《ကံကြမ္မာစေရာ [OC] (Completed)》Ep_26
Advertisement
Uni
"အကို.... ခွဲစိတ်ခန်းထဲ၀င်သွားတာ 4နာရီတောင်ရှိနေပြီ အဆင်ရောပြေရဲ့လားမသိဘူး"
"ပြေမှာပါ မှူးရဲ့ ဒီလိုခွဲစိတ်မှုတွေက အခုလိုအချိန်ကြာတာ ပုံမှန်ပါပဲ"
"အဲ့ဒါကြောင့် အကိုအမြဲတမ်း အိမ်ပြန်နောက်ကျတာလား...."
မှူးစကားကြောင့် ခဏတာဆွံ့အ မိသွားသည်။
အလုပ်ကိုအာရုံစိုက်နေလျှင် ထမင်းမေ့ဟင်းမေ့ဖြစ်တတ်တဲ့သူ့အတွက်က အချိန်ကုန်လို့ကုန်မှန်းမသိပေမဲ့ အိမ်မှာဘုန်းမြတ်ပြန်အလာကို အမြဲတမျှော်မျှော်စောင့်နေသော မှူးအတွက်တော့ ဘယ်လောက်ထိ နေ့တိုင်း ဘယ်လောက်အချိန်ကြာကြာစောင့်ခဲ့ရလဲဆိုတာ မှူးရဲ့မျက်လုံးများကတစ်ဆင့်မြင်တွေ့လိုက်ရသည်။
"အင်း...ကိုယ်တောင်းပန်ပါတယ် ဆေးရုံ ဆေးခန်းတွေမှာပဲအချိန်ကုန်ပြီး.....မှူးအတွက်အချိန်အများကြီး မပေးနိုင်ခဲ့လို့"
အကို့ရဲ့စကားကို ပြန်မပြောခင်အတွင်းမှာပဲ ခွဲစိတ်ခန်းတံခါးဖွင့်လာတာကြောင့် နှစ်ယောက်လုံးပြိုင်တူထပြီး ဆရာ၀န်ဆီသွားလိုက်ကြသည်။
"ခွဲစိတ်မှုအခြေအနေ ဘယ်လိုလဲဆရာ"
"ခွဲစိတ်မှုက အောင်မြင်ပါတယ်....စ်ိုးရိမ်ရတဲ့အခြေအနေကိုတော့ကျော်လွန်သွားပါပြီ....ကျန်တာကိုတော့ လူနာသတိရလာမှ အသေးစိတ်ပြောပြလို့ရပါမယ်.....အဓိကက အချိန်မှီရောက်လာတာကံကောင်းသွားတာပါ...ဒီထက်နည်းနည်းလေးနောက်ကျရင် အသက်မှီမှာတောင်မဟုတ်ဘူး"
"ဟုတ် ဆရာတို့လဲပင်ပန်းသွားပါပြီ ကျေးဇူးတင်ပါတယ်ဆရာ"
မှူးရော အကိုရော အခုမှ စိတ်အေးပြီး သက်ပြင်းချနိုင်တော့သည်။နှစ်ယောက်လုံး ရေတစ်ငုံတောင်မသောက်ပဲ အချိန်အကြာကြီးစောင့်နေခဲ့သည်မှာ ညနေပင်စောင်းတော့မည်ဖြစ်သည်။အကို့ကိုကြည့်ပြီး လူတစ်ယောက်ရဲ့အသက်ကိုကယ်ခွင့်ရတယ်ဆိုတာ ဒီလိုခံစားမှုမျိုးပါလားဆိုပြီးတွေးရင်း ပြုံးမိလိုက်သည်။
"အကို.....ခုနက အကိုကဘာလို့တောင်းပန်တာလဲ....အကိုဒီလောက်ထိ မှူးအတွက်အချိန်တွေအများကြီးပေးနေတာကို ပြီးတော့ အကိုကမကောင်းမှုဒုစရိုက်တွေလုပ်နေတာလဲမဟုတ်ဘူး လူတွေအများကြီးရဲ့အသက်တွေကိုကယ်နေရတာကို........မှူးအကို့ကိုသဘောကျရတဲ့အကြောင်းအရင်းတွေထဲမှာ အကိုကဆရာ၀န်တစ်ယောက်ဖြစ်နေလို့ဆိုတဲ့ အချက်လဲပါတယ်
နောက်ဆိုအဲ့လိုမျိုးမပြောပါနဲ့"
ခနကပြတ်သွားတဲ့စကားစကို မှူးကပြန်စပြီးပြောလာတာကြောင့် ဘုန်းမြတ်ရဲ့အကြည့်တွေကမှူးဆီမှာ။စကားတတ်လွန်းသော ကလေးမကြောင့် တည်ငြိမ်နေသော နှလုံးသားက တဖန်ပြန်ခုန်ရပြန်သည်။သူ့ထက်အရပ်ရှည်သော ဘုန်းမြတ်ကို မော့ကြည့်ပြီးပြောနေပုံက အူယားစရာလေးဖြစ်နေသည်။
"ကိုယ့်မှူးလေးက ရုပ်လေးလဲလှ စိတ်ထားလေးကလဲကောင်းလိုက်တာ....အဲ့ဒါကြောင့်ကိုယ်ကလဲ မှူးကိုချစ်နေရတာ.....ဒါနဲ့ မှူး..... ကိုယ့်ကို စိတ်ဆိုးပြေပြီလား"
ပွဲလန့်တုန်းဖျာခင်းဆိုသလို အခွင့်အရေးရတုန်း ၀င်ပြီးမေးရသေးသည်။
"........."
