《ကံကြမ္မာစေရာ [OC] (Completed)》Ep_25
Advertisement
Uni
ဧည့်ခန်းထဲက ဆိုဖာပေါ်မှာထိုင်ကာ သတင်းစာဖတ်ရင်း မြမှူးထွက်အလာကို စောင့်ဆိုင်းနေသည်မှာ မနက်၉နာရီလောက်ကတည်းကဖြစ်သည်။အခု မနက်၁၀နာရီပင် ခွဲနေပြီ မှူးကအောက်ထပ်ကို အခုထိဆင်းမလာသေး။ကျောင်းပိတ်ရက်မို့ အခုထိမထသေးတာလဲ ဖြစ်နိုင်သလို ဘုန်းမြတ်ကို စိတ်ကောက်ပြီးလဲ ဆင်းမလာတာဖြစ်နိုင်သည်လို့ တွေးထင်မိနေသည်။အပေါ်ထပ်ကို တက်ပြီးနှိုးပြန်ရင်လဲ ဟိုတစ်ခါကိစ္စကိုအခဲမကြေတာနဲ့ပေါင်းပြီး ပိုဆိုးသွားမှ ဒုက္ခရောက်နေဦးမည်။တစ်ယောက်ထဲ ထိုင်မရ ထမရနဲ့ အောက်ထပ်မှာ ယောက်ယက်ခက်နေပေမဲ့ မြမှူးကတော့ သူ့ဝေဒနာကို သိလောက်မှာမဟုတ်။
တစ်ဇွတ်ထိုး လုပ်လိုက်မိတဲ့ ကိုယ့်ကိုယ့်ကို ပြန်ပြီးဆွဲထိုးချင်စိတ်သာ အခါခါဖြစ်ပေါ်နေရသည်။
"ဒီနေ့ ဆေးရုံကိုမသွားရဘူးလား"
အတွေးပေါင်း သောင်းခြောက်ထောင်နဲ့
အံတကြိတ်ကြိတ်ဖြစ်နေတုန်း မှူးက ဘယ်တုန်းက အနောက်ကိုရောက်နေလဲမသိ။
သူ့ဘက်ကအရင် စကားစပြောလာတာကြောင့် ဘုန်းမြတ်ရင်ထဲ ပန်းတွေပွင့်သွားသလိုခံစားလိုက်ရသည်။
"ဟုတ်တယ်..ဒီနေ့နားရက်ယူထားတာ"
"အဲ့ဒါဆိုလဲ အကို ဒီနေ့တစ်ရက်အိမ်စောင့်နေလိုက်ဦး...မှူး ဟင်းချက်သင်တန်းကိုသွားရမှာမို့လို့"
အထင်နဲ့အမြင် တက်တက်စင်အောင် လွဲသွားသဖြင့် ရှက်တောင်ရှက်မိသွားသည်။ဒီနေ့ နားရက်ယူထားတာကြောင့် စိတ်ဆိုးများပြေပြီး တစ်နေရာရာကို လိုက်ပို့ခိုင်းမလို့လား တွေးနေတုန်း အိမ်စောင့်နေလိုက်ဦး ဆိုသော စကားက ရင်ထဲကိုဆူးပြီး၀င်သွားသလို ခံစားလိုက်ရသည်။
"ကိုယ်လိုက်ပို့လို့ မရဘူးလား"
ဒီအတိုင်းတော့ ငြိမ်မခံနိုင်။မှူး စိတ်ဆိုးပြေဖို့အတွက် အစွမ်းကုန်ကြိုးစားရမည်။အခွင့်အရေး သေးသေးလေးတောင်မှ လက်လွှတ်မခံနိုင်ပါ။
"လိုက်ပို့ချင်ရင်လဲ ပို့ပေါ့ သဘောပဲ"
မှူး ရုပ်တည်နဲ့ပဲပြန်ပြောပြီး ကားဘေးမှာ ရပ်စောင့်နေလိုက်သည်။သိပ်ချစ်ရတဲ့ အကိုက မျက်နှာညှိုးငယ်နေတော့လဲ မှူးမခံစားနိုင်ပါ။တကယ်ဆို အကိုလဲ ယောကျာ်းတစ်ယောက်ဖြစ်တာကြောင့် သ၀န်တိုရင်လဲတိုမှာပေါ့ ဒါကိုအပြစ်ပြောလို့မရပေ။မှူးကို လိုလေသေးမရှိ တင့်တောင့်တင့်တယ်ထားတဲ့အပြင် လိုအပ်ချက်တွေအများကြီးရှိတာတောင်မှ အပြစ်မပြောပဲ ဒီအတိုင်း စိတ်ချမ်းသာသလိုနေခွင့်ပေးထားသော အကို့ကို မှူးကကျေးဇူးတောင် တင်ရပေဦးမည်။
ဟိုနေ့က စိတ်ဆိုးပြီး ပြောချင်တာတွေပြောလိုက်ပေမဲ့ အခုကျတော့လဲ အကို့အနားမှာနေချင်နေပြန်သည်။အထူးသဖြင့် ဒီနေ့လို အကို့နားရက်တွေဆိုရင် တစ်နေကုန် အတူရှိနေပြီး အချိန်ဖြုန်းတက်ကြတာမို့ သင်တန်းတောင်မသွားချင်တော့ပဲ အကို့အနားမှာပဲ ကပ်တွယ်နေချင်နေမိသည်။
ဒါပေမဲ့ အခုလောလောဆယ်တော့ အကို့ကိုစိတ်ဆိုးမပြေသေးတဲ့ပုံနဲ့ ဆက်ဟန်ဆောင်နေဦးမယ်လို့ ဆုံးဖြတ်ထားသည်။တော်ကြာ မှူးကို စိတ်ပျော့တဲ့ မိန်းကလေးဆိုပြီး နောက်စိတ်ဆိုးရင်တောင် အရေးမစိုက်ပဲနေနေဦးမည်။
"မှူး သွားကြမယ် ကားပေါ်တက်"
