ၁ပတ်ပြည့်ပြီဖြစ်သည်။၁ပတ်လုံးလုံး အကိုကလူနာတွေနဲ့သာအချိန်ကုန်နေပြီး ဘာမှထူးထူးခြားခြားမတွေ့ရတာမို့လို့ မှူးစိတ်သက်သာရာရသွားတော့သည်။ဒါကြောင့် ဆက်ပြီးစောင့်မကြည့်တော့ပဲ အကို့ကိုအကြွင်းမဲ့ယုံကြည်လိုက်ပြီဖြစ်သည်။ဒီနေ့တော့ အကို့ကို သံသယ၀င်ခဲ့သမျှကို စိတ်ထဲကနေတောင်းပန်တဲ့အနေနဲ့ မှူး အကို့အတွက် sandwich လုပ်ပေးပြီး ဆေးရုံကိုယူသွားဖို့ ပြင်ဆင်နေလိုက်သည်။ပြီးရင်တော့ ညပိုင်းကို ညစာအတူစားရင်း အတူတူလျှောက်နေကျ ညစျေးတန်းကိုသွားကြမယ်လို့ တွေးရင်း ပြုံးမိလိုက်သေးသည်။
"အမလေး!!"
ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကူးယဥ်ပြီး ပေါင်မုန့်ကိုအလှီးကောင်းတာ လက်ညိုးထိပ်ဖျားပါ လှီးမိသွားတော့သည်။သွေးတွေက အဆက်မပြတ်စီးကျလာတာကြောင့် ဘေစင်မှာဆေးချလိုက်သည်။ဒါပေမဲ့သွေးကတိတ်မသွား။အိမ်မှာအကိုထား ထားပေးထားသော အရေးပေါ်ဆေးသေတ္တာထဲက အနာကျက်ဆေးမှုန့်ဗူးကိုဖွင့်ပြီး ဓားရှရာပေါ်ဖြူးလိုက်ကာ ပလာစတာ အသေးလေးတစ်ခုကပ်လိုက်သည်။ပြီးတာနဲ့ Sandwich အသစ်တစ်ခုပြန်လုပ်လိုက်သည်။ဗူးလေးတစ်ခုထဲမှာ တြိဂံပုံ sandwichတွေ တန်းစီထည့်လိုက်သည်။
အားလုံးပြီးဆုံးသွားပြီဆိုတာနဲ့ အင်္ကျီသွားလဲပြီး အကိုရှိတဲ့ဆေးရုံဆီ ဦးတည်လိုက်သည်။
××××××××××
"အဟွတ်......အဟွတ်.....အဟွတ်........ကိုဘုန်း ယမုံဒီရက်ပိုင်းအတွင်း ချောင်းတွေအရမ်းဆိုးပြီး...ပိုပိုပြီးလဲမောလာသလိုပဲ"
"ဒါက ဒီရောဂါရဲ့ဖြစ်စဥ်တွေပါပဲ....ဆေးရောပုံမှန်သောက်ရဲ့လား"
"အင်း....သောက်တယ်.......ဒါပေမဲ့လေယမုံကိုယ့်ကိုယ်ကိုသိတယ် ယမုံ မကြာခင်သေရတော့မယ်ဆိုတာကို"
"အဲ့လိုစိတ်ဓာတ်ကျအောင်မနေပါနဲ့"
"ဒါကအမှန်တရားပဲကို.....ကိုဘုန်းလဲ မလိမ်ပဲအမှန်အတိုင်းပြော....ဟုတ်တယ်မလား ယမုံမှာအချိန်သိပ်မကျန်တော့ဘူးဆိုတာ"
".........."