မှူးဘက်က ဘာအဖြေမှပြန်မလာ။
"မှူး....ကိုယ့်ကိုပြန်ဖြေဦးလေ"
"မှူးက အကို့ကိုစိတ်မဆိုးပါဘူး...စိတ်မကောင်းဖြစ်သွားတာ.....အကိုက မှူးကိုမယုံသလိုမျိုးဖြစ်သွားတာကို"
"ကိုယ်က မှူးကို မယုံတာမဟုတ်ပါဘူး......အဲ့နေ့က ကိုယ်မှူးကိုကြည့်ရင်း အသဲယားလာလို့ စိတ်မထိန်းနိုင်ဖြစ်သွားတာပါ"
မှူးက နှုတ်ခမ်းဆူပြီး မျက်လုံးကိုမှေးပြီး စိုက်ကြည့်နေတော့ ဒီကကောင်ကြီးက ပါးကိုဆွဲညှစ်ပြစ်ချင်စိတ်တွေ တဖွားဖွားပေါ်လာရပြန်သည်။ဒါပေမဲ့သွားမလုပ်ရဲ....။
"ပြီးရောလေ...ဒီတစ်ခါတော့ခွင့်လွှတ်ပေးလိုက်မယ်"
ဘုန်းမြတ်မှာ ပျော်လွန်းလို့ မှူးကို ဆွဲဖက်လိုက်သည်။
"အကို....ဒါဆေးရုံနော် အနေအထိုင်ဆင်ခြင်"
မှူးမှာ အကဲပိုလွန်းသော ဆရာ၀န်ကြီးရဲ့ဗိုက်ခေါက်ကိုဆွဲလိမ်ပြီး တွန်းထုတ်လိုက်သည်။
"အ!အပျော်လွန်သွားလို့ပါ မှူးရဲ့ "
အခုကျတော့လဲ ပြုံးဖြီးနေလိုက်တာများ မနက်က လူနာကိုစိုးရိမ်ပြီး ရုပ်တည်ကြီးဖြစ်နေတဲ့သူက သူမဟုတ်တဲ့အတိုင်း။မနက်တုန်းက အကို့မျက်နှာကိုပြန်စဥ်းစားမိရင် အခုထိကြက်သီးထမိတုန်း။
တည်တည်ငြိမ်ငြိမ်နဲ့ လူနာကိုစမ်းသပ်နေတဲ့ပုံက တကယ်ကို၀ါရင့်ဆရာ၀န်ကြီးတစ်ယောက်ကဲ့သို့ပင်။အလုပ်အပေါ်အာရုံစူးစိုက်နေလျှင် ဆွဲဆောင်မှုအရှိဆုံးဖြစ်သော အကိုကြောင့် အကိုနဲ့အတူအလုပ်တွဲလုပ်နေသော သူနာပြုနဲ့ ဆရာ၀န်မလေးတွေကို မှူး မနာလိုဖြစ်မိသည်။
"မှူး ဟိုကောင်လေးကစိတ်ချပြီဆိုတော့ ကိုယ်တို့အဲ့ကောင်လေးရဲ့မိဘတွေကို သွားပြောရဦးမယ်
ပြီးတော့ ကိုယ်တို့အ၀တ်အစားတွေလဲ လဲရဦးမယ်"
"အင်း အဲ့ဒါဆို သွားကြမယ်လေ"
ဆေးကောင်တာမှာ အခန်းယူ လိုအပ်တဲ့ဆေးတွေ၀ယ်ပြီးတာနဲ့ မှူးလက်ကိုဆွဲပြီး ဆေးရုံထဲကထွက်လာခဲ့သည်။
"ဟင်!အကို ကားနောက်ခန်းက သွေးတွေလဲဆေးချရဦးမယ်"
ကားပေါ်တက်လိုက်တာနဲ့ တန်းရလိုက်သော သွေးညှီနံ့ကြောင့် မြမှူးခေါင်းပါမူးချင်သွားသည်။
"ဟုတ်သားပဲ....အဲ့ဒါဆို ကိုယ်တို့ ကားလဲ၀င်ဆေးကြတာပေါ့"
"အကို အဲကွန်းမဖွင့်နဲ့ တံခါးဖွင့်စီးကြမယ် မှူးလေညင်းခံချင်လို့"
"ဟုတ်ပါပြီဗျာ"
တစ်နေ့ကုန် စိတ်ထဲမွန်းကြပ်နေသမျှ အခုမှ ပေါ့ပါးသွားသယောင်ရှိသည်။ညနေဆည်းဆာ နေ၀င်ချိန်က လှပလွန်းသောကြောင့် မှူး အလိုလိုပြုံးမိသွားသည်။အကိုက ကားမောင်းနေရင်း ရေဒီယိုလှမ်းဖွင့်လိုက်ကာ တိုက်ဆိုင်မှုလို့ပဲဆိုရမလားမသိ ထိုစဥ် FMမှ တိုက်ရိုက်လွှင့်နေသောသီချင်းက ဆောင်းဦးလှိုင်ရဲ့ လူမသိသူမသိဆိုတဲ့သီချင်း။ထိုသီချင်းသံကြားမှ မှူးအကို့ကိုကြည့်ရင်း ခိုးရယ်မိသွားသည်။အကို့ကို တိတ်တခိုးချစ်ခဲ့ရတဲ့ အချိန်တုန်းက တစ်နေကုန် repeatလုပ်ပြီး အထပ်ထပ်အခါခါ နားထောင်ခဲ့ရတဲ့သီချင်း။အကို့မျက်နှာတစ်ခုလုံးကို အနီးကပ်မြင်တွေ့ခဲ့စဥ်အချိန်တုန်းကလဲ ထိုသီချင်းနားထောင်နေခဲ့တာ
ဖြစ်သည်။ဒီသီချင်းထဲကအတိုင်းပဲ ကံကြမ္မာကအလွန်ထူးခြားဆန်းကြယ်လိုက်တာလို့ တွေးနေမိသည်။ဘယ်သူကထင်ထားမှာတဲ့လဲ အကိုနဲ့တစ်နေ့ဒီလိုပေါင်းဖက်နိုင်ရလိမ့်မယ်လို့.......။