မှူးလေးက နည်းနည်းအလျော့ပေးလာတာကြောင့် စိတ်ပြေအောင် ပြန်ချော့ရန် အလင်းရောင်ရေးရေးလေးပေါ်လာသလို ခံစားလိုက်ရသည်။ဘုန်းမြတ်အတွက်တော့ မှူးနဲ့ဝေးနေရတဲ့ ၄ရက်တာကာလက ၄နှစ်လောက်ကြာသည်လို့ထင်ရသည်။တစ်ခုကံကောင်းသည်က စကားလေးတော့ပြောလို့တော်တော့သေးသည်။မှူးက ကားပေါ်စရောက်ကတည်းက သင်တန်းတည်နေရာကလွဲပြီး ဘာမှ ဆက်မပြောတော့သည်မို့ စကားပြောရန် စကားစရှာရခက်နေသည်။ဘုန်းမြတ်ကိုလဲ မကြည့် အပြုံးအရယ်လဲမတွေ့ရသဖြင့် တကယ့်ကို စိတ်ကျဥ်းကျပ်လွန်း၍ ချွေးပါပြန်သည်အထိဖြစ်နေရသည်။မှူးကို ဘယ်လိုပြန်ချော့ရမလဲဆိုတာစဥ်းစားပြီးခေါင်းခြောက်နေရမဲ့အစား ခက်ခက်တဲ့ခွဲစိတ်မှု ဆယ်ကြိမ်လုပ်လိုက်ရတာမှ ဘုန်းမြတ်အတွက် ပိုလွယ်ဦးမည်။ရှိသမျှသတ္တိတွေ အကုန်စုပြီး စကားစပြောရန်အတွက် မှူးကိုတစ်ချက်ငဲ့ကြည့်လိုက်သည်။
"မှူး.... သင်တန်းကဘယ်အချိန် ကနေ ဘယ်အချိန်ထိလဲ"
"၁၂နာရီကနေ ၃နာရီအထိ"
"မှူး သင်တန်းပြီးတဲ့အချိန်ထိ ကိုယ်စောင့်နေမယ်
ပြီးတော့ အပြန်ကျရင် ဟိုတစ်ခေါက်သွားတဲ့ ကမ်းနားစျေးကို၀င်ကြမလား"
"သဘောပဲ...ကြိုက်သလိုသာလုပ်"
မှူးမှာ အကို့ကိုစိတ်ဆိုးနေပေမဲ့လဲ ဒီလိုရှားရှားပါးပါးအားလပ်ရက်ကိုတော့ ဒီအတိုင်းကျော်မသွားနိုင်ပါ။လူနာတွေနဲ့ပဲ အမြဲအချိန်ကုန်နေသော အကို့လို ဆရာ၀န်ကြီးရဲ့ အားလပ်ရက်ဆိုတာ မှူးအတွက်တော့ ရွှေလိုပဲ အဖိုးတန်ပါသည်။
ဘုန်းမြတ်သိတာပေါ့ မှူးတဖြည်းဖြည်းနဲ့ သူ့ကိုခွင့်လွှတ်နေပြီဆိုတာကို။မီးပွိုင့်မိနေတဲ့အချိန် မှူးဘက်ကိုလှည့်ကြည့်လိုက်တော့ သူမက ပြန်တောင်မကြည့် အရှေ့တည့်တည့်က ကားတွေဆီသာကြည့်နေသည်။ဘာမှ ပြောမနေဘဲ မှူးကိုသာတောက်လျှောက် မျက်နှာမလွှဲပဲ ကြည့်နေလိုက်တော့ မှူးမနေတတ်ဖြစ်လာတာကိုသတိထားမိလိုက်သည်။ကြည့်ရင်းကြည့်ရင်းနဲ့ကို လှလာတဲ့ မှူးေကြာင့် အလိုလိုပြုံးမိရပြန်သည်။
"ဟယ်!!!!"
ဘုန်းမြတ် စိုက်ကြည့်နေသော မှူးရဲ့ မျက်၀န်းကျယ်ကျယ်လေးတွေက ဟယ် ဆိုသောအာမေဍိတ်အသံနဲ့အတူ ပြူးကျယ်သွားသဖြင့် ဘုန်းမြတ် ဘာများဖြစ်တာလဲ ဆိုပြီး လန့်သွားရသည်။
"အကို......ရှေ့......ရှေ့မှာ"
တစ်လမ်းလုံး ဘုန်းမြတ်ကို မကြည့်သော မျက်လုံးများ အခုမှ ထိတ်လန့်နေသော မျက်လုံးများဖြင့် ကြည့်ပြီး အရှေ့ကို လက်ညှိုး ညွှန်ပြနေသဖြင့် ကြည့်လိုက်တော့ သွေးအိုင်ထဲမှာလဲနေသော ကလေးငယ်တစ်ဦး။
"ဟာ!!ဘယ်လိုဖြစ်တာလဲ"
ဘုန်းမြတ်ချက်ချင်းကားပေါ်ကနေ ဆင်းသွားပြီး ထိုကလေးဆီပြေးသွားတော့သည်။
မှူး ခုနကမြင်လိုက်သော ဖြစ်ရပ်ကြောင့် အထိတ်တလန့်ဖြစ်နေရမှ အကိုက ထိုကလေးလေးဆီ ပြေးသွားသဖြင့် မှူးလဲ ချက်ချင်းကားပေါ်ကဆင်းပြီး လိုက်သွားတော့သည်။
ဘုန်းမြတ် ထိုကလေးအနားကိုရောက်တော့ ကောင်လေးက သွေးအိုင်ထဲမှာ သတိလစ်ပြီးလဲနေပြီဖြစ်သည်။မှူးကလဲ အခုမှ အသိစိတ်၀င်လာသည်နှင့် တူသည် အပြေးတပိုင်း ဘုန်းမြတ်နဲ့ကလေးအနားကို ရောက်လာတော့သည်။ထိုအခါမှ တစ်ချို့ကားပေါ်ကလူတွေလဲဆင်းလာတော့သည်။
"taxi တစ်စီးဖြတ်တိုက်ပြီးပြေးသွားတာဗျ...ကောင်လေးကသနားပါတယ် သူ့ဘာသာ စံပယ်ပန်းလိုက်ရောင်းနေတာကို ၀င်လဲတ်ိုက်သွားသေးတယ်...ပြန်တောင်လှည့်မကြည့်ဘူး...လူတွေများကြောက်ဖို့ကောင်းလိုက်တာ"
လူတစ်ချို့က အခင်းဖြစ်စဥ်နဲ့ ထင်မြင်ချက်တွေပေးနေပေမဲ့ ဘုန်းမြတ်ကတော့ ကလေးရဲ့ အခြေအနေကို အကြမ်းဖျင်းသုံးသပ်ပြီး ဆေးရုံကိုခေါ်သွားဖို့ ပွေ့ချီလိုက်သည်။ဆေးရုံကားကို ခေါ်နေလျှင် အချိန်ပိုကြာမှာစိုး၍ ကိုယ့်ကားဖြင့်သာ ဆေးရုံကိုသွားဖို့ ဆုံးဖြတ်လိုက်သည်။မှူးကိုကြည့်လိုက်တော့ အတိတ်ကအကြောင်းအရာတွေကို ပြန်သတိရဟန်နဲ့တူသည် မျက်နှာတစ်ခုလုံးပင် ဖြူလျော့နေပြီ ဖြစ်သည်။
