《ကံကြမ္မာစေရာ [OC] (Completed)》Ep_24
Advertisement
Uni
ဒီနေ့ third year ကိုစတက်ရမဲ့ ပထမဆုံးနေ့ဖြစ်တာကြောင့် မြမှူးစိတ်တွေ ပေါ့ပါးသွက်လက်နေသည်။စာမေးပွဲဖြေပြီးကတည်းက အိမ်ထဲမှာပဲနေနေတာမို့ သူငယ်ချင်းတွေနဲ့အပြင်တွေတောင်လျှောက်မလည်ဖြစ်။အရင်ကဆို အတန်းတွေလစ်ပြီး မြို့ထဲနေရာစုံကို လျှောက်သွားနေကြဖြစ်သည်။ အခုလဲ အိမ်ထောင်ရှင်မ ဘ၀ကနေ ထိုတက္ကသိုလ်ကျောင်းသူဘ၀ကို ပြန်လည်ကူးပြောင်းပြီး လွတ်လွတ်လပ်လပ်နေမယ်လို့ ဆုံးဖြတ်ထားသည်။အကိုကလဲ မြမှူးကို ထိုနည်းတူ စိတ်တိုင်းကျနေခွင့်ပြုထားသည်မို့ မြမှူးဒီပထမနှစ်၀က်ကို စိတ်လွတ်လက်လွတ် ပျော်ပါးပစ်မယ်လို့ သံဓဋ္ဌာန်ချထားသည်။
"မှူးရေ.....ဒီနေ့ ကျောင်းသွားရမှာမလား"
"ဟုတ်တယ်....အဲ့ဒါကြောင့် မှူးအင်္ကျီရွေးနေတာ
အကိုလဲမှူးကို၀ိုင်းရွေးပေးပါဦး.....ဘယ်၀မ်းဆက်လေးလှလဲလို့"
"မှူးက ဘာ၀တ်၀တ်အကုန်လှတယ်....မှူးကြိုက်တာသာ၀တ်"
"ဟင့်အင်း....မရဘူး...အကိုရွေးပေးတာပဲ၀တ်မှာ"
ကျောင်းသွားခါနီးမှ အရစ်စိန်လုပ်နေသော မှူးကြောင့် ဘုန်းမြတ် အခက်တွေ့ရပြန်သည်။ဘာ၀တ်၀တ်လှနေလို့ စိတ်မချရတဲ့အထဲ သူကယောကျာ်းကိုပါ အင်္ကျီရွေးခိုင်းလိုက်သေးသည်။
ချုပ်ထားတဲ့ အင်္ကျီတွေကအကုန် ခါးတိုတွေနဲ့ fit sizeတွေကြီးပဲမို့ ခန္ဓာကိုယ်အလှကပေါ်လွင်နေသည်။သူ့လို ၃၀နားကပ်နေတဲ့ လူကြီးအတွက် ဆယ်ကျော်သက်အရွယ်ကလေးမက ကောင်လေးအလန်းလေးတွေပေါတဲ့ တက္ကသိုလ်ဆီသွားမှာမို့ ဘုန်းမြတ်က ဘယ်လိုစိတ်နဲ့ ကိုယ့်မိန်းမကို အင်္ကျီရွေးပေးနိုင်မှာလဲ။စိတ်မချလို့ ပြောပြန်ရင်လဲမယ်မင်းကြီးမလေးက အခုကတည်းကချုပ်ချယ်ချင်တာလား... သူ့ကိုမယုံလို့လား...ဆိုပြီး ထပ်ရစ်နေမှ ပိုခက်နေဦးမည်။၁၉နှစ်အရွယ် ကောင်မလေးချောချောလေးကို မိန်းမတော်ထားရတော့လဲ ဒီလောက်တော့ သည်းခံနိုင်ရမှာပေါ့လို့ တွေးပြီး သက်ပြင်းချမိလိုက်သည်။
"ဟိုဘက်က ခရမ်းရောင်လေးလှတယ်...အဲ့ဒါ၀တ်လိုက်"
"ဒါလေးလား...."