ရေဒီယိုထဲမှ လွင့်ပျံနေသော သီချင်းကိုကားမောင်းနေရင်း သေချာနားထောင်နေမိသည်။သီချင်းရဲ့ အဓိပ္ပာယ်က တစ်စုံတစ်ယောက်ကို လူမသိသူမသိ ခိုးချစ်နေရတဲ့အကြောင်း။သီချင်းက ကိုယ့်ခံစားချက်နဲ့မတိုင်ဆိုင်ပေမဲ့ ခပ်အေးအေးသံစဥ်က နေ၀င်ဆည်းဆာအချိန်နဲ့ လိုက်ဖက်နေသည်။ဒီလိုညနေစောင်းဘက် ချစ်ရတဲ့သူကို ဘေးမှာထားပြီးကားမောင်းရတာ ကြည်နူးဖ်ို့ကောင်းမှန်းအခုမှသိသည်။ မှူးလေးကို တစ်ချက်ငဲ့ကြည့်လိုက်တော့ ကလေးမက ဒီသီချင်းကိုသိပုံရသည်။နှုတ်ခမ်းလေးလှုပ်ရုံလောက် လိုက်ဆိုနေပြီး နေ၀င်ချိန်ကိုကြည့်ပြီး လွတ်လပ်မှုရဲ့အရသာကို အပြည့်အ၀ခံစားနေသည်။
"မှူးလေး"
"ရှင်"
"မှူး ဗိုက်မဆာဘူးလား"
"ဟာ..ဟုတ်သားပဲ ဗိုက်ဆာဖို့တောင်မေ့နေတယ်...မနက်ကထဲကအခုထိ ဘာမှမစားရသေးဘူး"
"ကိုယ်ထင်သားပဲ မှူးအခုထိ ဘာမှမစားရသေးဘူးဆိုတာ မနက်စားတော့ပုံမှန်စားပါမှူးရယ်......မနက်စာကိုအမြဲဂရုစိုက်ပြီးမစားရင်ကျန်းမာရေးထိခိုက်လိမ့်မယ်"
"ကျန်းမာရေးထိခိုက်တော့လဲ ဘာဖြစ်လဲ မှူးမှာ အားကိုးရတဲ့ ဆရာ၀န်ကြီးတစ်ယောက်လုံးရှိနေတာကို"
ဆက်ပြောနေလဲ ထူးတော့မည်မဟုတ်တာကြောင့် ဘုန်းမြတ်ရီပြီသာ ခေါင်းခါလိုက်သည်။
××××××
မနက်ကကောင်လေး ကားတိုက်ခံရတဲ့နေရာ၀န်းကျင်မှာ ကောင်လေးအကြောင်းစုံစမ်းကြည့်လိုက်တော့ သူ့မိဘတွေက ဧရာ၀တီဘက်မှာ ပန်းရံနေ့စားအလုပ်သွားလုပ်နေတာလို့ သိလိုက်ရသည်။ဆွေမျိုးရင်းချာလဲ မရှိသဖြင့် ပတ်၀န်းကျင် လူတစ်ချို့ကိုအကူအညီတောင်းပြီး သူ့မိဘတွေဆီဆက်သွယ်ခိုင်းလိုက်သည်။ပြီးတော့ ဆေးရုံလိပ်စာပါပေးခဲ့ပြီး လက်တေလာအခြေအနေကိုရှင်းပြခဲ့လိုက်သည်။ဖုန်းအဆက်အသွယ်ရတော့ ကောင်လေးမိဘတွေက သူ့ကလေးအတွက်၀မ်းနည်းနေကြပေမဲ့ ဘုန်းမြတ်တို့ကိုကျေးဇူးတင်စကားတဖွဖွပြောနေသေးသည်။ကလေးကိုစိတ်မပူဖို့နဲ့ ဒီတစ်ည ဘုန်းမြတ်တို့လင်မယားဆေးရုံစောင့်ပေးပါမယ်လို့ ပြောတော့ ကျေးဇူးတွေတင်လွန်းလို့ မျက်ရည်ပါကျနေကြတဲ့အထိ ဖြစ်နေကြသည်။ကိစ္စတွေအားလုံးပြီးတော့ ပြန်မယ်လုပ်တော့ ထိုပတ်၀န်းကျင်ကလူတွေကလဲ ကျေးဇူးတွေအခါခါတင်နေကြ၍ ဘုန်းမြတ်တို့နှစ်ယောက်လုံး မနေတက်မထိုင်တက်တောင် ဖြစ်နေရသည်။
"အကို အခုဘယ်သွားမှာလဲ"
"အခုက....အ၀တ်အစား၀ယ်ဖို့ရယ်.....ကားရေဆေးဖို့ရယ်......ညစာစားဖို့ရယ်သွားမှာ"
Advertisement
"ရှည်ရှည်ေ၀းေ၀းတွေ သွားမနေနဲ့နော်....ဆေးရုံကိုပြန်သွားရဦးမှာ"
"အင်းပါ....နီးနီးနားနားပဲသွားမှာ"
အရင်ဆုံး ကားရေဆေးတဲ့ဆိုင်ထဲ ကား၀င်ထိုးလိုက်သည်။
"ညီလေး ကားအတွင်းရော အပြင်ရော ဆေးမယ်"
အကိုက ကားသော့ လှမ်းပေးပြီး ကားထဲက ပစ္စည်းအချို့ကိုထုတ်နေသည်။မြမှူးကတော့ မျက်လုံးလေးကလယ်ကယ်နဲ့ ဟိုကြည့်ဒီကြည့်လုပ်နေသည်။
"မှူး.. အင်္ကျီ၀ယ်ဖို့ သွားကြမယ်..ပြီးတော မုန့်လဲသွားစားကြမယ်....ဒီဆိုင်က ကိုယ်ကားရေဆေးနေကြဆိုင်လေ...ဒီနားမှာ စျေးအကြီးကြီးတစ်ခုရှိတယ် အဲ့ကိုသွားကြမယ်...ကားရေဆေးတာက ကြာဦးမှာ"
"အင်း သွားကြမယ်"
မှူးကတော့ အစားဆိုတာနဲ့ တက်ကြွပြီးသား။အကို့လက်ကိုတွဲပြီး စျေးရှိရာကို ဦးတည်ကြတော့သည်။လမ်းမှာတွေ့တဲ့လူတွေကတော့ တစ်ယောက်နဲ့တစ်ယောက်မျက်စပစ်ပြီး မှူးတို့အတွဲကိုကြည့်နေလေသည်။သူတို့မျက်လုံးထဲမှာတော့ ထူးဆန်းနေမှာပေါ့ ခပ်ချောချော ကောင်လေးနဲ့ကောင်မလေးအတွဲက အင်္ကျီမှာသွေးကွက်တွေဗရပွနဲ့ လက်တွဲပြီးလျှောက်သွားနေတာကိုး။လူတွေရဲ့အကြည့်ကြောင့် မှူးနေရခက်လာတာကြောင့် အကို့ကိုမော့ကြည့်လိုက်တော့ အကိုကအေးအေးဆေးဆေးပင်။မှူးလဲ အကို့အားကိုးနဲ့ ဘယ်သူ့မှ ဂရုမစိုက်ဘူးဆိုတဲ့ပုံစံနဲ့ မျက်ကိုမော့ပြီး ခပ်တည်တည်နဲ့ဆက်လျှောက်နေလိုက်သည်။