"ရပါတယ် ပွင့်ပွင့်လင်းလင်းသာပြော "
အမှန်တိုင်းပြောရရင် ယမုံကအခု တုပ်ကွေးပိုးပါ၀င်နေပြီး ကိုယ်ခံအားအရမ်းကျနေကာ ရောဂါရှိမှန်းသိရတာလဲ အရမ်းနောက်ကျခဲ့တာကြောင့် အခုလိုအတိုင်းဆိုရင် ဒီတစ်လ အသက်ရှင်ဖို့တောင် ခဲယဥ်းနေပြီဖြစ်သည်။ဆွေမျိုးသားချင်းမရှိပဲ တစ်ယောက်ထဲ ဒီရောဂါကိုကြိတ်ခံနေရတာ ကိုကြည့်ပြီး စိတ်ထဲမှာတော်တော်သနားမိသည်။
"မဟုတ်တာတွေလျှောက်ပြောမနေနဲ့ အိမ်ပြန်ပြီးနားနားနေနေ နေ"
"အင်းပါ.... အဲ့ဒါဆို ယမုံပြန်တော့မယ်"
ယမုံ ခုံကနေထလိုက်တဲ့အချိန် ခေါင်းတစ်ခုလုံးမူးနောက်သွားပြီး မျက်တွေပြာတက်လာကာ ယိုင်ကျသွားရတော့သည်။
"ယမုံ"
ဘေးနားမှာဘုန်းမြတ်က လှမ်းထိန်းပေးလိုက်တာကြောင့် ဘုန်းမြတ်ရဲ့ပခုံးပေါ်မှီကျသွားတော့သည်။
"ယမုံ ရရဲ့လား"
"အင်း...ခေါင်းထဲအရမ်းမူးနေလို့....ယမုံတစ်ယောက်ထဲ အိမ်ပြန်လို့ အဆင်မပြေလောက်ဘူးထင်တယ်.....ကိုဘုန်းယမုံကို အိမ်ပြန်လိုက်ပို့ပေးလို့ရမလားဟင်"
"ဟင် ကိုယ်ခဏနေရင် ဂျူတီပြန်၀င်ရတော့မှာ
လိုက်ပို့ပေးလို့ အဆင်မပြေလောက်ဘူး
ကိုယ်Taxiငှားပေးလိုက်မယ်"
"ယမုံအိမ်က နီးနီးလေးကို ခဏလေးပဲလေ
လိုက်ပို့ပေးပါနော်....ယမုံ လှေကားထစ်ကိုတစ်ယောက်ထဲတက်ဖို့ အဆင်ပြေမှာမဟုတ်လောက်ဘူး"
အားနာတတ်တဲ့ သူ့ကို အတင်းတောင်းဆိုလာတော့လဲ ဘုန်းမြတ် ငြင်းမဆန်နိုင်တော့ပါ။
"အင်း...အဲ့ဒါဆိုလဲ ဒီမှာ ခဏစောင့်နေ ကိုယ်ကားသွားယူလိုက်ဦးမယ်"
ဒီမြင်ကွင်းက ဘယ်လိုမြင်ကွင်းကြီးလဲ။မှူးအတွက်တော့ ရင်၀ကိုဆောင့်ကန်လိုက်သလို အသည်းတွေကွဲကြေမတတ်ခံစားနေရသည်။မှူးအတွက်အမြဲ မှီစရာပုခုံခင်းပေးတတ်တဲ့အကိုက တခြားသူတွေကိုလဲ ဒီလိုပဲ အလွယ်တကူ မှီခိုင်းတာလား။ဂျူတီချိန်အတွင်းမှာတောင် ဒီမိန်းမနဲ့ ဘယ်ကိုသွားဖို့ပြင်နေတာလဲဆို မှူးမခန့်မှန်းတတ်တော့ပါ။မှူးအမြဲ ထိုင်နေကြ ကားခေါင်းခန်းမှာ ဒီမိန်းမက အခန့်သား၀င်ထိုင်လိုက်တော့ အကို့မိန်းမ ဆိုတဲ့နေရာကို လုယူခံလိုက်ရသလို ခံစားလိုက်ရသည်။သူ့ကပဲ မှူးနေရာကို လုယူတာလား
ဒါမှမဟုတ် သူ့ဆီကနေ မှူးလုယူခဲ့သောနေရာကို
ပြန်လုယူဖို့ ပြန်လာခဲ့တာလား........။
