《ကံကြမ္မာစေရာ [OC] (Completed)》Ep_30
Advertisement
Uni
ညကအားကုန်သုံးထားခဲ့သမျှအတွက် အိပ်စက်အနားယူပြီးချိန် ဘုန်းမြတ်နိုးလာတော့ နေ့လယ်၁နာရီ။မှူးလေးကတော့ အခုထိ အိပ်မောကျနေဆဲ။သူဆန္ဒကို အစွမ်းကုန်လိုက်လျောပေးထားသောကြောင့် ပင်ပန်းနေသော မှူးကို မနှိုးရက်တာကြောင့် နဖူးကို အနမ်းတစ်ပွင့်ပေးပြီး ရေမိုးချိုးကိုယ်လက်သန့်စင်ဖို့ ရေချိုးခန်းဆီ ဦးတည်လိုက်သည်။
"Ring Ring Ring Ring Ring Ring "
အိပ်လို့ကောင်းနေကာမှ မရပ်မနားမြည်နေသော ဖုန်းသံကြောင့် မှူးလန့်နိုးလာခဲ့သည်။ဖုန်းအသံက အကို့ဖုန်းအသံဖြစ်တာကြောင့် အခန်းထဲတစ်၀ိုက် မျက်လုံးဖြင့် ဝေ့ကြည့်လိုက်တော့ အကိုကမရှိ။နောက်မှ ရေချိုးခန်းထဲက ရေသံကြားမှ အကိုရေချိုးနေမှန်းသိလိုက်သည်။ဖုန်းကဆက်တိုက်မြည်နေသည်မို့ ဆေးရုံကအရေးကြီးဖုန်းများလားလို့တွေးမိလိုက်သည်။
"YM"
content nameကYM တဲ့လား။ဘယ်သူများလဲ တွေးနေမိသည်။ဘယ်သူပဲဖြစ်ဖြစ် အကိုရေချိုးပြီးရင် ဖုန်းပြန်ဆက်ခိုင်းလိုက်မယ်ဆိုတဲ့အကြောင်း ပြောဖို့ ဖုန်းကိုကောက်ကိုင်လိုက်သည်။
"ဟယ်လို ကိုဘုန်းနော် အခုမှပဲဖုန်းကိုင်တော့တယ် ယမုံဒီနေ့ဆေးရုံကိုလာတာ ကိုဘုန်း ခွင့်ယူထားတယ်ဆိုလို့ ဘာများဖြစ်လို့လဲလို့ စိတ်ပူပြီး ဖုန်းလှမ်းဆက်တာ နေများမကောင်းဘူးလား
တစ်ခါမှ ဂျူတီချိန်မပျက်စဖူး ပျက်တယ်ဆိုတော့"
ဖုန်းကိုင် လိုက်တာနဲ့ တန်းပြီး တရစပ်ကြားလိုက်ရသော စကားကြောင့် မှူးမျက်လုံးများပြူးကျယ်သွားရသည်။မှန်ပါတယ် လွဲစရာအကြောင်းနည်းနည်းလေးမှမရှိ ရွန်းလဲ့ယမုံဆိုတာကျိန်းသေပါသည်။ဒီ ၅စက္ကန့်စာလောက် စကားကြားရယုံနဲ့တင် ရင်ထဲမှာလှိုက်တက်လာပြီး မျက်ရည်ပါ၀ဲတက်လာရသည်။
"ဟယ်လို.....ဟယ်လို....ကိုဘုန်း ယမုံပြောတာကြားရဲ့လား"
မှူး ဘာမှပြန်မပြောနိုင်တော့သလို သူ့အသံလဲမကြားချင်တော့တာမို့ ဖုန်းချပစ်လိုက်သည်။
"မဟုတ်လောက်ပါဘူး.......အကိုက အဲ့လိုမျိူးမလုပ်လောက်ပါဘူး"
တစ်ယောက်ထဲ ကယောင်ကတမ်းပြောနေရင်း စိတ်ထဲမှာသွေးပျက်လာမိသည်။အကိုနဲ့ သူနဲ့က အခုထိ အဆက်အသွယ်ရှိနေတာလား။ပြီးတော့ ဘာလို့ အမြဲတွေ့ကြနေတဲ့ ပုံစံလိုမျိုးစကားပြောနေတာလဲ။သူကရော အကိုရှိတဲ့ဆေးရုံအထိ ဘာလို့လိုက်လာတာလဲ။ခေါင်းထဲမှာ မေးခွန်းများစွာ ပေါ်လာပေမဲ့ အဖြေကရှာမရ။အမှန်ဆို ဟိုကိစ္စဖြစ်ပြီးတဲ့နေ့ကတည်းက အကိုက သူ့ကိုအမုန်းကြီးမုန်းသွားတာမဟုတ်ဘူးလား။ပြီးတော့ သူကလဲ ပျောက်ချက်သားကောင်းနေတာကြာပြီလေ ဘယ်အချိန်တုန်းက အကို့ရှေ့ကိုပြန်ပေါ်လာပြီး နှစ်ယောက်သားဘာကိစ္စမှ မရှိခဲ့သလိုမျိုး စကားပြောနေနိုင်ရတာလဲ။စဥ်းစားလေ စဥ်းစားလေ ရင်ထဲမွန်းကြပ်လာရတော့သည်။
"မှူးလေး....နိုးပြီလား.....ကိုယ်ကမှူးကို ညနေလောက်အထိတောင် အိပ်မယ်ထင်တာ"
အကိုကရေချိုးခန်းထဲကနေ ခေါင်းကိုရေသုတ်ပြီး ထွက်လာရင်းမှူးကိုပြောနေပေမဲ့ မှူး ဘာစကားမှပြန်မပြောနိုင်။အကို့ရဲ့ မျက်လုံးတွေကိုသာ ကြည့်နေမိပြီး အကို မှူးကို တစ်ခုခုဖုံးကွယ်ထားတာများရှိသလားဆိုပြီး ဆန်းစစ်ကြည့်နေမိသည်။
"မှူးလေး....ဘာဖြစ်လို့လဲ....နေလို့ထိုင်လို့မကောင်းဘူးလား"