အကိုက စျေးထိပ်က တွေ့တွေ့ချင်း အထည်ဆိုင်ထဲကို ၀င်လိုက်သည်။ဆိုင်ရှင် အဒေါ်ကြီးနဲ့ ကောင်မလေးတစ်ယောက်က မျက်လုံးပြူးပြီးကြည့်နေတာကြောင့် မှူးလန့်တောင်လန့်သွားမိသည်။မသိရင် တရားခံတစ်ယောက်ကို ကြည့်နေသည့်ပုံစံ။
"အဲ့လိုမကြည့်ကြပါနဲ့ဗျာ...ကျွန်တော်တို့က ဆရာ၀န်တွေပါ လမ်းမှာ ကားအက်စီးဒင့် တစ်ခုကို၀င်ကူညီလာလို့ အခုလိုပုံဖြစ်နေရတာပါ"
အကိုက သဘောပေါက်ပုံရသည် ရီပြီးပြောပြလိုက်မှ မှူးမှာ စိတ်အေးရတော့သည်။
"သြော် တစ်မျိုးမထင်ပါနဲ့ကွယ် ရုတ်တရက်ဆိုတော့ အန်တီတို့လဲ လန့်သွားလို့ပါ....အေးကွယ် ကြိုက်တာကို အေးဆေးရွေးကြနော် အားမနာနဲ့"
"ဟုတ်ကဲ့ ကျေးဇူးပါခဗျ"
အကိုကတော့ ရောက်တာနဲ့ ဂါ၀န်တွေ သီးသန့်ထားထားဘက်အခြမ်းကိုတန်းသွားတော့သည်။
"မှူး ဒါလေးဆို မှူးနဲ့လိုက်မယ်ထင်တယ်"
အကိုကိုင်လိုက်တဲ့ အင်္ကျီကိုကြည့်လိုက်တော့ ချည်ဇာဂါ၀န်အဖြူလေး။
"တကယ်လား အဲ့ဒါဆို မှူးဒါလေး၀တ်ကြည့်လိုက်မယ်"
"အင်း"
အ၀တ်လဲခန်းထဲကနေ ဂါ၀န်အဖြူလေးနဲ့ ထွက်လာတဲ့ ကလေးမကြောင့် အသက်ရှုပင်မှားသွားရသည်။တကယ်ကို လှရက်လွန်းပါသည်။လှတယ်ဆိုတာထက် ပိုတဲ့စကားရှိရင်တောင်ပြောလိုက်ချင်ပါသေးသည်။
"အကို.....ဘယ်လိုလဲ လိုက်ရဲ့လား"
"အကို....မှူးမေးနေတယ်လေ...လှလားလို့"
"ဟင်....အင်း....လှတယ် အဲ့ဒါလေးယူလိုက်"
ခဏတာ လောကကြီးနဲ့ အဆက်ပြတ်သွားသည်အထိ လှရက်နိုင်လွန်းသည်။
"အာ့ဆို....ဒီတစ်ခါ အကို၀တ်ဖို့ မှူးရွေးပေးမယ်"
အကိုက လူငယ်ဆန်ဆန်တွေမ၀တ်တတ်တာကြောင့် အကို့၀တ်နေကျ ဒီဇိုင်းပဲရွေးချယ်ပေးလိုက်သည်။
"အကိုက မီးခိုးရောင်နဲ့လိုက်တယ် ဒါလေး၀တ်ကြည့်လိုက်"
အ၀တ်လဲပြီးတာနဲ့ အင်္ကျီလက်ကိုခေါက်တင်ရင်း အ၀တ်လဲခန်းထဲကထွက်လာပုံက တကယ့်ကိုယောကျာ်းပီသလွန်းပါသည်။အသားကဖြူနေတာကြောင့် ခဲရောင်၀တ်လိုက်တော့ မျက်နှာကကြည်ပြီး သန့်ပြန့်နေသည်။အ၀တ်ဆိုင်ထဲက တခြားမိန်းကလေးတွေကပါ အကို့ကိုငေးကြည့်နေသည်မို့ မှူးအကို့လက်ကိုသွားဆွဲတော့သည်။
"အကိုလဲ ဒါပဲယူလိုက်တော့....ပြီးရင်မုန့်သွားစားကြမယ် မှူးဗိုက်ဆာနေပြီ"
"ဟုတ်ပါပြီဗျာ ကိုယ်ပိုက်ဆံရှင်းလိုက်ဦးမယ် ခဏစောင့်"
အ၀တ်ဆိုင်ထဲကထွက်လာတာနဲ့ လက်ချင်းတွဲပြီးစျေးထဲလျှောက်တော့သည်။ကလေးမကတော့ ဘယ်လောက်တောင် ဗိုက်ဆာနေလဲမသိ မြင်သမျှ မုန့်သည်ကိုလက်ညှိုးထိုးပြီး ၀ယ်ကျွေးခိုင်းတော့သည်။စျေးကတစ်၀က်ပင် မကျိုးသေး လမ်းတစ်၀က်မှာပင် စားစရာအစုံပါးစပ်ထဲရောက်နေပြီ။အာပူလျှာပူကနေ စလိုက်တာက ဟော့ဒေါ့ အာတာပူစီ ရေဘ၀ဲလုံးကြော် မုန့်လက်ဆောင်းအထိ ဗိုက်ထဲရောက်နေပြီဖြစ်သည်။အခုတောင် လမ်းလျောက်နေရင်း ဘာထပ်စားရင်ကောင်းမလဲ ဆိုပြီးပြောနေသေးသည်။
"ဟယ်! လှလိုက်တာ"
မျက်လုံးများ ၀ိုင်းစက်သွားသည်အထိ အရောင်တွေလက်ကာ မှူးလေးကြည့်နေသည်က ပန်းဆိုင်တစ်ဆိုင်။လမ်းဘေးမှာ ရေဗုံးတွေထဲ ထည့်ရောင်းတဲ့ပန်းဆိုင်ဆိုပေမဲ့ ပန်းတွေစီထားတာက အရောင်အသွေးစုံလင်ပြီး ပန်းပေါင်းစုံချုံကြီးကဲ့သို့ဖြစ်နေသည်။မှူးလေးကတော့ ထုံးစံအတိုင်း ပန်းတွေအများကြီးကထဲကမှ အကြည့်တွေက
ဂန္ဓာမာပန်အဖြူ သေးသေးတွေ ဆီမှာပင်။