ဘုန်းမြတ်ပြောတဲ့ အင်္ကျီကိုကိုယ်မှာကပ်ပြပြီး မေးနေသေးသည်။
"အင်း....အဲ့ဒါ"
ဘုန်းမြတ်မျက်နှာမှာ စိတ်မချမှုတွေနဲ့ ပြည့်နှက်နေတာကို မြမှူးကတော့သတိမထားမိပါ။အင်္ကျီကိုအမြန်လဲလိုက်ပြီး မှန်ရှေ့မှာဟိုဘက်လှည့်လိုက် ဒီဘက်လှည့်လိုက်နဲ့ ကြည့်နေသည်မှာ အကြိမ်ပေါင်းမနည်းတော့။မိတ်ကပ်ပါးပါးလေးပြင်ထားတာတောင် လှနေပါတယ်ဆိုနေမှ အရိပ်အကဲမသိတဲ့ ကလေးမက နှုတ်ခမ်းဖူးဖူးလေးကို နှုတ်ခမ်းနီ ပန်းဆီရောင်ဖျော့ဖျော့လေးဆိုပြီး နှုတ်ခမ်းကို ပိတ်လိုက်ဖွင့်လိုက်လုပ်ပြနေတော့ အခန်းအပေါက်၀မှာ ခါးထောက်ပြီးကြည့်နေသော ဘုန်းမြတ်၏ သည်းခံနိုင်မှုအတိုင်းအတာသည် ကျော်လွန်သွားပြီဖြစ်သည်။
ချက်ချင်းပဲ မှန်ရှေ့မှာ နှုတ်ခမ်းနီဆိုးနေသော မြမှူးဆီ လျင်မြန်သော ခြေလှမ်းများနဲ့ လျှောက်သွားတော့သည်။အနားကိုရောက်တာနဲ့ မျက်နှာကိုဆွဲမော့ပြီး ပါးကိုဆွဲညှစ်ကာ နှုတ်ခမ်းတို့ကိုဖိကပ်နမ်းလိုက်သည်။မြမှူးက ရုတ်တရက်ဖြစ်သွားသော အခြေအနေကြောင့် လန့်ဖြန့်ပြီး ဘုန်းမြတ်ကိုတွန်းဖယ်နေပေမဲ့ ဘုန်းမြတ်အရေးမစိုက်။မျက်စိစုံမှိတ်ပြီးတော့ နှုတ်ခမ်းတစ်လွှာချင်းစီကို စုပ်ယူနမ်းရှိုက်နေတော့သည်။
စိတ်ထဲကျေနပ်လောက်သည်အထိ နမ်းရှိုက်ပြီးမှ နှုတ်ခမ်းသားတွေဆီက ဆုတ်ခွာပေးတော့သည်။
"အကို.....ရုတ်တရက်ကြီး ဘာထဖြစ်တာလဲ"
"အင့်"
မေးတာကို မဖြေပဲ မြမှူးရဲ့လည်တိုင်ထက်ကို တဖန်စုပ်ယူနမ်းရှိုက်နေပြန်သည်။အားပြင်းပြင်းနဲ့စုပ်ယူရင်း သွားဖြင့်တတိတိ ကိုက်နေကတည်းက မြမှူးအကိုဘာလုပ်နေလဲဆိုတာ သဘောပေါက်လိုက်သည်။လည်ပင်းကသွေးကြောတွေပါ ပေါက်ထွက်မတက် စုပ်ပြီးကာမှ တဖြည်းဖြးချင်းခွာပေးတော့သည်။ဘေးနားကမှန်ကို လှမ်းကြည့်လိုက်တော့ လည်ပင်းမှာ အညိုကွက်ကြီးကနည်းတာမဟုတ်။
"အကိုဘာလို့ ဒီလိုလုပ်တာလဲ"
"ပိုင်ရှင်ရှိမှန်းသိအောင် အမှတ် မှတ်ပေးလိုက်တာ"
"ဒါပေမဲ့ မှူးကို လူတွေ၀ိုင်းကြည့်နေမှာပေါ့"
"ကြည့်တော့လဲ ဘာဖြစ်လဲ"
"ဟာ!!!အကို!!"