"မှူး.....ကိုယ့်ကိုသေချာကြည့်....ဒီကလေးကိုအခုဆေးရုံကို ခေါ်သွားရမယ်...သွေးထွက်လွန်လို့မဖြစ်ဘူး....မှူး ကကိုယ်ခိုင်းတာလုပ်ပေးရမယ်....စိတ်နဲ့ကိုယ်နဲ့ ကပ်ထား"
မှူး သွေးသံတရဲရဲကိုမြင်ပြီး တုန်လှုပ်နေပေမဲ့ အကိုက ဒီကလေးကို ကယ်တင်ဖို့အတွက် လေးလေးနက်နက် ပြောလာသဖြင့် မှူး ချက်ချင်း တည်ငြိမ်အောင်ကြိုးစားလိုက်သည်။အကိုကကလေးကိုချီပြီး ကားရှိရာကို သွားတော့ မှူးလဲ နှုတ်ခမ်းကိုကိုက်ပြီး စိတ်ကိုတင်းကာ နောက်ကလိုက်သွားလိုက်သည်။လက်တွေကတော့ တုန်ရီနေဆဲ။
Advertisement
"မှူး..အနောက်ခန်း တံခါးဖွင့်ပြီး ၀င်ထိုင်လိုက်"
မှူးမှာ အကိုရဲ့ စိတ်ညှို့ထားခြင်း ခံရသော လူတစ်ယောက်ကဲ့ စိတ်နဲ့ကိုယ်နဲ့မကပ်ပေမဲ့ အကိုခိုင်းတဲ့အတိုင်း လိုက်လုပ်နေသည်။
"ရော့ ကလေးကိုပေါင်ပေါ်တင်ထားပြီး နဖူးကဒဏ်ရာကိုသွေးထွက်မလွန်အောင်ထိန်းထား"
အကို ချီပြီးတင်ပေးလိုက်သော ကောင်လေးကို ပေါင်ပေါ်မှာတင်ပြီး ခေါင်းကို မြမှူးရဲ့ ရင်ဘက်နားမှာမှီထားစေလိုက်သည်။ပြီးတော့ အရှေ့ခန်းပနေ အကိုလှမ်းပေးလိုက်သော အ၀တ်စဖြင့် နဖူးကိုဖိပြီး သွေးထွက်မလွန်အောင်ထိန်းပေးထားသည်။ကောင်လေးကိုကြည့်လိုက်တော့ အသက်က ၁၀နှစ်ကျော်ကျော်လောက်ပဲရှိဦးမည်။မြမှူး ကားအက်ဆီးဒင့် ဖြစ်တုန်းကအသက်လောက်နဲ့ မတိမ်းမယိမ်း။ဘာကြီးပဲဖြစ်နေဖြစ်နေ ဒီကလေးအသက်ရှင်ဖို့အတွက် အစွမ်းကုန်ကြိုးစားရမည်။
"အ......အကို.....ဒီကလေးရဲ့ အခြေအနေက အရမ်းပြင်းထန်လား"
"ကားက အရှိန်နဲ့တိုက်သွားတာဆိုတော့..ကိုယ်စမ်းသပ်ရသလောက်က အထဲနံရိုးတွေကျိုးအက်တာတွေဖြစ်နိုင်တယ်....နဖူးကဒဏ်ရာက သွေးထွက်မလွန်ရင် စိုးရိမ်စရာမရှိပေမဲ့....နောက်စေ့မှာသွေးမထွက်တဲ့နေရာက စိုးရိမ်ရတယ်.....အတွင်းကြေဖြစ်ပြီး ဦးနှောက်တွင်းသွေးယိုစီးမှု ဖြစ်နိုင်တယ်"
မြမှူး နောက်ကြည့်မှန်ကနေ အကို့မျက်နှာကို ကြည့်လိုက်တော့ အကိုမျက်နှာတွင်လဲစိုးရိမ်နေမှုတွေ အတိုင်းသားမြင်နေရသည်။ကားကိုသာ အာရုံစိုက်ကာ အမြန်မောင်းနေပြီး မီးနီတွေပါ ဖြတ်မောင်းနေသည်အထိ အလျင်လိုနေသည်။
အခုချိန်မှာ နီးစပ်ရာဆေးရုံကိုရောက်ဖို့က စက္ကန့်နဲ့အမျှအရေးကြီးနေသည်။နောက်စေ့မှာ ရထားတဲ့ဒဏ်ရာ အလျင်အမြန်ခွဲစိတ်မှု လုပ်မှအသက်အန္တရယ်ကင်းနိုင်မည်ဖြစ်သည်။ကားကို အရှိန်မြှင့် မောင်းပြီး မီးနီတွေအကုန်ဖြတ်မောင်းလာခဲ့သည်။မော်တော်ပီကယ်တွေရဲ့ ၀ီစီသံတွေလဲ ဂရုမစိုက်နိုင်တော့။ဖြစ်လာတဲ့ ကိစ္စနောက်မှ ငွေနဲ့ရှင်းတော့မည်။ကားမောင်းနေရင်း မြမှူးကို တစ်ချက်တစ်ချက်မှန်ထဲကနေ ကြည့်တော့ မှူးလဲတော်တော်စိုးရိမ်နေပုံရသည်။
၁၀မိနစ်လောက်အပြင်းအထန်မောင်းပြီးချိန်မှာတော့ ပုဂ္ဂလိက ဆေးရုံ၀န်းတစ်ခုထဲ ကားဆိုက်ရောက်ခဲ့ပြီဖြစ်သည်။ချက်ချင်း ကားပေါ်ကဆင်းပြီး အရေးပေါ်အခြေအနေကို ဆေးရုံတွင်းအသိပေးလိုက်တာနဲ့ ဆရာ၀န်နဲ့ သူနာပြုတစ်ချို့ ရောက်ရှိလာပြီး ကုတင်ပေါ်တင်ပြီး သယ်ဆောင်သွားတော့သည်။