ဂါ၀န်အဖြူ၀ဲ၀ဲလေးနဲ့ ထိုပန်းတွေအရှေ့မှာ ရပ်လိုက်တော့ ပန်းတွေထဲက ပန်းတစ်ပွင့်လို အထင်မှားစရာ။
"မှူး ဓာတ်ပုံရိုက်ချင်လား ကိုယ်ရိုက်ပေးမယ်လေ"
"အင်း..လှလှလေးရိုက်ပေး"
အကိုက ဆိုင်ရှင်အန်တီဆီမှာ ခွင့်တောင်းပြီးမှ မှူးကို ဓာတ်ပုံရိုက်ပေးဖို့ အကို့ဖုန်းကိုထုတ်လိုက်သည်။
"မှူး ပန်းတစ်စည်းလောက် လက်ကကိုင်လိုက်"
"အကိုကလဲ သူများဟာကို ၀ယ်လဲမ၀ယ်ပဲနဲ့ ကိုင်လို့ကောင်းပါ့မလား"
"ဘာလို့မကောင်းရမှာလဲ ကိုယ်၀ယ်ပေးမယ်
ကြိုက်သလောက်ယူလိုက်"
မှူးကတော့အကို့ အားကိုးနဲ့ အလှဆုံးလို့ထင်တဲ့ ပန်းနှစ်စည်းလောက်ကိုလက်ကပွေ့ပြီးကိုင်လိုက်သည်။
ပန်းအဖြူတွေ တပွေ့တပိုက်ကိုင်ကာ ဂါ၀တ်ဖြူဖြူလေးနဲ့ချစ်ဖို့ကောင်းနေသောကလေးမကိုဓာတ်ပုံရိုက်ရမှာတောင်နှမြောမိသည်။ဖြစ်နိုင်ရင် အချိန်ကိုသာရပ်တန့်ပြီး တစိမ့်စိမ့်ထိုင်ကြည့်ချင်သည်။သူမကတော့ အပြစ်ကင်းစင်သောကလေးလေးတစ်ယောက်ကို အစွမ်းကုန်ရယ်မောနေပြီး ဘုန်းမြတ်ကလဲ ဖုန်းထဲကတဆင့်မြင်နေရသော ထိုပုံရိပ်ကြောင့် အလိုလိုလိုက်ရယ်မိသည်။စျေးသွားစျေးလာတွေတောင် သူတို့အတွဲကိုကြည့်ပြီး သဘောကျနေကြသည်။ဒါတင်မက ဆိုင်ရှင်အဒေါ်ကြီးကလဲ သမီး ဒီလိုနေ ဟိုလိုနေနဲ့ ဘေးနားကကြည့်ပြီး ပြောပေးနေသည်။ဘုန်းမြတ်အတွက်တော့ ဒီလို ကြည်နူးဖို့ကောင်းသော အခိုက်အတန့်ကို သေသည်အထိ အမှတ်ရနေတော့မှာကျိန်းသေသည်။
စိတ်ကြိုက် ဓာတ်ပုံတွေရိုက်ပြီးချိန်မှာကြောင့် ကလေးမက အပြေးတပိုင်းအနားကိုရောက်လာပြီး သူ့ပုံတွေလှမလှ လာကြည့်သေးသည်။
"ကားပေါ်ရောက်မှ အေးဆေးကြည့်တော့နော် မှူးလေး....ကိုယ်တို့မိုးမချုပ်ခင်ပြန်ရမှာ...အခုလျှောက်လည်ကြမယ်"
"အင်း...အဲ့ဒါဆိုနောက်မှကြည့်တော့မယ်
အန်တီ ကျေးဇူးတင်ပါတယ်နော်"
အရှေ့ကိုဆက်မသွားခင် ပန်းဆိုင်က အန်တီကြီးကို ကျေးဇူးတင်စကားကို ချစ်စဖွယ်လှမ်းပြောလိုက်သေးသည်။ဓာတ်ပုံရိုက်ပြီးတာနဲ့ ကလေးမက မနီးမေ၀းမှာရှိတဲ့ ရေခဲမုန့်ဆိုင်ထဲပြေး၀င်သွားတော့သည်။ဘုန်းမြတ်ကတော့ မှူးလေးရေခဲမုန့်၀ယ်နေတာကို အပြင်ကနေ စောင့်နေရင်း ခုနကရိုက်ထားသော ဓာတ်ပုံတွေကိုအထပ်ထပ်အခါခါပြန်ကြည့်မိနေသည်။တကယ့်ကို ချစ်ဖို့ကောင်းတဲ့ကလေးမပါဗျာ လို့စိတ်ထဲမှာအကြိမ်ကြိမ်ပြောမိမေသည်။
နောက်ဆုံးတော့ albumထဲ ခဏခဏ၀င်ကြည့်ရတာ အားမရတော့၍ ဖုန်းထဲမှာ wallpaperတင်ထားလိုက်တော့သည်။ဒါတင်မက facebook storyမှာပါ ကိုယ့်ရဲ့မှူးလေး❤️ဆိုပြီး တင်လိုက်သေးသည်။ဘ၀မှာပထမဆုံးအကြိမ်အဖြစ် မိန်းကလေးတစ်ယောက်ရဲ့ပုံကို facebookမှာတင်ဖူးခြင်းဖြစ်သည်။နွားအိုမြက်နုကြိုက်လို့လဲ ၀ိုင်းပြောပြော ကြီးမှ ၀က်သက်ပေါက်တယ်လို့ပဲပြောကြပြောကြ ကိုယ့်မိန်းမချောချောလေးကိုတော့ သူငယ်ချင်းကိုကြွားရဦးမည်........။
×××××××××××××××××××××××××××××××××××
အပိုင်းရှည်အောင် ရေးနေကြလို့ updateနောက်ကျသွားတာပါ🤧
မနေ့က gpထဲမှာ အဆင်ပြေမပြေ ဖြေပေးကြတဲ့သူတစ်ယောက်ချင်းစီတိုင်းကိုကျေးဇူးလဲတင်ပါတယ် ချစ်လဲချစ်ပါတယ်နော်😙❤️
Zawgyi
"အကို.... ခြဲစိတ္ခန္းထဲ၀င္သြားတာ 4နာရီေတာင္ရိွေနၿပီ အဆင္ေရာေျပရဲ့လားမသိဘူး"
Advertisement
"ေျပမွာပါ မွဴးရဲ့ ဒီလိုခြဲစိတ္မႈေတြက အခုလိုအခ်ိန္ၾကာတာ ပံုမွန္ပါပဲ"
"အဲ့ဒါေၾကာင့္ အကိုအၿမဲတမ္း အိမ္ျပန္ေနာက္က်တာလား...."