ဘာစကားတစ်ခွန်းမှပြန်မပြောပဲ ဘုန်းမြတ်ကိုသာ လိုက်ကြည့်နေသော မှူးကြောင့် စိတ်ထဲတစ်မျိုးဖြစ်မိသွားသည်။နေများမကောင်းဘူးလားဆိုပြီး နဖူးစမ်းကြည့်တော့လဲ အစမ်းမခံပဲ မျက်နှာလွှဲသွားသည်မို့ မှူးတစ်ခုခုဖြစ်နေတာတော့ သေချာသွားသည်။ဧကန္တ ညက အရမ်းများသွားလို့များ သူ့ကိုစိတ်ဆိုးနေတာများလား။
ဒါလဲ မဖြစ်နိုင်ပါဘူး ဆိုပြီးတွေးမိလိုက်သည်။
"မှူး......မှူး ဘာဖြစ်နေတာလဲ ကိုယ့်ကိုပြော"
"မှူး ဘာ....ဘာမှ မဖြစ်ပါဘူး အကြာကြီးအိပ်လိုက်တော့ ခေါင်းထဲနောက်ကျိကျိဖြစ်နေတာ.....မှူး လန်းသွားအောင် ရေချိုးလိုက်ဦးမယ်"
ပျက်ယွင်းနေသော မျက်နှာကို မှူးချက်ချင်းပြင်လိုက်သည်။ဒီကိစ္စက သူဒီလိုမျိုးသွေးပျက်ခြောက်ခြားနေရုံနဲ့ ပြီးမဲ့ ကိစ္စမဟုတ်။အကို့အပေါ်ကိုလဲ ဘာသက်သေမှမရှိပဲ မှူးရဲ့ အထင်တစ်ခုထဲနဲ့ မစွပ်စွဲချင်ပါ။ဒါကြောင့် အရင်ဆုံးစိတ်ကိုတည်ငြိမ်အောင်လုပ်ပြီး ဒီကိစ္စရဲ့ အရင်းအမြစ်ကိုမှူးကိုယ်တိုင် တူးဆွကြည့်မှ ဖြစ်တော့မည်။
ရေချိုးခန်းထဲကိုရောက်တာနဲ့ ရေပန်းကိုဖွင့်ချလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်နေရသည်။ဒါပေမဲ့နားထဲမှာ ထိုမိန်းမအသံကပဲ့တင်သံထပ်နေသည်။ဦးနှောက်က မဖြစ်နိုင်ဘူးလို့ထင်နေပေမဲ့ စိတ်ကခွင့်မပြု။ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ ရေပန်းအောက်မှာ အချိန်ဘယ်လောက်ကြာကြာနေမိနေလဲမသိ နှုတ်ခမ်းများပင်တုန်ရီလာမိသည်။
မှူးရေချိုးနေတာ တစ်နာရီနီးပါးရှိနေပြီဖြစ်သည်။
ရေကိုအဆုံးထိ ဖွင့်ထားတာမို့ ဘုန်းမြတ် အပြင်ကနေခေါ်နေတာကို မကြားပုံရသည် ဘာတုံ့ပြန်မှုမှမရှိ။ဒါကြောင့် ဒေါ်ကြီးညိုဆီက သော့အပိုသွားယူပြီး ရေချိုးခန်းတံခါးက်ိုဖွင့်လိုက်သည်။
"မှူး........ဘာဖြစ်တာလဲ.......အဆင်ပြေရဲ့လား"
ရေပန်းအောက်မှာ ခေါင်းကိုအောက်ငိုက်စိုက်ပြီးထိုင်နေမို့ ဘုန်းမြတ် လန့်သွားရတော့သည်။ဖွင့်ထားသောရေကို အမြန်ပိတ်ပြီး တပတ်တစ်ထည်အမြန်ယူပြီး ခြုံပေးလိုက်သည်။မျက်နှာတစ်ခုလုံးဖွေးဆုပ် နေပြီး နှုတ်ခမ်းများပင်ပြာကာ တုန်ရီနေပြီဖြစ်သည်။အလျင်အမြန် ပွေ့ချီလိုက်ပြီး ကုတင်ပေါ်ကို ကုတင်ပေါ်ကိုတင်ကာ ရေသုတ်ပေးပြီး အင်္ကျီ၀တ်ပေးလိုက်သည်။
"မှူး.....ကိုယ့်ကိုကြည့်.....မှူး ဘာဖြစ်နေတာလဲ"
မှူး ရင်ထဲမှာမွန်းကြပ်နေတာကြောင့် အကို့ကိုဒီကိစ္စမေးမှရတော့မည်။ဒီအတိုင်းဆက်နေနေလျှင် မှူး ရူးသွားနိုင်သည်။
"အကို"
"အင်း ပြော.... မှူး ပြောချင်တာသာပြော...ကိုယ်နားထောင်နေတယ်"
"အကို မှူးအပေါ်မှာ တစ်ခုခုဖုံးကွယ်ထားတာရှိလား"
"ဟင်"
မှူး ဘာကိုပြောချင်နေတာလဲ ဆိုတာစဥ်းစားလို့မရ။မနက်ကအထိ အကောင်းကြီးကို အခုမှ ရုတ်တရက် ထူးထူးဆန်းဆန်းတွေမေးနေတာမို့ ဘုန်းမြတ် ခေါင်းစားသွားရသည်။
"မှူးက ဘာကိုပြောချင်တာလဲ"
"အကို မှူးမသိအောင် မှူးနောက်ကွယ်မှာ ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခုရှိလား"
"ကိုယ်က ဘာကိုဖုံးကွယ်ထားရမှာလဲ.......ကိုယ့်မှာတစ်နေတစ်နေ့ ဆေးရုံ ရယ် ဆေးခန်းရယ် အိမ်ရယ် ဒီနေရာမှာအမြဲ အချိန်ကုန်နေတာကို ကိုယ်ကို မှူးမသိအောင် ဘာတွေကို ခိုးကြောင်ခိုး၀ှက်လုပ်နေရမှာလဲ.......မဟုတ်မှလွဲရော မှူး အိပ်မက်ထဲမှာ အကိုက မှူးနောက်ကွယ်မှာ ဖောက်ပြန်နေတယ်လို့ အိပ်မက်မက်လို့လား"
"အင်း ဟုတ်တယ်"