အကိုက ဆရာ၀န်အချင်းချင်းသာ နားလည်နိုင်မဲ့ ဆေးပညာအသုံးအနှုန်းများနဲ့ တာ၀န်ကျဆရာ၀န်ကိုရှင်းပြနေသည်။မြမှူးကတော့ ခြေထောက်ပင်မခိုင်ချင်တော့တာမို့ နီးစပ်ရာခုံတန်းလျားမှာ၀င်ထိုင်လိုက်ပြီး အခြေအနေကိုစောင့်ကြည့်နေလိုက်သည်။လိုအပ်တဲ့ စမ်းသပ်မှုတွေလုပ်ပြီးတာနဲ့ ကုတင်ကိုခွဲစိတ်ခန်းထဲကို တွန်းသွားကြသည်။မြမှူး ကိုယ့်ကိုယ်ကိုတောင်သတိမထားမိပဲ ထိုကောင်လေးနောက်ကို လိုက်သွားပြီး ခွဲစိတ်ခန်းရှေ့မှာထိုင်စောင့်နေမိသည်။
"မှူး......အဆင်ပြေရဲ့လား"
အကိုက မှူးရဲ့လက်ကို ဆုပ်ကိုင်ပြီး မေးလာတဲ့အခါမှာ မြမှူး ငိုချင်စိတ်များသာအလိုလိုဖြစ်ပေါ်လာရသည်။သွေးမတော် သားမစပ်ပေမဲ့ ထ်ိုပုံရိပ်များက လွန်ခဲ့တဲ့နှစ်များစွာက အတိတ်ဆိုးများဆီကို ပြန်လည်ခေါ်ဆောင်သွားသလိုပင်။
"အကို.....အဲ့ကောင်လေး ဘာမှမဖြစ်လောက်ပါဘူးနော်"
"ခွဲစိတ်မှုအောင်မြင်မှာပါ စိတ်မပူနဲ့နော်"
မှူးကို စိတ်သက်သာရာရအောင်သာ ဖြေပြီး နှစ်သိမ့်ပေးလိုက်သည်။ဆရာ၀န်တစ်ယောက်ဖြစ်တဲ့ သူ့အတွက်က ဒီလိုမြင်ကွင်းတွေကမထူးဆန်းပေမဲ့ မှူးအတွက်ကတော့ စိတ်ထဲမသာမယာ ဖြစ်စေနိုင်သည်။အခုဆိုရင် မှူး၀တ်ထားသော နို့နှစ်ရောင်ဂါ၀န်လေးမှာလဲ သွေးများရွှဲနှစ်ပေကျံနေပြီဖြစ်သည်။အလားတူပင် ဘုန်းမြတ်၀တ်ထားသော တီရှပ်နဲ့ ဘောင်းဘီမှာလဲ သွေးကွက်များဗရပွ။လူတစ်ချို့က ဘာများဖြစ်လာတာလဲဆိုပြီး ဟိုနားရပ်ကြည့် ဒီနားရပ်ကြည့် လုပ်နေကြပေမဲ့ ဘုန်းမြတ်တို့နှစ်ယောက်လုံး ဒါတွေကိုဂရုမစိုက်နိုင်တော့ပါ။အခုအချိန်မှာ ခွဲစိတ်မှုအောင်မြင်ပါစေဆိုသော စိတ်တစ်ခုထဲသာ နှစ်ဦးစလုံးရဲ့ ရင်ထဲမှာရှိနေတော့သည်............။
×××××××××××××××××××××××××××××××××××
Zawgyi
ဧည့္ခန္းထဲက ဆိုဖာေပၚမွာထိုင္ကာ သတင္းစာဖတ္ရင္း ျမမွဴးထြက္အလာကို ေစာင့္ဆိုင္းေနသည္မွာ မနက္၉နာရီေလာက္ကတည္းကျဖစ္သည္။အခု မနက္၁၀နာရီပင္ ခြဲေနၿပီ မွဴးကေအာက္ထပ္ကို အခုထိဆင္းမလာေသး။ေက်ာင္းပိတ္ရက္မို႔ အခုထိမထေသးတာလဲ ျဖစ္ႏိုင္သလို ဘုန္းျမတ္ကို စိတ္ေကာက္ၿပီးလဲ ဆင္းမလာတာျဖစ္ႏိုင္သည္လို႔ ေတြးထင္မိေနသည္။အေပၚထပ္ကို တက္ၿပီးႏိႈးျပန္ရင္လဲ ဟိုတစ္ခါကိစၥကိုအခဲမေၾကတာနဲ႔ေပါင္းၿပီး ပိုဆိုးသြားမွ ဒုကၡေရာက္ေနၪီးမည္။တစ္ေယာက္ထဲ ထိုင္မရ ထမရနဲ႔ ေအာက္ထပ္မွာ ေယာက္ယက္ခက္ေနေပမဲ့ ျမမွဴးကေတာ့ သူ႔ေဝဒနာကို သိေလာက္မွာမဟုတ္။
တစ္ဇြတ္ထိုး လုပ္လိုက္မိတဲ့ ကိုယ့္ကိုယ့္ကို ျပန္ၿပီးဆြဲထိုးခ်င္စိတ္သာ အခါခါျဖစ္ေပၚေနရသည္။
"ဒီေန့ ေဆးရံုကိုမသြားရဘူးလား"
အေတြးေပါင္း ေသာင္းေျခာက္ေထာင္နဲ႔
အံတႀကိတ္ႀကိတ္ျဖစ္ေနတုန္း မွဴးက ဘယ္တုန္းက အေနာက္ကိုေရာက္ေနလဲမသိ။
သူ႔ဘက္ကအရင္ စကားစေျပာလာတာေၾကာင့္ ဘုန္းျမတ္ရင္ထဲ ပန္းေတြပြင့္သြားသလိုခံစားလိုက္ရသည္။
"ဟုတ္တယ္..ဒီေန့နားရက္ယူထားတာ"
"အဲ့ဒါဆိုလဲ အကို ဒီေန့တစ္ရက္အိမ္ေစာင့္ေနလိုက္ၪီး...မွဴး ဟင္းခ်က္သင္တန္းကိုသြားရမွာမို႔လို႔"
အထင္နဲ႔အျမင္ တက္တက္စင္ေအာင္ လြဲသြားသျဖင့္ ရွက္ေတာင္ရွက္မိသြားသည္။ဒီေန့ နားရက္ယူထားတာေၾကာင့္ စိတ္ဆိုးမ်ားေျပၿပီး တစ္ေနရာရာကို လိုက္ပို႔ခိုင္းမလို႔လား ေတြးေနတုန္း အိမ္ေစာင့္ေနလိုက္ၪီး ဆိုေသာ စကားက ရင္ထဲကိုဆူးၿပီး၀င္သြားသလို ခံစားလိုက္ရသည္။
"ကိုယ္လိုက္ပို႔လို႔ မရဘူးလား"