မွဴးစကားေၾကာင့္ ခဏတာဆြံ႔အ မိသြားသည္။
အလုပ္ကိုအာရံုစိုက္ေနလ်ွင္ ထမင္းေမ့ဟင္းေမ့ျဖစ္တတ္တဲ့သူ႔အတြက္က အခ်ိန္ကုန္လို႔ကုန္မွန္းမသိေပမဲ့ အိမ္မွာဘုန္းျမတ္ျပန္အလာကို အၿမဲတေမ်ွာ္ေမ်ွာ္ေစာင့္ေနေသာ မွဴးအတြက္ေတာ့ ဘယ္ေလာက္ထိ ေန့တိုင္း ဘယ္ေလာက္အခ်ိန္ၾကာၾကာေစာင့္ခဲ့ရလဲဆိုတာ မွဴးရဲ့မ်က္လံုးမ်ားကတစ္ဆင့္ျမင္ေတြ့လိုက္ရသည္။
"အင္း...ကိုယ္ေတာင္းပန္ပါတယ္ ေဆးရံု ေဆးခန္းေတြမွာပဲအခ်ိန္ကုန္ၿပီး.....မွဴးအတြက္အခ်ိန္အမ်ားႀကီး မေပးႏိုင္ခဲ့လို႔"
အကို႔ရဲ့စကားကို ျပန္မေျပာခင္အတြင္းမွာပဲ ခြဲစိတ္ခန္းတံခါးဖြင့္လာတာေၾကာင့္ ႏွစ္ေယာက္လံုးၿပိဳင္တူထၿပီး ဆရာ၀န္ဆီသြားလိုက္ၾကသည္။
"ခြဲစိတ္မႈအေျခအေန ဘယ္လိုလဲဆရာ"
"ခြဲစိတ္မႈက ေအာင္ျမင္ပါတယ္....စ္ိုးရိမ္ရတဲ့အေျခအေနကိုေတာ့ေက်ာ္လြန္သြားပါၿပီ....က်န္တာကိုေတာ့ လူနာသတိရလာမွ အေသးစိတ္ေျပာျပလို႔ရပါမယ္.....အဓိကက အခ်ိန္မွီေရာက္လာတာကံေကာင္းသြားတာပါ...ဒီထက္နည္းနည္းေလးေနာက္က်ရင္ အသက္မွီမွာေတာင္မဟုတ္ဘူး"
"ဟုတ္ ဆရာတို႔လဲပင္ပန္းသြားပါၿပီ ေက်းဇူးတင္ပါတယ္ဆရာ"
မွဴးေရာ အကိုေရာ အခုမွ စိတ္ေအးၿပီး သက္ျပင္းခ်ႏိုင္ေတာ့သည္။ႏွစ္ေယာက္လံုး ေရတစ္ငံုေတာင္မေသာက္ပဲ အခ်ိန္အၾကာႀကီးေစာင့္ေနခဲ့သည္မွာ ညေနပင္ေစာင္းေတာ့မည္ျဖစ္သည္။အကို႔ကိုၾကည့္ၿပီး လူတစ္ေယာက္ရဲ့အသက္ကိုကယ္ခြင့္ရတယ္ဆိုတာ ဒီလိုခံစားမႈမ်ိဳးပါလားဆိုၿပီးေတြးရင္း ၿပံဳးမိလိုက္သည္။
"အကို.....ခုနက အကိုကဘာလို႔ေတာင္းပန္တာလဲ....အကိုဒီေလာက္ထိ မွဴးအတြက္အခ်ိန္ေတြအမ်ားႀကီးေပးေနတာကို ၿပီးေတာ့ အကိုကမေကာင္းမႈဒုစရိုက္ေတြလုပ္ေနတာလဲမဟုတ္ဘူး လူေတြအမ်ားႀကီးရဲ့အသက္ေတြကိုကယ္ေနရတာကို........မွဴးအကို႔ကိုသေဘာက်ရတဲ့အေၾကာင္းအရင္းေတြထဲမွာ အကိုကဆရာ၀န္တစ္ေယာက္ျဖစ္ေနလို႔ဆိုတဲ့ အခ်က္လဲပါတယ္
ေနာက္ဆိုအဲ့လိုမ်ိဳးမေျပာပါနဲ႔"
ခနကျပတ္သြားတဲ့စကားစကို မွဴးကျပန္စၿပီးေျပာလာတာေၾကာင့္ ဘုန္းျမတ္ရဲ့အၾကည့္ေတြကမွဴးဆီမွာ။စကားတတ္လြန္းေသာ ကေလးမေၾကာင့္ တည္ၿငိမ္ေနေသာ ႏွလံုးသားက တဖန္ျပန္ခုန္ရျပန္သည္။သူ႔ထက္အရပ္ရွည္ေသာ ဘုန္းျမတ္ကို ေမာ့ၾကည့္ၿပီးေျပာေနပံုက အူယားစရာေလးျဖစ္ေနသည္။
"ကိုယ့္မွဴးေလးက ရုပ္ေလးလဲလွ စိတ္ထားေလးကလဲေကာင္းလိုက္တာ....အဲ့ဒါေၾကာင့္ကိုယ္ကလဲ မွဴးကိုခ်စ္ေနရတာ.....ဒါနဲ႔ မွဴး..... ကိုယ့္ကို စိတ္ဆိုးေျပၿပီလား"
ပြဲလန္႔တုန္းဖ်ာခင္းဆိုသလို အခြင့္အေရးရတုန္း ၀င္ၿပီးေမးရေသးသည္။
"........."
မွဴးဘက္က ဘာအေျဖမျွပန္မလာ။
"မွဴး....ကိုယ့္ကိုျပန္ေျဖၪီးေလ"
"မွဴးက အကို႔ကိုစိတ္မဆိုးပါဘူး...စိတ္မေကာင္းျဖစ္သြားတာ.....အကိုက မွဴးကိုမယံုသလိုမ်ိဳးျဖစ္သြားတာကို"
"ကိုယ္က မွဴးကို မယံုတာမဟုတ္ပါဘူး......အဲ့ေန့က ကိုယ္မွဴးကိုၾကည့္ရင္း အသဲယားလာလို႔ စိတ္မထိန္းႏိုင္ျဖစ္သြားတာပါ"
မွဴးက ႏႈတ္ခမ္းဆူၿပီး မ်က္လံုးကိုေမွးၿပီး စိုက္ၾကည့္ေနေတာ့ ဒီကေကာင္ႀကီးက ပါးကိုဆြဲၫွစ္ျပစ္ခ်င္စိတ္ေတြ တဖြားဖြားေပၚလာရျပန္သည္။ဒါေပမဲ့သြားမလုပ္ရဲ....။
"ၿပီးေရာေလ...ဒီတစ္ခါေတာ့ခြင့္လႊတ္ေပးလိုက္မယ္"
ဘုန္းျမတ္မွာ ေပ်ာ္လြန္းလို႔ မွဴးကို ဆြဲဖက္လိုက္သည္။
"အကို....ဒါေဆးရံုေနာ္ အေနအထိုင္ဆင္ျခင္"
မွဴးမွာ အကဲပိုလြန္းေသာ ဆရာ၀န္ႀကီးရဲ့ဗိုက္ေခါက္ကိုဆြဲလိမ္ၿပီး တြန္းထုတ္လိုက္သည္။
"အ!အေပ်ာ္လြန္သြားလို႔ပါ မွဴးရဲ့ "
အခုက်ေတာ့လဲ ၿပံဳးၿဖီးေနလိုက္တာမ်ား မနက္က လူနာကိုစိုးရိမ္ၿပီး ရုပ္တည္ႀကီးျဖစ္ေနတဲ့သူက သူမဟုတ္တဲ့အတိုင္း။မနက္တုန္းက အကို႔မ်က္ႏွာကိုျပန္စဥ္းစားမိရင္ အခုထိၾကက္သီးထမိတုန္း။
တည္တည္ၿငိမ္ၿငိမ္နဲ႔ လူနာကိုစမ္းသပ္ေနတဲ့ပံုက တကယ္ကိုဝါရင့္ဆရာ၀န္ႀကီးတစ္ေယာက္ကဲ့သို႔ပင္။အလုပ္အေပၚအာရံုစူးစိုက္ေနလ်ွင္ ဆြဲေဆာင္မႈအရိွဆံုးျဖစ္ေသာ အကိုေၾကာင့္ အကိုနဲ႔အတူအလုပ္တြဲလုပ္ေနေသာ သူနာျပဳနဲ႔ ဆရာ၀န္မေလးေတြကို မွဴး မနာလိုျဖစ္မိသည္။