မြမှူး အသံကုန်အော်လိုက်တော့သည်။
ဘုန်းမြတ်ကတော့ လုပ်ချင်တာလုပ်လိုက်ရ၍ စိတ်ချလက်ချဖြစ်သွားပြီး မနက်စာစားဖို့ထွက်လာခဲ့တော့သည်။မြမှူးကတော့ အခန်းထဲမှာ ဒေါသငယ်ထိပ်ကိုရောက်ပြီး မာကင်ရာကို မိတ်ကပ်နဲ့ဖုံးနေလောက်မည် ထင်ပါရဲ့။
ဘုန်းမြတ်ကတော့ စိတ်အေးလက်အေး ကော်ဖီေသာက်နေရင်း မြမှူးအခန်းထဲကထွက်အလာကို စောင့်နေလေသည်။သိပ်မကြာခင်မှာပဲ နှုတ်ခမ်းဆူပြီး အခန်းထဲကဆောင့်အောင့်ပြီးထွက်လာတော့သည်။ပါးစပ်ကလဲ ပွစိပွစိ ပြောနေသေးသည်။
"မှူး....ကိုယ်ကျောင်းလိုက်ပို့ပေးမယ်"
"မလိုဘူး....အကိုလမ်းကိုသာအကိုသွား...မှူးကိုဂရုစိုက်မနေနဲ့......ယောကျာ်းရှိတဲ့ မိန်းမကို ဘယ်ကောင်လေးမှ လာမကြိုက်ဘူး စိတ်ပူမနေနဲ့"
ဘုန်းမြတ်မှာ ရီချင်နေပေမဲ့လဲ စိတ်ကိုမနည်းထိန်းထားနေရသည်။စိတ်ကောက်နေတာတောင် ချစ်ဖို့ကောင်းနေသော ဒီမိန်းကလေးကို ပိုတောင်စိတ်မချနိုင်ဖြစ်နေရပါသေးသည်။ကလေးမက ပထမက ဆံပင်ကိုတစ်၀က်စီးထားပါ။ဒါပေမဲ့ အခုတော့ ဆံပင်ကိုဖျားလားချပြီး မာကင်ရာကို အုပ်ထား ပြန်လေရဲ့။
"မှူး မနက်စာမစားတော့ဘူးလား"
"မစားဘူး"
တစ်ခွန်းထဲပြောပြီး ခြေကိုဆောင့်ကာ အပြင်ထွက်သွားသော မြမှူးကိုကြည့်ရင်း ဘုန်းမြတ်မှာ အခုမှ လွတ်လွတ်လပ်လပ်ရီနိုင်တော့သည်။
သူရှေ့မှာ သွားရီနေလျှင် နဂါးမျက်စောင်းနဲ့တွေ့မှာကြောက်သဖြင့် မနည်းထိန်းထားခဲ့ရသည်။
ကလေးမက လူကောင်သာသေးတာ စိတ်တိုနေလျှင် သွားမစရဲတော့တဲ့အထိ ကြောက်နေရသည်။သဘောကောင်းလွန်းလျှင်လဲ စွတ်ကောင်းပြီး စိတ်ကောက်လျှင်လဲ နှုတ်ခမ်းဆူကာ မျက်စောင်းကအကြိမ်ကြိမ်ထိုးသေးသည်။ဒီလိုချစ်ဖို့ကောင်းတဲ့ အပြုအမူတွေကြောင့်ပဲ ကိုယ့်ကိုယ်ကိုတောင် သတိမထားမိပဲ မြမှူးကို ချစ်နေခဲ့ရတာပဲမဟုတ်လား.........။
×××××××××××
ဘုန်းမြတ် အိမ်ကိုပြန်ရောက်တော့ မြမှူးကို မတွေ့ရသဖြင့် စိတ်ထဲတစ်မျိုးကြီးဖြစ်သွားသည်။
အခန်းထဲ၀င်ကြည့်တော့လဲ မှူးကိုမတွေ့ရတဲ့အပြင် မှူးရဲ့ အသုံးအဆောင်ပစ္စည်းတွေကိုပါ မတွေ့ရတော့၍ ခေါင်းတစ်ခုလုံးပူထူသွားတော့သည်။
"မှူးရေ.....ကိုယ်ပြန်ရောက်ပြီ....."