မှူး အကို့ကိုဆက်မမေးချင်တော့တာမို့ အိပ်မက်ဆိုပြီး ရောချလိုက်သည်။အကယ်၍ အကိုသာ ရွန်းလဲ့ယမုံနဲ့ ပြန်ပေါင်းထုပ်နေတယ်ဆိုလျှင် မှူး အဲ့ဒါကို လက်ခံနိုင်ဖို့ ခံနိုင်ရည်မရှိတာကြောင့် အခုလောလောဆယ် ဘာကိုမှ ဆက်မသိချင်တော့ပါ။
"သြော်....ဖြစ်မှ ဖြစ်ရလေ မှူးရယ်......ကိုယ်က မှူးရဲ့ရှေ့မှာရော နောက်မှာရော ဘယ်မိန်းမနဲ့မှ မဖောက်ပြန်ပါဘူး....ကိုယ့်မှာ ဟောဒီ့က မှူးလေးတစ်ယောက်ထဲကိုတောင် ချစ်လို့မ၀တာကို....ဘယ်မိန်းကလေးကို သွားပြီးစိတ်၀င်စားရမှာလဲ......မှူး စိတ်မပူနဲ့ ကိုယ့်တစ်ဘ၀လုံး မှူးနဲ့အတူရှိနေသွားမှာ.....ကိုယ့်ကိုယုံတယ်မလား"
Advertisement
အကိုက ထိုသို့ပြောပြီး မှူး နဖူးကိုနမ်းလိုက်တော့လဲ မှူးအရာအားလုံးကို မျက်စိစုံမှိတ်ပြီး အကို့ကိုသာ ပုံအောပြီး ယုံဖို့ဆုံးဖြတ်လိုက်သည်။အကိုသာ မှူးရဲ့ယုံကြည်မှုကို ရေစုန်မမျှောပစ်ဖို့ မျှော်လင့်နေမိသည်။
"အကို......မှူးကို ထားမသွားရဘူးနော်....အဟင့်"
မငိုမိအောင် အတင်းထိန်းထားတဲ့ကြားထဲက ၀မ်းနည်းပြီးငိုမိရပြန်သည်။မှူးဘ၀မှာ အရာအားလုံးကို ဆုံးရှုံးခဲ့ရပြီးပြီမို့ နောက်ဆုံးမှာ မှူးပိုင်ဆိုင်တာဆိုလို့ အကိုတစ်ယောက်ထဲသာရှိတော့သည်။အကိုသာ မှူးဘ၀ထဲကထွက်သွားမယ်ဆိုလျှင် မှူးလောကကြီးထဲမှာ ဘယ်လိုမှဆက်ပြီးအသက်ရှင်တော့မှာမဟုတ်တော့ပါ။
"မှူးလေး.....ဘာလို့ငိုနေရတာတုန်း.....ကိုယ်သစ္စာဆ်ိုရဲတယ် မှူးလေးကို ဘယ်တော့မှထားမသွားဘူး......အဲ့ဒါကြောင့် မငိုနဲ့တော့နော်...တိတ်....တိတ်တော့.....ကလေး ဆက်ငိုနေရင် ခေါင်းကိုက်လိုက်မယ်.....အခုခေါင်းကိုရေခြောက်အောင်သုတ်ပြီး တစ်ခုခုစားရမယ်။ပြီးရင်ဆေးသောက်ပြီး အနားယူရမယ်.....ကိုယ့်ပြောစကားနားထောင်မယ်မလား"
"အင်း"
မှူးမှာ ကလေးတစ်ယောက်လိုပင် အကိုမှူးကိုစိတ်ပျက်ပြီးထားသွားမှာစိုးရိမ်နေတာကြောင့် အကို့ပြောသမျှစကားကို တသွေမတိမ်းနားထောင်နေသည်။
ဒီကလေးမကို မျက်ရည်တစ်စက်မကျအောင် အရိပ်တကြည့်ကြည့်နဲ့ထားနေကာမှ ဒီအိပ်မက်က မှူးလေးကိုမျက်ရည်ကျအောင်လုပ်ရတယ်လို့။အဲ့အိပ်မက်က လူဆိုရင်လဲ ဆေးထိုးပြီးသာသတ်လိုက်ချင်သည်။အခုတော့ မှူးလေးဖျားမှာစိုး၍ ခေါင်းကိုရေခြောက်အောင်သုတ်ပေးပြီး ဒေါ်ကြီးညိုကို ဆန်ပြုတ်တစ်ခွက်ပြုတ်ခိုင်းထားပြီး မှူးဘေးမှာပဲ နေနေလိုက်သည်။
"သား မှူးလေးဘယ်လိုနေသေးလဲ"
အမေက ဆန်ပြုတ်ပန်းကန်ယူပြီး အခန်းထဲ၀င်လာတာကြောင့် မှူးလှဲနေရာကနေ ကုတင်ကိုမှီပြီး ထထိုင်လိုက်သည်။
"အဖျားငွေ့ နွေးနွေးလေးရှိတယ်အမေ အခုအစာစားပြီးတာနဲ့ ဆေးတိုက်မှာ"
"အေးအေး သေချာဂရုစိုက်.....မှူးလေး နေရတာဘယ်လိုနေလဲ"
"မှူး အဆင်ပြေပါတယ်အမေ ခေါင်းလဲနည်းနည်းကိုက်နေရုံပါပဲ"
"အဲ့ဒါဆို ဆန်ပြုတ်လေးသောက်ပြီး ဆေးသောက်ပြီးရင် အိပ်နေလိုက် စားချင်တာရှိရင်လဲအမေ့ကိုပြော"
"ဟုတ် အမေ"
"အမေကြားပြီးပါပြီ မှူးလေးက ဘုန်းမြတ်ကို အိပ်မက်မက်လို့ဆို....အဲ့ကိစ္စကို သမီးစိတ်မပူနဲ့ ဒီကောင်အပြင်မှာသာ အဲ့လိုလုပ်လို့ကတော့ အမေကိုယ်တိုင် သတ်ပစ်မယ်"
အကို့ကို လက်ညှိုးထိုးပြီး ကျိမ်း၀ါးနေသော အမေ့ကိုကြည့်ပြီး မှူးမှာ အခုမှ ပြုံးရယ်နိုင်တော့သည်။
"အမေတို့ကလဲ သားကိုပဲ၀ိုင်းပြောနေကြတယ်"