ဒီအတိုင္းေတာ့ ၿငိမ္မခံႏိုင္။မွဴး စိတ္ဆိုးေျပဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားရမည္။အခြင့္အေရး ေသးေသးေလးေတာင္မွ လက္လႊတ္မခံႏိုင္ပါ။
"လိုက္ပို႔ခ်င္ရင္လဲ ပို႔ေပါ့ သေဘာပဲ"
မွဴး ရုပ္တည္နဲ႔ပဲျပန္ေျပာၿပီး ကားေဘးမွာ ရပ္ေစာင့္ေနလိုက္သည္။သိပ္ခ်စ္ရတဲ့ အကိုက မ်က္ႏွာၫွိုးငယ္ေနေတာ့လဲ မွဴးမခံစားႏိုင္ပါ။တကယ္ဆို အကိုလဲ ေယာက်ာ္းတစ္ေယာက္ျဖစ္တာေၾကာင့္ သ၀န္တိုရင္လဲတိုမွာေပါ့ ဒါကိုအျပစ္ေျပာလို႔မရေပ။မွဴးကို လိုေလေသးမရိွ တင့္ေတာင့္တင့္တယ္ထားတဲ့အျပင္ လိုအပ္ခ်က္ေတြအမ်ားႀကီးရိွတာေတာင္မွ အျပစ္မေျပာပဲ ဒီအတိုင္း စိတ္ခ်မ္းသာသလိုေနခြင့္ေပးထားေသာ အကို႔ကို မွဴးကေက်းဇူးေတာင္ တင္ရေပၪီးမည္။
ဟိုေန့က စိတ္ဆိုးၿပီး ေျပာခ်င္တာေတြေျပာလိုက္ေပမဲ့ အခုက်ေတာ့လဲ အကို႔အနားမွာေနခ်င္ေနျပန္သည္။အထူးသျဖင့္ ဒီေန့လို အကို႔နားရက္ေတြဆိုရင္ တစ္ေနကုန္ အတူရိွေနၿပီး အခ်ိန္ျဖဳန္းတက္ၾကတာမို႔ သင္တန္းေတာင္မသြားခ်င္ေတာ့ပဲ အကို႔အနားမွာပဲ ကပ္တြယ္ေနခ်င္ေနမိသည္။
ဒါေပမဲ့ အခုေလာေလာဆယ္ေတာ့ အကို႔ကိုစိတ္ဆိုးမေျပေသးတဲ့ပံုနဲ႔ ဆက္ဟန္ေဆာင္ေနၪီးမယ္လို႔ ဆံုးျဖတ္ထားသည္။ေတာ္ၾကာ မွဴးကို စိတ္ေပ်ာ့တဲ့ မိန္းကေလးဆိုၿပီး ေနာက္စိတ္ဆိုးရင္ေတာင္ အေရးမစိုက္ပဲေနေနၪီးမည္။
"မွဴး သြားၾကမယ္ ကားေပၚတက္"
မွဴးေလးက နည္းနည္းအေလ်ာ့ေပးလာတာေၾကာင့္ စိတ္ေျပေအာင္ ျပန္ေခ်ာ့ရန္ အလင္းေရာင္ေရးေရးေလးေပၚလာသလို ခံစားလိုက္ရသည္။ဘုန္းျမတ္အတြက္ေတာ့ မွဴးနဲ႔ေဝးေနရတဲ့ ၄ရက္တာကာလက ၄ႏွစ္ေလာက္ၾကာသည္လို႔ထင္ရသည္။တစ္ခုကံေကာင္းသည္က စကားေလးေတာ့ေျပာလို႔ေတာ္ေတာ့ေသးသည္။မွဴးက ကားေပၚစေရာက္ကတည္းက သင္တန္းတည္ေနရာကလြဲၿပီး ဘာမွ ဆက္မေျပာေတာ့သည္မို႔ စကားေျပာရန္ စကားစရွာရခက္ေနသည္။ဘုန္းျမတ္ကိုလဲ မၾကည့္ အၿပံဳးအရယ္လဲမေတြ့ရသျဖင့္ တကယ့္ကို စိတ္က်ဥ္းက်ပ္လြန္း၍ ေခြၽးပါျပန္သည္အထိျဖစ္ေနရသည္။မွဴးကို ဘယ္လိုျပန္ေခ်ာ့ရမလဲဆိုတာစဥ္းစားၿပီးေခါင္းေျခာက္ေနရမဲ့အစား ခက္ခက္တဲ့ခြဲစိတ္မႈ ဆယ္ႀကိမ္လုပ္လိုက္ရတာမွ ဘုန္းျမတ္အတြက္ ပိုလြယ္ၪီးမည္။ရိွသမ်ွသတၲိေတြ အကုန္စုၿပီး စကားစေျပာရန္အတြက္ မွဴးကိုတစ္ခ်က္ငဲ့ၾကည့္လိုက္သည္။
Advertisement
"မွဴး.... သင္တန္းကဘယ္အခ်ိန္ ကေန ဘယ္အခ်ိန္ထိလဲ"
"၁၂နာရီကေန ၃နာရီအထိ"
"မွဴး သင္တန္းၿပီးတဲ့အခ်ိန္ထိ ကိုယ္ေစာင့္ေနမယ္
ၿပီးေတာ့ အျပန္က်ရင္ ဟိုတစ္ေခါက္သြားတဲ့ ကမ္းနားေစ်းကို၀င္ၾကမလား"
"သေဘာပဲ...ႀကိဳက္သလိုသာလုပ္"
မွဴးမွာ အကို႔ကိုစိတ္ဆိုးေနေပမဲ့လဲ ဒီလိုရွားရွားပါးပါးအားလပ္ရက္ကိုေတာ့ ဒီအတိုင္းေက်ာ္မသြားႏိုင္ပါ။လူနာေတြနဲ႔ပဲ အၿမဲအခ်ိန္ကုန္ေနေသာ အကို႔လို ဆရာ၀န္ႀကီးရဲ့ အားလပ္ရက္ဆိုတာ မွဴးအတြက္ေတာ့ ေရႊလိုပဲ အဖိုးတန္ပါသည္။
ဘုန္းျမတ္သိတာေပါ့ မွဴးတျဖည္းျဖည္းနဲ႔ သူ႔ကိုခြင့္လႊတ္ေနၿပီဆိုတာကို။မီးပြိုင့္မိေနတဲ့အခ်ိန္ မွဴးဘက္ကိုလွည့္ၾကည့္လိုက္ေတာ့ သူမက ျပန္ေတာင္မၾကည့္ အေရ႔ွတည့္တည့္က ကားေတြဆီသာၾကည့္ေနသည္။ဘာမွ ေျပာမေနဘဲ မွဴးကိုသာေတာက္ေလ်ွာက္ မ်က္ႏွာမလႊဲပဲ ၾကည့္ေနလိုက္ေတာ့ မွဴးမေနတတ္ျဖစ္လာတာကိုသတိထားမိလိုက္သည္။ၾကည့္ရင္းၾကည့္ရင္းနဲ႔ကို လွလာတဲ့ မွဴးေၾကာင့္ အလိုလိုၿပံဳးမိရျပန္သည္။
"ဟယ္!!!!"