အသံခပ်ကျယ်ကျယ်နဲ့ အော်ခေါ်နေလဲ ဘာတုံ့ပြန်မှုမှမရှိ။မဟုတ်မှလွဲရော မနက်ကကိစ္စကြောင့် စိတ်ဆိုးသွားတာများလား လို့တွေးမိလိုက်သည်။စိတ်ထဲ မသင်္ကာတာကြောင့် အပေါ်ထပ်က မြမှူးအရင်တုန်းကနေဖူးသော အခန်းဆီ အမြန်ပြေးတက်သွားတောသည်။
အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ ထင်တဲ့အတိုင်းပင်။အိပ်ယာပေါ်မှာ မုန့်စားရင်း ရုပ်ရှင်ကြည့်နေလေရဲ့။အခန်းတံခါးဖွင့်ပြီး ဘုန်းမြတ်၀င်လာတာကို မျက်လုံးတစ်ချက်လှန်ကြည့်ပြီး အစားအသောက်မပျက် ဆက်စားကာ ရုပ်ရှင်ကြည့်မြဲအတိုင်းကြည့်နေသည်။သေချာတာတစ်ခုကတော့ မြမှူးစိတ်ကောက်နေတယ်ဆိုတာ ကျိန်းသေသည်။
"မှူးလေး....ဘယ်လိုဖြစ်လို့ ဒီအခန်းထဲရောက်နေတာလဲ"
"ဒီနေ့ကစပြီး အကိုပေးထားတဲ့ လည်ပင်းကဒဏ်ရာမပျောက်မခြင်း ဒီအခန်းထဲမှာပဲနေတော့မှာ.....အကိုလဲ ဒီအညိုအမဲတွေ မပျောက်မခြင်း မှူးအနားကို ကပ်ဖို့မကြိုးစားနဲ့...."
မြမှူး စကားကြောင့် ဘုန်းမြတ် ခေါင်းပေါ်မိုးကြိုးပစ်ချလိုက်သလို ခံစားလိုက်ရသည်။
"မှူးက ကိုယ့်ကို ဒီကိစ္စကြောင့် စိတ်ဆိုးနေတာလား"
"မဆိုးပဲနေမလား.....သူများတကာ ကျောင်းစတတ်ရတဲ့နေ့မှာ အကိုလုပ်လိုက်တာလဲကြည့်ဦးလေ..လူမြင်လို့တောင်မကောင်းဘူး....မှူးမှာ ရှက်လို့ဖုံးထားတာတောင် မြင်လိုက်တဲ့သူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာ မှူးမှာ တစ်နေကုန် ဘယ်မှာလဲ လျှောက်မသွားလိုက်ရဘူး....အဲ့ဒါ့အကို့ကြောင့်လေ"
Advertisement
"ကိုယ်တောင်းပန်ပါတယ်မှူးရယ်.....အကိုက သ၀န်တိုလို့ လုပ်လိုက်မိတာပါ....စိတ်မဆိုးပါနဲ့တော့နော်.....မှူးမကျေနပ်ရင် ကိုယ့်ကိုကြိုက်တာခိုင်းလို့ရပါတယ်....ဒါပေမဲ့ သပ်သပ်စီတော့ မအိပ်ပါရစေနဲ့နော်.....မှူးမရှိပဲ ကိုယ်တစ်ယောက်ထဲဘယ်လိုအိပ်ရမှာလဲ"
"သွား.. မသိဘူး...ကိုယ့်အပြစ်နဲ့ကိုယ်ပဲ.....အစောကတည်းက လူမြင်နိုင်တဲ့နေရာတွေမှာ အဲ့လိုအရာကြီးတွေမပေးပါနဲ့လို့ ပြောထားတာကို အကိုကမှူးစကားမှနားမထောင်တာ.......အခု အကို့အခန်းကို ပြန်ပြီး ကိုယ့်အမှားကိုမြင်အောင်သုံးသပ်ကြည့်လိုက်"
"မှူးကလဲကွာ....."