Taxတစ်စီး အမြန်ငှားလိုက်ပြီး အကို့ကားနောက်ကနေ တောက်လျှောက်လိုက်တော့သည်။၁၀မိနစ်လောက် လမ်းကြိုလမ်းကြားတွေထဲကွေ့ပတ်မောင်းပြီးချိန်မှာတော့ ဟောင်းနွမ်းနေသော တိုက်ခန်းတစ်ခုရှေ့မှာ ရပ်တန့်သွားတော့သည်။ခပ်လှမ်းလှမ်းကနေ ကားကိုရပ်ပြီး စောင့်ကြည့်နေလိုက်သည်။ကားတံခါးဖွင့်ပြီးဆင်းလာတဲ့ ရွှန်းလဲ့ယမုံက အကို့လက်မောင်းကို တွဲပြီးတိုက်ခန်းပေါ်တက်သွားတော့သည်။ရင်ထဲမှာ မယုံနိုင်မှုပေါင်းများစွာနဲ့ မွန်းကျပ်လာပြီး မျက်ရည်တွေ တသွင်သွင်စီးကျလာရသည်။လက်သီးကို တင်းနေအောင် ဆုပ်ထားတာကြောင့် ဓားရှထားသောနေရာက သွေးတွေပါစီးကျလာနေပေမဲ့ မှူး သတိမထားမိ။အခုအချိန်မှာ ရင်ထဲက ဒဏ်ရာလောက် ဘယ်အရာမှနာကျင်မှုမရှိတော့ပါ။ခြေထောက်ပါ မခိုင်ချင်တော့ပေမဲ့ အားတင်းပြီးထိုလှေကားထစ်များဆီတက်လာခဲ့သည်။ယွန်းမီနဲ့ ဒီမိန်းမနောက်ကို နောက်ယောင်ခံလိုက်ခဲ့စဥ်က ချောင်းပေါက်မတက် ရောက်ခဲ့ရသော ဒီနေရာက မှူးအတွက်တော့ သိပ်မဆန်းကြယ်။
အခန်းရှေ့ကိုရောက်တာနဲ့ တံခါးခေါက်ဖို့ အတွက် တုန်ရီနေသောလက်ကို မြှောက်လိုက်သည်။ဒါပေမဲ့ မှူး တံခါးကိုမခေါက်နိုင်ခဲ့ပါ။တံခါးနောက်ကွယ်ကနေ ပေါ်ထွက်လာမဲ့ အကို့နဲ့ အဲ့မိန်းမရဲ့ မျက်နှာကို မှူးဘယ်လိုစိတ်နဲ့ကြည့်ရမှာလဲ။နှုတ်ခမ်းကိုကိုက်ပြီး လှေကားထစ်များဆီကပြေးဆင်းလာခဲ့သည်။ရင်ထဲမှာ မယုံနိုင်မှုများနဲ့ ဆို့နစ်နေပြီး
Advertisement
အသက်ရှုရတာ မွန်းကြပ်လာရသည်။ရင်ဘက်ကိုသာ အခါခါထုရင်း လမ်းထောင့်တစ်နေရာမှာထိုင်ပြီး ငိုချလိုက်သည်။
မှူးအပေါ်မှာ အကိုဘာကြောင့် ဒီလိုလုပ်ရက်ရတာလဲ.............။တခြားသူမဟုတ်ဘူး တစ်ဦးထဲသော မှူး ယုံကြည်ထားတဲ့ အကိုက ဘာလို့ဒီလိုလုပ်ရက်ရတာလဲ..........။
×××××××××××××××××××××××××××××××××××
နဲနဲလောက် ရှို့ခွင့်ပြုပါ ပရိတ်သတ်တို့🥺
Zawgyi
ဒီနေ့တစ်နေလုံး အတန်းချိန် တစ်ချိန်မှမတက်ပဲ
××××××××××××××××××
"အမလေး!!"
အားလုံးပြီးဆုံးသွားပြီဆိုတာနဲ့ အင်္ကျီသွားလဲပြီး အကိုရှိတဲ့ဆေးရုံဆီ ဉီးတည်လိုက်သည်။
××××××××××
".........."