ဘုန္းျမတ္ စိုက္ၾကည့္ေနေသာ မွဴးရဲ့ မ်က္၀န္းက်ယ္က်ယ္ေလးေတြက ဟယ္ ဆိုေသာအာေမဍိတ္အသံနဲ႔အတူ ျပဴးက်ယ္သြားသျဖင့္ ဘုန္းျမတ္ ဘာမ်ားျဖစ္တာလဲ ဆိုၿပီး လန္႔သြားရသည္။
"အကို......ေရ႔ွ......ေရ႔ွမွာ"
တစ္လမ္းလံုး ဘုန္းျမတ္ကို မၾကည့္ေသာ မ်က္လံုးမ်ား အခုမွ ထိတ္လန္႔ေနေသာ မ်က္လံုးမ်ားျဖင့္ ၾကည့္ၿပီး အေရ႔ွကို လက္ၫွိုး ၫႊန္ျပေနသျဖင့္ ၾကည့္လိုက္ေတာ့ ေသြးအိုင္ထဲမွာလဲေနေသာ ကေလးငယ္တစ္ၪီး။
"ဟာ!!ဘယ္လိုျဖစ္တာလဲ"
ဘုန္းျမတ္ခ်က္ခ်င္းကားေပၚကေန ဆင္းသြားၿပီး ထိုကေလးဆီေျပးသြားေတာ့သည္။
မွဴး ခုနကျမင္လိုက္ေသာ ျဖစ္ရပ္ေၾကာင့္ အထိတ္တလန္႔ျဖစ္ေနရမွ အကိုက ထိုကေလးေလးဆီ ေျပးသြားသျဖင့္ မွဴးလဲ ခ်က္ခ်င္းကားေပၚကဆင္းၿပီး လိုက္သြားေတာ့သည္။
ဘုန္းျမတ္ ထိုကေလးအနားကိုေရာက္ေတာ့ ေကာင္ေလးက ေသြးအိုင္ထဲမွာ သတိလစ္ၿပီးလဲေနၿပီျဖစ္သည္။မွဴးကလဲ အခုမွ အသိစိတ္၀င္လာသည္ႏွင့္ တူသည္ အေျပးတပိုင္း ဘုန္းျမတ္နဲ႔ကေလးအနားကို ေရာက္လာေတာ့သည္။ထိုအခါမွ တစ္ခ်ိဳ႕ကားေပၚကလူေတြလဲဆင္းလာေတာ့သည္။
"taxi တစ္စီးျဖတ္တိုက္ၿပီးေျပးသြားတာဗ်...ေကာင္ေလးကသနားပါတယ္ သူ႔ဘာသာ စံပယ္ပန္းလိုက္ေရာင္းေနတာကို ၀င္လဲတ္ိုက္သြားေသးတယ္...ျပန္ေတာင္လွည့္မၾကည့္ဘူး...လူေတြမ်ားေၾကာက္ဖို႔ေကာင္းလိုက္တာ"
လူတစ္ခ်ိဳ႕က အခင္းျဖစ္စဥ္နဲ႔ ထင္ျမင္ခ်က္ေတြေပးေနေပမဲ့ ဘုန္းျမတ္ကေတာ့ ကေလးရဲ့ အေျခအေနကို အၾကမ္းဖ်င္းသံုးသပ္ၿပီး ေဆးရံုကိုေခၚသြားဖို႔ ေပြ့ခ်ီလိုက္သည္။ေဆးရံုကားကို ေခၚေနလ်ွင္ အခ်ိန္ပိုၾကာမွာစိုး၍ ကိုယ့္ကားျဖင့္သာ ေဆးရံုကိုသြားဖို႔ ဆံုးျဖတ္လိုက္သည္။မွဴးကိုၾကည့္လိုက္ေတာ့ အတိတ္ကအေၾကာင္းအရာေတြကို ျပန္သတိရဟန္နဲ႔တူသည္ မ်က္ႏွာတစ္ခုလံုးပင္ ျဖဴေလ်ာ့ေနၿပီ ျဖစ္သည္။
"မွဴး.....ကိုယ့္ကိုေသခ်ာၾကည့္....ဒီကေလးကိုအခုေဆးရံုကို ေခၚသြားရမယ္...ေသြးထြက္လြန္လို႔မျဖစ္ဘူး....မွဴး ကကိုယ္ခိုင္းတာလုပ္ေပးရမယ္....စိတ္နဲ႔ကိုယ္နဲ႔ ကပ္ထား"
မွဴး ေသြးသံတရဲရဲကိုျမင္ၿပီး တုန္လႈပ္ေနေပမဲ့ အကိုက ဒီကေလးကို ကယ္တင္ဖို႔အတြက္ ေလးေလးနက္နက္ ေျပာလာသျဖင့္ မွဴး ခ်က္ခ်င္း တည္ၿငိမ္ေအာင္ႀကိဳးစားလိုက္သည္။အကိုကကေလးကိုခ်ီၿပီး ကားရိွရာကို သြားေတာ့ မွဴးလဲ ႏႈတ္ခမ္းကိုကိုက္ၿပီး စိတ္ကိုတင္းကာ ေနာက္ကလိုက္သြားလိုက္သည္။လက္ေတြကေတာ့ တုန္ရီေနဆဲ။
"မွဴး..အေနာက္ခန္း တံခါးဖြင့္ၿပီး ၀င္ထိုင္လိုက္"
မွဴးမွာ အကိုရဲ့ စိတ္ၫွို႔ထားျခင္း ခံရေသာ လူတစ္ေယာက္ကဲ့ စိတ္နဲ႔ကိုယ္နဲ႔မကပ္ေပမဲ့ အကိုခိုင္းတဲ့အတိုင္း လိုက္လုပ္ေနသည္။
"ေရာ့ ကေလးကိုေပါင္ေပၚတင္ထားၿပီး နဖူးကဒဏ္ရာကိုေသြးထြက္မလြန္ေအာင္ထိန္းထား"
အကို ခ်ီၿပီးတင္ေပးလိုက္ေသာ ေကာင္ေလးကို ေပါင္ေပၚမွာတင္ၿပီး ေခါင္းကို ျမမွဴးရဲ့ ရင္ဘက္နားမွာမွီထားေစလိုက္သည္။ၿပီးေတာ့ အေရ႔ွခန္းပေန အကိုလွမ္းေပးလိုက္ေသာ အ၀တ္စျဖင့္ နဖူးကိုဖိၿပီး ေသြးထြက္မလြန္ေအာင္ထိန္းေပးထားသည္။ေကာင္ေလးကိုၾကည့္လိုက္ေတာ့ အသက္က ၁၀ႏွစ္ေက်ာ္ေက်ာ္ေလာက္ပဲရိွၪီးမည္။ျမမွဴး ကားအက္ဆီးဒင့္ ျဖစ္တုန္းကအသက္ေလာက္နဲ႔ မတိမ္းမယိမ္း။ဘာႀကီးပဲျဖစ္ေနျဖစ္ေန ဒီကေလးအသက္ရွင္ဖို႔အတြက္ အစြမ္းကုန္ႀကိဳးစားရမည္။
"အ......အကို.....ဒီကေလးရဲ့ အေျခအေနက အရမ္းျပင္းထန္လား"
"ကားက အရိွန္နဲ႔တိုက္သြားတာဆိုေတာ့..ကိုယ္စမ္းသပ္ရသေလာက္က အထဲနံရိုးေတြက်ိဳးအက္တာေတျြဖစ္ႏိုင္တယ္....နဖူးကဒဏ္ရာက ေသြးထြက္မလြန္ရင္ စိုးရိမ္စရာမရိွေပမဲ့....ေနာက္ေစ့မွာေသြးမထြက္တဲ့ေနရာက စိုးရိမ္ရတယ္.....အတြင္းေၾကျဖစ္ၿပီး ၪီးေနွာက္တြင္းေသြးယိုစီးမႈ ျဖစ္ႏိုင္တယ္"
ျမမွဴး ေနာက္ၾကည့္မွန္ကေန အကို႔မ်က္ႏွာကို ၾကည့္လိုက္ေတာ့ အကိုမ်က္ႏွာတြင္လဲစိုးရိမ္ေနမႈေတြ အတိုင္းသားျမင္ေနရသည္။ကားကိုသာ အာရံုစိုက္ကာ အျမန္ေမာင္းေနၿပီး မီးနီေတြပါ ျဖတ္ေမာင္းေနသည္အထိ အလ်င္လိုေနသည္။