"မွဴး ဟိုေကာင္ေလးကစိတ္ခ်ၿပီဆိုေတာ့ ကိုယ္တို႔အဲ့ေကာင္ေလးရဲ့မိဘေတြကို သြားေျပာရၪီးမယ္
ၿပီးေတာ့ ကိုယ္တို႔အ၀တ္အစားေတြလဲ လဲရၪီးမယ္"
"အင္း အဲ့ဒါဆို သြားၾကမယ္ေလ"
ေဆးေကာင္တာမွာ အခန္းယူ လိုအပ္တဲ့ေဆးေတြ၀ယ္ၿပီးတာနဲ႔ မွဴးလက္ကိုဆြဲၿပီး ေဆးရံုထဲကထြက္လာခဲ့သည္။
"ဟင္!အကို ကားေနာက္ခန္းက ေသြးေတြလဲေဆးခ်ရၪီးမယ္"
ကားေပၚတက္လိုက္တာနဲ႔ တန္းရလိုက္ေသာ ေသြးၫွီနံ႔ေၾကာင့္ ျမမွဴးေခါင္းပါမူးခ်င္သြားသည္။
"ဟုတ္သားပဲ....အဲ့ဒါဆို ကိုယ္တို႔ ကားလဲ၀င္ေဆးၾကတာေပါ့"
"အကို အဲကြန္းမဖြင့္နဲ႔ တံခါးဖြင့္စီးၾကမယ္ မွဴးေလညင္းခံခ်င္လို႔"
"ဟုတ္ပါၿပီဗ်ာ"
တစ္ေန့ကုန္ စိတ္ထဲမြန္းၾကပ္ေနသမ်ွ အခုမွ ေပါ့ပါးသြားသေယာင္ရိွသည္။ညေနဆည္းဆာ ေန၀င္ခ်ိန္က လွပလြန္းေသာေၾကာင့္ မွဴး အလိုလိုၿပံဳးမိသြားသည္။အကိုက ကားေမာင္းေနရင္း ေရဒီယိုလွမ္းဖြင့္လိုက္ကာ တိုက္ဆိုင္မႈလို႔ပဲဆိုရမလားမသိ ထိုစဥ္ FMမွ တိုက္ရိုက္လႊင့္ေနေသာသီခ်င္းက ေဆာင္းၪီးလိႈင္ရဲ့ လူမသိသူမသိဆိုတဲ့သီခ်င္း။ထိုသီခ်င္းသံၾကားမွ မွဴးအကို႔ကိုၾကည့္ရင္း ခိုးရယ္မိသြားသည္။အကို႔ကို တိတ္တခိုးခ်စ္ခဲ့ရတဲ့ အခ်ိန္တုန္းက တစ္ေနကုန္ repeatလုပ္ၿပီး အထပ္ထပ္အခါခါ နားေထာင္ခဲ့ရတဲ့သီခ်င္း။အကို႔မ်က္ႏွာတစ္ခုလံုးကို အနီးကပ္ျမင္ေတြ့ခဲ့စဥ္အခ်ိန္တုန္းကလဲ ထိုသီခ်င္းနားေထာင္ေနခဲ့တာ
ျဖစ္သည္။ဒီသီခ်င္းထဲကအတိုင္းပဲ ကံၾကမၼာကအလြန္ထူးျခားဆန္းၾကယ္လိုက္တာလို႔ ေတြးေနမိသည္။ဘယ္သူကထင္ထားမွာတဲ့လဲ အကိုနဲ႔တစ္ေန့ဒီလိုေပါင္းဖက္ႏိုင္ရလိမ့္မယ္လို႔.......။
ေရဒီယိုထဲမွ လြင့္ပ်ံေနေသာ သီခ်င္းကိုကားေမာင္းေနရင္း ေသခ်ာနားေထာင္ေနမိသည္။သီခ်င္းရဲ့ အဓိပၸာယ္က တစ္စံုတစ္ေယာက္ကို လူမသိသူမသိ ခိုးခ်စ္ေနရတဲ့အေၾကာင္း။သီခ်င္းက ကိုယ့္ခံစားခ်က္နဲ႔မတိုင္ဆိုင္ေပမဲ့ ခပ္ေအးေအးသံစဥ္က ေန၀င္ဆည္းဆာအခ်ိန္နဲ႔ လိုက္ဖက္ေနသည္။ဒီလိုညေနေစာင္းဘက္ ခ်စ္ရတဲ့သူကို ေဘးမွာထားၿပီးကားေမာင္းရတာ ၾကည္ႏူးဖ္ို႔ေကာင္းမွန္းအခုမွသိသည္။ မွဴးေလးကို တစ္ခ်က္ငဲ့ၾကည့္လိုက္ေတာ့ ကေလးမက ဒီသီခ်င္းကိုသိပံုရသည္။ႏႈတ္ခမ္းေလးလႈပ္ရံုေလာက္ လိုက္ဆိုေနၿပီး ေန၀င္ခ်ိန္ကိုၾကည့္ၿပီး လြတ္လပ္မႈရဲ့အရသာကို အျပည့္အ၀ခံစားေနသည္။
"မွဴးေလး"
"ရွင္"
"မွဴး ဗိုက္မဆာဘူးလား"
"ဟာ..ဟုတ္သားပဲ ဗိုက္ဆာဖို႔ေတာင္ေမ့ေနတယ္...မနက္ကထဲကအခုထိ ဘာမွမစားရေသးဘူး"
"ကိုယ္ထင္သားပဲ မွဴးအခုထိ ဘာမွမစားရေသးဘူးဆိုတာ မနက္စားေတာ့ပံုမွန္စားပါမွဴးရယ္......မနက္စာကိုအၿမဲဂရုစိုက္ၿပီးမစားရင္က်န္းမာေရးထိခိုက္လိမ့္မယ္"
"က်န္းမာေရးထိခိုက္ေတာ့လဲ ဘာျဖစ္လဲ မွဴးမွာ အားကိုးရတဲ့ ဆရာ၀န္ႀကီးတစ္ေယာက္လံုးရိွေနတာကို"
ဆက္ေျပာေနလဲ ထူးေတာ့မည္မဟုတ္တာေၾကာင့္ ဘုန္းျမတ္ရီၿပီသာ ေခါင္းခါလိုက္သည္။
××××××
မနက္ကေကာင္ေလး ကားတိုက္ခံရတဲ့ေနရာ၀န္းက်င္မွာ ေကာင္ေလးအေၾကာင္းစံုစမ္းၾကည့္လိုက္ေတာ့ သူ႔မိဘေတြက ဧရာ၀တီဘက္မွာ ပန္းရံေန့စားအလုပ္သြားလုပ္ေနတာလို႔ သိလိုက္ရသည္။ေဆြမ်ိဳးရင္းခ်ာလဲ မရိွသျဖင့္ ပတ္၀န္းက်င္ လူတစ္ခ်ိဳ႕ကိုအကူအညီေတာင္းၿပီး သူ႔မိဘေတြဆီဆက္သြယ္ခိုင္းလိုက္သည္။ၿပီးေတာ့ ေဆးရံုလိပ္စာပါေပးခဲ့ၿပီး လက္တေလာအေျခအေနကိုရွင္းျပခဲ့လိုက္သည္။ဖုန္းအဆက္အသြယ္ရေတာ့ ေကာင္ေလးမိဘေတြက သူ႔ကေလးအတြက္၀မ္းနည္းေနၾကေပမဲ့ ဘုန္းျမတ္တို႔ကိုေက်းဇူးတင္စကားတဖြဖြေျပာေနေသးသည္။ကေလးကိုစိတ္မပူဖို႔နဲ႔ ဒီတစ္ည ဘုန္းျမတ္တို႔လင္မယားေဆးရံုေစာင့္ေပးပါမယ္လို႔ ေျပာေတာ့ ေက်းဇူးေတြတင္လြန္းလို႔ မ်က္ရည္ပါက်ေနၾကတဲ့အထိ ျဖစ္ေနၾကသည္။ကိစၥေတြအားလံုးၿပီးေတာ့ ျပန္မယ္လုပ္ေတာ့ ထိုပတ္၀န္းက်င္ကလူေတြကလဲ ေက်းဇူးေတြအခါခါတင္ေနၾက၍ ဘုန္းျမတ္တို႔ႏွစ္ေယာက္လံုး မေနတက္မထိုင္တက္ေတာင္ ျဖစ္ေနရသည္။