ယမုံ ခုံကနေထလိုက်တဲ့အချိန် ခေါင်းတစ်ခုလုံးမူးနောက်သွားပြီး မျက်တြွေပာတက်လာကာ ယိုင်ကျသွားရတော့သည်။
"ယမုံ"
"ယမုံ ရရဲ့လား"
"အင်း...အဲ့ဒါဆိုလဲ ဒီမှာ ခဏစောင့်နေ ကိုယ်ကားသွားယူလိုက်ဉီးမယ်"
×××××××××××××××××××××××××××××××××××
Advertisement
- In Serial9 Chapters
The Crown
An upbeat Young Adult fantasy short story, set in a place where humans live under the protection of mighty dragons. One boy, Piscalo, has been passed over by his lord dragon for full initiation into the clan that he serves, and so, with the help of his friends, he sets out to convince the old wurm of his worth
8 117 - In Serial95 Chapters
[BL] Rebirth of the Little Mute
Rebirth of the Little Mute重生之小啞巴Author(s)穆青延Status in COO93 + 2 Extras (Completed)DescriptionMu Xiaoke was a fool in his previous life, but he couldn't help and his older brother both fell in love with Fu Jiayun. He is a little mute who's a total failure, how could the other party choose him? He shouldn't compete with his older brother, or marry the Rong family as a substitute for his older brother, otherwise he wouldn't die alone in the wilderness and his corpse wouldn't be found.God gave him a chance to be reborn. When he returned to his first year in senior high school, he knew that he could not repeat the same mistakes again. He had to stay away from his older brother, Fu Jiayun, and Rong Yanzhe. The person who treated him as a stand-in for his older brother and kept abusing him. This time, he didn't ask for anything, as long as he could live well.It just didn't occur to him that when he kept a respectful distance from those people, they instead came to pester him endlessly. He was in panic and unexpectedly provoked another man who shouldn't be approached...---NOTE: FOR OFFLINE PURPOSES SO DON'T REPOST MTLED IF YOU DON'T UNDERSTAND THEN IT IS IN POOR QUALITY I DID THIS FOR PEOPLE LIKE ME WHO CAN'T AFFORD PROPERLY TRANSLATED AND LIMITED INTERNET CONNECTION SO PLEASE DON'T CRITICIZE THE QUALITY NOR THE WAY I MTLED IT THANK YOU
8 14754 - In Serial42 Chapters
Stuck on a desert island with Zayn Malik ( One Direction /Zayn Malik Fanfiction)
Everything started when Sarah,Mona and Madeleine went to Spain. a little holiday trip after their graduation. Summer. Pools. Hot chicas.parties.Hot weather.Cheeky Guys. Just like that one that Sarah met during her last day in Madrid.It wasn't really a meeting or a date . She hated him , he hated her. And the story started when they were stuck on a desert island .Here's the story. Their story : SOADIWZM (Abbreviation lol)
8 157 - In Serial41 Chapters
Broken Promises ✓
An Arshi Fanfic The story starts right after the terrace drama between Shyam and Khushi And Arnav has seen Khushi in Shyam's embrace What will his reaction be? Let us find out #90 in Fanfiction on 27.03.2018Cover by KoeliDalmiya
8 142 - In Serial37 Chapters
Believe Me, I'm Lying
When 17 year old Harley finds herself jobless, she needs a new job-- and quick. Her uncle comes to her house with a job offer. For her to become a teacher at his school. A school for delinquents.Watty Awards 2010 Winner of Best Overall, Best Romance, Best Female Lead, and Best Cast!
8 105 - In Serial13 Chapters
Scream (Billy Loomis x Reader)
(Ghostface x Reader)A year after Sidney Prescott's father, Neil Prescott, was convicted for brutally murdering five people, a 17 year old girl called Y/n L/n joins Woodsboro High School, completely oblivious to the horror that awaits her.(In this case, Billy, Stu, Sidney, etc were in 11th grade last year) None of the Scream characters from the original movie belong to me.None of the images attached to my chapters belong to me.*I am currently working on rewriting the ending of this story because right now it's terrible. Until then, the ending is up to interpretation*
8 225