အခုခ်ိန္မွာ နီးစပ္ရာေဆးရံုကိုေရာက္ဖို႔က စကၠန္႔နဲ႔အမ်ွအေရးႀကီးေနသည္။ေနာက္ေစ့မွာ ရထားတဲ့ဒဏ္ရာ အလ်င္အျမန္ခြဲစိတ္မႈ လုပ္မွအသက္အႏၲရယ္ကင္းႏိုင္မည္ျဖစ္သည္။ကားကို အရိွန္ျမႇင့္ ေမာင္းၿပီး မီးနီေတြအကုန္ျဖတ္ေမာင္းလာခဲ့သည္။ေမာ္ေတာ္ပီကယ္ေတြရဲ့ ဝီစီသံေတြလဲ ဂရုမစိုက္ႏိုင္ေတာ့။ျဖစ္လာတဲ့ ကိစၥေနာက္မွ ေငြနဲ႔ရွင္းေတာ့မည္။ကားေမာင္းေနရင္း ျမမွဴးကို တစ္ခ်က္တစ္ခ်က္မွန္ထဲကေန ၾကည့္ေတာ့ မွဴးလဲေတာ္ေတာ္စိုးရိမ္ေနပံုရသည္။
၁၀မိနစ္ေလာက္အျပင္းအထန္ေမာင္းၿပီးခ်ိန္မွာေတာ့ ပုဂၢလိက ေဆးရံု၀န္းတစ္ခုထဲ ကားဆိုက္ေရာက္ခဲ့ၿပီျဖစ္သည္။ခ်က္ခ်င္း ကားေပၚကဆင္းၿပီး အေရးေပၚအေျခအေနကို ေဆးရံုတြင္းအသိေပးလိုက္တာနဲ႔ ဆရာ၀န္နဲ႔ သူနာျပဳတစ္ခ်ိဳ႕ ေရာက္ရိွလာၿပီး ကုတင္ေပၚတင္ၿပီး သယ္ေဆာင္သြားေတာ့သည္။
အကိုက ဆရာ၀န္အခ်င္းခ်င္းသာ နားလည္ႏိုင္မဲ့ ေဆးပညာအသံုးအႏႈန္းမ်ားနဲ႔ တာ၀န္က်ဆရာ၀န္ကိုရွင္းျပေနသည္။ျမမွဴးကေတာ့ ေျခေထာက္ပင္မခိုင္ခ်င္ေတာ့တာမို႔ နီးစပ္ရာခံုတန္းလ်ားမွာ၀င္ထိုင္လိုက္ၿပီး အေျခအေနကိုေစာင့္ၾကည့္ေနလိုက္သည္။လိုအပ္တဲ့ စမ္းသပ္မႈေတြလုပ္ၿပီးတာနဲ႔ ကုတင္ကိုခြဲစိတ္ခန္းထဲကို တြန္းသြားၾကသည္။ျမမွဴး ကိုယ့္ကိုယ္ကိုေတာင္သတိမထားမိပဲ ထိုေကာင္ေလးေနာက္ကို လိုက္သြားၿပီး ခြဲစိတ္ခန္းေရ႔ွမွာထိုင္ေစာင့္ေနမိသည္။
"မွဴး......အဆင္ေျပရဲ့လား"
အကိုက မွဴးရဲ့လက္ကို ဆုပ္ကိုင္ၿပီး ေမးလာတဲ့အခါမွာ ျမမွဴး ငိုခ်င္စိတ္မ်ားသာအလိုလိုျဖစ္ေပၚလာရသည္။ေသြးမေတာ္ သားမစပ္ေပမဲ့ ထ္ိုပံုရိပ္မ်ားက လြန္ခဲ့တဲ့ႏွစ္မ်ားစြာက အတိတ္ဆိုးမ်ားဆီကို ျပန္လည္ေခၚေဆာင္သြားသလိုပင္။
"အကို.....အဲ့ေကာင္ေလး ဘာမွမျဖစ္ေလာက္ပါဘူးေနာ္"
"ခြဲစိတ္မႈေအာင္ျမင္မွာပါ စိတ္မပူနဲ႔ေနာ္"
မွဴးကို စိတ္သက္သာရာရေအာင္သာ ေျဖၿပီး ႏွစ္သိမ့္ေပးလိုက္သည္။ဆရာ၀န္တစ္ေယာက္ျဖစ္တဲ့ သူ႔အတြက္က ဒီလိုျမင္ကြင္းေတြကမထူးဆန္းေပမဲ့ မွဴးအတြက္ကေတာ့ စိတ္ထဲမသာမယာ ျဖစ္ေစႏိုင္သည္။အခုဆိုရင္ မွဴး၀တ္ထားေသာ ႏို႔ႏွစ္ေရာင္ဂါ၀န္ေလးမွာလဲ ေသြးမ်ားရႊဲႏွစ္ေပက်ံေနၿပီျဖစ္သည္။အလားတူပင္ ဘုန္းျမတ္၀တ္ထားေသာ တီရွပ္နဲ႔ ေဘာင္းဘီမွာလဲ ေသြးကြက္မ်ားဗရပြ။လူတစ္ခ်ိဳ႕က ဘာမ်ားျဖစ္လာတာလဲဆိုၿပီး ဟိုနားရပ္ၾကည့္ ဒီနားရပ္ၾကည့္ လုပ္ေနၾကေပမဲ့ ဘုန္းျမတ္တို႔ႏွစ္ေယာက္လံုး ဒါေတြကိုဂရုမစိုက္ႏိုင္ေတာ့ပါ။အခုအခ်ိန္မွာ ခြဲစိတ္မႈေအာင္ျမင္ပါေစဆိုေသာ စိတ္တစ္ခုထဲသာ ႏွစ္ၪီးစလံုးရဲ့ ရင္ထဲမွာရိွေနေတာ့သည္............။
×××××××××××××××××××××××××××××××××××
Advertisement
- In Serial52 Chapters
Petrichor: Act One
Cody is adrift. Emily is alone. Sara is spiraling into darkness. Andrew is out of control. Chris is losing his mind. Grace makes the mistake of being friends with all of them. The friendship these six share will forever shape who they are. In the town of Darkwood, Washington they are forced into the harsh reality of the world catching up to them. When their involvement in their friend's suicide catches up to them, how will they juggle their guilt, issues, and crumbling friendships that fall before them? This is a redux of Petrichor. I was unsatisfied with how the story went. I rushed things and left things to happen off-screen a lot. So I'm rewriting it, this time dividing the acts into their separate books to allow the characters to properly develop. The story will mostly stay the same but I'll fix all the plot holes I found and change some character motivations here or there.