"နင်သာ အချိုးပြေအောင်နေ "
"မှူးလေး ကိုယ်ဆန်ပြုတ်ခွံ့တိုက်မယ်နော်"
အကိုက တစ်ဇွန်းချင်းစီ အေးအောင် မှုတ်ပြီးတိုက်သောဆန်ပြုတ်က မှူးအတွက် နတ်သဒ္ဓါလိုပင်။တစ်ဇွန်းပြီးတစ်ဇွန်းသောက်နေတာ တစ်ပန်းကန်လုံးကုန်သွားရသည်။ပြီးတာနဲ့ အကိုကိုယ်တိုင်စပ်ပေးထားသော ဆေးကိုသောက်လိုက်ပြီး အကိုလက်မောင်းက်ိုခေါင်းအုံးကာ လောကကြီးက ရှိသမျှအကြောင်းတွေအကုန်မေ့ကာ မှေးစက်အနားယူလိုက်သည်။
မှူးဘ၀မှာ အကို့သာရှိနေရင် တခြားဘာမှထပ်မလိုတော့သလို့ အကို့အတွက် မှူးပိုင်ဆိုင်သမျှ အရာအားလုံးနဲ့ လဲယူရမယ်ဆိုရင်တောင် မှူးကျေကျေနပ်နပ်နဲ့ လက်ခံမည် ထင်ပါရဲ့............။
Zawgyi
ညကအားကုန္သံုးထားခဲ့သမ်ွအတြက္ အိပ္စက္အနားယူၿပီးခ်ိန္ ဘုန္းျမတ္ႏိုးလာေတာ့ ေန့လယ္၁နာရီ။မွဴးေလးကေတာ့ အခုထိ အိပ္ေမာက်ေနဆဲ။သူဆႏၵကို အစြမ္းကုန္လိုက္ေလ်ာေပးထားေသာေၾကာင့္ ပင္ပန္းေနေသာ မွဴးကို မႏိႈးရက္တာေၾကာင့္ နဖူးကို အနမ္းတစ္ပြင့္ေပးၿပီး ေရမိုးခ်ိဳးကိုယ္လက္သန္႔စင္ဖို႔ ေရခ်ိဳးခန္းဆီ ၪီးတည္လိုက္သည္။
"Ring Ring Ring Ring Ring Ring "
အိပ္လို႔ေကာင္းေနကာမွ မရပ္မနားျမည္ေနေသာ ဖုန္းသံေၾကာင့္ မွဴးလန္႔ႏိုးလာခဲ့သည္။ဖုန္းအသံက အကို႔ဖုန္းအသံျဖစ္တာေၾကာင့္ အခန္းထဲတစ္ဝိုက္ မ်က္လံုးျဖင့္ ေဝ့ၾကည့္လိုက္ေတာ့ အကိုကမရိွ။ေနာက္မွ ေရခ်ိဳးခန္းထဲက ေရသံၾကားမွ အကိုေရခ်ိဳးေနမွန္းသိလိုက္သည္။ဖုန္းကဆက္တိုက္ျမည္ေနသည္မို႔ ေဆးရံုကအေရးႀကီးဖုန္းမ်ားလားလို႔ေတြးမိလိုက္သည္။
"YM"
content nameကYM တဲ့လား။ဘယ္သူမ်ားလဲ ေတြးေနမိသည္။ဘယ္သူပဲျဖစ္ျဖစ္ အကိုေရခ်ိဳးၿပီးရင္ ဖုန္းျပန္ဆက္ခိုင္းလိုက္မယ္ဆိုတဲ့အေၾကာင္း ေျပာဖို႔ ဖုန္းကိုေကာက္ကိုင္လိုက္သည္။
"ဟယ္လို ကိုဘုန္းေနာ္ အခုမွပဲဖုန္းကိုင္ေတာ့တယ္ ယမံုဒီေန့ေဆးရံုကိုလာတာ ကိုဘုန္း ခြင့္ယူထားတယ္ဆိုလို႔ ဘာမ်ားျဖစ္လို႔လဲလို႔ စိတ္ပူၿပီး ဖုန္းလွမ္းဆက္တာ ေနမ်ားမေကာင္းဘူးလား
တစ္ခါမွ ဂ်ူတီခ်ိန္မပ်က္စဖူး ပ်က္တယ္ဆိုေတာ့"
ဖုန္းကိုင္ လိုက္တာနဲ႔ တန္းၿပီး တရစပ္ၾကားလိုက္ရေသာ စကားေၾကာင့္ မွဴးမ်က္လံုးမ်ားျပဴးက်ယ္သြားရသည္။မွန္ပါတယ္ လြဲစရာအေၾကာင္းနည္းနည္းေလးမွမရိွ ရြန္းလဲ့ယမံုဆိုတာက်ိန္းေသပါသည္။ဒီ ၅စကၠန္႔စာေလာက္ စကားၾကားရယံုနဲ႔တင္ ရင္ထဲမွာလိႈက္တက္လာၿပီး မ်က္ရည္ပါဝဲတက္လာရသည္။
"ဟယ္လို.....ဟယ္လို....ကိုဘုန္း ယမံုေျပာတာၾကားရဲ့လား"
မွဴး ဘာမျွပန္မေျပာႏိုင္ေတာ့သလို သူ႔အသံလဲမၾကားခ်င္ေတာ့တာမို႔ ဖုန္းခ်ပစ္လိုက္သည္။
"မဟုတ္ေလာက္ပါဘူး.......အကိုက အဲ့လိုမ်ိူးမလုပ္ေလာက္ပါဘူး"
တစ္ေယာက္ထဲ ကေယာင္ကတမ္းေျပာေနရင္း စိတ္ထဲမွာေသြးပ်က္လာမိသည္။အကိုနဲ႔ သူနဲ႔က အခုထိ အဆက္အသြယ္ရိွေနတာလား။ၿပီးေတာ့ ဘာလို႔ အၿမဲေတြ့ၾကေနတဲ့ ပံုစံလိုမ်ိဳးစကားေျပာေနတာလဲ။သူကေရာ အကိုရိွတဲ့ေဆးရံုအထိ ဘာလို႔လိုက္လာတာလဲ။ေခါင္းထဲမွာ ေမးခြန္းမ်ားစြာ ေပၚလာေပမဲ့ အေျဖကရွာမရ။အမွန္ဆို ဟိုကိစၥျဖစ္ၿပီးတဲ့ေန့ကတည္းက အကိုက သူ႔ကိုအမုန္းႀကီးမုန္းသြားတာမဟုတ္ဘူးလား။ၿပီးေတာ့ သူကလဲ ေပ်ာက္ခ်က္သားေကာင္းေနတာၾကာၿပီေလ ဘယ္အခ်ိန္တုန္းက အကို႔ေရ႔ွကိုျပန္ေပၚလာၿပီး ႏွစ္ေယာက္သားဘာကိစၥမွ မရိွခဲ့သလိုမ်ိဳး စကားေျပာေနႏိုင္ရတာလဲ။စဥ္းစားေလ စဥ္းစားေလ ရင္ထဲမြန္းၾကပ္လာရေတာ့သည္။