"အကို...မှူးပြောနေတယ်နော်.....အကိုထပ်ပြီး ပြောရင် ဒီအရာပျောက်မဲ့အချိန်ကနေ နောက်ထပ် တစ်လထပ်တိုးသွားမယ်နော်"
"အဲ့လိုတော့ မလုပ်ပါနဲ့....ကိုယ် မှူးစကားကိုနားထောင်ပါ့မယ်....အခုသွားတော့ပါမယ်...အနားမကပ်ခိုင်းရင်နေပါစေ စကားတော့မပြောပဲမနေပါနဲ့နော်....ကိုယ်မနေတတ်လို့ပါ"
"စကားတော့ သနားလို့ ပြောပေးမယ်...အခုတော့ အခန်းထဲကနေထွက်ပြီး ကိုယ်ပေးထားတဲ့ဒဏ်ရာအမြန်ပျောက်မဲ့ နေ့သာ လက်ချိုးရေပြီး စောင့်နေလိုက်တော့"
မြမှူးမှာ ပြောလဲပြော အခန်းတံခါးကိုလဲ လော့ချလိုက်သည်။မြမှူး မနက်ကကိစ္စကို စိတ်ဆိုးမိတာတော့ အမှန်တကယ်ပါ။သူကိုယ်တိုင်ပဲ မြမှူးကိုလွတ်လွတ်လပ်လပ်နေလို့လဲ ပြောထားသေးတယ် မနက်က အလှလေးနည်းနည်းပါးပါး ပြင်မိတာတောင် စိတ်မချလိို့ဆိုပြီး နိုင်ထက်စီးနင်းက လုပ်ချင်သေးသည်။ဘာပဲပြောပြော မှူးမကြိုက်တာတွေကို အတင်းအကြပ် မလုပ်ဖို့ အခုကထဲက ဆရာ၀န်ကြီးကို ပညာပေးထားရမည်....။
××××××××××
ကျောင်းစတတ်တဲ့နေ့က သူစလိုက်တဲ့ ကိစ္စကြောင့် မြမှူးအခဲမကြေဖြစ်ကာ ဘုန်းမြတ်ကိုအနားအကပ်မခံသည်မှာ ဒီနေ့ဆိုရင် ၄ရက်ရှိပြီဖြစ်သည်။တစ်နေ့လုံးမှ တစ်နပ်ထဲစားရတဲ့ ညစာပါ ငတ်နေပြီမို့ ဘုန်းမြတ်မှာ အခက်တွေ့ရပြန်နေပြီ။လည်ပင်းကအရာ မပျောက်မချင်း အသားတောင်ထိဖို့ မကြိုးစားနဲ့လို့ ရာဇသံပေးထားတာကြောင့် ကိုယ့်ထက်၉နှစ်လောက်ငယ်တဲ့ ကလေးမကို ပြန်ကြောက်နေရပြီး ငြိမ်ကုတ်နေရသည်။
မနက်မိုးလင်းတိုင်း မြမှူးလည်ပင်းကအရာပျောက်ပြီလားလို့ ပြူးပြဲပြီးကြည့်ရသည်မှာလဲအမော။ဒီနေ့တော့ နားရက်ဖြစ်တာကြောင့် မြမှူးကို မရရအောင်ပြန်ချော့ဖို့ စိတ်ထဲမှာတေးထားလိုက်သည်.............။
Zawgyi
အကိုလဲမှူးကိုဝိုင်းရွေးပေးပါဉီး.....ဘယ်ဝမ်းဆက်လေးလှလဲလို့"
"ဒါလေးလား...."
"အင်း....အဲ့ဒါ"
"အင့်"
"ကြည့်တော့လဲ ဘာဖြစ်လဲ"
"ဟာ!!!အကို!!"
Advertisement
"မစားဘူး"
×××××××××××
"မဆိုးပဲနေမလား.....သူများတကာ ကျောင်းစတတ်ရတဲ့နေ့မှာ အကိုလုပ်လိုက်တာလဲကြည့်ဉီးလေ..လူမြင်လို့တောင်မကောင်းဘူး....မှူးမှာ ရှက်လို့ဖုံးထားတာတောင် မြင်လိုက်တဲ့သူတွေက ကွက်ကြည့်ကွက်ကြည့် လုပ်နေကြတာ မှူးမှာ တစ်နေကုန် ဘယ်မှာလဲ လျှောက်မသွားလိုက်ရဘူး....အဲ့ဒါ့အကို့ကြောင့်လေ"
"မှူးကလဲကွာ....."