8 173 - In Serial37 Chapters
Boss's Order's
Working at one of New York's largest companies as personal assistant to Mr Steele, owner and CEO of Steele industries is great. I enjoy my job and get along with most of the other staff here too. Who knew that just one day could change my life? And probably not for the better either!? Being screwed over after I'd done so much left me feeling bitter, but could it lead to something even better than I could ever imagine?!
8 155 - In Serial13 Chapters
The Alpha's Bad Boys | boyxboyxgirl ✎
Ezra Harland, dubbed as the ultimate ladies man and the suave player who breaks girls' hearts left and right, is off to college. His bad boy ways, timely quips, sweet as fuck charms, and horny as hell Beta-blood make him the most irresistible combination to walk the earth. After being surrounded by happy couples 24/7, he has given up his pursuit of 'The One', and is heading to HillBridge Uni at his Alphas' insistence, expecting the worst few years of his life ahead of him.Theon Berkeley, a player who plays the players. You think you've met bad boys, before? Think again. His dark, brooding personality and silent, mysterious-aura are what that labeled him the worst of them all, the king of the bad boys. After wiping out the entirety of the female population in his little pack and bored out of his mind without new options, he's off to HillBridge Uni, where girls are aplenty and the fun never ends.Nyah Pineda, commonly known as the second born kid who had to step in and become the Alpha at the last minute. Although, don't ever make the mistake of assuming she's the good-girl she used to be. After almost tearing apart the mouths that said she couldn't do it and taking down the five men who challenged her for it, she developed a backbone of steel and an attitude to match. Following the year she took off to perfect her responsibilities, she's finally gotten enough time to breathe. And, to go to college.Three vivid personalities. Three different stories. All hoping for a change. When fates inevitably bring them together, they all can't help being baffled by the impossibility of the situation.How was the Beta supposed to give up his position and move? How were two straight guys supposed to be each other's Mates? How was the female Alpha supposed to have two Mates, when she wasn't even ready for one?The solution?Go with the flow and share Nyah. No 'homo', whatsoever.Too bad for them, the Mate-bond didn't work that way.It was either all or nothing.
8 132 - In Serial34 Chapters
milk | kageyama tobio
It all started from a box of milk.highest rank :#223 Fanfiction#1 kageyama
8 62 - In Serial45 Chapters
Death of Me
''I'm the leader of this gang,'' he informed me.''Is that supposed to intimidate me or something?'' I asked with raised eyebrows.''It should.''____________________________Juliette Gracen has gone through a fair amount in her life, but she's always made the most of it. It may not be picture perfect, but it's steady. Comfortable. But one night, one thing she shouldn't have seen, is about to change everything. Vincent Monroe - he's as bad as they come. His reputation as the most notorious gang leader in all of Valarian City proceeds him. After how he ascended to power, no one would dare cross him. No one would dare challenge him. Until he meets a whirlwind of a woman with next to no brain-to-mouth filter who is about to tilt the axis of his world. So, what happens when these two headstrong people meet? You'll have to crack this one open in order to find out.____________________________Highest Rankings:#1 in #gangs#1 in #bartender #1 in #gangleader#1 in #deathofme#1 in #perfect #1 in #tensions#2 in #lovestory#2 in #pg13#3 in #mafia#6 in #drama#7 in #newadult#19 in #romance
8 180 - In Serial40 Chapters
REVENGE PAWN - Taehyung ff
𝖂𝖍𝖊𝖓 𝖞𝖔𝖚 𝖇𝖊𝖌𝖎𝖓 𝖆 𝖏𝖔𝖚𝖗𝖓𝖊𝖞 𝖔𝖋 𝖗𝖊𝖛𝖊𝖓𝖌𝖊, 𝖘𝖙𝖆𝖗𝖙 𝖇𝖞 𝖉𝖎𝖌𝖌𝖎𝖓𝖌 𝖙𝖜𝖔 𝖌𝖗𝖆𝖛𝖊𝖘 : 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗 𝖊𝖓𝖊𝖒𝖞, 𝖆𝖓𝖉 𝖔𝖓𝖊 𝖋𝖔𝖗 𝖞𝖔𝖚𝖗𝖘𝖊𝖑𝖋. -𝕵𝖔𝖉𝖎 𝕻𝖎𝖈𝖔𝖚𝖑𝖙******"How could you do this to me?", She asked with tears streaming down her cheeks."You deserve to suffer for your brother's deeds", He said harshly with an evil smirk creeping across his face. •••••••••••••"I know I've hurt you bad- I was just blinded by revenge but I love you so much, Y/n. I really do, Please give me one more chance.", He pleaded."I had given you a lot of chances but you always took that as an opportunity to hurt me more, you made me your toy, pawn and whatnot. I loved you once, but I'm not making that mistake ever again." She walked away leaving him speechless.
8 85