"မွဴးေလး....ႏိုးၿပီလား.....ကိုယ္ကမွဴးကို ညေနေလာက္အထိေတာင္ အိပ္မယ္ထင္တာ"
အကိုကေရခ်ိဳးခန္းထဲကေန ေခါင္းကိုေရသုတ္ၿပီး ထြက္လာရင္းမွဴးကိုေျပာေနေပမဲ့ မွဴး ဘာစကားမျွပန္မေျပာႏိုင္။အကို႔ရဲ့ မ်က္လံုးေတြကိုသာ ၾကည့္ေနမိၿပီး အကို မွဴးကို တစ္ခုခုဖံုးကြယ္ထားတာမ်ားရိွသလားဆိုၿပီး ဆန္းစစ္ၾကည့္ေနမိသည္။
"မွဴးေလး....ဘာျဖစ္လို႔လဲ....ေနလို႔ထိုင္လို႔မေကာင္းဘူးလား"
ဘာစကားတစ္ခြန္းမျွပန္မေျပာပဲ ဘုန္းျမတ္ကိုသာ လိုက္ၾကည့္ေနေသာ မွဴးေၾကာင့္ စိတ္ထဲတစ္မ်ိဳးျဖစ္မိသြားသည္။ေနမ်ားမေကာင္းဘူးလားဆိုၿပီး နဖူးစမ္းၾကည့္ေတာ့လဲ အစမ္းမခံပဲ မ်က္ႏွာလႊဲသြားသည္မို႔ မွဴးတစ္ခုခုျဖစ္ေနတာေတာ့ ေသခ်ာသြားသည္။ဧကႏၲ ညက အရမ္းမ်ားသြားလို႔မ်ား သူ႔ကိုစိတ္ဆိုးေနတာမ်ားလား။
ဒါလဲ မျဖစ္ႏိုင္ပါဘူး ဆိုၿပီးေတြးမိလိုက္သည္။
"မွဴး......မွဴး ဘာျဖစ္ေနတာလဲ ကိုယ့္ကိုေျပာ"
"မွဴး ဘာ....ဘာမွ မျဖစ္ပါဘူး အၾကာႀကီးအိပ္လိုက္ေတာ့ ေခါင္းထဲေနာက္က်ိက်ိျဖစ္ေနတာ.....မွဴး လန္းသြားေအာင္ ေရခ်ိဳးလိုက္ၪီးမယ္"
ပ်က္ယြင္းေနေသာ မ်က္ႏွာကို မွဴးခ်က္ခ်င္းျပင္လိုက္သည္။ဒီကိစၥက သူဒီလိုမ်ိဳးေသြးပ်က္ေျခာက္ျခားေနရံုနဲ႔ ၿပီးမဲ့ ကိစၥမဟုတ္။အကို႔အေပၚကိုလဲ ဘာသက္ေသမွမရိွပဲ မွဴးရဲ့ အထင္တစ္ခုထဲနဲ႔ မစြပ္စြဲခ်င္ပါ။ဒါေၾကာင့္ အရင္ဆံုးစိတ္ကိုတည္ၿငိမ္ေအာင္လုပ္ၿပီး ဒီကိစၥရဲ့ အရင္းအျမစ္ကိုမွဴးကိုယ္တိုင္ တူးဆြၾကည့္မွ ျဖစ္ေတာ့မည္။
Advertisement
ေရခ်ိဳးခန္းထဲကိုေရာက္တာနဲ႔ ေရပန္းကိုဖြင့္ခ်လိုက္ၿပီး စိတ္ကိုတည္ၿငိမ္ေအာင္လုပ္ေနရသည္။ဒါေပမဲ့နားထဲမွာ ထိုမိန္းမအသံကပဲ့တင္သံထပ္ေနသည္။ၪီးေနွာက္က မျဖစ္ႏိုင္ဘူးလို႔ထင္ေနေပမဲ့ စိတ္ကခြင့္မျပဳ။ကိုယ့္ကိုယ္ကိုေတာင္ သတိမထားမိပဲ ေရပန္းေအာက္မွာ အခ်ိန္ဘယ္ေလာက္ၾကာၾကာေနမိေနလဲမသိ ႏႈတ္ခမ္းမ်ားပင္တုန္ရီလာမိသည္။
မွဴးေရခ်ိဳးေနတာ တစ္နာရီနီးပါးရိွေနၿပီျဖစ္သည္။
ေရကိုအဆံုးထိ ဖြင့္ထားတာမို႔ ဘုန္းျမတ္ အျပင္ကေနေခၚေနတာကို မၾကားပံုရသည္ ဘာတံု႔ျပန္မႈမွမရိွ။ဒါေၾကာင့္ ေဒၚႀကီးညိုဆီက ေသာ့အပိုသြားယူၿပီး ေရခ်ိဳးခန္းတံခါးက္ိုဖြင့္လိုက္သည္။
"မွဴး........ဘာျဖစ္တာလဲ.......အဆင္ေျပရဲ့လား"
ေရပန္းေအာက္မွာ ေခါင္းကိုေအာက္ငိုက္စိုက္ၿပီးထိုင္ေနမို႔ ဘုန္းျမတ္ လန္႔သြားရေတာ့သည္။ဖြင့္ထားေသာေရကို အျမန္ပိတ္ၿပီး တပတ္တစ္ထည္အျမန္ယူၿပီး ၿခံဳေပးလိုက္သည္။မ်က္ႏွာတစ္ခုလံုးေဖြးဆုပ္ ေနၿပီး ႏႈတ္ခမ္းမ်ားပင္ျပာကာ တုန္ရီေနၿပီျဖစ္သည္။အလ်င္အျမန္ ေပြ့ခ်ီလိုက္ၿပီး ကုတင္ေပၚကို ကုတင္ေပၚကိုတင္ကာ ေရသုတ္ေပးၿပီး အက်ႌ၀တ္ေပးလိုက္သည္။
"မွဴး.....ကိုယ့္ကိုၾကည့္.....မွဴး ဘာျဖစ္ေနတာလဲ"
မွဴး ရင္ထဲမွာမြန္းၾကပ္ေနတာေၾကာင့္ အကို႔ကိုဒီကိစၥေမးမွရေတာ့မည္။ဒီအတိုင္းဆက္ေနေနလ်ွင္ မွဴး ရူးသြားႏိုင္သည္။
"အကို"
"အင္း ေျပာ.... မွဴး ေျပာခ်င္တာသာေျပာ...ကိုယ္နားေထာင္ေနတယ္"
"အကို မွဴးအေပၚမွာ တစ္ခုခုဖံုးကြယ္ထားတာရိွလား"
"ဟင္"
မွဴး ဘာကိုေျပာခ်င္ေနတာလဲ ဆိုတာစဥ္းစားလို႔မရ။မနက္ကအထိ အေကာင္းႀကီးကို အခုမွ ရုတ္တရက္ ထူးထူးဆန္းဆန္းေတြေမးေနတာမို႔ ဘုန္းျမတ္ ေခါင္းစားသြားရသည္။