××××××××××
Advertisement
- In Serial21 Chapters
Mafia's Love
Ellie, a simple girl who wants a simple life till she got cheated by her own fiance, James. One night she went out with her best friend Holly in hopes to forget about her problems only to face with another.Aiden Black, a Mafia in Seattle, who took a liking towards Ellie, will stop at nothing to get her.___________________________________________________________________Hi everyone this is my first time writing a book and I hope that you enjoy it.Please be kind
8 215 - In Serial61 Chapters
Kidnapped by the Mafia on Purpose
I was kidnapped by the mafia I know that sounds like a bad thing but for me it couldn't come at a better time. So I let them take me I will act like a victim so they think they won but will I be able to keep acting like I'm some naive girl or will they find out that I'm not the person they thought I was.My name is Samatha Robert if you took one look at me you would think there's nothing too special about me. I live with the mayor and his family they took me in when I had nowhere to go. But when I'm at the wrong place at the wrong time I end up getting kidnapped by the mafia they assumed I was the mayors kid who happens to be my best friend but It actually couldn't have come at a better time because what I thought that I left in the past is resurfacing. so I'll go with them on my own free will but how long can I keep up this act until they find out the truth
8 185 - In Serial8 Chapters
Bonding Journey
WARNING. EXTREME SMUT CONTENT. Lady Tsunadae has entrusted Naruto and Gaara with a very important mission: a bonding journey. With the Sand and Leaf now nurturing their alliance, a trip alone together was sure to bring the Kazekage and the destined to be Hokage closer---perhaps closer than anticipated. What could possibly happen between them?
8 157 - In Serial9 Chapters
Big Brother
Amber Marley was a normal 16 year old girl. Until her mother remarries, and she meets her new big brother, Luke.Things get a little more complicated in her life....°•°•°•°•°•°•°•°•°
8 94 - In Serial67 Chapters
Blind By Love
"This is Rumaan's child" I heard mama said. I didn't look up at her. I keep my head lowered. because I didn't have the courage to face her."This is not my child," he said abruptly.I looked at him with wide eyes. I was beyond shocked. What he just said.Did I hear him right? No, he can't say that. How can he?But as he looked away from me, my heart beats stopped. my breath hitched.And that's where he broke me completely"HOW DARE YOU RUMAAM" mama yelled and slapped him."Mama..." he was shocked that his mother slapped him" don't call me mama.," she yelledand was about to hit him again but I stopped her"no mama," I said and they all turned to me I slowly get up and went in front of them" he's right.. this is not his child" I put my hand on my stomach and said I had tears in my eyes but I did not let them fall in front of him whom I loved with my everything because now I was tired of crying for his love. I was blind. Blind by love but not anymore.Everyone looked at me shocked even Rumaan couldn't believe what I just said★★★Hana Rafeeq Mirza a beautiful innocent kind-hearted 20 years old girl Everyone loves cared and respect her but the one she loves since childhood her cousin her love of life, didn't love her neither he respects her.Rumaan Ahmed Mirza a hot handsome and flirt 23 years old boy. He was famous as a playboy in America.He never cared for those things which he gets easily and that's what Hana whom he got so easily. And he just wanted to get rid of her at any cost.He knew that Hana was crazy for him that's why he always took her advantage.Will Rumaan ever realize his mistakes or if he realised it will be too late???Want to know?? Yes? Then join their journey with meWarning: this is my first story and English is not my mother tongue. so it maybe has a lot of grammar mistakes. So read it at your own riskStarted: 26/1/2020Finished:16/6/2020#1 in heartbreak#4 in betrayal #3 in spiritual#1 in innocent#1 in spiritual
8 149 - In Serial33 Chapters
Forbidden | ✓
The short story of a beautiful black girl, Vanessa Peerce and the handsomest of all white guys, Nathan Grove. Rare, right? One word to describe the blossoming relationship of this two: Forbidden.°°°°°°°Published: 02 April 2020Completed: 27 April 2020✔*SLOWLY EDITING*(Word count: 72,000-75,000)
8 195