"အကို အခုဘယ္သြားမွာလဲ"
"အခုက....အ၀တ္အစား၀ယ္ဖို႔ရယ္.....ကားေရေဆးဖို႔ရယ္......ညစာစားဖို႔ရယ္သြားမွာ"
"ရွည္ရွည္ေဝးေဝးေတြ သြားမေနနဲ႔ေနာ္....ေဆးရံုကိုျပန္သြားရၪီးမွာ"
"အင္းပါ....နီးနီးနားနားပဲသြားမွာ"
အရင္ဆံုး ကားေရေဆးတဲ့ဆိုင္ထဲ ကား၀င္ထိုးလိုက္သည္။
"ညီေလး ကားအတြင္းေရာ အျပင္ေရာ ေဆးမယ္"
အကိုက ကားေသာ့ လွမ္းေပးၿပီး ကားထဲက ပစၥည္းအခ်ိဳ႕ကိုထုတ္ေနသည္။ျမမွဴးကေတာ့ မ်က္လံုးေလးကလယ္ကယ္နဲ႔ ဟိုၾကည့္ဒီၾကၫ့္လုပ္ေနသည္။
"မွဴး.. အက်ႌ၀ယ္ဖို႔ သြားၾကမယ္..ၿပီးေတာ မုန္႔လဲသြားစားၾကမယ္....ဒီဆိုင္က ကိုယ္ကားေရေဆးေနၾကဆိုင္ေလ...ဒီနားမွာ ေစ်းအႀကီးႀကီးတစ္ခုရိွတယ္ အဲ့ကိုသြားၾကမယ္...ကားေရေဆးတာက ၾကာၪီးမွာ"
Advertisement
- In Serial11 Chapters
The End of Forever
When Eleanor Moreno and Ava Griffin are chosen to be the future wives of two vampire princes, they are each forced to fight their own demons in a world that isn’t as black and white as they had once thought.
8 583 - In Serial92 Chapters
Letters to Inmate 29901
Lillie's letters are Dimitri's lifeline in prison, but when he gets out and his violent past tries to pull him back in, he might have to let her go. *****Lillie Clarke had everything figured out, until she didn't. Nursing a broken heart, she starts writing to an incarcerated man. It's strictly platonic, but the letters from Dimitri make her feel things she hasn't felt in years: Appreciated. Interesting. Seen. When Dimitri gets out on parole, she agrees to see him, and things don't stay platonic for long. But getting out of prison is only the first step in Dimitri's second chance. His violent past keeps trying to pull him back in, and he'll do anything to keep Lillie safe. Even if that means staying away from her--or trying to.
8 153 - In Serial28 Chapters
Confession
Anonymous confessions,Read at your own risk...
8 182 - In Serial9 Chapters
Erind x Deen Alternate Reality Spin-Off of REND
Main Story: REND Due to popular demand of readers of REND, I'm writing a non-canon spin-off to pair Erind Hartwell, the main character, and Amber Deen Leska, (probably) the most popular side character of the story. I separated this from the main story because a romantic type of relationship between these two is not possible there. It'll be mostly light-hearted, slow progression of Erind and Deen's relationship, will mostly be fluffy interaction with maybe some adult scenes here and there.
8 215 - In Serial10 Chapters
The therapy appointment
A young doctor with a lot to achieve collides with a young athlete struggling with life while pretending to be a psychiatrist and the old memories they share , navigating through struggles of life
8 81 - In Serial43 Chapters
Boyfriend for Christmas
To fulfill a promise to her late father, Aubrey Lynn posts an ad to hire a fake boyfriend for Christmas. But when ex-marine Knox Mikelson shows up, with his arrogant attitude and clear dislike for her, she gets more than she bargained for.
8 87