"မွဴးက ဘာကိုေျပာခ်င္တာလဲ"
"အကို မွဴးမသိေအာင္ မွဴးေနာက္ကြယ္မွာ ဖံုးကြယ္ထားတဲ့ ကိစၥတစ္ခုခုရိွလား"
"ကိုယ္က ဘာကိုဖံုးကြယ္ထားရမွာလဲ.......ကိုယ့္မွာတစ္ေနတစ္ေန့ ေဆးရံု ရယ္ ေဆးခန္းရယ္ အိမ္ရယ္ ဒီေနရာမွာအၿမဲ အခ်ိန္ကုန္ေနတာကို ကိုယ္ကို မွဴးမသိေအာင္ ဘာေတြကို ခိုးေၾကာင္ခိုးဝွက္လုပ္ေနရမွာလဲ.......မဟုတ္မွလြဲေရာ မွဴး အိပ္မက္ထဲမွာ အကိုက မွဴးေနာက္ကြယ္မွာ ေဖာက္ျပန္ေနတယ္လို႔ အိပ္မက္မက္လို႔လား"
"အင္း ဟုတ္တယ္"
မွဴး အကို႔ကိုဆက္မေမးခ်င္ေတာ့တာမို႔ အိပ္မက္ဆိုၿပီး ေရာခ်လိုက္သည္။အကယ္၍ အကိုသာ ရြန္းလဲ့ယမံုနဲ႔ ျပန္ေပါင္းထုပ္ေနတယ္ဆိုလ်ွင္ မွဴး အဲ့ဒါကို လက္ခံႏိုင္ဖို႔ ခံႏိုင္ရည္မရိွတာေၾကာင့္ အခုေလာေလာဆယ္ ဘာကိုမွ ဆက္မသိခ်င္ေတာ့ပါ။
"ေၾသာ္....ျဖစ္မွ ျဖစ္ရေလ မွဴးရယ္......ကိုယ္က မွဴးရဲ့ေရ႔ွမွာေရာ ေနာက္မွာေရာ ဘယ္မိန္းမနဲ႔မွ မေဖာက္ျပန္ပါဘူး....ကိုယ့္မွာ ေဟာဒီ့က မွဴးေလးတစ္ေယာက္ထဲကိုေတာင္ ခ်စ္လို႔မ၀တာကို....ဘယ္မိန္းကေလးကို သြားၿပီးစိတ္၀င္စားရမွာလဲ......မွဴး စိတ္မပူနဲ႔ ကိုယ့္တစ္ဘ၀လံုး မွဴးနဲ႔အတူရိွေနသြားမွာ.....ကိုယ့္ကိုယံုတယ္မလား"
အကိုက ထိုသို႔ေျပာၿပီး မွဴး နဖူးကိုနမ္းလိုက္ေတာ့လဲ မွဴးအရာအားလံုးကို မ်က္စိစံုမိွတ္ၿပီး အကို႔ကိုသာ ပံုေအာၿပီး ယံုဖို႔ဆံုးျဖတ္လိုက္သည္။အကိုသာ မွဴးရဲ့ယံုၾကည္မႈကို ေရစုန္မေမ်ွာပစ္ဖို႔ ေမ်ွာ္လင့္ေနမိသည္။
"အကို......မွဴးကို ထားမသြားရဘူးေနာ္....အဟင့္"
မငိုမိေအာင္ အတင္းထိန္းထားတဲ့ၾကားထဲက ၀မ္းနည္းၿပီးငိုမိရျပန္သည္။မွဴးဘ၀မွာ အရာအားလံုးကို ဆံုးရႈံးခဲ့ရၿပီးၿပီမို႔ ေနာက္ဆံုးမွာ မွဴးပိုင္ဆိုင္တာဆိုလို႔ အကိုတစ္ေယာက္ထဲသာရိွေတာ့သည္။အကိုသာ မွဴးဘ၀ထဲကထြက္သြားမယ္ဆိုလ်ွင္ မွဴးေလာကႀကီးထဲမွာ ဘယ္လိုမွဆက္ၿပီးအသက္ရွင္ေတာ့မွာမဟုတ္ေတာ့ပါ။
"မွဴးေလး.....ဘာလို႔ငိုေနရတာတုန္း.....ကိုယ္သစၥာဆ္ိုရဲတယ္ မွဴးေလးကို ဘယ္ေတာ့မွထားမသြားဘူး......အဲ့ဒါေၾကာင့္ မငိုနဲ႔ေတာ့ေနာ္...တိတ္....တိတ္ေတာ့.....ကေလး ဆက္ငိုေနရင္ ေခါင္းကိုက္လိုက္မယ္.....အခုေခါင္းကိုေရေျခာက္ေအာင္သုတ္ၿပီး တစ္ခုခုစားရမယ္။ၿပီးရင္ေဆးေသာက္ၿပီး အနားယူရမယ္.....ကိုယ့္ေျပာစကားနားေထာင္မယ္မလား"
"အင္း"
မွဴးမွာ ကေလးတစ္ေယာက္လိုပင္ အကိုမွဴးကိုစိတ္ပ်က္ၿပီးထားသြားမွာစိုးရိမ္ေနတာေၾကာင့္ အကို႔ေျပာသမ်ွစကားကို တေသြမတိမ္းနားေထာင္ေနသည္။
ဒီကေလးမကို မ်က္ရည္တစ္စက္မက်ေအာင္ အရိပ္တၾကည့္ၾကည့္နဲ႔ထားေနကာမွ ဒီအိပ္မက္က မွဴးေလးကိုမ်က္ရည္က်ေအာင္လုပ္ရတယ္လို႔။အဲ့အိပ္မက္က လူဆိုရင္လဲ ေဆးထိုးၿပီးသာသတ္လိုက္ခ်င္သည္။အခုေတာ့ မွဴးေလးဖ်ားမွာစိုး၍ ေခါင္းကိုေရေျခာက္ေအာင္သုတ္ေပးၿပီး ေဒၚႀကီးညိုကို ဆန္ျပဳတ္တစ္ခြက္ျပဳတ္ခိုင္းထားၿပီး မွဴးေဘးမွာပဲ ေနေနလိုက္သည္။
"သား မွဴးေလးဘယ္လိုေနေသးလဲ"
အေမက ဆန္ျပဳတ္ပန္းကန္ယူၿပီး အခန္းထဲ၀င္လာတာေၾကာင့္ မွဴးလွဲေနရာကေန ကုတင္ကိုမွီၿပီး ထထိုင္လိုက္သည္။
"အဖ်ားေငြ့ ေနြးေနြးေလးရိွတယ္အေမ အခုအစာစားၿပီးတာနဲ႔ ေဆးတိုက္မွာ"
"ေအးေအး ေသခ်ာဂရုစိုက္.....မွဴးေလး ေနရတာဘယ္လိုေနလဲ"
"မွဴး အဆင္ေျပပါတယ္အေမ ေခါင္းလဲနည္းနည္းကိုက္ေနရံုပါပဲ"
"အဲ့ဒါဆို ဆန္ျပဳတ္ေလးေသာက္ၿပီး ေဆးေသာက္ၿပီးရင္ အိပ္ေနလိုက္ စားခ်င္တာရိွရင္လဲအေမ့ကိုေျပာ"
"ဟုတ္ အေမ"
"အေမၾကားၿပီးပါၿပီ မွဴးေလးက ဘုန္းျမတ္ကို အိပ္မက္မက္လို႔ဆို....အဲ့ကိစၥကို သမီးစိတ္မပူနဲ႔ ဒီေကာင္အျပင္မွာသာ အဲ့လိုလုပ္လို႔ကေတာ့ အေမကိုယ္တိုင္ သတ္ပစ္မယ္"
အကို႔ကို လက္ၫွိုးထိုးၿပီး က်ိမ္းဝါးေနေသာ အေမ့ကိုၾကည့္ၿပီး မွဴးမွာ အခုမွ ၿပံဳးရယ္ႏိုင္ေတာ့သည္။
"အေမတို႔ကလဲ သားကိုပဲဝိုင္းေျပာေနၾကတယ္"
"နင္သာ အခ်ိဳးေျပေအာင္ေန "
"မွဴးေလး ကိုယ္ဆန္ျပဳတ္ခြံ႔တိုက္မယ္ေနာ္"
အကိုက တစ္ဇြန္းခ်င္းစီ ေအးေအာင္ မႈတ္ၿပီးတိုက္ေသာဆန္ျပဳတ္က မွဴးအတြက္ နတ္သဒၶါလိုပင္။တစ္ဇြန္းၿပီးတစ္ဇြန္းေသာက္ေနတာ တစ္ပန္းကန္လံုးကုန္သြားရသည္။ၿပီးတာနဲ႔ အကိုကိုယ္တိုင္စပ္ေပးထားေသာ ေဆးကိုေသာက္လိုက္ၿပီး အကိုလက္ေမာင္းက္ိုေခါင္းအံုးကာ ေလာကႀကီးက ရိွသမ်ွအေၾကာင္းေတြအကုန္ေမ့ကာ ေမွးစက္အနားယူလိုက္သည္။
မွဴးဘ၀မွာ အကို႔သာရိွေနရင္ တျခားဘာမွထပ္မလိုေတာ့သလို႔ အကို႔အတြက္ မွဴးပိုင္ဆိုင္သမ်ွ အရာအားလံုးနဲ႔ လဲယူရမယ္ဆိုရင္ေတာင္ မွဴးေက်ေက်နပ္နပ္နဲ႔ လက္ခံမည္ ထင္ပါရဲ့............။
Advertisement
- In Serial421 Chapters
Gael's Naughty Angel: A Mafia Prince Romance
What are the odds that Gael would find himself as the Hero of a dark romance novel?After stumbling upon the book that he probably wouldn't have found if not because of his sister, Gael read the entire...
8 1009 - In Serial29 Chapters
The Preston Playboys
I think that sometimes the universe likes to play sick jokes on people.Like sometimes you drop the ice cream you've been craving on the floor before you're able to get a bite or you crack the screen of your brand new cell phone. Or sometimes you get the first detention of your life on the same day your middle school bully comes back from a delinquent school and get locked in the library with him and his brothers (who you haven't talked to since the 8th grade.) Yep. The universe just loved playing sick jokes on Thea Caruso.~~~Thea Caruso had spent her entire childhood with her 2 best friends Kevin & Devin Preston but like every young friendship it slowly got to the point where they wouldn't even acknowledge each other in school.She didn't hold anything against them. It's just how things go.Strangers to Friends to Best Friends to Strangers.There is one Preston that she does have ill feelings for. Marc Preston. The troublesome younger triplet that had always made Thea's life a living hell and he's back and ready to start his reign of terror. There's only one problem...Thea Caruso isn't the same girl he picked on in 8th grade. She isn't scared to bite back now.{ Book 4 of The Preston Series }
8 224 - In Serial20 Chapters
The Vampire's Pastry Chef (ONC 2022)
|| CO-WINNER THE AMBYS 2022 VAMPIRES CATEGORY || When single mother and baker Autumn Milford is hired to cater a high-end party in the Berkshires, she discovers the "special ingredient" she is required to use isn't just the quirk of an eccentric millionaire ...------------Autumn Milford has been determined to rely on no one but herself after her parents kicked her out at seventeen. With the money she's due to earn from catering a high-end party in the Berkshires, she'll finally have enough to open up her own storefront bakery. But her employer is not just another eccentric millionaire and his guests aren't your average denizens of high society. Autumn is about to discover that creatures of the night are real ... and they're eating her cinnamon rolls.Corbin Westbrook would rather cut off his own head than host the once-a-decade gathering of the New England Knowing. There have been sightings of a Fallen in the area and it is Corbin's duty to ensure that the creature is disposed of. But to decline such an "honor" is ill-advised. Left with no choice but to throw the party, Corbin stays as far away from the event planning as possible ... until he meets the baker.Hold onto your cinnamon rolls, it's going to be a sweet ride!------------ONC 2022 Prompt20. You manage a catering company. The latest request has a few ... interesting menu items.[Status: Complete][Word Count: 28,000][Content warning: PG-13 for mild swearing, violence, sensuality, and fade-to-black intimacy.][ [ Highest rankings ] ][#1 in Baking 2/26/22][#1 in Singleparent 4/1/22][#1 in Paranormalromance 4/14/22][#8 in Paranormal 4/11/22][#10 in ONC2022 4/14/22][#11 in Supernatural 5/3/22][#16 in Vampireromance 4/20/22][#20 in Romance 4/11/22]Cover by @chessaandersen
8 83 - In Serial6 Chapters
YOUR MY LAST (GAYXGIRL)
ATTENTIONNNNNN!!!!! MAYBE YOUR NOT MY FIRST! BUT YOUR MY LAST FOREVERRRRR!!!!""LEFT RIGTH! LEFT! LEFT RIGTH LEFTT!! RIGTH ! LEFTTT!!!! AHHH PINAPANA AKO NG MGA PUSOOO!!!!
8 146 - In Serial37 Chapters
Suga's Jealousy (Imagine)
Even you didn't know how jealous Yoongi can get...
8 165 - In Serial55 Chapters
Khalifa
✵ featured ~❝Once upon a time in Baghdad, a street girl teaches the Khalifa of the kingdom why a king needs a queen.❞✵Started: June 5, 2021. Completed: March 30, 2022. ✵featured on wattpad historical fiction, undiscovered, and dangerous love profiles.Highest ranking #1 in historical fiction.
8 206

